← Chapters

အခန်း ၂၀၇၅

Vol. 149 Ch. 2075

အခန်း ၂၀၇၅

Vol. 149 Ch. 2075

အပိုင်း ၂၀၇၅ သွေးချောင်းစီးပြီ

ကျန်းရီတွင် ရဲတင်းသော အကြံအစည်တစ်ခု ရှိခဲ့၏။ ၎င်းက ဆန်းကြယ်မှုငါးခုကို ပေါင်းစပ်၍ ဟွင့်သွမ်စွမ်းအင်များကို စုပ်ယူနိုင်ခြင်း ရှိ၊ မရှိ စမ်းသပ်ရန် ဖြစ်သည်။

ဤအကြံအစည်သည် အကြောင်းအရင်း ခိုင်မာ၏။ လွင်မင်းဆန်းကြယ်နယ်မြေရှိ လေအရင်းအမြစ်များ ဖြစ်ပေါ်လာရခြင်းမှာ မြေကြီးအရင်းအမြစ်နှင့် ရေအရင်းအမြစ်တို့ ရှိနေသောကြောင့် ဖြစ်သည်။ ကျန်းရီသည် လျှပ်စီးမှ မြေကြီးနှင့် လျှပ်စီးမှ ရေ ဆန်းကြယ်မှုများကို ပေါင်းစပ်ပြီးနောက် လေအရင်းအမြစ်များကို အမှန်တကယ် စုပ်ယူနိုင်ခဲ့၏။

မှန်ပါသည်။ အကြံအစည်က ကောင်းမွန်သော်လည်း ဆန်းကြယ်မှုငါးခုကို အောင်မြင်စွာ ပေါင်းစပ်၍ ဟွင့်သွမ်စွမ်းအင်များကို စုပ်ယူနိုင်ခြင်း ရှိ၊ မရှ်ိကတော့ ပေါင်းစပ်ကြည့်မှသာ သိနိုင်လိမ့်မည်။

ယခုက နှစ်ခုကို ပေါင်းစပ်ခြင်း မဟုတ်ဘဲ ငါးခုကို ပေါင်းစပ်ရမည်ဖြစ်ရာ ယခင်ထက် အဆပေါင်းများစွာ ခက်ခဲပြီး အချိန်လည်း အလွန်အမင်း ကြာမြင့်ပေလိမ့်မည်။

သူ၏သိမြင်နားလည်နိုင်စွမ်းသာ မြန်ဆန်မနေပါက ကျန်းရီအနေဖြင့် အလွယ်တကူ လက်လျှော့လိုက်ပြီ ဖြစ်သည်။ အပြင်လောက၌သာဆိုပါက အနည်းဆုံး နှစ်အနည်းငယ် သို့မဟုတ် ဆယ်စုနှစ်များစွာ ကြာမြင့်နိုင်၏။ သူ ထွက်သွားချိန်၌ အရာအားလုံး နောက်ကျသွားပေလိမ့်မည်။

"ဆက်ပြီး သိမြင်နားလည်ရမယ်... မြန်မြန်"

ကျန်းရီတွင် ရွေးချယ်စရာ လမ်းမရှိတော့ပေ။ အောင်မြင်စွာ ပေါင်းစပ်၍ ဟွင့်သွမ်စွမ်းအင်များကို ဖောက်ထွက်ကာ ခွန်အားတိုးတက်လာစေပြီး လူသားမျိုးနွယ်ကို သွားရောက်ကယ်တင်ရမည်။ ထိုသို့မဟုတ်ပါက လူသားမျိုးနွယ် ချေမှုန်းခံရ၍ အားလုံး မရှုမလှ သေဆုံးသွားသည်ကို ကြည့်ကာ သူကိုယ်တိုင်လည်း ဤနေရာတွင် ပိတ်မိသေဆုံးသွားရမည် ဖြစ်သည်။

