အခန်း ၆၀၂
Vol. 61 Ch. 602
အခန်း (၆၀၂)
" ဂျူနီယာက ချင်စစ်တပ်ကိုညဦးဆောင်ပြီး အင်မော်တယ်ဘုံထဲ ဝင်ရောက်လာတာပါ။ အခုတော့ နယ်မြေတွေ သိမ်းပိုက်ပြီး လူဦးရေတစ်ဘီလီယံကျော်ကို ကာကွယ်ပြီးပါပြီ။ " ကျောက်ဖုန်းက ပြောပြီး လက်ဝှေ့ရမ်းလိုက်သည်။
ချင်စစ်တပ်က နယ်မြေများသိမ်းပိုက်နေပုံနှင့် ခွန်လွန်ကို ဖျက်ဆီးပြီး လူပေါင်းသိန်းချီအား ကယ်တင်ခဲ့သည့် မြင်ကွင်းများကို ပြသလိုက်သည်။ ၎င်းတို့ကို မြင်သောအခါ လူသားဧကရာဇ်များက အံ့ဩသွားကြသည်။
" ဒီလိုစစ်တပ်ကို မင်းက အင်မော်တယ်ဘုံကို ဘယ်လိုခေါ်လာတာလဲ။ မင်းရခဲ့တဲ့ ရတနာက ခွန်လွန်ကြေးမုံလား။ " ရွှမ်ယွမ်က အံ့ဩစွာ ပြောလိုက်သည်။
" ခွန်လွန်ကြေးမုံတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ခွန်လွန်ကြေးမုံလိုပဲ ဟင်းလင်းပြင်ကို ခွဲပြီး အာကာသလမ်းကြောင်းတစ်ခု ဖွင့်ပေးနိုင်တယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" စစ်သည်တစ်သန်း အားလုံးက ကျင့်ကြံသူတွေချည်းပဲ။ ပြီးတော့ အများစုက အင်မော်တယ်အဆင့်စွမ်းအားကို ပိုင်ဆိုင်ကြတယ်။ ဒီစစ်တပ်က ငါတို့ခေတ်က စစ်တပ်ထက် အားနည်းပေမယ့် သူတို့သယ်ဆောင်ထားတယ် သတ်ဖြတ်လိုစိတ်က အရင်တုန်းကနဲ့ အတူတူပဲ။ "
" လူသားဘုံမှာ ဒီလောက်များတဲ့ ကျင့်ကြံသူတွေကို ပျိုးထောင်ပေးနိုင်တယ်ဆိုတော့ မင်းက တကယ်ကို ထူးခြားတာပဲ။ " လူသားဧကရာဇ်များက အံ့ဩစွာဖြင့် ပြောလိုက်ကြသည်။
" လူသားဧကရာဇ်တို့ရဲ့ ချီကျူးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဂျူနီယာ လူသားဘုံမှာ ရှိနေတုန်းက ကောင်းကင်ဘုံက အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တယ်။ လူသားဘုံမှာပဲ ဆက်နေရင် သေဖို့ ထိုင်စောင့်နေရုံပဲ ရှိလိမ့်မယ်။ ဒါကြောင့် ဂျူနီယာက အင်မော်တယ်ဘုံကို ဝင်ရောက်လာတာပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" မိတ်ဆွေလေး ဒါက မလုံလောက်သေးဘူး။ အဝေးကြီးလိုသေးတယ်။ သူတော်စင်တွေ ပျောက်ကွယ်သွားပေမယ့် ကမ္ဘာပေါ်မှာ သူတော်စင်တစ်ဝက်အဆင့် ကျင့်ကြံသူတွေ အများကြီး ကျန်သေးတယ်။ အင်မော်တယ်နဲ့ သူတော်စင်ကြားက ကွာခြားချက်က စကားလုံးတစ်ခုတည်းဆိုပေမယ့် စွမ်းအားကွာခြားချက်က ကောင်းကင်နဲ့မြေကြီးလိုပဲ။ မင်းသတိထားရမယ်။ " စူးရန်ရှီက သတိပေးလိုက်သည်။
" မှန်တယ်။ လက်ရှိအခြေအနေအရ မင်းက လူသားမျိုးနွယ်ရဲ့ ကယ်တင်ရှင်ဖြစ်ပြီး မင်းရဲ့ နိုင်ငံကလည်း အတူတူပဲ။ ငါတို့လူသားမျိုးနွယ်က လွတ်မြောက်ချင်တယ်ဆိုရင် မင်းကိုပဲ အားကိုရလိမ့်မယ်။ ငါတို့မှာ ဘာမှလုပ်နိုင်စွမ်းမရှိဘူး။ "
" မိတ်ဆွေလေး မင်းဂရုစိုက်ရမယ်။ "
လူသားဧကရာဇ်များက ကျောက်ဖုန်းကို တစ်ယောက်ပြီးတစ်ယောက် သတိပေးလိုက်ကြသည်။ ကျောက်ဖုန်းက အင်မော်တယ်ဘုံထဲသို့ တိုက်ခိုက်ဝင်ရောက်လာပြီး လူသားမျိုးနွယ်၏ တစ်စိတ်တစ်ပိုင်းကို ကယ်တင်ပေးခဲ့သည်။ သူက အင်မော်တယ်ဘုံမှ လူသားမျိုးနွယ်ကို ကယ်တင်ရန် မျှော်လင့်ချက်ကို သယ်ဆောင်လာသူဖြစ်သည်။
" စီနီယာတို့ စိတ်ချပါ။ ဂျူနီယာက ကိစ္စတိုင်းကို သတိထားပြီး ကိုင်တွယ်ပါမယ်။ ဘာကိုမှ အလျင်စလို မလုပ်ပါဘူး။ " ကျောက်ဖုန်းက ချက်ချင်း အာမခံလိုက်သည်။
" ငါတို့က မီးတိမ်တိုက်လှိုဏ်ဂူထဲက လုံးဝမထွက်နိုင်တာ နှမြောစရာပဲ။ မဟုတ်ရင် ငါတို့စွမ်းအားနဲ့ အဲ့ဒီကောင်းကင်ဘုံကို ဖျက်ဆီးပစ်လို့ရတယ်။ မင်းကိုသာ ကောင်းကင်ဧကရာဇ်အဖြစ် တင်မြောက်လိုက်ရင် ငါတို့လူသားမျိုးနွယ်လည်း အေးအေးချမ်းချမ်း နေနိုင်လိမ့်မယ်။ " ဖုရှီက အားမလိုအားမရဖြင့် ပြောလိုက်သည်။
" စီနီယာတို့ရဲ့ စွမ်းအားနဲ့တောင် မီးတိမ်တိုက်လှိုဏ်ဂူထဲက မထွက်နိုင်ဘူးလား။ " ကျောက်ဖုန်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။
" မိတ်ဆွေလေး မင်းက သူတော်စင်တစ်ပါးရဲ့ စွမ်းအားကို မသိသေးလို့ပဲ။ မီးတိမ်တိုက်လှိုဏ်ဂူကို သူတော်စင်တွေထဲက အသန်မာဆုံးဖြစ်တဲ့ ထိုက်ချင်းသူတော်စင်ကိုယ်တိုင် ဖန်တီးခဲ့တာပဲ။ ငါတို့မှာ ထွက်သွားနိုင်ဖို့ မျှော်လင့်ချက်မရှိတော့ဘူး။ " စူးရန်ရှီက ခါးသီစွာ ပြောလိုက်သည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက် သူတို့က အသားကျနေကြပြီဖြစ်သည်။ သို့သော် ယနေ့ခေတ် လူသားမျိုးနွယ်၏ အခြေအနေကို သိရှိပြီးနောက် သူတို့အားလုံး ဒေါသထွက်ခဲ့ကြသည်။ သို့သော် ထိုမျှသာဖြစ်သည်။ သူတို့ ဘာမှမလုပ်နိုင်ကြပေ။
