အခန်း ၄၉၄
Vol. 50 Ch. 494
အခန်း။ ၄၉၄
“ချန်မိသားစုရဲ့ လူငယ်မျိုးဆက်တွေကတော့ သေဖို့ပဲ စောင့်နေကြတော့တယ်"
“သူတို့က သေဖို့ စောင့်နေတာတင်မကဘူး ဦးနှောက်လည်း မရှိကြဘူး။ အဲဒီရူးသွပ်နေတဲ့ ယီမြောင်ဆိုတဲ့ မိန်းမကိုတောင် ရင်ဆိုင်ဖို့ ကြိုးစားနေသေးတယ်"
“ဒါနဲ့ ဇီဝေတောင်ကို ဘယ်တော့များမှ ဖွင့်လှစ်မှာလဲ”
“ငါ့အမြင်အရဆိုရင်တော့ ယီမြောင် ဘာပဲလုပ်လုပ် အရေးကြီးဆုံးက တောင်ကို အရင်ပိတ်ဖို့ပဲ။ နောက်နှစ်ပေါင်းတစ်ရာနေရင် ဒီလူငယ်လေး မသေမျိုးဘဝ ရောက်နိုင်ကောင်းရဲ့။ အဲဒီအချိန်ကျရင်...”
“ဘာလဲ မသေမျိုးနယ်ပယ်ရောက်သွားရင် ယီမြောင်ကို အနိုင်ရမယ်လို့ ထင်နေတာလား"
“အနိုင်ရဖို့ မပြောနဲ့ အနည်းဆုံးတော့ အပြန်အလှန် တိုက်ခိုက်လို့တော့ ရမှာပေါ့"
“ပြီးတော့ အဲဒီရူးသွပ်နေတဲ့ မိန်းမရဲ့ ဆွဲဆောင်မှုဒဏ်ကို ခံလိုက်ရပြီး သတိမေ့သွားဦးမလား"
“.”
“စိတ်ဓာတ်ကျစရာတွေ မပြောကြပါနဲ့။ ကျွန်တော်တို့အားလုံးက တူတူသေရမယ့်သူတွေပဲ။ ဒီချန်မိသားစုက လူငယ်လေးသာ မသေမျိုးဘဝ ရောက်သွားရင် အနည်းဆုံးတော့ ပိုမြန်မြန် ပြေးနိုင်မှာပေါ့"
“မင်းပဲ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာ မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကလည်း အရမ်းကို ရွံစရာကောင်းတယ်”
“မိစ္ဆာလမ်းစဉ်၊ မိစ္ဆာတောင်၊ ခွေးမသားတွေ၊ မင်းတို့အားလုံး နားမကြားကြဘူးလား။ ဒါမှမဟုတ် ချန်မိသားစုရဲ့ ဇီဝေကြယ်တာရာအတားအဆီးက ကောင်းကင်ငှက်ကြီးရဲ့ ထိုးဖောက်ဝင်ရောက်မှုကို တကယ်ခံနိုင်မယ်လို့ ထင်နေတာလား"
“တစ်ခါလောက်တော့ စမ်းကြည့်သင့်တယ် မဟုတ်လား"
“ဟုတ်တယ် ဘာပဲဖြစ်ဖြစ် စမ်းကြည့်ရမှာပဲ။ သေဖို့ စောင့်နေတာထက်စာရင် ပိုကောင်းပါတယ်"
“ကျွန်တော်ကတော့ တောင်ကိုပဲ ပိတ်ဖို့ အကြံပေးချင်တုန်းပဲ”
“တောင်ကို ပိတ်လိုက်”
“ဟုတ်တယ် ချန်မိသားစု ကလေးကို တောင်ပိတ်ခိုင်းဖို့ အမြန်ဆုံးလုပ်ရမယ်။ ဆယ်စုနှစ်ပေါင်းများစွာ ပိတ်ထားလိုက်ရင် အခြေအနေတွေ ပြောင်းလဲကောင်း ပြောင်းလဲလာမှာပေါ့"
“ဟုတ်တယ် သူ့မှာ ဘိုးဘေးတစ်ယောက် ရှိသေးတယ်ဆိုတာ မမေ့နဲ့။ ချန်တျန်းယွမ်ဆိုတဲ့ ကလေးကို သူငယ်ငယ်ကတည်းက ငါကြည့်ခဲ့တာလေ”
“.”
တစ်ခါတစ်ရံတွင် ပြတ်တောင်းပြတ်တောင်းဖြစ်ကာ တစ်ခါတစ်ရံတွင် ထူထပ်စွာဖြင့် မိစ္ဆာကြီးများ၏ စကားသံများက မိုချင်းယွဲ့၏ နားထဲတွင် ဆက်တိုက် ပဲ့တင်ထပ်နေသည်။
"ဒါပေမဲ့... သူတို့က အားနည်းချင်ယောင်ဆောင်ပြီး အရှုံးပေးသလိုမျိုး ပြနေကြတာတောင်မှ... အဲဒီမိစ္ဆာအရိပ်တွေဆီကနေ ထွက်ပေါ်လာတဲ့ အငြိုးအတေးနဲ့ သတ်ဖြတ်ချင်တဲ့စိတ်တွေက ဘာဖြစ်လို့ ပိုပြီးတော့တောင် ပြင်းထန်လာရတာလဲ..."
