အခန်း ၆၀၈
Vol. 61 Ch. 608
အခန်း (၆၀၈)
အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း သုံးလကြာသွားခဲ့သည်။ အင်မော်တယ်နှင့် နတ်ဘုရားများအတွက် ၎င်းက ခဏသာ ဖြစ်သည်။
လင်းရှောင်နန်းတော်။
" ဧကရာဇ်မင်းမြတ် တောင်ပိုင်းတိုက်ကြီးထဲမှာ ကျွန်တော်မျိုးတို့ ကောင်းကင်ဘုံရဲ့ လက်အောက်က အင်မော်တယ်ဂိုဏ်း ၈၇ ဂိုဏ်း ဖျက်ဆီးခံလိုက်ရပါပြီ။ ဖျက်ဆီးခံရတဲ့ ဂိုဏ်းတွေမှာ ချင်ဆိုတဲ့ စာလုံးကို ချန်ထားခဲ့ပါတယ်။ " ဝူတဲကြယ်နတ်ဘုရားက လေးနက်စွာဖြင့် ပြောလိုက်သည်။
" ဖျက်ဆီးခံလိုက်ရတဲ့ ဂိုဏ်းတွေမှာ ချင်ဆိုတဲ့စာလုံးကို ချန်ထားခဲ့တယ်ဟုတ်လား။ " ကောင်းကင်ဧကရာဇ်၏ မျက်နှာတွင် ဒေါသများဖြင့် ပြည့်နှက်နေသည်။ ချင်ဟူသော နာမည်ကို သူက ဘယ်လိုလုပ်မသိဘဲနေမှာလဲ။
" အဲ့ဒီလူက ကျွန်တော်မျိုးတို့ လက်အောက်က ဂိုဏ်းတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားနေတာပါ။ သူ့ရဲ့ စွမ်းအားကလည်း မဟာရွှေအင်မော်တယ်အဆင့်မှာရှိတာ သေချာပါတယ်။ " ဝူတဲကြယ်နတ်ဘုရားက ထပ်ပြောလိုက်သည်။
" မဟာရွှေအင်မော်တယ်လား။ "ကောင်းကင်ဧကရာဇ်၏ အမူအရာက အေးစက်သွားသည်။
လူသားဘုံမှ ခြိမ်းခြောက်မှုက ဤမျှအထိ ကြီးမားလာလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ထို့အပြင် သူက အင်မော်တယ်ဘုံသို့ ဝင်ရောက်ပြီး အင်မော်တယ်ဂိုဏ်းများကိုပင် ဖျက်ဆီးပစ်ခဲ့သည်။
" ဧကရာဇ်မင်းမြတ် အဲ့ဒီလူက အရင် လူသားဘုံမှာ အဲ့ဒီဓားအစီအရင်ကို အသုံးပြုခဲ့တဲ့သူဆိုတာ ကျွန်တော်မျိုး သေချာပါတယ်။ ဖျက်ဆီးခံလိုက်ရတဲ့ ဂိုဏ်းတွေမှာ သတ်ဖြတ်ခြင်းအရှိန်အဝါတွေ ပြည့်နှက်နေပြီး ဓားချီတွေလည်း ရှိနေပါတယ်။ အဲ့ဒါ သူပဲ ဖြစ်ပါလိမ့်မယ်။ " ဝမ်လင်းကွမ်းက ရှေ့ထွက်ပြီး ပြောလိုက်သည်။ ယခင် သူက ထိုဓားအစီအရင်အောက်တွင် သေဆုံးခဲ့သူဖြစ်သောကြောင့် ၎င်းကို သေချာသိနေသည်။
" အဲ့ဒီကောင်လေးက လူသားဘုံကနေ အင်မော်တယ်ဘုံထဲကို သေချာပေါက် တက်လာခဲ့တာဖြစ်ရမယ်။ " ဝူတဲကြယ်နတ်ဘုရားက လေးနက်စွာ ပြောလိုက်သည်။
" ဝန်ကြီးတို့ အဲ့ဒီလူကို ဘယ်လိုကိုင်တွယ်သင့်တယ်လို့ထင်လဲ။ " ကောင်းကင်ဧကရာဇ်က ခန်းမအတွင်းမှ အင်မော်တယ်များနှင့် နတ်ဘုရားများကို ကြည့်ပြီး မေးလိုက်သည်။
" ဧကရာဇ်မင်းမြတ် လူသားဘုံက ကောင်းကင်ဘုံအတွက် လျို့ဝှက်ချက်တစ်ခုဖြစ်ပါတယ်။ တကယ်လို့ အဲ့ဒီလူကို ဖမ်းဆီးနိုင်ရင် လူသားဘုံရဲ့ လျို့ဝှက်ချက်တွေ ထွက်ပေါ်လာနိုင်ပါတယ်။ သူ့ရဲ့ ရုပ်ခန္ဓာကို ဖျက်ဆီးပြီး သူ့ရဲ့ ဝိညာဉ်ကို ဖမ်းဆီးခေါ်ဆောင်လာရပါမယ်။ " ဝူတဲကြယ်နတ်ဘုရားက ပြောလိုက်သည်။
" ဝူတဲကြယ်နတ်ဘုရားပြောတာမှန်တယ်။ ဒီကိစ္စကို မင်းကို တာဝန်ပေးလိုက်မယ်။ မင်းသာ အဲ့ဒီလူကို ဖမ်းဆီးနိုင်ရင် ကြယ်တာယာဌာနရဲ့ ကောင်းကင်စစ်သည်တွေကို ကွပ်ကဲခွင့်ပေးတယ်။ သူ့ကို ဖမ်းဆီးလာနိုင်မယ်ဆိုရင် မင်းကို ပန်တောက်သစ်သီးနဲ့ ဝိညာဉ်အနှစ်သာရတွေ ချီးမြှင့်မယ်။ " ကောင်းကင်ဧကရာဇ်က ပြောလိုက်သည်။
" ဧကရာဇ်မင်းမြတ် ကျွန်တော်မျိုး အကြံပြုချင်တာ တစ်ခုရှိပါတယ်။ " လီကျင်းက ပြောလိုက်သည်။
" ပြောပါ။ " ကောင်းကင်ဧကရာဇ်က လီကျင်းကို ကြည့်လိုက်သည်။
" လက်ရှိမှာ ကူးစက်ရောဂါက တောင်ဘက်တိုက်ကြီးတစ်ခုလုံး ပျံ့နှံ့နေပြီး အင်မော်တယ်တွေ နေရာတိုင်းမှာ သေဆုံးနေပါတယ်။ ကူးစက်ရောက အဲ့ဒီလူနဲ့ ပက်သက်နေမလားလို့ သံသယဝင်မိပါတယ်။ " လီကျင်းက လေးနက်စွာ ပြောလိုက်သည်။
ထိုစကားများ ထွက်ပေါ်လာသည်နှင့် ခန်းမအတွင်းမှ အင်မော်တယ်များနှင့် နတ်ဘုရားများ၏ အမူအရာများက ပြောင်းလဲသွားကြပြီး သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။
ကောင်းကင်ဧကရာဇ်၏ အမူအရာက ပြောင်းလဲသွားပြီး ခေါင်းညိမ့်လိုက်သည်။ " လီကျင်းပြောတာ ဖြစ်နိုင်ခြေရှိတယ်။ ဒီကူးစက်ရောဂါက ထူးထူးဆန်းဆန်း ထွက်ပေါ်လာတာဖြစ်လို့ အဲ့ဒီလူရဲ့ လက်ချက်ဖြစ်နိုင်ပါတယ်။ အဲ့ဒီလူကို လုံးဝလွတ်မြောက်ခွင့်ပေးလို့မရဘူး။ "
" ဧကရာဇ်မင်းမြတ်က အမြော်အမြင်ကြီးလှပါတယ်။ လက်ရှိမှာ ကျွန်တော်မျိုးရဲ့သား နီကျာက တိုက်ကြီးနှစ်ခုကြား နယ်စပ်ကို စောင့်ကြပ်နေပြီး သူ့ရဲ့ ကွပ်ကဲမှုအောက်မှာ ကောင်းကင်စစ်သည် ၁၅၀၀၀၀ ရှိပါတယ်။ အဲ့ဒီကို ဖမ်းဆီးဖို့ ဝူတဲကြယ်နတ်ဘုရားနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်။ " လီကျင်းက ဦးညွှတ်ပြီး ပြောလိုက်သည်။
