← Chapters

အခန်း ၁၂၁

Vol. 13 Ch. 121

အခန်း ၁၂၁

Vol. 13 Ch. 121

အခန်း ၁၂၁ ဂျွန်ကင်း သေဆုံးခြင်း

“ဘုန်း…”

ရုတ်တရက် ထွက်ပေါ်လာသော ပေါက်ကွဲသံကြီးကြောင့် ဗီရိုနီးစ် နှင့် မဒမ် ဟယ်လွိုက်စ် တို့ အလွန်တရာ လန့်ဖြတ်သွားကြလေသည်။

နောက်တစ်စက္ကန့်တွင် မျက်နှာထား တင်းမာသွားသော ဗီရိုနီးစ် က မိုဘိုင်းဖုန်းကို ကိုင်ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ် မေးမြန်းလိုက်၏။

"ရိုအန်... ဟိုဘက်မှာ ဘာတွေဖြစ်နေတာလဲ..."

ဖုန်း၏ အခြားတစ်ဖက်မှ မည်သည့် တုံ့ပြန်သံမျှ ထွက်ပေါ်မလာချေ။ ဗီရိုနီးစ် က ဖုန်းကို ငုံ့ကြည့်လိုက်ရာ ဖုန်းလိုင်း ပြတ်တောက်သွားပြီ ဖြစ်ကြောင်း မြင်တွေ့လိုက်ရပေသည်။

တစ်ဖက်သို့ ထပ်မံ ဖုန်းခေါ်ဆိုသော်လည်း မည်သူမျှ ဖုန်းမကိုင်ချေ။ ဗီရိုနီးစ် ၏ မျက်နှာထားမှာ အလွန်တရာ ဆိုးရွားသွားပြီး ဘေးနားရှိ အဖွားအိုကို ဒေါသတကြီး လှည့်ကြည့်လိုက်လေသည်။

"မဒမ် ဟယ်လွိုက်စ်... ကျွန်မကို သေသေချာချာ ရှင်းပြသင့်တယ် မထင်ဘူးလား..."

ယခုအချိန်တွင် မဒမ် ဟယ်လွိုက်စ် ၏ မျက်နှာအမူအရာမှာလည်း သိပ်မကောင်းလှချေ။ လက်ရှိ အခြေအနေများမှာ ၎င်းတို့၏ မူလ အစီအစဉ်ထက် လုံးဝ သွေဖည်သွားပုံ ရလေသည်။

ဗီရိုနီးစ် ၏ စကားကို ကြားသောအခါ မဒမ် ဟယ်လွိုက်စ် က စက္ကန့်အနည်းငယ်ကြာ စဉ်းစားပြီး စကားပြန်ပြောရန် ပြင်လိုက်၏။ သို့သော် ဗီရိုနီးစ် က ဖုန်းကို သိမ်းဆည်းလိုက်ပြီး အစည်းအဝေးခန်းမ တံခါးဆီသို့ လှည့်ထွက်သွားခဲ့ပေသည်။

ဗီရိုနီးစ် သည် ဤသတင်းကို အမှတ် ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့ထံ အမြန်ဆုံး အသိပေးလိုပြီး အခင်းဖြစ်ပွားရာ နေရာသို့ လူလွှတ်ကာ အခြေအနေကို ချက်ချင်း စစ်ဆေးစေလိုခြင်း ဖြစ်လေသည်။

အစည်းအဝေးခန်းမ တံခါးဝသို့ ရောက်သောအခါ ဗီရိုနီးစ် က မဒမ် ဟယ်လွိုက်စ် ကို ကျောခိုင်းထားလျက် အေးစက်သော လေသံဖြင့် စကားဆိုလိုက်၏။

"မဒမ် ဟယ်လွိုက်စ်... ရှင် ဆင်ခြေပေးနေတာတွေကို ဆက်နားထောင်ဖို့ ကျွန်မ အချိန်မရှိဘူး... ဒီကိစ္စကို အထက်ကို တင်ပြမယ်... ရှင်လည်း ဖက်ဒရယ် ရှေ့နေရုံးက လူတွေကို ဘယ်လို ရှင်းပြရမလဲ ဆိုတာကို သေချာ စဉ်းစားထားလိုက်..."

