← Chapters

အခန်း ၁၉၁

Vol. 20 Ch. 191

အခန်း ၁၉၁

Vol. 20 Ch. 191

🍄 Chapter 191

၁၂၀ (လူနာတင်ယာဉ်) ကို ဖုန်းဆက်ပြီးနောက် ချန်မေ့လန်သည် ယန်ကျောက်ထံသို့ ဖုန်းဆက်ခေါ်ရသေးသည်။

သူမသည် ဖန်ရှန်၏ လုပ်ငန်းကို ယခုလေးတင် လုယူခဲ့ပြီး ရှောင်ဝမ်နှင့် ယွမ်ယွမ်တို့မှာလည်း တုန်းဖန်ကျောင်းတွင် ပညာသင်ကြားနေဆဲဖြစ်၏။

ထိုကလေးနှစ်ယောက်မှာ နေရာအနှံ့ လျှောက်သွားရသည်ကို နှစ်သက်ပြီး ကျောက်မီးသွေးခြံတွင် ကက်ဆက်ခွေများပင် ရောင်းချတတ်သေးသည်။

ဖန်ရှန်၏ ရက်စက်ကြမ်းကြုတ်မှုအရ သူသည် တစ်နေ့နေ့တွင် တစ်စုံတစ်ယောက်ကို ကလေးများအား ကားဖြင့် တမင်တိုက်ခိုင်းကောင်း တိုက်ခိုင်းနိုင်ပေ၏။

ယန်ရှီရှန်းပြောခဲ့သလိုပင် လီဗာကိုနင်းလိုက်ခြင်းက မိသားစုတစ်စုအတွက် ကြီးမားသော ဘေးအန္တရာယ်ကြီးတစ်ခု ဖြစ်လာနိုင်သည်။

…….

နှစ်သစ်ကူးနေ့တွင် ပြည်သူ့လုံခြုံရေးစနစ်၊ အထူးသဖြင့် ယာဉ်ထိန်းရဲ ဌာနအတွက် အလုပ်အများဆုံး အချိန်ဖြစ်ပြီး မတော်တဆမှုများအတွက် ဘေးအန္တရာယ်ဇုန်တစ်ခုပမာ ဖြစ်နေလေ၏။

ရဲစခန်းတစ်ခုလုံး အလုပ်ဆင်းနေကြပြီး ဖုန်းများလည်း မပြတ်တမ်းမြည်နေသည်။ လူများကို လက်ထိပ်ခတ်ကာ အချိန်နှင့်အမျှ ဖမ်းဆီးခေါ်ဆောင်လာကြ၏။

ပထမထပ် ခန်းမတွင် အရက်မူးနေသူများ၊ ငြင်းခုံနေသူများ၊ သီချင်းဆိုနေသူများဖြင့် ပြည့်နှက်နေသည်။ လက်ထိပ်ခတ်ထားသော်လည်း ငြိမ်ငြိမ်မနေကြဘဲ လူတိုင်းက ရန်ဖြစ်ချင်နေကြသည်။

နံနက်ပိုင်း အစည်းအဝေးတွင် ယုတ္တိတန်စွာ တွေးကြည့်မည်ဆိုလျှင် စုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်အဖြစ် ယန်ကျောက်က လုပ်ငန်းတာဝန်များကို ခွဲဝေပေးသင့်၏။

သို့သော် အသစ်ခန့်အပ်ခံရသော ဒုညွှန်ကြားရေးမှူးကျောက်လဲ့သည် နာရီဝက်ခန့်ကြာအောင် အချိန်ယူ၍ စကားပြောဆိုခဲ့ပြီး နည်းပညာဌာနမှ သူ့ဓာတ်ပုံများကိုပင် အများအပြား ရိုက်ကူးစေခဲ့သည်။

