← Chapters

အခန်း ၁၉၅

Vol. 20 Ch. 195

အခန်း ၁၉၅

Vol. 20 Ch. 195

🍄 Chapter 195

ယန်ရှင်း မှလွဲ၍ မည်သူကမျှ ယန်ကျောက်ကို “တတိယအစ်ကို” ဟု မခေါ်ဖူးချေ။

ယန်ရှင်းသည် အသက် ငါးနှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သော ယန်ကျောက်၏ညီမလေး ဖြစ်သည်။

ချန်မေ့လန်သည် သူမအကြောင်းကို မှတ်ဉာဏ်များ ရှုပ်ထွေးနေပြီဖြစ်သော အဘွားအိုဆုဝမ်ထံမှ ကြားသိခဲ့ရခြင်းဖြစ်သည်။

လူများသည် များသောအားဖြင့် ငယ်ရွယ်စဉ်ကွယ်လွန်သွားသော ကလေးများအကြောင်းကို ပြောဆိုလေ့မရှိကြချေ။

ယန်ကျောက်သည် စကားနည်းပြီး စကားပြော မကျွမ်းကျင်သူဖြစ်ကာ ဤဖြစ်ရပ်မှာ တကယ်တမ်းတွင် သူ့မိခင်၏အမှား ဖြစ်သောကြောင့် သူ လုံးဝ ထုတ်ဖော်ပြောဆိုလေ့မရှိချေ။

ယန်ဖေးဟန်တွင် ယန်ရှင်းဟူသော သမီးတစ်ယောက်တည်းသာ ရှိပြီး သူမကို အလွန် ချစ်မြတ်နိုးခဲ့သည်။

ယန်ရှင်းသည် ဆုဝမ်၏ စောင့်ရှောက်မှုအောက်တွင် ယန်ကွမ်ရွာ၌ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

သမီးဖြစ်သူ သေဆုံးပြီးကတည်းက ယန်ဖေးဟန်နှင့် သူ့ဇနီးကြားက ဆက်ဆံရေးမှာ တင်းမာလာခဲ့သည်။

ဆုဝမ်သည်လည်း ကောင်မလေးသေဆုံးမှုအတွက် မိမိကိုယ်ကို အပြစ်တင်ခဲ့ပြီး ဘဝတစ်ဝက်လုံး အပြစ်ရှိစိတ်ဖြင့် နေထိုင်ခဲ့ရသည်။

ထိုအချိန်က ကျိုးရွှယ်ချင်း မြို့တော်သို့သွားပြီးနောက်တွင် ယန်ကျောက်၊ ဆုဝမ်နှင့် ယန်ဖေးဟန်တို့ကြား၌ နားလည်မှုလွဲမှားခြင်း များစွာရှိခဲ့မည်မှာ သေချာသည်။

သို့သော် ယန်ဖေးဟန်နှင့် ဆုဝမ်တို့ အဆက်အသွယ်အားလုံး ဖြတ်တောက်ခဲ့ကြပြီး သူသည် ယန်ကျောက်အပေါ်တွင်လည်း အလွန်အေးစက်ခဲ့သဖြင့် သူတို့သည် အချင်းချင်း တစ်ခါမျှရှင်းမပြခဲ့ကြချေ။

ဤအချက်က နားလည်မှုလွဲမှားခြင်းများကို ပိုမိုကြီးထွားလာစေခဲ့ပြီး ဆုဝမ်ကွယ်လွန်ချိန်တွင် ယန်ဖေးဟန် လာရောက်ခြင်းမရှိခဲ့သည်အထိ ဖြစ်လာခဲ့၏။

ယခုအချိန်အထိ ယန်ဖေးဟန်နှင့် ယန်ကျောက်တို့သည် အားလပ်ရက်များနှင့် နှစ်သစ်ကူးအချိန်များတွင်သာ ဖုန်းပြောလေ့ရှိကြပြီး အခြားမည်သည့်အကြောင်းကိုမျှ မဆွေးနွေးကြချေ။

