အခန်း ၁၉၃
Vol. 20 Ch. 193
🍄 Chapter 193
သူ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ အနီရောင် စာအိတ်ကို ပေးပြီးသည်နှင့် လူနာ၏မိသားစုမှာ စိတ်သက်သာရာ ရသွားလေသည်။
…….
မိနစ် နှစ်ဆယ်သာ ကြာမြင့်ခဲ့သည်။
မိနစ်နှစ်ဆယ် ကြာပြီးနောက် ခွဲစိတ်ခန်းတံခါးရှိ မီးစိမ်းလေး လင်းလာလေသည်။
သူနာပြုသည် အနှီးငယ်လေးဖြင့် ပတ်ထားသော ကလေးငယ်ကို ပွေ့ချီကာ ထွက်လာခဲ့၏။
သူမက ပြုံးလျက် ပြောလိုက်သည်။
“ဟွမ်ကျန်းတ ရှိလား၊ ခြောက်ပေါင် ခုနစ်အောင်စရှိတဲ့ ကောင်လေး ဝဝကစ်ကစ်လေးပါ၊ ဒါပေမယ့် အောက်ဆီဂျင် ပြတ်လပ်မှု နည်းနည်းရှိလို့ ကလေး အထူးကြပ်မတ်ကုသဆောင်ကို ပြောင်းရမှာမလို့ ခဏလေးပဲ ကြည့်ခွင့်ရမယ်နော်”
‘ကလေး မွေးလာပြီ၊ နောက်ထပ် သားတစ်ယောက်ပဲလား'
ဆရာဟွမ်သည် ချန်မေ့လန်အား ထိန်းကိုင်ရန် လက်လှမ်းလိုက်သော်လည်း လွဲချော်သွားကာ သူ့ခြေထောက်များ ခွေကျသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
သူနာပြုက ပြုံးလျက် ဆက်ပြောသည်။
“အရမ်း စိတ်မလှုပ်ရှားပါနဲ့ အဖေကြီး၊ ဆေးရုံတက်စရိတ် ထပ်သွင်းရမယ့်ဟာကို မြန်မြန်သွားသွင်းလိုက်ပါ၊
မိခင်ကိုလည်း အထူးကြပ်မတ်ကုသဆောင်မှာ စောင့်ကြည့်ဖို့ လိုတယ်၊ ဒါပေမယ့် စိတ်မပူပါနဲ့၊ ညွှန်ကြားရေးမှူး ပြောတာတော့ သူ့ရဲ့အခြေအနေက ယေဘုယျအားဖြင့် အရမ်းကောင်းပါတယ်တဲ့”
ဟွမ်ကျန်းတသည် ငွေကို ပြင်ဆင်ထားပြီးဖြစ်ကာ ယွမ် ၃,၀၀၀ တိတိ ထုတ်ထားလေ၏။
သူသည် ယိမ်းယိုင်စွာ လျှောက်လှမ်းကာ ဆေးရုံစရိတ် ပေးသွင်းရန် ဖြည်းညင်းစွာ လွင့်မျောသွားလေသည်။
ကလေးကိုလည်း သူနာပြုက ခေါ်ဆောင်သွားလေသည်။
ကလေးကို အဆင်ပြေပြေမွေးဖွားနိုင်ခဲ့ပြီး သားအမိနှစ်ယောက်လုံးလည်း ဘေးကင်းကြ၏။
ချန်မေ့လန်သည် အခြား ကလေးများကို အိမ်တွင်ထားခဲ့ကာ ဆေးရုံသို့ လာခဲ့ခြင်းဖြစ်ရာ ယခုအခါ အိမ်သို့အမြန်ပြန်ရန် လိုအပ်နေပြီဖြစ်သည်။
ဖြစ်နိုင်ခြေ အလွန်နည်းပါးသော်လည်း ချန်မေ့လန်၏စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး ချီတုန်မိန်နှင့် ဟူရှောင်မေတို့က ကလေးအ လာခိုးယူရန် အမှန်တကယ်ကြိုးစားမည်ကို သူမ စိုးရိမ်မိသည်။
ဆေးရုံ၌ ကလေးငယ်များ သိပ်မရှိလှသော နှစ်သစ်ကူးကာလအတွင်း၊ ဆရာဟွမ်နှင့် ချီတုန်မိန်ဇနီးမောင်နှံတို့ အချင်းချင်း ရင်းနှီးကျွမ်းကျင်နေကြသည်ကို ထည့်သွင်းစဉ်းစားမိလိုက်၏။
ဆရာဟွမ် တစ်ယောက်တည်း အလုပ်များနေသည်ကို အခွင့်ကောင်းယူပြီး သူ့ကလေးကို လာခိုးယူမည်ဆိုပါက မည်သို့ လုပ်မည်နည်း။
သို့သော် သိပ်တော့ စိုးရိမ်စရာမလိုပေ။
ပြည်နယ်ဆေးရုံ၏ သားဖွားမီးယပ်ဌာနတွင် ဆုချွန်းရှားအမည်ရှိ ဆရာဝန်တစ်ဦး ရှိပြီး သူမသည် ပဉ္စမတပ်ဖွဲ့မှ ဆုချွန်းချောင်၏ ဝမ်းကွဲညီမ ဖြစ်ကာ ဟွမ်ကျန်းတ၏ ကျောင်းသူလည်း ဖြစ်သည်။
စောစောက ချန်မေ့လန် သားဖွားမီးယပ်ဌာနရှေ့မှ ဖြတ်သွားစဉ် သူမ တာဝန်ကျနေသည်ကို တွေ့မြင်ခဲ့ရသဖြင့် သွားရောက်နှုတ်ဆက်ကာ သူမ တာဝန်ကျနေစဉ်အတွင်း ဆရာဟွမ်၏အခြေအနေကို စောင့်ကြည့်ပေးရန် အကူအညီတောင်းခဲ့၏။
“မေ့လန်လား၊ နင် ဘာလို့ ဒီရောက်နေတာလဲ”
ဆုချွန်းရှားသည် လူနာများကို ကြည့်ရှုရသော်လည်း နှစ်သစ်ကူးနေ့တွင် လူသိပ်မရှိသဖြင့် သတင်းစာဖတ်နေလေသည်။
သူမက သတင်းစာကို ချထားကာ မေးလိုက်သည်။
ချန်မေ့လန်သည် ချီတုန်မိန်နှင့် ဟူရှောင်မေတို့ ကလေးခိုးယူလိုကြောင်း တိုက်ရိုက်မပြောလိုသဖြင့် မကြာသေးမီက ဆေးရုံများမှ ကလေးများအား ခိုးယူသည့်အကြောင်းများ ကြားသိရသဖြင့် ဆရာဟွမ်၏ မွေးကင်းစကလေးငယ်ကို ကူညီစောင့်ကြည့်ပေးရန်သာ တောင်းဆိုလိုက်သည်။
“နင် ပြောတာမှန်တယ်၊ မကြာသေးခင်က ဆေးရုံကနေ ကလေးခိုးယူဖိ့ ကြိုးစားတဲ့ ဖြစ်ရပ်တစ်ခု ရှိခဲ့တယ်၊
ဒါပေမယ့် စိတ်မပူပါနဲ့၊ အခု ဆေးရုံက… အထူးသဖြင့် သားဖွားမီးယပ်ဌာနက လုံခြုံရေး အထူးတင်းကျပ်ထားတယ်၊
ဆရာဟွမ် ကလေးရဖို့က မလွယ်ကူခဲ့ဘူးဆိုတော့ နည်းနည်းနေရင် ငါ ကိုယ်တိုင်ကိုယ်ကျ စောင့်ကြည့်ပေးထားပါ့မယ်”
ဆုချွန်းရှားသည် သတင်းစာကို ချထားပြီး အံ့သြစရာကောင်းလောက်အောင်ပင် ချန်မေ့လန်၏ ခါးကို လှမ်းဖက်လိုက်သည်။
“လှလိုက်တာ၊ ကုတင်ပေါ်မှာ လှဲလိုက်၊ ငါ နင့်ကို ခဏလောက် စမ်းသပ်ပေးမယ်”
“နင် ဘာလို့ ငါ့ကိုလာထိနေတာလဲ ချွန်းရှား၊ ငါ… ငါက အဖြောင့်စစ်စစ် ရေမရောဘူး”
ချန်မေ့လန်သည် သူမ၏ လက်များက အင်္ကျီအား လှန်တင်တော့မည်ကို မြင်သောအခါ ချွန်းရှားတွင် ထူးဆန်းသော ဝါသနာများ ရှိနေပြီး သူမကိုအခွင့်ကောင်းယူရန် ကြိုးစားနေသည်ဟု တွေးလိုက်မိသည်။
“နင့်ရဲ့ ရင်သားတွေကို ငါ စစ်ဆေးပေးမလို့ပါ၊ မြန်မြန်လှဲလိုက်”
ဆုချွန်းရှားက ပြောလိုက်သည်။
“စာရင်းမသွင်းဘဲ စစ်ဆေးမှု လုပ်တာက တရားမ၀င်ဘူး မဟုတ်လား”
ချန်မေ့လန်က ပြောလိုက်သည်။
သို့သော် သူမသည် အပေါ်ထပ် အင်္ကျီကို ချက်ချင်း ချွတ်ကာ ဆွယ်တာကို ဆွဲတင်လိုက်သည်။
ပိုက်ဆံပေးစရာ မလိုဘဲ ဆေးရုံ၏ အခမဲ့ဝန်ဆောင်မှုကို ရယူခြင်းက မဆိုးလှချေ။
အမျိုးသမီးများ၏ ရင်သားများကို ပုံမှန်စစ်ဆေးသည်မှာ ဖြစ်သင့်ပေသည်။
ယခင်ဘဝက ယွမ်ယွမ်သည် မေ့လန်အား သူမ၏ရင်သားများကို ကိုယ်တိုင်စစ်ဆေးရန် အမြဲပြောလေ့ရှိပြီး လစဉ် အချိန်တိုင်း လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။
ချန်မေ့လန်သည် တစ်ယောက်တည်း အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ပြီး သူမ၏ကိုယ်ခန္ဓာကို သိပ်ပြီး ဂရုမစိုက်ခဲ့သဖြင့် စစ်ဆေးရမည်ဟူသော စိတ်ကူးမရှိခဲ့သလို တစ်ခါမျှလည်းမလုပ်ခဲ့ဖူးချေ။
“အို... ဘုရားရေ၊ ဇာအတွင်းခံလေး၊ ဒါကို နင့်အတွက် ဘယ်သူ ဝယ်ပေးတာလဲ”
ဆုချွန်းရှားက ရုတ်တရက် အော်ဟစ်လိုက်သည်။
“ယန်ကျောက် ဝယ်ပေးတာ၊ ဘာဖြစ်လို့လဲ”
ချန်မေ့လန်က ပြုံးလျက် မေးလိုက်သည်။
ဆုချွန်းရှားလည်း ချန်မေ့လန် ယန်ကျောက်နှင့် လက်ထပ်ခဲ့ကြောင်း သိရှိထားသော်လည်း ချန်မေ့လန် မသိသောအရာမှာ ယန်ကျောက်သည် တကယ်တမ်းတွင် သူမ၏ဝမ်းကွဲအစ်ကို ဖြစ်ပြီး အလွန် ရင်းနှီးသော ဝမ်းကွဲအစ်ကို ဖြစ်နေခြင်းပင်။
ယန်ကျောက်၏မိခင်မှာ ချွန်းရှား၏အဒေါ် ဖြစ်သည်။
တပ်ဖွဲ့တစ်ခုတည်းတွင် မိသားစုဆက်နွယ်မှု အမျိုးမျိုးဖြင့် ဆွေမျိုးတော်စပ်နေခြင်းမှာ သာမန်ကိစ္စပင်။
“ယန်ကျောက်လား၊ နင် ဆိုလိုတာ ငါ့ဝမ်းကွဲအစ်ကိုကို ပြောတာလား၊ သူက ဒီလိုမျိုးတွေ ၀ယ်တတ်လို့လား”
“သူက နင်နဲ့ ဝမ်းကွဲအစ်က်ု တော်တာလား”
ချန်မေ့လန် အလွန်အံ့သြသွားသည်။
ဆုချွန်းရှားက နှုတ်ခမ်းဆူလိုက်၏။
“ငါ့ဦးလေးက ခေါင်းမာတဲ့ စရိုက်ရှိပြီး ငါ့အဒေါ်နဲ့ ဆက်ဆံရေးမကောင်းခဲ့တာ နှစ်တွေကြာပြီ၊
ငါ့အဒေါ်လည်း ကွယ်လွန်သွားပြီဆိုတော့ ဆွေမျိုးတွေ အများကြီးကို ငါ မသိဘူး၊ ဒါပေမယ့် သူက တကယ်ပဲ ငါ့ရဲ့ ၀မ်းကွဲအစ်ကိုပါ”
“နင့်အဒေါ်ကို၊ ငါ တွေ့ဖူးလောက်လားဟင်”
ချန်မေ့လန်က ထပ်မေးလိုက်သည်။
ချန်မေ့လန်သည် ထိုရွာသို့ အိမ်ထောင်ကျလာခဲ့သည်မှာ ခုနစ်နှစ်၊ ရှစ်နှစ်ခန့် ရှိပြီဖြစ်ရာ ရွာထဲရှိ အဘွားအိုအတော်များများကို တွေ့ဖူးခဲ့သော်လည်း သူတို့ကို အတိအကျ ခွဲခြား၍မမှတ်မိချေ။
လူများ အသက်ကြီးလာသောအခါ ဤကမ္ဘာကြီး၏စွန့်ပစ်ခြင်းကို ခံရတတ်သည်။
သူတို့တွင် နာမည်များ မရှိတော့ဘဲ မည်သူကမျှ သူတို့ကို ဂရုမစိုက်တော့ဘဲ ‘အဖိုးအဖွားများ’ ဟုသာ တစ်ပြေးညီ ခေါ်ဝေါ်ကြလေသည်။
“နင် ငါ့အဒေါ်ကို အရင်က တကယ်တွေ့ဖူးတယ်၊ ကျန်းမာရေး ဆေးခန်းရှေ့မှာ နေပူဆာလှုံလေ့ရှိတဲ့ အဘွားအိုလေ၊
အသက် ခြောက်ဆယ်ကျော်နေပြီ ဆိုပေမယ့် သူက အရမ်းလှနေတုန်းပဲ၊ တကယ်ကိုရှားတယ်၊ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သူ့ဘဝတစ်လျှောက်လုံး ငါ့ဦးလေးနဲ့ ဆက်ဆံရေးမကောင်းခဲ့ဘူး၊
သူ သေဆုံးချိန်မှာ ငါ့ဦးလေးက သူ့ဘေးမှာတောင် မရှိခဲ့ဘူး၊
ဦးလေးငယ်ငယ်တုန်းက ငါ့အဒေါ်နဲ့ ဆက်ဆံရေး အရမ်းကောင်းခဲ့ပေမယ့် ငါ့ဝမ်းကွဲညီမလေး သေဆုံးသွားတာကြောင့် သူတို့ တစ်ယောက်နဲ့တစ်ယောက် သေတြဲအထိ ထပ်မတွေ့ခဲ့ကြတော့ဘူး၊
အရမ်းသနားစရာ ကောင်းတယ်၊ ရလဒ်အနေနဲ့ ငါ့ဦးလေးက တတိယဝမ်းကွဲအစ်ကိုကိုလည်း မနှစ်သက်ဘူး၊
ချန်မေ့လန်၊ နင် ငါ့ဝမ်းကွဲအစ်ကိုကို သေချာဂရုစိုက်ပေးရမယ်နော်”
ဆုချွန်းရှားက တောင်းဆိုလိုက်လေ၏။