← Chapters

အခန်း ၂၉၄

Vol. 29 Ch. 294

အခန်း ၂၉၄

Vol. 29 Ch. 294

Chapter 294

~

အခန်း ၂၉၄ : ကလေးတွေက လိမ်မပြောတက်ဘူး

~

​" နေဦး.. "

​ယီကျုံးဟိုင်က ရုတ်တရက် ဝင်ပြောလိုက်သည် ။

​ရှာကျူးက သူ၏အိုစာမင်းစာ ကြည့်ပေးမည့်သူ ဖြစ်၍ သူ ကာကွယ်ပေးရမည် ။

​သူက ရှာကျူးကို ကြည့်ပြီး မေးလိုက်သည် ။

​" ကျူးဇီ.. မင်းအမှန်တိုင်းပြောစမ်း.. ရွှီတာမော့ကို လက်စားချေချင်လို့ သူ့အိမ်က ကြက်ကို ခိုးခဲ့တာမလား... "

​ရှာကျူးကလည်း တကယ်မတုံးချေ ။ ယီကျုံးဟိုင်က သူ့ကို ကူညီချင်နေမှန်း နားလည်လိုက်သည် ။

​ထို့ကြောင့် သူခေါင်းညိတ်ပြီး ပြန်ဖြေလိုက်၏ ။

​" ဟုတ်တယ်.. လွန်ခဲ့တဲ့ ရက်ပိုင်းက သူ ကျွန်တော့်ရှေ့လာပြီး ကြွားနေတာ.. ကြည့်မရလို့ လက်စားချေဖို့ လုပ်မိတာပါ.. "

​ယီကျုံးဟိုင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ငတုံးများကို ပြောလိုက်သည် ။

​" ဒါဆို ကိစ္စက ရှင်းသွားပြီ.. ဘယ်လိုပဲဖြစ်ဖြစ် ကျူးဇီက အရင်မှားတာဆိုတော့ ရွှီတာမော့ကို တစ်ယွမ် လျော်ခိုင်းလိုက်မယ်.. ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်ကြတာပေါ့... "

​" ကျွန်တော် သဘောတူတယ်.. "

​ရှာကျူးက ခေါင်းညိတ် ထောက်ခံလိုက်သည် ။

​တစ်ယွမ်ဆိုသည်က သူ့အတွက်တော့ အသေးအဖွဲ ငွေလေးသာ ။

​ထို့အပြင် သူက ညီမချင်ကို အကူအညီကြီး ပေးခဲ့သည်ဖြစ်ရာ နောက်ပိုင်းတွင် ညီမချင်က သူ့ကို သေချာပေါက် ကျေးဇူးဆပ်မည်မှာ သေချာသည် ။

​မဟုတ်လျှင် ကြက်ခိုးသူဆိုသည့် နာမည်ဆိုးကို ခံယူမည် မဟုတ်ချေ ။

​" ကျုပ် သဘောမတူဘူး.. "

​ရွှီတာမော့က ....

​" ကျုပ်အိမ်က ကြက်မကြီးက ဥ ဥဖို့ ချန်ထားတာ.. အနည်းဆုံး ငါးယွမ်တော့ ရမှဖြစ်မယ်... "

​ရှာကျူးက ရယ်လိုက်ပြီး...

​"ဟားဟား... မင်းအိမ်ကိစ္စက ဥ ဥဖို့ ပြဿနာကို တကယ် စဥ်းစားသင့်တာ.. "

​"ဟား.. ဟား.. ဟား.."

​ခြံဝင်းထဲမှ လူများက အဓိပ္ပါယ်ကို နားလည်ကြ၍ ဝိုင်းရယ်ကြတော့သည် ။

​ယွီလီက ဆက်ကြည့်မနေနိုင်တော့ဘဲ...

​" ရှာကျူး.. နင်က လူပျိုသိုးကြီး ဖြစ်နေပြီးတော့ သူများတွေကို လှောင်ရဲသေးတယ်ပေါ့.. ဒီနှစ်ကုန်ရင် နင်လည်း အသက် ၃၀ ပြည့်ပြီ.. နင့်ကိုယ်နင်သာ အရင် စိတ်ပူလိုက်စမ်းပါ... "

​ရှာကျူး မျက်နှာမည်းမှောင်သွားသည် ။

​" ယွီလီ.. ဘယ်နေရာဖြစ်ဖြစ် မင်းက ဘာလို့ ပါနေရတာတုန်း.. ဒါက မင်းနဲ့ ဘာဆိုင်လို့တုန်း .."

​ယွီလီက ခါးထောက်ပြီး ...

​" နင့်ပါးစပ်က အပုပ်နံ့ထွက်နေတာကို ကြည့်မရလို့.. ဘာလဲ.. နင်ကသာ သူများကို ပြောခွင့်ရှိပြီး သူများက နင့်ကို မပြောရဘူးပေါ့... "

​" မင်း......"

​ရှာကျူး အလွန်ဒေါသထွက်သွားသော်လည်း ယွီလီ၏ ဘေးတွင် ရပ်နေသော ယန်ကျီဝမ်ကို တစ်ချက်ကြည့်လိုက်ပြီး ဒေါသကို ပြန်မျိုချလိုက်သည် ။

​" အားလုံး တိတ်ကြတော့.. "

​ယီကျုံးဟိုင်က လက်ကာပြ၍ တားလိုက်ပြီး...

​" တစ်ယွမ်ကတော့ နည်းလွန်းပါတယ်.. ဒီလိုလုပ်.. ဒီကိစ္စကို ငါပဲ ဆုံးဖြတ်ပေးလိုက်မယ်.. ကျူးဇီ မင်း ရွှီတာမော့ကို နှစ်ယွမ် လျော်ပေးလိုက်.. ဒါဆိုရင် ဒီကိစ္စ ပြီးပြီ.. "

​" မရဘူး.. ငါးယွမ်မရရင် ဒီကိစ္စ မပြီးဘူး .."

​" မင်း ဘာလို့ ဓားပြမတိုက်တာတုန်း.. "

​ရွှီတာမော့နှင့် ရှာကျူးတို့ ထပ်မံ ငြင်းခုံကြပြန်သည် ။

​" ဘာတွေ ငြင်းနေကြတာတုန်း.. ငြင်းစရာ ဘာရှိလို့တုန်း.."

​ထိုစဥ် စိတ်မရှည်တော့သည့် အသံတစ်သံ ထွက်ပေါ်လာ၏ ။

​လူအများက လှမ်းကြည့်လိုက်သောအခါ ယန်ကျီဝမ် ပြောလိုက်ခြင်း ဖြစ်ကြောင်း တွေ့လိုက်ရသည် ။

​ယန်ကျီဝမ်က တည်ငြိမ်စွာဖြင့် ...

​" ဒီကိစ္စက ဖြေရှင်းရ ခက်နေလို့လား.. ရဲစခန်းကို တစ်ခါတည်း သွားတိုင်လိုက်ရင် ရပြီလေ.. ဒီကြက်က တန်ဖိုး မနည်းဘူး.. အမှုသွားဖွင့်လိုက်ရင် ခန့်မှန်းခြေ ဆယ်ရက် ဒါမှမဟုတ် လဝက်လောက်တော့ အချုပ်ထဲ ရောက်သွားလိမ့်မယ်.. "

​ထိုစကားကို ကြားလျှင် ရှာကျူး၏ မျက်နှာ ချက်ချင်း ဖြူရော်သွားသည် ။

​တစ်ချိန်တည်းမှာပင် စိတ်ထဲ၌ အလွန် မုန်းတီးသွား၏ ။

​ကိစ္စပြတ်တော့မည်ကို ဤယန်လောင်အာက ရုတ်တရက် ထလာပြီး ပြဿနာ ရှာနေသည် ။

​တကယ်ကို မုန်းစရာကောင်းလှ၏ ။

​ရွှီတာမော့၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားပြီး...

​' ဟုတ်တာပဲ.. '

​' ငါ ရဲသွားတိုင်လို့ ရတာပဲ.. '

​' သူတို့နဲ့ ဘာလို့ အချိန်ကုန်ခံပြီး စကားများနေရမှာလဲ.. '

​' ရဲသာ သွားတိုင်လိုက်ရင် ငါ ရှာကျူးကို ဘယ်လောက်လျော်ခိုင်းခိုင်း ရှာကျူးက လျော်ရမှာပဲ.. '

​ယန်ကျီဝမ်သာ သူ၏ အတွေးကို သိလိုက်လျှင် သေချာပေါက် ဆွံ့အသွားပေလိမ့်မည် ။ ဤကောင်က ဦးနှောက်ထဲတွင် လျော်ကြေးရရန်သာ စဥ်းစားနေ၏ ။

​သူနှင့် ရှာကျူးက ရန်ဘက်များ ဖြစ်ကြရာ သူ့ကို အချုပ်ထဲ ပို့ရန် မစဥ်းစားတက်ဘူးလော ။

​ယီကျုံးဟိုင် မျက်နှာပျက်သွားသည် ။

​" ပေါက်ကရတွေ.. ခြံထဲက ကိစ္စကို ခြံထဲမှာပဲ ရှင်းရမယ်.. ရဲဘော်တွေကို သွားဒုက္ခပေးနေစရာ မလိုဘူး.. "

​" မှန်တယ်.. "

​လျှိုဟိုင်ကျုံးက ခေါင်းညိတ် ထောက်ခံလိုက်သည် ။

​ဤအချက်တွင် သူနှင့် ယီကျုံးဟိုင်၏ အတွေးက တူညီနေသည် ။

​တတိယဦးလေးယန်ဖူကွေ့ တစ်ယောက်သာ ရေနွေးကြမ်းကို အေးအေးလူလူ သောက်နေပြီး သူ့ကိစ္စ မဟုတ်သလို နေ နေ၏ ။

​ယန်ကျီဝမ်က ပြုံးစိစိဖြင့် ....

​" ဒါကို ဒုက္ခပေးတယ်လို့ ဘယ်လိုလုပ် ခေါ်လို့ရမှာလဲ.. ဒီခြံထဲမှာ သူခိုးပေါ်လာတာက ကိစ္စကြီးပဲ.. ဒါက ရဲစခန်းရဲ့ တာဝန်ပဲလေ.. နောက်ပြီး ရှာကျူးက အရင်ကလည်း ပြစ်မှုကျူးလွန်ဖူးတာ.. သူက ဒေါသကြောင့် လက်စားချေတာလား တမင်သက်သက် လုပ်တာလား ဘယ်သူ သိနိုင်မှာလဲ.."

​" ယန်လောင်အာ မင်း...... "

​ရှာကျူးက ဒေါသထွက်လွန်း၍ မျက်နှာတစ်ခုလုံး နီရဲလာသည် ။

​အရင်တစ်ခေါက် သူ ယန်မိသားစု၏ ဘီးကို ခိုးခဲ့စဥ်က နောက်ဆုံးတွင် ဟဲယွီဆွေက ယန်ကျီဝမ်ကို သွားမတောင်းပန်ပေးခဲ့လျှင် သူ အချုပ်ထဲ ရောက်သွားလောက်ပေပြီ ။

​ဤသည်က သူ၏ အရှက်ရစရာ ကိစ္စဖြစ်ပြီး ယခုလို ထုတ်ပြောခံရချိန်တွင် သူ နေရခက်သွား၏ ။

​" မင်းက ဘာဖြစ်လို့တုန်း .."

​ယန်ကျီဝမ်က အထင်သေးစွာ ပြောလိုက်သည် ။

​" ငါ ပြောတာများ မှားသွားလို့လား.. "

​ရှာကျူးက နှုတ်ခမ်းကို တင်းတင်းကိုက်ထားပြီး အမှန်တရားကို ထုတ်ပြောချင်စိတ် ပေါက်သွားသည် ။

​သို့သော် ခေါင်းလှည့်ကြည့်လိုက်ချိန်တွင် သနားစရာကောင်းသော ချင်ဟွိုင်ရု၏ အကြည့်ကို မြင်လိုက်ရ၍ သူ ထပ်ပြီး သည်းခံလိုက်ပြန်သည် ။

​" ပြောစရာ စကားမရှိတော့ဘူးမလား.. ဒါဆိုလည်း ရဲစခန်းကိုသာ ပို့လိုက်ကြတာပေါ့.. "

​ရှာကျူး စကားမပြောသည်ကို မြင်လျှင် ယန်ကျီဝမ်က ရွှီတာမော့နှင့် ယန်ကျီဖန့်ကို မျက်ရိပ်ပြလိုက်သည် ။

​သူတို့နှစ်ယောက် ချက်ချင်းပင် မကောင်းဆိုးဝါးဆန်ဆန် ရယ်လိုက်ကြသည် ။

​" ဟီးဟီး.."

" ဦးလေးသုံး.. ဦးလေးတာမော့.. ခဏ နေကြပါဦး.. ကြက်ကို ဦးလေးကျူး ခိုးတာ မဟုတ်ဘူး ..."

​ထိုနှစ်ယောက် လက်ပါတော့မည့် အချိန်တွင် ကလေးအသံလေး တစ်သံ ထွက်ပေါ်လာ၏ ။

​လူအများ ခေါင်းလှည့်ကြည့်လိုက်သောအခါ ရှောင်ရှီတိုး ဖြစ်နေကြောင်း တွေ့လိုက်ရသည် ။

​ယန်ကျီဝမ် ၏ နဖူးတွင် အနက်ရောင် အကြောင်းသုံးကြောင်း ပေါ်လာပြီး ....

​" ကောင်လေး ဘာလာရှုပ်နေတာတုန်း.. လေ့ကျင့်ခန်းတွေ လုပ်လို့ပြီးသွားပြီလား.. "

​" ပြီးသွားပါပြီ.. "

​ရှောင်ရှီတိုးက လေးနက်စွာ ခေါင်းညိတ်ပြသည် ။

​ယွီလီက ယန်ကျီဝမ်ကို မျက်စောင်းထိုးကြည့်ကာ ...

​" ရှင်က ကိုယ့်သားကိုယ် ဒီလိုပြောစရာလား.. "

​ယီကျုံးဟိုင်က ဝမ်းသာသွားပြီး ပြုံး၍ ...

​" အားလုံးပဲ သိကြတဲ့အတိုင်း ကလေးတွေက လိမ်မပြောတက်ဘူး.. ရှောင်ရှီတိုး မကြောက်နဲ့နော်.. အမှန်တိုင်းသာ ပြောလိုက်.. မင်းအဖေ မင်းကို မရိုက်ရဲပါဘူး ..."

​ရွှီတာမော့က ရှောင်ရှီတိုးကို မကျေမနပ် ကြည့်လိုက်သည် ။

​ဤကောင်လေးကို သူ အကောင်းဆုံး ဆက်ဆံပေးခဲ့သည် ။ ယခုလိုအချိန်ကျမှ ကန့်လန့်လာတိုက် နေသည် ။

​လူတိုင်းက ရှောင်ရှီတိုးကို ဝိုင်းကြည့်နေကြ၏ ။

​ထိုကောင်လေးကလည်း မကြောက်မရွံ့ဘဲ ...

​" သား ဒီနေ့ ခြံထဲမှာ လေ့ကျင့်ခန်း လုပ်နေတုန်း ရှောင်တန် ပြန်လာပြီး ဟွိုင်ဟွားကို လာခေါ်တာ တွေ့လိုက်တယ်.. သူတို့အကို ပန့်ကန့်က ကြက်သား စားရအောင် ခေါ်ခိုင်းလိုက်တယ်လို့ ပြောတာပဲ.. "

​လူတိုင်း အံ့သြမှင်သက်သွားကြသည် ။

​ရှာကျူး ဆွံ့အသွား၏ ။

​ချင်ဟွိုင်ရု မျက်လုံးပြူးသွားသည် ။

​ရွှီတာမော့က မသိစိတ်မှ ရေရွတ်လိုက်သည် ။

​" ဆိုလိုတာက ငါ့အိမ်က ကြက်ကို ရှာကျူး ခိုးတာမဟုတ်ဘဲ ပန့်ကန့်က ခိုးတာပေါ့ .."

​" ပေါက်ကရတွေ.. "

​ကျားကျန်းရှီက ခုန်ထွက်လာပြီး ကျယ်လောင်စွာ ဆဲဆိုတော့သည် ။

​" သောက်ချီးစား ..ရွှီတာမော့ ..နင် သောက်ပေါက်က ဘာတွေ ပေါက်ကရ လျှောက်ပြောနေတာတုန်း.. နင် ထပ်ပြီး လျှောက်ပြောနေရင် နင့်ပါးစပ်ကို ဆွဲဖြဲပစ်မယ်.. "

​ရွှီတာမော့ကို ဆဲပြီးနောက် သူမက ရှောင်ရှီတိုးကို လှမ်းကြည့်လိုက်သည် ။

​" ပြီးတော့ နင် .. ခွေး..... "

​ဆဲ၍ တစ်ဝက်သာ ရှိသေးချိန်တွင် ယန်ကျီဝမ်၏ မျက်နှာက ပို၍ပို၍ အေးစက်လာသည်ကို မြင်လိုက်ရသဖြင့် အရင်က ယန်ကျီဝမ် ပါးရိုက်ခဲ့သည်ကို ချက်ချင်း သတိရသွားကာ ပါးစပ်ကို အမြန်ပိတ်လိုက်ရသည် ။

​ချင်ဟွိုင်ရုကလည်း သနားစရာကောင်းအောင် ဟန်ဆောင်ပြီး ရှိုက်ငင်ကာ ..

​" အဟင့် ..ကျွန်မတို့အိမ်က ပန့်ကန့်က လိမ္မာတဲ့ ကလေးပါ.. သူ ဒီလိုကိစ္စမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး .."

​" ဟုတ်မဟုတ်ဆိုတာ သူ့ကို ခေါ်ပြီး မေးကြည့်လိုက်ရင် သိရမှာပဲ မဟုတ်ဘူးလား.. "

​ရွှီတာမော့က ယခုတော့ ပြောင်းပြန် ။ အလျင်မလိုတော့ချေ ။

​" ဘာလို့ ခေါ်ရမှာတုန်း.. ငါခိုးတာပါလို့ ငါ ပြောပြီးပြီလေ .."

​ရှာကျူးက သူ၏ ညီမချင် ဝမ်းနည်းနေသည်ကို မကြည့်ရက်သဖြင့် ကိစ္စအားလုံးကို သူ့ခေါင်းပေါ် ဆွဲတင်လိုက်ပြန်သည် ။

​" သြော်.. ရှာကျူး မင်းက သေချာလို့လား .."

​ရွှီတာမော့က ပြုံးစိစိဖြင့် ...

​" မင်းက မရမက မင်းခိုးတာပါလို့ ပြောနေရင်လည်း ငါက မင်းကို ရဲစခန်းကို ပို့ပေးရုံပဲ ရှိတော့တာပေါ့.. "

​" ......"

​ရှာကျူး ဆွံ့အသွားသည် ။

​ကိစ္စက ဤအခြေအနေထိ ရောက်လာပြီဖြစ်ရာ ယီကျုံးဟိုင်က ဆက်ပြီး ဖုံးကွယ်ပေးထား၍ မကောင်းတော့ဟု သိလိုက်သည် ။

​ယခု ခြံဝင်းကြီးက သူတစ်ဦးတည်း အာဏာပြ၍ ရသည့် နေရာမဟုတ်တော့ဘဲ သူပြောတိုင်းလည်း မဖြစ်နိုင်တော့ပေ ။

​ထိုစဥ် လျှိုဟိုင်ကျုံးက စကားစပြောသည် ။ သူက ချင်ဟွိုင်ရုကို ပြောလိုက်၏ ။

​" ချင်ဟွိုင်ရု.. ပန့်ကန့်တို့ကို အပြင်ခေါ်ထုတ်လာခဲ့.. ဟုတ်မဟုတ်ဆိုတာ မေးကြည့်လိုက်ရင် သိရမှာပဲ .."

​လူများစွာက ဝိုင်းကြည့်နေကြသဖြင့် ချင်ဟွိုင်ရု ရွေးချယ်စရာ မရှိတော့ဘဲ ပန့်ကန့်တို့ကို ခေါ်ထုတ်ရန် ပြင်လိုက်သည် ။

​" နေဦး .."

​ယန်ကျီဝမ်က ဝင်ပြောလိုက်သည် ။

​" သူ့ကို သွားခေါ်ခိုင်းလို့ မရဘူး.. သူက ကြိုပြီး စကားသွားညှိထားရင် ဘယ်လိုလုပ်မလဲ.. "

​" အဓိပ္ပါယ် ရှိတယ် .."

​ရွှီတာမော့က ချက်ချင်း ထောက်ခံလိုက်ပြီး ဆက်ပြောသည် ။

​" ဒေါ်လေးဝမ်.. ဒေါ်လေးပဲ ပန့်ကန့်တို့ကို သွားခေါ်ပေးပါ.. "

​ဒေါ်လေးဝမ်က ခေါင်းညိတ် သဘောတူလိုက်ပြီး ကျားမိသားစု အိမ်ဘက်သို့ သွားရန် ပြင်လိုက်သည် ။

​ကျားကျန်းရှီက တံခါးဝတွင် ပိတ်ရပ်လိုက်၏ ။

​" ငါ့အိမ်ထဲ ဝင်လို့ မရဘူး.. ဘယ်လိုပဲဖြစ်ဖြစ် ငါတို့အိမ်က ပန့်ကန့် ခိုးတာ မဟုတ်ဘူး .."

​" ပန့်ကန့် မဟုတ်ဘူးဆိုရင် ခင်ဗျားက ဘာလို့ ပြာယာခတ်နေရတာတုန်း.. သူခိုးက လူဟစ်နေတာလား.. "

​ရွှီတာမော့က နှာခေါင်းရှုံ့၍ ....

​" ကျားကျန်းရှီ ခင်ဗျား ဖယ်လိုက်စမ်း.. မဖယ်ရင် ကျုပ် ရဲသွားတိုင်လိုက်မှာနော်.. ခင်ဗျား ပန့်ကန့် အချုပ်ထဲ ရောက်သွားတာကို မမြင်ချင်ဘူး မလား .."

All Chapters