← Chapters

ဝမ်းနည်းသောစိတ်ဝိညာဉ်အလား

Vol. 106 Ch. 1458

ဝမ်းနည်းသောစိတ်ဝိညာဉ်အလား

Vol. 106 Ch. 1458

သူ ကိုယ်တိုင်ပင် ဖြစ်နေသည့်အလား။

ထိုလူငယ်သည် ခပ်ရင့်ရင့် ကဗျာတစ်ပုဒ်ကို ရွတ်ဆိုပြီးသွားသည်။ လက်ထဲတွင်လည်း အရက်ခွက်ကို ကိုင်ထားသေးသည်။ ဝမ်လင်းနှင့်လည်း ချွတ်ဆွတ်တူသည်။

ကွာခြားသည်ဟူ၍ အချိန်အရိပ်အယောင်သာ။ ဝမ်လင်းသည် လူငယ်ပုံပေါက်သော်လည်း သူ အသက်ရှင်ခဲ့သည်မှာ နှစ်ပေါင်းနှစ်ထောင်ကျော်ခဲ့လေပြီ။ ထို့အတွက် သူ့ခန္ဓာကိုယ်ပေါ်တွင် အချိန်အရိပ်အယောင် ရှိနေလေသည်သာ။

သို့ပေမည့် အရက်သောက်နေသော လူငယ်ကမူ အသက်ဓာတ်နှင့် ပြည့်နှက်နေ၏။ မည်သို့ပင် ကြည့်ကြည့် သူသည် အသက်သုံးဆယ်မကျော်သေးသော သေမျိုးတစ်ယောက်ပင်။

ဝမ်လင်းသည် ထိုလှေက ချဉ်းကပ်လာသည်ကို ကြည့်နေရင်း သူသည် နေရာတွင်ပင် တောင့်တင်းနေမိ၏။ သူက လူငယ် အရက်ခွက်ကိုချ၊ ပါးစပ်ထောင့်ကို သုတ်လိုက်သည်ကိုလည်း စောင့်ကြည့်မိသည်။

လူငယ်နောက်မှ အသက်လေးဆယ်ခန့် အစေခံက ခေါင်းယမ်း၍ ပြောလိုက်၏။

“ကောင်းတယ်။ သခင်လေးရဲ့ ကဗျာဟာ တကယ့်ကို ထူးကဲလှပါပေတယ်…။ ဒီအစေခံရဲ့ နားလည်သလောက် ဒီကဗျာရဲ့ အဓိပ္ပာယ်ဟာ လူတွေအတွက် ဆုပ်ကိုင်မိဖို့ ခက်ခဲပါလိမ့်မယ်။ ကောင်းတယ်…”

လူငယ်သည် ပြုံး၍ ယပ်တောင်ကို ကောက်ယူကာ ထိုအစေခံထံသို့ ညွှန်လိုက်၏။ “လူအ…ဒါက ရှေးလူတွေ ချန်ခဲ့တဲ့ ကဗျာပဲ။ မင်း ပြောပုံက ဒါကို ငါကိုယ်တိုင် ရေးစပ်ထားသလို ဖြစ်နေပြီ…”

အစေခံက ပြုံးလိုက်၏။ သူသည် စိတ်မကွက်ပေ။ သူက သူ့ဘေးပတ်လည်သို့ ကြည့်ကာ သက်ပြင်းချ၍ ဆို၏။ “သခင်လေး…ငါတို့မှာ ငွေစ သိပ်မကျန်တော့ဘူး။ စုမြို့ထဲမှာ လှေတစ်စင်းငှားတာဟာ သိပ်ဈေးမပေါလှဘူး။ အခု လေးရက်တောင် ရှိနေပြီ။ ငါတို့ မြို့တော်ရှိ ပြန်သင့်ပြီ…”

ထိုလူငယ်သည် ခေါင်းယမ်းလိုက်၏။ တစ်ယောက်က သူ့ကို အရက်နောက်တစ်ခွက် ငှဲ့ပေးလိုက်၏။ သူသည် တစ်ချက်ငုံကာ စကားပြောရန် ဟန်ပြင်လိုက်စဉ် သူ့ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ သူ့အကြည့်သည် ရှေ့ရှိ တံတားပေါ်မှ ဝမ်လင်းထံသို့ ကျရောက်သွားသည်။

