← Chapters

အခန်း ၄၉၅

Vol. 50 Ch. 495

အခန်း ၄၉၅

Vol. 50 Ch. 495

အခန်း။ ၄၉၅

ဇီဝေတောင် ကောင်းကင်သို့ ပျံတက်သွားခြင်းဖြင့် ပေါ်ထွက်လာသော ကြယ်တာရာပုံစံမှာ လှပရုံမျှမကပေ။ ကြယ်ပေါင်း တစ်ရာ့ရှစ်လုံးမှာ တောက်ပစွာ လင်းလက်နေပြီး ဇီဝေချန်မိသားစုက နှစ်ပေါင်းတစ်ရာ့ခုနစ်ဆယ်ကျော်အတွင်း စုဆောင်းထားသော ကြယ်တာရာစွမ်းအားများနှင့် ပေါင်းစပ်လိုက်သည့်အခါ ယခု ကျန်းကျိုးမြို့အထက်တွင် ပေါ်ထွက်နေသော ကြယ်တာရာပုံစံက ကမ္ဘာပေါ်တွင် အလှပဆုံး မြင်ကွင်းများထဲမှ တစ်ခုဖြစ်သည်ဟု ဆိုလျှင် လွန်မည်မဟုတ်ပေ။

ထို့အပြင် ဤအစီအရင်၏ နောက်ကွယ်မှ စီစဉ်သူ ချန်ကျီရှင်းအနေဖြင့် ကြယ်ရောင်ခြည်များနှင့်အတူ သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းလာသော ထူးခြားပြီး အလွန်အစွမ်းထက်သည့် အငွေ့အသက်ကို ရှင်းရှင်းလင်းလင်း ခံစားနေရသည်။ ထိုအရာမှာ ရိုးရိုးအခြေအနေတစ်ခုမဟုတ်ဘဲ ဘဝလမ်းစဉ်တစ်ခု ဖြစ်သည်။ ကြယ်တာရာတို့၏ ဆင့်ကဲပြောင်းလဲမှု လမ်းစဉ်ပင်။

"ဇီဝေတောင်ရဲ့ စွမ်းအားက ကျွန်တော့်ရဲ့ ဇီဝေချန်မိသားစု နှစ်ပေါင်းထောင်ချီ တောင်ပိုင်းဒေသမှာ မရှုံးနိမ့်ဘဲ ရပ်တည်နိုင်ခဲ့တဲ့ အခြေခံအုတ်မြစ်ပါပဲ။ ကံမကောင်းစွာနဲ့ပဲ ဇီဝေဧကရာဇ်မီးခွက်ကို ဘိုးဘေးက ယူသွားခဲ့တယ်။ အဲဒီဧကရာဇ်မီးခွက်ကိုသာ အစီအရင်ရဲ့ အဓိကဗဟိုချက်အဖြစ် သုံးနိုင်မယ်ဆိုရင် နောက်ပြီး မင်းလိုမျိုး ကျီရှင်း... ဗရမ်းဗတာသားရဲကြီး သုံးဆယ့်ခြောက်ကောင်ရဲ့ စွမ်းအားကို ဆင့်ကဲပြောင်းလဲမှုအတွက် သုံးနိုင်မယ်ဆိုရင် နယ်မြေခြောက်ခုနှင့် ကောင်းကင်ကြယ်တာရာတို့၏ အလယ်ဗဟို ဇီဝေဧကရာဇ်ရဲ့ ဓမ္မပုံရိပ်ကို အမှန်တကယ် ဖန်တီးနိုင်မှာပါ"

ဤအချိန်တွင် ဇီဝေတောင်ထိပ်၌ ရပ်နေသော ချန်ထျန်းချန်သည် ဧကရာဇ်သရဖူကို ဆောင်းထားသည့် ချန်ကျီရှင်းကို မော့ကြည့်ရင်း သူ၏မျက်လုံးများထဲတွင် မနာလိုမှုများကို မဖုံးကွယ်နိုင်တော့ပေ။

နယ်မြေခြောက်ခုနှင့် ကောင်းကင်ကြယ်တာရာတို့၏ အလယ်ဗဟို ဇီဝေဧကရာဇ်ဟူသော ဤ ဓမ္မပုံရိပ်မှာ ဘိုးဘေးချန်ဖုန်းခေတ်မှစ၍ ချန်မိသားစုဝင် လေးထောင်ကျော်တို့ လိုက်စားခဲ့သည့် အကြီးမားဆုံး အိပ်မက်ဖြစ်သည်။ အကယ်၍သာ ၎င်းကို ဖန်တီးနိုင်မည်ဆိုပါက မသေမျိုးနယ်ပယ်ကိုပင် ကျော်လွန်သွားနိုင်သည့် သို့မဟုတ် အနည်းဆုံး ထိုအဆင့်ထက် တစ်ဝက်တစ်ပြတ် ပိုသာလွန်သွားမည့် ဧကရာဇ်၏ ဓမ္မပုံရိပ် ဖြစ်လာမည်ပင်။