" အင်း ငါခွင့်ပြုတယ်။ " ကောင်းကင်ဧကရာဇ်က ခေါင်းညိမ့်လိုက်သည်။ " ဝူတဲ မင်း အဲ့ဒီလူရဲ့ အော်ရာကို ရယူနိုင်ခဲ့လား။ "
" ဧကရာဇ်မင်းမြတ် ဒါက ပျက်စီးသွားတဲ့ ဂိုဏ်းတွေကနေ ရယူထားတဲ့ အော်ရာဖြစ်ပါတယ်။ ဒါကို အသုံးပြုပြီး ကျွန်တော်မျိုးတို့ သူ့ကို ဖော်ထုတ်နိုင်ပါလိမ့်မယ်။ " ဝူတဲကြယ်နတ်ဘုရားက ပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။
ကောင်းကင်ဧကရာဇ်က လက်ဝှေ့ရမ်းလိုက်ပြီး ပုလင်းအဖုံးက ပွင့်သွားခဲ့သည်။ ထို့နောက် ကောင်းကင်ကြေးမုံပေါ်လာပြီး ထိုအော်ရာကို ကြေးမုံထဲသို့ စုပ်ယူလိုက်သည်။ ကြေးမုံပေါ်တွင် မြေကြီးအင်မော်တယ်ဘုံ၏ မြင်ကွင်းများ ပေါ်လာပြီး နောက်ဆုံး တောင်ဘက်တိုက်ကြီးတွင် ငြိမ်သက်သွားခဲ့သည်။ သို့သော် အသေးစိတ်ကိုတော့ ဖော်ပြနိုင်ခြင်းမရှိပေ။
" ကောင်းကင်ကြေးမုံက သုံးလောကကို စောင့်ကြည့်နိုင်ပြီး ဘယ်သူမှ မလွတ်မြောက်နိုင်ဘူး။ အဲ့ဒီကောင်လေးက ကောင်းကင်ကြေးမုံရဲ့ စောင့်ကြည့်မှုကိုတောင် ရှောင်ရှားနိုင်တာလား။ " ကောင်းကင်ဧကရာဇ်က စိတ်ထဲတွင် အံ့ဩသွားသည်။
" ဧကရာဇ်မင်းမြတ် အဲ့ဒီလူမှာ ကောင်းကင်လျို့ဝှက်ချက်တွေကို ဖုံးကွယ်နိုင်တဲ့ ရတနာတစ်ခုခု ရှိပါလိမ့်မယ်။ မဟုတ်ရင် ကောင်းကင်ကြေးမုံရဲ့ ရှာဖွေမှုကို ရှောင်တိမ်းဖို့ မဖြစ်နိုင်ပါဘူး။ " လီကျင်းက ပြောလိုက်သည်။
သူ၏ စကားအဆုံးတွင် ကောင်းကင်ကြေးမုံက ရုတ်တရက် ပြောင်းလဲသွားပြီး တောင်ဘက်တိုက်ကြီး၏ မြင်ကွင်းက ကျဉ်းမြောင်းသွားသည်။ နိုင်ငံငယ်လေးတစ်ခု၊ မြို့တစ်မြို့၊ အရက်ဆိုင်လေးတစ်ခုထဲတွင် အနက်ရောင်ဝတ်ရုံနှင့် ခန့်ညားသော လူငယ်တစ်ယောက်က ဝိုင်သောက်ပြီး အသားများကို စားနေသည်။ ထို့နောက် သူက စောင့်ကြည့်မှုကို ခံစားမိဟန်ဖြင့် သူ၏ နှုတ်ခမ်းများက ကွေးညွှတ်သွားပြီး ရုတ်တရက် လက်ခလယ်ထောင်ပြလိုက်သည်။
လင်းရှောင်နန်းတော်အတွင်းမှ အင်မော်တယ်များနှင့် နတ်ဘုရားများက ထိုအမူအရာ၏ အဓိပ္ပါယ်ကို နားမလည်ကြသော်လည်း ကောင်းမွန်သောအရာမဟုတ်ဘဲ လှောင်ပြောင်လိုခြင်းဖြစ်သည်ကိုတော့ သိကြသည်။
" ဘယ်လောက်တောင်ရဲတင်းလိုက်လဲ။ ငါတို့ ကောင်းကင်ဘုံကို ရန်စရဲတယ်ပေါ့။ ဧကရာဇ်မင်းမြတ် အမိန့်ပေးပါ။ ကျွန်တော်မျိုး ချက်ချင်း တိုက်ခိုက်ဖို့ အဆင်သင့်ပါပဲ။ " ဝူတဲကြယ်နတ်ဘုရားက ချက်ချင်း ပြောလိုက်သည်။
" နီကျာကို အမြန်ဆုံးစေလွှတ်ပြီး အဲ့ဒီလူကို ဖမ်းဆီးခိုင်းဖို့ ကျွန်တော်မျိုး တောင်းဆိုပါတယ်။ " လီချင်းကလည်း ချက်ချင်း ဝင်ပြောလိုက်သည်။
" သူ့ရဲ့ ရုပ်ခန္ဓာကို ဖျက်ဆီးပြီး ဝိညာဉ်ကို ဖမ်းဆီးလိုက်၊ ချက်ချင်း လှုပ်ရှားကြ။ " ဟောက်ထျန်းက အေးစက်စွာ ပြောလိုက်သည်။
" အမိန့်အတိုင်ပါ။ " ဝူတဲကြယ်နတ်ဘုရားနှင့် လီကျင်းတို့က ပြန်ပြောပြီး ခန်းမထဲမှ ထွက်ခွာသွားကြသည်။
ထိုခဏတွင် ကောင်းကင်ကြေးမုံက ကျောက်ဖုန်း၏ တည်နေရာကို ဖော်ထုတ်နိုင်ခဲ့သည်။ သို့သော် မကြာမီ ကောင်းကင်ကြေးမုံက လင်းလက်သွားပြီး ကျောက်ဖုန်း၏ ပုံရိပ်က ပျောက်ကွယ်သွားခဲ့သည်။
ချဲချီနိုင်ငံ၊ အရက်ဆိုင်တစ်ခုထဲတွင်။
" ကောင်းကင်ဘုံ ငါက ဒီလောက်ကြီးတဲ့ ငါးစာ ချထားတာကို မလာစရာအကြောင်းမရှိဘူး။ သူတို့က အင်မော်တယ်လူသားအဆိပ်နဲ့ ဆက်စပ်ပြီး ငါ့ကို အင်အားသုံးပြီး တိုက်ခိုက်လာမှာ သေချာတယ်။ ဒီလိုဆိုရင် ကောင်းကင်ဘုံက အရှေ့တိုက်ကြီးကို အာရုံစိုက်နိုင်တော့မှာမဟုတ်ဘူး။ " ကျောက်ဖုန်းက အေးစက်စွာ ပြုံးလိုက်သည်။ ထို့နောက် သူက ရင်ကျန့်ကို သတင်းပို့လိုက်သည်။
" ခမည်းတော် ကောင်းကင်ဘုံရဲ့ အာရုံကို သားတော် ဆွဲဆောင်ထားပြီ။ ချင်အင်ပါယာအနေနဲ့ နယ်မြေချဲ့ထွင်တာကို စတင်လို့ရပြီ။ ပြီးတေည့ ရတနာသန့်စင်ခြင်းခန်းမကို အဲ့ဒီအင်မော်တယ်ဂိုဏ်းတွေရဲ့ ကောင်းကင်တံဆိပ်ကို ထိန်းသိမ်းဖို့ နည်းလမ်းရှာခိုင်းပါ။ ကောင်းကင်ဘုံက သတိမထားမိသေနဲ့။ "
ခဏကြာသောအခါ ရင်ကျန့်က စကားပြန်ပို့လာသည်။ " ကောင်းပြီ။ ဖုန်းအာ မင်း သတိထားပါ။ တကယ်လို့ မခုခံနိုင်ရင် ချက်ချင်း ဆုတ်ခွာခဲ့ပါ။ ခမည်းတော် မင်းနဲ့အတူ ရင်ဆိုင်မယ်။ "
ကျောက်ဖုန်းက ကောင်းကင်ဘုံ၏ အာရုံကို ဆွဲဆောင်ပြီး ချင်အင်ပါယာက နယ်မြေချဲ့ထွင်မည်ဖြစ်သည်။ အကယ်၍ ကောင်းကင်ဘုံက သတိထားမိသောအချိန်တွင် ချင်က အရှေ့တိုက်ကြီး၏ နယ်မြေတစ်ဝက်ကျော်ကို သိမ်းပိုက်ပြီး ဖြစ်ပေလိမ့်မည်။
ထိုအချိန်တွင် ကောင်းကင်၌...
ဝုန်း ဝုန်း ဝုန်း....
မိုးခြိမ်းသံများက ဆက်တိုက်ထွက်ပေါ်လာသည်။
" မြန်မြန်ကြည့်ကြ။ ကောင်းကင်မှာ အင်မော်တယ်တွေနဲ့ ကောင်းကင်စစ်သည်တွေ ရှိနေတယ်။ " မိုးကြိုးများ ထွက်ပေါ်လာချိန်တွင် မြို့တစ်မြို့လုံးက အံ့ဩထိတ်လန့်သွားကြသည်။
" တော်တော်မြန်တာပဲ။ ငါက ကောင်းကင်ဘုံရဲ့ မျက်လုံးထဲမှာ စူးတစ်ချောင်းဖြစ်နေပြီထင်ပါရဲ့။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။
" မိစ္ဆာကောင် မြန်မြန်ထွက်လာခဲ့စမ်း။ " မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သတ်ဖြတ်ခြင်းအရှိန်အဝါများက ကျောက်ဖုန်းရှိနေသော အရက်ဆိုင်သို့ ဦးတည်သွားသည်။
ကျောက်ဖုန်းက ဝိုက်ခွက်ကို ယူပြီး တစ်ငုံသောက်လိုက်သည်။ ထို့နောက် သူက ဖြည်းညင်းစွာ ထရပ်ပြီး ဆိုင်အတွင်းမှ တိုက်ရိုက်ပျောက်ကွယ်သွားခဲ့သည်။
ကောင်းကင်တွင် ကောင်းကင်စစ်သည်တစ်သိန်းက စနစ်တကျ ရပ်နေကြသည်။ သူတို့၏ ရှေ့တွင် ချပ်ဝတ်ကို ဝတ်ဆင်ထားသူက တလျိုရွှေအင်မော်တယ်အဆင့် အော်ရာကို ထုတ်လွှတ်နေသည်။ သူက ကြယ်တာယာဌာန၏ နတ်ဘုရား ဝူတဲ ဖြစ်သည်။ သူ၏ ဘေးတွင် မဟာရွှေအင်မော်တယ်ရာချီနှင့် ရွှေအင်မော်တယ်များစွာ ရှိနေသည်။
ထိုအချိန်တွင် အလင်းရောင်တစ်ခု လင်းလက်သွားပြီး ကျောက်ဖုန်းက သူတို့၏ ရှေ့တွင် ပေါ်လာသည်။
" ငါရောက်လာပြီ။ မင်းတို့ ဘာလုပ်ဖို့ စီစဉ်ထားလဲ။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။ သူ၏ လက်ထဲတွင် နတ်ဆိုးဓားကို ကိုင်ထားသည်။ သူတို့နှင့်ရင်ဆိုင်ရန် ရွှမ်ယွမ်ဓားကို မလိုအပ်ပေ။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့