← Chapters

အခန်း ၇၁

Vol. 7 Ch. 71

အခန်း ၇၁

Vol. 7 Ch. 71

အပိုင်း (၇၁) ယုန်ထီး ခြေလှမ်းယိုင်ကာ ယုန်မ မျက်ဝန်းဝေဝါး

ချင်းမင်ပွဲတော်ကြီး နီးကပ်လာချိန်မှာတော့ ချမ်းခရိုင်လေးအတွင်း၌ လူတန်းစားပေါင်းစုံ ပြည့်နှက်နေခဲ့၏။

ဆိုင်ရှင်က ပါးစပ်ပင် မစိနိုင်တော့အောင် ပြုံးရွှင်ကာ ပြောလိုက်သည်။ “ဒီနှစ် ချင်းမင်ပွဲတော်က မစရသေးဘူး။ ဒါပေမဲ့ အရောင်းအဝယ်က အရင်နှစ်တွေထက် ပိုကောင်းနေတယ်။”

ဝါးနှီးရောင်းသူများ၊ ဝက်သားဖက်ထုပ် ထမ်းရောင်းသူများနှင့် ပခုံးပေါ်တွင် ဓားသွေးကျောက်ကို ထမ်းကာ လမ်းကြိုလမ်းကြား လှည့်လည် သွားလာနေသည့် ဓားသွေးသမားများလည်း ရှိနေ၏။

ကျင်းအန်းသည် လက်ရန်းကို မှီထားကာ ဆိုင်အပြင်ဘက်မှ လူအုပ်ကြီးကို ကြည့်နေခဲ့၏။ ထိုအချိန်တွင် ဆိုင်အတွင်း၌လည်း ဆူညံနေသည့် လူများဖြင့် ပြည့်နှက်လို့နေသည်။

ဤနေရာတွင် ထိုင်နေသူများထဲ၌ ရာထူးကြီးမားသူများ၊ စာပေပညာရှင်များ၊ မိသားစုကြီးများမှ အမျိုးသမီးများ၊ သိုင်းလောကမှ လူကြမ်းများ၊ လူငယ်သိုင်းသမားများ၊ ခါးတွင် ကျောက်စိမ်းခါးပတ် ပတ်ထားသည့် သူဌေးသားများနှင့် ပန်းပေါင်းစုံဝိုင်ချိုကိုသာ သောက်သုံးသည့် အသားအရေ နူးညံ့သော သခင်မလေးများ ပါဝင်လို့နေ၏။

လူတိုင်းသည် အငွေ့တထောင်းထောင်း ထနေသော အစားအစာများကို စားသောက်နေကြ၏။ ပူနွေးသော အငွေ့များက လေထဲတွင် လွင့်မျောနေသည်။

ကျင်းအန်းနှင့် သခင်လေးယီယွင်တို့၏ ဘေးစားပွဲတွင်မူ လူငယ်သိုင်းသမားနှစ်ဦး ထိုင်နေခဲ့၏။

လူငယ်တစ်ဦးက ပြောလိုက်သည်။ “အစ်ကိုဇီရွှမ်... ကျုပ်တို့က မတိုက်ခိုက်ဘဲနဲ့ မသိကျွမ်းနိုင်ဘူး ဆိုတဲ့ အတိုင်းပဲ။ ဆုကြေးစာရွက်ကို တစ်ပြိုင်တည်း ခွာယူမိပြီး လူစားတဲ့ကျားကြီးကို သတ်ဖို့ တောင်ပေါ်ကို အတူတူ တက်လာလိမ့်မယ်လို့ မထင်ထားမိဘူး။”

နောက်တစ်ဦးက ပြန်ပြောလိုက်၏။ “အစ်ကိုယီရှင်း... အားနာမနေပါနဲ့။ မတရားတာကို နှိမ်နင်းပြီး ကျေးဇူးတရားနဲ့ ရန်ငြိုးကို ရှင်းရှင်းလင်းလင်း လုပ်တာကမှ သိုင်းလောကရဲ့ သဘောသဘာဝပါပဲ။”

ပထမလူငယ်က ရယ်မောလိုက်သည်။ “ဟား... ဟား... အစ်ကိုဇီရွှမ် ပြောတာ သိပ်မှန်တာပေါ့။ သိုင်းလောက ဆိုတာ ကျေးဇူးနဲ့ ရန်ငြိုးကို ရှင်းရှင်းလင်းလင်း လုပ်ရမယ်လေ။ ဒီနေ့ အစ်ကိုဇီရွှမ်နဲ့ ကျုပ်က အစတည်းက ရင်းနှီးပြီးသားလူတွေလိုပဲ။ ဒီနေ့ပဲ ကျုပ်တို့ သွေးသောက်ညီနောင် ဖွဲ့လိုက်ကြရင် ဘယ်လိုလဲ။”

……

သခင်လေးယီယွင်က မေးလိုက်၏။ “သခင်လေးကျင်းအန်း... ဘာဖြစ်လို့လဲ။”

သူက ထပ်မေးလိုက်သည်။ “ဘာလို့ ဟိုဘက်စားပွဲက လူတွေကိုပဲ အမြဲကြည့်နေရတာလဲ။”

သခင်လေးယီယွင်သည် ကျင်းအန်းတစ်ယောက် ဘေးစားပွဲမှ လူငယ်သိုင်းသမားနှစ်ဦးအပေါ် စိတ်ဝင်စား နေသည်ကို မြင်လိုက်ရ၏။

ထို့ကြောင့် သူ့မျက်ဝန်းများထဲတွင် စပ်စုလိုစိတ်နှင့် သံသယများ ပြည့်နှက်သွားကာ နားမလည်နိုင်စွာဖြင့် မေးလိုက်ခြင်း ဖြစ်သည်။ “သခင်လေးကျင်းအန်း... ဘာဖြစ်လို့လဲ။ ဘာလို့ ဟိုဘက်စားပွဲက လူတွေကိုပဲ အမြဲကြည့်နေရတာလဲ။”

ကျင်းအန်းသည် ထိုစကားကို ကြားချိန်မှာတော့ ခေါင်းလှည့်လာခဲ့၏။

သူသည် ခွက်ထဲမှ နွေးထွေးသော အရက်ကို တစ်ငုံ သောက်လိုက်သည်။ သို့ပေမည့် ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်သွားကာ ဆက်မသောက်တော့ချေ။

ဤပန်းပေါင်းစုံအရက်က အလွန်ချိုလွန်းနေ၏။ အရက်ပြင်းအားကို လုံးဝ မခံစားရပေ။ လျှာပေါ်ရှိ အရသာခံအာရုံများ အားလုံး ချိုမြိန်သော အရသာဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

ဤအရက်က အမျိုးသားများနှင့် မသင့်တော်ချေ။

ကျင်းအန်းသည် လက်ထဲမှ အရက်ခွက်ကို ချလိုက်၏။ ထို့နောက် ပြုံးကာ ပြောလိုက်သည်။ “သိုင်းလောကက အန္တရာယ်များတယ်။ လူတွေရဲ့ စိတ်ကလည်း ဆိုးယုတ်ကြတယ်။ ရှေးခေတ်ကနေ အခုချိန်ထိ မိန်းကလေး တစ်ယောက်တည်း သိုင်းလောကထဲကို ဝင်ရောက်လာတာ ရှားပါးလှတယ်။”

သူက ဆက်ပြောလိုက်သည်။ “မိန်းကလေးတွေက သိုင်းလောကထဲ ဝင်ချင်ရင် များသောအားဖြင့် ရုပ်ဖျက်ပြီး ယောကျ်ားလေးလို ဝတ်ဆင်လေ့ ရှိကြတယ်။ သူတို့ကိုယ်သူတို့ ဘယ်သူမှ မမှတ်မိနိုင်ဘူးလို့ ထင်နေကြတာပဲ။”

သူက ခေါင်းခါကာ ပြောလိုက်၏။ “ဒါပေမဲ့ သူတို့ မသိကြတာက ယုန်ထီးဆိုရင် ခြေလှမ်းယိုင်ပြီး ယုန်မဆိုရင် မျက်ဝန်းဝေဝါးတယ်ဆိုတာပဲ။ ယောကျ်ားနဲ့ မိန်းမရဲ့ ခန္ဓာကိုယ် အသွင်အပြင်က အရမ်းကို သိသာလွန်းတယ်။ ခေါင်းပေါ်မှာ လိင်အမျိုးအစားကို ရေးမထားရုံတမယ်ပဲ။”

ဤနေရာသို့ ရောက်ချိန်မှာတော့ ကျင်းအန်းသည် မနေနိုင်ဘဲ ညည်းညူလိုက်မိသည်။

ယောကျ်ားနှင့် မိန်းမ၏ ခန္ဓာကိုယ်လက္ခဏာများက အလွန်သိသာထင်ရှားသည်။ အဘယ်ကြောင့် ရှေးခေတ် ဝတ်စုံဝတ် ဇာတ်လမ်းများထဲတွင် ဇာတ်လိုက်မင်းသမီးက ယောကျ်ားလေးအဖြစ် ရုပ်ဖျက်ထားသည်ကို ရိုးသားသော ဇာတ်လိုက်မင်းသားက အလွယ်တကူ အရူးအမူး ယုံကြည်သွားရသနည်း။

မိမိ၏ သွေးသောက်ညီနောင်က တကယ်တမ်းတွင် ထူးခြားသော အရည်အချင်းရှိသူ ဖြစ်နေသည်ကို မသိနိုင်ခြင်းလား။

နောက်ပိုင်းတွင် ကျင်းအန်းသည် အဘယ်ကြောင့်ဆိုသည်ကို နောက်ဆုံး၌ နားလည်သွားခဲ့၏။

ရှေးခေတ်ဇာတ်လမ်းများထဲမှ ဇာတ်လိုက်မင်းသားများသည် မွေးရာပါ မျက်စိမှုန်နေသူများ ဖြစ်ရမည်။

နှစ်မီတာအကွာမှ ယောကျ်ားနှင့် မိန်းမကို မခွဲခြားနိုင်ပေ။ ငါးမီတာအကွာမှ လူနှင့် တိရစ္ဆာန်ကို မခွဲခြားနိုင်ချေ။ ဆယ်မီတာအကွာမှ ကြည့်လျှင် အားလုံးက မြင်းစီးသူရဲများ ဖြစ်နေတော့သည်။

ကျင်းအန်းက ရှင်းပြလိုက်၏။ “သခင်လေးယီယွင်... ဘေးစားပွဲက အစ်ကိုဇီရွှမ်လို့ ခေါ်ခံရတဲ့ ယောကျ်ားကို ကြည့်လိုက်။ သူ့လည်ပင်းမှာ လည်စိမရှိဘူး။ ခန္ဓာကိုယ်ကလည်း ယောကျ်ားတစ်ယောက်ထက် ပိုပိန်သွယ်နေတယ်။ ဒါပေမဲ့ ရင်ဘတ်က အင်္ကျီကတော့ ဖောင်းကားနေတယ်။ ဒါက ရင်စည်းဝတ်ထားတာ အသိသာကြီးပဲ။ ဒါကို ကိုယ့်နားကိုယ်ပိတ်ပြီး ခေါင်းလောင်းခိုးတယ်လို့ ခေါ်တာပေါ့။”

သူက ဆက်ပြောလိုက်သည်။ “တကယ်တော့ မိန်းကလေးတွေ ရင်စည်းဝတ်တာ မကောင်းဘူး။ ပုံပျက်လွယ်ပြီး ခန္ဓာကိုယ်ကို အများကြီး ထိခိုက်စေတယ်။”

ကျင်းအန်းသည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ခင်မင်ရင်းနှီးစွာဖြင့် သတိပေးစကား ဆိုလိုက်၏။ “ဥပမာပြောရရင် ရင်စည်းလေ ပိုသေးလေလေပဲ။”

သခင်လေးယီယွင်သည် အံ့အားသင့်သွား၏။ ဦးလေးချီသည်လည်း စကားမဆိုနိုင်ဖြစ်သွားသည်။

ဦးလေးချီသည် မည်သည့်အရာကိုမှ မကြားလိုက်ရသကဲ့သို့ နေလိုက်သည်။ သူသည် မျက်လွှာချကာ မိမိကိုယ်ကိုယ်သာ အာရုံစိုက်ထားပြီး သိုးသားပြုတ်ကိုသာ ခေါင်းငုံ့ကာ စားသောက်နေခဲ့၏။

……

နဂိုတည်းက သိုးသားပြုတ်ကို ချွေးတလုံးလုံးဖြင့် ခေါင်းငုံ့စားနေသော တာအိုဆရာအိုကြီးသည် ကျင်းအန်း၏ စကားကို ကြားချိန်မှာတော့ ဆီရွှဲနေသော မျက်နှာကြီးကို မော့လာခဲ့၏။ ထို့နောက် ဘေးစားပွဲဆီသို့ လှမ်းကြည့်လိုက်သည်။

သူသည် ဟင်းရည်များကို ပါးစပ်မှ အသံမြည်အောင် စုပ်ယူလိုက်ကာ ကျက်နေသော သိုးသားတစ်တုံးကို ထိုးထည့်ချလိုက်ပြီး ပါးစပ်အပြည့် ဝါးနေခဲ့၏။

တာအိုဆရာအိုကြီးက အာမေဍိတ်သံ ပြုလိုက်သည်။ “အင်း... ညီလေး ပြောတာ တကယ် မှန်နေတာပဲ။ တကယ်ကို အံ့မခန်း ရင်အုပ်ကြွက်သားတွေပါလား။”

သူက ထပ်လောင်းပြောဆိုလိုက်၏။ “ပြီးတော့ တကယ်ပဲ လည်စိမရှိဘူးကွ။”

ကျင်းအန်းက ပြုံးရွှင်သွားခဲ့သည်။ “နောက်ဆက်တွဲ ဇာတ်လမ်းကို ကျုပ် ခန့်မှန်းကြည့်မယ်။”

သူက စိတ်အားထက်သန်စွာဖြင့် ပြောလိုက်၏။ “နောက်ဆက်တွဲ ဇာတ်လမ်းက အရမ်းကို ရိုးအီနေလိမ့်မယ်။ သူတို့နှစ်ယောက်က ဓားကိုကိုင်ပြီး သိုင်းလောကထဲကို ဝင်လာကြတယ်။ တစ်နေ့ကျတော့ သူတို့နှစ်ယောက် ညကြီးမိုးချုပ် ခရီးဆက်နေရင်း မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ ကြုံလိုက်ရတယ်။ အဲဒီတော့ နှစ်ယောက်စလုံး စိုရွှဲသွားကြရော။ အဲဒီနောက် သူတို့က မိုးခိုဖို့အတွက် ပျက်စီးနေတဲ့ ဘုရားကျောင်းငယ်လေးတစ်ခုကို ခဲယဉ်းစွာနဲ့ ရှာတွေ့သွားကြတယ်။”

တာအိုဆရာအိုကြီးသည် သိုးသားဟော့ပေါ့ကို စားရင်း ခေါင်းမှ အခိုးအငွေ့များ ထွက်လာကာ မျက်နှာတစ်ခုလုံး နီရဲနေခဲ့၏။ သူက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။ “ကျုပ် သိပြီ။ ယောကျ်ားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် လူသူကင်းမဲ့တဲ့ ဘုရားကျောင်းပျက်မှာ ညအိပ်ကြမယ်။ အအေးမိမှာကို ကာကွယ်ဖို့ သူတို့နှစ်ယောက်က အင်္ကျီချွတ်ပြီး မီးဖိုရမယ်။ ခန္ဓာကိုယ်နဲ့ အတွင်းခံတွေကို အမြန်ဆုံး ခြောက်သွေ့အောင် လုပ်ရမယ်။

ဇာတ်လိုက်မင်းသားက ဇာတ်လိုက်မင်းသမီး ဘုရားကျောင်းပျက်ထဲက ရုပ်တုအနောက်မှာ ပုန်းနေပြီး မီးလာ မကင်တာကို မြင်တော့ အန္တရာယ်တစ်ခုခုများ ကြုံနေရပြီလားဆိုပြီး စိတ်ပူသွားတယ်။ ဒါကြောင့် ရုပ်တုအနောက်ကို သွားကြည့်လိုက်တော့ ဟိုဘက်က အင်္ကျီချွတ်နေတာကို အမှတ်မထင် တွေ့သွားတယ်။ သူ့ရဲ့ သွေးသောက်ညီနောင်က တကယ်တော့ မိန်းကလေးဖြစ်နေတာကို သိသွားတာပေါ့။”

ကျင်းအန်းသည် တာအိုဆရာအိုကြီးကို လှမ်းကြည့်လိုက်၏။

ဤတာအိုဆရာအိုကြီးသည် ယခင်က အလုပ်အကိုင် အဆင်မပြေဖြစ်ကာ စီးပွားရေး မကောင်းချိန်တွင် ရုပ်ပြစာအုပ်များ ရေးသားသည့် အလုပ်ကိုများ တွဲလုပ်ခဲ့သေးသလားဟု သူ အလွန်သံသယဝင်သွားမိသည်။

ကျင်းအန်းက ခေါင်းခါလိုက်၏။ “သေချာပေါက် မဟုတ်ဘူး။”

သူက ဆက်ရှင်းပြလိုက်သည်။ “ခင်ဗျား သိဖို့က ဇာတ်လိုက်မင်းသမီးက ရင်စည်းဝတ်ထားတာ။ ရင်စည်းဆိုတဲ့အရာက ခဏလေးနဲ့ ဖြုတ်လို့ရတာ မဟုတ်ဘူး။ သူက ရင်ဘတ်မှာ လိပ်ပြာထုံး ထုံးထားလို့မှ မရတာ။ အဲဒီလိုဆိုရင် အင်္ကျီဝတ်လိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ သွယ်လျတဲ့အလှကို ဖျက်ဆီးပစ်လိုက်သလို ဖြစ်သွားမှာပေါ့။ မိန်းကလေးတွေက အလှအပကို မြတ်နိုးကြတယ်လေ။

ပြီးတော့ မမေ့နဲ့အုံး။ သိုင်းကျင့်တဲ့သူတွေက အတွင်းအား နက်ရှိုင်းမယ်ဆိုရင် အတွင်းအားကို သုံးပြီး အအေးဒဏ်ကို ဖယ်ရှားနိုင်သေးတယ်။

ဇာတ်လိုက်မင်းသမီးက ရင်စည်းဖြုတ်ရတာ ပြဿနာများတယ်လို့ ထင်တဲ့အတွက် သွားကြိတ်ပြီး တစ်ကိုယ်လုံး စိုရွှဲစေးကပ်နေတဲ့ ခံစားချက်ကို ကြိတ်မှိတ်သည်းခံလိမ့်မယ်။ ပြီးတော့ ဇာတ်လိုက်မင်းသားနဲ့ မျက်နှာချင်းဆိုင် မီးဖိုရှေ့မှာ ထိုင်ပြီး အင်္ကျီတွေကို ခြောက်အောင် ကင်လိမ့်မယ်။

အဲဒီအချိန်ကျရင် ဇာတ်လိုက်မင်းသားက အပေါ်အင်္ကျီကို ချွတ်လိုက်ပြီး သိုင်းကျင့်သူတစ်ယောက်ရဲ့ တောင့်တင်းတဲ့ ကြွက်သားတွေကို ပြသလိမ့်မယ်။ ဥပမာ တြိဂံပုံ ကျောပြင်နဲ့ ဗိုက်ကြွက်သား ရှစ်ကွက်လိုမျိုးပေါ့။

ယောကျ်ားနဲ့ မိန်းမ ကွာခြားတဲ့အတွက် ဇာတ်လိုက်မင်းသမီးက ငယ်ငယ်တည်းက ယောကျ်ားလေးရဲ့ ခန္ဓာကိုယ်ကို မမြင်ဖူးခဲ့ဘူး။ ဒီအချိန်မှာ သူ့နှလုံးသားက သမင်လေးတစ်ကောင်လို ခုန်ပေါက်နေပြီး ရင်ထဲမှာ ဘယ်တော့မှ မမေ့နိုင်တော့မယ့် ပုံရိပ်တစ်ခု ကျန်ရစ်ခဲ့လိမ့်မယ်။”

တာအိုဆရာအိုကြီးက စိတ်ဝင်တစားဖြင့် မေးလိုက်၏။ “အဲဒီနောက် တိုက်ဆိုင်မှုတွေကြောင့် ဇာတ်လိုက်မင်းသမီးက သူ့ရဲ့ သွေးသောက်ညီနောင်ကို သဘောကျသွားတာလား။”

သို့ပေမည့် ကျင်းအန်းက ခေါင်းခါလိုက်ပြန်သည်။ “အဲဒီညက ဘာမှ မဖြစ်ခဲ့ဘူး။”

သူက ရှင်းပြလိုက်၏။ “ဒါပေမဲ့ အဲဒီညက ကိစ္စပြီးသွားတဲ့နောက် ဇာတ်လိုက်မင်းသားက တစ်ဖက်လူရဲ့ ရင်ထဲမှာ ဘယ်တော့မှ မမေ့နိုင်တဲ့ မှတ်ဉာဏ်ကို ချန်ထားနိုင်ခဲ့ပြီ။ အဲဒီနောက် သူတို့နှစ်ယောက် သိုင်းလောကထဲ ဆက်ဝင်ကြတယ်။ တစ်နေ့ကျတော့ သူတို့က လူဆိုးတစ်စုကို နှိမ်နင်းလိုက်တယ်။ ဒါပေမဲ့ ဇာတ်လိုက်မင်းသမီးက ဒဏ်ရာရသွားတယ်။

အဲဒီတော့ ကိုယ့်ရဲ့ သွေးသောက်ညီနောင်က မိန်းကလေးဆိုတာ မသိသေးတဲ့ ဇာတ်လိုက်မင်းသားက စိုးရိမ်တကြီးနဲ့ သူ့ရဲ့ သွေးသောက်ညီနောင်ကို ကျောပိုးပြီး အနီးဆုံးမြို့ကို ခြေလျင်လျှောက်ကာ သမားတော် သွားရှာတယ်။ ရလဒ်အနေနဲ့ တစ်ညလုံး ခရီးနှင်ရပြီး လမ်းခရီးမှာ အကြိမ်ကြိမ် လမ်းမှားသွားတယ်။ အဲဒီလိုနဲ့ မနက်ရောက်မှ မြို့ကို ရှာတွေ့သွားတယ်။

ဇာတ်လိုက်မင်းသမီးက စိတ်လှုပ်ရှားသွားတယ်။ သူ့ရင်ထဲက ယောကျ်ား မိန်းမ ခွဲခြားမှု အတားအဆီးတွေ တဖြည်းဖြည်း လျော့ကျသွားတယ်။ တစ်ဖက်လူရဲ့ အကျင့်စာရိတ္တကောင်းမွန်ပြီး ကိုယ်ကျင့်တရား မြင့်မားတယ်လို့ ခံစားရတယ်။ ပြီးတော့ ဂရုစိုက်တတ်ပြီး သတိထားတတ်တယ်။ သွေးဆောင်မှုတွေကိုလည်း ခံနိုင်ရည်ရှိတယ်။ သူက မိန်းကလေးဆိုတာကိုတောင် သတိမထားမိတဲ့ ရိုးသားတဲ့ လူကောင်းတစ်ယောက်လို့ ထင်သွားတယ်။”

တာအိုဆရာအိုကြီးက ထပ်မံ၍ စိတ်လှုပ်ရှားစွာ အော်လိုက်ပြန်သည်။ “ဒီတစ်ခါတော့ ကျုပ် သေချာပေါက် ခန့်မှန်းနိုင်ပြီ။”

သူက လက်ခုပ်တီးကာ ပြောလိုက်၏။ “အဲဒီနောက် အချိန်ကြာလာတော့ သံယောဇဉ်ဖြစ်သွားတာပဲ။”

All Chapters