သို့သော် ယခု ချန်မေ့လန် သိသွားပြီဖြစ်၏။ သူမ မှန်းထားသည့်အရာမှာလည်း သေချာသွားပြီဖြစ်သည်။

၎င်းကို ထုတ်မပြောရန်မှာ ဆုဝမ်၏ရွေးချယ်မှု ဖြစ်သော်လည်း နောက်တစ်ကြိမ် ယန်ကျောက်က ယန်ဖေးဟန်ထံသို့ ဖုန်းဆက်သည့်အခါ ယန်ရှင်း၏သေဆုံးမှုနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုရန် ချန်မေ့လန် စိတ်ပိုင်းဖြတ်လိုက်သည်။

သူမသည် အနည်းဆုံးတော့ သားအဖနှစ်ဦးကြားရှိ ပဋိပက္ခကို ဖြေရှင်းလိုလေ၏။

ထို့အပြင် ယန်ရှင်း၏ သေဆုံးမှုမှာ ဆုဝမ်၏အမှားဟု သူမ မယုံကြည်သလို ဤအချက်ကို ယန်ဖေးဟန်အား ရှင်းပြရန် လိုအပ်လေသည်။

သူမ၏ ကွယ်လွန်သွားသောယောက္ခမမှာ တကယ်တမ်းတွင် မတရားမှုများဖြင့် ပြည့်နှက်နေသော ဘဝတစ်ခုကို နေထိုင်ခဲ့ရခြင်းဖြစ်သည်။

ဤအတွေးများ သူမ စိတ်ထဲတွင် ပြေးလွှားနေစဉ် ချန်မေ့လန်သည် ယန်ကျောက်၏ တွန်းကပ်မှုကြောင့် ဆေးရုံ စင်္ကြံလမ်းနံရံတွင် ရုတ်တရက် ဖိကပ်ခံလိုက်ရသည်။

‘သူနာပြုနဲ့ ဆရာဝန်တွေ အချိန်မရွေး ဖြတ်သွားနိုင်တယ်လေ၊

သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ၊ လူအများရှေ့မှာ မဖွယ်မရာအပြုအမူတွေ လုပ်မလို့လား'

“မင်း ငါ့ကို အဲဒီလို မကြာခဏခေါ်လို့ရတယ်၊ အဲဒါကိုကြားရတာ ငါ သဘောကျတယ်”

ယန်ကျောက်က ပြောလိုက်သည်။ ထိုစဉ် မာပေါ်က ဖြတ်သွားရာ စင်္ကြံလမ်းတွင် ဖက်တွယ်နေသော ယန်ကျောက်နှင့် ချန်မေ့လန်တို့ကို မြင်တွေ့လိုက်ရရာ ဖိုင်ညှပ်ဖြင့် သူ့ခေါင်းကိုသူ ပုတ်ကာ လှည့်ထွက်သွားလေသည်။

‘သူ့ကို ဘယ်လိုခေါ်ရမလဲ၊ “တတိယအစ်ကို” တဲ့လား၊

အဲဒါ ဗိုလ်ကြီးယန်အတွက် ရှက်စရာမကောင်းဘူးလား'

…

ယန်ကျောက်ဆေးရုံသို့ အဘယ်ကြောင့်လာခဲ့ရသနည်း ဆိုရသော်…….