ဝမ်လင်းသည်လည်း တံတားထိပ်တွင် ရပ်နေ၏။ သူတို့၏အကြည့်က ဆုံလေသည်။

လူငယ်၏အမူအရာမှာ ပြောင်းလဲသွား၏။ သူ့မျက်လုံးထဲတွင်လည်း အံ့အားသင့်သည့် အရိပ်အယောင် ဖြစ်ပေါ်သည်။ သူက အရက်ခွက်ကို ပြန်ချလိုက်၏။ သူ့လက်နှစ်ဖက်ကို ဝမ်လင်းထံသို့ ဆုပ်ကာ ပြောလိုက်၏။ “ညီကို…သင် ငါနဲ့ သောက်ပြီး အချိန်ဖြုန်းပေးလို့ ရနိုင်မလား…

ဝမ်လင်း၏စိတ်ထဲရှိ တုန်ယင်မှုသည် တဖြည်းဖြည်း ပြန်တည်ငြိမ်လာ၏။ သူ့မျက်လုံးထဲတွင် ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်သည်။ သူက ရှေ့သို့ ခြေလှမ်းလိုက်ရာ လှေပေါ်သို့ သစ်ရွက်လေးတစ်ရွက်အလား ကျရောက်သွား၏။

လူငယ်ဘေးရှိ အစေခံလေးယောက်သည် တုန်လှုပ်သွား၏။ သူတို့သည် ဝမ်လင်းကို မယုံကြည်နိုင်ဟန် စိုက်ကြည့်နေသည်။ သူတို့ကို အံ့အားသင့်သွားစေသည်မှာ ဝမ်လင်း၏အပြုအမူ မဟုတ်ပေ။ သူတို့၏ သခင်လေးနှင့် ဝမ်လင်းက ချွတ်ဆွတ်တူနေခြင်းအတွက်သာ ဖြစ်၏။

ဝမ်လင်းသည် လှေပေါ်သို့ ခြေချလိုက်ပြီးနောက် စကားမဆိုပေ။ သူသည် လူငယ်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။

ထိုလူငယ်သည် ဝမ်လင်းကို သေသေချာချာ ကြည့်၏။ သူ ပို၍ ကြည့်လေလေ ပို၍ တုန်လှုပ်မိလေပင်။ ထိုလူသည် သူနှင့် အလွန်တရာတူနေ၏။ အနည်းငယ် ချီတုံချတုံ ဖြစ်ပြီးနောက် သူက အစေခံများကို အရက်ခွက်ထပ်ပြင်ရန် အမိန့်ပေးလိုက်သည်။

သိပ်မကြာခင်တွင် အစေခံတစ်ယောက်က သန့်ရှင်းသောခွက်တစ်ခုကို ထုတ်ကာ ကိုယ်တိုင် အရက်ငှဲ့၏။ သူသည် အရက်ငှဲ့ပေးနေရင်း ဝမ်လင်းကို သေချာကြည့်ကာ ကြိတ်၍ တုန်လှုပ်မိနေသည်။

“အစ်ကိုက ငါနဲ့ ချွတ်ဆွတ်တူလှတာပဲ။ ငါ ရေမြေခြားမှာ လေ့လာခဲ့စဉ်က လူတွေအများကြီး မြင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ငါနဲ့ ဒီလောက်တူတဲ့သူကိုတော့ မတွေ့ခဲ့ဖူးဘူး။ အစ်ကိုရဲ့ နာမည်ကို ငါ သိခွင့်ရှိမလား…” လူငယ်သည် ပြုံးလျက်သားဖြင့် သိချင်စိတ်အပြည့်ဖြင့် မေးလိုက်သည်။

ဝမ်လင်းသည် စကားပြန်မဆိုပေ။ သူက စဉ်းစားနေ၏။ သူသည် အရက်ခွက်ကို ကောက်ယူကာ တစ်ကိုယ်တည်း သောက်ချလိုက်သည်။

ဝမ်လင်း စကားမပြန်သည်ကို တွေ့သော်လည်း ထိုလူငယ်က စိတ်ကွက်မသွားပေ။ သူကိုယ်တိုင် ဝမ်လင်းခွက်ထဲသို့ အရက်ထပ်ငှဲ့ပေးလိုက်၏။

လှေကြောင့် ညင်သာသောရေသံက ပဲ့တင်ထပ်လျက် လှေသည် တဖြည်းဖြည်းချင်း တံတားအောက်ကို ဖြတ်ကျော်သွားသည်။ အကသမ၊အဆိုသမများလည်း ရှိနေကြသည်သာ။ သို့သော် သူတို့သည် ဝမ်လင်းတို့ကို ကြည့်ကာ စဉ်းစားတွေးတောနေကြ၏။

ဝမ်လင်းက နောက်တစ်ခွက် ထပ်သောက်လိုက်၏။ သူက စိတ်ထဲ၌ ချင့်ချိန်တွေးဆနေသည့်အတွက် အရက်အရသာကို မခံစားမိဘဲ သောက်နေမိ၏။

“ဒါက ဘယ်လို ဖြစ်ရတာလဲ။ ဒီလူဟာ လူသားစမ်းသပ်မှုမှာ ဘာကြောင့် ပေါ်လာခဲ့ရတာလဲ။ သူဟာ ငါနဲ့ ရုပ်အသွင်သာမက စိတ်ဝိညာဉ်ပါ တူညီနေတယ်…”

ဝမ်လင်းသည် မျက်မှောင်ကြုတ်ကာ နောက်တစ်ခွက် ထပ်သောက်သည်။

လူငယ်သည် ပြုံးနေဆဲပင်။ သူက စကားတော့ ဆက်မပြောတော့ပေ။ သို့ပေမည့် သူ့ဘေးရှိ အစေခံကတော့ မပျော်မရွှင် ဖြစ်နေ၏။ စိတ်ထဲကလည်း အထွန့်တက်နေသည်။

“ဒါက စုမြို့ရဲ့ ရှေးပန်းအရက်ပဲ။ ဒါက အတော့်ကို ဈေးကြီးလှတယ်…”

တဖြည်းဖြည်း ညအချိန်ရောက်လာသည်။ ခပ်စိမ့်စိမ့်လေညင်းတို့ တိုက်ခတ်လာလေပြီ။ အကသမား၊အဆိုသမားများသည် ထွက်သွားကြပေပြီ။ ဝမ်လင်း၊လူငယ်နှင့် သူ့အစေခံတို့သာ ကျန်ခဲ့လေ၏။

လရောင်သည် မြေကမ္ဘာကို ဖြည်းဖြည်းချင်း ဖုံးအုပ်လာကာ မြစ်ရေပြင်၌ အလင်းပြန်သည်။ လေညင်းသည် ရေပြင်ထက်တွင် လှိုင်းဂယက်လေးများထစေသည်။ အလွန်လှ၏။

အစေခံက စိတ်မရှည်သလို ခံစားနေရပြီး ကောင်းကင်ထက် မော့မော့ကြည့်နေသည်။ သိပ်မကြာခင်တွင်တော့ သူသည် လူငယ်၏အဝတ်စကို ဆွဲမိတော့၏။

လူငယ်က ပြုံးကာ ခေါင်းယမ်းလိုက်သည်။ သူက သူ့အစေခံကို လစ်လျူရှုထားသည်။

အစေခံက ခါးသက်စွာ ပြုံး၍ ခပ်တိုးတိုး ဆို၏။ “သခင်လေး…ငါတို့ ဆက်နေမယ်ဆိုရင် ဒီလှေအတွက် ပိုပေးရတော့မယ်။ ဒါ့အပြင် အရက်လည်း သိပ်မကျန်တော့ဘူး…”

“ငါ့အရက် သောက်လိုက်…” ဝမ်လင်း၏မျက်လုံးထဲရှိ ချင့်ချင်စဉ်းစားမှုမှာ ပျောက်ကွယ်သွား၏။ သူက သူ့ညာလက်ကို ဝေ့ယမ်းကာ အရက်အိုးတစ်လုံး ထုတ်ယူလိုက်သည်။ ထိုအရက်မှာ သာမန်တော့မဟုတ်ပေ။ သေမျိုးတစ်ယောက် သောက်ပါက အသက်ရှည်ကာ ဉာဏ်ရည်တိုးစေမည့် အရက် ဖြစ်လေ၏။

ဝမ်လင်းက သူ့အရက်ကို မည်သည့်နေရာမှန်း ထုတ်ယူလိုက်သည်ကို တွေ့သည့်အခါ အစေခံ မျက်လုံးပြူးသွား၏။ သူ့မျက်လုံးထဲတွင် ကြောက်လန့်မှုပါ ဖြစ်ပေါ်သွားပြီး သူသည် သူ့သခင်ကို လောရန် ထပ်မတိုက်တွန်းဝံ့တော့ပေ။

သူ့အတွက် အရက်တစ်ခွက် ငှဲ့ပြီးနောက် ဝမ်လင်းက စားပွဲအလယ်တွင် အရက်အိုးကို တင်လိုက်၏။ သူက တစ်ခွက်သောက်ကာ ကောင်းကင်ထက်သို့ ကြည့်သည်။ ရုတ်တရက် သူ ပြောလိုက်လေ၏။ “ဒါဟာ ကျောက်နိုင်ငံပဲ…”

ဝမ်လင်းက အရက်အိုးကို ထုတ်လိုက်သည့်အခါ လူငယ်လည်း တုန်လှုပ်သွားမိ၏။ အချိန်အတန်ကြာ စဉ်းစားပြီးနောက် သူက အသက်ဝဝရှုရှိုက်ကာ ခေါင်းညိတ်သည်။

“စီနီယာဟာ တန်ခိုးရှင်တစ်ယောက်လား…”

ဝမ်လင်းသည် အရက်ခွက်ကို ကိုင်ကာ ခပ်တိုးတိုး ဆို၏။ “မင်းဟာ ရွာလေးတစ်ရွာမှာ ကြီးပျင်းခဲ့တယ်။ မင်းရဲ့ အဖေဟာ ဝမ်ထျန်ဟူ၊ မိသားစုရဲ့ ဒုတိယမြောက်သား။ လက်သမားတစ်ယောက် ဖြစ်တယ်။ မင်းအမေကတော့ ကျိုးယင်စု၊ ကျိုးမိသားစုဝင်တစ်ယောက်။ မင်း ငယ်ငယ်တုန်းက မင်းရဲ့ အမေက မင်းကို စာရေးတတ်၊ဖတ်တတ်အောင် သင်ပေးခဲ့တယ်…”

ထိုစကားလုံးများက လူငယ်၏နားထဲသို့ မိုးကြိုးသံအလား တိုးဝင်လာ၏။ သူသည် မင်သက်ကြောင်ရီသွား၏။

ဝမ်လင်းသည် သက်ပြင်းချကာ ခွက်ကို ပြန်ချသည်။ သူက လူငယ်ကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်ကာ ညင်သာစွာ ပြောလိုက်၏။ “မင်း ရွေးချယ်တဲ့ ဘဝလမ်းကို ဆက်လျှောက်….”

သူ့ စကားစမဆုံးသေးခင်မှာပင် ဝမ်လင်းသည် ထရပ်ကာ ကောင်းကင်ထက်ရှိလကို ကြည့်၏။ သည်အခိုက်တွင် ပတ်ဝန်းကျင်တစ်ခုလုံးသည် ဆက်လက်ဝေဝါးမနေတော့။ အရာအားလုံးသည် ကြည်လင်ထင်ရှားလာ၏။

