← Chapters

အခန်း ၂၉၂

Vol. 29 Ch. 292

အခန်း ၂၉၂

Vol. 29 Ch. 292

Chapter 292

~

အခန်း ၂၉၂ : ကိုယ့်ကိုကိုယ် လွှတ်ပေးလိုက်ခြင်း

~

​" ဒုတိယအချက်အနေနဲ့က ကျွန်မနဲ့ ရှာကျူး လက်မှတ်ထိုးမယ်ဆိုရင်တောင် ပန့်ကန့် သဘောတူဖို့ လိုတယ် .."

​ချင်ဟွိုင်ရုက သူမ၏ ဒုတိယမြောက် စည်းကမ်းချက်ကို ပြောလိုက်သည် ။

​ယခုခေတ်တွင် သားသမီးဆိုသည်က အမျိုးသမီးများအတွက် မျှော်လင့်ချက်ပင် ။ ပန့်ကန့်၏ သဘောထားကို သူမ အလွန် ဂရုစိုက်သည် ။ အကယ်၍ ပန့်ကန့်သာ သဘောမတူလျှင် သူမ ဘာမှတတ်နိုင်မည် မဟုတ်ချေ ။

​" ဒါကတော့ ဖြစ်သင့်တာပါပဲ .."

​ယီကျုံးဟိုင်က ထပ်မံ၍ ခေါင်းညိတ်လိုက်သည် ။

​ချင်ဟွိုင်ရုက ဆက်ပြောသည် ။

​" နောက်ဆုံးတစ်ချက်ကတော့ ကျွန်မ တကယ်လို့ ရှာကျူးနဲ့ လက်မှတ်ထိုးဖြစ်ခဲ့ရင်တောင် သူ့အတွက် ကလေး မွေးမပေးနိုင်ဘူး .."

​ထိုစကားကို ကြားသောအခါ ယီကျုံးဟိုင် ကြောင်အမ်းသွားပြီး...

​" မင်းက သူနဲ့ ကလေးရလာရင် မင်းရဲ့ ကလေးတွေအပေါ် ခွဲခြားဆက်ဆံမှာကို စိုးရိမ်လို့လား .."

​" အဲဒီသဘောမျိုးလည်း ပါပါတယ် .."

​ချင်ဟွိုင်ရုက အသေးစိတ် ရှင်းပြရန် ရည်ရွယ်မထားပေ ။

​" အဲဒါလည်း ရပါတယ် .."

​ယီကျုံးဟိုင်က ခေါင်းညိတ်ကာ လက်ခံလိုက်ဆဲပင် ။

​သူ လိုချင်သည်က သူ့ကို လုပ်ကျွေးပြုစုမည့်သူသာ ဖြစ်သည် ။ ရှာကျူးတွင် ကလေး ရှိမည် မရှိမည်ကို သူ လုံးဝ စိတ်မဝင်စား ။

​" ဒါဆိုရင် ကျွန်မဘက်က ဘာမှ ပြောစရာမရှိတော့ဘူး .."

​ချင်ဟွိုင်ရုက သူမ၏ တောင်းဆိုချက်များကို ပြောပြီးနောက် တစ်ခုခုကို သတိရသွားဟန်ဖြင့် ...

​" ဒါနဲ့ ကျွန်မယောက္ခမဘက်ကိုတော့ ရှင်ကိုယ်တိုင် ဖြေရှင်းပေးရလိမ့်မယ် .."

​ကျားကျန်းရှီက သူမ ရှာကျူးနှင့် နောက်အိမ်ထောင်ပြုမည်ကို လုံးဝ သဘောတူမည် မဟုတ်ကြောင်း သိသော်လည်း ဤအရာများက သူမနှင့် မသက်ဆိုင်တော့ပေ ။ ယီကျုံးဟိုင်ကိုသာ ဖြေရှင်းခိုင်းလိုက်ရန် ဆုံးဖြတ်ထားသည် ။

​ယီကျုံးဟိုင်က ယုံကြည်ချက်အပြည့်ဖြင့် ...

​" ဒါက ပြဿနာမရှိပါဘူး .. ငါ့မှာ ကိုယ်ပိုင် အစီအစဉ် ရှိပါတယ် .."

​' ကျားကျန်းရှီ အတွက် အရေးအကြီးဆုံးက ဘာဖြစ်မလဲ .. ပန့်ကန့်လား .. မဟုတ်ဘူး .. သူ အရေးအကြီးဆုံးထားတာက ငွေပဲ .. လုံလောက်တဲ့ အကျိုးအမြတ်သာ ပေးနိုင်ရင် ကျားကျန်းရှီကို ဖြောင်းဖျနိုင်ဖို့ ငါ ရာခိုင်နှုန်းပြည့် ယုံကြည်တယ် .. ဒါကြောင့် ဒီကိစ္စက ငါ့အတွက် ခက်ခဲတဲ့ ကိစ္စတစ်ခု မဟုတ်ဘူး .. '

​သူတို့နှစ်ဦး တိုင်ပင်ဆွေးနွေးပြီးနောက် ယီကျုံးဟိုင်သည် ချင်ဟွိုင်ရုကို ခေါ်ကာ ကောတာဖျဲ့ဇီ ထံသို့ သွားရောက်တွေ့ဆုံခဲ့ပြီး ချင်ဟွိုင်ရုအား သူ၏တပည့်အဖြစ် လက်ခံမည် ဖြစ်ကြောင်း ပြောခဲ့သည် ။

​ထိုအချိန်မှစ၍ ချင်ဟွိုင်ရုသည် ကန်တင်းမှ အလုပ်ရုံသို့ တရားဝင် ပြောင်းရွှေ့သွားခဲ့လေသည် ။

​ညနေဘက် အလုပ်ဆင်းချိန်တွင်မူ...

​ချင်ဟွိုင်ရုက ပင်ပန်းနွမ်းနယ်စွာဖြင့် အိမ်သို့ ပြန်ရောက်လာခဲ့သည် ။

​အလုပ်သင်သက်သက်သာ ဖြစ်သော်လည်း အလုပ်ရုံထဲရှိ အလုပ်များက မီးဖိုချောင်ထက် အများကြီး ပို၍ ပင်ပန်းသည် ။ သူမ၏ ပထမဆုံး အလုပ်ဆင်းရသည့်နေ့ ဖြစ်သဖြင့် သိပ်ပြီး အသားမကျသေးချေ ။

​တံခါးဝတွင် ရှိနေသော ကျားကျန်းရှီက ချင်ဟွိုင်ရု ပြန်ရောက်လာသည်ကို မြင်သောအခါ သူမ၏ လက်ထဲသို့ အရင်ဆုံး လှမ်းကြည့်လိုက်ပြီး ထမင်းချိုင့် ပေါ့ပါးနေသည်ကို သတိထားမိသွားကာ မျက်မှောင်ကြုတ်၍...

​" ဒီနေ့ ကျန်တဲ့ ဟင်းတွေ ပါမလာဘူးလား .."

​ချင်ဟွိုင်ရုက အဝတ်အိတ်ကို ချထားလိုက်ပြီး ခပ်အေးအေးပင် ပြန်ဖြေသည် ။

​" ကျွန်မ အလုပ်ရုံကို ပြောင်းသွားပြီ .."

​ကျားကျန်းရှီ ဆွံ့အသွားပြီးနောက် ဒေါသတကြီးဖြင့် ...

​" အဲဒီတော့ နောက်ဆိုရင် စားကြွင်းစားကျန်တွေ မရှိတော့ဘူး ဆိုတဲ့သဘောလား .. ချင်ဟွိုင်ရု နင်က တော်တော်ကို အသုံးမကျတာပဲ .."

​ထိုစကားကို ကြားသောအခါ ချင်ဟွိုင်ရုက ပါးစပ်ဟလိုက်သော်လည်း ဘာပြောရမှန်း မသိ ။

​ကျားကျန်းရှီ၏ မျက်လုံးထဲတွင် ကောင်းကောင်းစားရဖို့ကိုသာ ဂရုစိုက်ပြီး သူမ မည်သို့ကြောင့် အလုပ်ရုံသို့ ပြောင်းသွားရသနည်းဆိုသည့် အကြောင်းရင်းကိုတော့ တစ်ခွန်းမှ မမေးပေ ။

​သူမ ဤသို့သော ဆက်ဆံရေးကို အသားကျနေပြီ ဖြစ်သော်လည်း စိတ်ထဲတွင်တော့ အလွန်ပင် ခံရခက်နေဆဲ ဖြစ်သည် ။ မိသားစုအတွက် သူမ တစ်ယောက်တည်း ပင်ပင်ပန်းပန်း ရုန်းကန်နေရသော်လည်း အနည်းငယ်မျှသော ဂရုစိုက်မှုမျိုးပင် မရရှိခဲ့ချေ ။

​ခဏတာ တိတ်ဆိတ်သွားပြီးနောက် ချင်ဟွိုင်ရုက ခါးသက်စွာ ပြုံးလိုက်ပြီး ထမင်းချက်ရန် မီးဖိုချောင်သို့ လှည့်ထွက်သွားတော့သည် ။

​ထိုအချိန်မှစ၍ ချင်ဟွိုင်ရုသည် ကိုယ့်ကိုယ်ကိုယ် လွှတ်ပေးလိုက်သည့်အလား ဖြစ်သွားတော့သည် ။

​သူမသည် အလုပ်ရုံထဲတွင် အလုပ်ခိုကာ သူမ၏ အလှအပကို အသုံးချပြီး အလုပ်ရုံမှ အမျိုးသားများနှင့် အမျိုးမျိုးသော အပေးအယူများ ပြုလုပ်တော့သည် ။

​ထိုသို့သော အပေးအယူများဆိုသည်မှာ တခြားသူများကို အနည်းငယ် အမြတ်ထုတ်ခွင့်ပေးပြီး သူတို့ထံမှ အကျိုးအမြတ် ပြန်လည်တောင်းခံခြင်းပင် ။

​အချိန်အတန်ကြာပြီးနောက် အလုပ်ရုံထဲတွင် မုဆိုးမတစ်ဦးက အကျင့်စာရိတ္တ မကောင်းဘဲ စက်ရုံမှ အမျိုးသားများနှင့် အမြဲတမ်း ပရောပရည် လုပ်နေတတ်ကြောင်း ကောလာဟလများ ထွက်ပေါ်လာခဲ့သည် ။

​ပြောဆိုနေကြသည်မှာလည်း အလွန်ပင် နားခါးစရာ ကောင်းလှ၏ ။

​သို့သော် ချင်ဟွိုင်ရုကတော့ ဂရုမစိုက် ။ အကျိုးအမြတ် ရနေသရွေ့ အဆင်ပြေသည်ဟုသာ မှတ်ယူထားသည် ။

​ယီကျုံးဟိုင်ကလည်း တားမြစ်ရန် အစီအစဉ် မရှိပေ ။ ချင်ဟွိုင်ရုကို သေချာသင်ပေးရန် ရည်ရွယ်ထားခြင်း မရှိသဖြင့် သူမ ဘာသာ သောင်းကျန်းချင်သလို သောင်းကျန်းပါစေဟုသာ လွှတ်ထားလိုက်သည် ။

​' ရှာကျူးက သဘောမတူဘဲ နေမှာလား .. တကယ်လို့ချင်ဟွိုင်ရုက ရှာကျူးကိုတောင် မထိန်းချုပ်နိုင်ဘူးဆိုရင် သူတို့ပေါင်းပြီး ငါ့ကို လုပ်ကျွေးပြုစုမယ်ဆိုတာကို ငါ စိတ်ချမှာ မဟုတ်ဘူး .. '

​ထို့ကြောင့် သူက မမြင်ယောင်သာ ဆောင်နေလိုက်တော့သည် ။

​...

​အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ၁၉၆၅ ခုနှစ်သို့ ရောက်ရှိလာခဲ့သည် ။

​တစ်နေ့တွင်...

​ရှာကျူးသည် လက်ထဲတွင် ထမင်းချိုင့် နှစ်ချိုင့်ကို ဆွဲကာ သီချင်းလေး ညည်းရင်း ခြံဝန်းအိမ်ထဲသို့ ပြန်ရောက်လာခဲ့သည် ။ ထမင်းဘူးထဲတွင် ကြက်တစ်ခြမ်း ပါလာပြီး ခေါင်းဆောင်များအတွက် အထူးဟင်းလျာ ချက်ပေးစဉ်က ကြိုတင်ချန်ထားခဲ့ခြင်း ဖြစ်သည် ။

​အိမ်ပြန်ရောက်လျှင် အရက်ကလေး နှစ်ခွက်လောက် သောက်ရန် သူ ရည်ရွယ်ထား၏ ။

​" ယိ... ယားးးး.. "

​ရှေ့ဘက်ခြံဝန်းထဲတွင် ခန္ဓာကိုယ် ခပ်တုတ်တုတ် ကလေးလေး တစ်ယောက်က မြင်းစီးဟန် ရပ်ကာ လက်သီးများကို ဝှေ့ယမ်းရင်း စစ်တပ်သုံး ကိုယ်ခံပညာကို လေ့ကျင့်နေသည် ။

​ထိုသည်ကို မြင်သောအခါ ရှာကျူးက ချက်ချင်းပင် စိတ်ဝင်စားသွားသည် ။

​သူက လျှောက်သွားပြီး ရယ်မောကာ နောက်ပြောင်လိုက်သည် ။

​" ဟေး.. ရှောင်ရှီတိုး .. မင်း ဒီလို လေ့ကျင့်နေလို့ အလကားပဲ .. ဒီလိုလုပ်.. မင်း ငါ့ကို ဆရာတင်လိုက်.. ဦးလေးရှာကျူးက မင်းကို နှစ်ကွက်လောက် သင်ပေးမယ် .. ဒီရပ်ကွက်ထဲမှာ မင်းကို ယှဉ်နိုင်တဲ့သူ မရှိစေရဘူးလို့ အာမခံတယ် .."

​ထိုကလေးက ယန်ကျီဝမ်၏ သား ရှောင်ရှီတိုး ဖြစ်ပြီး ယခုနှစ်တွင် ၅ နှစ်ကျော်ပြီ ဖြစ်သော်လည်း ကြည့်ရသည်မှာ ၇ နှစ် ၈ နှစ် အရွယ်နှင့် တူနေလေသည် ။

​အသက် သုံးနှစ်အရွယ်ကတည်းက သိုင်းပညာကို လေ့ကျင့်ခဲ့ပြီး အာဟာရလည်း မချို့တဲ့သဖြင့် သူ၏ ခန္ဓာကိုယ်မှာ ရွယ်တူ ကလေးများထက် များစွာ ကြီးမားနေသည် ။

​" ခင်ဗျားကို ဆရာတင်ရမယ် ဟုတ်လား .."

​ရှောင်ရှီတိုး၏ မျက်နှာလေးပေါ်တွင် အထင်သေးသည့် အမူအရာများ ပေါ်လာပြီး ...

​" ခင်ဗျားက ကျွန်တော့်အဖေကို နိုင်လို့လား .. ကျွန်တော့် ဆရာမ မြောင်မြောင်ကိုရော ယှဉ်နိုင်လို့လား .."

​သူပြောသော ဆရာမ မြောင်မြောင်ဆိုသည်မှာ ဝမ်မြောင်မြောင်ကို ဆိုလိုခြင်း ဖြစ်သည် ။

​အရင်တုန်းက ယန်ကျီဝမ်သည် အဘိုးဝမ်ကို သွားတွေ့သည့်အခါတိုင်း ရှောင်ရှီတိုးကို အမြဲတမ်း ခေါ်သွားလေ့ရှိသည် ။ ယန်ကျီဝမ်က ရှောင်ရှီတိုးအား သိုင်းပညာ သင်ပေးနေကြောင်း ကြားသောအခါ ဝမ်မြောင်မြောင်က စိတ်ဝင်စားသွားပြီး ရှောင်ရှီတိုး( ရှောင်က နာမည်မဟုတ်ဘူးနော် .. ရှီတိုးလေး ...) ကို တပည့်အဖြစ် အတင်း လက်ခံခဲ့ခြင်း ဖြစ်သည် ။

​ယန်ကျီဝမ်လည်း မငြင်းဆန်ရဲသဖြင့် သူမ သဘောအတိုင်းသာ လွှတ်ထားလိုက်ရသည် ။ ထို့ကြောင့် ဝမ်မြောင်မြောင်က ရှောင်ရှီတိုးကို စစ်တပ်သုံး ကိုယ်ခံပညာကို သင်ပေးခဲ့ခြင်းပင် ။

​ရှာကျူး၏ မျက်နှာက ချက်ချင်းပင် တောင့်တင်းသွားတော့သည် ။

​ယန်ကျီဝမ်ကို သူ သေချာပေါက် မနိုင်သည်မှာ အမှန်ပင် ။ ဝမ်မြောင်မြောင်နဲ့ ဆိုလျှင်ရော ။

​ထိုအမျိုးသမီးအကြောင်း တွေးမိလိုက်သည်နှင့် ရှာကျူး၏ ကျောပြင်တစ်ခုလုံး ချွေးစေးများ ထွက်လာတော့သည် ။

​ယခင်က ထိုအမျိုးသမီး သူတို့ခြံဝန်းထဲသို့ လာခဲ့ဖူးပြီး အလွန်ပင် လှပလွန်းလှသည် ။ ထိုအချိန်က သူလည်း အလှကို မြင်ပြီး စိတ်လှုပ်ရှားသွားကာ သွားရောက် စကားပြောရန် ကြိုးစားခဲ့ဖူးသည် ။

​သို့သော် ဝမ်မြောင်မြောင်က စကားတစ်ခွန်းမှ မပြောဘဲ သူ့ကို အသေအလဲ ထိုးကြိတ်ခဲ့သည် ။ ထိုစဉ်က ရှာကျူးမှာ အလွန်ပင် သနားစရာ ကောင်းခဲ့ပြီး ယခုအချိန်အထိ စိတ်ဒဏ်ရာ ရနေဆဲပင် ။

​သို့သော် သူက နှုတ်ခမ်းကို တွန့်ကာ မခံချင်စိတ်ဖြင့် ..

​" သူတို့တွေက ရိုက်တတ်ပုတ်တတ်တာလောက်နဲ့ ဘာအသုံးကျမှာလဲ .. ပညာရပ်တိုင်းမှာ ကိုယ်ပိုင် ကျွမ်းကျင်မှု ရှိတယ်ဆိုတာ မင်း သိလား .. မင်း ဦးလေး ရှာကျူး ကျွမ်းကျင်တာက နပန်းလုံးတာပဲ .. နပန်းလုံးတဲ့ နေရာမှာတော့ မင်းအဖေက ငါ့ပြိုင်ဘက် မဟုတ်ဘူးကွ .."

​သူက ရှောင်ရှီတိုးကို နောက်ပြောင်ချင်ရုံသာ ဖြစ်သည် ။ အကယ်၍ ရှောင်ရှီတိုးသာ သူ့ကို ဆရာတင်လိုက်ပါက ထိုအချိန်ကျလျှင် ယန်ကျီဝမ်၏ မျက်နှာထားက အလွန် ကြည့်ကောင်းနေချေမည် ။

​ရှောင်ရှီတိုးက နားထောင်ပြီးနောက် ခေါင်းကို လေးလေးနက်နက် ခါယမ်းကာ ...

​" ကျွန်တော် မယုံဘူး .. ခင်ဗျား ကျွန်တော့်အဖေကို ကျွန်တော့်ရှေ့မှာ မှောက်သွားအောင် လုပ်ပြနိုင်မှ ယုံမယ် .."

​" ဟေး ကောင်စုတ်လေးကတော့ .. သဘောမတူချင်လည်း ထားလိုက်ပါတော့ .."

​ရှာကျူးက အလျင်အမြန် လစ်ပြေးတော့သည် ။

​' နောက်နေတာလား .. ယန်ကျီဝမ်နဲ့ သွားချရအောင် ငါက အသားအနာခံရတာ ကြိုက်တဲ့သူမှ မဟုတ်တာ .. '

​ရှာကျူး ထွက်သွားသည်ကို မြင်သောအခါ ရှောင်ရှီတိုးက နှုတ်ခမ်းဆူလိုက်ပြီး သိုင်းကွက်များကိုသာ ဆက်လက် လေ့ကျင့်နေတော့သည် ။

​သူ၏ဖခင်က သူ့ကို ပြောပြဖူးသည် ။ ခြံဝန်းထဲမှ ရှာကျူးဆိုသည့်လူက ပါးစပ်သာ အာချောင်တတ်ပြီး တခြား ဘာအရည်အချင်းမှ မရှိသည့်အပြင် မုဆိုးမများကိုလည်း သဘောကျတတ်သေးသည်ဟူ၏ ။ ထို့ကြောင့် သူ ရှာကျူးကို အထင်မကြီးပေ ။

​အလယ်ခြံဝန်းထဲတွင်...

​ချင်ဟွိုင်ရုက ရှာကျူးကို လမ်းပိတ်ရပ်လိုက်သည် ။

​" အို .. ထမင်းချိုင့်က တော်တော် လေးတဲ့ပုံပဲ .. ဒီနေ့ရော ဘာကောင်းတာတွေ ပါလာပြန်ပြီလဲ .."

​ပြောရင်းနှင့် ချင်ဟွိုင်ရုက လှမ်းယူရန် လက်ဆန့်လိုက်သည် ။

​ရှာကျူးက လက်ကို ရှောင်ဖယ်လိုက်ပြီး ရယ်မောကာ ...

​" ဟဲဟဲ..ဒီနေ့တော့ ထားလိုက်ပါတော့ .. မင်းတို့အိမ်က ကလေးက ဒီနေ့ စားစရာ မလိုလောက်ဘူး .. ငါ့ဘာသာ အရက်မြည်းဖို့ပဲ ယူသွားတော့မယ် .."

​" ဘာအဓိပ္ပာယ်လဲ .."

​ချင်ဟွိုင်ရုက ရှုပ်ထွေးဟန်ဖြင့် မေးလိုက်သည် ။

​" ပန့်ကန့် ပြန်လာရင် မင်းဘာသာ မေးကြည့်လိုက် .."

​ရှာကျူးက ပြောပြီးသည်နှင့် လက်နှစ်ဖက်ကို နောက်ပစ်ကာ အိမ်သို့ ပြန်သွားတော့သည် ။

​" ထူးထူးဆန်းဆန်းတွေပါလား .."

​ချင်ဟွိုင်ရုက ခေါင်းယမ်းလိုက်ပြီး အဝတ်များကိုသာ ဆက်လျှော်နေလိုက်သည် ။

​ထမင်းချိုင့် မရလိုက်သော်လည်း သူမ ဒေါသ မထွက်ချေ ။

​ယခုအချိန်တွင် သူမတို့ မိသားစု၌ စားဝတ်နေရေးအတွက် မပူပန်ရတော့ပေ ။ သာမန်အချိန်များတွင်လည်း ရှာကျူးက သူမကို အမြဲလိုလို ကူညီထောက်ပံ့ပေးလေ့ရှိပြီး ယီကျုံးဟိုင်ကလည်း တစ်လလျှင် ဆယ်ယွမ် ပေးသေးသည် ။ သူမ၏ လစာနှင့်ဆိုလျှင် စုစုပေါင်း သုံးဆယ့်ခုနစ်ယွမ်နှင့် ငါးမော့ပင် ရှိနေလေပြီ ။

​သူမ၏ အိမ်ထောင်စုစာရင်းက မြို့ပေါ်သို့ မပြောင်းနိုင်သေးသော်လည်း သူမ သိပ်ဂရုမစိုက်တော့ပေ ။ အိမ်မှာ ရိက္ခါပြတ်သွားလျှင် ယီကျုံးဟိုင်ထံသို့ သွားတောင်းရုံသာ ဖြစ်သည် ။

​သို့သော် ထိုအဘိုးကြီးက ရိက္ခါပေးတိုင်း သူမကို မြေအောက်ခန်းထဲသို့ ဆင်းယူခိုင်းတတ်သည်ကလွဲလျှင် အကုန်အဆင်ပြေနေလေသည် ။

All Chapters