အခန်း ၆၀၅
Vol. 61 Ch. 605
အခန်း (၆၀၅)
" လီစီ " ရင်ကျန့်က ခေါ်လိုက်သည်။
" ကျွန်တော်မျိုးရှိပါတယ်။ " လီစီက ချက်ချင်း ပြန်ပြောလိုက်သည်။
" အခု ငါတို့က အင်မော်တယ်ဘုံထဲ ရောက်လာပြီဆိုတော့ လူသားဘုံက နှစ်စဉ်လစာတွေကို ပြင်ဆင်ရမယ်။ ကျင့်စဉ်တွေ၊ ဆေးလုံးတွေနဲ့ စွမ်းဆောင်မှုရမှတ်တွေကို တိုးမြှင့်ပေးရမယ်။ နှစ်စဉ်လစာတွေကို ရာထူးအဆင့်ပေါ်မကဘဲ ကျင့်ကြံမှုအပေါ် အဓိကမူတည်ပြီး သတ်မှတ်ရမယ်။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။
" အမိန့်အတိုင်းပါ။ " လီစီက ချက်ချင်း ပြန်ပြောလိုက်သည်။
ထိုအချိန်တွင်....
" ဧကရာဇ်မင်းမြတ် စစ်သူကြီးမုန့်ထျန်းက တွေ့ခွင့်တောင်းနေပါတယ်။ "ခန်းမအပြင်ဘက်မှ ရန်ရှောင်၏ အသံ ထွက်ပေါ်လာသည်။
" ဝင်ခဲ့ပါ။ " ရင်ကျန့်က အမိန့်ပေးလိုက်သည်။
မုန့်ထျန်းက ခန်းမထဲသို့ ဝင်ရောက်လာပြီး ဦးညွှတ်လိုက်သည်။ " ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်။ "
" ဘယ်လိုလဲ။ " ရင်ကျန့်က မေးလိုက်သည်။
" ဧကရာဇ်မင်းမြတ် ခွန်လွန်ဂိုဏ်းမှာ အင်မော်တယ်ဆယ့်ရှစ်ယောက်ကို တွေ့ခဲ့ပြီး ရွှေအင်မော်တယ်တစ်ယောက်နဲ့ အခြားသူတွေက ကောင်းကင်အင်မော်တယ်တွေပါ။ အားလုံးကို သုတ်သင်ပြီးပါပြီ။ " မုန့်ထျန်းက ပြောလိုက်သည်။
" ကောင်းကင်ဘုံက ခွန်လွန်ဂိုဏ်းအကြောင်း သိသွားတဲ့ပုံပဲ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
ယခုအခါ သူက ကောင်းကင်နန်းတော်၏ ဧကရာဇ်ဖြစ်နေပြီး တလျိုရွှေအင်မော်တယ်အဆင့် စွမ်းအားကို ပိုင်ဆိုင်သည်။ သူတော်စင်တစ်ဝက်အဆင့်သာမဟုတ်လျှင် ရင်ကျန့်က ကြောက်စရာမလိုပေ။
" ဧကရာဇ်မင်းမြတ် အဲ့ဒီအင်မော်တယ်အုပ်စုက ကောင်းကင်ဘုံကလာတာဖြစ်နိုင်ပါတယ်။ သူတို့က ခွန်လွန်ပျက်စီးသွားတာကိုပဲ သိပြီး အခြားအရာတွေကို သိပ်မသိကြပါဘူး။ သူတို့က စုံစမ်းစစ်ဆေးဖို့ ရောက်လာတာပါ။ အခု အားလုံးသေဆုံးသွားပြီဆိုတော့ နောက်တစ်ခါ ပိုများတဲ့သူတွေ ရောက်လာနိုင်ပါတယ်။ " မန်ထျန်းက ရိုသေစွာ ပြောလိုက်သည်။
" စစ်သေနာပတိချုပ်တွေကို ပြောချင်တာက ပြည်နယ်ကိုးခုရဲ့ အခွင့်အာဏာကို မင်းတို့ကို ပေးထားပြီးသားပဲ။ တကယ်လို့ ချင်နယ်မြေကို ကျူးကျော်လာတဲ့ အင်မော်တယ်တွေရှိရင် မဟာရွှေအင်မော်တယ်အဆင့်အောက်ရှိတဲ့သူတွေကို မင်းတို့ သင့်တော်သလို ကိုင်တွယ်နိုင်ပါတယ်။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။
" စိတ်ချပါ ဧကရာဇ်မင်းမြတ်။ ကျွန်တော်မျိုးတို့ နားလည်ပါပြီ။ " စစ်သေနာပတိချုပ်များက ပြန်လည်ဖြေကြားလိုက်ကြသည်။
" နှစ်နှစ်အတွင်း ချင်က အင်မော်တယ်ရဲ့ နယ်မြေတွေကို ဆက်ပြီး သိမ်းပိုက်ရဦးမှာဖြစ်လို့ နယ်စပ်မှာ တပ်စွဲထားတဲ့ တပ်ဖွဲ့တွေက အထူးသတိထားရမယ်။ " ရင်ကျန့်က သတိပေးလိုက်သည်။
" နားလည်ပါပြီ။ " စစ်သေနာပတိချုပ်များက တစ်ညီတစ်ညွှတ်တည်း ပြန်ပြောလိုက်ကြသည်။
" ဘယ်ကျင့်ကြံသူမဆို ချင်ထဲကို ဝင်လာမယ်ဆိုရင် အရင်ဆုံး ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းရမယ်။ " ရင်ကျန့်က ထပ်ပြောလိုက်သည်။
" ခမည်းတော် ပြောတာ မှန်တယ်။ အခုလောလောဆယ် ချင်က သတိထားပြီး လှုပ်ရှားရမယ်။ " ဘေးမှ ကျောက်ဖုန်း၏ အသံက ထွက်ပေါ်လာသည်။
" အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်။ " ကျောက်ဖုန်းကို မြင်သောအခါ အရာရှိများအားလုံးက ဦးညွှတ်လိုက်ကြသည်။
" ဖုန်းအာ မင်း တံခါးပိတ်ကျင့်ကြံတာက ထွက်လာပြီဆိုတော့ ကြီးမားတဲ့ အောင်မြင်မှုတွေ ရလာလောက်ပါပြီ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" သားတော် ထင်ရှားတဲ့ တိုးတက်မှုတွေ ရရှိခဲ့ပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
ဤတစ်ကြိမ် တံခါးပိတ်ကျင့်ကြံရာတွင် သူက ရွှမ်ယွမ်ဓားပေါ်ရှိ ကန့်သတ်ချက်ဆယ်ခုကို သန့်စင်ရုံသာမက အခြားရတနာများကိုလည်း သန့်စင်ခဲ့သည်။ ထို့အပြင် သူက ၇၂ မျိုးအသွင်ပြောင်းလဲခြင်းနှင့် ၃၆မျိုးအသွင်ပြောင်းလဲခြင်းတို့ကိုလည်း ကျွမ်းကျင်သွားပြီဖြစ်သည်။
" အခု ထွက်လာပြီဆိုတော့ ဘာအစီအစဉ်ရှိလဲ။ " ရင်ကျန့်က ထပ်မေးလိုက်သည်။
" သားတော် တောင်ဘက်တိုက်ကြီးကို သွားဖို့ စီစဉ်ထားတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ဖုန်းအာ တောင်ဘက်တိုက်ကြီးက တိုက်ကြီးလေးခုထဲမှာ အရှုပ်ထွေးဆုံးလို့ မင်းပြောခဲ့တာမဟုတ်ဘူးလား။ အခုဘာသွားလုပ်မလို့လဲ။ " ရင်ကျန့်က အံ့ဩစွာဖြင့် မေးလိုက်သည်။
" တောင်ဘက်တိုက်ကြီးကိုသွားပြီး ချင်ရဲ့ ဂုဏ်သတင်းကို ဖြန့်ဝေမလို့ပါ။ " ကျောက်ဖုန်း၏ နှုတ်ခမ်းများက ကွေးညွှတ်သွားသည်။
" မင်းက တောင်ဘက်တိုက်ကြီးမှာ ချင်ရဲ့ နာမည်ကို ဖြန့်ပြီး ကောင်းကင်ဘုံရဲ့ အာရုံစိုက်မှုကို အဲ့ဒီဘက်ကို ဆွဲဆောင်မလို့ကိုး။ ဒါဆို ချင်က အရှေ့ဘက်မှာ ဆက်ပြီး နယ်မြေချဲ့ထွင်နိုင်လိမ့်မယ်။ " ရင်ကျန့်က ဝမ်းသာသွားသည်။
" သားတော်က တောင်ဘက်တိုက်ကြီးမှာ ချင်ရဲ့ ဂုဏ်သတင်းကို အပြည့်အဝ တည်ဆောက်သွားမှာပါ။ ကောင်းကင်ဘုံရဲ့ အာရုံကို လုံးဝဆွဲယူထားမှာ။ အရှေ့ဘက်တိုက်ကြီးမှာ နယ်မြေကို ဘယ်လိုချဲ့ထွင်ရမလဲဆိုတာကတော့ ခမည်းတော်အပေါ်မှာပဲ မူတည်တယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" စစ်သည်ဘယ်လောက်ခေါ်သွားဖို့ စီစဉ်ထားလဲ။ " ရင်ကျန့်က မေးလိုက်သည်။
" အခုတော့ ဘယ်သူမှ မခေါ်သွားသေးဘူး။ " ကျောက်ဖုန်းက ခေါင်းခါပြီး ပြောလိုက်သည်။
သူ၏ ရည်ရွယ်ချက်က ကောင်းကင်ဘုံ၏ အာရုံကို ဆွဲဆောင်ရန်အပြင် သူ၏ ကိုယ်ပိုင်စွမ်းအားကိုလည်း မြှင့်တင်ရန်ဖြစ်သည်။ အရှေ့တိုက်ကြီးက တိုက်ကြီးလေးခုထဲတွင် အတည်ငြိမ်ဆုံးနှင့် အကြွယ်ဝဆုံးနေရာဖြစ်သော်လည်း ၎င်းက ကောင်းကင်ဘုံ၏ အဓိကအာရုံစိုက်ရာနေရာလည်းဖြစ်သည်။ ချင်က အရှေ့တိုက်ကြီးရှိ အင်မော်တယ်ဂိုဏ်းများကို ဆက်လက်ဖျက်ဆီးနေလျှင် ကောင်းကင်ဘုံက စစ်အင်အားများစွာကို စေလွှတ်ပေလိမ့်မည်။
ကျောက်ဖုန်းက တောင်ဘက်တိုက်ကြီးတွင် ချင်၏ နာမည်ကို ထွက်ပေါ်စေပြီး ကောင်းကင်ဘုံ၏ အာရုံစိုက်မှုကို ဆွဲဆောင်မည်ဖြစ်သည်။ ထိုအခါ ကောင်းကင်ဘုံက စစ်သည်များကို စေလွှတ်ခဲ့လျှင် သူ၏ စွမ်းရည်ကိုလည်း မြှင့်တင်နိုင်မည်ဖြစ်သည်။ ကျင့်ကြံခြင်းက စွမ်းရည်အားလုံးကို တိုးတက်စေနိုင်သော်လည်း ရန်သူများကို သတ်ဖြတ်ခြင်းက ပိုမြန်သည်။
" စစ်သေနာပတိချုပ်ငါးယောက် " ကျောက်ဖုန်းက ခန်းမထဲသို့ ကြည့်လိုက်သည်။
" အိမ်ရှေ့စံမင်းသားရဲ့ အမိန့်ကို စောင့်နေပါတယ်။ " ဝမ်ပင်း၊ မုန့်ဝူ၊ ဟွမ်ယိ၊ တုဆွေနှင့် လီမုတို့က ပြန်ပြောလိုက်ကြသည်။
" မင်းတို့အားလုံး သိုင်းတာအိုနိယာမနယ်ပယ်အဆင့်ကို ရောက်နေတာကြာပြီ။ ဒါပေမယ့် မင်းတို့မှာ သင့်တော်တဲ့ နတ်လက်နက်တွေမရှိဘူး။ ဒီနေ့ ငါမင်းတို့ကို အဆင့်နိမ့် ဟောက်ထျန်းနတ်လက်နက်တစ်ခုစီ ချီးမြှင့်လိုက်မယ်။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းလိုက်ပြီး ဓားငါးလက်က စစ်သေနာပတိချုပ်ငါးယောက်ဆီသို့ ပျံသန်းသွားသည်။
" အိမ်ရှေ့စံမင်းသားကို ကျေးဇူးတင်ပါတယ်။ " စစ်သေနာပတိချုပ်ငါးယောက်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ကြသည်။