ပြည်တွင်း ထုတ်ဝေရေး စာစောင်များသို့ ပေးပို့ရန် ရည်ရွယ်ထားကြောင်း ထင်ရှားသည်။

ကျင်းတုန်းဌာနခွ ဗျူရိုသည် ယခုနှစ်တွင် ရှီးဖျင်မြို့ရှိ ဌာနခွဲဗျူရို အများအပြားထဲတွင် အဆင့်မြင့်အဖြစ် သတ်မှတ်ခံခဲ့ရသည်။

ဤတိုးတက်မှုကို မည်သူက စွမ်းဆောင်နိုင်ခဲ့ကြောင်း လူတိုင်းသိရှိကြရာ ကျောက်လဲ့ကို သူတို့ မည်သို့လုပ်၍ အမှန်တကယ်လေးစားနိုင်မည်နည်း။

အထူးသဖြင့် မာပေါ်နှင့် ရှုန်းရှန်းတန် အပါအဝင် စစ်တပ်မှပြောင်းရွှေ့လာသော အခြားအရာရှိများမှာ မကျေမနပ်ဖြစ်နေကြပြီး စိတ်မပါ့တပါဖြင့်သာ လက်ခုပ်တီးပေးကြလေသည်။

ယန်ကျောက် စင်ပေါ်သို့ တက်လာချိန်တွင် စကားပြောရန် အချိန်မကျန်တော့ချေ။

သူသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီးနောက် “အားလုံး ကိုယ့်တာဝန်ကျရာ နေရာကို ပြန်ပြီး အလုပ်ကို အာရုံစိုက်ကြပါ၊” ဟုသာ ပြောနိုင်တော့သည်။

သက်ကြီးရဲအရာရှိများက ဖြည်းညင်းစွာ လူစုခွဲသွားကြသော်လည်း စစ်တပ်မှ အနားယူလာသော မာပေါ် ဦးဆောင်သည့်အဖွဲ့ကမူ မိုးခြိမ်းသံကဲ့သို့ လက်ခုပ်တီးကာ ကျောက်လဲ့မျက်နှာကို တစ်စက်မျှမထောက်ဘဲ ထွက်ခွာသွားကြလေသည်။

ကျောက်လဲ့တွင် ပြည်နယ်ဌာန၌ အဆက်အသွယ်များ ရှိသည်ဟု ဆိုကြသည်။

မကြာသေးမီက စွင်းနွီထောင်သည် ကျန်းမာရေး မကောင်းသဖြင့် ဆေးခွင့်ယူကာ နားနေရ၏။

ကျောက်လဲ့သည် ယခုအခါ ခေတ္တညွှန်ကြားရေးမှူး ဖြစ်နေပြီး “ခေတ္တ” ဟူသော စကားလုံးကို ဖယ်ရှားကာ အမြဲတမ်း ညွှန်ကြားရေးမှူးအဖြစ် ရာထူးတိုးလိုသော ရည်မှန်းချက်များ ပြင်းပြနေလေသည်။

မာပေါ်နှင့် အခြားသူများ၏ မလိုလားသောသဘောထားကို မြင်တွေ့ရသောအခါ သူက ယန်ကျောက်နှင့် စကားပြောလိုခဲ့သည်။

“ဗိုလ်ကြီးယန်၊ တခြားသူတွေက ကျွန်တော့်အပေါ် တစ်ခုခု မကြည်နေကြတာလား၊ ပြဿနာရှိရင် ပြောပြသင့်တာပေါ့၊

ကျွန်တော်က ခေါင်းဆောင် ဖြစ်ပေမယ့် ဒီမိုကရေစီစနစ်ကို အားပေးပြီး အားလုံးရဲ့ အမြင်တွေကို အထူးတလည် လက်ခံပါတယ်”

ယန်ကျောက် ရပ်လိုက်ပြီး ဖြေကြားလိုက်၏။

“ခင်ဗျား အတွေးလွန်နေတာပါ၊ ဗျူရို တစ်ခုလုံးက ခင်ဗျားကို အားကျလေးစားနေကြတာ၊ အထူးသဖြင့် ကျွန်တော်ပေါ့”

သူ ထိုသို့ပြောခဲ့သော်လည်း ကျင်းတုန်းဌာနခွဲ ဗျူရို၏ လက်ရှိအခြေအနေမှာ ပျင်းရိပြီး အချိန်ဖြုန်းနေတတ်သော အရာရှိဟောင်းများအုပ်စုကို အသစ်ပြောင်းရွှေ့လာသော မြည်းများကဲ့သို့ တက်ကြွလှုပ်ရှားနေသည့်စစ်တပ်မှ အရာရှိဟောင်းများက အတင်းအကျပ် အလုပ်လုပ်ခိုင်းနေခြင်းဖြစ်သည်။

လူတိုင်းက ပြင်းပြင်းထန်ထန် ညည်းတွားနေကြပြီး အချို့က နေရာပြောင်းရွှေ့ကြကာ အချို့က ပုဂ္ဂလိက စီးပွားရေးလုပ်ရန် ထွက်ခွာသွားကြသဖြင့် အားလုံးနီးပါး ကုန်သွားပြီဖြစ်သည်။

အသစ်ရောက်လာသူများ အားလုံးမှာ ယန်ကျောက် ယခင်က ဦးဆောင်ခဲ့ဖူးသော စစ်သားများ ဖြစ်ကြပြီး သူတို့ကိုယ်သူတို့ စစ်တပ်ထဲတွင် ရှိနေဆဲဟု ထင်မှတ်ကာ ကျောက်လဲ့ကို သိပ်ပြီး အလေးအနက်မထားကြချေ။

ဤအတိုင်း ဆက်သွားနေမည်ဆိုပါက သူ၏လုပ်ငန်းများကို သူ မည်သို့ အကောင်အထည်ဖော်နိုင်မည်နည်း။

‘ထားလိုက်ပါတော့၊ အလုပ်အကြောင်း

ကျောက်လဲ့က ပြောလိုက်သည်။

“ဒီနေ့ မြို့တော်ဗျူရိုက ခေါင်းဆောင်တွေ စစ်ဆေးရေးလာကြလိမ့်မယ်၊ ခင်ဗျား ဗျူရိုမှာ နေသင့်တယ်မဟုတ်လား၊ ကျွန်တော်တို့ အတူတူ ခေါင်းဆောင်တွေကို တွေ့ကြမလား”

ယန်ကျောက်တွင် ကြီးမားသော ဩဇာလွှမ်းမိုးမှုရှိပြီး သူတစ်ယောက်တည်း အထက်လူကြီးများနှင့် တွေ့ဆုံပါက အောက်ရှိ စစ်တပ်မှ ပြောင်းရွှေ့လာသူများက မကျေမနပ်ဖြစ်ကာ သူ့အပေါ် အမြင်စောင်းသွားနိုင်ပြီး သူ့ကိုကျော်လွန်၍ တိုင်ကြားစာများပင် တင်လာနိုင်ကြောင်း ကျောက်လဲ့ စိုးရိမ်နေမိသည်။

“မလိုပါဘူး၊ ကျွန်တော် အပြင်မှာ တာဝန်ကျလို့ သွားရဦးမယ်၊

မြို့တော်ဗျူရို ခေါင်းဆောင်တွေကို ခင်ဗျားပဲ လက်ခံတွေ့ဆုံလိုက်ပါ”

ယန်ကျောက်က ငြင်းလိုက်လေသည်။

ကျောက်လဲ့က အကြောင်းပြလိုက်၏။

“ဒါဆို လက်အောက်ငယ်သားတွေက ကျွန်တော် ခင်ဗျားရဲ့ဂုဏ်ပြုခံရမှုတွေကို ခိုးယူတယ်လို့ ပြောကြလိမ့်မယ်၊ ခေါင်းဆောင်လုပ်ရတာ မလွယ်ပါဘူးဗျာ”

“သူတို့ အဲဒီလိုပြောမှာ မဟုတ်ပါဘူး၊ လက်ရှိ တာဝန်ကိုပဲ သူတို့ အာရုံစိုက်ကြမှာပါ”

ယန်ကျောက်က ပြောကာ လှည့်ထွက်သွားလေ၏။

ကျောက်လဲ့သည် ယန်ကျောက်ကို အဝေးမှကြည့်ရင်း ခေါင်းညိတ်လိုက်၊ ခေါင်းခါလိုက်လုပ်နေကာ နောင်တရခြင်းနှင့် ကျေနပ်ခြင်း နှစ်မျိုးလုံးကို ခံစားနေရသည်။

သူ၏ ယန်ကျောက်အပေါ်သတ်မှတ်ချက်မှာ ယန်ကျောက်သည် မြည်းတစ်ကောင်နှင့် တူပြဌး အရည်အချင်းရှိသည်။

ဂုဏ်ပြုခံရမှုအတွက် မလုယူတတ်၊ ချိန်ရွယ်ရာကို ပစ်ခတ်နိုင်သော သေနတ်ကောင်းတစ်လက် ဖြစ်သည်။

ဤကဲ့သို့သော လက်အောက်ငယ်သားကောင်း တစ်ဦးရှိသဖြင့် ခေါင်းဆောင်အလုပ်မှာ များစွာ ပိုမိုလွယ်ကူသွားလေသည်။

မြို့တော်ဗျူရို ခေါင်းဆောင်များ၊ အထူးသဖြင့် ဖန်ကျန်းဟွာသည် ‘ယန်ကျောက် ဘာလုပ်နေလဲ၊ သူ့အလုပ်တွေ ဘယ်လိုနေလဲ' ဟု မေးမြန်းလေ့ ရှိသည်။

ယခုအခါ သူ့ကို စကားပြောရန် ခေါ်သောအခါ ယန်ကျောက် ဘာလုပ်နေသလဲ ဆိုသည်ကို သူတို့ မေးမြန်းဖို့ပင် စိတ်မဝင်စားကြတော့ချေ။

ဤကဲ့သို့သော မြည်းမျိုးသည် သူ၏ တာဝန်ထမ်းဆောင်ရာနေရာတွင် သေသည်အထိ အလုပ်လုပ်လိမ့်မည်ဖြစ်ကြောင်း ယခုအခါ လူတိုင်း နားလည်သဘောပေါက်နေကြပြီဖြစ်သည်။

ထို့ကြောင့် ကျောက်လဲ့က ပြုံးလျက်ပြောလိုက်၏။

“ဒါဆိုလည်း ဗိုလ်ကြီးယန်၊ ကျွန်တော်တို့အတွက် ကွင်းဆင်းအလုပ်တွေ ဆက်လုပ်ပါ၊ ဒီမှာ ကျွန်တော်ပဲ တာဝန်ယူလိုက်ပါ့မယ်”

သူသည် ဂုဏ်ပြုခံရမှုများကို သိမ်းပိုက်ကာ ထင်ပေါ်ကျော်ကြားမှုများအား ရယူရပေမည်။

ထိုအချိန်၌ပင် ယန်ကျောက်သည် ချန်မေ့လန်၏ ဖုန်းCallကို လက်ခံရရှိခဲ့သည်။ မာပေါ်က နောက်မှနေ၍ မေးလိုက်၏။

“မရီးက နှစ်သစ်ကူးဆုတောင်းပေးတာလား၊ ဖုန်းပြန်မခေါ်နဲ့တော့၊ မြန်မြန်သွားရအောင်၊ ကျောက်မီးသွေးခြံကနေ သတင်းပို့လာတယ်၊

လူတစ်ယောက်က နှစ်သစ်ကူး အနားမယူဘဲ ကျောက်မီးသွေးတွေကို တိတ်တဆိတ် သယ်ယူပို့ဆောင်နေတယ်တဲ့၊

သူတို့က လူအများကြီး တင်လာတာ၊ တာယာတွေလည်း ပြားကုန်ပြီ၊ ပြီးတော့ အရှိန်လွန်မောင်းနေတာတဲ့”

All Chapters