← Chapters

အခန်း ၃၈၁

Vol. 41 Ch. 381

အခန်း ၃၈၁

Vol. 41 Ch. 381

အခန်း (၃၈၁) ပထမဆုံးအကြိမ် ဆုံတွေ့ကြခြင်း

မေလ ၂ ရက်၊ မွန်းလွဲ ၁ နာရီ။

S မြို့တော် ၊ ရူယွင်ကျိုက်။

ဤသည်မှာ မြို့တော်အရှေ့ပိုင်းတွင် တည်ရှိသော အနုပညာပြခန်းတစ်ခု ဖြစ်သည်။ ပြပွဲများအပြင် အနုပညာပစ္စည်း စစ်ဆေးအကဲဖြတ်ခြင်း၊ လေလံပွဲများနှင့် အခြားဆက်စပ်ဝန်ဆောင်မှုများကိုလည်း လုပ်ဆောင်ပေးသည်။

ဤနေ့တွင် သာမန်အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးသည် ရူယွင်ကျိုက်သို့ ရောက်ရှိလာလေသည်။ ဤလူကား အခြားသူမဟုတ် လျှို့ဝှက်ဆန်းကြယ် စာရေးဆရာ မစ္စတာဖုန်းပုကြွယ်ပင် ဖြစ်တော့သည်...။

“လက်မှတ်ဝယ်ရဦးမှာလား...”

လက်မှတ်ဝယ်ပြီး ပြခန်းထဲဝင်လာပြီးနောက် ဖုန်းပုကြွယ် စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်မိသည်။

“အိမ်ကမထွက်ခင်ကတည်းက စိတ်ထဲမှာ ခံစားချက်မကောင်းဖြစ်နေခဲ့တာပဲ၊ ဒီ ယွမ် ၁၈၀ တန် လက်မှတ်က ရုပ်ရှင်လက်မှတ်အတော်များများထက်တောင် ပိုဈေးကြီးနေသေးတယ်... တွေးကြည့်ရင်တော့ ယေဘုယျအားဖြင့် ဘယ်သူကမှ သူတို့ရဲ့ ပထမဆုံးတွေ့ဆုံမှုအတွက် အနုပညာပြခန်းကို ရွေးချယ်မှာ မဟုတ်ဘူး...”

အစ်ကိုကြွယ်နှင့် ရီရူလီတို့သည် မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် တွေ့ဆုံရန် သဘောတူထားကြပြီး ယောက်ျားတစ်ယောက်ပီပီ သူက သဘာဝကျကျပင် အနည်းငယ်စောစီးစွာ ရောက်ရှိနေခြင်း ဖြစ်သည်။

[ရောက်တုန်းရောက်ခိုက်လေး လျှောက်ကြည့်တာ ပိုကောင်းမယ်ထင်တယ်၊ ဒီအတိုင်း မတ်တပ်ရပ်နေရင်တော့ အတော်လေး သံယယဝင်စရာ ကောင်းနေလိမ့်မယ်... အချိန်ခဏလေးပဲရှိသေးတယ် လုံခြုံရေးဝန်ထမ်းက ငါ့ကို ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ ခဏခဏ လှမ်းကြည့်နေပြီ၊ အဲ့ဒီအကြည့်တွေက သံသယဝင်နေတာ ဒါမှမဟုတ် ငါ့ကို စကားလာပြောချင်နေတာပဲ ဖြစ်ရမယ်... အင်း... ငါ တစ်ခုခုတော့ အမြန်လုပ်ဖို့ လိုနေပြီ...]

ဖုန်းပုကြွယ် သူ့ဘာသာ တွေးလိုက်မိသည်။

သူသည် လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်၍ အေးအေးလူလူ လျှောက်လှမ်းရင်း အတော်လေးကြီးမားသော ပန်းချီကားတစ်ချပ်ရှေ့တွင် ရပ်လိုက်သည်။

[ကောင်းပြီ၊ အခုတော့ ဘယ်သူမှ ငါ့ကို အာရုံမစိုက်တော့ဘူး၊ ဒါက တကယ်တော့ ရိုးရိုးလေးပါပဲ... ပန်းချီကားကို ကြည့်နေသလိုမျိုး ဟန်ဆောင်လိုက်ရုံပဲ၊ အင်း... တခြားသူတွေနဲ့ တစ်ပြိုင်တည်း လှုပ်ရှားနေသရွေ့ မင်းက...]

“မင်းလည်း သူ့လက်ရာကို သဘောကျလို့လား”

ရုတ်တရက် သူ့ဘေးမှ ထူးဆန်းသောအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ဖုန်းပုကြွယ် မျက်လုံးထောင့်မှတစ်ဆင့် လှမ်းကြည့်လိုက်ရာ အသက် ၄၇၊ ၄၈ နှစ်ခန့်ရှိပြီး ကြင်နာတတ်သော မျက်နှာရှိသည့် ဆွယ်တာအင်္ကျီဝတ် အမျိုးသားတစ်ဦးကို မြင်တွေ့လိုက်ရလေသည်။

[ဟေး... ‘သူ’ ဆိုတာ ဘယ်သူကြီးတုန်း၊ ပြီးတော့ ခင်ဗျားက ဘယ်သူလဲ၊ ဦးလေးကြီး...]

ဖုန်းပုကြွယ်သည် တစ်စုံတစ်ယောက်က သူ့ကို လာရောက်စကားပြောလိမ့်မည်ဟု လုံးဝ ထင်မထားသဖြင့် အမှန်တကယ် အံ့အားသင့်သွားရသည်။ သူသည် စိတ်ထဲတွင် ကျိန်ဆဲနေမိသော်လည်း အပြင်ပန်းတွင်မူ ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြန်ပြောလိုက်ရသည်။

“အဲ... အာ... အဆင်ပြေပါတယ်...”

“သူ့လက်ရာတွေက အားလုံး ကောင်းမွန်ပါတယ်၊ ရုရှားမှာ အခုလို ဆန်းသစ်တဲ့ ပန်းချီဆရာမျိုး မတွေ့ရတာ ကြာပြီလေ...”

ထိုဦးလေးကြီးက စိတ်ဝင်တစားဖြင့် ထပ်လောင်းပြောဆိုလိုက်သည်။

[အိုး... ဒါဆို ဒါက ရုရှားပန်းချီဆရာတစ်ယောက်ရဲ့ လက်ရာပေါ့... ဘာပဲဖြစ်ဖြစ် သူ့နာမည်အဆုံးက ‘နော့ဗ်’ (ငကြောင်) ဒါမှမဟုတ် ‘စကီး’ (ဒရိုင်ဘာ) ပဲ ဖြစ်မှာပါ...]

အစ်ကိုကြွယ်သည် သူ့အကြည့်ကို ပန်းချီကားဘေးရှိ LCD စခရင်ဆီသို့ အမြန်ရွှေ့ကာ သက်ဆိုင်ရာ မှတ်ချက်များကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဆက်လက်ပြောဆိုလိုက်သည်။

“အာ... အင်ပရက်ရှင်နဇင် (အသေးစိတ်မရေးဆွဲဘဲ ယေဘုယျပုံပေါ်အောင် ရေးဆွဲနည်း) ပေါ့၊ လူတိုင်းမှာ မတူညီတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ ရှိကြမှာပါ...”

“ဟဲဟဲ... အဲ့ဒါ အမှန်ပဲ...”

ထိုဦးလေးကြီးက ဆိုသည်။

“လူငယ်လေး... မင်းအမြင်အရဆိုရင် ဒီပန်းချီကားက ဘာကို ဖော်ပြနေတယ်လို့ ထင်လဲ...”