" ကောင်းပြီ။ ညီလာခံသိမ်းမယ်။ ငါ ခမည်းတော်နဲ့ ဆွေးနွေးစရာရှိပါတယ်။ " ကျောက်ဖုန်းက အရာရှိများကို ကြည့်ပြီး ပြောလိုက်သည်။
" ကျွန်တော်မျိုးတို့ကို ခွင့်ပြုပါဦး။ " အရာရှိများက ဦးညွှတ်ပြီး ခန်းမထဲမှ ထွက်ခွာသွားကြသည်။
" ခမည်းတော် ဒီတစ်ခါတံခါးပိတ်ကျင့်ကြံနေတုန်းမှာ လက်နက်တွေနဲ့ ရတနာတော်တော်များများကို သန့်စင်ခဲ့တယ်။ ပြီးတော့ ခွန်လွန်ဂိုဏ်းကို ဖျက်ဆီးပြီးတဲ့နောက်မှာ ဝိညာဉ်အနှစ်သာရဆေးလုံးတစ်သောင်းကိုလည်း ရခဲ့တယ်။ ချင်ရဲ့ အင်အားကို မြှင့်တင်ဖို့ သင့်တော်သလို စီစဉ်လိုက်ပါ။ " ကျောက်ဖုန်းက သိုလှောင်လက်စွပ်တစ်ကွင်းကို ချွတ်ပြီး ရင်ကျန့်ကို ပေးလိုက်သည်။
" ကောင်းပြီ။ " ရင်ကျန့်က သိုလှောင်လက်စွပ်ကို လက်ခံလိုက်သည်။
ကောင်းကင်ဘုံ၊ ချန်းရှန်းနန်းတော်။
" မဟာဧကရာဇ် တစ်ခုခုဖြစ်သွားပါတယ်။ " အရာရှိတစ်ယောက်က ချန်းရှန်းဆီသို့ ရောက်လာသည်။
" ကူးစက်ရောဂါကိစ္စလား။ " ချန်းရှန်းက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
လက်ရှိတွင် ကောင်းကင်ဘုံတစ်ခုလုံးက ကူးစက်ရောဂါကပ်ဘေးနှင့် လွှမ်းခြုံခံနေရသည်။ ဝိညာဉ်အနှစ်သာရကို ဖြတ်တောက်ခဲ့သော်လည်း ကူစက်ရာဂါက ဆက်လက်ပျံ့နှံ့နေဆဲ ဖြစ်သည်။ သူ၏ လက်အောက်မှ အင်မော်တယ်များနှင့် နတ်ဘုရားများပင် ကူးစက်ခံနေရသည်။
" အရှင်လောင်ဇီက အဲ့ဒီအဆိပ်ကို ဖိနှိပ်နိုင်တဲ့ ဆေးလုံးတွေကို ပေးထားပါတယ်။ တောင်ဘက်တိုက်ကြီးက လာတဲ့ ဝိညာဉ်အနှစ်သာရတွေကို မသုံးစွဲသရွေ့ ကူးစက်ရောဂါကို ရှင်းလင်းပစ်ဖို့ အချိန်တစ်ခုပဲ လိုအပ်ပါတယ်။ အရှင်လောင်ဇီပေးအပ်လိုက်တဲ့ ဆေးလုံးတွေက အရမ်းအစွမ်းထက်ပါတယ်။ ကောင်းကင်ဘုံက ကူးစက်ရောဂါကို ယာယီထိန်းချုပ်နိုင်ပါပြီ။ " အရာရှိက လေးစားစွာဖြင့် ပြောလိုက်သည်။
" ဘယ်လိုပဲဖြစ်ဖြစ် ဒါက တာအိုဘိုးဘေးအတွက်တော့ ရောဂါလေးတစ်ခုပါပဲ။ " ချန်းရှန်းက ပြုံး၍ ပြောလိုက်သည်။ " အဲ့ဒါဆို မင်းက ဘာကိစ္စနဲ့ ရောက်လာတာလဲ။ "
" ခွန်လွန်ဂိုဏ်းကို စစ်ဆေးဖို့ စေလွှတ်လိုက်တဲ့ အင်မော်တယ်တွေအားလုံး ပျောက်ဆုံးသွားပြီး သူတို့ရဲ့ ဝိညာဉ်ပြားတွေ ကွဲအက်သွားပါတယ်။ သူတို့က အကြောင်းရင်းမသိဘဲ ပျောက်ကွယ်သွားတာပါ။ " အရာရှိက ချက်ချင်း ပြောလိုက်သည်။
" အရှေ့တိုက်ကြီးကို ငါ့တို့ တာအိုဂိုဏ်းက ထိန်းချုပ်ထားတာဖြစ်လို့ ဗုဒ္ဓဂိုဏ်းနဲ့ နတ်ဆိုးတွေက ဝင်ရောက်စွက်ဖက်လို့မရဘူး။ " ချန်းရှန်းက ဖြည်းညင်းစွာ ပြောပြီး ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိသွားသည်။ " ပျောက်ကွယ်သွားတာဆိုတော့ ဒီကိစ္စကို အာရုံစိုက်ဖို့လိုတယ်။ "
" မဟာဧကရာဇ် ကောင်းကင်ဧကရာဇ်က ဖိတ်ခေါ်လိုက်ပါတယ်။ " အရာရှိတစ်ယောက်က ခန်းမထဲသို့ ဝင်ရောက်လာသည်။
" ဟောက်ထျန်းက ခေါ်တာလား။ " ချန်းရှန်းက အတွေးနက်သွားသည်။ သူက ခွန်လွန်ဂိုဏ်းကိစ္စကို ခဏဘေးဖယ်ထားလိုက်သည်။
" ခွန်လွန်ဂိုဏ်းကို စုံစမ်းဖို့ လူတစ်ယောက်ထပ်လွှတ်လိုက်ပါ။ ခွန်လွန်ဂိုဏ်းချုပ်ကို ငါနဲ့ လာတွေဖို့ အမိန့်ထုတ်ပြလိုက်။ " ချန်းရှန်းက လက်ဝှေ့ရမ်းလိုက်ပြီး အမိန့်တော်တစ်ခုက အရာရှိလက်ထဲသို့ ကျသွားသည်။ ထို့နောက် သူက ထရပ်ပြီး ခန်းမထဲမှ ပျောက်ကွယ်သွားသည်။
လင်းရှောင်နန်းတော်။
ယနေ့တွင် အင်မော်တယ်များနှင့် နတ်ဘုရားများမရှိဘဲ ခန်းမထဲတွင် ပလ္လင်လေးခုကို နေရာချထားသည်။ ကောင်းကင်ဧကရာဇ်က အထက်ရှိ ဧကရာဇ်ပလ္လင်ပေါ်တွင်ထိုင်နေသည်။
" ကုံချန်မဟာဧကရာဇ် ကြွလာပါပြီ။ "
" ဇီဝေမဟာဧကရာဇ် ကြွလာပါပြီ။ "
" ချင်ဟွာမဟာဧကရာဇ် ကြွလာပါပြီ။ "
" ချန်းရှန်းမဟာဧကရာဇ် ကြွလာပါပြီ။ "
ခန်းမ၏ အပြင်ဘက်မှ အသံနှင့်အတူ အလင်းတန်းလေးခုက ခန်းမထဲသို့ ဝင်ရောက်လာပြီး ပလ္လင်လေးခုပေါ်တွင် ပုံရိပ်လေးခု ပေါ်လာသည်။ သူတို့က တလျိုရွှေအင်မော်တယ်အဆင့်ထက် ကျော်လွန်သော အော်ရာကို ထုတ်လွှတ်နေပြီး အချို့က သူတော်စင်တစ်ဝက်အဆင့်သို့ပင် ရောက်နေကြသည်။
သူတို့ထဲတွင် အချို့က ရုပ်ခန္ဓာဖြင့် နတ်ဘုရားခန့်အပ်ခြင်းထဲသို့ စာရင်းသွင်းပြီး ပလ္လင်ပေါ်သို့ တက်လှမ်းခဲ့ကြသည်။ အချို့က အစစ်အမှတ်ဝိညာဉ်နှင့် စာရင်းသွင်းပြီး ပလ္လင်ပေါ်သို့ တက်လှမ်းခဲ့ကြသည်။ သဘာဝအားဖြင့် ရုပ်ခန္ဓာနှင့် စာရင်းသွင်းသူများက ပိုမိုကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ကြပြီး ကောင်းကင်ဘုံမှ ချီးမြှင့်လိုက်သော နတ်ဘုရားအာဏာဖြင့် သူတော်စင်တစ်ဝက်အဆင့်သို့ ရောက်ရှိနေကြသည်။ အစစ်အမှန်ဝိညာဉ်ဖြင့် စာရင်းသွင်းထားသူများက သူတော်စင်တစ်ဝက်အဆင့်သို့ ဝင်ရောက်နိုင်ခြင်းမရှိကြပေ။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့