အပြင်ဘက်တွင်တော့ တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။ မိစ္ဆာမျိုးနွယ် စစ်တပ်ကြီးက ကောင်းကင်ကြယ်စုဘုံသို့ ဝင်ရောက်တိုက်ခိုက်နေ၏။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ကောင်းကင်ကြယ်စုဘုံသို့ ပြန်မလာခဲ့ဘဲ ဆန်းကြယ်နယ်မြေတစ်ခုအတွင်း၌ ဒဏ်ရာများကို ကုသနေပုံရသည်။ ယန်ကိုးပါး ကောင်းကင်ဧကရာဇ်၏ ဒေါသတကြီး တိုက်ခိုက်မှုကြောင့် မသေမျိုးတစ်ပိုင်း ရသေ့ကြီးသည် အပြင်းအထန် ဒဏ်ရာရသွားခဲ့ရာ အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်လာနိုင်မည် မဟုတ်ပေ။ ကောင်းကင်ကြယ်စုဘုံသို့ ပြန်သွားပါက သေရမည်ကိုလည်း ရှင်းရှင်းလင်းလင်း သိထားပုံပင်။

သို့သော် ကောင်းကင်ကြယ်စုဘုံရှိ မျိုးနွယ်စုသုံးစုက သတင်းရလျှင်ရ မရလျှင် မသေမျိုးတစ်ပိုင်း ရသေ့ကြီးက အမိန့်ပေးလိုက်ခြင်း ဖြစ်‌ပေလိမ့်မည်။ မျိုးနွယ်စုသုံးစု၏ ထိပ်တန်းမျိုးနွယ်ဝင်များက ရွှေ့ပြောင်းထွက်ခွာသွားကြပြီး ရွှေ့ပြောင်းရန် အချိန်မမီလိုက်သော ပြည်သူသုံးပုံတစ်ပုံနှင့် စစ်တပ်များသာ ကျန်ရစ်၏။

မသေမျိုးတစ်ပိုင်း ရသေ့ကြီးလည်း မရှိ၊ ရွှေအရှင်လည်း သေဆုံးသွားသလို ရှောင်ရူတိလည်း အသတ်ခံလိုက်ရသည်။ လင်းဖေးရှန်းမှာလည်း ယခုအချိန်အထိ ကောင်းကင်ဘုံခုံရုံးအတွင်း၌ ပိတ်မိနေသေး၏။ ကောင်းကင်ကြယ်စုဘုံရှိ မျိုးနွယ်စုသုံးစု၌ စစ်တပ်ကို ဦးဆောင်တိုက်ခိုက်မည့် အင်အားကြီးပုဂ္ဂိုလ်များလည်း မရှိသောကြောင့် ဇာတ်သိမ်းကား ပြောပြရန်ပင် မလိုတော့ချေ။

ချီဟုန်က ဒေါသတကြီးဖြင့် သတ်ဖြတ်ရန် အမိန့်ပေးလိုက်ရာ ကျန်ရစ်နေသော မျိုးနွယ်စုသုံးစု၏ စစ်သည်နှင့် ပြည်သူ ဆယ်သန်းကျော်အား တစ်ယောက်မကျန် သတ်ဖြတ်ပစ်လိုက်သည်။ မိစ္ဆာမျိုးနွယ် ဧကရာဇ်သုံးပါး ခေါ်ဆောင်လာသော မိစ္ဆာစစ်တပ်ကြီးက သနားညှာတာမနေကြချေ။ စစ်တပ်ကြီး ဖြတ်သန်းသွားသည့် နေရာတိုင်း၌ မြက်တစ်ပင်မျှပင် မကျန်ခဲ့ပေ။

ချီဟုန်က မျိုးနွယ်စုသုံးစု၏ အဆင့်မြင့်ပုဂ္ဂိုလ်အချို့ကို ဖမ်းဆီး၍ ဝိညာဉ်များကို ရှာဖွေခဲ့ရာ ကျန်မျိုးနွယ်ဝင်များ ပုန်းအောင်းနေသည့် နေရာကို စုံစမ်းသိရှိခဲ့ရ၏။ ကံဆိုးစွာဖြင့် မြောက်ဘက်ရှိ အလွန်ဝေးကွာသော ရွှိမီဆန်းကြယ်နယ်‌မြေများတွင် ရှိနေကြသည်။ စစ်တပ်ကို ခေါ်ဆောင်သွားပါက အနည်းဆုံး သုံးလခန့် ကြာပေလိမ့်မည်။ တမလွန်ဘုံစစ်တပ်က လဝက်အကြာတွင် ရောက်ရှိလာတော့မည် ဖြစ်သဖြင့် ချီဟုန်မှာ ဒေါသတကြီးဖြင့်သာ စစ်တပ်ကို ပြန်လည်ခေါ်ဆောင်လာခဲ့ရသည်။

မိစ္ဆာစစ်တပ်ကြီး ပြန်လည်ရောက်ရှိလာသဖြင့် ကမ္ဘာဦးကောင်းကင်ဘုံရှိ မျိုးနွယ်စုများမှာ အနည်းငယ် စိတ်အေးသွားကြ၏။ သို့‌သော် မိုးပြာမဟာဧကရာဇ်၏ သဲလွန်စကို ရှာမတွေ့သေးသဖြင့် မိသားစုကြီးများနှင့် စစ်သူကြီးများမှာ ရတက်‌မအေး ဖြစ်‌နေကြသည်။

မိုးပြာမဟာဧကရာဇ်၏ အတွေးကို မည်သူမှ မခန့်မှန်းနိုင်ကြပေ။ လူသားမျိုးနွယ်သည် ကင်းထောက်များစွာကို တိတ်တဆိတ် စေလွှတ်ထားရာ မိုးပြာမဟာဧကရာဇ် အမှန်တကယ် လွတ်မြောက်လာခဲ့ပါက သတင်းတစ်ခု ပေးပို့လိုက်ရုံဖြင့် မျိုးနွယ်စုများကို တည်ငြိမ်သွားစေနိုင်၏။

ချီဟုန်နှင့် မိစ္ဆာမျိုးနွယ် ဧကရာဇ်သုံးပါးတို့ ပြန်ရောက်လာပြီးနောက် မည်သည့် လှုပ်ရှားမှုမှ မရှိကြဘဲ တမလွန်ဘုံမှ တိုက်ခိုက်လာမည့်အချိန်ကိုသာ တိတ်တဆိတ် စောင့်ဆိုင်းနေကြသည်။ ကျန်းရီနှင့် မိုးပြာမဟာဧကရာဇ် ပြန်လာမည့်အချိန် သို့မဟုတ် လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်တို့ ချေမှုန်းခံရမည့်အချိန်ကို စောင့်ဆိုင်းနေကြ၏။

အချိန်များ လျင်မြန်စွာ ကုန်လွန်သွားပြီး ကင်းထောက်များထံမှ သတင်းများ အဆက်မပြတ် ဝင်ရောက်လာသည်။ တမလွန်ဘုံ၏ အင်အားသန်းပေါင်းများစွာရှိသည့် စစ်တပ်ကြီးက လျင်မြန်စွာ ချဉ်းကပ်လာနေ၏။ ၎င်းတို့က သေမင်း၏ဓားတစ်လက်အလား ကမ္ဘာဦးကောင်းကင်ဘုံဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာနေသည်။

တမလွန်ဘုံစစ်တပ်ကြီးက ကောင်းကင်ဝိညာဉ်ဘုံအနီးသို့ ရောက်ရှိနေပြီး ကောင်းကင်ဝိညာဉ်ဘုံနှင့် ကောင်းကင်ကြယ်စုဘုံအား အောင်မြင်စွာ သိမ်းပိုက်လိုက်လေပြီ။ ဤဘုံနှစ်ခုတွင် လူသားမျိုးနွယ်စစ်တပ်နှင့် ပြည်သူများ မရှိတော့သောကြောင့် ရောက်လာသည်နှင့် အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်၏။

တမလွန်ဘုံစစ်တပ်ကြီးက ရပ်တန့်မနေဘဲ ကြီးမားကျယ်ပြန့်သော စစ်အင်အားဖြင့် ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းကာ ကမ္ဘာဦးကောင်းကင်ဘုံဆီသို့ ပျံသန်းလာကြသည်။ ကင်းထောက်များက မင်တဲ၊ မင်လွန်နှင့် အခြားသူများကို အလွယ်တကူ တွေ့ရှိခဲ့၏။ ဤသည်က တမလွန်ဘုံ၏ အင်အားကြီးစစ်သည်တော် အားလုံး ထွက်ပေါ်လာကြသည့် အဓိပ္ပာယ်ပင်။ သို့သော် တမလွန်ဘုံဧကရာဇ်ကိုတော့ မည်သည့် ကင်းထောက်ကမှ ရှာမတွေ့ခဲ့ချေ။ ဤကင်းထောက်များမှာ အဆင့်နိမ့်လွန်းသဖြင့် တမလွန်ဘုံဧကရာဇ်သာ စစ်တပ်ကြီးထဲတွင် ပုန်းအောင်းနေပါက တွေ့ရှိနိုင်မည် မဟုတ်ပေ။

တမလွန်ဘုံသား သန်းရာပေါင်းများစွာ ချီတက်လာနေလေပြီ။

တမလွန်ဘုံဧကရာဇ်က‌တော့ ကိုယ်တိုင်ထွက်မလာသေးချေ။ မသေမျိုးတစ်ပိုင်း ရသေ့ကြီး၏ သရုပ်မှန်ကို ဖော်ထုတ်နိုင်ခဲ့သော်လည်း လူသားမျိုးနွယ်မှာ ဧရာမတောင်ကြီးများအောက်၌ ပိနေသည့်အလား အသက်ရှူမဝ ဖြစ်နေကြသည်။ ကမ္ဘာဦးကောင်းကင်ဘုံရှိ လေထုက လေးလံနေပြီး အားလုံးမှာ ထိတ်လန့်တုန်လှုပ်၍ ရူးသွပ်မတတ် ဖြစ်နေ၏။

ကံကောင်းစွာဖြင့် ပြည်သူအားလုံးကို ကမ္ဘာငယ်ခုနစ်ခုသို့ ရွှေ့ပြောင်းထားသဖြင့် အုံးအုံးကျွက်ကျွက် ထိတ်လန့်ဆူပူမှုများ ဖြစ်မလာချေ။ ကျန်ရစ်နေသူများမှာ စစ်သည်များသာဖြစ်ပြီး သွေးချောင်းစီး စစ်ပွဲများစွာ ဖြတ်သန်းဖူးကြသဖြင့် သေရမည်ကို မကြောက်ကြပေ။ ဤအခြေအနေအထိ ဖိအားပေးခံရပြီဖြစ်ရသဖြင့် နောက်ဆုတ်စရာ လမ်းမရှိချေ။

မိုးပြာမဟာဧကရာဇ်က ယခုထိ ထွက်မလာသေးပေ။

မည်သည့် ကင်းထောက်ကမှ သူ့ကို ရှာမတွေ့ခဲ့သော်လည်း ရှားယွီလက်ထဲရှိ ကျောက်စိမ်းတံဆိပ်ပြားကတော့ တဖြည်းဖြည်း ပိုမို တောက်ပလာ၏။ ရှားယွီသည် မိုးပြာမဟာဧကရာဇ် ကမ္ဘာဦးကောင်းကင်ဘုံနှင့် နီးကပ်လာသည်ကို ခံစားနေရ၏။ ဤခံစားချက်က အားလုံး၏ မျှော်လင့်ချက်များကို တောက်ပနေစေတေ,ြစာ်။

ကျန်းရီကလည်း ပေါ်မလာသေးပေ။

ကျန်းရီ၏ သတင်းကိုတော့ ပိတ်ပင်ထားချေသည်။ ယန်အရှင်နှင့် ရှားယွီတို့ကတော့ သူ ကောင်းကင်တွင်းနက်ကြီးအောက်တွင် ပိတ်မိနေကြောင်းသာ သိထားကြသည်။ ယန်အရှင်က လူလွှတ်၍ စုံစမ်းစေခဲ့သော်လည်း ကောင်းကင်တွင်းနက်ကြီးအောက်တွင် ကျန်းရီ၏ အရိပ်အယောင်ကို မတွေ့ခဲ့ရချေ။ သူ ထွက်လာခြင်း ရှိ၊ မရှိ မည်သူမှ မသိကြပေ။

သို့သော် ကျန်းရီ ထွက်လာနိုင်လျှင်တောင်မှ ဘာလုပ်နိုင်မည်နည်း။ ယခုအချိန်၌ ကောင်းကင်ဘုရင်ဝေပင်လျှင် ကျန်းရီကို သိပ်မမျှော်လင့်တော့ချေ။ မိုးပြာမဟာဧကရာဇ်ကိုသာ အားကိုးထား၏။

လူတိုင်းက အရဲစွန့် မျှော်လင့်ထားကြသည်။ မိုးပြာမဟာဧကရာဇ်သည် မီးတောက်အရှင်၊ ကျောက်တုံးအရှင်နှင့် ငွေအရှင်တို့ကို ခေါ်ဆောင်ကာ တိတ်တဆိတ် ပြန်လာနေပြီး မည်သည့် သဲလွန်စမှ မချန်ထားသလို လူသားမျိုးနွယ်၏ ကင်းထောက်များကိုလည်း မဆက်သွယ်ခြင်း ဖြစ်ပေလိမ့်မည်။ တမလွန်ဘုံဧကရာဇ်နှင့် တမလွန်ဘုံစစ်တပ်ကြီးကို အသိမပေးဘဲ သေရေးရှင်ရေး အချိန်ရောက်မှ ထွက်ပေါ်လာပြီး တမလွန်ဘုံဧကရာဇ်ကို သတ်ဖြတ်ပေလိမ့်မည်။

ဤသည်က ခန့်မှန်းချက်သာ ဖြစ်ပြီး ပိုမို တိကျစွာ ပြောရပါက စိတ်နှလုံးထဲမှ ဆန္ဒများနှင့် ယုတ္တိမဆန်သော မျှော်လင့်ချက်များသာ ဖြစ်သည်။ လူအတော်များများသည် မိမိကိုယ်ကို နှစ်သိမ့်လှည့်စားရန် အ‌ကောင်းဘက်မှသာ တွေးတတ်ကြ၏။

လဝက်ကြာပြီးနောက်။

စစ်ပွဲကြီး အမှန်တကယ် စတင်လေပြီ။ တမလွန်ဘုံစစ်တပ်ကြီးက ကမ္ဘာဦးကောင်းကင်ဘုံအပြင်ရှိ ဆန်းကြယ်နယ်‌မြေ ဒါဇင်‌ ပါင်းများစွာဆီသို့ ရောက်ရှိလာသည်။ နေ့တစ်ဝက်ခန့် အနားယူပြီးနောက် စစ်တပ်များစုစည်း၍ ကမ္ဘာဦးကောင်းကင်ဘုံ၏ မန္တန်အစီအရင်ကြီးကို အဆက်မပြတ် စတင် တိုက်ခိုက်တော့၏။

ဤတစ်ကြိမ် တိုက်ခိုက်မှုက မသေမျိုးတစ်ပိုင်း ရသေ့ကြီး၏ တိုက်ခိုက်မှုထက် အဆပေါင်းများစွာ ပြင်းထန်အားကောင်းသည်။ တမလွန်ဘုံမှ စစ်သည်သန်းသုံးရာ ရောက်ရှိလာပြီး အားလုံးက တမလွန်ဘုံ၏ ထိပ်တန်းစစ်သည်တော်များ ဖြစ်ကြ၏။ တမလွန်ဘုံဧကရာဇ်စစ်တပ်က အလုံးစုံ ထွက်ပေါ်လာပြီး တမလွန်ဘုံတွင် ပုန်းအောင်းနေသော ဧကရာဇ်အဆင့် တမလွန်ဘုရင်များနှင့် သာမန် တမလွန်ဘုရင်အားလုံး စစ်ပွဲထဲသို့ ဝင်ရောက်လာကြသည်။

ဧကရာဇ်အဆင့် တမလွန်ဘုရင် အရေအတွက်က နှစ်ဆယ်အထိ ရှိပြီး ဧကရာဇ်တစ်ပိုင်းအဆင့် တမလွန်ဘုရင် အရေအတွက်က ငါးရာအထိ ရှိ၏။

မရေမတွက်နိုင်သော ကင်းထောက်များက အသက်စွန့်၍ သတင်းအချက်အလက်များ ပြန်လည် ပေးပို့လာကြသည်။ ကမ္ဘာဦးကောင်းကင်ဘုံရှိ မျိုးနွယ်စုအားလုံး ပွက်လောရိုက်သွားပြီး မိစ္ဆာစစ်တပ်ကြီးလည်း အလွန်အမင်း ထိတ်လန့်သွားကြသည်။ တမလွန်ဘုံ၏ ပုန်းကွယ်နေသော အင်အားမှန်သမျှ ထွက်ပေါ်လာချေပြီ။ တမလွန်ဘုံသည် အင်အားကြီးပုဂ္ဂိုလ် အားလုံးကို စုစည်း၍ ကမ္ဘာဦးကောင်းကင်ဘုံကို တိုက်ခိုက်လာနေသည်။ ဤတစ်ကြိမ်တွင် လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်ကို အမြစ်ဖြတ် ချေမှုန်းရန် ဆုံးဖြတ်ထားပုံရ၏။

ထိုမျှများပြားလှသော အင်အားကြီးပုဂ္ဂိုလ်များနှင့် စစ်တပ်ကြီးက ကမ္ဘာဦးကောင်းကင်ဘုံ၏ မန္တန်အစီအရင်ကြီးကို အဆက်မပြတ် တိုက်ခိုက်နေကြသည်။ ပုံမှန်တွင် တစ်လတိတိ တောင့်ခံနိုင်သော်လည်း ယခု အခြေအနေအရ ဆယ်ရက်၊ လဝက်ပင် တောင့်ခံနိုင်တော့မည် မဟုတ်ပေ။

ထျန်းဖုန့်ဧကရာဇ်၊ ယန်အရှင်၊ ရှားယွီ၊ ကောင်းကင်ဘုရင်ဝေ၊ ရှန်ကွေ့နှင့် အခြားသူများက တိုင်ပင်ဆွေးနွေးပြီးနောက် စစ်တပ်ကြီး စေလွှတ်၍ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။

ကမ္ဘာဦးကောင်းကင်ဘုံ၏ မန္တန်အစီအရင်ကြီးကား လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်အတွက် နောက်ဆုံး အကာအကွယ် ဖြစ်၏။ ဤအကာအကွယ် ရှိနေပါက သူတို့အနေဖြင့် အနည်းဆုံးတော့ အလွယ်တကူ လှုပ်ရှား‌နိုင်ပေလိမ့်မည်။ အကာအကွယ်ကြီးသာ ပျက်စီးသွားပါက လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်မှာ တမလွန်ဘုံစစ်တပ်ကြီး၏ ဝိုင်းရံပိတ်ဆို့ခံရ၍ နောက်ဆုံးတွင် အားလုံး မျိုးသုဉ်းသတ်ဖြတ်ခံရမည်ဖြစ်သည်။

ယခုအချိန် စစ်တပ်ကြီး စေလွှတ်၍ အရပ်လေးမျက်နှာမှ တိုက်ခိုက်ပါက တမလွန်ဘုံစစ်တပ်ကြီး၏ အင်အားကို အဖွဲ့များခွဲထွက်၍ အားနည်းသွားစေနိုင်၏။ မိုးပြာမဟာဧကရာဇ် ပြန်လာမည့်အချိန်အထိ အချိန်ဆွဲထားနိုင်ပေလိမ့်မည်။

အမိန့်များကို တစ်ခုပြီးတစ်ခု ထုတ်ပြန်လိုက်သည်။ လူသားမျိုးနွယ်၏ စစ်အင်အားတစ်ဝက် စစ်သည်သန်းတစ်ရာနှင့် မိစ္ဆာမျိုးနွယ်၏ စစ်အင်အားတစ်ဝက် စစ်သည်သန်းတစ်ရာတို့ကို စုစည်း၍ တစ်သုတ်စီ စေလွှတ်လိုက်၏။ တစ်သုတ်ချင်းစီကို အင်အားကြီး ပုဂ္ဂိုလ်တစ်ယောက်စီက ဦးဆောင်သွားသည်။

မိစ္ဆာမျိုးနွယ် ဧကရာဇ်သုံးပါး၊ ချီဟုန်၊ ရှားယွီ၊ ယန်အရှင်၊ ကောင်းကင်ဘုရင်ဝေနှင့် ရှန်ကွေ့တို့အားလုံး စစ်မြေပြင်သို့ ဝင်ရောက်သွားကြ၏။ ဟယ်နုန်ယင်းကတော့ ယန်ကိုးပါးမြို့တော်တွင် နေလျက် သတင်းများကို စုစည်းကာ ကြီးကြပ်ကွပ်ကဲနေသည်။

သွေးချောင်းစီးမည့် စစ်ပွဲကြီး စတင်လေပြီ။

All Chapters