ယနေ့မှာ လဆန်းတစ်ရက်နေ့ ဖြစ်သည်။

တတိယယောင်းမဟွမ် ဆေးရုံသို့တက်ရောက်လာစဉ် လူလတ်ပိုင်းအမျိုးသမီးတစ်ဦးက သူမအနောက်သို့ မသင်္ကာဖွယ်ရာ ခိုးကြောင်ခိုးဝှက် လိုက်ပါလာခဲ့၏။

သို့သော် တတိယယောင်းမဟွမ် ခွဲစိတ်ခန်းမှ ထွက်လာပြီးနောက် သူမနှင့် ကလေးမှာ အထူးကြပ်မတ်ကုသဆောင်သို့ တိုက်ရိုက်ရောက်သွားခဲ့ရာ သာမန်လူအများစု ဝင်ရောက်၍မရနိုင်တော့ချေ။

ထိုလူလတ်ပိုင်းအမျိုးသမီးသည် သားဖွားမီးယပ် လူနာဆောင်တစ်ဝိုက်တွင်သာ ဆက်လက်လှည့်လည်နေခဲ့၏။

ယနေ့ခေတ်တွင် ကလေခိုးမှုနှင့် ပတ်သက်၍ လူတိုင်းက သတိထားနေကြသည်။

ဆရာဝန်များ၊ သူနာပြုများနှင့် လူနာရှင်များက သူမကိုမသိကြသဖြင့် သူမ၏ ရှိနေမှုနှင့် ပတ်သက်၍ အချင်းချင်း တိတ်တဆိတ်သတိပေးခဲ့ကြသည်။

လွန်ခဲ့သော နာရီဝက်ခန့်က လှေကားပေါ်တွင် မိခင်အသစ်တစ်ဦး၏ ယောက္ခမသည် နေ့လယ်စာစားပြီး ပြန်အလာတွင် ထိုလူလတ်ပိုင်းအမျိုးသမီးက ကလေးတစ်ယောက်ကို ပွေ့ချီကာ လှေကားပေါ်မှ ခိုးကြောင်ခိုးဝှက် ဆင်းလာသည်ကို မြင်တွေ့ခဲ့ရ၏။

အနှီးမှာ သူမကိုယ်တိုင် ချုပ်လုပ်ထားသော အနှီးနှင့် တစ်ထပ်တည်း တူနေသည်။ အမျိုးသမီးမှာ ထိတ်လန့်နေပုံရပြီး လျင်မြန်စွာပြေးလွှားနေကာ ငိုနေသောကလေးကိုပင် မချော့မြှူခဲ့ချေ။

မွေးကင်းစကလေးငယ်အားလုံးသည် ဆေးရုံမှ မဆင်းမချင်း ဆေးရုံ လက်ပတ်ကြိုးများကို ဝတ်ဆင်ထားကြရသည်။

ယနေ့ခေတ်တွင် ပြန်ပေးဆွဲမှုအမှုအခင်းများ မကြာခဏဖြစ်ပွားလေ့ရှိသဖြင့် အဘွားဖြစ်သူက သူမတို့အချင်းချင်း ဖြတ်သွားစဉ် လူလတ်ပိုင်းအမျိုးသမီးကို ဖမ်းဆွဲကာ ကလေး၏လက်ကောက်ဝတ်ကို စစ်ဆေးကြည့်လိုက်သည်။

သူမ၏ ထိတ်လန့်တုန်လှုပ်မှုနှင့်အတူ ထိုကလေးမှာ ဝဝဖိုင့်ဖိုင့်ကောင်လေးဖြစ်သော သူမ၏ ကိုယ်ပိုင်မြေးလေးဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။

ဤသို့ဖြင့် ကလေးခိုမှုတစ်ခုကို လက်ပူးလက်ကျပ် ဖမ်းဆီးရမိခဲ့ရာ ဆေးရုံက ချက်ချင်း ရဲကို အကြောင်းကြားခဲ့သည်။

ယန်ကျောက် လာခဲ့ရသည့် အကြောင်းရင်းမှာ ဆရာဟွမ်၏ နီးမှာလည်း ဤဆေးရုံတွင် မွေးဖွားမည်ဖြစ်ရာ သူမ၏ကလေး ခိုးယူခံရမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

