အခန်း ၆၀၆
Vol. 61 Ch. 606
အခန်း (၆၀၆)
" တာအိုရောင်းရင်းတို့ မတွေ့တာကြာပြီ။ " ကောင်းကင်ဧကရာဇ်က မဟာဧကရာဇ်လေးပါးကို ကြည့်ပြီး ပြောလိုက်သည်။
" နောက်ဆုံးဆုံတွေ့ခဲ့တာ လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကပါ။ အခု ကောင်းကင်ဧကရာဇ်က ငါတို့လေးယောက်ကို ခေါ်လိုက်တာ ဘာအရေးကြီးကိစ္စရှိလို့လဲ။ " ချန်းရှန်းက ဖြည်းညင်းစွာ မေးလိုက်သည်။
" ဗုဒ္ဓတရားတော်တွေကို အရှေ့ဘက်ကို ပျံ့နှံ့စေမယ့် ကိစ္စလား။ ဒီကိစ္စနဲ့ ပက်သက်ပြီး ကောင်းကင်ဘုရင်က ငါတို့ကို မတိုင်ပင်ဘဲ သဘောတူခဲ့ပြီးသားပဲ။ အခုမှဆွေးနွေးလို့ ရနိုင်ပါဦးမလား။ " ကုံချန်က လှောင်ပြောင်လိုသော အသံဖြင့် ပြောလိုက်သည်။
" ဗုဒ္ဓတရားတော်တွေကို အရှေ့ဘက်ကို ပျံ့နှံ့စေတာက ငါတို့တာအိုဂိုဏ်းရဲ့ ကံကြမ္မာစွမ်းအားကို လုယူဖို့ ရည်ရွယ်တာ ဖြစ်ပေမယ့် ကောင်းကင်ဧကရာဇ်က ဒီလောက်တည်ငြိမ်နေနိုင်တာ တကယ်ကို အံ့ဩစရာပါပဲ။ " ဇီဝေက ဖြည်းညင်းစွာ ပြောလိုက်သည်။
" တော်ကြတော့။ ဗုဒ္ဓတရားတော်တွေ အရှေ့ဘက်ကို ပျံ့နှံ့စေတာက သူတော်စင်တွေရဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ကောင်းကင်တာအိုက သတ်မှတ်ထားတာပဲ။ သူတော်စင်တွေ ပျောက်ကွယ်သွားပေမယ့် အဲ့ဒီစည်းမျဉ်းက ရှိနေတုန်းပဲ။ ပြီးတော့ ကောင်းကင်ဧကရာဇ်က ဗုဒ္ဓတရားတော်တွေကို အရှေ့တိုက်ကြီးရဲ့ အစွန်အဖျားနေရာတွေကိုပဲ ပျံ့နှံ့ခွင့်ပေးထားတာ အလယ်ပိုင်းထိ မဟုတ်ဘူး။ ဒါကြောင့် သိပ်စိုးရိမ်နေစရာမလိုဘူး။ " ချင်ဟွာက ဖြတ်ပြောလိုက်သည်။ " တကယ်လို့ လူသားဘုံကိုသာ အင်မော်တယ်ဘုံထဲ ဆွဲယူနိုင်ရင် အရာအားလုံးက ထိုက်တန်ပါတယ်။ "
ထိုအချက်ကို ကြည့်ခြင်းဖြင့် ကောင်းကင်ဘုံမှ ဧကရာဇ်ငါးပါးက လူအများထင်မှတ်ထားသလောက် သဟဇာတဖြစ်ကြသည်တော့မဟုတ်ပေ။ ကောင်းကင်ဧကရာဇ်က ကောင်းကင်ဘုံ၏ ဧကရာဇ်ဖြစ်သော်လည်း အခြားမဟာဧကရာဇ်များကလည်း စစ်မှန်သော အာဏာများကို ပိုင်ဆိုင်ထားကြသည်။ ကောင်းကင်ဧကရာဇ်က ကောင်းကင်ဘုံ၏ စည်းလုံးမှုကို ထိန်းသိမ်းရန်အတွက် သည်းခံခဲ့ခြင်းသာဖြစ်သည်။
" အဲ့ဒါကို ထိန်းချုပ်လို့မရတော့ဘူး။ " ကောင်းကင်ဧကရာဇ်က ဖြည်းညင်းစွာ ပြောလိုက်သည်။
" ကောင်းကင်ဧကရာဇ်က ဘာကိုဆိုလိုတာလဲ။ ကူးစက်ရောဂါက တောင်ဘက်တိုက်ကြီးတစ်ခုလုံး ပျံ့နှံ့သွားပြီလို့ ပြောတာလား။ " ချန်းရှန်းက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
ကောင်းကင်ဧကရာဇ်က လက်ဝှေ့ရမ်းလိုက်သောအခါ ကောင်းကင်ကြေးမုံက ထွက်ပေါိလာသည်။ ထို့နောက် အလင်းမျက်နှာပြင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး တောင်ဘက်တိုက်ကြီးမှ အင်မော်တယ်ဂိုဏ်းတစ်ခု၏ အခြေအနေကို ပြသထားသည်။ သွေးများက နေရာအနှံ့ စီးဆင်းနေကာ အင်မော်တယ်များက နာကျင်စွာ အော်ဟစ်နေကြပြီး အချို့ဆိုလျှင် တိုက်ရိုက်ပေါက်ကွဲသေဆုံးသွားကြသည်။ ဂိုဏ်းချုပ်မှစ၍ ကျင်ကြံသူများအထိ လူတိုင်းနီးပါးက ကူးစက်ရောဂါကို ခံနေရသည်။
" တောင်ဘက်တိုက်ကြီးတစ်ခုလုံးက အဲ့ဒီလိုဖြစ်နေတာလား။ " ချန်းရှန်းက အံ့အားသင့်စွာ ပြောလိုက်သည်။
" အားလုံးနီးပါးက ဒီလိုပဲ။ " ကောင်းကင်ဧကရာဇ်က လေးနက်စွာ ပြောလိုက်သည်။
" ကြည့်ရတာ တောင်ဘက်တိုက်ကြီးကလာတဲ့ ဝိညာဉ်အနှစ်သာရနဲ့ အသွေးအသားတွေကို ကောင်းကင်ဘုံကို ထပ်ပြီး ဝင်ရောက်ခွင့်ပြုလို့မရတော့ဘူး။ " ကုံချန်က လေးနက်စွာ ပြောလိုက်သည်။
" အဲ့ဒီကိစ္စနဲ့ပက်သက်ပြီး ကောင်းကင်ဧကရာဇ်က အမိန့်ထုတ်ပြန်ပြီးပြီ။ တောင်ဘက်တိုက်ကြီးကလာတဲ့ ဝိညာဉ်အနှစ်သာရတွေနဲ့ အသွေးအသားတွေကို ဖြတ်တောက်ထားပြီးပြီ။ ဒါ့အပြင် ငါတို့ ကောင်းကင်ဘုံက အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေကို အကြောင်းရင်းမရှိဘဲ တောင်ဘက်တိုက်ကြီးကို ဝင်ရောက်ခွင့်မပြုတော့ဘူး။ " ချင်ဟွာက ပြောလိုက်သည်။
" ဒီလောက်ကြာတာတောင် ကူးစက်ရောဂါရဲ့ ဇစ်မြစ်ကို မစုံစမ်းနိုင်သေးဘူးလား။ " ဇီဝေက ကောင်းကင်ဧကရာဇ်ကို ကြည့်ပြီး မေးလိုက်သည်။
" အရှင်လောင်ဇီကိုယ်တိုင် ဒီကူးစက်ရောဂါက်ု စုံစမ်းခဲ့တာပဲ။ အချက်အလက်အချို့တော့ ဖော်ထုတ်ပြီးပြီ။ အဲ့ဒီကူးစက်ရောဂါက လူသားတွေရဲ့ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာတာပဲ။ တကယ်လို့ လူသားတွေကို သတ်ပြီး သူတို့ရဲ့ ဝိညာဉ်အနှစ်သာရနဲ့ အသွေးအသားတွေကို ထုတ်ယူမယ်ဆိုရင် ကူးစက်ရောဂါက အင်မော်တယ်တွေနဲ့ ကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားလိမ့်မယ်။ လူသားတွေကို ပိုသတ်လေ ရောဂါက ပိုပြင်းလေပဲ။ တလျိုရွှေအင်မော်တယ်အဆင့်အောက် ဘယ်သူမှ အဲ့ဒါကို ကာကွယ်နိုင်ခြင်းမရှိဘူး။ " ကောင်းကင်ဧကရာဇ်က တည်ကြည်သော အမူအရာဖြင့် ပြောလိုက်သည်။
ထိုစကားများကို ကြားလိုက်ရသောအခါ မဟာဧကရာဇ်များ၏ အမူအရာများက ပြောင်းလဲသွားကြသည်။
" လူသားတွေကို သတ်ဖြတ်ရင် ဒီရောဂါက ကူးစက်နိုင်တာလား။ ဒါဆို လူသားတွေဆီက ဝိညာဉ်အနှစ်သာရတွေ ဆက်ပြီး မထုတ်ယူနိုင်တော့ဘူးပေါ့။ ငါတို့ကောင်းကင်ဘုံက သက်တမ်းတိုးဖို့နဲ့ ကပ်ဘေးတွေကို ရှောင်ရှားဖို့ ဝိညာဉ်အနှစ်သာရတွေကို မှီခိုနေရတာပဲ။ တကယ်လို့ ဝိညာဉ်အနှစ်သာရတွေကို မထုတ်ယူနိုင်တော့ဘူးဆိုရင် အဲ့ဒါက ကောင်းကင်ဘုံအတွက် ကောင်းတဲ့အရာ ဖြစ်လာမှာ မဟုတ်ဘူး။ ကောင်းကင်ဧကရာဇ် ဒီကိစ္စနဲ့ ပက်သက်ပြီး ဘယ်လိုလုပ်ကြမလဲ။ "
မဟာဧကရာဇ်များက ကောင်းကင်ဧကရာဇ်ကို ကြည့်လိုက်ကြသည်။ အကယ်၍ သူတော်စင်များက ပျောက်ကွယ််မသွားဘဲ ကောင်းကင်တာအိုက မပြောင်းလဲဘဲ ရှိနေလျှင် သူတို့က စိုးရိမ်နေကြမည်မဟုတ်ပေ။ ထိုအချိန်က အင်မော်တယ်များ၏ သက်တမ်းမှာ ရှည်လျားပြီး သာမန်အင်မော်တယ်များပင်လျှင် နှစ်ပေါင်းသောင်းချီ နေထိုင်နိုင်ကြသည်။
သို့သော် သူတော်စင်များ ပျောက်ကွယ်သွားပြီး ကောင်းကင်တာအိုက ပြောင်းလဲသွားသောအခါ ဝိညာဉ်အမြစ်မရှိသူများ ကျင့်ကြံနိုင်စေရန်နှင့် စွမ်းအားကို တိုးမြှင့်နိုင်ရန် စိတ်ဝိညာဉ်အမြစ်ဆေးလုံးများ ထွက်ပေါ်လာခဲ့သည်။ ထို့အပြင် အတိတ်တွင် မဟာရွှေနှင့် တလျိုရွှေအင်မော်တယ်များသာ ရင်ဆိုင်ရသော ကပ်ဘေးသုံးပါးနှင့် ပြစ်ဒဏ်ကိုးပါးတို့က သာမန်အင်မော်တယ်များမှာပါ ထွက်ပေါ်လာခဲ့သည်။
စိတ်ဝိညာဉ်အမြစ်ဆေးလုံးများကို စားသုံးပြီး စွမ်းအားများ မြင့်တက်လာသော အင်မော်တယ်များက လူသားများကို ရက်စက်စွာ သတ်ဖြတ်လာကြပြီး ဝိညာဉ်အနှစ်သာရများကို ထုတ်ယူကာ အသွေးအသားများကို စားသုံးခြင်းဖြင့် ကျင့်ကြံမှုကို မြှင့်တင်ခဲ့ကြသည်။
ဝိညာဉ်အနှစ်သာရက သက်တမ်းကို တိုးမြှင့်ပေးနိုင်ပြီး ကပ်ဘေးသုံးပါးနှင့် ပြစ်ဒဏ်ကိုးပါးကို ရှောင်ရှားနိုင်သည်။ ထိုအချိန်မှစ၍ အင်မော်တယ်များနှင့် နတ်ဘုရားများက လူသားများကို တိရစ္ဆာန်များသဖွယ် မွေးမြူပြီး ဝိညာဉ်အနှစ်သာရများနှင့် အသွေးအသားများကို ထုတ်ယူခဲ့ကြသည်။
ယခုအချိန်ထိ ကောင်းကင်ဘုံ၊ ဗုဒ္ဓဂိုဏ်းနှင့် အခြားအင်အားစုများအားလုံးက ဆက်လက်တည်ရှိနိုင်ရန် ဝိညာဉ်အနှစ်သာရကို အဓိကမှီခိုနေရသည်။
" ဝိညာဉ်အနှစ်သာရက ငါတို့ ကောင်းကင်ဘုံအတွက် မရှိမဖြစ် လိုအပ်တယ်။ " ကောင်းကင်ဧကရာဇ်က ပြတ်သားစွာ ပြောလိုက်သည်။
" လူသားတွေကို သတ်ဖြတ်ခြင်းကနေ ဒီရောဂါကို ကူးစက်စေနိုင်တယ်။ လူသားတွေဆီက ထုတ်ယူထားတဲ့ ဝိညာဉ်အနှစ်သာရတွေနဲ့ အသွေးအသားတွေမှာလည်း ဒီရောဂါပါဝင်နေတယ်။ အဲ့ဒါကို ရှောင်လွှဲဖို့ နည်းလမ်းမရှိတော့ဘူးလား။ " ကုံချန်က လေးနက်သော အမူအရာဖြင့် မေးလိုက်သည်။
" ဒီကူးစက်ရောဂါကို ဖြေရှင်းဖို့ ငါ အရှင်လောင်ဇီကို တောင်းဆိုထားတယ်။ ဒါပေမယ့် ဖြေရှင်းနည်းကို ရှာတွေ့နိုင်ဖို့ကတော့ အချိန်ယူရဦးမယ်။ အဲ့ဒီမတိုင်ခင် ငါ ဆုံးဖြတ်ချက်တစ်ခု ချထားတယ်။ အဲ့ဒါကို မင်းတို့နဲ့ တိုင်ပင်ရဦးမယ်။ " ကောင်းကင်ဧကရာဇ်က လေးနက်စွာ ပြောလိုက်သည်။
" ကောင်းကင်ဧကရာဇ်ရဲ့ အစီအစဉ်ကဘာလဲ။ " ချန်းရှန်းက မေးလိုက်သည်။
" လက်ရှိမှာ အဲ့ဒီကူးစက်ရောဂါက တောင်ဘက်တိုက်ကြီးတစ်ခုလုံးပျံ့နှံ့နေပြီး အရှေ့တိုက်ကြီး၊ အနောက်ဘက်တိုက်ကြီးနဲ့ မြောက်ဘက်တိုက်ကြီးက လူတွေကို ကူးစက်နိုင်ခြေရှိမရှိကို ဘယ်သူမှ သေချာမပြောနိုင်ဘူး။ ဒါကြောင့် ငါတို့ ကောင်းကင်ဘုံမှာ အဲ့ဒီကူးစက်ရောဂါ ရှိမရှိ စစ်ဆေးနိုင်မယ့် မှော်ရတနာတစ်ခုလိုအပ်တယ်။ " ကောင်းကင်ဧကရာဇ်က ပြောလိုက်သည်။
" ကောင်းကင်ဧကရာဇ်ပြောတာမှန်တယ်။ တကယ်လို့ ငါတို့မှာ အဲ့ဒီရတနာရှိရင် လူသားတွေမှာ ကူးစက်ရောဂါရှိမရှိ စစ်ဆေးနိုင်တယ်။ တကယ်လို့ ကူးစက်ခံထားရတယ်ဆိုရင် သူတို့ကို လွှတ်ပစ်ပြီး ကူးစက်မခံထားရဘူးဆိုရင် ဝိညာဉ်အနှစ်သာရကို ထုတ်ယူနိုင်တယ်။ " ကုံချန်က ချက်ချင်း နားလည်သွားသည်။
ကောင်းကင်ဧကရာဇ်က ပြုံး၍ လက်ဝှေ့ရမ်းလိုက်ပြီး သေတ္တာတစ်လုံးက ချန်းရှန်း၏ ရှေ့သို့ ပျံသန်းသွားသည်။
" ဒါက အရှင်သခင်သန့်စင်ပေးထားတဲ့ ကူးစက်ရောဂါပဲ။ ချန်းရှန်း အတိတ်တုန်းက မင်းက ချန်ဂိုဏ်းမှာ ထိပ်တန်းတပည့်တစ်ယောက်ဖြစ်ပြီး ရတနာသန့်စင်ရာမှာလည်း ကျွမ်းကျင်တော့ ဒီရတနာဖန်တီးမယ့်ကိစ္စကို မင်းကိုပဲ တာဝန်ပေးလိုက်မယ်။ " ကောင်းကင်ဧကရာဇ်က ပြောလိုက်သည်။
" ဒီကိစ္စကို ကျုပ်တာဝန်ယူလိုက်ပါမယ်။ " ချန်းရှန်းက သေတ္တာကို လက်ခံပြီး ပြောလိုက်သည်။
" ကောင်းကင်ဧကရာဇ် လူသားတွေမှာ ကူးစက်ရောဂါရှိမရှိ စစ်ဆေးဖို့ ရတနာကို ဖန်တီးနိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီကူးစက်ရောဂါကို ဖြေရှင်းဖို့ လိုအပ်နေတုန်းပဲ။ ဒီကိစ္စနဲ့ ပက်သက်ပြီး ကောင်းကင်ဧကရာဇ် အရှင်လောင်ဇီနဲ့ ဆွေးနွေးဖို့ လိုအပ်တယ်။ " ချန်းရှန်းက ထပ်ပြောလိုက်သည်။
" ဒီကိစ္စနဲ့ ပက်သက်ပြီး ငါ အရှင်လောင်ဇီနဲ့ ဆွေးနွေးပြီးသားပါ။ " ကောင်းကင်ဧကရာဇ်က ပြုံး၍ ပြောလိုက်သည်။ " အရှေ့တိုက်ကြီးကို အဝင်အထွက်ပိတ်ပြီး ဘယ်သူကိုမှ ဝင်ရောက်ခွင့်ပြုလို့မရဘူး။ ဝင်ရောက်တဲ့သူမှန်သမျှ သုတ်သင်ရှင်းလင်းပစ်ရမယ်။ ဒီကိစ္စအတွက် အစစ်အမှန်နတ်ဘုရားတွေနဲ့ ကောင်းကင်စစ်သည်တွေကို စေလွှတ်ရမယ်။ "
" တောင်ဘက်တိုက်ကြီးက ရောဂါကူးစက်ခံထားရသူတွေကို ရှင်းလင်းရမယ်။ ပြီးတော့ အင်မော်တယ်ဂိုဏ်းတွေ လူသားတွေကို သတ်ဖြတ်တာကိုလည်း တားဆီးရမယ်။ "
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့