← Chapters

အခန်း ၆၀၇

Vol. 61 Ch. 607

အခန်း ၆၀၇

Vol. 61 Ch. 607

အခန်း (၆၀၇)

သိုရှိုက်နန်းတော်။

အရှင်လောင်ဇီက ထိုင်နေပြီး သူ၏ ရှေ့တွင် အော်ရာတစ်ခု ပျံ့နှံ့နေသည်။ ၎င်းက သန့်စင်ထားသော အင်မော်တယ်လူသားအဆိပ်ပင်ဖြစ်သည်။

" ကောင်းကင်နဲ့ မြေကြီးကြားမှာ ဒီလိုအရာမျိုး ရှိနေတာပဲ။ သဘာဝအလျောက် ဖြစ်ပေါ်သလို ရှိပေမယ့် ဖန်တီးထားတာနဲ့လည်း တူနေတယ်။ ထူးဆန်းတယ်။ " အရှင်လောင်ဇီက သူ၏ ရှေ့မှ အင်မော်တယ်လူသားအဆိပ်ကို အံ့ဩစွာ ကြည့်နေသည်။ သူကိုယ်တိုင်ပင်လျှင် ၎င်းကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ ၎င်းကို ကူးစက်ရောဂါဟု ခေါ်ရမလား အဆိပ်ဟုခေါ်ရမလား မသေချာပေ။

" ဒီအဆိပ်က လူသားတွေရဲ့ ခန္ဓာကိုယ်မှာရှိပြီး ပုံမှန်အချိန်ဆို ငြိမ်သက်နေတတ်တယ်။ ဒါပေမယ့် ကျင့်ကြံသူ​တစ်ယောက်က အဲ့ဒီလူကို သတ်ဖြတ်လိုက်ရင် အဲ့ဒီအဆိပ်က သူ့ကို သေချာပေါက် ကူးစက်သွားလိမ့်မယ်။ အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေအတွက်တော့ ဒီအဆိပ်က ကူးစက်ရောဂါတစ်ခုဖြစ်ပြီး လူသားတွေအတွက်တော့ အသက်ကယ်လက်နက်တစ်ခု ဖြစ်တယ်။ ဒီအဆိပ်ကြောင့် အင်မော်တယ်တွေက လူသားတွေကို စိတ်ရှိသလို သတ်ဖြတ်ရဲတော့မှာမဟုတ်ဘူး။ အခြေအနေနဲ့ လိုက်လျောညီထွေ လုပ်ဆောင်တာက ကောင်းကင်တာအိုရဲ့ လမ်းစဉ်ပဲ။ " အရှင်လောင်ဇီက အင်မောလတယ်လူသားအဆိပ်ကို ကြည့်ပြီး စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

တောင်ဘက်တိုက်ကြီး။

ပုံရိပ်တစ်ခုက လေထဲတွင် မတ်တပ်ရပ်နေသည်။

" အရှေ့တိုက်ကြီးနဲ့ ယှဉ်ရင် တောင်ဘက်တိုက်ကြီးက ကပ်ဘေးချီတွေ ပိုပြီး အားကောင်းနေတယ်။ ဒါက အင်မော်တယ်ဘုံမှာ တကယ်ကို အရှုပ်ထွေးဆုံး တိုက်ကြီးပဲ။ " ကျောက်ဖုန်းက ဟင်းလင်းပြင်မှ တောင်ဘက်တိုက်ကြီးကို ငုံ့ကြည့်နေသည်။

ထိုအချိန်တွင် အင်မော်တယ်စွမ်းအားတစ်ခုက တောင်ဘက်တိုက်ကြီးပေါ်တွင် ထွက်ပေါ်လာသည်။

" ကောင်းကင်ဧကရာဇ်ရဲ့ အမိန့်တော် တောင်ဘက်တိုက်ကြီးတစ်ခုလုံးက ကူးစက်ရောဂါ ပျံ့နှံ့နေပြီး ထိန်းချုပ်လို့မရတော့ဘူး။ သက်ရှိအားလုံးရဲ့ ရှင်သန်ရေးအတွက် ဒီနေ့ကစပြီး တောင်ဘက်တိုက်ကြီးက သက်ရှိအားလုံး အရှေ့တိုက်ကြီးကို ဝင်ရောက်ခွင့် တားမြစ်လိုက်တယ်။ ကောင်းကင်စစ်သည်တွေက နယ်စပ်မှာ တပ်စွဲထားပြီး ကျူးကျော်လာတဲ့ ဘယ်သူမဆို ကွပ်မျက်ခံရမယ်။ အင်မော်တယ်ဂိုဏ်းအားလုံးက တပည့်သစ်စုဆောင်းခြင်းနဲ့ လူသားတွေကို သတ်ဖြတ်တာကို ရပ်တန့်ထားရမယ်။ ကူးစက်ရောဂါကို အင်မော်တယ်ဂိုဏ်းတွေက ထိန်းချုပ်ပြီး ကုသလို့မရတဲ့သူတွေကို ရှင်းပစ်ရမယ်။ " အင်မော်တယ်စွမ်းအားများနှင့်အတူ မျှော်စင်ကို ကိုင်ဆောင်ထားသော နတ်ဘုရားတစ်ပါးက ဟင်းလင်းပြင်ထဲတွင် ရပ်နေသည်။ သူ၏ နောက်တွင် ကောင်းကင်စစ်သည်များ ရှိနေသည်။

မျှော်စင်ကို ကိုင်ဆောင်ထားသော နတ်ဘုရားက ရုတ်တရက် လက်ဝှေ့ရမ်းလိုက်သည်။ ရွှေရောင်အလင်းတန်းတစ်ခုက အရှေ့တိုက်ကြီးနှင့် တောင်ဘက်တိုက်ကြီး၏ အလယ်သို့ ကျဆင်းသွားသည်။ ရွှေရောင်အလင်းက မြေပြင်ကို ရိုက်ခတ်သွားပြီး မိုင်ပေါင်းများစွာကို တုန်ခါသွားစေခဲ့သည်။ ထို့နောက် တိုက်ကြီးနှစ်ခု၏ နယ်စပ်တွင် မိုင်ပေါင်းများစွာ ရှည်လျားသော ဂိတ်တံခါးကြီးတစ်ခု ထွက်ပေါ်လာပြီး တိုက်ကြီးနှစ်ခုကို ပိုင်းခြားထားသည်။ ကောင်းကင်စစ်သည်များက အလင်းတန်းများအဖြစ် ပြောင်းလဲသွားကြပြီး ဂိတ်တံခါးဆီသို့ ဆင်းသက်သွားကြသည်။

" နီကျာ ဒီဂိတ်တံခါးကို မင်းကို အပ်လိုက်မယ်။ ဘယ်သူကိုမှ ဖြတ်သွားခွင့်မပေးနဲ့။ " လီကျင်းက သူ၏ ဘေးမှ လေမီးဘီးပေါ်တွင် ရပ်ပြီး လှံရှည်တစ်လက်ကို ကိုင်ထားသော လူငယ်ကို ကြည့်ပြီး ပြောလိုက်သည်။

နီကျာက လီကျင်းကို တစ်ချက်ကြည့်ပြီး ဘာမှမပြောဘဲ လေမီးဘီးကို စီးနင်ကာ ဂိတ်တံခါးဆီသို့ ဆင်းသက်သွားသည်။ နီကျာ၏ အမူအရာကို မြင်သောအခါ လီကျင်း၏ မျက်လုံးများထဲတွင် အထင်သေးသော အရိပ်အယောင်များပေါ်လာသော်လည်း အပြင်သို့ ထုတ်မပြပေ။

ကျောက်ဖုန်းက အဝေးမှ ထိုမြင်ကွင်းများကို ကြည့်ပြီး ကျေနပ်သွားသည်။

" ကောင်းကင်ဘုံ ကြည့်ရတာ အင်မော်တယ်လူသားအဆိပ်က မင်းတို့ကို ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်စေခဲ့တယ်ထင်တယ်။ အင်မော်တယ်လူသားအဆိပ်ကို တားဆီးဖို့အတွက် တိုက်ကြီးနှစ်ခုကိုတောင် ပိုင်းခြားလိုက်တယ်ပေါ့။ မင်းတို့အတွေးတွေက ရိုးရှင်းလွန်းနေပြီ။ "

တိုက်ကြီးနှစ်ခုကို ပိုင်းခြားလိုက်ခြင်းက အရှေ့တိုက်ကြီးကို ထိန်းသိမ်းရန်အတွက်သာ ဖြစ်သည်။ သို့သော် သူတို့မသိသည်မှာ အင်မော်တယ်လူသားအဆိပ်က အရှေ့တိုက်ကြီးတွင် ပျံ့နှံ့နေခဲ့ပြီဖြစ်သည်။ ချင်အင်ပါယာ၏ လက်အောက်ရှိ နယ်မြေအတွင်း ဖြန့်ဝေခဲ့သော အခြေတည်ဆေးလုံးများထဲတွင် အင်မော်တယ်လူသားအဆိပ်ကို ထည့်သွင်းခဲ့ပြီး ယန်ထင်ကလည်း အဆိပ်ကို ဖြန့်နေခဲ့သည်။ မကြာမီ အရှေ့တိုက်ကြီးကလည်း တောင်ဘက်တိုက်ကြီးကဲ့သို့ ဖြစ်လာပေလိမ့်မည်။

" နီကျာ တလျိုရွှေအင်မော်တယ်တစ်ယောက်ပဲ။ ကောင်းကင်ဘုံက ဒီနေရာကို စောင့်ကြပ်ဖို့ နီကျာကို စေလွှတ်တာကို ကြည့်ရင် သူတို့ တကယ်အလေးအနက်ထားနေတာ ထင်ရှားတယ်။ " ကျောက်ဖုန်းက ကောင်းကင်မှ ဆင်းသက်လာသော နီကျာကို ကြည့်လိုက်သည်။

" အင်မော်တယ်ဂိုဏ်းတွေက အင်မော်တယ်လူသားအဆိပ်ကူးစက်ခံထားရတဲ့သူတွေကို ရှင်းလိုက်စမ်းပါ။ အဲ့ဒီအချိန်ကျရင် ငါကလည်း မင်းတို့ကို ကူညီပေးမှာပါ။ " ကျောက်ဖုန်းက အေးစက်စွာ ပြုံးလိုက်သည်။

သူ၏ရည်ရွယ်ချက်အရ ကောင်းကင်ဘုံ၏ အာရုံစိုက်မှုကို ဆွဲဆောင်မည်ဖြစ်သောကြောင့် တောင်ဘက်တိုက်ကြီးကို ရုန်းရင်းဆန်ခတ်ဖြစ်အောင် လုပ်ရမည်ဖြစ်သည်။ ထိုသို့တွေးပြီး ကျောက်ဖုန်းက သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ရာ တောင်ဘက်တိုက်ကြီး နယ်စပ်ရှိ အင်မော်တယ်ဂိုဏ်းတစ်ခုပေါ်သို့ ကျရောက်သွားသည်။

တောင်ဘက်တိုက်ကြီး၏ အရှေ့ဘက်တွင် တာအိုဝါဒအင်အားစုများ လွှမ်းမိုးထားပြီး ကောင်းကင်တံဆိပ်ကို လက်ခံကာ ကောင်းကင်ဘုံကို အလုပ်အကျွေးပြုနေကြသည်။ အနာက်ဘက်ခြမ်းတွင် ​ဗုဒ္ဓဂိုဏ်းက လွှမ်းမိုးထားပြီး ​ဗုဒ္ဓဘုရားကျောင်းများ တည်ရှိနေသည်။ သူတို့ထဲတွင် ဝူကျွမ်းဘုရားကျောင်း၊ အနောက်ခွန်လွန်နှင့် နတ်များပါဝင်ပြီး အင်အားစုအမျိုးမျိုး ရောထွေးနေသည်။

" ရွှေအင်မော်တယ်တစ်ယောက်ရှိတဲ့ အင်မော်တယ်ဂိုဏ်း။ အဲ့ဒါကို အရင်ဆုံး ရှင်းပစ်ရမယ်။ " ကျောက်ဖုန်းက ရယ်မောလိုက်ပြီး ရှေ့သို့ တစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွားသည်။

ကျောက်ဖုန်းပျောက်ကွယ်သွားသည့် အချိန်အတိအကျတွင် ဂိတ်တံခါးပေါ်မှ နီကျာက တစ်စုံတစ်ခုကို ခံစားမိသွားပြီး မိုင်ပေါင်းရာချီဝေးကွာသော နေရာသို့ ကြည့်လိုက်သည်။

" အရမ်းမြန်တာပဲ။ ဟင်းလင်းပြင်ကို​တောင် လှိုင်းထန်သွားစေတယ်။ ဒီလိုအမြန်နှုန်းက တလျိုရွှေအင်မော်တယ်တစ်ယောက်သာ ပိုင်ဆိုင်နိုင်လိမ့်မယ်။ လျို့ဝှက်ထောက်လှမ်းနေတဲ့ တစ်ယောက်ယောက်များလား။ " နီကျာက လေးနက်စွာ တွေးလိုက်သည်။

သူ၏ ပုံစံက လူငယ်ဆန်ပြီး ရင်ကျက်မှုမရှိသေးဟန်ရှိသော်လည်း သူ၏ အသက်က ခန့်မှန်း၍ မရနိုင်ပေ။ သူ၏ ကြာပန်းခန္ဓာက ရှန်ထျန်းစိတ်ဝိညာဉ်ရတနာတစ်ခုဖြစ်ပြီး ကူးစက်ရောဂါကို ခံနိုင်ရှိသူဖြစ်သည်။

တုရှန်းဂိုဏ်း။

၎င်းက တိုက်ကြီးနှစ်ခုကြားတွင် တည်ရှိပြီး လူသားနိုင်ငံများစွာအပေါ် လွှမ်းမိုးထားသည်။

" ဘယ်သူလဲ။ ငါတို့ တုရှနလးဂိုဏ်းကို ဘယ်သူကျူးကျော်လာတာလဲ။ " ကျောက်ဖုန်း၏ ပုံရိပ်က ဂိတ်တံခါးတွင် ပေါ်လာသောအခါ အင်မော်တယ်ဂိုဏ်း၏ တပည့်များက ချက်ချင်း ထွက်လာကြသည်။ သူတို့က ဟင်းလင်းပြင်ပြန်ခြင်းအဆင့်အထက်တွင် ရှိနေကြသူများဖြစ်သည်။

" ခွန်လွန်ဂိုဏ်းလောက်မကြီးပေမယ့် အားတော့မနည်းလူး။ ဂိုဏ်းမှာ တပည့်တစ်သောင်းနီးပါးက အင်မော်တယ်အဆင့်ကို ရောက်နေကြပြီ။ " ကျောက်ဖုန်းက သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်ပြီး တုရှန်းဂိုဏ်း၏ အခြေအနေကို လေ့လာလိုက်သည်။

" အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်။ " ကျောက်ဖုန်း၏ အမိန့်အောက်တွင် ဓားလေးလက်က တုရှန်းဂိုဏ်း၏ မိုင်တစ်ရာပတ်လည်ကို ဝန်းရံသွားပြီး ဟင်းလင်းပြင်နှင့် သီးခြားပိုင်းခြားသွားသည်။ ဂိုဏ်းအထက်တွင် သတ်ဖြတ်ခြင်းအရှိန်အဝါများဖြင့် ပြည့်နှက်သွားသည်။

" ဘာဖြစ်တာလဲ။ ဒါက အစီအရင်တစ်ခုလား။ "

" အင်​မော်တယ်ဂိုဏ်းတစ်ခုလုံးကို အစီအရင်နဲ့ ဖုံးလွှမ်းခံလိုက်ရပြီ။ "

တုရှန်းဂိုဏ်းအတွင်းမှ လူတိုင်းက ထိတ်လန့်သွားကြသည်။

" သေစမ်း " ကျောက်ဖုန်းက ဓားအစီအရင်ကို ချက်ချင်း အသက်သွင်းလိုက်သည်။

တုရှန်းဂိုဏ်း၏ အကာအကွယ်က ချက်ချင်း ပျက်စီးသွားပြီး အဆုံးမရှိသော ဓားချီများက ဆင်းသက်လာသည်။ တုရှန်းဂိုဏ်းတစ်ခုလုံးက ငရဲခန်းတစ်ခုကဲ့သို့ ပြောင်းလဲသွားသည်။

" ဟင်းလင်းပြင်ပြန်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၂၀ မှတ် ရရှိပါတယ်။ "

" အင်မော်တယ်အဆင့်ကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၁၀၀ မှတ် ရရှိပါတယ်။ "

" မြေကြီးအင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၂၀၀ မှတ် ရရှိပါတယ်။ "

" ကောင်းကင်အင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၅၀၀ မှတ် ရရှိပါတယ်။ "

ဓားအစီအရင်က အသက်ဝင်လာသည်နှင့် သတ်ဖြတ်ပွဲကြီးက စတင်လေတော့သည်။ စနစ်မှ အသိပေးချက်များကလည်း အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ တုရှန်းဂိုဏ်းက အလောင်းတောင်နှင့် သွေးပင်လယ်အဖြစ် ပြောင်းလဲသွားခဲ့သည်။

အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်ပြီးတွင် တုရှန်းဂိုဏ်း၌ အသက်ရှင်ကျန်ရစ်သူတစ်ယောက်မှ မရှိတော့ဘဲ အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်အောက်တွင် သတ်ဖြတ်ခြင်း ခံလိုက်ရသည်။

" ဟင်းလင်းပြင်ပြန်ခြင်းအဆင့်အထက်က အလောင်းတွေကို ဖြုန်းတီးပစ်လို့မရဘူး။ " ကျောက်ဖုန်းက လင်းယွင်ပုလင်းကို ထုတ်ပြီး အင်မော်တယ်များ၏ အလောင်းများကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက တုရှန်းဂိုဏ်းထဲသို့ ဝင်ရောက်သွားပြီးစိတ်ဝိညာဉ်ကျောက်တုံးများနှင့် အရင်းအမြစ်အားလုံးကို သိမ်းဆည်းလိုက်သညိ။

အားလုံးပြီးသောအခါ ကျောက်ဖုန်းက ထွက်မသွားသေးဘဲ နတ်ဆိုးဓားကို ထုတ်ပြီး အောက်မှ တုရှန်းဂိုဏ်းကို ခုတ်ပိုင်းလိုက်သည်။ ဓားချီအချို့က တုရှန်းဂိုဏ်းပေါ်သို့ ကျရောက်သွားပြီး သတ်ဖြတ်ခြင်းအရှိန်အဝါများ ပြည့်နှက်နေသော ရွှေရောင်စာလုံးတစ်လုံး ပေါ်လာသည်။

" ချင် "

ထိုစာလုံးကို ချန်ခဲ့ပြီးနောက် ကျောက်ဖုန်းက ဓားအစီအရင်ကို သိမ်းဆည်းပြီး ထွက်ခွာသွားသည်။

သူထွက်ခွာသွားပြီး အချိန်အတော်ကြာသောအခါ တုရှန်းဂိုဏ်း၏ အပျက်အစီးများကြားမှ အင်မော်တယ်ဆယ်ယောက်ကျော် ထွက်လာကြသည်။ သူတို့က ဂိုဏ်းအပျက်အစီးများကို ကြည့်ပြီး ထိတ်လန့်သွားကြသည်။

" မြန်မြန် ကောင်းကင်ဘုံကို သွားပြီး အစီရင်ခံကြ။ "

ကျောက်ဖုန်းက ခြိမ်းခြောက်မှုမှန်သမျှကို ဘယ်တော့မှ မလွှတ်ပေးဘဲ အမြဲတမ်း အမြစ်ပြတ်ရှင်းလင်းတတ်သူဖြစ်သည်။ သူတို့ အသက်ရှင်ကျန်ရစ်ခဲ့ခြင်းမှာ ကျောက်ဖုန်း ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သောကြောင့်ဖြစ်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters