← Chapters

အခန်း ၆၁၀

Vol. 61 Ch. 610

အခန်း ၆၁၀

Vol. 61 Ch. 610

အခန်း (၆၁၀)

" စိတ်ဝင်စားစရာပဲ။ " ကျောက်ဖုန်းက ဓားလေးလက်ကို သိမ်းဆည်းလိုက်ပြီး အဝေးသို့ တည်ငြိမ်စွာ ကြည့်လိုက်သည်။

မီးတောက်အလင်းတန်းတစ်ခုက သူရှိရာသို့ အရှိန်ပြင်းစွာဖြင့် ပျံသန်းလာသည်။ သို့သော် ကျောက်ဖုန်းက တုန်လှုပ်ခြင်းမရှိဘဲ လင်းယွင်ပုလင်းကို ထုတ်ကာ အင်မော်တယ်များနှင့် ကောင်းကင်စစ်သည်များ၏ အလောင်းများကို သိမ်းဆည်းလိုက်သည်။ သူတို့၏ ဝိညာဉ်အနှစ်သာရများက ရွှမ်ကျားစစ်တပ်၏ စွမ်းအားကို မြှင့်တင်ပေးရန် လုံလောက်ပေသည်။

ထို့နောက် မီးတောက်များ လွှမ်းခြုံထားသော ပုံရိပ်တစ်ခုက သူ၏ ရှေ့တွင် ပေါ်လာသည်။ လေမီးဘီးပေါ်တွင် ရပ်ကာ မီးတောက်လှံကို ကိုင်ပြီး ဟွမ်ထျန်းလင်းဖဲကြိုးကို ဝတ်ဆင်၍ ချန်းခွန်းကွင်းကို လက်တွင်စွပ်ထားသည်။ ထိုအရာအားလုံးက ရှန်ထျန်းစိတ်ဝိညာဉ်ရတနာများဖြစ်သည်။ ထိုရတနာများနှင့် အဆင့်ကျော် တိုက်ခိုက်နိုင်ပြီး နီကျာ၏ တလျိုရွှေအင်မော်တယ်အထွတ်အထိပ်အဆင့်နှင့်ဆိုလျှင် ပြောစရာပင်မလိုပေ။

နီကျာက ရောက်လာသည်နှင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သူ၏ မျက်နှာတွင် မည်သည့်ခံစားချက်မှမရှိပေ။ ကျောက်ဖုန်းက သူ့အတွက် အရေးမပါသကဲ့သို့ ရှိနေပြီး သတ်ဖြတ်ခံလိုက်ရသော ကောင်းကင်စစ်သည်များကလည်း သူ့ကို လှုပ်ခတ်စေနိုင်ခြင်းမရှိပေ။

" မင်းကို နီကျာလို့ ခေါ်ရမလား၊ ဝိညာဉ်ပုလဲလို့ ခေါ်ရမလား ဒါမှမဟုတ် တတိယမင်းသားလို့ပဲ ခေါ်ရမလား။ " ကျောက်ဖုန်းက ပြုံး၍ သူ၏ ရှေ့ရှိ နီကျာကို ကြည့်ပြီး မေးလိုက်သည်။

" ကောင်းကင်ဧကရာဇ်က အမိန့်ထုတ်ပြန်ထားတယ်။ မင်းရဲ့ ရုပ်ခန္ဓာကို ဖျက်ဆီးပြီး မင်းရဲ့ ဝိညာဉ်ကို ဖမ်းဆီးရမယ်။ " နီကျာက အေးစက်စွာ ပြောလိုက်သည်။

" တတိယမင်းသားရဲ့ ပင်ကိုစရိုက်အရ ကောင်းကင်ဧကရာဇ်ရဲ့ အမိန့်တော်ကို တကယ်ပဲ နာခံမှာလား။ " ကျောက်ဖုန်းက အလျင်စလို တိုက်ခိုက်ခြင်းမရှိဘဲ ပြောလိုက်သည်။ သူ၏ ယခင်ဘဝမှ အချက်အလက်များအရ ကောင်းကင်ကို အချိန်မရွေးဆန့်ကျင်နိုင်သူနှစ်ယောက်ရှိပြီး နီကျာက သူတို့ထဲမှ တစ်ယောက်ဖြစ်သည်။ အကယ်၍ နီကျားကိုသာ စည်းရုံးနိုင်လျှင် အကျိုးအမြတ် အလွန်များပေလိမ့်မည်။