"မင်းတို့ရဲ့ သဘောထားက... တကယ်ပဲ စစ်ပွဲကို ရှောင်ရှားချင်နေတာ ဟုတ်ရဲ့လား..."
သူမ၏ မျက်လုံးထဲတွင် လွတ်မြောက်လိုစိတ်ကို လုံးဝ မတွေ့ရပေ။ ထိုအစား ဆိုးယုတ်ခြင်း၊ လူသတ်လိုခြင်း၊ ရူးသွပ်ခြင်း၊ တပ်မက်ခြင်း၊ ရက်စက်ခြင်းနှင့် အငြိုးထားခြင်းတို့၏ အမူအရာ မြောက်မြားစွာကိုသာ မြင်တွေ့နေရသည်။
ထိုအကြည့်များအောက်တွင် ကျောရိုးတစ်လျှောက် အေးစက်သွားသဖြင့် မိုချင်းယွဲ့ အံကိုတင်းတင်းကြိတ်လိုက်သည်။ ထို့နောက် ချန်ကျီရှင်းဘက်သို့ လှည့်ကာ တောင်းပန်သံဖြင့် စကားပြောလိုက်သည်။
“သူတို့ မင်းကို လွှမ်းမိုးခွင့် မပေးလိုက်ပါနဲ့ ကျီရှင်း။ မင်း လုပ်နိုင်မယ်ဆိုတာ ငါသိပါတယ်။ မင်းရဲ့ အဘိုးက မိသားစုကို မင်းဆီ အပ်ခဲ့တာဖြစ်ပြီး မင်းရဲ့ ဘိုးဘေးတျန်းယွမ်လည်း မင်းကို ယုံကြည်နေတာပဲ။ ကျီရှင်း... မင်း လုပ်နိုင်ပါတယ်"
ချန်ကျီရှင်း “……”
ချန်ကျီရှင်းသည် အသာအယာ ချောင်းဟန့်လိုက်ပြီး နှစ်ဖက်ဘေးသို့ မနှစ်မြို့ဟန်ဖြင့် တစ်ချက်ကြည့်လိုက်သည်။
“ခင်ဗျားတို့ဗျာ... ကျွန်တော်တို့ ပြောနေတဲ့စကားထဲ ဝင်မနှောင့်ယှက်ဖို့ သဘောတူထားကြတယ် မဟုတ်ဘူးလား"
“…..”
ချက်ချင်းဆိုသလိုပင် ထာဝရအသက်ရှည်ခြင်းခန်းမအတွင်း တိတ်ဆိတ်သွားပြီး ချန်ကျီရှင်း၏ နောက်ကွယ်တွင် ပွင့်နေသော မျက်လုံးအစုံတို့မှာ တစ်ခုပြီးတစ်ခု မှိတ်သွားတော့သည်။
“ဒါက...”
မိုချင်းယွဲ့သည် နှုတ်ခမ်းကို စုလိုက်ပြီး ဘာပြောရမှန်း မသိတော့ပေ။
ထိုအခြင်းအရာကို မြင်သော် ချန်ကျီရှင်းက တောင်းပန်စကား ပြောလိုက်သည်။
“တောင်းပန်ပါတယ် အစ်မချင်းယွဲ့။ အရှင်ယီမြောင် လာနေတယ်ဆိုတဲ့ သတင်းကြောင့် သူတို့ ကြောက်လန့်ပြီး ဘာတွေဖြစ်နေတာလဲဆိုတာကို ကြည့်ချင်နေကြလို့ပါ။ သူတို့ကို အပြင်ထွက်ကြည့်ခွင့် မပေးရင် ဒီမိစ္ဆာကြီးတွေက ကျွန်တော့် ချန်မိသားစုကို ပုန်ကန်ကြတော့မှာ"
“ငါ နားလည်ပါတယ်"
မိုချင်းယွဲ့က အတင်းပြုံးလျက် ခေါင်းညိတ်သည်။
ထို့နောက်...
“ဇီဝေချန်မိသားစုက တောင်ပိုင်းဒေသရဲ့ နံပါတ် ၁ မိစ္ဆာနှိမ်နင်းရေး မိသားစုလို့ အားလုံးက ပြောကြတယ်။ ဒီနေ့တော့ ငါ အမှန်တကယ်ပင် အမြင်ကျယ်သွားရပြီ။ ဒါပေမဲ့ ကျီရှင်း... ငါပြောတာ နားထောင်၊ အရှင်ယီမြောင်ပဲဖြစ်ဖြစ်၊ ဒီမိစ္ဆာတွေပဲဖြစ်ဖြစ်...”
မိုချင်းယွဲ့သည် ထိုစကားကို ပြောပြီးနောက် ဆက်မပြောနိုင်တော့ကာ ဘာပြောရမှန်း သူမ မသိတော့ပေ။
တာလျိုတာအိုဂိုဏ်းမှ အရှင်ယီမြောင်သည် ချန်ကျီရှင်း၏ ဗရမ်းဗတာကိုယ်ခန္ဓာကို ရယူရန် ရည်ရွယ်ချက်ရှင်းရှင်းဖြင့် ကျန်းကျိုးဆီသို့ တိုက်ရိုက် ဦးတည်လာနေသည်။
"ဒီလို အရေးကြီးနေတဲ့ အချိန်မျိုးမှာ... မဟာမိတ်တစ်ယောက်အနေနဲ့ ငါက အကူအညီမပေးနိုင်ရင်တောင်မှ... သူ မိစ္ဆာတွေရဲ့ စွမ်းအားကို ယူသုံးနေတာကို လိုက်ပြီး တားဆီးနှောင့်ယှက်ဖို့အထိ လုပ်ဦးမှာလား...
ဒါက... တကယ့်ကို လူသားတစ်ယောက် လုပ်ရက်မယ့် အလုပ်မျိုး မဟုတ်ဘူး..."
သို့သော် သူမ ငယ်စဉ်ကတည်းက သင်ယူခဲ့ရသော ပညာရေးက မိစ္ဆာများနှင့် နက်နက်ရှိုင်းရှိုင်း ပတ်သက်သူတိုင်း အဆုံးသတ် မလှနိုင်ကြောင်း အမြဲ သတိပေးနေသည်။
“နားလည်ပေးလို့ ကျေးဇူးပါ"
ချန်ကျီရှင်းသည် မိုချင်းယွဲ့၏ တုံ့ဆိုင်းနေသော စကားများကို လျစ်လျူရှုလိုက်ပြီး ပြုံးလျက် ပြန်ဖြေလိုက်သည်။
“ဘာပဲဖြစ်ဖြစ်... ကျွန်တော့်ချန်မိသားစုကို သတိပေးဖို့ ဒီလောက်ဝေးတဲ့နေရာကနေ လာခဲ့ပေးတဲ့အတွက် အစ်မချင်းယွဲ့ကို ကျေးဇူးတင်ပါတယ်။ ဒီတစ်ခါတော့ ကျွန်တော့်ချန်မိသားစုက အစ်မကို အကြွေးကြီးတစ်ခု တင်သွားပြီ"
မိုချင်းယွဲ့ “…..”
“နောက်ပြီး ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း အစ်မ စိတ်မပူပါနဲ့ ချန်မိသားစုမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ရှိပြီးသားပါ"
"ချန်ကျီရှင်းက ဘယ်လိုမျိုး ပြန်ပြီး တုံ့ပြန်ဖို့ စီစဉ်ထားတာလဲ..
သူကတောင်ကို ပိတ်ပစ်ဖို့ တစ်ခါမှ မရည်ရွယ်ခဲ့သလို ထွက်ပြေးဖို့ဆိုတာလည်း တစ်ခါမှ မတွေးခဲ့ဘူး...
သူတင်မကဘူး...
ငါတို့နှစ်ယောက်ရဲ့ နားထဲမှာ တိုးတိုးလေး လာပြီး အသံပေးနေကြတဲ့ မိစ္ဆာကြီးတွေထဲက ဘယ်သူတစ်ယောက်မှလည်း ထွက်ပြေးဖို့ မစဉ်းစားခဲ့ကြဘူး..."
……
"မိုချင်းယွဲ့ကတော့ အခြေအနေတွေကို အလွန်အမင်း ရိုးရှင်းလွန်းတယ်လို့ သတ်မှတ်နေတာပဲ...
ထွက်ပြေးရမယ် ဟုတ်လား...
အဲဒီလိုအရာမျိုးကတော့... ဘယ်လိုမှ ဖြစ်နိုင်ချေ မရှိဘူး..."
ကမ္ဘာကူးပြောင်းမည့် အချိန်အခါဖြစ်သည်မှာ တစ်ကြောင်း၊ ဇီဝေချန်မိသားစုသည် ထျန်းရွှမ်နယ်မြေတစ်ခုလုံးတွင် ထိပ်တန်းမိသားစုများထဲမှ တစ်ခုဖြစ်သည်မှာ တစ်ကြောင်း၊ ချန်ကျီရှင်း၏ ဂုဏ်သိက္ခာက သူ့အား ထွက်ပြေးရွေးချယ်ခွင့် ပေးမထားပေ။
"ဒါ့အပြင်... တာလျိုတာအိုဂိုဏ်းက အရှင်ယီမြောင်ကိုယ်တိုင် တံခါးဝအထိ တကယ်ပဲ ရောက်လာခဲ့ရင်တောင်မှ... ဇီဝေချန်မိသားစုမှာ ပြန်ပြီး တိုက်ခိုက်နိုင်စွမ်း မရှိဘူးလို့ ဘယ်သူကများ အာမခံနိုင်မှာလဲ..."
"အရှင်ယီမြောင်ကိုယ်တိုင်တောင်မှ ဒီလိုပုံစံမျိုး တွေးမှာမဟုတ်ဘူး...။ တကယ်လို့သာ သူမက အဲဒီလို တွေးခဲ့တယ်ဆိုရင်... တျန်းရှင်းတောင်ပေါ်ကို လူသိရှင်ကြား တက်သွားပြီး ကောင်းကင်ငှက်ကြီးကို အတင်းအကျပ် သုံးခိုင်းပြီး ဖိနှိပ်နေစရာတောင် မလိုဘူးလေ...
တောင်ပိုင်းဒေသကို ရောက်တာနဲ့ တစ်ပြိုင်နက် ဇီဝေတောင်ပေါ်ကို တိတ်တဆိတ် တက်သွားပြီး... ငါ့ရဲ့ အသက်ကို နှုတ်ယူပြီး အေးအေးလူလူပဲ ပြန်ထွက်သွားလို့ ရနေတာပဲ..."
ချန်ကျီရှင်းက ဤအချက်များကို တွေးဆနိုင်သော်လည်း မိုချင်းယွဲ့မှာမူ မတွေးဆနိုင်ပေ။ ဤသည်မှာ နှစ်ဦး၏ အသိပညာနှင့် အတွေ့အကြုံ ကွာခြားချက်ကြောင့် မဟုတ်ဘဲ သူတို့နှစ်ဦး၏ ရပ်တည်ချက် ကွဲပြားခြင်းကြောင့်သာ ဖြစ်သည်။
တျန်းရှင်းနန်းတော်၏ သန့်ရှင်းသောမိန်းမပျိုတစ်ဦးအနေဖြင့် သူမသည် နောင်တစ်ချိန်တွင် သူမ၏ လက်အောက်ခံ မိသားစုတစ်ခုခုကို ကိုယ်တိုင်ဖျက်ဆီးပစ်ရန် တွေးတောဖူးကောင်း ဖူးလိမ့်မည်။ သို့သော် မည်သည့်မိသားစုခေါင်းဆောင်မဆို ဤအဆင့်သို့ ရောက်လာပြီးနောက် "သန့်ရှင်းသောနယ်မြေ၏ ဖိနှိပ်မှုအောက်တွင် မိသားစုကို ဘယ်လိုကာကွယ်ရမလဲ" ဆိုသည့် အချက်ကိုသာ အဓိကထား စဉ်းစားနေကြသည်ကို သူမ မယုံကြည်နိုင်ခဲ့ပေ။
ဤလောကတွင် မသေမျိုးမိသားစုများအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ သန့်ရှင်းသောနယ်မြေသုံးခုပင်။
"နှစ်ပေါင်းထောင်ချီတဲ့ သမိုင်းကြောင်းအတွင်းမှာ... ဘယ်မိသားစုကြီးကများ သန့်ရှင်းတဲ့နယ်မြေရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှု ဝှက်ဖဲတွေ ရာနဲ့ချီ၊ ဒါမှမဟုတ် ထောင်နဲ့ချီပြီး မပြင်ဆင်ထားဘဲ နေမှာလဲ..."
သတိကြီးသော မိသားစုခေါင်းဆောင်အချို့မှာ အိပ်မက်ထဲတွင်ပင် ဤမေးခွန်းကို တွေးတောနေကြလိမ့်မည်။
အရှင်ယီမြောင်ကဲ့သို့သော နယ်မြေသခင်များ ရောက်ရှိလာခြင်းမှာ မသေမျိုးမိသားစုအားလုံးအတွက် အကောင်းဆုံး၊ အစောဆုံး၊ အပြည့်စုံဆုံးနှင့် အလက်တွေ့အကျဆုံး ကြိုတင်ပြင်ဆင်မှုပင်။ ထို့အပြင် နောက်ဆုံးပေးလိုက်သည့် အဖြေမှာလည်း အစစ်အမှန်ဆုံးပင်။
၎င်းသည် မသေမျိုးနယ်ပယ်သို့ နောက်ကျမှရောက်လာသည့် တီဟူကဲ့သို့သောသူများနှင့် ဆက်ဆံရာတွင် ကြုံရသည့် အခြေအနေမျိုးနှင့် မတူပေ။ သူမသာ မသေမျိုးမိသားစုကို ခဏမျှ လက်ပါအောင် လုပ်ရဲပါက အရှေ့ပိုင်းဒေသရှိ မိသားစုရာဂဏန်းတို့ စီစဉ်ထားသည့် သေစေလောက်သော ထောင်ချောက်ထဲသို့ တန်းတန်းမတ်မတ် ရောက်သွားလိမ့်မည်။
နှုတ်ခမ်းမရှိလျှင် သွားများ အေးစက်ရမည်ပင်။
ဤနိယာမကို အရှင်ယီမြောင် သိသလို အရှေ့ပိုင်းဒေသမှ မိသားစုများလည်း ကောင်းစွာ သိကြသည်။
"တကယ်လို့... ဒီနေ့ မိသားစုတစ်ခုကို ဖျက်ဆီးပစ်တာ၊ မနက်ဖြန်ကျတော့ နောက်ထပ် မိသားစုတစ်ခုကို ထပ်ပြီး ဖျက်ဆီးနေတာတွေကို... ဘာမှမလုပ်ဘဲ ဒီအတိုင်း ငြိမ်ခံကြည့်နေကြမယ်ဆိုရင်... တစ်နေ့ ကိုယ့်အလှည့် ရောက်လာရင်ရော ဘာဆက်လုပ်ကြမလဲ..."