သူ ရောက်ရှိလာသောအခါ ယန်ကျောက်က အေးစက်စက် ရယ်မောလိုက်မိလေသည်။

ထိုလူလတ်ပိုင်းအမျိုးသမီးမှာ ချီတုန်မိန် ဖြစ်နေလေ၏။

သူမသည် ဆရာဟွမ်၏သားကို ခိုးယူရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ အိမ်နီးချင်းများ ဖြစ်ကြသဖြင့် အချင်းချင်း ရင်းနှီးကျွမ်းကျင်ကြပြီး ဆရာဟွမ်တို့ဇနီးမောင်နှံတွင် ဆွေမျိုးများစွာမရှိချေ။

အသက်ကြီးမှ မိဘဖြစ်လာသူများ ဖြစ်သဖြင့် မွေးကင်းစကလေးငယ်ကို ပြုစုစောင့်ရှောက်ရာတွင် အလွယ်တကူ လစ်ဟင်းသွားနိုင်သည်ဟု သူမတွေးထင်ထားခဲ့၏။

သို့သော် ကလေးမှာ မွေးဖွားပြီးပြီးချင်း ICU သို့ ခေါ်ဆောင်သွားခြင်း ခံရသဖြင့် သူမ၏အစီအစဉ် ပျက်သွားခဲ့သည်။

ထို့ကြောင့် သူမသည် မူလအကြံအစည်မှ သားဖွားမီးယပ် လူနာဆောင်တွင် ရှိပြီးသားကလေးတစ်ဦးကို ခိုးယူရန် ပြောင်းလဲလိုက်ရာ လက်ပူးလက်ကျပ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

ဆေးရုံတစ်ခုအတွင်းတွင်ပင် အပြင်လူတစ်ဦး ဝင်ရောက်နိုင်ရန်အတွက် အတွင်းလူတစ်ဦး လိုအပ်ပေသည်။

ချီတုန်မိန်က သူမသည် စိတ်လိုက်မာပါဖြင့် ကလေးခိုးယူရန် ဆုံးဖြတ်ခဲ့ခြင်းသာဖြစ်ကြောင်း အခိုင်အမာ ပြောဆိုနေသော်လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ရဲတပ်ဖွဲ့က သူမသည် အာထရာဆောင်းဌာန၏ အကြီးအကဲနှင့် ရင်းနှီးကျွမ်းကျင်ရုံသာမက အာထရာဆောင်းအခန်းတစ်ဝိုက်တွင်လည်း မကြာခဏ လှည့်လည်နေလေ့ရှိကြောင်း တွေ့ရှိခဲ့ကြသည်။

ထို့ကြောင့် ရဲတပ်ဖွဲ့က ဤအမှုကို ရိုးရှင်းသော ကလေးခိုးယူမှုအဖြစ် မသတ်မှတ်တော့ဘဲ စနစ်တကျဖွဲ့စည်းထားသော ကလေးသူခိုး စစ်ဆင်ရေးတစ်ခုအဖြစ် သတ်မှတ်လိုက်သည်။

ဟူရှောင်မေရော ချီတုန်မိန်ပါ နှစ်ဦးလုံး ထိန်းသိမ်းခံရပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခံရတော့မည်ဖြစ်၏ယ

ဖန်ရှန်၏ ချွေးမအကြီးဆုံးသည် သန္ဓေသားအချက်အလက်များကို ကိုယ်ဝန်ဆောင်အမျိုးသမီးများအား အကြိမ်ရာနှင့်ချီ၍ သေချာမစစ်ဆေးဘဲ စိတ်မှန်းဖြင့်ပြောပြကာ ငွေရယူပြီး ချမ်းသာနေခဲ့ခြင်းဖြစ်၏။

နှစ်သစ်ကူးနေ့တွင် ချီတုန်မိန်၏ ကလေးခိုးယူရန်ကြိုးပမ်းမှုကြောင့် နောက်ဆုံးတွင် သူမပါ ဖော်ထုတ်ခံရလိမ့်မည်ဟု ဘယ်သောအခါမျှ ထင်မှတ်ထားခဲ့မည် မဟုတ်ပေ။

All Chapters