ဤအစီအရင်သည် အစီအရင်အတတ်ပညာ၏ အထွတ်အထိပ်ပင်။ ထျန်းရွှမ်နယ်မြေအတွင်း၌သာမက အစီအရင်အတတ်တွင် ဤအရာသည် အမြင့်ဆုံး ဖြစ်သည်ဟု သန့်ရှင်းသောနယ်မြေသုံးခုကပင် ဝန်ခံရလိမ့်မည်။

ချန်မိသားစု၏ ပထမဆုံးဘိုးဘေး ချန်ဖုန်း၏ ထူးခြားသော အရည်အချင်းကို သူတို့က အသိအမှတ်ပြုခဲ့ကြပြီး နယ်မြေခြောက်ခုနှင့် ကောင်းကင်ကြယ်တာရာတို့၏ အလယ်ဗဟို ဇီဝေဧကရာဇ်မှာ အစီအရင်အတတ်ပညာတွင် ကျော်လွန်၍မရနိုင်သော အထွတ်အထိပ်တစ်ခုဖြစ်ကြောင်း လက်ခံခဲ့ကြသည်။

အကယ်၍ ထိုသို့သောနေ့မျိုး ရောက်လာပါက ဇီဝေချန်မိသားစုက ထိုပုံရိပ်ကို ပြသလိုက်သည်နှင့် သန့်ရှင်းသောနယ်မြေသုံးခုမှ ခေါင်းဆောင်များသည်ပင်လျှင် ဇီဝေချန်မိသားစုနှင့် လေးလေးစားစား ဆက်ဆံရလိမ့်မည်ပင်။

သို့သော် ကံဆိုးသည်မှာ ချန်မိသားစု၏ ပထမဆုံးဘိုးဘေးသည် စောလွန်းစွာ ကွယ်လွန်သွားခဲ့ပြီး အစီအရင်အတတ်ပညာတွင် ထိုမျှထူးချွန်သော ဆက်ခံသူ ပေါ်ထွက်မလာခဲ့သောကြောင့် ဤမဟာလုပ်ငန်းစဉ်မှာ မပြီးဆုံးခဲ့ခြင်းပင်။

အကယ်၍သာ ယခုအချိန်တွင် ဇီဝေချန်မိသားစု၌ ထိုဧကရာဇ်၏ ဓမ္မပုံရိပ် ရှိနေမည်ဆိုပါက အရှင်ယီမြောင်သည် ကျန်းကျိုးမြို့ထဲသို့ ခြေပင်ချမိမည် မဟုတ်ပေ။

ထိုအကြောင်းကို တွေးမိသောအခါ ချန်ကျောက်ရှင်း၏ မျက်လုံးများတွင် နောင်တအရိပ်အယောင်များ ပေါ်လာသည်။

"နှမြောစရာပဲ"

"ဘာကို နှမြောတာလဲ"

ချန်ကျောက်ရှင်း၏ အပေါ်ဘက်မှ အာဏာပါသော အေးစက်သည့်အသံတစ်ခု ထွက်ပေါ်လာသဖြင့် သူ မော့ကြည့်လိုက်မိသည်။ မည်သူမျှ မသိလိုက်ခင်မှာပင် တောင်နောက်ဘက်မှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ သူ၏ကိုယ်ခန္ဓာမှာ အမှန်တကယ်ပင် ခိုင်မာလာပြီး သူ၏ပတ်လည်ရှိ ကြယ်ရောင်ခြည်များက ချန်ကျီရှင်း ဝတ်ဆင်ထားသည့်အတိုင်း ခရမ်းရောင်နှင့် ရွှေရောင်ဝတ်ရုံကို ပုံဖော်နေသည်။

ချန်ကျောက်ရှင်းမှာ သူ့ဆံပင်ကို ဆုပ်ကိုင်လိုက်ပြီး အသံအက်အက်ဖြင့် "ဒါ... စိတ်ဝိညာဉ်အစီအရင်လား" ဟု မေးလိုက်သည်။

ထိုပုံရိပ်က သူ့ကို လှည့်ကြည့်ပြီး အနည်းငယ် ပြုံးပြသည်။

"မင်း ငါ့ကို အလယ်ဗဟိုဇီဝေလို့လည်း ခေါ်နိုင်ပါတယ်"

နောက်တစ်စက္ကန့်တွင် သူသည် ချန်ကျီရှင်းဆီသို့ လျှောက်သွားပြီး အနည်းငယ် ဦးညွှတ်ကာ "မင်္ဂလာပါ တာအိုမိတ်ဆွေ" ဟု နှုတ်ဆက်သည်။ ချန်ကျီရှင်းက ပို၍လေးနက်စွာ ပြန်လည်ဦးညွှတ်လိုက်သည်။

ထိုစကားကို ကြားသောအခါ ထိုသူက ရယ်မောလိုက်ပြီး ချန်ကျီရှင်းကို ကြည့်ကာ ကိုယ့်ကိုကိုယ် ဖျော်ဖြေနေသည့်အလား ပျော်ရွှင်နေပုံပင်။ ထို့နောက် ချန်ကျီရှင်း၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားကာ သူတို့နှစ်ဦး ပေါင်းစပ်သွားသည်။

ရုပ်ရှင်ဇာတ်ကားတချို့တွင်သာ ဆိုလျှင် နယ်မြေခြောက်ခုနှင့် ကောင်းကင်ကြယ်တာရာတို့၏ အလယ်ဗဟို ဇီဝေဧကရာဇ် ပြန်လည်နေရာယူပြီဟု အသံကြားရမည့် မြင်ကွင်းမျိုး ဖြစ်သည်။ ကံမကောင်းစွာဖြင့် ဇီဝေတောင်ပေါ်တွင်မူ ထိုအသံ မထွက်ပေါ်လာခဲ့ပေ။ ကျန်ရစ်ခဲ့သည်မှာ ကြယ်ရောင်ခြည်နှင့် ဗရမ်းဗတာစွမ်းအားများကြားတွင် အမြဲတမ်း ပြောင်းလဲနေသည့် ပုံရိပ်တစ်ခုသာ ဖြစ်သည်။

ဤသို့ဖြင့် အချိန်မည်မျှ ကုန်ဆုံးသွားမှန်း မသိတော့ပေ။ နေ့ခင်းအချိန်တွင် ဖြစ်သင့်သော်လည်း ကျန်းကျိုးမြို့၏ အစိတ်အပိုင်းအများစုမှာ ဇီဝေကြယ်တာရာတို့၏ အလင်းရောင်အောက်တွင် ရှိနေဆဲပင်။ အဝေးတစ်နေရာမှ ခမ်းနားသော အဆောက်အအုံများ ပေါင်းစပ်ထားသကဲ့သို့ ပုံစံရှိသည့် ပျံသန်းရေးသင်္ဘောကြီးတစ်ခု ထွက်ပေါ်လာပြီး ထိုပုံရိပ်မှာလည်း တဖြည်းဖြည်း နီးကပ်လာသည်။

ထို့နောက် မျက်လုံးများကို ဖွင့်လိုက်ကာ….

"ဒါ ဘာကြီးလဲ ချန်ဖုန်းရဲ့ ဆက်ခံသူက တကယ်ပဲ အဲဒီဇီဝေဧကရာဇ်ပုံရိပ်ကို ထုတ်ပြလာတာ မဟုတ်ပါစေနဲ့"

ကောင်းကင်ငှက်သင်္ဘောကြီး၏ အဖြူရောင်စကျင်ကျောက်အကာအရံရှေ့တွင် အရှင်ယီမြောင်သည် ဇီဝေတောင်ထိပ်ထက်ပင် သုံးပုံတစ်ပုံခန့် ပိုမြင့်မားသော နယ်မြေခြောက်ခုနှင့် ကောင်းကင်ကြယ်တာရာတို့၏ အလယ်ဗဟို ဇီဝေဧကရာဇ်ကို ကြည့်ရင်း သူမ၏ မျက်လုံးများထဲတွင် ပျော်စရာကောင်းလိုက်တာဟု အဓိပ္ပာယ်ရသည့် အကြည့်များ ပေါ်လာသည်။ အလယ်ဗဟိုဇီဝေလား အရက်သမားလေး စိတ်ကူးယဉ်ခဲ့တဲ့အရာကို သူ့ဆွေမျိုးတွေက တကယ်ပဲ အသက်ဝင်လာအောင် လုပ်လိုက်တာလား။

"အင်း... စဉ်းစားကြည့်ရအောင်။ အဲဒီအရက်သမားလေးက ဇီဝေဧကရာဇ်မီးခွက်ကို အမြင့်ဆုံးအဆင့်ထိ မြှင့်တင်ဖို့ ပြောခဲ့တာ မှတ်မိတယ်။ ဇီဝေတောင်နန်းတော်မှာ ပိတ်လှောင်ထားတဲ့ ကြယ်တာရာနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ကြယ်တာရာအရူးအမူး ၁၀၈ ကောင်ကို သုံးဖို့လည်း လိုတယ်တဲ့။ ဇီဝေဧကရာဇ်မီးခွက်ရဲ့ ဖယောင်းတိုင်မီးစာအဖြစ် သုံးဖို့အတွက် ကြယ်တာရာချီစွမ်းအင်တွေကို နှစ်ပေါင်း ၁၂၉,၆၀၀ ကြာ စုဆောင်းရမယ်တဲ့။ နောက်ပြီး နယ်မြေခြောက်ခုနှင့် ကောင်းကင်ကြယ်တာရာတို့၏ ဇီဝေဧကရာဇ်ကို လမ်းပြပေးဖို့အတွက် ကြယ်တာရာကိုယ်ထည်တစ်ခု လိုသေးတယ်တဲ့ မဟုတ်ဘူးလား"

ထိုလျှို့ဝှက်အစီအရင်အကြောင်း သူမအား အစီရင်ခံခဲ့စဉ်က အရက်သမားလေး ပျော်ရွှင်နေခဲ့ပုံကို ပြန်တွေးမိရာတွင် ယီမြောင်မှာ အစပိုင်း၌ ပျော်ရွှင်နေခဲ့သည်။ သို့သော် ဇီဝေတောင်ဘေးတွင် ရှိနေသော အလွန်ကြီးမားသည့် ဓမ္မပုံရိပ်ကို မြင်လိုက်ရသည့်အခါ သူမ၏ အပြုံးမှာ တဖြည်းဖြည်း မှေးမှိန်သွားပြီး ဒေါသများဖြင့် အစားထိုးခံလိုက်ရသည်။

"တကယ်လို့... အဲဒီအရက်သမားလေး ပြောခဲ့တာသာ အမှန်ဆိုရင်... အခု ငါ့ရှေ့မှာ ရှိနေတဲ့အရာက ဘာကြီးလဲ..."

"တောက်... ဒီလူလိမ်တွေကတော့ အတူတူပဲ...သူတို့ပါးစပ်ထဲက တစ်ခွန်းမှ အမှန်မထွက်ဘူး..."

မျက်တောင်တစ်ခတ်အတွင်းမှာတင် သူမရဲ့ဒေါသတွေက ဝုန်းခနဲ ပေါက်ကွဲထွက်သွားပြီး အရှင်ယီမြောင်ကတော့ မြင်ကွင်းကြောင့် ကြောင်အမ်းပြီး အံ့ဩနေသည့် ချင်ကျန်ကျန်းကို အမိန့်ပေးလိုက်သည်။

"အဲဒီအရာကို... အပိုင်းပိုင်းအစစ ဖြစ်သွားအောင် ရိုက်ချိုးပစ်လိုက်စမ်း..."

ချင်ကျန်ကျန်းမှာ "…."

မဟုတ်ပါဘူး အရှင်မက တကယ်ပြောတာလား။

"ဘာရပ်ကြည့်နေတာလဲ ချင်းလေး ငါ သန့်ရှင်းသောအရှင်သခင်ကပဲ ကိုယ်တိုင် ကိုင်တွယ်ရမှာလို့လား"

ချင်ကျန်ကျန်းသည် ကြောက်လန့်တကြားဖြင့် ကောင်းကင်ငှက်သင်္ဘောကြီး၏ အဓိကသင်္ဘောခန်းထဲသို့ ပြေးဝင်သွားပြီး အခြားသူများ၏ ကြောင်အမ်းနေသော မျက်နှာများကြားမှပင် အသံတုန်တုန်ယင်ယင်ဖြင့် အော်ပြောလိုက်သည်။

"အရှင်မက... အဲဒါကို ဗုံးခွဲလိုက်ပါတဲ့"

တျန်းရှင်းနန်းတော်မှ တပည့်များမှာ ခဏတာ တိတ်ဆိတ်သွားကြတော့သည်။

သူတို့သည် အချင်းချင်း ကြာရှည်စွာ စိုက်ကြည့်နေကြပြီးမှ အပြင်ဘက်မှ ပိုမိုစိတ်လှုပ်ရှားနေသော အရှင်ယီမြောင်၏ "ဗုံးခွဲလိုက်စမ်း ဗုံးခွဲလိုက် မြန်မြန်၊ မြန်မြန်၊ မြန်မြန် ဒီလောက်ကြီးတဲ့ ခန္ဓာကိုယ်ကြီးကို တစ်ချက်လောက်တောင် အထိမခံရရင်တော့ ရှက်စရာကြီးပဲ" ဟူသည့် အော်ဟစ်သံများကို ကြားလိုက်ရသဖြင့် နောက်ဆုံးတွင် သူတို့ တာဝန်ရှိရာ နေရာများသို့ ပြန်သွားကြသည်။

"ဇီဝေချန်မိသားစုကို တကယ်ကြီး အင်နဲ့အားနဲ့ သေချာပေါက် ဗုံးခွဲတိုက်ခိုက်ကြမလို့လား...။ လာမစကြပါနဲ့တော့..."

ဇီဝေချန်မိသားစုသည် တျန်းရှင်းနန်းတော်၏ တပည့် လေးပုံတစ်ပုံကို ထောက်ပံ့နေသူများပင်။ သူတို့အားလုံးသည် ချန်မိသားစု တူးဖော်ထားသော ဝိညာဉ်ချီစွမ်းအင်များကို သုံး၍ ကျင့်ကြံကြပြီး ချန်မိသားစု စိုက်ပျိုးသည့် အရင်းအမြစ်များကို စားသုံးကြသည်။

တကယ်တမ်းတွင် သူတို့ထဲမှ အများစုမှာ ဇီဝေချန်မိသားစု တပည့်များနှင့် ရင်းနှီးသော မိတ်ဆွေများ ဖြစ်ကြသည်။ အရှင်ယီမြောင်ဆိုသည်မှာ တာလျိုတာအိုဂိုဏ်း၏ သန့်ရှင်းသောအရှင်သခင် ဖြစ်သော်လည်း တျန်းရှင်းနန်းတော်၏ သန့်ရှင်းသောအရှင်သခင်ကပင် ဤအမိန့်မျိုး ထုတ်ခဲ့လျှင်တောင် ကောင်းကင်ငှက်ကြီးပေါ်ရှိ တျန်းရှင်းနန်းတော် တပည့်များက အားစိုက်ထုတ်ကာ တိုက်ခိုက်ကြလိမ့်မည် မဟုတ်ပေ။

သို့သော် တျန်းရှင်းနန်းတော် တပည့်များက ဓားအစီအရင်ကို ပူးပေါင်းလုပ်ဆောင်ခြင်း မရှိသဖြင့် နယ်ပယ်ဖြတ်ကျော် ဓားမြှောင် ၂၈ စင်း၏ စွမ်းအားမှာ ၃၀ ရာခိုင်နှုန်းပင် မရှိတော့ပေ။ ၎င်းမှာ မြန်ဆန်ခြင်း မရှိသလို အားကောင်းခြင်းလည်း မရှိပေ။ နောက်ကလိုက်ပါလာသော ဓားအလင်းတန်းများမှာပင် ထူးခြားစွာ တောက်ပခြင်း မရှိပေ။

သို့သော် အရှင်ယီမြောင်မှာမူ ၎င်းတို့ကို ဂရုစိုက်ပုံမပေါ်ပေ။ နယ်ပယ်ကို ထိုးဖောက်သည့် ဓားများက ဇီဝေတောင်ဆီသို့ တိုးဝင်သွားသည်ကို မြင်ရပြီး ဓမ္မပုံရိပ်ကို မထိခင်ပင် ပတ်လည်မှ စီးဆင်းကျလာသည့် ကြယ်ရောင်ခြည်များဖြင့် အမှုန့်ဖြစ်သွားသည်ကို မြင်ရသော်လည်း သူမမှာမူ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေသည်။

သူမ၏ စိတ်လှုပ်ရှားနေသော အသွင်အပြင်မှာ နှစ်ပေါင်း ခုနစ်ထောင်ကျော်နေပြီဖြစ်သည့်တိုင် ကလေးငယ်တစ်ဦးနှင့်ပင် ဆင်တူနေသည်။

ညှိနှိုင်းရေးတာဝန်ခံ ချင်ကျန်ကျန်းမှာ ထိုမြင်ကွင်းကို ငေးမောကြည့်နေမိသည်။

"ဒီမိန်းမက... အမှန်တကယ်ပဲ တာလျိုတာအိုဂိုဏ်းရဲ့ သန့်ရှင်းသောအရှင်သခင် ဟုတ်လို့လား...

အင်း... ဟုတ်တော့ ဟုတ်ပုံပဲ...။

ဒါကို တိုင်ဂိုဂိုဏ်းတည်ထောင်သူကိုယ်တိုင်ကတောင် အတည်ပြုပေးထားတာပဲ။ ဒါဆိုရင်... ဒီလိုသန့်ရှင်းသောအရှင်သခင်တစ်ပါးက ဇီဝေတောင်ကို လာရတဲ့ ရည်ရွယ်ချက်က ဘာကြီးလဲ...

ပြီးတော့ သူမက သန့်ရှင်းသောအရှင်သခင်လည်း ဖြစ်နေပြီးတော့... ဘာဖြစ်လို့ ဒီလောက်အထိ အလုပ်ရှုပ်ခံပြီး လှုပ်ရှားနေရတာလဲ...

ငါ ဒါကို တွေးနေရတာ ကြာလှပြီ...တကယ်ပဲ ရူးတောင် ရူးတော့မယ်..."

ချင်းကျန်ကျန်းမှာ သူမရှေ့တွင် ခုန်ပေါက်နေသော ဆွဲဆောင်မှုရှိသည့် အမျိုးသမီးမှာ ထျန်းရွှမ်နယ်မြေ၏ သန့်ရှင်းသောနယ်မြေသုံးခုထဲမှ တစ်ခုဖြစ်သည့် တာလျိုတာအိုဂိုဏ်းကို အုပ်စိုးနေသူ အရှင်ယီမြောင်ဖြစ်ကြောင်း ယုံကြည်ရန် ငြင်းဆန်နေဆဲပင်။

သူမ ခံစားရသည့်အတိုင်း အမှန်ဆုံးပြောရလျှင် ဒီလိုလူမျိုးက သန့်ရှင်းသောနယ်မြေရဲ့ အရှင်သခင် ဖြစ်နိုင်ရင် ငါလည်း ဒီနေရာကို ရောက်နိုင်မှာပဲ။

ချင်းကျန်ကျန်းမှာ အလွန်အကျွံ တွေးနေမိခြင်းပင်။

ယီမြောင် ဤသို့ လုပ်ဆောင်နိုင်ခြင်းမှာ သူမ မဟာတာအိုအရှင်သခင် ဖြစ်၍ မဟုတ်ဘဲ သူမ မဟာတာအိုအရှင်သခင် ဖြစ်လာနိုင်စေသည့် သူမ၏ ပြင်းထန်သော စွမ်းအားကြောင့်ပင်။

"သူမက... ကိုယ်လုပ်ချင်တာမှန်သမျှ ရိုးရိုးလေး လုပ်ပစ်နိုင်လောက်အောင် အစွမ်းထက်တဲ့သူပဲလေ...

လူငယ်တွေရှေ့မှာ ဟန်ဆောင်ပန်ဆောင် လုပ်ပြနေစရာကို မလိုတာ..."

"ကိုယ်ပျော်ဖို့ပဲ အဓိကပဲဟာ။ အဲဒီလိုလုပ်လို့ မဟာတာအိုနယ်မြေရဲ့ မျက်နှာ ပျက်မလား၊ မပျက်ဘူးလားဆိုတာကတော့...ငါတို့က သူမကို ဘာမှသွားပြောပိုင်ခွင့် မရှိဘူး...

နယ်ပယ်တစ်ခုရဲ့ ထိပ်ဆုံးကို ရောက်နေတဲ့သူတစ်ယောက် ဖြစ်ပြီးတော့ အောက်ခြေကလူတွေရဲ့ အမြင်ကို ကြောက်လို့ ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင် မျိုသိပ်နေရဦးမယ်ဆိုရင် ကျင့်ကြံခြင်းလမ်းစဉ်က ဘာအဓိပ္ပာယ် ရှိတော့မှာလဲ...

သူမက တကယ်ပဲ အလုပ်မရှိလို့ ပျင်းနေတာလား..."

ယီမြောင်မှာမူ သူတို့ကို လုံးဝ ဂရုမစိုက်ပေ။ သူမ တောင်ပိုင်းဒေသသို့ လာခဲ့သည်မှာ ပျော်ရွှင်ဖို့သက်သက်သာ ဖြစ်သည်။ ကိစ္စရပ်များကို ပိုမိုစိတ်ဝင်စားစရာ ကောင်းလာစေရန်အတွက် တျန်းရှင်းနန်းတော်မှ ကောင်းကင်ငှက်ကြီးကိုပါ ထုတ်ယူလာခဲ့သည်။

သူမမှာ ဇီဝေချန်မိသားစုကို တကယ်တမ်း ဖျက်ဆီးလိုစိတ် မရှိခဲ့သလို တစ်ခါမျှ မရှိခဲ့ပေ။

သူမသည် တျန်းရှင်းနန်းတော် တပည့်များ၏ ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းကိုလည်း လျစ်လျူရှုထားလိုက်သည်။

သို့သော် ဇီဝေချန်မိသားစုမှာ သူမနှင့် ကစားရန်ပင် အရည်အချင်း မရှိပါက ကောင်းကင်ငှက်ကြီးဖြင့် အလွယ်တကူ အမြစ်ပြတ်ချေမှုန်းခံရလိမ့်မည်။

"ဗုံးခွဲလိုက် ဗုံးခွဲလိုက်"

"…."

"ဟေ့ အသုံးမကျတဲ့ လူမိုက်တွေ ပစ်မှတ်လွဲနေပြီ ဒီနေ့ မနက်စာ မစားရဘူးလား"

"……."

"ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ် ဦးခေါင်းကို တည့်တည့်ပစ် ဦးခေါင်းကို ပစ်"

"….."

"အို... လမ်းကြောင်း လွဲသွားပြန်ပြီ အား မြန်မြန်၊ မြန်မြန် သတ်ပစ်လိုက်"

"…."

ထိုအသံမှာ ကြားရသူအတွက် သာယာနာပျော်ဖွယ်ကောင်းသော်လည်း၊ ယခုလက်ရှိ အခြေအနေနှင့် ရင်ဆိုင်နေရသော ရန်သူကို ထည့်တွက်ပါက တျန်းရှင်းနန်းတော်မှ တပည့်များအတွက်မူ မိစ္ဆာတို့၏ ရွတ်ဖတ်သံကဲ့သို့ပင် ထိတ်လန့်စရာ ကောင်းနေသည်။

ကံကောင်းစွာဖြင့် ထိုဖြစ်စဉ်မှာ မြန်ဆန်စွာ ပြီးဆုံးသွားသည်။ အချိန်အနည်းငယ်မျှ စနောက်ပြီးနောက် သန့်ရှင်းသောအရှင်သခင်သည် ကောင်းကင်ငှက်ကြီးနှင့် ကြယ်တာရာမြေပုံအောက်ရှိ နယ်မြေခြောက်ခုနှင့် ကောင်းကင်ကြယ်တာရာတို့၏ ဇီဝေဧကရာဇ်တို့မှာ ချီစွမ်းအင်အနည်းငယ်သာ သုံးစွဲ၍ တိုက်ခိုက်နေကြသည်ကို တွေ့ရသဖြင့် ပျင်းရိလာကာ သူမဘာသာ ကိုယ်တိုင်ဝင်ရောက် ကိုင်တွယ်ရန် ဆုံးဖြတ်လိုက်သည်။

ထိုအခါ တျန်းရှင်းနန်းတော် တပည့်များ၏ အံ့အားသင့်သော အကြည့်များအောက်တွင် အရှင်ယီမြောင်သည် ကြယ်တာရာမြေပုံဆီသို့ လက်ကိုဆန့်ထုတ်၍ ကြယ်တစ်လုံးကို ဆွဲနှုတ်လိုက်သည်။ သူမသည် ကြယ်တာရာမြေပုံထဲမှ ကြယ်များကို တိုက်ရိုက် ဆွဲနှုတ်လိုက်ခြင်းပင်။

ထိုမြင်ကွင်းမှာ လွန်စွာမှပင် ထိတ်လန့်စရာကောင်းလှသဖြင့် နယ်မြေခြောက်ခုနှင့် ကောင်းကင်ကြယ်တာရာတို့၏ ဇီဝေဧကရာဇ်ပုံရိပ်ထဲတွင် ထိုင်နေသော ချန်ကျီရှင်းပင် ခဏတာမျှ တုံ့ပြန်ရန် မစွမ်းသာခဲ့ပေ။

ဇီဝေဧကရာဇ် ပုံရိပ်နှင့် အရွယ်အစား နီးပါးတူသော ထိုကြယ်တစ်လုံးက ဇီဝေတောင်ပေါ်သို့ ပြုတ်ကျတော့မည့်အချိန်တွင်မှ ချန်ကျီရှင်းသည် သူ၏ ဓမ္မပုံရိပ် စွမ်းအားကို အသုံးပြု၍ ၎င်းကို ကြယ်တာရာမြေပုံဆီသို့ အတင်းအကျပ် ပြန်ပို့လိုက်ရသည်။

ဘာဖြစ်တာလဲ သူ ဘယ်လိုလုပ်လိုက်တာလဲ

ချန်ကျီရှင်း၏ စိတ်ထဲတွင် ထိုအကြံ ပေါ်လာသည်နှင့် တစ်ပြိုင်နက် အရှင်ယီမြောင်သည် ယခင်လုပ်ဆောင်ချက်ကို သူ့အား ထပ်မံပြုလုပ်ပြသည်။ ထိုမျှမက နှေးကွေးသော ရွေ့လျားမှုပုံစံဖြင့် ပြုလုပ်ပြခြင်းပင်။ အရှင်ယီမြောင်သည် ရိုးရှင်းစွာပင် လက်ကို မြှောက်လိုက်ပြီး ရွေးချယ်ထားသော ကြယ်ကို ဖမ်းယူလိုက်သည်။ ထို့နောက် ယုတ္တိမရှိသော နည်းလမ်းဖြင့် အာကာသနှင့် အတိုင်းအတာ အဆင့်မှစ၍ သူမ၏ လက်က ထိုကြယ်ကို ဆုပ်ကိုင်ထားနိုင်အောင် ဖန်တီးလိုက်သည်။

"မွေးရာပါချီစွမ်းအင် အကြီးစားဖမ်းယူခြင်းအတတ်"

ရုတ်တရက် ချန်ကျီရှင်း၏ တိုးတိုးလေး ရေရွတ်သံနှင့်အတူ ဇီဝေဧကရာဇ် ပုံရိပ်က ခြေတစ်လှမ်း ရှေ့တိုးလိုက်သည်။ သူ၏ ဓမ္မပုံရိပ်မှာ ပိုမိုကြီးမားလာသော ချင်းကျီးဓားကို ကိုင်ဆောင်၍ လေထဲတွင် ကြယ်များကို ဆွဲနှုတ်နေသူထံသို့ ခုတ်ပိုင်းလိုက်သည်။

ထိုအရာသည် မွေးရာပါချီစွမ်းအင် အကြီးစားဖမ်းယူခြင်းအတတ် မဟုတ်ကြောင်း ချန်ကျီရှင်း သိရှိသည်။ အရှင်ယီမြောင်၏ ထိုထူးဆန်းသည့် လှုပ်ရှားမှုမှာ အာကာသနှင့် အချိန် စွမ်းအားများကြောင့်သာမက သူမ၏ စွမ်းအား၊ အာကာသ၊ အတိုင်းအတာနှင့် ဥပဒေကဲ့သို့သော တာအိုလမ်းစဉ်ကြီးများကို ပေါင်းစပ်ထိန်းချုပ်နိုင်စွမ်းကြောင့် ဖြစ်ကြောင်းလည်း သိသည်။ သို့သော် ဤအရာမှာ လုံးဝကို မဖြစ်နိုင်သော အရာပင်။

"လူတစ်ယောက်က... ကောင်းကင်ပေါ်က ကြယ်တွေကို လက်တစ်ဖက်တည်းနဲ့ ဆွဲနှုတ်ပစ်

နိုင်တယ်ပေါ့။

အဲဒီကြယ်က အချင်းဝက် မီတာတစ်ထောင်ပဲ ရှိတာဆိုရင်တောင်မှ... အနည်းဆုံးတော့ ကြယ်ကြွေတစ်စလို့ သတ်မှတ်လို့ ရတာပဲဟာ။

ပြီးတော့ ဒီအရာက... ထျန်းရွှမ်နယ်မြေရဲ့ အဆင့်မြင့်ဆုံး အစီအရင်ဖြစ်တဲ့ ဇီဝေတောင်ထဲက ကြယ်တစ်လုံး ဖြစ်နေတာလေ...

ဒါကို သာမန်လက်တစ်ဖက်တည်းနဲ့ ဆွဲနှုတ်ပစ်နိုင်တယ်ဆိုတာကတော့... တကယ့်ကို မယုံနိုင်စရာပဲ..."

အရှင်ယီမြောင်သည် ထိုသို့သော လှုပ်ရှားမှုကို ပြသပြီးနောက် ချန်ကျီရှင်းမှာ တုံ့ပြန်ရန်သာ ရှိတော့သည်။ မဟုတ်ပါက သူမသည် ဇီဝေတောင်ရှိ ကြယ်ရွက်များကို အကုန်ဆွဲနှုတ်ပြီး ဇီဝေတောင်ကို ပြောင်ရှင်းသွားအောင် လုပ်တော့မည်ပင်။

"ခုတ်လိုက်"

ပုံစံတူ ချဲ့ထွင်ထားသော ချင်းကျီးဓားမှာ ရှစ်ရာမီတာ ရှည်လျားသည်။ ဇီဝေဧကရာဇ် ပုံရိပ်၏ လက်ထဲတွင်မူ ကောင်းကင်နှင့် မြေကြီးကိုပင် ခွဲခြားနိုင်သည့် နတ်ဘုရားလက်နက်တစ်ခု ဖြစ်သည်။ တစ်ချက်ခုတ်လိုက်တိုင်း မရှုံးနိမ့်နိုင်ပေ။ အရှင်ယီမြောင်ပင်လျှင် ဤဓားချက်ကို တိုက်ရိုက် မခုခံရဲပေ။ ဤသည်မှာ ခန္ဓာကိုယ် အရွယ်အစား ပိုကြီးခြင်း၏ အားသာချက်ပင်။

သူမသည် ကြယ်တာရာမြေပုံမှ ကြယ်များကို ဆက်လက်ဆွဲနှုတ်ပြီး သူမဆီသို့ ဦးတည်လာသော ဓားချက်ဆီသို့ ပစ်လွှတ်လိုက်သည်။ ဓားချက် သုံးချက် ခုတ်ပြီးနောက် ချန်ကျီရှင်းသည် ကြယ်တာရာမြေပုံ၏ အစွန်းတစ်ဖက်သို့ ဆုတ်ခွာသွားပြီး လက်ပိုက်ကာ သူ့ကို အေးစက်စက် ကြည့်နေသော အရှင်ယီမြောင်ကို ကြည့်ရင်း အခက်တွေ့သွားသည်။

ထို့နောက် ဇီဝေဧကရာဇ် ပုံရိပ်၏ ဘယ်ဘက်မျက်လုံး ပွင့်လာသည်။ နက်နဲသောမှန်ချပ်နှင့် မျက်လုံးအိမ်များမှာ မှိန်ဖျော့စွာ တောက်ပသွားသည်။

"မဟာစကြဝဠာ ငါးမျိုးဓာတ် ယန်ယင်ချီစွမ်းအင် ပျက်သုဉ်းခြင်း နတ်ဘုရားအလင်းတန်း"

ဇီဝေဧကရာဇ် ပုံရိပ်၏ ဘယ်ဘက်မျက်လုံးမှ တောက်ပသော အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သည်။ မည်သူမျှ ဘာဖြစ်သွားမှန်း မသိလိုက်ခင်မှာပင် အရှင်ယီမြောင်၏ ပုံရိပ်မှာ တိတ်ဆိတ်စွာပင် ပျောက်ကွယ်သွားခဲ့သည်။

All Chapters