တီဟူ၏ လုပ်ဆောင်ချက်မှာမူ အလေးအနက်ထားစရာ မလိုလှပေ။ အကြောင်းမှာ တီဟူသည် ဇီဝေချန်မိသားစု၏ နယ်မြေအတွင်းမှ မနာခံသော အဆင့် ၃ မိသားစုနှစ်ခုကိုသာ ပစ်မှတ်ထားခဲ့သောကြောင့်ပင်။ ထိုသို့ မလုပ်ဆောင်မီ ချန်ကျီရှင်းကိုယ်တိုင်က အိမ်ရှင်းလင်းရေး ပြုလုပ်ခဲ့ခြင်းမှာ အခြားမိသားစုများအတွက် သတိပေးချက်တစ်ခု ဖြစ်နေပြီးသားပင်။ အကယ်၍သာ ထိုသို့မဟုတ်ပါက တီဟူ လှုပ်ရှားသည့်နေ့တွင်ပင် ဇီဝေချန်မိသားစုအပါအဝင် တောင်ပိုင်းဒေသမှ မသေမျိုးမိသားစုများစွာက တီဟူကို ဝိုင်းဝန်းကာ သတ်ဖြတ်ကြလိမ့်မည်။
ဤကာလအတွင်း ဟန်ချက်ကို မထိန်းနိုင်ပါက တောင်နောက်ကွယ်တွင် ဇီဝေပန်းပင်က ထာဝရ မားမားမတ်မတ် ရှိနေသည်။ ဤနေရာသို့ ရောက်ရှိနေပြီဖြစ်သော ချန်ကျောက်ရှင်းသည် စိတ်အာရုံများကို တစ်ခုပြီးတစ်ခု စုစည်းနေသည့် ချန်ကျီရှင်း၏ မူလကိုယ်ခန္ဓာကို ကြည့်လိုက်ရာ သူ၏မျက်လုံးများတွင် နတ်ဘုရားတို့၏ အလင်းရောင်များ တောက်ပလာသည်။
အထွတ်အထိပ်နှစ်ခု၏ ပေါင်းစပ်မှုကြောင်ြ အဆင့် ၃ ကို ကျော်လွန်သွားကာ အဆင့် ၄ ၏ အထွတ်အထိပ်သို့ ရောက်မှသာ ဗရမ်းဗတာစွမ်းအားများက ချန်ကျီရှင်း၏ ပုံသဏ္ဍာန်အဖြစ် ပြန်လည်စုစည်းလာသည်။ စိတ်အာရုံ ၅၀၀ ပြန်လည်ရောက်ရှိလာပြီးနောက် ချန်ကျီရှင်း၏ ကျင့်ကြံခြင်းမှာ အဆင့် ၂ မှ အဆင့် ၄ သို့ ခုန်တက်သွားခဲ့သည်။ ဤသည်မှာ ဝန်ထုပ်ဝန်ပိုး၏ အကျိုးသက်ရောက်မှုသာ ဖြစ်သည်။
“ဟုတ်တယ်... နည်းနည်းစောပြီး ပြန်ယူမိတာ မှန်ပေမဲ့ တခြားနည်းလမ်း မရှိတော့ဘူး။ ကိစ္စတွေက ဒီအခြေအနေထိ ရောက်လာပြီဆိုတော့ အားလုံးပြီးသွားရင် အချက်အလက်တွေကို ပြန်လည်ခွဲဝေရတော့မှာပဲ"
သူ၏ ဘယ်ဘက်မျက်လုံးရှိ ထျန်းရွှမ်မှန်ချပ်ထဲတွင် ခရမ်းရောင်အငွေ့အသက်များ လှုပ်ခါနေပြီး၊ လမင်းကဲ့သို့ ဖြူစင်သော ချင်းကျီးဓားမှာ သူ၏ဘေးတွင် ငြိမ်သက်စွာ ရှိနေသည်။ ယခင်က သူပိုင်ဆိုင်ခဲ့သော စိတ်အာရုံရာဂဏန်းတို့၏ မစုံလင်သော ပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်လာသည့် အငွေ့အသက်များနှင့်အတူ ချန်ကျီရှင်းမှာ သူ၏ရှေ့တွင် ရပ်နေသူမှာ သူနှင့်အတူကြီးပြင်းလာခဲ့သည့် ဝမ်းကွဲအစ်ကို မဟုတ်တော့သကဲ့သို့ ခံစားရသဖြင့် ချန်ကျောက်ရှင်းမှာ ဤထူးဆန်းသည့် အငွေ့အသက်ကို မည်သို့မှ ဖော်ပြနိုင်ခြင်း မရှိပေ။
ဆိုးယုတ်ခြင်း၊ ထူးဆန်းခြင်း၊ ကျော်လွန်ခြင်း၊ ရှေ့နောက်မညီခြင်း……
ထို့အပြင် ဆွဲဆောင်မှုအနည်းငယ်လည်း ကျန်ရှိနေသေးသည်။
“မင်း...”