ဝမ်လင်းသည် မြစ်ထံသို့ ခြေတစ်လှမ်းလှမ်းကာ အကွာအဝေးတစ်ခုထံသို့ ပျံသန်းသွားတော့သည်။

လှေပေါ်ရှိ အစေခံသည် တုန်ရီနေ၏။ သူသည် လှေကို လက်ဖြင့် ထောက်ထားရသည်။ သူ့မျက်လုံးထဲတွင်လည်း ထိတ်လန့်မှုအထင်းသား။ သူက ဝမ်လင်းထွက်သွားသည့်နေရာကို ကြည့်ကာ ခပ်တိုးတိုး ပြောသည်။ “တကယ်ပဲ။ အစစ်အမှန်တန်ခိုးရှင်အင်မောတယ် တစ်ယောက် ဖြစ်နေတာပဲ။ သခင်လေး…သူဟာ တန်ခိုးရှင်ပဲ။ သင့်ရဲ့ အိပ်မက်ဟာ တကယ် ဖြစ်လာခဲ့ပြီ…”

လူငယ်သည်လည်း ကောင်းကင်ထက်သို့ ကြည့်နေ၏။ အချိန်အတန်ကြာပြီးနောက် သူသည် လေးလေးပင်ပင် အသက်ရှုထုတ်မိသည်။ သူသည် စားပွဲပေါ်ရှိ အရက်ပုလင်းကို ကြည့်ကာ မျက်လုံးအပြူးသား အံ့အားတသင့် ဖြစ်သွားလေသည်။

ဝမ်လင်းသည် လေထဲသို့ ပျံတက်ကာ သူ့အောက်ဘက်ရှိ မြေပြင်ကို ကြည့်သည်။ သည်နေရာမှာ သူနှင့် ရင်းနှီး၏။ ၎င်းမှာ ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ ကျောက်နိုင်ငံနှင့် ချွတ်ဆွတ်တူသည်။

“ငါ ဒီလူသားစမ်းသပ်မှုထဲ ငါ့စိတ်ဝိညာဉ်နဲ့ ဝင်လာခဲ့တဲ့အချိန်မှာ ငါ တွေးခဲ့တာက အတိတ်တုန်းက ထျန်ယွမ်ဂြိုဟ်ပေါ်မှာတုန်းကလို တာအိုကို ရှာဖွေရမယ်လို့ပဲ။ တာအိုကို ရှာဖွေရမယ့်အစား ဒီစမ်းသပ်မှုဟာ အတွင်းနတ်ဆိုး(စိတ်ရိုင်း) ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး…”

ဝမ်လင်းသည် သက်ပြင်းချမိ၏။ စိတ်ရှုပ်ထွေးသောအမူအရာ ဖြစ်ပေါ်နေသည်။

“ငါ ကျင့်ကြံရတာ ပင်ပန်းနေပြီလား။ ငါဟာ ဒီစိတ်ကူးကမ္ဘာထဲမှာ တခြားမတူညီတဲ့လမ်းတစ်ခုကို ဘယ်လိုများ ဖန်တီးခဲ့မိတာလဲ…” ဝမ်လင်းသည် တိတ်ဆိတ်စွာ စဉ်းစားနေ၏။

“ဒီတစ်ကြိမ်က အတိတ်တုန်းက ထျန်ယွမ်ဂြိုဟ်နဲ့ မတူဘူး။ ငါက ငါ့ကိုယ်ငါ ဘယ်သူမှန်းလည်း သိတယ်။ ဒါဟာ ပုံရိပ်ယောင်ဆိုတာလည်း သိတယ်။ ငါ့စိတ်ဝိညာဉ်နဲ့ ဒီကို ရောက်လာခဲ့တယ်ဆိုတာနဲ့ ငါ့ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ လူသားစမ်းသပ်မှုအမွှေးတိုင်ကို မီးထွန်းငြှိရမှာကိုလည်း သိထားတယ်…” ဝမ်လင်းသည် ခေါင်းမော့လိုက်၏။ သူ့မျက်ဝန်းထဲတွင် အတိတ်ကိုအောက်မေ့တမ်းတမှု ပေါ်လာသည်။ သူသည် သည်လောကကို ရှင်းလင်းစွာ မြင်နိုင်သည့်အခိုက်တွင် လူသားစမ်းသပ်မှုမှာ မည်သည့်အရာ၊ သည်အမွှေးတိုင်ကို မည်သို့ မီးငြှိလင်းစေရမည်ကိုလည်း သဘောပေါက်သွားလေပြီ။

သူသာ လုပ်ချင်ပါက သူသည် ပထမဆုံးအမွှေးတိုင်ကို ခုချက်ခြင်း မီးငြှိနိုင်မည် ဖြစ်သည်။