" ဒါက မင်းရဲ့ နောက်ဆုံးစကားတွေလား။ " နီကျာက သူ၏ မီးတောက်လှံကို မြှောက်လိုက်သည်နှင့် ဟင်းလင်းပြင်တစ်ခုလုံးက မီးတောက်များဖြင့် ဖုံးလွှမ်းသွားသည်။

" တတိယမင်းသားရဲ့ စွမ်းအားက အထင်ကြီးစရာကောင်းပေမယ့် ငါ့အသက်ကို ယူဖို့ကတော့ လွယ်ကူမှာမဟုတ်ဘူး။ ဒါမှမဟုတ် ငါတို့ စကားပြောဖို့ နေရာတစ်ခု ရှာကြ​တာပေါ့။ " ကျောက်ဖုန်းက ရုတ်တရက် ရပ်လိုက်ပြီး ပြုံး၍ ဆက်ပြောလိုက်သည်။ " လီကျင်းကို သတ်လိုက်မယ်ဆိုရင်ရော ဘယ်လိုလဲ။ "

ထိုစကားများ ထွက်ပေါ်လာသည်နှင့် နီကျာက မျက်မှောင်ကြုတ်သွားပြီး ကျောက်ဖုန်းကို အံ့ဩစွာ ကြည့်လိုက်သည်။

" မင်းက တကယ်ဘယ်သူလဲ။ မင်းရဲ့ဆရာက ဘယ်သူလဲ။ " နီကျာက အံ့အားသင့်နေသည့် အရိပ်အယောင်ဖြင့် ပြောလိုက်သည်။

" ငါတို့ စကားပြောကြမလား။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။

နီကျာ၏ မျက်နှာတွင် စဉ်းစားသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။ ထို့နောက် သူက ရုတ်တရက် လှံကို ဝှေ့ရမ်းပြီး ကျောက်ဖုန်းကို တိုက်ခိုက်လိုက်သည်။ မီးနိယာမ၏ အဆုံးမရှိသော စွမ်းအားများက ကျောက်ဖုန်းဆီသို့ ဦးတည်လာသည်။

ကျောက်ဖုန်းက နီကျာ၏ တိုက်ခိုက်မှုကို ကြည့်ပြီး စိတ်ထဲမှ ဝမ်းသာသွားသည်။ အကြောင်းမှာ နီကျာ၏ တိုက်ခိုက်မှုတွင် သတ်ဖြတ်လိုစိတ် လုံးဝမပါသောကြောင့်ဖြစ်သည်။ ၎င်းက ဟန်ဆောင်ရန်အတွက်သာ ဖြစ်သည်။

လင်းရှောင်နန်းတော်။

ကောင်းကင်စစ်သည်များက ကျောက်ဖုန်းဆီသို့ ရောက်လာချိန်တွင် ကောင်းကင်ကြေးမုံက တိုက်ပွဲမြင်ကွင်းများကို ပြသပေးခဲ့သည်။ ကျောက်ဖုန်း ဝူတဲကြယ်နတ်ဘုရားနှင့် ကောင်းကင်စစ်သည်များကို သတ်လိုက်သော မြင်ကွင်းက လင်းရှောင်နန်းတော်မှ အင်မော်တယ်များနှင့် နတ်ဘုရားများရှေ့တွင် ထွက်ပေါ်လာခဲ့သည်။

ပလ္လင်ထက်တွင် ကောင်းကင်ဧကရာဇ်၏ အမူအရာက အေးစက်နေသည်။

" ဒီကောင်လေးက တကယ်ပဲ တလျိုရွှေအင်မော်တယ်စွမ်းအားကို ပိုင်ဆိုင်ထားတာပဲ။ လူသားဘုံမှာတုန်းက သူက မဟာရွှေအင်မော်တယ်အဆင့်ပဲ ရှိခဲ့တယ်။ ဒီလောက်အချိန်တိုအတွင်းမှာ ဘယ်လိုလုပ်အဆင့်တက်သွားနိုင်တာလဲ။ သူ့ရဲ့ နောက်ကွယ်မှာ တစ်ယောက်ယောက်ရှိရမယ်။ " ကောင်းကင်ဧကရာဇ်က လေးနက်စွာ တွေးလိုက်သည်။

သူ၏ အမြင်တွင် ကျောက်ဖုန်းက အလွန်လျို့ဝှက်ဆန်းကြယ်နေပြီး ခန့်မှန်းရခက်နေသည်။ အင်မော်တယ်များနှင့် နတ်ဘုရားများကလည်း ကျောက်ဖုန်း၏ စွမ်းအားကို ကြည့်ပြီး အံ့အားသင့်သွားကြသည်။ ထိုအချိန်တွင် အနီရောင်အလင်းတန်းတစ်ခုက ကျောက်ဖုန်း၏ ဓားအစီအရင်ကို ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် ကျောက်ဖုန်းက အင်မော်တယ်များနှင့် ကောင်းကင်စစ်သည်များ၏ အလောင်းများကို သိမ်းဆည်းလိုက်သည်။

" ဒီကောင်က ငါတို့စစ်သည်တွေရဲ့ ချပ်ဝတ်တွေကို သိမ်းဆည်းသွားတာပဲ။ အဲ့ဒါက ကောင်းကင်ဘုံက စစ်သည်တွေရဲ့ အခြေခံအုတ်မြစ်ကို ဖြတ်တောက်လိုက်တာပဲ။ "

ထိုမြင်ကွင်းကို မြင်သောအခါ အင်မော်တယ်များနှင့် နတ်ဘုရားများ၏ အမူအရာများက ပြောင်းလဲသွားကြသည်။ ထို့နောက် နီကျာထွက်ပေါ်လာခဲ့သည်။

" ဧကရာဇ်မင်းမြတ် ကျွန်တော်မျိုးရဲ့ သားက ကြီးမားတဲ့ စွမ်းအားတွေရှိပါတယ်။ သူက အဲ့ဒီမိစ္ဆာကို သတ်ဖြတ်ပြီး သူ့ရဲ့ ဝိညာဉ်ကို ဖမ်းဆီးလာပါလိမ့်မယ်။ " လီကျင်က ဂုဏ်ယူစွာ ပြောလိုက်သည်။

ခန်းမထဲမှ အင်မော်တယ်များနှင့် နတ်ဘုရားများက ဘာမှမပြောဘဲ ကောင်းကင်ကြေးမုံကို ကြည့်နေကြသည်။ နီကျာက လေထဲတွင် ရပ်နေပြီး ကျောက်ဖုန်းနှင့် စကားပြောနေသည်။ သို့သော် ကောင်းကင်ကြေးမုံထဲတွင် မည်သည့်အသံမှ ထွက်ပေါ်မလာပေ။

ခဏကြာသောအခါ နီကျာက ရုတ်တရက် တိုက်ခိုက်လိုက်သည်။ သူတို့၏ ပုံရိပ်များက လျင်မြန်စွာ လှုပ်ရှားနေပြီး ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ နောက်ခဏတွင် သူတို့နှစ်ယောက်က ကောင်းကင်ကြေးမုံ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ ထိုအချိန်တွင် ဝူတဲကြယ်နတ်ဘုရားက မဲမှောင်နေသော အမူအရာဖြင့် ခန်းမထဲသို့ ဝင်ရောက်လာသည်။

" ဧကရာဇ်မင်းမြတ် ကျွန်တော်မျိုး အရည်အချင်းမရှိလို့ အဲ့ဒီမိစ္ဆာကို မဖမ်းဆီးနိုင်ခဲ့ပါဘူး။ " ဝူတဲကြယ်နတ်ဘုရားက ဦးညွှတ်ပြီး ပြောလိုက်သည်။

" ဒိကိစ္စက မင်းနဲ့ မဆိုင်ပါဘူး။ သူ့ကို ငါတို့ လျှော့တွက်မိသွားတယ်။ " ကောင်းကင်ဧကရာဇ်က လေးနက်စွာ ပြောလိုက်သည်။

" ဧကရာဇ်မင်းမြတ် အဲ့ဒီမိစ္ဆာရဲ့နောက်မှာ အင်အားကြီးမားတဲ့သူတစ်ယောက် ရှိနေတာ သေချာပါတယ်။ သူက အဆင့်မြင့် ဟောက်ထျန်းရတနာသုံးခုကို ပိုင်ဆိုင်ထားပါတယ်။ ပြီးတော့ ကျွန်တော်မျိုးကို ချည်နှောင်ထားတဲ့ ရတနာကလည်း ရှန်ထျန်းအဆင့်ရတနာပါ။ ဒီလိုရတနာအများကြီးကို လူသားဘုံမှာ ဘယ်လိုလုပ်ရနိုင်မှာလဲ။ " ဝူတဲကြယ်နတ်ဘုရားက ပြောလိုက်သည်။

" ဒီလူကို ဖမ်းမိတာနဲ့ သူ့ရဲ့ နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာ စစ်ဆေးနိုင်ပါလိမ့်မယ်။ " ကောင်းကင်ဧကရာဇ်က သတ်ဖြတ်လိုစိတ်များဖြင့် ပြောလိုက်သည်။

" ကောင်းကင်စောင့်နတ်မင်းကြီးလေးပါးနဲ့ ကြယ်နတ်မင်း ၁၈ ပါးတို့ကို ကောင်းကင်စစ်သည်တစ်သိန်းကို ဦးဆောင်ပြီး မြေကြီးအင်မော်တယ်ဘုံကို ဆင်းသက်ကြ။ နီကျာနဲ့ ပူးပေါင်းပြီး အဲ့ဒီမိစ္ဆာကို သတ်ပစ်ကြ။ " ကောင်းကင်ဧကရာဇ်က အမိန့်ပေးလိုက်သည်။

တောင်ဘက်တိုက်ကြီး၏ အထင်တွင် ပုံရိပ်နှစ်ခုက ဟင်းလင်းပြင်ကို လျင်မြန်စွာ ဖြတ်သန်းပြီး အပြန်အလှန်တိုက်ခိုက်နေကြသည်။ တိုက်ခိုက်မှုတစ်ခု ထွက်ပေါ်လာတိုင်း စွမ်းအားများက မိုင်ပေါင်းသိန်းချီသော ဟင်းလင်းပြင်ကို တုန်ခါသွားစေသည်။ ကျောက်ဖုန်းနှင့် နီကျာတို့၏ တိုက်ပွဲမှ အကြွင်းအကျန်စွမ်းအားများက တလျိုရွှေအင်မော်တယ်အဆင့်သို့ပင် ရောက်ရှိနေခဲ့သည်။

သို့သော် သူတို့၏ တိုက်ပွဲကို အနီးကပ်ကြည့်ရှုမည်ဆိုလျှင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိပေလိမ့်မည်။ သူတို့က ပြင်းထန်စွာ တိုက်ခိုက်နေကြသော်လည်း သတ်ဖြတ်လိုစိတ်မရှိဘဲ လေ့ကျင့်နေသကဲ့သို့ ဖြစ်နေသည်။ တစ်ယောက်က တိုက်လိုက် တစ်ယောက်က ဆုတ်လိုက်ဖြင့် သူတို့က ကပ်ဘေးချီများ ပြည့်နှက်နေသော တောအုပ်တစ်ခုသို့ ရောက်လာခဲ့သည်။ ထိုနေရာသို့ ရောက်သောအခါ သူတို့က တိုက်ပွဲကို ရပ်တန့်လိုက်ကြသည်။

" ပြောပါ။ မင်းရဲ့နောက်ကွယ်မှာ ရှိနေတဲ့လူက ဘယ်သူလဲ။ " နီကျာက ကျောက်ဖုန်း၏ ရှေ့တွင် ရပ်ပြီး အေးစက်စွာ မေးလိုက်သည်။

" ငါဘယ်သူလဲဆိုတာ မင်းအတွက် အရေးကြီးလို့လား။ " ကျောက်ဖုန်းက ပြုံးပြီး ပြောလိုက်သည်။