ချန်ကျောက်ရှင်း စကားစမည်ပြောခါနီးတွင် ချန်ကျီရှင်း၏ ပုခုံးပေါ်ရှိ ချင်းကျီးဓားမှာ အနည်းငယ် မှောင်မိုက်သွားသည်။ ဓားထဲမှ တစ်စုံတစ်ခုက အတင်းထွက်လာရန် ကြိုးစားနေသော်လည်း ချက်ချင်းပင် ဖိနှိပ်ခံလိုက်ရသည်။
ထိုအရာကို မြင်သော် ချန်ကျောက်ရှင်းမှာ ပါးစပ်ဟလျက် “ဒါက...”
“အင်း... အရင်သခင် ချန်ရစ်ခဲ့တဲ့ ရွှေရောင်သဘာဝက ကျွန်တော့်ရဲ့ လက်ရှိအခြေအနေကို သတိပြုမိပြီး ပြဿနာရှာဖို့ ကြိုးစားတာပါ။ ကျွန်တော် ပြန်ဖိနှိပ်ထားလိုက်ပြီ"
ချန်ကျောက်ရှင်း “……”
“ရွှေရောင်သဘာဝလား”
“အင်း... အဲဒါကို စိတ်ဝင်စားလို့လား”
ချန်ကျောက်ရှင်း၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်သောအခါ ချန်ကျီရှင်းက ခဏစဉ်းစားပြီးနောက် “လိုချင်ရင် ဒါတွေအားလုံးပြီးသွားတဲ့အခါ ကျွန်တော် အပြင်ကို ဆွဲထုတ်ပြီး ခင်ဗျားကို ပေးမယ်လေ” ဟု စမ်းသပ်ကာ မေးလိုက်သည်။
ချန်ကျောက်ရှင်း “…..”
သူသည် ချန်ကျီရှင်းကို တစ်မိနစ်ခန့် စိုက်ကြည့်နေပြီးနောက် ခေါင်းခါလျက် “မလိုပါဘူး။ ငါ့မှာ လျှောက်လှမ်းရမယ့် ကိုယ်ပိုင်လမ်းရှိတယ်။ ချင်းကျီးဓား မသေမျိုးရဲ့ ဓားအတတ်က အရမ်းကောင်းပေမဲ့ ဒီလိုဖြတ်လမ်းက ငါ့နဲ့ မသင့်တော်ဘူး" ဟု ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ချန်ကျီရှင်းမှာ အနည်းငယ် ပြုံးလိုက်မိသည်။ ချန်ကျောက်ရှင်း၏ ရွေးချယ်မှုအတွက် သူလုံးဝ မအံ့ဩပေ။
ချန်ကျောက်ရှင်း၏ ရည်မှန်းချက်ကို ထောက်ရှုလျှင် သူသည် အလွန်အမင်း အကျပ်ရိုက်သည့် အခြေအနေမျိုး မဟုတ်ပါက အခြားသူများ၏ ရွှေရောင်သဘာဝကို လိုချင်တပ်မက်နေလိမ့်မည် မဟုတ်ပေ။ အနည်းဆုံးတော့ ယခုနှစ်ကုန်သည်အထိ ချန်ကျောက်ရှင်း ထိုသို့ပြုလုပ်လိမ့်မည် မဟုတ်ဘူးဟု ချန်ကျီရှင်းက တွေးမိသည်။
"အသက်တစ်ထောင်ကျော်တဲ့အထိ ကိုယ်ပိုင်ရွှေရောင်သဘာဝကို မရသေးတဲ့ကောင်တွေအနေနဲ့... အမြန်ဆုံး တခြားနည်းလမ်းတစ်ခုခုကို ပြောင်းပြီး ရှာသင့်တာ မဟုတ်ဘူးလား...။ သူတို့ ဘာကိုများ ထိုင်စောင့်နေကြတာလဲ...။ သေမယ့်ရက်ကိုပဲ ထိုင်စောင့်နေကြတော့မှာလား..."