“ဒါပေမဲ့လည်း ငါဟာ ဒီအမွှေးတိုင်ကို မီးမငြှိခင် သူတို့ကို တစ်ခေါက်လောက် ထပ်ကြည့်ချင်တယ်။ သူတို့…ပြီးတော့ သူမ…” ဝမ်လင်း၏မျက်လုံးထဲတွင် အထီးကျန်မှု ဖြစ်ပေါ်လာသည်။ ဝမ်းနည်းရိပ်သန်းလာသည်။ သူသည် ဒီအရာအားလုံးမှာ၊ ဒီနေရာမှာ အတုအယောင်မှန်းသိသည်။ လူသားစမ်းသပ်မှုကြောင့် ဖြစ်ပေါ်လာသော ပုံရိပ်ယောင်မှန်းလည်း သိသည်။ သို့ပေမည့် သူသည် မည်သူမျှ မထိပါးနိုင်သော သူ၏တစ်ခုတည်းသောအရာကို ကြည့်ချင်မိနေ၏။ မကြည့်မြင်ဘဲ မနေနိုင် ဖြစ်လေ၏။

“တစ်ချက်လောက် ကြည့်ပြီးမှပဲ ငါ ဒီလူသားစမ်းသပ်မှုအမွှေးတိုင်ကို မီးငြှိတော့မယ်...” ဝမ်လင်းသည် ရှေ့သို့ လှမ်းကာ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။

မဟာအင်ပါယာဂြိုဟ်ပေါ်တွင်မူ လူတိုင်း၏အကြည့်သည် လိပ်ကြီးကျောပေါ်ရှိ ပထမဆုံးအမွှေးတိုင်ပေါ် လက်တစ်ဖက် တင်ထားသော မလှုပ်မယှက်ပုံရိပ်ထံသာ ရောက်နေကြ၏။

ဟင်္သာငှက်အဘိုးအိုသည် စိတ်ပူပန်ဟန် ဖြစ်ပေါ်လာသည်။ သူသည် ထိုပုံရိပ်ကို ကြည့်ကာ ပို၍ စိတ်ပူလာသည်။

“သူ ဘာလို့ နှေးနေရတာလဲ။ သူ့ကျင့်ကြံမှုနဲ့ဆိုရင်တောင် ဒီကောင်လေးဟာ ပထမဆုံးအမွှေးတိုင်းကို မီးငြှိနိုင်ရမှာပဲ။ သူ နာရီဝက်အတွင်း လုပ်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ထားမိတာ။ အခု သူ တစ်နာရီနီးပါး ကြာနေပြီ။ ဒီအပြင်ဘက်မှာ တစ်နာရီဟာ စမ်းသပ်မှုထဲမှာဆို တနေကုန်နီးပါးပဲ။ သူဟာ ဒါကို မြင်ဖို့ လုံလောက်အောင်များ မကျင့်ကြံရသေးတာလား။ သူ့စိတ်ဝိညာဉ်ဟာ ထွက်လာဖို့ ဆန္ဒ မရှိဘူးလား...”

အရှင်စစ်မိုသည် နှာခေါင်းရှုံ့၏။ သူသည် ပထမဆုံးအမွှေးတိုင်အောက်ရှိ ဝမ်လင်း၏ပုံရိပ်ကို စိုက်ကြည့်နေသည်။ သူ့စိတ်ထဲကနေလည်း တွေးနေ၏။ “ဒါက ပထမဆုံးအမွှေးတိုင်လေးပဲ။ ဒီခွေးကောင်လေးဟာ အားနည်းတာ ပေါ်လွင်နေပြီ။ သူ ဒီစမ်းသပ်မှုတွေကို ဘယ်လိုမှ ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး။ သူသာ ဒါကို ကျရှံးသွားတာနဲ့ ပထမအင်ပါယာငယ်ဟာ ကျင့်ကြံသူတွေရှေ့မှာ မျက်နှာပျက်ရလိမ့်မယ်...။ အရှက်ရရလိမ့်မယ်...”

