← Chapters

အခန်း ၆၆

Vol. 7 Ch. 66

အခန်း ၆၆

Vol. 7 Ch. 66

အပိုင်း (၆၆) ညီလေးက ဒီလောက်တောင် စိတ်ဝင်စားဖို့ ကောင်းတာလား

တာအိုဆရာအိုသည် ကျင်းအန်းတွင် အန္တရာယ်ကင်းကြောင်း မြင်တွေ့သွား၏။ ထို့ကြောင့် သူက မေးလိုက်သည်။ “ညီလေး... ထွက်ပြေးသွားတဲ့ မိစ္ဆာကို ဖမ်းမိခဲ့ပြီလား။”

ကျင်းအန်းက ခေါင်းညိတ်ပြလိုက်၏။ “အင်း... ဖမ်းမိခဲ့ပြီ။”

တာအိုဆရာအိုက ထပ်မေးလိုက်သည်။ “ဘယ်မှာလဲ... ကျုပ် ဘာဖြစ်လို့ မမြင်ရတာလဲ။”

ကျင်းအန်းက ပြန်ဖြေလိုက်၏။ “ဒီဗီရိုထဲမှာပဲ ရှိတယ်။”

တာအိုဆရာအိုသည် နားမလည်နိုင်ဖြစ်သွားသည်။ “ဘာဖြစ်လို့လဲ။”

ကျင်းအန်းက ဆက်ပြောလိုက်၏။ “ဝိညာဉ်ပါ ပျက်စီးသွားပြီ။”

တာအိုဆရာအိုသည် အံ့အားသင့်သွားတော့သည်။

တာအိုဆရာအိုသည် ကျင်းအန်းကို လက်မထောင်ပြလိုက်၏။ “ညီလေး... နောက်ဆိုရင် နွားနှစ်ဖွား နွားသခင်မတောင် ခင်ဗျားကိုမြင်ရင် လှုပ်ရဲမှာ မဟုတ်တော့ဘူး။”

သူက ဆက်ပြောလိုက်သည်။ “ခင်ဗျားက အရမ်းတော်တာပဲ။”

ကျင်းအန်း၏ မျက်နှာသည် မည်းမှောင်သွား၏။

ကျင်းအန်းသည် ဤတစ်ကြိမ် ကုသိုလ်ကံ အကျိုးပေးများပြားလာမှုကို တွေးမိသွားသည်။

ဤကိစ္စသည် သာမန်မဟုတ်ဟု ခံစားမိသောကြောင့် တာအိုဆရာအိုအား ဖြစ်စဉ်ကို အသေးစိတ် ရှင်းပြလိုက်သည်။ နောက်ဆုံးတွင် တာအိုဆရာအို၌ တစ်စုံတစ်ရာ သိထားခြင်း ရှိ၊ မရှိ မေးမြန်းလိုက်၏။

တာအိုဆရာအိုသည် နားထောင်ပြီးနောက် မျက်မှောင်ကြုတ်ကာ စဉ်းစားခန်းဝင်သွား၏။ “ညီလေ းပြောတာကို နားထောင်ကြည့်ရရင် ယန်ချန်အန်းက နာကျင်စွာ ရုန်းကန်ရင်းနဲ့ ဒီဗီရိုထဲမှာ မီးလောင် သေဆုံးသွားခဲ့တာပဲ။

မသေခင်မှာ အရမ်းဆိုးဆိုးရွားရွား သေဆုံးခဲ့ရသောကြောင့် သေပြီးနောက်မှာ အငြိုးအတေးတွေ ပိုကြီးလာပြီး အငြိုးကြီးတဲ့ မိစ္ဆာဝိညာဉ် ဖြစ်လာခဲ့တယ်။ ဒါက ကျုပ် ရှေးဟောင်းပစ္စည်းဈေးတန်းမှာ လူတွေပြောဖူးတဲ့ သင်္ချိုင်းအသုံးအဆောင်တွေနဲ့ နည်းနည်းဆင်တူနေတယ်။”

သူက သက်ပြင်းချကာ ဆက်ပြောလိုက်သည်။ “တကယ်လို့ သင်္ချိုင်းအသုံးအဆောင်သာဆိုရင် ယန်ချန်အန်းရဲ့ သေဆုံးမှုက သူ့မှတ်ဉာဏ်ထဲကလောက် ရိုးရှင်းမှာမဟုတ်ဘူးလို့ ကျုပ် ထင်တယ်။ ဘာကြောင့်လဲဆိုတော့ သင်္ချိုင်းအသုံးအဆောင် ဖန်တီးတဲ့နည်းလမ်းက အလွန်ရက်စက်ပြီး လူမဆန်လို့ပဲ။”

တာအိုဆရာအိုသည် ဒေါသထွက်လွန်းသောကြောင့် ဆဲရေးတိုင်းထွာလိုက်၏။ “သင်္ချိုင်းအသုံးအဆောင်ကို ဖန်တီးတာက သားသမီး မထွန်းကားနိုင်တဲ့ ယုတ်မာတဲ့လုပ်ရပ်ပဲ။ ကုသိုလ်ကံကို အရမ်းထိခိုက်စေတဲ့ လူမဆန်တဲ့လုပ်ရပ်ပဲ။”

ကျင်းအန်းသည် အံ့အားသင့်သွားသည်။ “သင်္ချိုင်းအသုံးအဆောင်လား။”

တာအိုဆရာအိုက ရှင်းပြလိုက်၏။ “သင်္ချိုင်းအသုံးအဆောင်ဆိုတာ လူသေပြီးနောက် မြေအောက်ကမ္ဘာမှာ သုံးတဲ့ပစ္စည်းတွေကို ဆိုလိုတာ။”

သူက ဆက်ရှင်းပြလိုက်သည်။ “ရှေးဟောင်းမင်းဆက်တွေမတိုင်ခင် လူတွေ အစိမ်းစားတဲ့ခေတ်ကတည်းက သင်္ချိုင်းအသုံးအဆောင်တွေနဲ့ အသုဘပစ္စည်းတွေ ထည့်သွင်းမြှုပ်နှံတဲ့ ဓလေ့ရှိနေခဲ့ပြီ။”

သူက အလေးအနက်ထား၍ ပြောလိုက်၏။ “အဆင့်အတန်းမြင့်တဲ့သူတွေက မသေခင်မှာ သေရမှာကို ပိုကြောက်ကြတယ်။ သေပြီးနောက်မှာလည်း ထပ်သေရမှာကို ပိုကြောက်ကြတယ်။ သေပြီးနောက် သူတို့ရဲ့ အရိုးတွေကို သင်္ချိုင်းသူခိုးတွေ ဖျက်ဆီးမှာကို ကြောက်တာကြောင့် အသုဘပစ္စည်းတွေမှာ လက်တလုံးခြား လုပ်တတ်ကြတယ်။ ဥပမာအနေနဲ့ သင်္ချိုင်းအသုံးအဆောင် တစ်ခုနှစ်ခုလောက်ကို အစောင့်အဖြစ် ဖန်တီးခိုင်းတတ်ကြတယ်။”

သူက ထပ်လောင်းရှင်းပြလိုက်သည်။ “တကယ်လို့ ညီလေးအနေနဲ့ သင်္ချိုင်းအသုံးအဆောင်ကို နားလည်ဖို့ ခက်ခဲနေသေးရင် မိစ္ဆာလမ်းစဉ်က မှော်ပစ္စည်းတစ်ခုလို့ လွယ်လွယ်ကူကူ မှတ်ယူနိုင်ပါတယ်။”

တာအိုဆရာအိုက ဆက်ပြောလိုက်၏။ “အဲဒီမိစ္ဆာမှော်ပစ္စည်းတွေက သူတို့ရဲ့ စွမ်းရည်အပေါ်မူတည်ပြီး အဆိုးယုတ်၊ ထူးဆန်းမှု၊ အမှောင်ထု၊ ကျိန်စာ၊ နက်နဲမှု၊ ကြောက်မက်ဖွယ်၊ ဖျက်ဆီးမှု စသောကြောင့် အသေးစိတ်ခွဲခြားနိုင်တယ်။”

သူက ရှင်းပြချက်ကို ဆက်လက်ပြောဆိုလိုက်သည်။ “ညီလေးရဲ့ ပြောပြချက်အရ ဒီဗီရိုတံခါးရဲ့ အရောင်က ပုံမှန်မဟုတ်ဘူး။ မူလတံခါးမဟုတ်ဘဲ နောက်မှ အစားထိုးတပ်ဆင်ထားတာဖြစ်တယ်။ ဒါက ကျုပ် စိတ်ထဲက သံသယတစ်ခုကို ရှင်းလင်းသွားစေတယ်။”

သူက မှန်းဆကာ ပြောလိုက်၏။ “ကျုပ် ထင်တာတော့ ဒီသင်္ချိုင်းအသုံးအဆောင်ကို အစွမ်းထက်သူ တစ်ယောက်က ဖျက်ဆီးခဲ့ဖူးလို့ မပြည့်မစုံ ဖြစ်နေတာပဲ။ ပြီးတော့ ဘယ်လိုအကြောင်းကြောင့်မှန်းမသိ လူ့လောကထဲ ရောက်လာခဲ့တယ်။

သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ဖြစ် လူတွေကြောင့်ဖြစ်ဖြစ် နောက်ဆုံးမှာ မြစ်ကြောင်းအတိုင်း မျောပါလာပြီး ရှန်ကျားပေါက်ရွာကို ရောက်လာခဲ့တယ်။ ရလဒ်အနေနဲ့ ရွာတစ်ရွာလုံးကို ဘေးအန္တရာယ်ကျရောက်စေပြီး လူအားလုံး သေဆုံးသွားခဲ့ရတယ်။ ဒါပေမဲ့ ပြင်ပလောကမှာတော့ ကူးစက်ရောဂါဖြစ်တယ်လို့ သတင်းထွက်သွားခဲ့တယ်။”

သူက သတိပေးစကား ပြောလိုက်သည်။ “ကျုပ်တို့ ဒီတစ်ကြိမ် ကြုံတွေ့ခဲ့ရတာက အပြည့်အစုံ မဟုတ်တဲ့ သင်္ချိုင်းအသုံးအဆောင်မို့လို့ ညီလေး ဝမ်းသာသင့်တယ်။ တကယ်လို့ အပြည့်အစုံ သင်္ချိုင်းအသုံးအဆောင်သာ ဆိုရင် ခင်ဗျားနဲ့ကျုပ် ဒီနေ့ ခေါင်းတလားတစ်ခုတည်းမှာ အတူတူမြှုပ်နှံခံရလောက်ပြီ။”

ကျင်းအန်းသည် စကားကို တရစပ်ပြောနေသည့် တာအိုဆရာအိုအား အံ့အားသင့်စွာ ကြည့်လိုက်သည်။ တာအိုဆရာအိုတွင် ဤမျှ ဗဟုသုတများစွာ ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

တာအိုဆရာအို၏ နှစ်ပေါင်းများစွာ ခရီးသွားလာခဲ့သည့် အတွေ့အကြုံများမှာ အလွန်ပင် လျှို့ဝှက် ဆန်းကြယ်လှပေသည်။

တစ်ချိန်တည်းမှာပဲ သူ ချက်ချင်း သဘောပေါက်သွားသည်။ ဤတစ်ကြိမ်တွင် ကုသိုလ်ကံအကျိုးပေး အဘယ်ကြောင့် ဤမျှများပြားနေသနည်းဆိုသည်ကို သူ နားလည်သွားခဲ့၏။

အကြောင်းမှာ သူ ဤတစ်ကြိမ်တွင် အဆင့်ကျော်လွန်ပြီး အောင်မြင်မှုရရှိခဲ့သောကြောင့် ဖြစ်သည်။

စွန့်စားမှုထဲမှ စည်းစိမ်ချမ်းသာကို ရှာဖွေရမည်ဆိုသည့် စကားအတိုင်း အကြိမ်ကြိမ် ရုန်းကန်ရလေ ရွှေဖြစ်လာလေလေပင်။

ပို၍ အစွမ်းထက်သော မိစ္ဆာများသည် ပို၍ကြီးမားသော ဘေးအန္တရာယ်ကို ယူဆောင်လာတတ်ပြီး ၎င်းတို့ကို နှိမ်နင်းနိုင်ပါက ကုသိုလ်ကံအကျိုးပေး ပို၍များပြားပေလိမ့်မည်။

ကုသိုလ်ကံ အကျိုးပေးဆိုသည်မှာလည်း ဈေးထဲက အရာများကဲ့သို့ပင် ဖြစ်ပြီး ဈေးနှုန်းအတိအကျ သတ်မှတ်ထားခြင်း ဖြစ်၏။

ကျင်းအန်းက ပြန်မေးလိုက်သည်။ “တာအိုဆရာအို... ခင်ဗျားက ရွံစရာကောင်းလိုက်တာ။ ခေါင်းတလားတစ်ခုတည်းမှာ အတူတူမြှုပ်နှံရအောင် လင်မယားတွေလို့ ထင်နေတာလား။”

ကျင်းအန်းသည် သူ၏စကားကြောင့် သူ့ကိုယ်သူပင် ပျို့အန်ချင်စိတ်ပေါက်သွား၏။

လုံးဝမဖြစ်နိုင်ချေ။ ဤတစ်ကြိမ် ချန်ခရိုင်သို့ ပြန်ရောက်ချိန်မှာတော့ သူ ဇာတ်သဘင်ရုံနှင့် ဂီတအဖွဲ့များဆီသို့ မဖြစ်မနေသွားရောက်ပြီး မိန်းမချောလေးများကို သီချင်းဆိုခိုင်းကာ သူ၏ အနှောင့်အယှက်များကို ဖယ်ရှားပြီး ဖြူစင်သောစွမ်းအင်များကို ပြန်လည်မွေးထုတ်ရမှာဖြစ်သည်။

တာအိုဆရာအိုက မျက်နှာပြောင်တိုက်ကာ ပြောလိုက်၏။ “ယောက်ျားကြီး နှစ်ယောက် အတူတူတိုးအိပ်လို့ ရတာပဲ။ မြောက်ပိုင်းမှာ ဆောင်းရာသီရောက်ရင် အခန်းတစ်ခန်းထဲမှာ ယောက်ျားကြီး ဆယ်ယောက်ကျော်လောက် မီးဖိုဘေးမှာ တိုးဝှေ့အိပ်ရတာက သာမန်ကိစ္စပဲလေ။”

ကျင်းအန်းသည် မျက်နှာမည်းမှောင်သွားပြီး ချက်ချင်း ပြန်ပြောလိုက်သည်။ “နှင်းတောင်ပြိုကျချိန်မှာတော့ ဘယ်နှင်းပွင့်မှ အပြစ်ကင်းတယ်ဆိုတာ မရှိဘူး။”

တာအိုဆရာအိုသည် ပါးစပ်သပ်ကာ ကျင်းအန်း ပြောသည့်စကား၏ အဓိပ္ပာယ်ကို ထပ်ခါတလဲလဲ စဉ်းစားနေ၏။

တာအိုဆရာအို သဘောပေါက်သွားချိန်မှာတော့ ဝတ်ရုံကို ခါးတွင်ချည်ထားသည့် တာအိုဆရာအိုကြီးသည် ကျင်းအန်းကို အလွန်အံ့အားသင့်စွာ ကြည့်လိုက်သည်။

‘ညီလေးက ဒီလောက်တောင် စိတ်ဝင်စားဖို့ ကောင်းတာလား။ သွေးထဲက အပူဓာတ်ကို ကြိုက်တာပဲ။’

တာအိုဆရာအိုသည် အိမ်အပြင်ဘက်သို့ ထွက်သွားသော ကျင်းအန်းကို ကြည့်ကာ နောက်မှ လိုက်သွားသင့်၊ မသွားသင့် ဝေခွဲမရ ဖြစ်နေ၏။

ထိုအချိန်တွင် ကျင်းအန်းသည် တာအိုဆရာအိုကြီး အိမ်ထဲ၌ ရပ်နေသည်ကို မြင်သောကြောင့် ခြေလှမ်းတန့်လိုက်ပြီး အိမ်ထဲရှိ မျက်နှာရှုံ့မဲ့နေသော တာအိုဆရာအိုကြီးအား လှည့်ကြည့်လိုက်၏။ သူက အသံတိတ်ဖြင့် လိုက်ခဲ့လေဟု ပြောနေသကဲ့သို့ပင်။

ကျင်းအန်းက ပြောလိုက်သည်။ “တာအိုဆရာအိုကြီး... ခင်ဗျား အဲနေရာမှာ ရပ်ပြီး ဘာလုပ်နေတာလဲ။ ခေါင်းတလားအကြောင်း ပြောမှပဲ ကျုပ်တို့ ခြံဝင်းထဲကို မြန်မြန်သွားရအောင်။ အဲဒီ အလောင်းပို့တဲ့ အနက်ရောင် ခေါင်းတလားကို သွားကြည့်ကြတာပေါ့။”

အပြင်ဘက်တွင် အနက်ရောင် ခေါင်းတလားတစ်လုံး ရှိနေသေးသည်ကို ကျင်းအန်း သတိရသွားခြင်း ဖြစ်၏။

လူငယ်နှင့်လူအို ခြံဝင်းထဲသို့ ရောက်သွားချိန်မှာတော့ အလောင်းပို့သည့် အနက်ရောင် ခေါင်းတလားမှာ ရှိနေဆဲပင် ဖြစ်သည်။

သို့ပေမည့် အထဲရှိ အလောင်းမှာမူ ပျောက်ကွယ်သွားခဲ့ပြီ။ အလောင်းပျောက်သွားခဲ့ပြီ ဖြစ်၏။

ကျင်းအန်းက ပြောလိုက်သည်။ “ကြည့်ရတာ ဒီတစ်ကြိမ် အလောင်းပို့တဲ့အဖွဲ့သားတွေ အားလုံးက အနက်ရောင်တောအုပ်ထဲမှာ သေဆုံးသွားခဲ့တာပဲ။ ကံဆိုးစွာနဲ့ လူ့လောကထဲ ရောက်နေတဲ့ သင်္ချိုင်း အသုံးအဆောင်နဲ့ ကြုံတွေ့ခဲ့ရတယ်။”

သူက ဆက်ပြောလိုက်၏။ “ဒါဆို ပြဿနာက ရှိလာပြီ။ ဒီအနက်ရောင် ခေါင်းတလားထဲက ကြွက်မျက်နှာနဲ့ အဘိုးအိုရဲ့ အလောင်းက ဘယ်ကိုရောက်သွားတာလဲ။”

တာအိုဆရာအိုက မေးလိုက်သည်။ “သူ့ဟာသူ ခြေထောက်ပေါက်ပြီး ပျောက်ကွယ်သွားတာများလား။”

ကျင်းအန်းသည် တာအိုဆရာအိုကြီးကို ဆွံ့အဟန်ဖြင့် ကြည့်လိုက်ပြီး အမှားကို ပြင်ပေးလိုက်၏။ “လူမှာ မူလတည်းက ခြေထောက်ရှိပြီးသားပဲ။”

သူက ဆက်ပြောလိုက်သည်။ “ပြီးတော့ ပျံသန်းတယ်ဆိုတာ ခြေထောက်ကို အားကိုးတာ မဟုတ်ဘူး။ အတောင်ပံကို အားကိုးတာ။”

တာအိုဆရာအိုကြီးသည် သက်ပြင်းချလိုက်၏။ “ဒါပေမဲ့ ကံကောင်းပါတယ်။ ဒီတစ်ကြိမ် သားအဖ နှစ်ယောက်ရဲ့ ဝိုင်းဝန်းတိုက်ခိုက်တာကို မခံရဘူး။ အလောင်းပျောက်သွားတာက သင့်တော်တယ်လို့ ကျုပ် ထင်တယ်။ ကံဆိုးတဲ့အထဲက ကံကောင်းမှုတစ်ခုပါပဲ။”

တာအိုဆရာအိုက မေးလိုက်သည်။ “ညီလေး... ခင်ဗျား ဘယ်လိုထင်လဲ။ ပျောက်သွားတဲ့ အလောင်းဖြစ်တဲ့ ကြွက်မျက်နှာနဲ့ အဘိုးအိုအလောင်းက ကျုပ်တို့ထက် အရင်ရောက်နေတဲ့ အရာရှိဖုန်း ဒါမှမဟုတ် ဘုန်းကြီး ဖူကျိကို ဆွဲခေါ်သွားတာများလား။”

ကျင်းအန်းနှင့် တာအိုဆရာအိုတို့ နောက်ပိုင်း၌ ကြွက်မျက်နှာနှင့် အဘိုးအိုအလောင်းကို မည်သည့်နေရာတွင် ရှာရမည်နှင့် ကွဲကွာသွားသော အရာရှိဖုန်းတို့အဖွဲ့ကို မည်ကဲ့သို့ ရှာရမည်နည်းကို ဆွေးနွေးနေကြစဉ် ရုတ်တရက် ညလေပြေတစ်ခု ဖြတ်တိုက်သွား၏။

မြေကြီးနှင့် နှင်းပေါက်များ ရောနှောနေသည့် စိုစွတ်သောလေငွေ့များ ပါဝင်လာသည်။

သစ်ပင်အရိပ်များ ယိမ်းနွဲ့ကာ တရှဲရှဲမြည်သံများလည်း ထွက်ပေါ်လာ၏။

ကျင်းအန်းသည် သူ၏အမြင်အာရုံ တဖြည်းဖြည်း ရှင်းလင်းလာသည်ကို အံ့အားသင့်စွာ တွေ့လိုက်ရသည်။ သူနှင့် တာအိုဆရာအိုတို့သည် အနက်ရောင်တောအုပ်ကြီးတစ်ခုထဲတွင် ရပ်နေကြခြင်း ဖြစ်သည်။

ပတ်ဝန်းကျင်ရှိ အမှောင်စွမ်းအင်များ လွင့်စင်သွား၏။ လူ့လောကသည် ပြန်လည်ပေါ်လာသည်။ ပါးစပ်ထဲတွင် ငုံထားသော ကြေးပြားသည်လည်း အသုံးမဝင်တော့ချေ။

တာအိုဆရာအိုသည်လည်း ကျင်းအန်းကဲ့သို့ပင် အစပိုင်း၌ ပြောင်းလဲမှုများကို အံ့အားသင့်စွာ ကြည့်နေခဲ့သည်။

သို့သော်ငြား မကြာမီတွင် သူ တစ်စုံတစ်ရာကို တွေးမိသွားဟန်ဖြင့် ပေါင်ကို ရိုက်ချလိုက်ကာ အမှောင်ထုထဲတွင် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။ “ကျုပ် နားလည်သွားပြီ။”

သူက ဆက်ပြောလိုက်သည်။ “ညီလေး... လူသေတွေကို မီးရှို့ခဲ့တဲ့ ဒီဗီရိုသင်္ချိုင်းအသုံးအဆောင်ရဲ့ စွမ်းရည်က ဘာလဲဆိုတာ ကျုပ် နောက်ဆုံးတော့ နားလည်သွားပြီ။”

ကျင်းအန်းက လှမ်းကြည့်ကာ မေးလိုက်၏။ “ဘာလဲ။”

တာအိုဆရာအိုက ပြန်ဖြေလိုက်သည်။ “ညီလေးရဲ့ ရှင်းပြချက်နဲ့ ကျုပ်ရဲ့ တွက်ချက်မှုတွေအရ လူသေတွေကို မီးရှို့ခဲ့တဲ့ ဒီဗီရိုရဲ့ စွမ်းရည်က တစ္ဆေမျက်စိကွယ်ခြင်း ဖြစ်ရမယ်။ လူတွေရဲ့ အာရုံငါးပါးကို လှည့်စားပြီး အမှန်တရားကို မမြင်နိုင်အောင် လုပ်နိုင်တယ်။”

သူက ထပ်လောင်းရှင်းပြလိုက်၏။ “ဒါက ညီလေး ဗီရိုထဲမှာ ပိတ်မိနေတုန်းက ကြုံတွေ့ခဲ့ရတဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တွေကို ရှင်းပြနိုင်တယ်။”

တာအိုဆရာအိုသည် အလေးအနက်ထား၍ ပြောလိုက်သည်။ “ကျုပ်တို့ အစတည်းက အနက်ရောင် တောအုပ်ထဲ မဝင်ခဲ့ပေမယ့် အခု ကြည့်ရတာ သင်္ချိုင်းအသုံးအဆောင်ရဲ့ သက်ရောက်မှု အတိုင်းအတာက အလွန်ကျယ်ပြန့်တယ်။ အမှန်တော့ အစတည်းက ကျုပ်တို့ရဲ့ အာရုံငါးပါးကို တစ္ဆေတွေက လှည့်စားထားတာပဲ။”

All Chapters