စကားသံ အဆုံးတွင် ဗီရိုနီးစ် က အစည်းအဝေးခန်းမ တံခါးကို ဆွဲဖွင့်ကာ အမြန် ခြေလှမ်းများဖြင့် ထွက်ခွာသွားခဲ့လေသည်။

ဗီရိုနီးစ် ၏ စကားကို ကြားပြီးနောက် အမှတ် ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့ ရုံးခန်းဆောင် အတွင်း၌ သြဂတ်စ် အား တာဝန်များ ခွဲဝေပေးနေသော ဗီရိုနီးစ် ၏ ကျောပြင်ကို ကြည့်ရင်း မဒမ် ဟယ်လွိုက်စ် ၏ မျက်နှာမှာ ဒေါသကြောင့် နီတစ်ခါ ပြာတစ်လှည့် ဖြစ်သွားခဲ့ချေသည်။

"သောက်ကျိုးနည်း..."

တိုးတိတ်စွာ ကျိန်ဆဲလိုက်ပြီးနောက် မဒမ် ဟယ်လွိုက်စ် က မိုဘိုင်းဖုန်းကို အလျင်အမြန် ထုတ်ယူကာ နံပါတ်တစ်ခုကို နှိပ်၍ ဖုန်းခေါ်ဆိုလိုက်ပေသည်။

ယခုလို အခြေအနေမျိုးတွင် ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာရှိ အသေးစိတ် အခြေအနေများကို အရင်ဆုံး သိရှိရန် လိုအပ်လေသည်။

ထို့အပြင် မဒမ် ဟယ်လွိုက်စ် ၏ စိတ်ထဲတွင် အခြားသော အကြံအစည်များလည်း ရှိနေသေး၏။

ဥပမာအားဖြင့် အခင်းဖြစ်ပွားရာ နေရာအနီးတွင် ပုန်းအောင်းနေသော စီအိုင်အေ အထူးအေးဂျင့်များကို အက်ဖ်ဘီအိုင် မရောက်ခင် ပေါက်ကွဲမှု ဖန်တီးသော တရားခံများကို အရင်ဆုံး ဖမ်းဆီးခိုင်းခြင်းပင် ဖြစ်ပေသည်။

တရားခံများ မိမိတို့ လက်ထဲ ရောက်သွားပါက နောက်ဆက်တွဲ ကိစ္စရပ်များ အားလုံးကို ကိုင်တွယ် ဖြေရှင်းရန် လွယ်ကူသွားမည် ဖြစ်လေသည်။

အချိန်ကို ပေါက်ကွဲမှု မဖြစ်ပွားခင် အချိန်လေးသို့ နောက်ကြောင်း ပြန်လှည့်ကြည့်ရမည် ဆိုလျှင်။

မဒမ် ဟယ်လွိုက်စ် ၏ စူးရှသော အော်ဟစ်သံကြီး ဖုန်းထဲမှ ရုတ်တရက် ထွက်ပေါ်လာချိန်တွင် ရိုအန် က မည်သည့် တုံ့ပြန်မှုမျှ မပြသဘဲ တည်ငြိမ်စွာပင် ရှိနေခဲ့၏။ ယာဉ်မောင်းဘေးခုံတွင် ထိုင်ကာ သေနတ်ကို စစ်ဆေးနေသော ရက်ဒ် ကမူ လန့်ဖြတ်သွားပြီး လက်များပင် တုန်ရီသွားခဲ့ချေသည်။

သို့သော် မဒမ် ဟယ်လွိုက်စ် ၏ အမိန့်ကို ကြားပြီးနောက် ရိုအန် နှင့် ရက်ဒ် တို့က အချင်းချင်း မျက်လုံးချင်း ဆုံကာ နှုတ်ခမ်းထောင့်ကို ကွေးညွတ်၍ လှောင်ပြောင်ဟန်ဖြင့် ပြုံးလိုက်ကြလေသည်။

ထို စီအိုင်အေ အဖွားအို၏ အမိန့်ကို သူတို့ နှစ်ဦး လုံးဝ ဂရုစိုက်မည် မဟုတ်ချေ။

ယခုအချိန်တွင် အက်စ်ယူဗီ ကားကြီးမှာ ဖက်ဒရယ် ရှေ့နေရုံးနှင့် မျက်နှာချင်းဆိုင် လမ်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။

ကားကို ရပ်တန့်ရန် ပြင်ဆင်နေရင်း ရိုအန် က ပြုံးရွှင်စွာဖြင့် ချောင်းတစ်ချက် ဟန့်လိုက်၏။ မဒမ် ဟယ်လွိုက်စ် ကို စကားအချို့ဖြင့် ပြန်လည် တုံ့ပြန်ရန် ပြင်လိုက်ချိန်မှာပင် မျက်နှာချင်းဆိုင်ရှိ ဖက်ဒရယ် ရှေ့နေရုံး၏ ဝင်ပေါက်မှ နားကွဲမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေတော့သည်။

"ဘုန်း..."

"သောက်ကျိုးနည်း..."

ရုတ်တရက် ထွက်ပေါ်လာသော ပေါက်ကွဲသံကြီးကြောင့် ရိုအန် အလွန်တရာ လန့်ဖြတ်သွားခဲ့၏။ ထိုနည်းတူ လန့်ဖြတ်သွားသော ရက်ဒ် ကလည်း ဒေါသတကြီး ကျိန်ဆဲလိုက်ပြီး ကားတံခါးကို ဖွင့်ကာ အောက်သို့ ချက်ချင်း ခုန်ဆင်းသွားခဲ့ပေသည်။

ယခုအချိန်တွင် ဖက်ဒရယ် ရှေ့နေရုံး ဝင်ပေါက် အပြင်ဘက်ရှိ ရင်ပြင်ငယ်လေးမှာ ဖရိုဖရဲ ဖြစ်နေချေပြီ။ လမ်းသွားလမ်းလာများ အရပ်မျက်နှာ အနှံ့အပြားသို့ ပြေးလွှားနေကြပြီး ဗုံးပေါက်ကွဲမှုကြောင့် ကြောက်လန့်တကြား အော်ဟစ်သံများနှင့် ထိခိုက်ဒဏ်ရာရကာ မြေပြင်ပေါ်တွင် လဲကျနေသူများ၏ ညည်းတွားသံများက ဆူညံလျက် ရှိပေသည်။

ရက်ဒ် ကားပေါ်မှ ဆင်းသွားချိန်တွင် ရိုအန် လည်း ဖုန်းကို ချက်ချင်းချကာ အောက်သို့ ပြေးဆင်းသွားခဲ့လေသည်။

ရက်ဒ် က ဖက်ဒရယ် ရှေ့နေရုံး ဝင်ပေါက်ဆီသို့ အပြေးအလွှား သွားရန် ပြင်လိုက်သည်ကို မြင်သောအခါ ရိုအန် က လက်လှမ်းကာ ရက်ဒ် ကို အလျင်အမြန် ဆွဲထားလိုက်ပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။

"ရက်ဒ်... ခဏနေဦး..."

ပြေးရန် ဟန်ပြင်နေသော ရက်ဒ် မှာ ရိုအန် ၏ ပြင်းထန်သော ဆွဲအားကြောင့် ရှေ့သို့ မှောက်လျက် လဲကျမတတ် ဖြစ်သွားခဲ့ချေသည်။

ကိုယ်နေဟန်ထားကို အမြန် ပြန်လည် ထိန်းကျောင်းလိုက်ပြီးနောက် ရက်ဒ် ၏ မျက်နှာပေါ်တွင် အလွန်တရာ အံ့အားသင့်သည့် အမူအရာများ ပေါ်လွင်လာခဲ့၏။ ရိုအန် ၏ ခွန်အားကို ရက်ဒ် ပို၍ပင် အံ့သြသွားခဲ့လေသည်။

"ဘာဖြစ်လို့လဲ ရိုအန်..."

ယခုအချိန်မှာ အရေးပေါ် အခြေအနေ ဖြစ်သဖြင့် ခွန်အား ကိစ္စကို အာရုံစိုက်နေရန် အချိန်မရှိချေ။ ရိုအန် အနေဖြင့် အနီးအနားတွင် နောက်ထပ် ဗုံးတစ်လုံး ရှိနေမည်ကို စိုးရိမ်နေသည်ဟု ရက်ဒ် က ထင်မှတ်ကာ အမြန် ရှင်းပြလိုက်ပေသည်။

"စိတ်မပူပါနဲ့ ရိုအန်... အထူးစစ်ဆင်ရေး တပ်ဖွဲ့မှာ လုပ်ခဲ့တဲ့ ငါ့ရဲ့ အတွေ့အကြုံအရ ဆိုရင် ဒီနေရာမှာ ဒုတိယမြောက် ဗုံး ရှိနေဖို့ ရာခိုင်နှုန်း တော်တော် နည်းတယ်..."

ရိုအန် က ခန္ဓာကိုယ်ပေါ်ရှိ လက်နက် ကိရိယာများကို အမြန် စစ်ဆေးလိုက်၏။ ကျည်ကာအင်္ကျီ... အသံဖမ်းဗုံး... မီးခိုးဗုံး... ဂလော့ခ် ဆယ့်ရှစ် နှင့် ကျည်ပိုဆံ့သော ကျည်အိမ်အရှည် များ အားလုံး ပြဿနာ မရှိကြောင်း အတည်ပြုလိုက်လေသည်။

တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိ ပြေးလွှားနေသော လူအုပ်ကြီးကို သေသေချာချာ အကဲခတ်ရင်း ရက်ဒ် ကို ပြန်လည် ရှင်းပြလိုက်ပေသည်။

"ဒီပေါက်ကွဲမှုကို ဖန်တီးသွားတဲ့ တရားခံ အစစ်က ဂျက်ကွဲ နဲ့ တောမတ်စ် တို့ ဖြစ်ဖို့ သေချာသလောက် ရှိတယ်... ပြီးတော့ သူတို့ နှစ်ယောက် အခုချိန်ထိ ဒီနေရာမှာ ရှိနေသေးဖို့ ရာခိုင်နှုန်း တော်တော် များတယ်... အခုချက်ချင်း သူတို့ကို အမြန်ဆုံး ရှာဖွေ ဖမ်းဆီးရမယ်..."

ဂျက်ကွဲ နှင့် တောမတ်စ် တို့ အခင်းဖြစ်ပွားရာ နေရာတွင် ရှိနေနိုင်ကြောင်း ရိုအန် ကောက်ချက်ချရခြင်း၏ အဓိက အကြောင်းရင်းမှာ ယခင် ယာဉ်တိုက်မှု အမှုကြောင့် ဖြစ်လေသည်။

ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် တောမတ်စ် သည် လူနာတင်ယာဉ် ယာဉ်မောင်း အယောင်ဆောင်ကာ အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်ခဲ့ပြီး အီဗန်ဒါ သေဆုံးခြင်း ရှိမရှိကို ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့ပေသည်။

ယခု ဗုံးပေါက်ကွဲမှု၏ ပစ်မှတ်မှာ ဂျွန်ကင်း ဖြစ်လေသည်။ ဂျက်ကွဲ နှင့် တောမတ်စ် တို့၏ ပြင်းထန်သော လက်စားချေလိုစိတ် အရ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဂျွန်ကင်း အမှန်တကယ် သေဆုံးသွားခြင်း ရှိမရှိကို သူတို့ သေချာပေါက် မျက်မြင်ကိုယ်တွေ့ စစ်ဆေးကြမည် ဖြစ်ချေသည်။

"အိုကေ..."

ရိုအန် ၏ စကားကို ကြားသောအခါ ရက်ဒ် က ခေတ္တမျှ တန့်သွားပြီးနောက် ပြတ်ပြတ်သားသား ခေါင်းညိတ် လက်ခံကာ ပတ်ဝန်းကျင်ကို သေသေချာချာ စောင့်ကြည့်ရင်း မေးမြန်းလိုက်လေသည်။

"အသေးစိတ် ဘယ်လို လုပ်ကြမလဲ..."

"မင်း ဘယ်ဘက်ကသွား... ငါ ညာဘက်ကသွားမယ်... သေသေချာချာ ရှာဖွေစစ်ဆေး..."

ရိုအန် က အချိန်ဆွဲမနေတော့ဘဲ ဂလော့ခ် ဆယ့်ရှစ် သေနတ်ကို ဆွဲထုတ် ကာ အမြန် ညွှန်ကြားလိုက်ပေသည်။

"ဂျက်ကွဲ က ဒီနှစ် ၃၆ နှစ်... ခန္ဓာကိုယ် တောင့်တောင့်တင်းတင်း နဲ့ ဆံပင်တိုတို ညှပ်ထားတယ်... တောမတ်စ် က အသက်မငယ်တော့ဘူး... စကားပြောတဲ့ အသံက နည်းနည်း စူးတယ်... ဆံပင်ရှည်ပြီး ဆံပင်ဖြူတွေ ပါတယ်..."

"အိုကေ..."

လူအုပ်ကြီးထဲတွင် ပစ်မှတ်ကို ရှာဖွေခြင်းမှာ အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင်များ၏ အခြေခံ ကျွမ်းကျင်မှု တစ်ခု ဖြစ်လေသည်။

လုပ်ဆောင်ရမည့် အစီအစဉ်ကို သိရှိပြီးနောက် ရက်ဒ် ကလည်း ရိုအန် နည်းတူ ဂလော့ခ် ဆယ့်ရှစ် သေနတ်ကို ဆွဲထုတ်လိုက်ပြီး ဖက်ဒရယ် ရှေ့နေရုံး ဘယ်ဘက်ခြမ်းရှိ လူအုပ်ကြီးထဲသို့ အမြန် တိုးဝင်သွားခဲ့ချေသည်။

လက်နက် အပြည့်အစုံ တပ်ဆင်ထားသော ရိုအန် က ဖက်ဒရယ် ရှေ့နေရုံး ညာဘက်ခြမ်းရှိ လူအုပ်ကြီးထဲသို့ ပြေးဝင်သွားလေသည်။ ပြေးလွှားနေသော လမ်းသွားလမ်းလာတိုင်း၏ မျက်နှာများကို သေသေချာချာ အကဲခတ်ရင်း ရှေ့နေရုံး ညာဘက်ရှိ ကုန်းမြင့်လေးဆီသို့ အပြေးအလွှား တက်သွားခဲ့ပေသည်။

ဖက်ဒရယ် ရှေ့နေရုံး၏ အရှေ့တည့်တည့်တွင် ရင်ပြင်ငယ်လေး တစ်ခု ရှိပြီး ထိုရင်ပြင်ကို ဖြတ်ကျော်ကာ လှေကားထစ် အရှည်ကြီးကို တက်သွားမှသာ ရှေ့နေရုံး၏ ဝင်ပေါက်သို့ ရောက်ရှိမည် ဖြစ်လေသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော နေရာမှာ ရှေ့နေရုံး၏ ဝင်ပေါက်တွင် ဖြစ်ပေသည်။

အကယ်၍ တစ်ဖက်လူက ဂျွန်ကင်း သေဆုံးခြင်း ရှိမရှိကို စစ်ဆေးလိုပါက ဤကုန်းမြင့်လေးပေါ်သို့ သေချာပေါက် လာရောက်ရမည် ဖြစ်၏။

တစ်ချိန်တည်းမှာပင် ကုန်းမြင့်လေးပေါ်တွင် ရပ်နေခြင်းဖြင့် အခင်းဖြစ်ပွားရာ နေရာရှိ လူတစ်ဦးချင်းစီကို ပိုမို ရှင်းလင်းစွာ အကဲခတ်နိုင်မည် ဖြစ်ချေသည်။

လမ်းသွားလမ်းလာများ၏ အံ့အားသင့်နေသော အကြည့်များ အောက်တွင် လက်နက် အပြည့်အစုံ တပ်ဆင်ထားသော ရိုအန် က လုံးဝ မမောပန်းသည့်အလား ခြေလှမ်းကျဲကြီးများဖြင့် လှေကားထစ် အဆုံးထိ စက္ကန့်ပိုင်း အတွင်း ပြေးတက်သွားခဲ့လေသည်။

"အက်ဖ်ဘီအိုင်..."

အိတ်ကပ်ထဲမှ ရွှေရောင် ရင်ထိုးကို ထုတ်ပြလိုက်ပြီးနောက် မြေပြင်ပေါ်တွင် လဲကျနေသော ထိပ်ပြောင်ပြောင်နှင့် ရှေ့နေရုံး လုံခြုံရေး ဝန်ထမ်းထံ ရိုအန် ချဉ်းကပ်သွားလိုက်၏။

ပတ်ဝန်းကျင်ကို သေသေချာချာ အကဲခတ်ရင်း လုံခြုံရေး ဝန်ထမ်း၏ အင်္ကျီကို ဆုတ်ဖြဲကာ သွေးတိတ်အောင် ကူညီပေးလိုက်ပြီး တစ်ချိန်တည်းမှာပင် မေးမြန်းလိုက်လေသည်။

"ပေါက်ကွဲမှု ဖြစ်တဲ့ အချိန်က အခြေအနေ အသေးစိတ်ကို မြင်လိုက်ရလား..."

ထိပ်ပြောင်ပြောင်နှင့် လုံခြုံရေး ဝန်ထမ်းက ခေါင်းညိတ်ပြလိုက်ပေသည်။

ကလေးငယ် တစ်ဦး၏ ကျောပိုးအိတ်မှ ပေါက်ကွဲမှု စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း လုံခြုံရေး ဝန်ထမ်းက ရှင်းပြလေသည်။

ထိုအချိန်က ကလေးငယ်သည် ကျောပိုးအိတ်ကို ဖခင်ဖြစ်သူထံသို့ လှမ်းပေးခဲ့၏။ ဖခင်ဖြစ်သူက ကလေးငယ်အား ကျောပိုးအိတ်ထဲတွင် ဘာတွေ ထည့်ထားသဖြင့် ဤမျှ လေးလံနေရသနည်း ဟု မေးမြန်းနေခဲ့ပေသည်။

နောက်တစ်စက္ကန့်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်၏။ ဖခင်ဖြစ်သူမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ကလေးငယ်၏ အခြေအနေကိုမူ မသိရသေးချေ။

ထိုကလေးငယ်၏ ဖခင်မှာ ဖက်ဒရယ် ရှေ့နေ တစ်ဦး ဖြစ်သူ ဂျွန်ကင်း ပင် ဖြစ်လေသည်။

လုံခြုံရေး ဝန်ထမ်း၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ရိုအန် က နှုတ်ခမ်းကို သပ်ကာ ဘာစကားမျှ မပြောတော့ချေ။

လူအုပ်ကြီးကို သေသေချာချာ ဆက်လက် အကဲခတ်ရင်း နောက်ထပ် မေးခွန်းများ မေးရန် ပြင်လိုက်စဉ် ရှေ့နေရုံး၏ ဘယ်ဘက်ခြမ်းမှ ပြင်းထန်သော သေနတ်ပစ်ခတ်သံများ ရုတ်တရက် ထွက်ပေါ်လာခဲ့ပေသည်။

"ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း..."

"သောက်ကျိုးနည်း..."

သေနတ်သံကို ကြားသောအခါ ရိုအန် က အဝတ်စကို လုံခြုံရေး ဝန်ထမ်းထံ အမြန် ထိုးပေးလိုက်ပြီး ရှေ့နေရုံး၏ ဘယ်ဘက်ခြမ်းသို့ အပြေးအလွှား သွားရောက်ခဲ့လေသည်။

ရှေ့နေရုံး၏ ဘယ်ဘက်ခြမ်းတွင် လက်နက် အပြည့်အစုံ တပ်ဆင်ထားသော ရက်ဒ် က လူစီးကား တစ်စီး၏ ဘေးတွင် ဝပ်နေပြီး မျက်နှာချင်းဆိုင်ရှိ ကားကြီး တစ်စီးနောက်မှ ပစ်ခတ်နေသော ရန်သူ၏ ကျည်ဆန်များကို ရှောင်တိမ်းနေရချေသည်။

ရန်သူက ရိုင်ဖယ်သေနတ် တစ်လက်ကို ကိုင်ဆောင်ထားပြီး ဆံပင်ဖြူဖြူ ရှည်ရှည်များ ရှိနေပေသည်။

အစောပိုင်းက ရက်ဒ် က တစ်ဖက်လူကို ရပ်တန့်ရန် လှမ်းပြောလိုက်ရုံမျှဖြင့် တစ်ဖက်လူက ရက်ဒ်ကို သေနတ်ဖြင့် တိုက်ရိုက် ပစ်ခတ်ခဲ့ခြင်း ဖြစ်၏။ ထိုအချက်ကို ကြည့်ခြင်းအားဖြင့် မျက်နှာချင်းဆိုင်ရှိ လူမှာ တောမတ်စ် ဆိုသူ ဖြစ်ကြောင်း ရက်ဒ် အတိအကျ ကောက်ချက်ချနိုင်ခဲ့လေသည်။

တစ်ဖက်လူက ရိုင်ဖယ်သေနတ် ကိုင်ဆောင်ထားသဖြင့် ဂလော့ခ် ဆယ့်ရှစ် တစ်လက်တည်းသာ ရှိသော ရက်ဒ် အနေဖြင့် တိုက်ရိုက် ရင်ဆိုင်ရန် မဝံ့ရဲချေ။

သို့သော် ယခင်က ရိုအန် နှင့် အတူတကွ တိုက်ပွဲဝင်ခဲ့သော အတွေ့အကြုံများကို ပြန်လည် သတိရသွားသောအခါ ရက်ဒ် က ဖွဖွလေး ပြုံးလိုက်ပြီး ခါးနောက်မှ အသံဖမ်းဗုံး တစ်လုံးကို ဆွဲထုတ်လိုက်ပေသည်။

သို့သော် ရက်ဒ် တစ်ယောက် ကိုယ်နေဟန်ထား ပြင်ဆင်ပြီး မျက်နှာချင်းဆိုင်သို့ အသံဖမ်းဗုံး ပစ်ပေါက်ရန် ပြင်လိုက်ချိန်မှာပင် မိမိ၏ ခေါင်းပေါ်မှ ဖြတ်ကာ မျက်နှာချင်းဆိုင်ရှိ ကားကြီးဆီသို့ ပျံသန်းသွားသော အသံဖမ်းဗုံး ၄ လုံးကို ရုတ်တရက် မြင်တွေ့လိုက်ရလေတော့သည်။

ထိုမြင်ကွင်းကြောင့် ရက်ဒ် မှာ ဘာပြောရမှန်းမသိအောင် ဆွံ့အသွားခဲ့၏။

တစ်ဖက်မှ တောမတ်စ် လည်း အလွန်တရာ အံ့အားသင့်ကာ မှင်သက်သွားခဲ့ချေသည်။

All Chapters