ဆရာသခင်ယွင်လောကကမူ မျက်မှောင်တင်းတင်းကြုတ်လျက် သူမ၏အင်္ကျီလက်အိုးအတွင်းမှ ညာလက်သည် မြန်ဆန်စွာ ကွယ်ဝှက်၍ လှုပ်ရှားနေ၏။ ကြည့်ရသည်မှာ သူ၏ရှေ့သို့တင်ကြိုကြည့်သည့်ဉာဏ်မှာ အထွတ်အထိပ် ရောက်လာသည့်ပုံပင်။

ထိုအခိုက်အတန့်တွင် ဟင်္သာငှက်အဘိုးအိုကမူ ဝမ်လင်းကို စိုက်ကြည့်နေသည်။ သူ့မျက်လုံးသည် ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ သူသာမကပေ။ ကျင့်ကြံသူအများစုကလည်း ပထမဆုံးအမွှေးတိုင်ရှေ့ရှိ ပုံရိပ်၏မျက်လုံးထဲမှ မျက်ရည်စီးကြောင်းနှစ်ခု လိမ့်ဆင်းကျလာသည်ကို မြင်လိုက်ရပေသည်။

တာအိုသခင်အိပ်မက်ပြာလည်း မြင်သည်။ သူက သူ့ဟာသူ တွေးမိ၏။ “မွေးရပ်မြေ ပြန်ရောက်သွားတဲ့ စိတ်ဝိညာဉ်။ ဒီစိတ်ဝိညာဉ်ဟာ ဝမ်းနည်းမှုနဲ့ ပြည့်နှက်နေတဲ့အတွက် အပြင်ဘက်က ခန္ဓာကိုယ်မှာတောင် ဝမ်းနည်းမှုဟာ ကူးစက်လာတယ်။ ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ လူသားစမ်းသပ်မှုလဲ...”

လူသားစမ်းသပ်မှုအတွင်း၌မူ ဝမ်လင်းသည် ဟုန်ယွီကလန်၏တောင်ထိပ်အောက်တွင် ရပ်နေသည်။ သူသည် သူ့ရှေ့ရှိ ရွာလေးကို ကြည့်ကာ လှည့်ထွက်သွား၏။ သူ့မျက်လုံးထံမှ မျက်ရည်စ လိမ့်ဆင်းကျသွားသည်။

ဟိုဖန်နိုင်ငံ၊ လောဟဲကလန်။

တောင်အနက်ဘက် ဆေးဝါးဖော်စပ်သည့်နေရာတွင် အမျိုးသမီးငယ်လေးတစ်ယောက်သည် မျက်မှောင်ကြုတ်ကာ အငွေ့တလူလူ ထွက်နေသော ဆေးမီးပြင်းဖိုကို စိုက်ကြည့်နေသည်။ ထို့နောက် သူမသည် ဆေးမီးပြင်းဖိုဘေး၌ မျက်မှောင်ကြုတ်နေသော သက်လတ်ပိုင်းအမျိုးသမီးကိုလည်း ကြည့်ကာ ပြောလိုက်၏။ “ဆရာ...ဝမ်အာ ထပ် ကျရှုံးပြန်ပြီ...”

သက်လတ်ပိုင်းအမျိုးသမီးက ထိုမိန်းကလေးကို တစ်ချက် ကြည့်လိုက်သည်။ “ကောင်းပြီ...ကောင်းပြီ...နင် အမြဲတမ်း ဒီလိုသနားစရာ ကောင်းအောင် လုပ်နေ။ ကဲ ဆေးတောင်ကို သွားပြီး ရေလမြက်အချို့ ခူးယူလာခဲ့။ ငါ ဒီဆေးလုံးတွေကို ထပ်ပြီး သန့်စင်မွန်းမံလို့ ရအုံးမလား ကြည့်ကြည့်မယ်...”

ထိုအမျိုးသမီးငယ်သည် ချင်စရာကောင်းသော လျှာထုတ်ပြောင်ပြဟန် လုပ်လိုက်၏။ ထို့နောက် ဆေးဖော်စပ်သည့်အခန်းထဲကနေ ပြုံး၍ အပြေးထွက်လာတော့သည်။

***

All Chapters