" စီနီယာတို့ ဂျူနီယာကို စောင့်နေပါ။ တစ်နေ့ကျရင် ဂျူနီယာက လူသားမျိုးနွယ်ရဲ့ ဧကရာဇ်တွေကို ပြန်ခေါ်လာနိုင်အောင် လုပ်ဆောင်ပေးပါမယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
၎င်းကို ကြားသောအခါ လူသားဧကရာဇ်များက ပြုံးလိုက်ကြသည်။ ကျောက်ဖုန်းအပေါ် သူတို့၏ အကြည့်များက ပို၍ ရင်းနှီးလာကြသည်။ သို့သော် သူတို့က ကျောက်ဖုန်းကို စိတ်ဓာတ်ကျအောင် လုပ်မည်မဟုတ်ပေ။
" ကောင်းပြီ။ ဒါဆို ငါတို့အားလုံး မိတ်ဆွေလေးကို စောင့်နေပါမယ်။ အဲ့ဒီအချိန်ကျရင် ငါတို့ ကမ္ဘာကြီးကို သေချာပေါက် ပြောင်းလဲပစ်ရမယ်။ " စူးရန်ရှီက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ထိုအချိန်တွင် ရွှမ်ယွမ်က တစ်စုံတစ်ခုကို စဉ်းစားမိသွားသည်။
" မိတ်ဆွေလေး ကမ္ဘာကြီးက ပြောင်းလဲသွားပြီ။ ကောင်းကင်တာအိုက မပြည့်စုံဘူး။ အင်မော်တယ်တွေနဲ့ ဗုဒ္ဓတွေက တရားမျှတမှုမရှိတော့ဘူး။ ငါတို့က မင်းကို ဘာမှမကူညီနိုင်ဘူး။ ဒါပေမယ့် ငါမင်းကို လက်နက်တစ်ခုပေးမယလ။ ဒီအိုးကိုးလုံးကို သုံးပြီး မင်းဆီကို ပို့လိုက်မယ်။ " ရွှမ်ယွမ်က လေးနက်စွာ ပြောလိုက်သည်။
အခြားလူသားဧကရာဇ်များက ရွှမ်ယွမ်ကို ကြည့်လိုက်ကြသည်။
" မင်းတကယ်ဆုံးဖြတ်ပြီးပြီလား။ " ဖုရှီက ရွှမ်ယွမ်ကို ကြည့်ပြီး မေးလိုက်သည်။
" ရွှမ်ယွမ်ဓားက ငါတို့လူသားမျိုးနွယ်ရဲ့ အဆုံးစွန်သော သတ်ဖြတ်ရေးလက်နက်ပဲ။ အခု ငါက လူသားမျိုးနွယ်ကို မကာကွယ်ပေးနိုင်တော့ဘူး။ ငါတို့မလုပ်နိုင်မှတော့ လုပ်နိုင်တဲ့သူဆီကို လွှဲပြောင်းပေးရမှာပေါ့။ ညီအကိုတို့ ရွှမ်ယွမ်ဓားကို မိတ်ဆွေလေးဆီ ရောက်အောင် ကူညီပေးကြပါ။ ငါတို့ရှစ်ယောက်ရဲ့ စွမ်းအားတွေ ပေါင်းစပ်လိုက်ရင် ရွှမ်ယွမ်ဓားကို ပို့ပေးနိုင်လောက်တယ်။ " ရွှမ်ယွမ်က ပြောလိုက်သည်။
" ကောင်းပြီ။ " လူသားဧကရာဇ်များက တုန့်ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်ကြသည်။ ကျောက်ဖုန်းက အလွန်ထူးချွန်သူဖြစ်သည်။ အကယ်၍ သူသာ ရွှမ်ယွမ်ဓားကို ရရှိလျှင် လူသားမျိုးနွယ်ကို ပိုမိုကာကွယ်ပေးနိုင်ပေလိမ့်မည်။
" လူသားဧကရာဇ်တို့ ကျွန်တော်မှာ ရတနာတစ်ခု ရဇိပါတယ်။ အဲ့ဒါက ချင်နဲ့ ချိတ်ဆက်ထားတဲ့ ကံကြမ္မာရတနာတစ်ခု ဖြစ်တယ်။ စီနီယာတို့ကို လွတ်မြောက်အောင် မကူညီပေးနိုင်ပေမယ့် ဒီကမ္ဘာကြီးကို ပြန်မြင်ရအောင် လုပ်ပေးနိုင်ပြီး ချင်ရဲ့ လူသားမျိုးနွယ်နဲ့ ဆက်သွယ်ပေးနိုင်လိမ့်မယ်။ " ကျောက်ဖုန်းက ရုတ်တရက် ပြောလိုက်သည်။
ထျန်းရွှမ်ကြေးမုံ၊ ချင်၏ ကံကြမ္မာရတနာ။
လူသားဧကရာဇ်များက ထျန်းရွှမ်ကြေးမုံကိုသာ ပိုင်ဆိုင်လျှင် သူတို့က ချင်နှင့် ဆက်သွယ်နိုင်ပေလိမ့်မည်။ ၎င်းက ချင်အတွက် အကျိုးကျေးဇူးများ ရရှိပေလိမ့်မည်။ သူတို့က မီးတိမ်တိုက်လှိုဏ်ဂူမှ မထွက်နိုင်ကြသော်လည်း သူတော်စင်တစ်ဝက်အဆင့် သုံးယောက်နှင့် တလျိုရွှေအင်မော်တယ် အထွတ်အထိပ် ငါးယောက်ဖြစ်သည်။
အခြားမပြောနှင့် သူတို့၏ ကျင့်ကြံမှု အသိအမြင်များနှင့် တာအိုကို နားလည်မှုများက ချင်အင်ပါယာမှ ကျင့်ကြံသူများအတွက် အကျိုးကျေးဇူးများစွာ ရှိမည်ဖြစ်သည်။ သိုင်းတာအိုဖြစ်စေ၊ အင်မော်တယ်လမ်းစဉ်ဖြစ်စေ အင်မော်တယ်အဆင့်အထက်တွင် နိယာမများကို နားလည်ခြင်းဖြစ်သည်။ မဟာတာအိုတွင် လမ်းစဉ်သုံးထောင်ရှိပြီး အားလုံးက တူညီသော ပန်းတိုင်ကို ဦးတည်နေကြသည်။ အကယ်၍ လူသားဧကရာဇ်များက ထျန်းရွှမ်ကြေးမုံကို အသုံးပြု၍ သူတို့၏ နားလည်မှုများကို သင်ကြားပို့ချနိုင်လျှင် ချင်က ပိုမိုလျင်မြန်စွာ တိုးတက်လာပေလိမ့်မည်။
" ငါတို့ကို ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ပေးနိုင်တာ ဘယ်လိုရတနာလဲ။ " စူးရန်ရှီနှင့် ဧကရာဇ်များက ကျောက်ဖုန်းကို မျှော်လင့်ချက်များဖြင့် ကြည့်လိုက်ကြသည်။
" စီနီယာတို့ ကျွန်တော် တံဆိပ်တစ်ခုကို ဖန်တီးပေးလိုက်မယ်။ စီနီယာတို့ရဲ့ မူလခန္ဓာကိုယ်ထဲ ပြန်ရောက်ရင် ဒီတံဆိပ်ကို သုံးပြီး ရတနာကို ဆင့်ခေါ်နိုင်ပါလိမ့်မယ်။ " ကျောက်ဖုန်းက ထျန်းရွှမ်ကြေးမုံငယ်ရှစ်ခုကို တံဆိပ်များအဖြစ် ပြောင်းလဲလိုက်သည်။
လူသားဧကရာဇ်ရှစ်ပါးက နတ်ဘုရားအာရုံများဖြင့် တံဆိပ်များကို လက်ခံယူလိုက်ကြသည်။
" တကယ်သာ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်နိုင်ရင် အရမ်းကောင်းလိမ့်မယ်။ " ဖုရှီက ပြုံး၍ ပြောလိုက်သည်။
" စီနီယာတို့ တကယ်ပဲ ဆက်သွယ်နိုင်ခဲ့ရင် ကျွန်တော်မှာ တောင်းဆိုစရာတစ်ခုရှပါတယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" ပြောပါ မိတ်ဆွေလေး။ " စူးရန်ရှီက ပြုံး၍ ပြောလိုက်သည်။
" ဒီရတနာကို ထျန်းရွှမ်ကြေးမုံလိုခေါ်ပြီး ကြေးမုံကနေတစ်ဆင့် ကိုယ့်ရဲ့ ပုံရိပ်ကို ထုတ်လွှတ်နိုင်ပါတယ်။ မီးတိမ်တိုက်လှိုဏ်ဂူထဲမှာနေရင်း ချင်ရဲ့ ကျင့်ကြံသူတွေကို တာအိုသဘောတရားတွေ ဟောပြောပေးဖို့ တောင်းဆိုချင်ပါတယ်။ အဲ့ဒါဆို ချင်ရဲ့ စွမ်းအားကို မြှင့်တင်ပေးနိုင်ပြီး လူသားမျိုးနွယ်ကို ပိုမိုသန်မာလာစေပါလိမ့်မယ်။ " ကျောက်ဖုန်းက လူသားဧကရာဇ်များကို ဦးညွှတ်ပြီး တောင်းဆိုလိုက်သည်။
၎င်းကို ကြားသောအခါ လူသားဧကရာဇ်များက ခဏတိတ်ဆိတ်သွားပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။
" မိတ်ဆွေလေး ငါတို့က ပိတ်မိနေပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်နေခဲ့တဲ့အပြင် ကိုယ်မျိုးနွယ်တွေနဲ့လည်း ကင်းကွာနေခဲ့တယ်။ အတိတ်တုန်းက ငါတို့က လူသားမျိုးနွယ် အားကောင်းလာဖို့ကို တာဝန်တစ်ခုလို သတ်မှတ်ခဲ့ကြတယ်။ သင်ကြားပို့ချပေးတာကလည်း တာဝန်တစ်ခုပါပဲ။ အခုလို အခွင့်အရေးရလာတော့ ငါတို့ ဘယ်လိုလုပ်ငြင်းပယ်နိုင်မှာလဲ။ "
" တကယ်လို့ ထျန်းရွှမ်ကြေးမုံသာ ပြင်ပကမ္ဘာနဲ့ဆက်သွယ်နိုင်ရင် ငါတို့ လူသားမျိုးနွယ်အတွက် ဟောပြောပေးဖို့ အဆင်သင့်ပါပဲ။ " စူးရန်ရှီက ချက်ချင်း သဘောတူလိုက်သည်။
" လူသားမျိုးနွယ်ကိုယ်စား လူသားဧကရာဇ်တို့ကို ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက ဦးညွှတ်ပြီး ပြောလိုက်သည်။
" ကောင်းပြီ။ မိတ်ဆွေလေး ငါတို့က အိုးကိုးလုံးနဲ့ ဆက်သွယ်ပြီး ဒီနေရာကို ရောက်လာကြတာ ဒီမှာ အကြာကြီးမနေနိုင်ဘူး။ " စူးရန်ရှီက ပြောလိုက်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့