← Chapters

ဘက်လိုက်သောဟင်္သာငှက်အဘိုးအို

Vol. 106 Ch. 1456

ဘက်လိုက်သောဟင်္သာငှက်အဘိုးအို

Vol. 106 Ch. 1456

“မိတ်ဆွေဟောင်းအချို့ ရောက်နေကြပြီပဲ…” လူတိုင်းအပေါ်သို့ မော့ကြည့်လိုက်ချိန်တွင ဟင်္သာငှက်အဘိုးအို၏အသံသည် ကောင်းကင်တစ်ခွင်တွင် ပဲ့တင်ထပ်၏။ သူ ဆင်းသက်လာရင်း သူ့ပတ်လည်ရှိ သိမ်မွေ့ဆန်းကြယ်မီးသည် ပြန့်ကြဲသွားကာ သဲလွန်စမရှိ ပျောက်ကွယ်သွားလေ၏။ ထိုအခါ ဟင်္သာငှက်အဘိုးအို၏ နောက်တွင် ဝမ်လင်း၏ပုံရိပ်မှာ ထွက်ပေါ်လာသည်။

ဝမ်လင်း ပေါ်လာသည်နှင့် အကြည့်တစ်ချို့က သူ့အပေါ်သို့ ကျရောက်လာ၏။

ပထမဆုံးအကြည့်မှာ အရှင်စစ်မိုထံမှ ဖြစ်၏။ သူ့အကြည့်သည် အေးစက်ကာ သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်သည်။

ဒုတိယအကြည့်ကမူ ညင်သာ၏။ ၎င်းအကြည့်ထဲ၌ စိတ်ရှုပ်ထွေးဟန်နှင့် အတိတ်ကိုအောက်မေ့ဟန် ရောယှက်ပါဝင်နေဟန် တူသည်။ ယင်းအကြည့်သည် အပြာရောင်အလင်းဖြင့် ဖုံးအုပ်ထားသော သမီးဖြစ်သူထံမှ လာခြင်းတည်း။

ဝမ်လင်း၏အမူအရာသည် တည်ငြိမ်နေ၏။ သူ့အကြည့်ကလည်း အပြာရောင်အလင်း ဖုံးအုပ်ထားသော အဖေနှင့်သမီးထံသို့ ဝေ့ဝိုက်ကျရောက်သွားသည်။ သူ၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှု အရိပ်အမြွက် ဖြစ်ပေါ်သည်။ သို့သော် သိပ်မကြာခင်တွင် ပြန်ပျောက်ကွယ်သွားလေသည်။

ဝမ်လင်းက လက်နှစ်ဖက်ဆုပ်ကာ တလေးတစား ပြောလိုက်၏။ “ဂျူနီယာက စီနီယာတာအိုသခင်အိပ်မက်ပြာကို နှုတ်ဆက်ပါတယ်…”

တာအိုသခင်အိပ်မက်ပြာက ပြုံးလိုက်၏။ သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “အရင်က ငါ မင်းကို တကယ် လျှော့တွက်မိခဲ့တာပဲကို…”

ဟင်္သာငှက်အဘိုးအိုသည် ဝမ်လင်း တာအိုသခင်အိပ်မက်ပြာကို သိနေသည့်အချက်အပေါ် အံ့အားသင့်မိသွား၏။ ထို့နောက် သူ့အကြည့်သည် လီချန်မေထံသို့ ကျရောက်သွားသည်။ သူက ကျီစယ်ပြုံးပြုံးလိုက်လေ၏။ ထို့နောက်တွင်မူ သူ့အကြည့်သည် အရှင်စစ်မိုထံသို့ ကျရောက်သွားသည်။

“ကောင်လေး…မင်း ဘာရှာနေတာလဲ။ မင်းက ဒီအဘိုးအိုအပေါ် မကျေနပ်ဘူးလား။ မင်းက ဒီအဘိုးအိုကို စိန်ခေါ်ရဲလား။ လာတိုက်ခိုက်ချေ။ ဒီအဘိုးအိုက မင်းနဲ့အတူ ကစားပေးမယ်…”

ဟင်္သာငှက်အဘိုးအိုသည် စီနီယာတစ်ယောက် ရှိအပ်သော ကျက်သရေမျိုး ရှိမနေလေသလော။ သူက အရှင်စစ်မိုကို စိုက်ကြည့်ကာ လက်အမူအရာဖြင့် စိန်ခေါ်လေ၏။

အရှင်စစ်မို၏အမူအရာသည် ပြောင်းလဲသွားသည်။ သူသည် ထိုအဘိုးအိုမှာ ဒီပြိုလဲကုန်းမြေ၏ ပထမဆုံးအင်ပါယာငယ် ဖြစ်မှန်း သိထား၏။ ထိုသူသည် မဟာအင်ပါယာထက်သာ နိမ့်ကျပြီး အလွန်ကျော်ကြားသူပင်။ အုပ်စိုးသူကောင်စီသည် ထိုလူ့ကို လေ့လာကြည့်ရာ လွယ်လွယ်ရင်ဆိုင်၍ရသူမဟုတ်မှန်း သိရှိခဲ့ပေ၏။

အရှင်စစ်မို၏ မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်သည် ပျောက်ကွယ်သွားလေပြီ။ သူသည် လက်နှစ်ဖက်ဆုပ်ကာ လေသံပျော့ပျော့ဖြင့် ပြောလိုက်သည်။ “စီနီယာရဲ့ ကျင့်ကြံမှုဟာ မိုးထိထွင်းဖောက်မြင့်မားလှပါတယ်။ ဂျူနီယာ…ဂျူနီယာက သင့် ပြိုင်ဘက် မဟုတ်ပါဘူး…”

“ဟက်…မင်းက ဒီအဘိုးအိုနဲ့ မတိုက်ခိုက်ရဲဘူးပေါ့။ ဒါပေမဲ့ မင်းဟာ ငါ့ဂျူနီယာကို ရန်စခဲ့တယ်။ ဒီတော့ မင်းတစ်ချက်တော့ အရိုက်ခံသင့်တယ်…” ဟင်္သာငှက်အဘိုးအိုအတွက်မူ အရှင်စစ်မိုကို သူ ဘယ်လိုပင်ကြည့်ကြည့် သူ့အတွက် မျက်စိမွှေးဆူးစရာ ဖြစ်နေ၏။ သူသည် အေးစက်စက်နှာခေါင်းရှုံ့ကာ သူ့ညာလက်ကို ဝေ့ယမ်းလိုက်သည်။

ထိုလက်ဝေ့ယမ်းချက်နှင့်အတူ မည်သည့်မန္တာန်မှ ပေါ်မလာခဲ့ပေ။ သို့သော် ဆရာသခင်ယွင်လော၏ အမူအရာသည် ကြီးစွာ ပြောင်းလဲသွား၏။ သူမသည် ချက်ခြင်း နောက်ဆုတ်လိုက်သည်။ အရှင်စစ်မို၏ မျက်လုံးသူငယ်အိမ်မှာလည်း ကြုံ့သွား၏။ သူက မာန်သွင်းကာ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို စတင် ဖြစ်ပေါ်စေသည်။ သို့သော် သူက ထိုချိပ်ဟန်ကို အဆုံးမသပ်နိုင်သေးခင်မှာပင် တုန်ဟည်းသံတစ်ခု ပဲ့တင်ထပ်လေ၏။

အရှင်စစ်မိုသည် ထိုတုန်ဟည်းမှုထံမှ အလျင်အမြန် နောက်ဆုတ်၏။ သူ့လက်မှာ တုန်ယင်ကာ သူ၏မျက်နှာသည် ဖြူရောသွားလေ၏။ သိမ်မွေ့ဆန်းကြယ်မီးသည် သူ့ကိုယ်ထဲ၌ စတင်ကျွမ်းလောင်တော့သည်။ ၎င်းသည် သုံးကြိမ်သာ ကျွမ်းလောင်၏။ ၎င်းကျွမ်းလောင်လိုက်တိုင်းမှာလည်း သူ့ခန္ဓာကိုယ်ထဲရှိ လောင်ကျွမ်းစွမ်းအားသည် တိုးပွားလာချေသည်။

သုံးကြိမ်တိုင်း လင်းလက်လောင်ကျွမ်းပြီးနောက် အရှင်စစ်မို၏ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ယင်တော့၏။ သူသည် သွေးအန်ထုတ်လိုက်ရသည်။ သူ့မျက်လုံးထဲတွင်လည်း ကြောက်လန့်မှုတို့ ပြည့်နှက်ကုန်သည်။

“ဒီက လူတိုင်းရှေ့မှာ စီနီယာဟာ ဂျူနီယာတစ်ယောက်ကို အနိုင်ကျင့်နေတာလား။ ဒါက ဘယ်လိုအဓိပ္ပာယ်လဲ…” အရှင်စစ်မို၏မျက်နှာထက်တွင် ဒေါသ ဖြစ်ပေါ်လာ၏။ သို့သော်ငြား ထိုဒေါသက သူ့ပတ်လည်ရှိ သိမ်မွေ့ဆန်းကြယ်မီးကို လောင်စာဖြစ်စေသည့်အလား။ ယင်းမီးသည် သာ၍ အားကောင်းသွားသည်။

အရှင်စစ်မိုသည် နောက်ထပ် သွေးအန်လိုက်ရပြန်၏။ ထိုအခိုက်တွင် ဆရာသခင်ယွင်လောက ရှေ့လှမ်းကာ သူမ၏လက်ဖြင့် အရှင်စစ်မို၏နောက်ကျောထံသို့ ဖိပေးလိုက်သည်။ သူမသည် လျှို့ဝှက်မန္တာန်အချို့ကို အသုံးပြုလိုက်သဖြင့် အရှင်စစ်မို၏မျက်နှာသည် အနည်းငယ် သက်သာသွားဟန် ပေါ်သည်။ သို့သော် သူသည် သေလောက်အောင် ဖြူရောနေ၏။

“သန်မာတဲ့သူဟာ အားနည်းတဲ့သူကို အနိုင်ကျင့်တယ် ဟုတ်လား။ ဟိတ်ကောင်…မင်းက ဒီစကားရဲ့ အဓိပ္ပာယ်ကိုရော သေချာ သိရဲ့လား။ မင်းရဲ့ တတိယအဆင့်ကျင့်ကြံမှုကို အသုံးပြုပြီး ငါ့ဂျူနီယာကို တိုက်ခိုက်ဖို့ ဖိအားပေးခဲ့တာ ကျတော့ရော။ ဒါတောင် ငါကို့ မင်းက အားနည်းတဲ့သူကို အနိုင်ကျင့်တယ်လို့ ပြောရဲသေးတယ်လား…။ အနိုင်ကျင့်တော့ရော ဘာဖြစ်လဲ…” ဟင်္သာငှက်အဘိုးအိုသည် နှစ်ပေါင်းမြောက်များစွာ ကျင့်ကြံခဲ့ပြီးသူပင်။ သူသည် ဝမ်လင်းအပေါ်တွင် ကြင်နာဟန် ပေါက်သော်လည်း အမှန်တော့ သူသည် ဒေါသပေါက်ကွဲတတ်သူအဖြစ် ကျော်ကြားသူတစ်ယောက် ဖြစ်လေသည်။ အရှင်စစ်မို၏ စကားများကို ကြားလိုက်ရသည့်နောက် သူ့မျက်လုံးသည် ပြူးကျယ်လာပြီး သူက ရှေ့သို့ တိုးလာတော့၏။

သူသည် မြန်လွန်း၏။ နတ်ဘုရားအာရုံဖြင့်ပင် ထောက်လှမ်းမြင်နိုင်ရန် မဖြစ်နိုင်ပေ။ သူသည် အရှင်စစ်မို၏ ရှေ့သို့ ရောက်ရှိသွားကာ တိုက်ရိုက် ရိုက်ချလိုက်သည်။

တစ်ချက်ရိုက်လိုက်သည်နှင့် အရှင်စစ်မိုသည် ခပ်အုပ်အုပ်ငြီးငြူလိုက်ရကာ ပေဒါဇာချီ လွင့်ထွက်သါားတော့သည်။ သူ့မျက်နှာသည်လည်း ရောင်ကိုင်းလာပြီး မဲမှောင်သွား၏။

ဆရာသခင်ယွင်လော၏ မျက်နှာသည်လည်း ဖြူရောသွားကာ သူမသည် နောက်သို့ ဆုတ်လျက် ပြောသည်။ “စီနီယာ ရပ်လိုက်ပါ။ အုပ်စိုးသူကောင်စီဟာ…”

ဆရာသခင်ယွင်လော၏ စကားမဆုံးသေးခင်မှာပင် ဟင်္သာငှက်အဘိုးအိုက သူမကို ရက်စက်လိုဟန်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ “ကောင်မလေး…ပါးစပ်ပိတ်ထားစမ်း။ နင် ဆက်ပြေတာနဲ့ ငါ နင့်ကိုပါ ရိုက်ပစ်မယ်။ ဒီကနေ့ ဒီအဘိုးအိုက အားနည်းတဲ့သူတွေကို အနိုင်ကျင့်မလို့…”

ထိုစကားက ဆရာသခင်ယွင်လောကို အောက်နှုတ်ခမ်းကိုက်ကာ စကားပြောဆိုခြင်းကို ရပ်တန့်သွားစေသည်။

အရှင်စစ်မိုသည် သူ့ခန္ဓာကိုယ် လွင့်စင်ရာကနေ ရပ်သွားသည်နှင့် သူ၏အမြင်သည် ဝေဝါးလာလေ၏။

“ငါ့ဂျူနီယာကို ခွေးကောင်လေးကို ဘယ်သူက ခေါ်ရဲတာလဲ…။ မင်းကသာ ခွေးကောင်။ မင်းမိသားစုတစ်စုလုံးဟာလည်း မကောင်းတဲ့သူတွေပဲ…” ဟင်္သာငှက်အဘိုးအိုသည် ထိုသို့ ပြောလိုက်ရင်း သူသည် နောက်တဖန် နီးကပ်လာကာ သူ့ဘယ်လက်ဖြင့် တစ်ချက်ရိုက်ချလိုက်ပြန်သည်။

အရှင်စစ်မိုသည် အွတ်ခနဲ ငြီးငြူလိုက်ရပြီး သွေးအန်ထွက်၏။ သူသည် နောက်သို့ လွင့်စင်ထွက်သွားရသည်။ သူ ဒေါသလည်း အတော်လေး ထွက်နေချေပြီ။ သို့ပေမည့် ထိုဒေါသက သူ့ခန္ဓာကိုယ်ထဲရှိ မီးကို ပိုပြင်းထန်စေသည်။ သူသည် နာကျင်စွာအော်ဟစ်လိုက်ရပြီး သူ့ဒေါသကို အတင်းဖိနှိပ်၏။

“ငါ့ဂျူနီယာဟာ မကောင်းတဲ့ကောင်ဆိုရင် ငါလည်း သူ့လို ဖြစ်သွားမှာ မဟုတ်လား။ သေစမ်း…မင်းက ဒီအဘိုးအိုကို ဆူရဲတယ်ပေါ့…” အဘိုးအိုသည် အရှင်စစ်မိုကို စိုက်ကြည့်ကာ ထပ်မံ တိုးဝင်လာ၏။

“ဂျူနီယာ မဆိုလို…” အရှင်စစ်မို၏ စိတ်သည် တုန်ယင်နေ၏။ သူသည် ရှင်းပြရန် ဟန်ပြင်သည်။ သို့သော် သူ့စကားလုံးများသည် ဟင်္သာငှက်အဘိုးအိုလောက် မမြန်ဆန်ပေ။ ဟင်္သာငှက်အဘိုးအိုက ရုတ်တရက် နီးကပ်လာပြန်ကာ သူ့ညာလက်ဖြင့် တစ်ချက် ရိုက်ပြန်သည်။

အစောကတည်းက ဖူးယောင်မဲညိုနေသော အရှင်စစ်မို၏ မျက်နှာမှာ ပိုဆိုးသွားသည်။ သူက သွားအနည်းငယ် ကျွတ်ပါသည့်အထိ သွေးအန်လိုက်ကာ အဝေးသို့ လွင့်ထွက်သွားလေသည်။

“ဟက်…ဒီအဘိုးအိုကို မင်းက မာန်ရဲတယ်ပေါ့…” ဟင်္သာငှက်အဘိုးအို၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် အရိပ်အမြွက်ပါ ဖြစ်ပေါ်လာ၏။ သူက ဝမ်လင်း အရှင်စစ်မိုကို အသုံးချကာ သူ၏ခွန်အားကို ထုတ်ပြဖို့အတွက်သာ မဟုတ်ပါက သည်ရိုက်ချက်သုံးချက်ကို အသုံးပြုလိမ့်မည်မဟုတ်။ သူ့အနေဖြင့် အရှင်စစ်မို၏အသက်ကို ချက်ခြင်း ယူပစ်ပေလိမ့်မည်။

ထိုဟင်္သာငှက်အဘိုးအိုမှာ နဂါးတစ်ကောင်ကိုပါ မျှားဝံ့ပြီး ကြောက်မက်ဖွယ်ရာ ကျင့်ကြံမှုအဆင့် ပိုင်ဆိုင်ထားသည်။ အရှင်စစ်မိုမှာ တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း သူက အခုမှ တတိယအဆင့်သို့ ဝင်ခါစ ဖြစ်၏။ ဟင်္သာငှက်အဘိုးအိုနေရာတွင် တခြားတစ်ယောက်ယောက်သာ ဖြစ်ခဲ့ပါက အခုလိုမျိုး အရှင်စစ်မိုအပေါ် ပြုလုပ်ရန် အနည်းငယ်တော့ တွေဝေမိမည်သာ။ တကယ်တော့ အရှင်စစ်မို၏နောက်ကွယ်တွင် အုပ်စိုးသူကောင်စီ ရှိနေသည် မဟုတ်လား။

သို့ပေမည့် ဟင်္သာငှက်အဘိုးအိုကမူ သည်အရာများကို လုံးဝ မစဉ်းစားပေ။ သူ့ထံ၌ အတွေးတစ်ခုသာ ရှိ၏။ မည်သူကမျှ ဟင်္သာငှက်ကလန်ကို စော်ကား၍ မရဟူသော အတွေးတည်း။ သူတို့သည် သူ့ထက် ကျင့်ကြံမှုအဆင့်မြင့်မားလျှင်ပင် သူ့အနေဖြင့် ဂရုစိုက်လိမ့်မည် မဟုတ်ပေ။ ပထမဟင်္သာငှက်မျိုးဆက်က သူ့ထက်ကျင့်ကြံမှုအဆင့်မြင့်မားသောသူများနှင့် ပတ်သတ်လာပါက ရင်ဆိုင်ဖြေရှင်းပေး ပေလိမ့်မည်။

ဟင်္သာငှက်နတ်ကလန်၏ ဘက်လိုက်မှုကား မျိုးဆက်တစ်ဆက်မှသည် နောက်တစ်ဆက်သို့ လက်ဆင့်ကမ်းပေးခဲ့ခြင်း ဖြစ်ချေ၏။

ဝမ်လင်းသည် ထိုအခြင်းအရာများကို ကြည့်နေရင်း ပြုံးမိ၏။ သူက ဒီဟင်္သာငှက်အဘိုးအိုထံ၌ ငါးဆက်မြောက်ဟင်္သာငှက်အင်ပါယာနှင့် သူ၏စီနီယာအစ်ကို ချင်းရွှေတို့၏ အရိပ်အယောင်ကို တွေ့မြင်မိပေသည်။

ဝမ်လင်း၏စိတ်နေစိတ်ထားမှာ တစ်ခါတရံ ရိုးရှင်းလွန်း၏။ သူ့အပေါ် ကောင်းသည့်သူများကို သူသည် ဆထက်တိုး ပြန်ပေးဆပ်မည်။ ဥပမာ စစ်ထူနန်၊ ချင်းရွှေ၊ ငါးဆက်မြောက်ဟင်္သာငှက်မျိုးဆက် နတ်အင်ပါယာ။ သွန်းထျန်…တို့ပင်။

ပြိုလဲအကြီးအကဲနေရာအတွက် တိုက်ခိုက်နေသော ကျင့်ကြံသူများသည် ရပ်တန့်ကာ နောက်ဆုတ်ကြ၏။ ပြိုလဲကုန်းမြေ၏ ကျင့်ကြံသူတစ်သောင်းမှာလည်း အလွန်အမင်း လေးစားသည့်ဟန်ပန်ဖြင့် ရှိနေသည်။ တမန်တော်ဆယ်ယောက်သည်လည်း ကောင်းကင်ထက်သို့ တလေးတစား ကြည့်လို့နေသည်။

ကောင်းကင်ထက်ရှိ ကျန်သည့်အစွမ်းထက် တတိယအဆင့်ကျင့်ကြံသူများကမူ ဘာတစ်ခုကိုမှ မပြောပေ။

အရှင်စစ်မို အကြိမ်အနည်းငယ် အရိုက်ခံလိုက်ရပြီးနောက် ဟင်္သာငှက်အဘိုးအိုက သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ ဝမ်လင်း၏ဘေးနားသို့ ပြန်လာ၏။ သူသည် သနားစရာအခြေအနေဖြစ်နေသော အရှင်စစ်မိုနှင့် သုန်မှုန်နေသော ဆရာသခင်ယွင်လောတို့ကို လုံးဝ လစ်လျူရှုထားလိုက်တော့၏။

“လူတိုင်း ဒီကို ရောက်လာတဲ့အတွက် ဒီအဘိုးအို အတော်လေး ပျော်ရွှင်မိတယ်။ တချို့ရောင်းရင်းအိုကြီးတွေ ဒီကို ရောက်မလာသေးပေမယ့်လည်း အဆင်ပြေပါတယ်။ လူတိုင်း ရှိနေပြီ ဆိုမှတော့ ငါ့အနေနဲ့ သင်တို့ကို ငါ့ပြိုလဲကုန်းမြေရဲ့ တတိယမြောက် အင်ပါယာငယ်အတွက် စမ်းသပ်မှုကို မျက်မြင် တွေ့စေချင်တယ်…”

“သူ ဒီစမ်းသပ်မှုကို အောင်မြင်ရင် သူဟာ အစစ်အမှန်အင်ပါယာငယ်(လူငယ်အင်ပါယာ) ဖြစ်လာလိမ့်မယ်။ သူ့ကို ရန်သူလို့ သတ်မှတ်ရင် ဒီအဘိုးအိုကိုပါ သတ်မှတ်တာနဲ့ တူတူပဲ။ ပြိုလဲကုန်းမြေရဲ့ ရန်သူလို့ သတ်မှတ်တာနဲ့ တူတူပဲ…”

အဘိုးအိုသည် လူတိုင်းထံသို့ လက်နှစ်ဖက်ဆုပ်ပြ၏။ သူက ဝမ်လင်းကို ခေါ်ကာ ရုပ်ရည်ချောမောသောလူငယ်ထံသို့ လက်ညှိုးထိုးပြ၏။

“ကောင်လေး…မင်းက တာအိုသခင်အိပ်မက်ပြာကို သိထားပြီးပြီးဆိုတော့ ငါ မင်းကို သူနဲ့ မိတ်မဆက်ပေးတော့ဘူး။ မက်မွန်သီးစားနေတဲ့ လူငယ်ကို မင်း မြင်တယ်မလား။ သူ့ကို ငယ်ရွယ်တယ်လို့ မထင်လိုက်နဲ့။ သူဟာ တကယ့်ကို မွန်းစတားအိုတစ်ယောက်ပဲ။ မင်း သူ့နာမည်ကို အရင်တုန်းကလည်း ကြားဖူးကောင်း ကြားဖူးလိမ့်မယ်။ သူဟာ သခင်ငါးပါးထဲက တစ်ယောက်ဖြစ်တဲ့ တာအိုသခင်မြောင်ယင်ပဲ…”

ဝမ်လင်း၏အမူအရာသည် တည်ငြိမ်နေ၏။ သို့သော် သူ့စိတ်ထဲတွင်မူ လှုပ်ခတ်နေသည်။ သူသည် တာအိုသခင်မြောင်ယင်ကို အရင်ကတည်းက ကြားခဲ့ဖူး၏။ သူက ထိုလူငယ်ကို ကြည့်လိုက်၏။ သို့သော် ထိုလူငယ်ထံမှ မည်သည့်ကျင့်ကြံမှု အရိပ်အယောင်ကိုမှ မတွေ့လိုက်ရပေ။ ဝမ်လင်းသည် နှုတ်ဆက်သည့်အနေဖြင့် လက်နှစ်ဖက်ဆုပ်လိုက်သည်။

ထိုလူငယ်က ရယ်မောကာ ဝမ်လင်းကို ခေါင်းညိတ်ပြသည်။

“ပါးစပ်မှာ အပ်နဲ့ ရောင်းရင်းအိုကြီးလည်း ရှိသေးတယ်။ သူဟာလည်း မင်း သိထားသင့်တဲ့သူတစ်ယောက်ပဲ။ သူဟာ သခင်ငါးပါးထဲမှာ မပါပေမယ့်လို့ သူ့ကျင့်ကြံမှုက သိပ်အားနည်းလှဘူး။ သူက သူ့ကိုယ်သူ မြင့်မြတ်သောထိုက်ဟောင်လို့ ခေါ်တယ်။ သူ့အဆိပ်ကျင့်ကြံမှုက သူ့ကို ကျော်ကြားစေတာပဲ…” ဟင်္သာငှက်အဘိုးအိုက ကင်းလိပ်ချောပေါ်ရှိ ပိန်ပါးပါးအကြီးအကဲထံသို့ လက်ညှိုးထိုးလိုက်သည်။

ထိုအဘိုးအို၏ မျက်လုံးသည် လက်ခနဲ ဖြစ်သွားကာ သူက အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။ သူ့နှုတ်ခမ်းက လှုပ်ရှားမသွားပေ။ သို့သော် သူ့ခန္ဓာကိုယ်ထံမှ အသံ ထွက်ပေါ်လာချေ၏။

“ငှက်အိုကြီး…ဒီအဘိုးအိုက ဘာကိုမှ မျက်မြင်ကြည့်ဖို့ လာခဲ့တာ မဟုတ်ဘူး။ ငါက မင်းနဲ့ တိုက်ခိုက်ဖို့ ဒီကို လာခဲ့တာ။ ဒါပေမဲ့ မင်းရဲ့ ဂျူနီယာဟာ မဆိုးလှဘူးပဲ။ ဒါ့ကြောင့် ငါ မင်းကို အကာအကွယ်အတွက် ဒါကို ပေးလိုက်မယ်…” ထိုအဘိုးအိုက သူ့ညာလက်ကို ပင့်မြှောက်ကာ တောက်ထုတ်လိုက်၏။ သူ့လက်သည်းခွံ၏ အပိုင်းအစတစ်ခုသည် သူ့လက်ညှိုးထံမှ ချိုးဖျက်ကာ ဝမ်လင်းထံ ပျံသန်းလာလေ၏။

တစ်ချက်လင်းလက်သွားကာ ထိုလက်သည်းအပိုင်းအစသည် ဝမ်လင်းရှေ့တွင် လွင့်မြောလေသည်။

ဟင်္သာငှက်အဘိုးအိုက ငှက်အိုကြီး ဟူသော စကားကို ကြားလိုက်ရသည့်အခါ သူ့မျက်လုံးသည် ပြူးကျယ်သွား၏။ သို့သော် သူက လက်သည်းအပိုင်းအစကို မြင်သည့်အခါ ရယ်မောလိုက်လေ၏။ “မင်းရဲ့ အဆိပ်ပိုးကောင်လေးပဲ။ မင်းက တော်တော်လေးကို ရက်ရောနေတာပေါ့…”

“ဒါကို ယူလိုက်ပါ။ ဒီအရာဟာ အဆိပ်ပိုးကောင်လေးရဲ့ အဆိပ်ပါဝင်တယ်။ ဒါဟာ မင်းရဲ့ ရန်သူတွေကို ခုခံဖို့အတွက် အစွမ်းထက် လက်နက်အဖြစ် အသုံးပြုလို့ရတယ်…”

ဟင်္သာငှက်အဘိုးအိုသည် ထိုသို့ ပြောလိုက်ရင်း သူ့ညာလက်ကို ပင့်မြှောက်ကာ အောက်ဘက်ဧရိယာထံသို့ ဝေ့ယမ်းလိုက်၏။ သူက အော်ဟစ်ကာ ပြောလိုက်သည်။ “ပြိုလဲအကြီးအကဲရွေးချယ်ပွဲကို နောက်ဆုတ်မယ်။ အင်ပါယာငယ်စမ်းသပ်မှု စတင်မယ်…”

သူ့အသံသည် ကျယ်လောင်စွာ ဒီပြိုင်ပွဲဧရိယာအနှံ့တွင် ဟိန်းထွက်သွားသည်။ ထို့နောက်တွင် နဂါးလိပ်တစ်ကောင်၏ ဟိန်းသံ ပဲ့တင်ထပ်ကာ ဒီပြိုလဲအကြီးအကဲ ရွေးချယ်ပွဲဧရိယာပတ်လည်တွင် ဧရာမလိပ်ခွံကြီးတစ်ခု ပေါ်လာချေသည်။

ထိုဧရာမလိပ်ကြီးသည် အလွန်တရာကြီးမားပြီး ကြမ်းကြုတ်လှသည်။ ပြင်းထန်သောအားတစ်ခု ပျံ့လွင့်လာကာ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူတစ်ထောင်မှာ ထိုအားတုန်ခါလှိုင်းကို ရှောင်လိုက်ကြရင်း သူတို့၏အမူအရာ၌ ကြည်ညိုဟန်တို့ ဖြစ်ပေါ်လေ၏။

ဧရာမလိပ်ကြီးသည် ဟိန်းသံ ပြု၏။ ၎င်း ပေါ်လာသည့်နောက်တွင် ၎င်းက ဟင်္သာငှက်အဘိုးအိုထံသို့ မော့ကြည့်လာသည်။

***

All Chapters