" မင်းရဲ့ ခန္ဓာကိုယ်မှာ အင်မော်တယ်စွမ်းအားတွေမရှိဘဲနဲ့ ဘယ်လိုလုပ် ဝူတဲကြယ်နတ်ဘုရားကို သတ်နိုင်တာလဲ။ ဒါပေမယ့် မင်းရဲ့ စွမ်းအားက အင်မော်တယ်စွမ်းအားအောက် မနိမ့်ဘူး။ ငါ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပေမယ့် ဒီလိုစွမ်းအားမျိုးကို ပထမဆုံး မြင်ဖူးတာပဲ။ " နီကျာက ကျောက်ဖုန်းကို စူးစမ်းလိုစိတ်ဖြင့် ပြောလိုက်သည်။

" ကောင်းကင်နဲ့ မြေကြီးကြားမှာ အင်မော်တယ်လမ်းစဉ်တစ်ခုတည်း ရှိတာမဟုတ်ဘူး။ " ကျောက်ဖုန်းက ပြန်ပြောလိုက်သည်။

" မင်းက လူသားဘုံကနေ လာခဲ့တာပဲ။ လူသားဘုံက မင်းရဲ့ စွမ်းအားကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိတာလဲ။ ပြီးတော့ မင်းရဲ့ ဓားအစီအရင်ကလည်း ကျဲဂိုဏ်းက သူတော်စင်ရဲ့ ဓားအစီအရင်ကို ပုံတူကူးထားတာဖြစ်ပြီး လူသားဘုံက လူတစ်ယောက် ဖန်တီးထားတာမဟုတ်ဘူး။ မင်းရဲ့ ရတနာတွေကလည်း လူသားဘုံမှာ ရှာတွေ့နိုင်တာ မဟုတ်ဘူး။ " နီကျာက တည်ငြိမ်စွာ ပြောလိုက်သည်။

" လူတိုင်းမှာ လျို့ဝှက်ချက်တွေ ရှိကြတာပဲ။ တတိယမင်းသားမှာလည်း လျို့ဝှက်ချက်တွေ ရှိတယ်မဟုတ်လား။ လူသားတွေရှေ့မှာ တတိယမင်းသားနဲ့ လီကျင်းတို့က ရင်းနှီးပုံရပေမယ့် တကယ်တော့ တတိယမင်းသားက လီကျင်းရဲ့ အသက်ကို အမြဲတမ်း လိုချင်နေခဲ့တာပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

ကျောက်ဖုန်း၏ စကားများကို ကြားသောအခါ နီကျာ၏ မျက်နှာတွင် ရက်စက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

" လီကျင်းက ​ကောင်းကင်ဘုံက နတ်ဘုရားတစ်ပါးဖြစ်ပြီး သူ့ရဲ့ လက်ထဲက မျှော်စင်က ​ဗုဒ္ဓရဲ့ စွမ်းအားနဲ့ အားဖြည့်ထားတဲ့ ရှန်ထျန်းစိတ်ဝိညာဉ်ရတနာတစ်ခုပဲ။ သူက မျှော်စင်နဲ့ ပေါင်းစပ်ပြီး ဘယ်တော့မှမခွာဘူး။ သူ့ကို သတ်ဖို့ မင်းက ငါ့ကို ဘယ်လိုကူညီမှာလဲ။ ပြီးတော့ မင်းက ကောင်းကင်ဘုံကို ရင်ဆိုင်နိုင်တဲ့ စွမ်းအားရှိလို့လား။ တလျိုရွှေအင်မော်တယ်ကို သတ်နိုင်ရုံနဲ့ မလုံလောက်သေးဘူး။ ငါတစ်ယောက်တည်းမပြောနဲ့ ကောင်းကင်ဘုံမှာ မင်းကို သတ်နိုင်တဲ့ နတ်ဘုရားတွေ အများကြီး ရှိတယ်။ အစစ်အမှန်ဝိညာဉ်စာရင်းထဲကို မဝင်ရောက်သေးတဲ့ အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေထဲမှာတောင် မင်းကို သတ်နိုင်တဲ့သယတွေရှိတယ်။ အင်မော်တယ်ဘုံရဲ့ အုပ်ချုပ်သူအနေနဲ့ ကောင်းကင်ဘုံက မင်းထင်ထားတာထက် ပိုနက်ရှိုင်းတယ်။ " နီကျာက ကျောက်ဖုန်းကို သံသယဖြင့် ကြည့်ပြီး ပြောလိုက်သည်။

All Chapters