← Chapters

အခန်း ၆၀၉

Vol. 61 Ch. 609

အခန်း ၆၀၉

Vol. 61 Ch. 609

အခန်း (၆၀၉)

" မိစ္ဆာကောင် မြေကြီးအင်မော်တယ်ဘုံမှာ ကူးစက်ရောဂါ ပျံ့နေတာ မင်းရဲ့ လက်ချက်လား။ " ဝူတဲကြယ်နတ်ဘုရားက ကျောက်ဖုန်းကို အေးစက်စွာ ကြည့်ပြီး မေးလိုက်သည်။

" တကယ်လို့ ငါ့လက်ချက် ဟုတ်ရင်ရော မဟုတ်ရင်ရော ဘာဖြစ်လဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" တကယ်လို့ မင်းရဲ့ လက်ချက်ဆိုရင် မင်းရဲ့ ကြီးလေးတဲ့ အပြစ်တွေအတွက် မင်းရဲ့ ဝိညာဉ်ကို ငရဲဆယ့်ရှစ်ထပ်ကို ပို့ပြီး ထာဝရဒုက္ခကို ခံစားခိုင်းမယ်။ " ဝူတဲကြယ်နတ်ဘုရားက ပြောလိုက်သည်။

" ကြီးလေးတဲ့ အပြစ်တွေ ဟုတ်လား။ " ကျောက်ဖုန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ " ဒီလိုလုပ်တာက အပြစ်ကြီးတယ်ဆိုရင် မင်းတို့ အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေက လူသားမျိုးနွယ်ကို မွေးမြူပြီး ဝိညာဉ်အနှစ်သာရနဲ့ အသွေးအသားတွေကို ထုတ်ယူတာကြတော့ရော။ ကောင်းကင်ဘုံတစ်ခုလုံး ငရဲကို သွားသင့်တယ်မဟုတ်လား။ ငါလုပ်ခဲ့တာက ကြီးမားတဲ့ ကုသိုလ်ကောင်းမျိုတစ်ခုပဲ။ "

" သူ့ကို သတ်ပြီး သူ့ရဲ့ ဝိညာဉ်ကို ဖမ်းဆီးကြ။ " ဝူတဲကြယ်နတ်ဘုရားက လက်ဝှေ့ရမ်းပြီး အမိန့်ပေးလိုက်သည်။

" အမိန့်အတိုင်းပါ။ " မဟာရွှေအင်မော်တယ်များနှင့် ရွှေအင်မော်တယ်များက သူတို့၏ မှော်ရတနာများကို ကိုင်စွဲပြီး ကျောက်ဖုန်းဆီသို့ ပျံသန်းသွားကြသည်။ ကောင်းကင်တစ်ခုလုံးက သတ်ဖြတ်ခြင်းအရှိန်အဝါများဖြင့် ပြည့်နှက်သွားသည်။

" အချိန်ကိုက်ပဲ။ " ကျောက်ဖုန်းက ရယ်မောပြီး သူ၏ လက်ကို မြှောက်လိုက်သည်။

အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်က စတင်လည်ပတ်လာသည်။ အင်မော်တယ်များနှင့် ကောင်းကင်စစ်သည်များ၏ စွမ်းအားများနှင့် ဖိအားများက ထိုကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းအရှိန်အဝါအောက်တွင် ဝါးမြိုခြင်းခံလိုက်ရသည်။

" ဓားအစီအရင် အသက်ဝင်စေ။ " ကျောက်ဖုန်းက ဓားအစီအရင်ကို အသက်သွင်းလိုက်သည်။ ကောင်းကင်စစ်သည်တစ်သိန်းအပါအဝင် ဝူတဲကြယ်နတ်ဘုရားတို့က အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်အတွင်းသို့ ကျရောက်သွားခဲ့သည်။

" အဲ့ဒါမင်းကိုး။ အရင် လူသားဘုံမှာ မင်းက ဒီအစီအရင်ကို သုံးပြီး ဝမ်လင်းကွမ်းကို သတ်ခဲ့တာပဲ။ " ဝူတဲကြယ်နတ်ဘုရားက အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်ကို ကြည့်ပြီး ထိတ်လန့်သွားခြင်းမရှိဘဲ စိတ်လှုပ်ရှားသွားသည်။

ကျောက်ဖုန်းက လျို့ဝှက်ချက်များ ကြီးမားလှသည်။ အကယ်၍ ကျောက်ဖုန်းကို ဖမ်းဆီးနိုင်လျှင် ထိုကြီးမားသော စွမ်းဆောင်မှုကြောင့် သူ၏ နတ်ဘုရားအဆင့်အတန်းက ပိုမိုမြင့်မားလာနိုင်သည်။

" ယီချီဆန်ချင်း " ကျောက်ဖုန်းက စကားများဖြင့် အချိန်ဖြုန်းမနေပေ။

သုံးလအတွင်း သူက တောင်ဘက်တိုက်ကြီးပေါ်မှ အင်မော်တယ်ဂိုဏ်းတစ်ရာနီးပါးကို ဖျက်ဆီးခဲ့ပြီး အင်မော်တယ်များစွာကို သတ်ဖြတ်ခဲ့သည်။ ထို့ကြောင့်ဘသူ၏ စွမ်းရည်များက များစွာမြင့်တက်လာခဲ့သည်။ ယခုအချိန်တွင်လည်း ကောင်းကင်စစ်သည်တစ်သိန်းအပြင် ရွှေအင်မော်တယ်အဆင့်အထက် အင်မော်တယ်များ ပါဝင်သောကြောင့် စွမ်းရည်အားလုံး ပေါက်ကွဲလာပေလိမ့်မည်။

ကျောက်ဖုန်းက သူ၏ စွမ်းရည်ကို ထုတ်ဖော်လိုက်သည်နှင့် သူနှင့်လုံးဝတူသေယ အနက်ရောင်ပုံရိပ်သုံးခုက သူ၏ ဘေးနားတွင် ထွက်ပေါ်လာသည်။ တစ်ယောက်က မိုးကြိုးကို ကိုင်စွဲထားပြီး လျှပ်စီးများ ဝန်းရံထားသည်။ တစ်ယောက်က မီးလျှံကို ကိုင်စွဲထားပြီး မီးတောက်များ ဖုံးလွှမ်းနေသည်။ တစ်ယောက်က ဝိညာဉ်များကို ကိုင်စွဲထားပြီး မရဏဘုံ၏ အော်ရာကို ထုတ်လွှတ်နေသည်။

" အစီအရင်ကို ထိန်းချုပ်မယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်နှင့် ကိုယ်ပွားသုံးခုက အလင်းတန်းများအဖြစ် ပြောင်းလဲပြီး ဓားသုံးလက်ဆီသို့ ဦးတည်သွားကြသည်။ ထို့နောက် အဆုံးမရှိသော ဓားချီများက ကောင်းကင်စစ်သည်တစ်သိန်းဆီသို့ ခုတ်ပိုင်းဝင်ရောက်သွားသည်။ သူတို့ကို ကိုင်တွယ်ရန် ဓားအစီအရင်ကို အသုံးပြုခြင်းက အကောင်းဆုံးဖြစ်ပြီး ဘယ်သူမှ မလွတ်မြောက်နိုင်ပေ။

" စွမ်းအားကို စုစည်းပြီး အစီအရင်ကို ဖျက်ဆီးကြ။ " ဝူတဲကြယ်နတ်ဘုရားက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

မဟာရွှေမင်မော်တယ်ရာချီနှင့် ရွှေအင်မော်တယ်များစွာက သူတို့၏ အင်မော်တယ်စွမ်းအားများကို စုစည်းလိုက်ကြသည်။ တစ်ချိန်တည်းတွင် အစီအရင်၏ နေရာအသီးသီးသို့ တိုက်လိုက်လိုက်ကြသည်။

ဝုန်း ဝုန်း ဝုန်း...

အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်အတွင်း အင်မော်တယ်စွမ်းအားများက ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့သည်။ ဓားအစီအရင်က တုန်ခါသွားသော်လည်း ကျိုးပျက်သွားခြင်းမရှိပေ။

" ခုတ်ပိုင်းစမ်း " ကျောက်ဖုန်းက ဓားအစီအရင်ကို ထိန်းချုပ်ပြီး ဓားချီလေးခုကို ထုတ်ဖော်လိုက်သည်။

သတ်ဖြတ်ခြင်းအရှိန်အဝါများ ပြည့်နှက်နေသော ဓားချီများက ပြင်းထန်စွာ ဆင်းသက်လာသည်။ သတ်ဖြတ်ပွဲက စတင်လေသည်။ သို့သော် ထိုကောင်းကင်စစ်သည်များကို ခုတ်ပိုင်းရာတွင် အသွေးအသားများ လွင့်စင်သွားခြင်းမရှိဘဲ ဓားချီများက သူတို့၏ ချပ်ဝတ်များကို ထိုးဖောက်သွားပြီး သူတို့၏ ဝိညာဉ်များကို ဖျက်ဆီးသွားသည်။

" တကယ်ကို ကြောက်စရာကောင်းတဲ့ ဓားအစီအရင်ပဲ။ ဒါက ထုံထျန်းသူတော်စင်ရဲ့ အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်ရဲ့ အားနည်းတဲ့ပုံစံပဲ။ ဒီဓားအစီအရင်က မင်းလက်ထဲ ဘယ်လိုလုပ်ရောက်လာတာလဲ။ " ဓားအစီအရင်၏ စွမ်းအားကို မြင်သောအခါ ဝူတဲကြယ်နတ်ဘုရားက ထိတ်လန့်သော အမူအရာတစ်ခု ပေါ်လာသည်။ ဓားအစီအရင်၏ စွမ်းအားက မဟာရွှေအင်မော်တယ်အဆင့်ကို ကျော်လွန်ပြီး တလျိုရွှေအင်မော်တယ်အဆင့်ကိုပင် နီးကပ်သွားခဲ့သည်။

" မင်းကို အသက်ရှင်ခွင့်ပေးလို့မရဘူး။ " ဝူတဲကြယ်နတ်ဘုရား၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ လင်းလက်သွားသည်။ သူက ဓားကို မြှောက်ပြီး အင်မော်တယ်စွမ်းအားကို စုစည်းကာ ကျောက်ဖုန်းဆီသို့ တိုက်ရိုက်ခုတ်ပိုင်းလိုက်သည်။

တလျိုရွှေအင်မော်တယ်အဆင့်၏ အင်မော်တယ်စွမ်းအားများက ပေါက်ကွဲထွက်လာပြီး ဓားအစီအရင်တစ်ခုလုံးက တုန်ခါသွားသည်။

" ကောင်းကင်ဘုံရဲ့ အစစ်အမှန်နတ်ဘုရား၊ တလျိုရွှေအင်မော်တယ်တစ်ယောက်ရဲ့ စွမ်းအား။ " ကျောက်ဖုန်းက ဝူတဲကြယ်နတ်ဘုရားကို ကြည့်လိုက်သည်။

ကောင်းကင်ဘုံက တလျိုရွှေအင်မော်တယ်အဆင့် နတ်ဘုရားတစ်ပါးကို စေလွှတ်ခဲ့ခြင်းက သူ့ကို မည်မျှအလေးအနက်ထားကြောင်း ဖော်ပြနေသည်။

" မိစ္ဆာကောင် သေပေတော့။ " ဝူတဲကြယ်နတ်ဘုရားက ကျယ်လောင်စွာ အော်ဟစ်ပြီး သူ၏ လက်ထဲမှ ဓားက ပြင်းထန်သော အင်မော်တယ်စွမ်းအားများ ပေါက်ကွဲထွက်လာသည်။

ကျန့်ပေါင်းထောင်ချီရှည်လျားသော ဓားအလင်းတန်းတစ်ခုက ကျောက်ဖုန်းဆီသို့ ကျဆင်းလာသည်။ ထိုတိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ ကျောက်ဖုန်းက တည်ငြိမ်စွာ ပြုံးလိုက်သည်။ အစိမ်းရောင်၊ အနက်ရောင်နှင့် ရွှေရောင်အလင်းသုံးခုက ကျောက်ဖုန်း၏ ရှေ့တွင် ထွက်ပေါ်လာသည်။ ကိုင်းဆင့်ကြာပန်းသုံးခုက တိုက်ရိုက်ထွက်ပေါ်လာပြီး အရောင်သုံးရောင်က သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ တစ်ခုစီက ဟောက်ထျန်းစိတ်ဝိညာဉ်ရတနာများဖြစ်သည်။ ကိုးဆင့်ကြာပန်းတစ်ခုက တလျိုရွှေအင်မော်တယ်၏ တိုက်ခိုက်မှုတစ်ခုကို ကာကွယ်နိုင်သည်။ ယခုအခါ ကိုးဆင့်ကြာပန်းသုံးခု ထွက်ပေါ်လာခြင်းဖြစ်သည်။

ဝုန်း...

ဓားအလင်းတန်းက ကြာပန်းများပေါ်သို့ ကျရောက်လာသောအခါ အပေါ်ဆုံးမှ အစိမ်းရောင်ကြာပန်းက အနည်းငယ် တုန်ခါသွားပြီး အောက်မှ ကြာပန်းနှစ်ခုက မည်သို့မှ ထိခိုက်ခြင်းမရှိပေ။

" ဟောက်ထျန်းစိတ်ဝိညာဉ်ရတနာ သုံးခုလား။ " ဝူတဲကြယ်နတ်ဘုရားက ဘာမှမပြောနိုင်ဘဲ ကျောက်ဖုန်းကို ငေးကြည့်နေသည်။

" ငါ သူ့ကို သေချာပေါက် ဖမ်းရမယ်။ ငါသာ သူ့ကို ဖမ်းဆီးနိုင်ရင် သူ့ရဲ့ ရတနာတွေက ငါ့ဟာဖြစ်လာလိမ့်မယ်။ " ဝူတဲကြယ်နတ်ဘုရား၏ မျက်လုံးများထဲတွင် လိုချင်တပ်မက်စိတ်များ ပေါ်လာသည်။

သို့သော် နောက်ခဏတွင် ရွှေရောင်အလင်းတန်းတစ်ခုက ကျောက်ဖုန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ဝူတဲကြယ်နတ်ဘုရားဆီသို့ ဦးတည်သွားသည်။

" မကောင်းတော့ဘူး။ " ဝူတဲကြယ်နတ်ဘုရား၏ အမူအရာက ပြောင်းလဲသွားသည်။ ရွှေရောင်အလင်းတန်းက မြွေတစ်ကောင်ကဲ့သို့ သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်နှင့် သူ့ကို တင်းကျပ်စွာ ချည်နှောင်သွားသည်။

" ကောင်းကင်ဘုံရဲ့ နတ်ဘုရား ဒီနေ့ ငါမင်းကို သတ်ပစ်မယ်။ " ကျောက်ဖုန်းက အေးစက်စွာ ရယ်မောပြီး ရှေ့တစ်လှမ်း တိုးလိုက်သည်။ ချက်ချင်းပင် သူက ဝူတဲကြယ်နတ်ဘုရား၏ ရှေ့တွင် ပေါ်လာပြီး သူ၏ လက်ထဲမှ နတ်ဆိုးဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

ဝူတဲကြယ်နတ်ဘုရားက အင်မော်တယ်ချည်နှောင်ကြိုးဖြင့် ချုပ်နှောင်ခံထားရပြီး သူ၏ အင်မော်တယ်စွမ်းအားများက ယာယီထုတ်ဖော်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် သူက ကျောက်ဖုန်း၏ ဓားကို ရှောင်တိမ်းနိုင်ခြင်းမရှိတော့ပေ။ နတ်ဆိုးဓားက မည်သည့်အတားအဆီးမှ မရှိဘဲ ဝူတဲကြယ်နတ်ဘုရား၏ ခေါင်းကို ဖြတ်တောက်သွားသည်။ ခဏအတွင်း ဝူတဲကြယ်နတ်ဘုရား၏ ခန္ဓာကိုယ်က ပျက်စီးသွားသည်။

" တလျိုရွှေအင်မော်တယ်အဆင့် နတ်ဘုရားတစ်ပါးကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး သန်း ၂၀၀ ရရှိပါတယ်။ "

" တလျိုရွှေအင်မော်တယ်တစ်ယောက်ကို ပထမဆုံးအကြိမ် သတ်ဖြတ်ပြီး အဆင့်ခုနှစ်ရတနာသေတ္တာကို ရရှိပါတယ်။ " စနစ်မှ အသိပေးချက် ထွက်ပေါ်လာသည်။

ဝူတဲကြယ်နတ်ဘုရား ပျက်စီးသွားသည်ကို ကြည့်ပြီး ဓားအစီအရင်အတွင်းမှာ ကောင်းကင်စစ်သည်များက ထိတ်လန့်သွားကြသည်။

" ကြယ်နတ်ဘုရား..."

" ကြယ်နတ်ဘုရားက တလျိုရွှေအင်မော်တယ်အဆင့်ဖြစ်တာကို ဘယ်လိုလုပ် မိစ္ဆာကောင်ရဲ့ လက်ထဲမှာ သေဆုံးသွားတာလဲ။ "

" မကောင်းတော့ဘူး။ ကြယ်နတ်ဘုရားကိုယ်တိုင်တောင် မိစ္ဆာကောင်ကို မယှဉ်နိုင်တာ ငါတို့ ဘာလုပ်ကြမလဲ။ " ဓားအစီအရင်အတွင်းမှ အင်မော်တယ်များနှင့် ကောင်းကင်စစ်သည်များက ထိတ်လန့်သွားကြသည်။

" အင်မော်တယ်သတ်ဖြတ်ခြင်းဓားအစီအရင်။ " ကျောက်ဖုန်းက သူ၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်ပြီး ဓားအစီအရင်ကို ထိန်းချုပ်လိုက်သည်။

ဝူတဲကြယ်နတ်ဘုရား မရှိတော့သောကြောင့် သူတို့ကို ဖျက်ဆီးရန် ပိုမိုလွယ်ကူသွားခဲ့သည်။ ဓားအစီအရင်၏ စွမ်းအားက အပြည့်အဝ ထွက်ပေါ်လာပြီး ကောင်းကင်စစ်သည်များကို သတ်ဖြတ်သွားသည်။

ဝုန်း...

ထိုအချိန်တွင် ပြင်ပမှ ကြီးမားသော စွမ်းအားတစ်ခုက ဓားအစီအရင်ပေါ်သို့ ကျရောက်လာပြီး ဓားအစီအရင်တစ်ခုလုံး တုန်ခါသွားသည်။

ကျောက်ဖုန်း၏ စွမ်းအားများက ကြီးမားလှသော်လည်း ဓားအစီအရင်က ၎င်း၏ ကန့်သတ်ချက်ကို ရောက်ရှိသွားပြီး ရုတ်တရက် ပျက်စီးသွားခဲ့သည်။ ဓားလေးလက်က ကျောက်ဖုန်း၏ ရှေ့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters