အခန်း ၆၀၄
Vol. 61 Ch. 604
အခန်း (၆၀၄)
အရှေ့တိုက်ကြီးတွင် ချင်ကောင်ကင်နန်းတော်တည်ထောင်လိုက်ခြင်းက ကြီးမားသော လှုပ်ခတ်မှုကို မဖြစ်စေခဲ့ပေ။ အကြောင်းမှာ အိုးကိုးလုံး၏ ကာကွယ်မှုဖြင့် ချင်ကောင်းကင်နန်းတော်၏ စွမ်းအားက အပြင်သို့ ပျံ့နှံ့ခြင်းမရှိခဲ့ပေ။ ခွန်လွန်ဂိုဏ်း ပျက်စီးသွားသည့်သတင်းပင် အပြင်သို့ မပေါက်ကြားခဲ့ပေ။
ခွန်လွန်ဂိုဏ်းပျက်စီးသွားသည့်နေ့တွင် ကျောက်ဖုန်းက နိယာမစွမ်းအားများဖြင့် ခွန်လွန်ဂိုဏ်းကို ချိပ်ပိတ်ခဲ့ရာ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မှ မရှိပေ။
လူသားနိုင်ငံများ၏ ပြောင်းလဲမှုများက အင်မော်တယ်ဂိုဏ်းများအပေါ် သက်ရောက်မှုမရှိပေ။ ထို့အပြင် ချင်အင်ပါယာ သိမ်းပိုက်ထားသော နယ်မြေများက ခွန်လွန်ဂိုဏ်း၏ လက်အောက်မှဖြစ်သောကြောင့် ထူးခြားမှု တစ်စုံတစ်ရာမရှိခဲ့ပေ။
အချိန်များက တဖြည်းဖြည်း ကုန်လွန်သွားခဲ့သည်။ ချင်နယ်မြေအတွင်း ကျောင်းတော်များက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ စာလုံးများကိုလည်း တစ်ခုတည်းသတ်မှတ်ပြီး သိုင်းတာအိုကိုလည်း ဖြန့်ဝေခဲ့သည်။ အင်မော်တယ်ဘုံမှ လူသားမျိုးနွယ်များက ကိုယ်တိုင်ကျင့်ကြံခြင်းလမ်းစဉ်ကို စတင်ခဲ့ကြသည်။ သုံးလကြာပြီးနောက် ချင်နယ်မြေက ငြိမ်းချမ်းသော နယ်မြေတစ်ခု ဖြစ်လာခဲ့သည်။
ခွန်လွန်ဂိုဏ်း။
ဂိုဏ်းတစ်ခုလုံးက ပျက်စီးနေပြီး စိတ်ဝိညာဉ်သွေးကြောများပင် ထုတ်ယူခံထားရသည်။ ကောင်းကင်မှ အင်မော်တယ်များက ထိုအခြေအနေကို ကြည့်ပြီး အံ့အားသင့်သွားကြသည်။
" ခွန်လွန်ဂိုဏ်း ဖျက်ဆီးခံလိုက်ရပြီ။ ခွန်လွန်ဂိုဏ်းက ငါတို့ ကောင်းကင်ဘုံက မဟာဧကရာဇ်ချန်းရှန်းရဲ့ ဂိုဏ်းဖြစ်တယ်ဆိုတာ သူတို့မသိကြဘူးလား။ ဘယ်သူက ဒီလိုလုပ်ရဲတာလဲ။ "
" ခွန်လွန်ဂိုဏ်းချုပ်က မဟာရွှေအင်မော်တယ်အဆင့် တစ်ယောက်ပဲ။ ဒါပေမယ့် အခု ခွန်လွန်ဂိုဏ်းမှာ တစ်ယောက်မှ အသက်ရှင်မကျန်တဲ့အပြင် ဝိညာဉ်တောင် မကျန်ဘူး။ ဒါက သေချာပေါက် နတ်ဆိုးတွေရဲ့ လက်ချက်ဖြစ်ရမယ်။ "
" မဟာဧကရာဇ်ချန်းရှန်းကို အမြန်ဆုံး တင်ပြရမယ်။ " ခေါင်းဆောင်ဖြစ်သူက လေးနက်စွာ ပြောလိုက်သည်။
သူတို့က ခွန်လွန်ဂိုဏ်း၏ အခြေအနေများကို အမိန့်အရ လာရောက်စစ်ဆေးခြင်းဖြစ်သည်။ ကောင်းကင်တံဆိပ်က ကောင်းကင်ဘုံမှ ဂိုဏ်းတစ်ခုကို ပေးအပ်သော သင်္ကေတတစ်ခုဖြစ်သည်။ ကောင်းကင်တံဆိပ်ကို ရရှိခြင်းက ကောင်းကင်၏ အမိန့်အာဏာကို ရရှိပြီး အရှေ့တိုက်ကြီးတွင် တပည်များလက်ခံရန်အတွက် ခွင့်ပြုချက်ဖြစ်သည်။
ကောင်းကင်တံဆိပ်မရှိလျှင် ကောင်းကင်ဘုံက နတ်ဆိုးလမ်းစဉ်အဖြစ် သတ်မှတ်ပြီး ကျင့်စဉ်များဖြန့်ဝေရန်နှင့် တပည့်များ လက်ခံရန် ခွင့်ပြုချက်မရှိသည့်အပြင် အင်မော်တယ်ဂိုဏ်းအမျိုးမျိုး၏ လိုက်လံသုတ်သင်ခြင်းကိုလည်း ခံရပေလိမ့်မည်။
သူတို့က အခြေအနေကို တင်ပြရန် ဆွေးနွေးနေကြစဉ်....
" မင်းတို့မှာ အခွင့်အရေးရှိတော့မှာမဟုတ်ဘူး။ " အေးစက်သော အသံနှင့်အတူ ခွန်လွန်ဂိုဏ်း၏ အထက်တွင် အစီအရင်တစ်ခု ပေါ်လာပြီး ခွန်လွန်ဂိုဏ်းတစ်ခုလုံးကို ပိတ်ဆို့သွားသည်။
" မကောင်းတော့ဘူး။ ဟင်းလင်းပြင်က ပိတ်ဆို့ခံလိုက်ရပြီ။ " အင်မော်တယ်များက မျက်နှာပျက်သွားကြသည်။ သူတို့ကို ဦးဆောင်သူက ရွှေအင်မော်တယ်အဆင့်သာ ရှိသည်။ ကျန်သူများက ကောင်းကင်အင်မော်တယ်များသာ ဖြစ်သည်။ သူတို့က အရှေ့တိုက်ကြီးမှာ အင်မော်တယ်ဂိုဏ်းများ၏ ရှေ့တွင် ဘာမှမဟုတ်ပေ။
" ဘယ်သူလဲ။ " ရွှေအင်မော်တယ်က အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏ အင်မော်တယ်စွမ်းအားများကို ထုတ်ဖော်လိုက်သည်။
ထိုအချိန်တွင် အစီအရင်က တုန်ခါသွားပြီး အနက်ရောင်ချပ်ဝတ်နှင့် စစ်သည်များက ကောင်းကင်တွင် ပေါ်လာကြသည်။ သူတို့က သိုင်းတာအိုနတ်အသွင်အဆင့်ကို ကျော်လွန်နေပြီး အများစုက သိုင်းတာအိုမဟာစွမ်းအားရှင်အဆင့်တွင် ရှိနေကြသည်။ သူတို့ကို ဦးဆောင်နေသူက ရွှေအင်မော်တယ်အဆင့်ကိုပင် ဖိနှိပ်နိုင်သော အော်ရာကို ထုတ်လွှတ်နေသည်။ သူကား ရွှမ်ကျားစစ်တပ်၏ စစ်သူကြီး မုန့်ထျန်းပင်ဖြစ်သည်။
" ခွင့်ပြုချက်မရှိဘဲ ချင်နယ်မြေထဲ ဝင်လာတယ်။ ပြစ်ဒဏ်က သေခြင်းပဲ။ " မုန့်ထျန်းက အေးစက်စွာ ပြောလိုက်သည်။
" မင်းက ဘယ်သူလဲ။ " ရွှေအင်မော်တယ်က မုန့်ထျန်းကို သတိကြီးစွာ ကြည့်လိုက်သည်။ ထိုစစ်သည်များဆီမှ အစွမ်းထက်သော အင်မော်တယ်စွမ်းအားကို မခံစားမိသော်လည်း သူတို့၏ အော်ရာများက ခြိမ်းခြောက်မှုကို ခံစားရစေသည်။
" စစ်ဝိညာဉ်အစီအရင် စုစည်း။ " မုန့်ထျန်းက ပြန်မပြောဘဲ အော်ဟစ်လိုက်ပြီး သူ၏ လက်ထဲမှ မိုဓားကို မြှောက်လိုက်သည်။
" စစ်ဝိညာဉ်အစီအရင်ပေါင်းစည်း။ " ရွှမ်ကျားစစ်သည်များက တစ်ပြိုင်နက် အော်ဟစ်လိုက်ကြသည်။ ကြောက်စရာကောင်းသော သွေးချီများက မုန့်ထျန်းဆီသို့ စုစည်းသွားသည်။
မုန့်ထျန်းက မိုဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ပြီး ခုတ်ပိုင်းလိုက်သည်။ သွေးနီရောင်ဓားအလင်းတန်းတစ်ခုက အင်မော်တယ်များဆီသို့ ဆင်းသက်လာသည်။
ဝုန်း...
ထိုတိုက်ခိုက်မှုအောက်တွင် ဟင်းလင်းပြင်က ကွဲအက်သွားပြီး အင်မော်တယ်ဆယ်ယောက်ကျော်က ခန္ဓာရောဝိညာဉ်ပါ ပျက်စီးသွားကြသည်။
" ပြီးသွားပြီ။ မြို့ကို ပြန်ပြီး အစီရင်ခံကြမယ်။ " မုန့်ထျန်းက ပတ်ဝန်းကျင်ကို ကြည့်ပြီး ပြောလိုက်သည်။
အစီအရင်က ပြန်လည်ငြိမ်သက်သွားပြီး ရွှမ်ကျားစစ်တပ်ကလည်း ဆုတ်ခွာသွားသည်။ ပြည်နယ်ကိုးခုအကာအကွယ်က ချင်နယ်မြေကို ဖုံးလွှမ်းထားပြီးဖြစ်သည်။ အတားအဆီးများမရှိသော်လည်း ဟင်းလင်းပြင်ပြန်ခြင်းအဆင့်ထက် မြင့်မားသော အရာများ ဝင်ရောက်လာလျှင် ချက်ချင်း သိရှိနိုင်သည်။
ထိုအခွင့်အာဏာကို ကျောက်ဖုန်းက စခန်းငါးခု၏ စစ်သေနာပတိချုပ်များနှင့် ရွှမ်ကျားစစ်သူကြီး မုန့်ထျန်းတို့ကို ပေးအပ်ထားခဲ့သည်။ ယခု အင်မော်တယ်များက ခွန်လွန်ဂိုဏ်းသို့ လာရောက်ရာတွင် မုန့်ထျန်းက ကြိုတင်၍ ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဝူချန်းမြို့တော်။
ယခုအချိန်တွင် မြို့က ပိုမိုစည်ကားလာခဲ့ပြီဖြစ်သည်။ ချင်က ထျန်းရွှမ်ကြေးမုံမှတစ်ဆင့် သိုင်းတာအိုကျင့်စဉ်များကို ဖြန့်ဝေထားပြီဖြစ်သည်။ ထိုကျင့်စဉ်များက ကောင်းကင်ဖြစ်စဉ်အထိ ဖြစ်ပြီး ထိုထက်ပိုမြင့်သော ကျင့်စဉ်များကို ချင်အတွက်အမှုထမ်းခြင်းနှင့် စွမ်းဆောင်မှုရမှတ်များဖြင့်လည်း လဲလှယ်နိုင်သည်။
ချင်က စွမ်းဆောင်မှုရမှတ်များဖြင့် လဲလှယ်ရန် ဆေးပညာခန်းမ၊ ရတနာသန့်စင်ခြင်းခန်းမနှင့် ကျင့်စဉ်ခန်းမတို့ကို တည်ဆောက်ပေးခဲ့သည်။ ထို့အပြင် ကျောင်းတော်များကို ဖွင့်လှစ်ပြီးနောက် ကျောင်းသားသန်းချီကို လက်ခံခဲ့ပြီး သိုင်းတာအိုအမွေအနှစ်ကို သင်ကြားပေးခဲ့သည်။
" ဧကရာဇ်မင်းမြတ် အခု ကျောင်းတော်တွေကို အပြည့်အဝ တည်ထောင်ကြီးပါပြီ။ ချင်နယ်မြေအတွင်းမှာ သင့်တော်တဲ့ အသက်အရွယ်ရှိသူတွေ များပြားပါတယ်။ နယ်မြေအတွင်းက ကျောင်းသားတွေကို လက်ခံခဲ့ပြီး ပထမအသုတ်အနေနဲ့ ကျောင်းသား ငါးသန်းကျော်ကို စုဆောင်းပြီးပါပြီ။ " ရွှင်ဇီက ရှေ့တိုးပြီး ပြောလိုက်သည်။
" ကျောင်းသားတွေ အဲ့လောက်များတော့ ကျောင်းတော်တွေမှာ အခက်အခဲတွေ ရှိနေလား။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။
" စိတ်ချပါ ဧကရာဇ်မင်းမြတ်။ လူသားဘုံက ရောက်လာတဲ့ ဆရာတွေက ကျောင်းသားတွေကို ကောင်းကောင်းသင်ကြားပေးနိုင်ပြီး ကျောင်းသားဦးရေများတာက အခက်အခဲတစ်ခု မဟုတ်ပါဘူး။ ဒါအပြင် အင်မော်တယ်ဘုံက ကျောင်းသားတွေရဲ့ အရည်အချင်းက လူသားဘုံထက် အများကြီး ကျော်လွန်နေပြီး ခန္ဓာကိုယ်တည်ဆောက်ပုံကလည်း ပိုပြီးကြံ့ခိုင်ပါတယ်။ လူသားဘုံမှာ ရလဒ်တွေ ထွက်ပေါ်ဖို့ နှစ်ပေါင်းများစွာ စောင့်ခဲ့ရပေမယ့် အင်မော်တယ်ဘုံမှာ တစ်နှစ် နှစ်နှစ်အတွင်း ရလဒ်တွေ ထွက်ပေါ်လာပါလိမ့်မယ်။ တစ်နှစ်အတွင်းမှာ ကျောင်းသားသန်းချီက မဟာဆရာသခင်အဆင့်ကို ရောက်ရှိနိုင်ပါလိမ့်မယ်။ " ရွှင်ဇီက ပြုံး၍ ပြောလိုက်သည်။
" ရွှင်ချင်း ကျောင်းတော်တွေနဲ့ ပက်သက်တာအားလုံးကို မင်းကို လွှဲပေးထားတယ်။ မင်းဘာပဲလိုလို ငါထောက်ပံ့ပေးမယ်။ " ရင်ကျန့်က ရွှင်ဇီကို ကြည့်ပြီး ပြောလိုက်သည်။
" ဧကရာဇ်မင်းမြတ်ရဲ့ ယုံကြည်မှုကို မပျက်စီးစေရပါဘူး။ " ရွှင်ဇီက ဦးညွှတ်ပြီး ပြောလိုက်သည်။
" ဧကရာဇ်မင်းမြတ် ဒီအင်မော်တယ်ဘုံက စိတ်ဝိညာဉ်ကျောက်တုံးသတ္တုကြောနဲ့ စိတ်ဝိညာဉ်သွေးကြောတွေက လူသားဘုံထက် ပိုပြီးပေါများပါတယ်။ အခု တစ်လအတွင်း အစီအရင်သခင်တွေက စိတ်ဝိညာဉ်ကျောက်တုံးသတ္တုကြောထောင်ချီကို ရှာတွေ့ခဲ့ပြီး အချို့သတ္တုတွင်းတွေမှာ အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးတွေ ရရှိခဲ့ပါတယ်။ ဧကရာဇ်မင်းမြတ် စစ်ဆေးပေးပါ။ " ချန်ဖျင်က သေတ္တာတစ်လုံးကို မြှောက်ပြီး ပြောလိုက်သည်။
ထိုသေတ္တာထဲတွင် စိတ်ဝိညာဉ်ကျောက်တုံးများပါဝင်ပြီး ၎င်းတို့က အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးများထက်ပင် စိတ်ဝိညာဉ်စွမ်းအားများ ပိုမိုပါဝင်နေသည်။
" အဲ့ဒါက စိတ်ဝိညာဉ်သလင်းကျောက်ပုယ။ အရင်တုန်းက ဖုန်းအာပြောတာ ငါကြားဖူးတယ်။ စိတ်ဝိညာဉ်သလင်းကျောက်တွေက စိတ်ဝိညာဉ်ကျောက်တုံးတွေထက် ပိုအားကောင်းတဲ့ စိတ်ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ကြတယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" ဧကရာဇ်မင်းမြတ် စိတ်ဝိညာဉ်ကျောက်တွင်းတွေနဲ့ စိတ်ဝိညာဉ်သလင်းကျောက်တွင်းတွေကို ချင်ရဲ့ ပိုင်ဆိုင်မှုထဲကို ထည့်သွင်းရပါမယ်။ " ဟန်ဖေးက ပြောလိုက်သည်။
" အင်း " ရင်ကျန့်က ခေါင်းညိမ့်ပြီး ယွီလျောင်ကို ကြည့်လိုက်သည်။ " ငါ့ရဲ့ အမိန့်တော်ကို ထုတ်ပြန်လိုက်။ စိတ်ဝိညာဉ်ကျောက်တွင်းတစ်ခုစီကို စစ်သည်တစ်ထောင်စီ စေလွှတ်လိုက်။ ပြီးတော့ အဲ့ဒါတွေကို ချင်ရဲ့ ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပြီး လျို့ဝှက်တူးဖော်နေကြတဲ့ ဘယ်သူမဆို သုတ်သင်ရှင်းလင်းခံရမယ်။ ဒါ့အပြင် စိတ်ဝိညာဉ်ကျောက်တွင်းတစ်ခုကို ရှာတွေ့တဲ့သူတွေကို စွမ်းဆောင်မှုရမှတ် တစ်သိန်းချီးမြှင့်မယ်။ သိုင်းတာအိုကျင့်စဉ်တစ်ခု၊ အဆင့်ချိုးဖျက်ခြင်းဆေးလုံးနဲ့ နတ်လက်နက်တစ်ခုကို ပေးအပ်မယ်။ ဒါ့အပြင် ကောင်းကင်ဖြစ်စဉ်အဆင့်ထက် မြင့်မားတဲ့ သိုင်းပညာရှင်တွေကို ဆုကြေးတစ်ခု ချီးမြှင့်လိုက်ပါ။ "
" အမိန့်အတိုင်းပါ။ " ယွီလျောင်က ဦးညွှတ်ပြီး ပြောလိုက်သည်။
" ဧကရာဇ်မင်းမြတ် စိတ်ဝိညာဉ်ကျောက်တွင်းတွေအပြင် ချင်ရဲ့ ရှာဖွေရေးအစီအရင်သခင်များက ရတနာပစ္စည်းတွေနဲ့ အင်မော်တယ်သစ်သီးတွေကိုလည်း ရှာတွေ့ခဲ့ပါတယ်။ အဲ့ဒါတွေကို ချင်အတွက် လက်နက်သန့်စင်တာနဲ့ ဆေးဖော်စပ်တာတို့မှာ အသုံးပြုရင် ချင်ရဲ့ အင်အားက တိုးတက်သွားပါလိမ့်မယ်။ " ချန်ဖျင်က ပြောလိုက်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့