← Chapters

အခန်း ၆၀၁

Vol. 61 Ch. 601

အခန်း ၆၀၁

Vol. 61 Ch. 601

အခန်း (၆၀၁)

" သိုင်းတာအို... တကယ်ထူးဆန်းတာပဲ။ ပြီးတော့ မင်းရဲ့ နတ်ဘုရားအာရုံကလည်း ကွဲပြားနေတယ်။ "

" ဒါနဲ့ မင်းက အင်မော်တယ်လမ်းစဉ်ကို မကျင့်ကြံဘဲနဲ့ အင်မော်တယ်ဘုံကို ဘယ်လိုလုပ်ဝင်လာနိုင်တာလဲ။ အိုးကိုးလုံးက လူသားဘုံမှာ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာစွမ်းအားကို ထိန်းသိမ်းပြီး အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေ မထိန်းချုပ်နိုင်အောင် ကာကွယ်ပေးခဲ့တယ်။ " စူးရန်ရှီက လေးနက်စွာ မေးလိုက်သည်။

" စီနီယာတို့ ဂျူနီယာက အင်မော်တယ်ဘုံနဲ့ လူသားဘုံကို ချိတ်ဆက်ပေးနိုင်တဲ့ ရတနာတစ်ခုကို ရရှိခဲ့ပါတယ်။ အဲ့ဒီရတနာကို သုံးပြီး အင်မော်တယ်ဘုံထဲ ဝင်လာတာပါ။ " ကျောက်ဖုန်းက ပြုံး၍ ပြန်ဖြေလိုက်သည်။

" အိုးကိုးလုံးကို ငါတို့ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာစွမ်းအားမပါဘဲ သုံးလို့မရဘူး။ မင်းက အိုးကိုးလုံးရဲ့ စွမ်းအားကို ဘယ်လိုလုပ် အသုံးပြုနိုင်တာလဲ။ ဒီအိုးကိုးလုံးက အားကောင်းနဲ့ ကံကြမ္မာစွမ်းအားနဲ့ အသုံးပြုထားတာကို ငါခံစားမိတယ်။ " ဖုရှီက သိလိုစိတ်ဖြင့် ပြောလိုက်သည်။

" လူသားဧကရာဇ်တို့ ဂျူနီယာက ချင်ရဲ့ အိမ်ရှေ့စံဖြစ်လို့ ကံကြမ္မာစွမ်းအားကို အင်ပါယာကံကြမ္မာစွမ်းအားအဖြစ် ပြောင်းလဲပြီး အိုးကိုးလုံးရဲ့ စွမ်းအားကို အသက်သွင်းခဲ့တာပါ။ "ကျောက်ဖုန်းက လေးစားစွာဖြင့် ပြောလိုက်သည်။

" ကံကြမ္မာစွမ်းအားကို အင်ပါယာကံကြမ္မာအဖြစ် ပြောင်းလဲတာလား။ အဲ့ဒါကို ငါတစ်ခါမှမကြားဖူးဘူး။ အတိတ်တုန်းက လူသားမျိုးနွယ် အားကောင်းလာတဲ့အချိန်မှာ နယ်မြေတွေကို ကာကွယ်ဖို့ အိုးကိုးလုံးရဲ့ စွမ်းအားကို အသက်သွင်းနိုင်ခဲ့တာ။ ဒါပေမယ့် မိတ်ဆွေလေး အင်ပါယာကံကြမ္မာစွမ်းအားနဲ့ အိုးကိုးလုံးကို အသက်သွင်းနိုင်တယ်ဆိုတာ အင်ပါယာကံကြမ္မာစွမ်းအားမှာ ထူးခြားချက်တွေ ရှိတယ်ဆိုတာ ပြနေတာပဲ။ "

လူသားဧကရာဇ်များက ပြုံးလိုက်ကြသည်။ ကျောက်ဖုန်းက လူသားမျိုးနွယ်တစ်ယောက်ဖြစ်ပြီး အိုးကိုးလုံးအား အသက်သွင်းနိုင်သည်ကို မြင်ရသောအခါ သူတို့ အလွန်ကျေနပ်အားရလေသည်။ အိုးကိုးလုံးက လူသားမျိုးနွယ်၏ အထွတ်အမြတ်ရတနာများဖြစ်သည်။

" လူသားဧကရာဇ်တို့ ကျွန်တော်မှာ မေးစရာမေးခွန်းတစ်ခုရှိပါတယ်။ " ကျောက်ဖုန်း၏ အမူအရာက လေးနက်သွားသည်။

" မိတ်ဆွေလေး ပြောပါ။ " စူးရန်ရှီက ပြုံး၍ ပြောလိုက်သည်။

" မြေကြီးအင်မော်တယ်ဘုံထဲက ကျွန်တော်တို့ လူသားမျိုးနွယ်ရဲ့ အခြေအနေကို လူသားဧကရာဇ်တို့ သိပါသလား။ " ကျောက်ဖုန်းက မေးလိုက်သည်။

" ရှေးခေတ်က ကံကြွေးတွေ ပြည့်စုံသွားပြီးတဲ့နောက် ငါတို့က မီးတိမ်တိုက်လှိုဏ်ဂူမှာ နေထိုင်ခဲ့တယ်။ သူတော်စင်တွေ ပျောက်ကွယ်သွားပြီးတဲ့နောက်မှာ ငါတို့က မီးတိမ်တိုက်လှိုဏ်ဂူထဲမှာ လုံးဝ ပိတ်မိနေခဲ့တယ်။ ငါတို့က လူသားမျိုးနွယ်ရဲ့ အခြေခံအချက်အလက်တွေကိုပဲ သိရတယ်။ တိုက်ကြီးလေးခုထဲမှာ အရှေ့တိုက်ကြီးထဲက လူသားမျိုးနွယ်က အတည်ငြိမ်ဆုံးဖြစ်ပြီး တောင်ဘက်က အရှုပ်ထွေးဆုံးပဲ။ အနောက်ဘက်မှာလည်း အတော်လေးအေးချမ်းပါတယ်။ တာအိုဂိုဏ်းနဲ့ ​ဗုဒ္ဓဂိုဏ်းက အငြင်းပွားမှုတွေ ရှိနေပေမယ့် အဲ့ဒါက ပုံမှန်ပါပဲ။ " စူးရန်ရှီက ဖြည်းညင်းစွာ ပြောလိုက်ပြီး အခြားသူများကလည်း ခေါင်းညိမ့်လိုက်ကြသည်။

" စီနီယာတို့ အဲ့ဒါက ဒီနေ့ခေတ် လူသားမျိုးနွယ်ရဲ့ အပေါ်ယံအခြေအနေပါပဲ။ " ကေကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" အပေါ်ယံအခြေအနေလား။ " လူသားဧကရာဇ်များက ကျောက်ဖုန်းကို အံ့ဩစွာ ကြည့်လိုက်ကြသည်။

" မိတ်ဆွေလေး အဲ့ဒါ ဘာကိုဆိုလိုတာလဲ။ " ဖုရှီက မေးလိုက်သည်။

" လက်ရှိကမ္ဘာမှာ ကပ်ဘေးချီတွေ ဖုံးလွှမ်းနေတယ်။ အင်မော်တယ်တွေရဲ့ သက်တမ်းက တိုတောင်းသွားတယ်။ သူတော်စင်တွေ ပျောက်ကွယ်သွားပြီးတဲ့နောက်မှာ စိတ်ဝိညာဉ်အမြစ်ဆေးလုံးလို့ခေါ်တဲ့ အရာတစ်ခု ပေါ်လာတယ်။ အင်မော်တယ်လမ်းစဉ်မှာ အဲ့ဒီဆေးလုံးကို စားရုံနဲ့ ကျင့်ကြံဖို့ စိတ်ဝိညာဉ်အမြစ် မလိုတော့ဘူး။ အဲ့ဒီဆေးလုံးက လူသားမျိုးနွယ်ရဲ့ အသွေးအသားနဲ့ ပြုလုပ်တာပဲ။ ပြီးတော့ အဲ့ဒီဆေးလုံးက ကျင့်ကြံခြင်းကို ခုန်ပျံကျော်လွှားပြီး တိုးတက်စေတယ်။ အင်မော်တယ်တွေ၊ နတ်ဘုရားတွေနဲ့ ​ဗုဒ္ဓတွေကတော့ လူသားတွေရဲ့ ဝိညာဉ်အနှစ်သာရကို ထုတ်ယူကြတယ်။ အဲ့ဒါကို ဆေးလုံးအဖြစ် သန့်စင်ပြီး သောက်သုံးရင် သူတို့ရဲ့ သက်တမ်းကို တိုးမြှင့်ပေးပြီး ကပ်ဘေးတွေကို ရှောင်ရှားနိုင်တယ်။ အခု တိုက်ကြီးလေးခုက လူသားမျိုးနွယ်တွေက အင်မော်တယ်တွေ၊ နတ်ဘုရားတွေနဲ့ ​ဗုဒ္ဓတွေရဲ့ အစာအဖြစ် မွေးမြူခြင်းကို ခံနေရတယ်။ ဒါကြောင့် ငြိမ်းချမ်းတယ်ဆိုတာ အပေါ်ယံအခြေအနေပါပဲ။ တကယ်တော့ လူသားမျိုးနွယ်က သူတို့မွေးမြူထားတဲ့ တိရစ္ဆာန်တွေ ဖြစ်သွားခဲ့တာကြာပါပြီ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