[ဒါက အဲ့ဒီ ‘စကီး’ က အရက်မူးပြီး ဆွဲထားတာ ဒါမှမဟုတ် မီးပွိုင့်ကိုတောင် မခွဲခြားနိုင်လောက်အောင် အရောင်မခွဲခြားနိုင်တဲ့ ရောဂါရှိနေတယ်ဆိုတာကို ဖော်ပြနေတာပဲ... ဒီ ၁၈၀ ယွမ်နဲ့ဆိုရင် မင်းအတွက် ဒီလိုမျိုး ဆယ်ချပ်လောက် ဆွဲပေးလို့ရတယ်၊ အာသပ်စ်ကို ဆေးပုံးထဲပစ်ထည့်ပြီး စာရွက်ပေါ် လှိမ့်ခိုင်းလိုက်ရုံတင် ပြီးသွားပြီ...]

“ဖြစ်နိုင်တာကတော့... သူက အရက်နဲ့ ဆေးခြောက်တွေကြောင့် ဦးနှောက်ပျက်စီးသွားတာဟာ နောက်ပြန်လှည့်လို့မရဘူးဆိုတာကို ဖော်ပြချင်နေတာ ထင်တယ်...”

ဖုန်းပုကြွယ်သည် နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ ပွင့်ပွင့်လင်းလင်း ဝေဖန်လိုက်တော့သည်။

ထိုဦးလေးကြီးသည် နှစ်စက္ကန့်ခန့် ဆွံ့အသွားပြီးနောက် ချက်ချင်းပင် ကျယ်လောင်စွာ အော်ဟစ်ရယ်မောတော့သည်။

“ဟားဟားဟား...”

ထို့နောက် သူသည် ထိုပုံစံမျိုးဖြင့် တစ်မိနစ်ခန့်တိတိ ဆက်တိုက် ရယ်မောနေလေသည်။

[ဟေး... ဒါက တကယ်ကြီး အဲ့လောက် ရယ်ရလို့လား... ခင်ဗျားပြက်လုံးကို သဘောပေါက်ရင်တောင် ဒီလောက်အထိ ပျော်နေဖို့ မလိုပါဘူး၊ လူတွေအများကြီး လှည့်ကြည့်နေကြပြီ ဦးလေးကြီးရဲ့...]

“ငါ ဒီလူ့ကို ထားခဲ့ပြီး တိတ်တိတ်လေး ထွက်သွားလိုက်ရင် ကောင်းမလား... လုံခြုံရေးတွေ၊ မင်းတို့က အခုလိုအချိန်ကျမှ တမင်သက်သက် လျစ်လျူရှုနေကြတာလား... အနည်းဆုံးတော့ ဒီဘက်ကိုလာပြီး ‘ကျေးဇူးပြုပြီး မဆူညံပါနဲ့’ လို့ ပြောသင့်တာလေ...”

မှန်ပေသည် လုံခြုံရေးဝန်ထမ်းများကတော့ ရောက်လာမည် မဟုတ်ချေ...။ အဘယ်ကြောင့်ဆိုသော် ဤဦးလေးကြီးမှာ ရူယွင်ကျိုက်၏ ပိုင်ရှင်ဖြစ်သောကြောင့် ဖြစ်သည်။ သူ့အမည်မှာ လီထောင်ဖြစ်ပြီး အေးအေးဆေးဆေးနေတတ်သော စီးပွားရေးသမားတစ်ဦး ဖြစ်သည်။ ထို့အပြင်... သူသည် လီရူယွီ၏ ဖခင်လည်း ဖြစ်ပေသည်။

“ရှင်တို့နှစ်ယောက် ဘာလို့ ဒီမှာ စကားပြောနေကြတာလဲ...”

ထိုအခိုက်အတန့်တွင် အစ်ကိုကြွယ်နောက်မှ ရုတ်တရက် ရီရူလီ၏အသံ ထွက်ပေါ်လာခဲ့သည်။

ဖုန်းပုကြွယ် လှည့်ကြည့်လိုက်ရာ လက်တွေ့လောကတွင် လီရူယွီကို ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့လိုက်ရလေသည်။ အစ်ကိုကြွယ်အနေဖြင့် ရီရူလီ၏ ရုပ်ရည်အစစ်မှာ ဂိမ်းထဲကထက် အများကြီး ပိုမိုလှပနေလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ချေ။ သူမတွင် နှင်းကဲ့သို့ ဖြူဖွေးသောအသားအရေ၊ ကြာပန်းကဲ့သို့ လှပသော မျက်နှာသွင်ပြင်နှင့် တောက်ပသော မျက်ဝန်းအစုံ ရှိပြီး စွဲမက်ဖွယ်ကောင်းလှပေသည်။ သူမ၏ ခန္ဓာကိုယ်အချိုးအစားမှာလည်း သွယ်လျလှပကာ ပင်ကိုယ်အလှတရားများဖြင့် ပြည့်နှက်နေလေသည်။ သို့သော်လည်း သူမ၏ စရိုက်ကတော့ တူညီနေဆဲပင်...။ လူများကို အနားမကပ်ရဲလောက်အောင် အေးစက်နေသည့် စိတ်နေသဘောထားမျိုးပင်။

ယနေ့တွင် လီရူယွီသည် အနက်ရောင် လက်ရှည်တီရှပ်နှင့် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားခြင်းဖြစ်သည်။ သူမ၏ ဝတ်စားဆင်ယင်ပုံမှာ ရိုးရှင်းပြီး မည်သည့်အဆင်တန်ဆာမျှ ပါရှိမနေချေ။ နားကွင်းများ၊ တက်တူးများ မရှိသကဲ့သို့ သူမ၏ လက်သည်းများကိုပင် အလွန်တိုတောင်းစွာ ညှပ်ထားခဲ့သည်။ မှန်ပေသည် ဤသည်မှာ သူမ၏ ပုံမှန်စတိုင်သာဖြစ်ပြီး သူမအနေဖြင့် အစ်ကိုကြွယ်နှင့် တွေ့ဆုံမည့်အရေးကို အထူးတလည် ဂရုစိုက်ပုံမရကြောင်း ပြသနေခြင်းဖြစ်သည်။

“အာ... မင်းက ဘာလို့ အနုပညာပြခန်းထဲက ထွက်လာတာလဲ...”

“ဒါက ကျွန်မတို့ မိသားစုပိုင်တဲ့ ပြခန်းလေ...”

ရီရူလီက ပြန်လည် ဖြေကြားလိုက်သည်။

“ဟမ်...”

ဖုန်းပုကြွယ် လုံးဝအံ့အားသင့်သွားရသည်။

[ဒါဆို ငါမင်းကို အပြင်မှာပဲ စောင့်နေလို့ ရတာပေါ့၊ ငါ ဘာဖြစ်လို့ လက်မှတ်ဝယ်ပြီး အထဲဝင်လာမိတာပါလိမ့်...]

“ဖေဖေ... ဘာတွေ အဲ့လောက် ရယ်နေတာလဲ...”

ရီရူလီက ရယ်ရလွန်း၍ အသက်ရှူရပ်မတတ်ဖြစ်နေသော ဖခင်ဖြစ်သူကို လှမ်းပြောလိုက်သည်။

“ဟူး... ဟူး...”

ဦးလေးလီသည် အသက်ကို ခက်ခဲစွာ ရှူလိုက်ရသည်။ သူ အနည်းငယ် ပြန်လည် တည်ငြိမ်သွားသည်နှင့် “ရှောင်ယွီ... ဒီ... ဒီလူငယ်လေးက... ဟားဟားဟား...”

သူ သူ့မျက်ရည်များကို သုတ်လိုက်ရင်း “ဟင်... နေပါဦး... မင်းတို့နှစ်ယောက်က သိကြတာလား...”

[ဒါက ငါပြောရမယ့် စကားလေ... ခင်ဗျားက တကယ်ကြီး သူ့အဖေပေါ့... ဆွယ်တာအင်္ကျီဝတ်ပြီး လျှောက်သွားနေတာ မဆန်းတော့ဘူး၊ ဒါဆို ခင်ဗျားလည်း အထဲက ထွက်လာတာပေါ့...]

“အာ... မင်္ဂလာပါ ဦးလေး...”

ဖုန်းပုကြွယ်က ဆိုသည်။

“ကျွန်တော့်နာမည်က ဖုန်းပုကြွယ်ပါ...”

သူက လွှတ်ခနဲ ပြောလိုက်မိသည်။

[ငါ ဘာဖြစ်လို့ ‘ဦးလေး’ လို့ ခေါ်လိုက်တာလဲ... ငါ့အနေနဲ့ ‘အန်ကယ်’ ဒါမှမဟုတ် တစ်ခုခု ခေါ်သင့်တာကို... ငါ မသိလိုက်မသိဘာသာနဲ့ မူလတန်းကျောင်းသားတစ်ယောက် အတန်းဖော်အိမ်ကို သွားလည်သလိုမျိုး ပတ်ဝန်းကျင်အခြေအနေထဲ ရောက်သွားပြီ...]

ဦးလေးလီသည် ရုတ်တရက် မျက်လုံးများပြူးသွားပြီး ဖုန်းပုကြွယ်၏ မျက်နှာကို စိုက်ကြည့်လိုက်လေသည်။ နောက်စက္ကန့်တွင် သူသည် နောက်သို့ ခြေသုံးလှမ်းခန့် ဆုတ်လိုက်ပြီး ဖုန်းပုကြွယ်အား ခြေဆုံးခေါင်းဆုံး သေချာစွာ စစ်ဆေးကြည့်ရှုလိုက်သည်။ ထို့နောက် သူက သမီးဖြစ်သူဘက်သို့ လှည့်ကာ မေးမြန်းလိုက်သည်။

“ဒါ သမီးရဲ့ ရည်းစားလား...”

ရီရူလီသည် ထုံးစံအတိုင်း တည်ငြိမ်သောအမူအရာဖြင့် ပြန်ဖြေလိုက်သည်။

“မဟုတ်ပါဘူး...”

ထိုသို့ တည်ငြိမ်အေးဆေးစွာ ပြန်ဖြေလိုက်ပြီး ခဏအကြာတွင် ထပ်ဖြည့်ပြောလိုက်သည်။

“သူငယ်ချင်းပါပဲ...”

“ဟုတ်ပါတယ်... ဟုတ်ပါတယ်... သူငယ်ချင်း...”

ဖုန်းပုကြွယ်မှာ ထိုစကားကို ဝင်ထောက်ခံရန် ပြင်လိုက်သော်လည်း သူစကားမဆုံးမီ အေးစက်ပြီး ထက်ရှသော အကြည့်တစ်ချက်ကို ခံစားလိုက်ရသဖြင့် စကားလုံးများကို ပြန်လည် မျိုချလိုက်ရလေသည်။

[ဟေး... မင်းကျ သူငယ်ချင်းပါပဲလို့ ပြောတာ အဆင်ပြေပြီး၊ ငါပြောတော့ မရဘူးလား... မင်း ဘာလုပ်ချင်နေတာလဲ...]

“အိုး...”

ဦးလေးလီသည် ချက်ချင်းဆိုသလို သူ့ဖုန်းကို ထုတ်ယူလိုက်ပြီး ဖုန်းပုကြွယ်၏ သဘောတူညီချက်ကိုပင် မစောင့်တော့ဘဲ လျှပ်စီးလက်သကဲ့သို့ အမြန်နှုန်းဖြင့် သူ့အား တစ်ကိုယ်လုံးပုံနှင့် ကိုယ်တစ်ဝက်ပုံများကို အမြောက်အမြား ရိုက်ကူးတော့သည်။

ထို့နောက် အသက် ၅၀ နီးပါးရှိပြီဖြစ်သော ဤလူကြီးသည် ဖုန်းစခရင်ပြင်ပေါ်တွင် လက်ချောင်းများကို မြန်နှုန်းမြင့်လှုပ်ရှားလိုက်ပြီး နံပါတ်တစ်ခုသို့ တိုက်ရိုက် ဖုန်းခေါ်ဆိုလိုက်တော့သည်။

“ဟဲလို... အချစ်ရေ... ပုံတွေ ရတယ်မလား...”

ဖုန်းဝင်သွားပြီးနောက် ဦးလေးလီသည် ဝမ်းသာအားရ အမူအရာဖြင့် နောက်လှည့်ကာ ဖုန်းထဲသို့ ပြောလိုက်သည်။

“ဒါက ကိုယ်တို့ သမီးလေးရဲ့ သူငယ်ချင်းလေ... ဟုတ်တယ်... တကယ့်ယောက်ျားလေးစစ်စစ်ပဲ... အင်း... တော်တော်လေး ချောပါတယ်... အိုး... မဟုတ်ဘူး... ဒါပေမဲ့ နောက်ဆုံးတော့ သူငယ်ချင်းတစ်ယောက် ရလာပြီလေ...”

[မင်းဘဝကြီးက ဘယ်လောက်တောင် သနားစရာကောင်းလိုက်လဲ... ဒါက လူမှုဆက်ဆံရေး ကြောက်တဲ့ရောဂါထက်တောင် ကျော်နေပြီ... ငါတောင် သူငယ်ချင်းမရှိတဲ့သူ မဟုတ်ဘူးလေ...]

“အင်း... ပြန်လာမှ စကားပြောကြတာပေါ့...”

ဦးလေးလီသည် ဖုန်းချလိုက်ပြီးနောက် နောက်လှည့်လာရာ ရုတ်တရက် သူ့အကြည့်များ ထက်ရှသွားပြီး မျက်နှာက တည်ကြည်သွားခဲ့သည်။

“ရှောင်ဖုန်း... ငါ့သမီးကို မင်းလက်ထဲပဲ အပ်ခဲ့ပါရစေ...”

ရီရူလီသည် သူမနဖူးကို ပွတ်သပ်ရင်း ခေါင်းခါလိုက်မိသည်။

“ဖေဖေ... ဘာမှ ဆက်မပြောနဲ့တော့...”

“ဟဲဟဲ... ဦးလေးက ကြင်နာလွန်းနေပါပြီ...”

ဖုန်းပုကြွယ် ခြောက်ကပ်ကပ် ရယ်မောရင်း ပြန်ပြောလိုက်သည်။

“ပြီးတော့ ရှင်က ဘာလို့ အဲ့လိုလက်ခံတဲ့မျက်နှာပေးမျိုး လုပ်နေတာလဲ...”

ရီရူလီက ဖုန်းပုကြွယ်ကို စိုက်ကြည့်ရင်း ပြောလိုက်ပြန်သည်။

[မင်းအဖေက ဒီလောက်ကိုးရိုးကားရားနဲ့ ရူးကြောင်ကြောင် ချစ်ဖို့ကောင်းအောင်လုပ်နေလို့ ငါက ကူဖုံးပေးနေတာကို မင်းက ငါ့ကို စိုက်ကြည့်နေသေးတယ်ပေါ့...]

ဆယ်မိနစ်ကြာပြီးနောက် ရီရူလီက အစ်ကိုကြွယ်အား လမ်းမပေါ်သို့ ဆွဲခေါ်လာခဲ့သည်။ လမ်းပေါ်သို့ ရောက်ရှိသွားခါမှ သူမသည် နောက်ဆုံးတွင် သက်ပြင်းအရှည်ကြီးတစ်ချက် ချနိုင်တော့သည်။

“အာ... ငါ မသိသင့်တဲ့ အချက်အလက်အချို့ကို မတော်တဆ သိလိုက်ရသလိုပဲ... မင်းငါ့ကို သတ်ပစ်မှာတော့ မဟုတ်ပါဘူးနော်...”

ဖုန်းပုကြွယ်က အားနည်းသော လေသံဖြင့် ဆိုလိုက်သည်။

“ကိစ္စမရှိပါဘူး၊ ရှင့်မှာ သွားပြောစရာ လူလည်း မရှိပါဘူး...”

ရီရူလီက ပြန်ပြောလိုက်သည်။

“အင်း... ဒါလည်း ဟုတ်တာပဲ၊ ရှောင်ကုထိုက မင်းရဲ့ ဝမ်းကွဲဆိုတော့ သူသိမှာပဲ၊ ဒါဆို ရှောင်တန်လည်း သိလောက်တယ်...”

ဖုန်းပုကြွယ်က ခန့်မှန်းတွက်ချက်လိုက်သည်။

တစ်ချိန်တည်းမှာပင် လမ်းတစ်ဖက်ရှိ စိမ်းလန်းသော သစ်ပင်တန်းများ၏ ကွယ်ရာတွင် နေကာမျက်မှန်များနှင့် ဘေ့စ်ဘောဦးထုပ်များကို ဝတ်ဆင်ထားပြီး ခိုးကြောင်ခိုးဝှက် လှုပ်ရှားနေသည့် လူရိပ်နှစ်ခုသည် အခြေအနေကို စောင့်ကြည့်နေကြလေသည်။

“ဘာလို့လဲမသိဘူး... ငါ ရုတ်တရက်ကြီး ကျောချမ်းသွားသလိုပဲ...”

ရှောင်တန်က ဆိုသည်။

“သူတို့ ငါ့အကြောင်း ပြောနေကြတာ မဟုတ်လား...”

“ဘယ်သူသိမှာလဲ... ဟူး... ငါသာ နှုတ်ခမ်းလှုပ်တာ ဖတ်တတ်ရင် ကောင်းမှာပဲ...”

ရီရူယွီက ထပ်လောင်းပြောကြားလိုက်သည်။

“သူတို့နှစ်ယောက်တည်း ရှိနေတဲ့အချိန် ဘာတွေပြောနေကြလဲဆိုတာ ငါ တကယ်သိချင်မိတယ်...”

“ဒါနဲ့ စကားမစပ်... ငါတို့တွေကို စတော့ကာ (နောက်ယောင်ခံလိုက်သူ) တွေလို့ အထင်မခံရနိုင်ဘူးလား...”

ရှောင်တန်က စိုးရိမ်တကြီးဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်သည်။

“ဘာကြောက်စရာ ရှိလို့လဲ၊ နင့်ဘေးမှာ ငါ့လိုမျိုး အရမ်း အရမ်းလှတဲ့ အလှလေးတစ်ယောက် ရှိနေတာပဲ... အထင်လွဲခံရမယ့် အခွင့်အရေးက သုညပဲလေ...”

ရီရူယွီက ပြန်လည် တုံ့ပြန်လိုက်သည်။

“ဟုတ်ပါပြီ... ဟုတ်ပါပြီ... မင်းလို အလှလေးတစ်ယောက် ငါ့ဘေးမှာ ရှိနေမှတော့ ငါ ကြိုက်တာလုပ်လို့ရတာပေါ့...”

ရှောင်တန်က ပြန်လည် ချေပလိုက်သည်။

“ဒါနဲ့ ပြောရဦးမယ်... မင်းက အသက် ၂၂ တောင် ရှိနေပြီကို ကိုယ့်ကိုယ်ကိုယ် ‘အလှဆုံး သခင်မလေး’ လို့ ခေါ်နေသေးတယ်... အွတ်...”

သူ စကားမဆုံးမီမှာပင် သူ့ဝမ်းဗိုက်ဆီသို့ တံတောင်ဖြင့် တွက်ခံလိုက်ရသည်။

All Chapters