ချန်ကျောက်ရှင်းမှာမူ ထိုခဏတာအတွင်း ချန်ကျီရှင်းက သူ့ကိုယ်ရည်ကိုယ်သွေးကို ဟောကိန်းထုတ်နေသည်ကို မသိရှာပေ။ ချန်ကျီရှင်း၌ ပြဿနာမရှိကြောင်း အတည်ပြုပြီးနောက် သူသည် လေးလံသော စိတ်ခံစားချက်ဖြင့် ကြယ်တာရာများ ပြည့်နှက်နေသည့် ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။
“ကျီရှင်း အချိန်တန်ပြီ။ အရှင်ယီမြောင်ရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် ဇီဝေတောင်ကို အရင်ဆုံး မြှောက်တင်လိုက်ကြစို့"
“ကောင်းပြီလေ"
ချန်ကျီရှင်းက ပြုံး၍ ခေါင်းညိတ်လိုက်သည်။
ဇီဝေတောင်သည် ကောင်းကင်ယံသို့ ပျံတက်သွားကာ ရှည်လျားသော ညဉ့်ကောင်းကင်ယံအောက်၊ ကောင်းကင်ဘုံရှိ မဟာဇာတာခွင်ထက်တွင် ခရမ်းရောင်ကြယ်တစ်လုံးမှာ တောက်ပလျက်ရှိသည်။
“ခရမ်းရောင်ကြယ် ကောင်းကင်ယံမှာ လင်းလက်၊ ကောင်းကင်ဘုံအားလုံးကို အုပ်စိုးသည်" “အထည်အလိပ်တို့ကို ကျွမ်းကျင်စွာ အုပ်ချုပ်၊ ရာသီဥတုတို့ကို ပြောင်းလဲစေသည်" “ကောင်းကျိုး၊ ဆိုးကျိုးတို့ကို ဆုံးဖြတ်ရန် ဧကရာဇ်မင်းထံမှ အမိန့်တော်ကို ရရှိသည်" “အထက်တွင် ဇာတာခွင်နတ်သမီးကို ခစား၍၊ အောက်တွင် ကြယ်ပေါင်းသောင်းခြောက်ထောင်ကို အမိန့်ပေးသည်"
ပထမဆုံးမှာ ဇီဝေဧကရာဇ်ကြယ် ဖြစ်ကာ နောက်တွင် မဟာဇာတာခွင်နှင့် တောင်ဘက်ဇာတာခွင်တို့ ရှိကာ ဂိုချန်၊ ထျန်းကျူး၊ ထျန်းကျီ၊ ငါးဖမ်းသမီး၊ ထျန်းဂို၊ ထန်ရှ၊ ဇောင်ဖူ၊ ဝမ်လျန်ပင်။
ညဉ့်ကောင်းကင်ယံမှ ထွက်ပေါ်လာသော ကြယ်တာရာများနှင့် နတ်ဘုရားတို့၏ အလင်းရောင်များမှာ ကျန်းကျိုးမြို့အတွင်းသို့ ကောင်းကင်တိုင်များကဲ့သို့ စီးဆင်းကျလာသည်။ ဤအချိန်တွင် လင်ကျန်းမြို့၌ ရှိနေပါက ကြယ်များဖြင့် ပြည့်နှက်နေသော ကောင်းကင်ယံအောက်တွင် ဝန်းရံခံထားရသည့် ထူးခြားသော ခံစားချက်ကို ရရှိလိမ့်မည်ပင်။
ဤသည်မှာ လင်ကျန်းမြို့တင်မက၊ ကျန်းကျိုးတစ်ခွင်လုံး ဖြစ်သည်။
ဇီဝေတောင် ကောင်းကင်သို့ ပျံတက်သွားပြီးနောက် လူတိုင်းသည် သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ ညင်သာစွာ ကျရောက်လာသော ကြယ်ရောင်ခြည်များကို ခံစားကြရသည်။ ထိုအခိုက်အတန့်တွင် ထာဝရလင်းလက်နေသော ခရမ်းရောင်ကြယ်အလင်းသည် လူပေါင်းများစွာကို နိုးထစေခဲ့သည်။
မျက်လုံးပေါင်းများစွာသည်လည်း ကျန်းကျိုးကို အာရုံစိုက်နေကြသည်။
“အဲဒါ... ဇီဝေတောင်ပဲ”
“ချန်မိသားစုလား”
“နှစ်ပေါင်းများစွာအတွင်း ခရမ်းရောင်ကြယ် တောက်ပနေတာကို မမြင်ခဲ့ရတာ ကြာပြီ။ ငါ့ဘဝမှာ ဒီလိုမျိုး ထူးခြားတဲ့ မြင်ကွင်းကို နောက်တစ်ခေါက် ကြုံတွေ့ရမယ်လို့ မထင်ထားခဲ့ဘူး" “ကျန်းကျိုးမှာ တစ်ခုခု ဖြစ်နေတာလား”
“ဇီဝေတောင် ကောင်းကင်ကို တက်သွားပြီ ချန်မိသားစု အကူအညီ အရေးတကြီး လိုအပ်နေပြီ ဘိုးဘေးကို တရားကျင့်ရာမှ အမြန်ဆုံး ထွက်လာခိုင်းလိုက်”
“ဒါ ရူးမိုက်မှုပဲ လုံးဝ ရူးမိုက်နေတာပဲ သာမန်အတိုင်း နေလို့ မရဘူးလား”
“ဒီကြယ်ပုံစံက ဇီဝေချန်မိသားစုမှာ တစ်ခုခု ဖြစ်နေပြီလို့ ဆိုလိုတာလား”
“သွားကြည့်ကြမယ်”
ရုပ်ပုံများမှာ ကြယ်ကြွေသကဲ့သို့ ကောင်းကင်ယံကို ဖြတ်သန်းသွားကြသည်။ ဇီဝေတောင် ကောင်းကင်သို့ ပျံတက်သွားခြင်းသည် ဇီဝေချန်မိသားစုမှာ အကျပ်အတည်း၏ အစွန်းဆုံးသို့ ရောက်ရှိနေပြီဟု ဆိုလိုခြင်းပင်။
ဤအချိန်တွင် ဇီဝေချန်မိသားစုနှင့် အတိတ်က အငြိုးအတေး ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မသေမျိုးလက်နက် ပိုင်ဆိုင်သော မွန်မြတ်သည့် ကျင့်ကြံသူအားလုံးက ကျန်းကျိုးဘက်သို့ အလုအယက် ဦးတည်ကာ သွားကြသည်။
ကောင်းကင်ယံမှာ တောက်ပသော ကြယ်များဖြင့် ပြည့်နှက်နေသည်။ မြေပြင်မှလည်း ကြီးမားသော ကြယ်တစ်လုံးက တုံ့ပြန်နေသည်။ လောက၏ အံ့ဖွယ်ရာများသည် ကောင်းကင်၏ ဖြစ်ရပ်များသာ မဟုတ်ဘဲ၊ စကြဝဠာ၏ အံ့ဖွယ်ရာများထက် မလျှော့သော လူသားတို့၏ ဉာဏ်ပညာကြောင့် ဖြစ်ပေါ်လာခြင်းပင်။
စီကျိုးနှင့် ကျန်းကျိုးကြား နယ်စပ်တွင် ကောင်းကင်ငှက်ကြီးသည် ကျန်းကျိုးဘက်သို့ တည်ငြိမ်သော အရှိန်ဖြင့် ဦးတည်နေသည်။ ဇီဝေတောင် ကောင်းကင်သို့ တက်သွားသည့် ထူးခြားသော မြင်ကွင်းကို ကောင်းကင်ငှက်ကြီးပေါ်ရှိသူများ မြင်တွေ့နေရသည်။
“အို အဲဒါ... ဇီဝေတောင် မဟုတ်လား”
ယီမြောင်သည် စည်းရိုးပေါ်တွင် လက်တင်လိုက်ပြီး သူမ၏ ရင်အစုံအာ တင်းကျပ်စွာ ဖိထားမိသည်။ သူမ၏ ဆွဲဆောင်မှုရှိသော မျက်လုံးများဖြင့် ကောင်းကင်ယံရှိ မြင်ကွင်းကို ငေးကြည့်ရင်း နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု အလိုအလျောက် ပေါ်လာသည်။ သူမသည် ဤမြင်ကွင်းကို လွန်ခဲ့သည့် နှစ်ပေါင်းသုံးထောင်အတွင်း ငါးကြိမ်သာ မြင်ဖူးသည်။ ယခုမှာ ဆဋ္ဌမအကြိမ်မြောက် ဖြစ်သည်။
“ပြောရရင်တော့ အရက်သမား ချန်ချန်ဖုန်းရဲ့ အစီအရင်ဆွဲတဲ့ အတတ်က တကယ် တော်သားပဲ။ ဒီအစီအရင်က သန်မာသလား မသန်မာဘူးလားဆိုတာက တစ်ပိုင်း ဒါပေမဲ့ သေချာတာကတော့ အရမ်းလှတာပဲ"
“.”
အဘယ်ကြောင့် ထိုနေရာသို့ ရောက်နေမှန်း မသိသော ချင်ကျန်ကျန်းမှာမူ နားမလည်နိုင်ဖြစ်
နေသည်။
"ဇီဝေတောင် ဟုတ်လား...
ဇီဝေချန်မိသားစုရဲ့ ကာကွယ်ရေးအစီအရင်က ဇီဝေနတ်ဘုရားအတားအဆီး မဟုတ်ဘူးလား..."
“ချန်မိသားစုရဲ့ လူငယ်တွေကတော့ တကယ့်ကို သတ္တိမရှိတဲ့ကောင်တွေပဲ...
ကျန်းကျိုးကိုတောင် မရောက်သေးဘူး ကြောက်လန့်တကြားနဲ့ လိပ်ခွံထဲ ဝင်ပုန်းနေကြပြီ...
ဟားဟား... သူတို့ ဘိုးဘေးတွေရဲ့ ဂုဏ်သိက္ခာကိုတော့ တကယ်ပဲ မျက်နှာပျက်အောင် လုပ်တာပဲ...”
စကားပြောရင်း ထိုအမျိုးသမီးငယ်မှာ တစ်စုံတစ်ခုကို သတိရသွားသည့်အလား အော်ဟစ်ရယ်မောလျက် ချင်ကျန်ကျန်းကို တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။
ယီမြောင် သန့်ရှင်းသောနယ်မြေမင်းမှာ တျန်းရှင်းနန်းတော်မှ ကောင်းကင်ငှက်ကြီးကို ငှားရမ်းလာခြင်းဖြစ်ပြီး သန့်ရှင်းသောမိန်းမပျိုမှာမူ ငှားရမ်းမှုအတွက် လက်ဆောင်ပစ္စည်းအဖြစ် ပါလာခြင်းသာ ဖြစ်သည်။
အလုပ်မရှိလျှင် အစေခံမလေးအဖြစ် လုပ်ဆောင်ရမည်ဖြစ်ကာ ယီမြောင်အရှင်မ ကောင်းကင်ငှက်ကြီးကို အသုံးပြုပြီးပါက သူမသည် ဤမသေမျိုးသင်္ဘောကြီးကို ပြန်လည်မောင်းနှင်ရန် လူတစ်ဦးကို စေလွှတ်လိုက်မည်ပင်။
“….”