ထိုစကားများကို ကြားသောအခါ လူသားဧကရာဇ်များ၏ အမူအရာများက ပြောင်းလဲသွားကြသည်။

" စိတ်ဝိညာဉ်အမြစ်ဆေးလုံး စိတ်ဝိညာဉ်အမြစ်မရှိဘဲ ကျင့်ကြံနိုင်တယ်။ လူသားတွေရဲ့ အသွေးအသားကို စားသုံးတယ်။ "

" အင်မော်တယ်တွေနဲ့ ​ဗုဒ္ဓတွေက ငါတို့ လူသားမျိုးတွေကို တိရစ္ဆာန်တွေလို မွေးမြူပြီး စားသုံးနေကြတာလား။ "

" ငါတို့ လူသားမျိုးနွယ်က ကောင်းကင်နဲ့မြေကြီးရဲ့ အဓိကဇာတ်ဆောင်ပဲ။ ဘယ်လိုလုပ်ဒီလိုဖြစ်ရတာလဲ။ "

" အင်မော်တယ်တွေနဲ့ ​ဗုဒ္ဓတွေက ဘယ်လိုလုပ် ဒီလောက်ရဲတင်းရတာလား။ သူတော်စင်တွေ ပျောက်ကွယ်သွားပေမယ့် သူတို့ရဲ့ ဆက်ခံသူတွေ ရှိနေသေးတာပဲ။ ဘာလို့ဒီလိုဖြစ်ရတာလဲ။ "

" ဟောက်ထျန်းက ကောင်းကင်ဧကရာဇ်ဖြစ်ပြီး အနောက်ဘက်က တထာဂတကလည်း အတိတ်က သူတော်စင်ရဲ့ တပည့်ဖြစ်ခဲ့တာပဲ။ ဘာလို့ဒီလိုဖြစ်ရတာလဲ။ "

လူသားဧကရာဇ်များက ကျောက်ဖုန်း၏ စကားများကြောင့် အံ့ဩသွားကြသည်။ အကယ်၍ ကျောက်ဖုန်းသာ မပြောခဲ့လျှင် သူတို့က လူသားမျိုးနွယ်၏ အခြေအနေကို သိရမည်မဟုတ်ပေ။ သူတို့က လူသားမျိုးနွယ်၏ ကံကြမ္မာကိုသာ ခံစားနိုင်ခဲ့ပြီး မီးတိမ်တိုက်လှိုဏ်ဂူထဲမှ ထွက်ခွာနိုင်ခြင်းမရှိခဲ့ပေ။ အကြောင်းမှာ ၎င်းက သူတော်စင်များ ဖန်တီးခဲ့သော အစီအရင်ဖြစ်သောကြောင့်ပင်ဖြစ်သည်။ အတိတ်တွင် ထိုက်ချင်းသူတော်စင်ကိုယ်တိုင်က ထိုအစီအရင်ကို ဖန်တီးခဲ့ခြင်းဖြစ်သည်။

" မိတ်ဆွေလေး မင်းပြောတာ အမှန်ပဲလား။ " ဖုရှီက လေးနက်စွာ မေးလိုက်သည်။

အတိတ်တွင် လူသားမျိုးနွယ် စတင်ထွက်ပေါ်လာစဉ်က လူသားမျိုးနွယ်ကို အစာအဖြစ် အသုံးပြုခဲ့သည်မှာ အမှန်တကယ်ရှိခဲ့သည်။ ထိုအချိန်တွင် ဝူနှင့်နတ်ဆိုးမျိုးနွယ်က အသန်မာဆုံးဖြစ်ပြီး နတ်ဆိုးမျိုးနွယ်က လူသားမျိုးနွယ်ကို စားသုံးခဲ့ကြသည်။ သို့သော် လူသားမျိုးနွယ်က တဖြည်းဖြည်း သန်မာလာသည်နှင့်အမျှ လူသားများကို စားသုံးသည့်အခြေအနေကလည်း လုံးဝ မရှိတော့ပေ။

" လူသားဧကရာဇ်တို့ ဂျူနီယာက ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ်လိမ်ညာမှာလဲ။ အတိတ်တုန်းက လူသားဧကရာဇ်တို့က ကောင်းကင်နဲ့ မြေကြီးကို ဖြတ်တောက်ပြီး လူသားဘုံကို ခွဲထုတ်ခဲ့တာ ကံကောင်းတာပဲ။ မဟုတ်ရင် လူသားဘုံက ရှေးကတည်းက အင်မော်တယ်နဲ့ ​ဗုဒ္ဓတွေရဲ့ အစာဖြစ်သွားလောက်ပြီ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" အင်မော်တယ်တွေနဲ့ ​ဗုဒ္ဓတွေလား။ သူတို့က ငါတို့ရဲ့ လူသားမျိုးနွယ်ကို ဘယ်လိုလုပ်ဒီလိုဆက်ဆံရဲတာလဲ။ " ရွှမ်ယွမ်က ဒေါသတကြီး ပြောလိုက်သည်။

" သူတို့က တကယ် သေချင်နေကြတာပဲ။ "

" ငါတို့က မီးတိမ်တိုက်လှိုဏ်ဂူထဲမှာ အကျဉ်းချခံထားရတယ်။ မဟုတ်ရင် ငါတို့ရှစ်ယောက်ရဲ့ စွမ်းအားနဲ့ လူသားမျိုးနွယ်ကို ကာကွယ်နိုင်လိမ့်မယ်။ "

" မိတ်ဆွေလေး အခြေအနေကို သေချာရှင်းပြပါဦး။ အရင်တုန်းက လူသားမျိုးနွယ်တစ်ယောက် ငါတို့ကို လာပြီးပူဇော်တုန်းက အင်မော်တယ်တက်လှမ်းခြင်းအခမ်းအနားအကြောင်း ပြောပြခဲ့တယ်။ အဲ့ဒါက စိတ်ဝိညာဉ်အမြစ်ရှိတဲ့ လူသားတွေကို အင်မော်တယ်ဂိုဏ်းထဲခေါ်ပြီး ကျင့်ကြံနိုင်တယ်လို့ ပြောတယ်။ အဲ့ဒါက ဘာလဲ။ " ရှန်းနုံက တစ်စုံတစ်ခုကို တွေးမိပြီး ပြောလိုက်သည်။

ရှေးခေတ်ကာလတွင် လူသားမျိုးနွယ်၌ စိတ်ဝိညာဉ်အမြစ်ဟူသော သဘောတရားမရှိခဲ့ပေ။ လူတိုင်းက ဟောက်ထျန်းတာအိုခန္ဓာကို ရရှိကြပြီး နောက်ပိုင်းတွင် ရှန်ထျန်းတာအိုခန္ဓာကို ရရှိခဲ့ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ သွေးမျိုးဆက်များ အားနည်းလာမှသာ စိတ်ဝိညာဉ်အမြစ်များ ပေါ်လာခြင်းဖြစ်သည်။

" အင်မော်တယ်တက်လှမ်းခြင်းအခမ်းအနားဆိုတာ အင်မော်တယ်တွေနဲ့ ​ဗုဒ္ဓတွေက ဝက်ခြံထဲက အသားပိုပေါတဲ့ ဝက်တွေကို ရွေးထုတ်လိုက်တာပဲ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

ထိုစကားများကြားသောအခါ လူသားဧကရာဇ်များက ပို၍ ဒေါသထွက်သွားကြသည်။

" ကောင်းတယ် အရမ်းကောင်းတယ်။ "

" သူတို့က ငါတို့ လူသားမျိုးနွယ်ကို တကယ်ပဲ ဒီလိုဆက်ဆံရဲတယ်ပေါ့။ " လူသားဧကရာဇ်များ၏ မျက်နှာများက သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွားသည်။

" ငါတို့လူသားမျိုးနွယ်က အရင်တုန်းက အသန်မာဆုံးဖြစ်ခဲ့တာပဲ။ ကောင်းကင်ဘုံ၊ ​ဗုဒ္ဓဂိုဏ်းနဲ့ အခြားအင်အားစုတွေမှာ ငါတို့ လူသားမျိုးနွယ်က အစွမ်းထက်တဲ့ ကျင့်ကြံသူတွေ ရှိသင့်ပါတယ်။ သူတို့က ဒါကို မတားကြဘူးလား။ " ရှန်းနုံက လေးနက်စွာ ပြောလိုက်သည်။

" အင်အားစုတွေမှာ ကျွန်တော်တို့ လူသားမျိုးနွယ်ဝင်တွေ ရှိတာမှန်ပါတယ်။ ဒါပေမယ့် သူတို့မှာလည်း ကိုယ်ပိုင်အကျိုးစီးပွားရှိကြပါတယ်။ သူတို့ရဲ့ ကျင့်ကြံမှုကို မြှင့်တင်ပြီး သက်တမ်းပိုရှည်ဖို့ဆိုရင် ကိုယ်မျိုးနွယ်ဝင်တွေရဲ့ အသက်ကို ဘာလို့ဂရုစိုက်ရမှာလဲ။ တိုက်ကြီးလေးခုထဲက အဆုံးမရှိတဲ့ လူသားမျိုးနွယ်တွေက သူတို့မျက်လုံးထဲမှာ ပုရွက်ဆိတ်တွေနဲ့ မခြားပါဘူး။ " ကျောက်ဖုန်းက အေးစက်စွာ ပြုံးလိုက်သည်။

" မှန်တယ်။ ဒါကို ဆန့်ကျင်ချင်တဲ့ လူသားမျိုးနွယ်တွေလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးတစ်ခုလုံးရဲ့ ပြောင်းလဲမှုကို ဆန့်ကျင်ဖို့ သူတို့မှာ အင်အားမရှိကြဘူး။ သူတို့က အားနည်းလွန်းတယ်။ "

" မိတ်ဆွေလေး လူသားဘုံကို ကောင်းကောင်းစောင့်ရှောက်ပါ။ နောက်ဆုံးကျန်တဲ့ သန့်စင်နယ်မြေကိုလည်း ကာကွယ်ပေးပါ။ လူသားမျိုးနွယ်က တိရစ္ဆာန်တွေလို ဖြစ်နေပြီ။ ငါတို့က လူသားမျိုးနွယ်ရဲ့ ဧကရာဇ်တွေဖြစ်ပါလျက်နဲ့ ဘာမှမလုပ်ပေးနိုင်ဘူး။ " စူးရန်ရှီက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

အကယ်၍ သူတို့က မီးတိမ်တိုက်လှိုဏ်ဂူထဲမှ ထွက်လာနိုင်လျှင် လူသားမျိုးနွယ်ကို ဤအခြေအနေမှ ကယ်တင်နိုင်ပေလိမ့်မည်။ မဟာဧကရာဇ်သုံးပါးက သူတော်စင်တစ်ဝက်အဆင့် အထွတ်အထိပ်တွင် ရှိပြီး ဧကရာဇ်ငါးပါးက တလျိုရွှေအင်မော်တယ်အဆင့် အထွတ်အထိပ်တွင် ရှိသည်။ သို့သော် သူတော်စင်များ ဖန်တီးခဲ့သော အစီအရင်ကို သူတို့အားလုံး မချိုးဖျက်နိုင်ကြပေ။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters