← Chapters

အခန်း ၃၈၆

Vol. 41 Ch. 386

အခန်း ၃၈၆

Vol. 41 Ch. 386

အခန်း (၃၈၆) ဒုတိယပွဲစဉ်

“နင်က တကယ်အလေးအနက်လုပ်တော့လည်း ဒီလောက်အထိ စွမ်းဆောင်ရည်ရှိလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး...”

ရှောင်တန် ပြန်လည်ရောက်ရှိလာသောအခါ ရီရူယွီက သူ့အား အကောင်းမြင်သော အကဲဖြတ်ချက်တစ်ခု ပေးလိုက်သည်။

“အင်း... အထူးသဖြင့် နောက်ဆုံးပိုင်းမှာ မင်းရဲ့ အားသာချက်ကို စွန့်လွှတ်ပြီး ပြတ်သားတဲ့ တိုက်ခိုက်မှုတစ်ခုကို စိတ်လိုက်မာန်ပါ လုပ်လိုက်တာက တစ်ယောက်ယောက်ရဲ့ နှလုံးသားကို သိမ့်ခနဲ တုန်လှုပ်သွားစေတာပေါ့”

ဖုန်းပုကြွယ်သည် ရီရူယွီကို လက်ညှိုးထိုးပြရင်း စနောက်လိုသော အပြုံးဖြင့် ပြုံးလိုက်သည်။

“နိုင်ဖို့ထက် ရှိုးပြဖို့က ပိုအရေးကြီးတယ်ဆိုတာ အမှန်တရားပဲပေါ့”

“ခေါင်းဆောင်... အခြေအမြစ်မရှိတဲ့ ဇာတ်လမ်းတွေ လျှောက်မလုပ်ပါနဲ့၊ အဲဒါက အထင်လွဲတာတွေ ဖြစ်စေနိုင်တယ်”

ရီရူယွီက မျက်မှောင်ကြုတ်ရင်း အစ်ကိုကြွယ်အား စောင်းကြည့်လိုက်သည်။

“ငါလည်း မြင်တယ်”

ရီရူလီက သူမ၏ ဝမ်းကွဲညီမကို မဆိုင်းမတွ သစ္စာဖောက်လိုက်လေသည်...။

“ဝမ်းကွဲ”

ရီရူယွီ၏ ပါးပြင်နှစ်ဖက်မှာ အနည်းငယ် နီမြန်းသွားပြီး မျက်စောင်းထိုးရင်း ကန့်ကွက်လိုက်သည်။

ရှောင်တန်မှာမူ ဘေးနားတွင် အူကြောင်ကြောင်ပြုံးနေပြီး မည်သည့်စကားမျှ ပြန်မပြောခဲ့ချေ။ သူသည် သဘောကောင်းသော လူတစ်ဦးဖြစ်ပြီး ပုံမှန်အားဖြင့် အလွန်အမင်း တောင်းဆိုတတ်သော အရာမျိုးကို ပြုလုပ်လေ့မရှိချေ။

ဖုန်းပုကြွယ်သည် မည်သည့်အချိန်တွင် ရပ်တန့်ရမည်ကို သိသဖြင့် အကြောင်းအရာကို လျင်မြန်စွာ ပြောင်းလဲလိုက်လေသည်။

“ဒါနဲ့... အခု မင်းက အနိုင်ရသူများအုပ်စုထဲကို ရောက်သွားပြီဆိုတော့ မျှော်လင့်မထားတဲ့ အခြေအနေမျိုး မရှိရင် လာမယ့်နှစ်ရက်အတွင်း မင်းမှာ ဘာပွဲစဉ်မှ ရှိမှာမဟုတ်တော့ဘူး၊ ပြီးတော့ မင်းရဲ့ ဆက်တိုက်အချိန်ပိုဆင်းရတဲ့ အချိန်တွေလည်း ပြီးဆုံးသွားပြီဆိုတော့ မင်းရဲ့ နားရက်တွေကို အဆင့်တက်အောင် လုပ်နိုင်ပြီမလား”

“အင်း... ငါလည်း မျှော်လင့်ပါတယ်”

ရှောင်တန်က ပြန်ပြောလိုက်သည်။

“ဒါပေမဲ့... ခုနက နိုင်ပွဲ ငါ့ကို ဒုတိယအဆင့်တက်နိုင်ဖို့ အာမခံချက်တော့ မပေးနိုင်သေးဘူးမလား၊ တကယ်လို့ ငါ့ရဲ့ ရလဒ်မှတ်တမ်းက အနိုင်ရသူများအုပ်စုရဲ့ အောက်ခြေကနေ ရေရင် ၁၂၀ မြောက် နေရာမှာ ရှိနေရင်ကော၊ ငါ ထပ်ဆောင်းပွဲစဉ်တွေမှာ ဝင်ကစားရဦးမှာ မဟုတ်လား”

“ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိစမ်းပါ၊ နင့်မှာ နိုင်ပွဲ ၄၂ ပွဲ ရှိနေတာပဲလေ”

ရီရူယွီက အားပေးစကား ပြောလိုက်သည်။

“အနိုင်ရသူများအုပ်စုမှာ လူပေါင်း ၁၅၀၀ ရှိပြီး အဲဒီအထဲက ၈ ရာခိုင်နှုန်းပဲ ထပ်ဆောင်းပွဲစဉ်တွေ ကစားဖို့လိုတာ၊ မင်းက အမြဲတမ်း တခြားလူတွေရဲ့ ရလဒ်တွေကို အထင်ကြီးလွန်းနေတာပဲ၊ လူအများစုက အဆင့်တက်ဖို့ ပွဲ ၅၀ လုံး ကစားကြရတာ၊ နိုင်ပွဲ ၄၅ ပွဲထက် ပိုရတဲ့လူက လက်တစ်ဆုပ်စာပဲ ရှိတာ၊ ဒါကြောင့် မင်းရဲ့ ရလဒ်မှတ်တမ်းက ပျမ်းမျှအထက်မှာ ရှိတာ ရှင်းနေတာပဲလေ”

“အဲ... အဲလိုလား...”

ရှောင်တန် ပြန်လည်တုန့်ပြန်ရင်း ခေါင်းကုတ်လိုက်သည်။

“သေချာတာပေါ့”

ဖုန်းပုကြွယ်က ဆက်လက်ပြောကြား၏။

“သူ့လေသံကို ကြည့်ရသလောက်တော့ သူက ကြိုတင်စုံစမ်းထားပြီးသား ဖြစ်ရမယ်၊ သူက ဖိုရမ်ပေါ်က ပို့စ်တွေအများကြီးဖတ်ပြီး အရည်အချင်းမီတဲ့ ကစားသမားတွေစာရင်းကို ခွဲခြမ်းစိတ်ဖြာထားတာ ဖြစ်လိမ့်မယ်”

သူ ခဏရပ်လိုက်သည်။

“ဒီစုံထောက်ကြီးရဲ့ ဗီဇစိတ်နဲ့ အတွေ့အကြုံအရဆိုရင်တော့ အရိုးလေး (ရှောင်ကုထို) က တစ်စုံတစ်ယောက်အပေါ် အခုလိုဂရုစိုက်နေတာက တစ်ခုခုကို ဆိုလိုနေတာပဲ...”

“ရှင်က အနုပညာရှင်တစ်ယောက်၊ စာရေးဆရာကြီးတစ်ယောက် မဟုတ်လား”

ရီရူယွီက ဖြတ်ပြောလိုက်ပြီး သိသိသာသာပင် စိတ်အနှောင့်အယှက် ဖြစ်နေပုံရသည်။

“အခုကျတော့ အလုပ်အကိုင် ပြောင်းသွားပြန်ပြီ”

“ဟမ့်... ငါက လိုအပ်ရင် လူအမျိုးမျိုး ဖြစ်နိုင်သလို၊ အလုပ်မျိုးစုံကိုလည်း လုပ်နိုင်တယ်လေ”

ဖုန်းပုကြွယ်က ကလေးဆန်ဆန် မာနထောင်လွှားသွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

“ငါ့မှာ ဖုံးကွယ်ထားတဲ့ မရေမတွက်နိုင်တဲ့ အထောက်အထားတွေ ရှိတယ်၊ ပြီးခဲ့တဲ့ နာရီပိုင်းကပဲ ငါ ကမ္ဘာကြီးကို မားစ်ဂြိုဟ်သားတွေရဲ့ လက်ထဲကနေ ကယ်တင်ခဲ့တာ”

“မင်းက ညစာစားပြီးတော့ တာကိုယာကီတချို့ကိုပဲ စားခဲ့တာ မဟုတ်လား...”

ရှောင်တန်သည် သူ့အကြောင်းကို အသိဆုံးလူဖြစ်သည်။ သိသာလှသည်မှာ ဖုန်းပုကြွယ်သည် ဤဟာသကို တစ်ကြိမ်ထက်မက အသုံးပြုခဲ့ဖူးခြင်း ဖြစ်သည်။

“အင်း...”

ဖုန်းပုကြွယ်သည် နောက်တစ်ကြိမ် ဖော်ကောင်လုပ်ခံလိုက်ရပြန်သည်။ သူ နှုတ်ခမ်းစူလိုက်ပြီး အကြောင်းအရာကို ထပ်မံပြောင်းလဲလိုက်သည်။

“ကောင်းပြီ... အချိန်က နောက်ကျနေပြီဆိုတော့ အားလုံး အဖွဲ့လိုက်မုဒ်တစ်ခု ကစားဖို့ တန်းစီကြရအောင်၊ ငါတို့ အထွတ်အထိပ်ပြိုင်ပွဲမှာ ပိုဝေးဝေးသွားချင်တယ်ဆိုရင် ရှောင်တန်ရဲ့ စိတ်ဝိညာဉ်အတတ် အဆင့်ကို အရေးတကြီး မြှင့်တင်ဖို့လိုတယ်”

“ကျစ်... ရှင်ကိုယ်တိုင်လည်း ရှောင်တန့်ကိစ္စတွေကို တော်တော်လေး ဂရုစိုက်နေပြီးတော့ ကျွန်မကိုကျတော့ အမြဲတမ်း နောက်ပြောင်နေတယ်... အဓိပ္ပာယ်မရှိတာမျိုးစုံ လျှောက်ပြောနေတယ်...”

ရီရူယွီက တီးတိုးရေရွတ်လိုက်သည်။

ရှောင်တန်သည် သူမနှင့် အနီးဆုံးတွင် ရှိနေသဖြင့် သူမပြောသည်ကို ရှင်းလင်းစွာ ကြားလိုက်ရသည်။ ထို့ကြောင့် သူသည် သူမနားသို့ ချက်ချင်းကပ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။

“အမ်... တစ်ခုခုတော့ ရှိနေတာပဲမလား”

ရီရူယွီက သူ့ကို မျက်စောင်းထိုးလိုက်သည်။

“ဘာရှိလို့လဲ”

“ဟဲဟဲ...”

ရှောင်တန် ပြုံးလိုက်သော်လည်း ပြန်မဖြေခဲ့ချေ။

“ငါ အခုချက်ချင်း ဂိမ်းထဲက ထွက်ပြီး ၁၅ မိနစ်အတွင်း နင့်အိမ်ကို ကားမောင်းသွားမယ်၊ တံခါးကို ဖျက်ဆီးပြီး နင့်ကို ဂိမ်းသေတ္တာထဲက ဆွဲထုတ်ပြီး ခေါင်းအုံးနဲ့ ဖိသတ်ပစ်မယ်ဆိုတာ ယုံလား”

ရီရူယွီသည် ဤစာကြောင်းတစ်ခုလုံးကို အသက်တစ်ရှိုက်တည်းဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။

“အိုကေ အိုကေ၊ မလုပ်ပါနဲ့၊ မရှိပါဘူး”

ရှောင်တန်သည် သူမကို အမြဲတမ်း အလျှော့ပေးရစမြဲ ဖြစ်သည်။

“ကောင်းပါပြီ၊ ငါမင်းကို ကြောက်ပါတယ်...”

…………

တစ်ချိန်တည်းမှာပင်၊ ဂိမ်းဈေးဆိုင်အတွင်း၌...

ပင်မစခရင်ကြီးထက်တွင် အစီအစဉ်တင်ဆက်သူနှစ်ဦးသည် အဓိကတိုက်ပွဲတစ်ခုဖြစ်သည့် ကောင်းကင်ကို လှောင်ရယ်သူနှင့် ဗိဿနိုးတို့၏ ပွဲစဉ်ကို အစီရင်ခံတင်ပြပြီးသွားခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ တိုက်ခိုက်ရေးစွမ်းရည် အဆင့်သတ်မှတ်ချက် ဇယားတွင် အဆင့် ၆ နှင့် အဆင့် ၇ နေရာ၌ ရှိနေကြသော ကစားသမားနှစ်ဦး၏ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်သည်။

နောက်ဆုံးတွင် “ရယ်မောခြင်းသခင်” ဟု လူသိများသော ကောင်းကင်ကို လှောင်ရယ်ခြင်းသည် နတ်ဘုရားများ၏ ဒုတိယခေါင်းဆောင်ကို အောင်မြင်စွာ အနိုင်ယူနိုင်ခဲ့ပြီး ဗိဿနိုးအား ထပ်ဆောင်းပွဲစဉ်များဆီသို့ စေလွှတ်လိုက်နိုင်သည်။

ပရိသတ်များသည် ဤပြင်းထန်လှသော တိုက်ပွဲအကြောင်းကို ဆွေးနွေးနေကြဆဲတွင် အခြားပွဲစဉ်တစ်ခု၏ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပင်မစခရင်ထက်သို့ ကူးပြောင်းရောက်ရှိလာလေသည်။

“အားလုံးပဲ ပြန်လည်ကြိုဆိုပါတယ်”

အစီအစဉ်တင်ဆက်သူ A က ပြောကြားလိုက်သည်။

“ကျွန်တော်ကတော့ အစီအစဉ်တင်ဆက်သူ ပန်ဖုန်းဖြစ်ပါတယ်”

အစီအစဉ်တင်ဆက်သူ B က ဆက်လက်ပြောကြားလိုက်သည်။

“ကျွန်တော်ကတော့ အစီအစဉ်တင်ဆက်သူ ဟွာရှုံဖြစ်ပါတယ်”

ပန်ဖုန်းက ပြောသည်။

“ခုနက တိုက်ပွဲကတော့ တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းပြီး ကျွန်တော်တို့ကို ဆက်ပြီး ကြည့်ချင်စိတ် ဖြစ်ပေါ်စေပါတယ်”

ဟွာရှုံက ပြောသည်။

“ဒါပေမဲ့လည်း ဒီညရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက မပြီးဆုံးသေးပါဘူး၊ ပွဲစဉ်အများအပြားဟာ ဆုံးဖြတ်ချက်မကျသေးဘဲ ရှိနေဆဲ ဖြစ်ပါတယ်၊ အခုတော့၊ ခင်ဗျားတို့ရဲ့ စိတ်ခံစားချက်တွေကို စုစည်းပြီး လက်ရှိဖြစ်ပွားနေတဲ့ အခြားတိုက်ပွဲတစ်ခုကို ကျွန်တော်တို့နဲ့အတူ ပူးပေါင်းလိုက်ကြရအောင်”

ဤဂိမ်းမန်နေဂျာနှစ်ဦးသည် စခရင်ပေါ်တွင် ပေါ်ထွက်လာခြင်း မရှိပေ။ ကစားသမားများသည် သူတို့အသံများကိုသာ ကြားနိုင်ခြင်း ဖြစ်သည်။

ထိုအတောအတွင်း ဈေးဆိုင်၏ ပင်မစခရင်ထက်က မြင်ကွင်းမှာ ဇာတ်လမ်းမြေပုံဆီသို့ ကူးပြောင်းသွား၏။

ပွဲစဉ်၏ ရုပ်သံမှတ်တမ်းကို စနစ်မှ ရယူထားခြင်းဖြစ်ပြီး ယေဘုယျအားဖြင့် ရှုထောင့်အမြင့်မှ ရိုက်ကူးထားခြင်းဖြစ်သည်။ ကင်မရာမှာ မကြာခဏ ကျုံ့ခြင်းချဲ့ခြင်းများ ပြုလုပ်နေပြီး တုန်ခါမှုပင် ရှိနေသသေးည်။ အလင်းနှင့် အမှောင်သက်ရောက်မှုများကို လက်တွေ့ကမ္ဘာက ရိုက်ကူးမှုများကဲ့သို့ သရုပ်ဖော်ထားပြီး ပြင်းထန်သော အလင်းတန်းများ၊ အမှောင်ထု၊ ဖုန်မှုန့်များ၊ ရေပက်သံများ စသည်တို့အားလုံးသည် ထုတ်လွှင့်မှုကို သက်ရောက်မှု ရှိနေစေသည်။

အသံပိုင်းဆိုင်ရာအတွက်မူ ၎င်းသည် ၃၆၀ ဒီဂရီ ပတ်လည်အသံစနစ်ကို အသုံးပြုထားသဖြင့် မိုက်ကရိုဖုန်းများမှ ထွက်ပေါ်လာသော မည်သည့်ဆူညံသံ သို့မဟုတ် ငြိမ်သက်သံကိုမျှ ရှိစေမည် မဟုတ်ချေ။ ကစားသမားနှစ်ဦးအကြား မည်သည့်စကားပြောဆိုမှုမဆို ၎င်းတို့သည် ကျယ်လောင်ပြီး ရှင်းလင်းနေသရွေ့ ထုတ်လွှင့်ပြသမည် ဖြစ်ကာ တီးတိုးပြောဆိုခြင်း သို့မဟုတ် ညည်းတွားသံများကိုတော့ မှတ်တမ်းတင်လိမ့်မည် မဟုတ်ချေ။

“ပထမပွဲစဉ်မှာတော့ တစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့ခဲ့ကြတဲ့ တိုက်ခိုက်ရေးစွမ်းရည် အဆင့်သတ်မှတ်ချက် ထိပ်တန်း အယောက်နှစ်ဆယ်ထဲမှာ ဇာတ်လိုက် ကောင်းကင်ကို လှောင်ရယ်သူနဲ့ ဗိဿနိုးတို့ပဲ ကျန်ပါတော့တယ်၊ သူတို့ရဲ့ ကံတရားက သိပ်မကောင်းဘူးလို့ ပြောရပါမယ်”

ဟွာရှုံက ဆက်လက်ပြောကြားလိုက်သည်။

“တခြား အဆင့်မြင့် ကစားသမားတွေကတော့ အောင်ပွဲတွေကို ဆွတ်ခူးသွားကြပြီဖြစ်လို့ လက်ရှိ တိုက်ခိုက်နေတဲ့သူကတော့... မုန့်ကျင်းချန်ဖြစ်ပါတယ်”

ပန်ဖုန်းက ထပ်လောင်းပြောကြားလိုက်သည်။

“မုန့်ကျင်းချန်ကတော့ ကစားသမားအများစုအတွက် ရင်းနှီးပြီးသား နာမည်တစ်ခုပါ၊ သူက ‘အော်ဒါ’ ဂိုဏ်းရဲ့ အမူးသမားအိပ်မက်အဖွဲ့က ဆရာကြီးလေးပါးထဲက တစ်ပါးဖြစ်ပြီး ပရော်ဖက်ရှင်နယ် ဂိမ်းကစားသူတွေကြားထဲက ကြယ်ပွင့်ကစားသမားတစ်ဦး ဖြစ်ပါတယ်”

သူ ခဏရပ်လိုက်သည်။

“ဒါပေမဲ့ သူ့ပြိုင်ဘက်ကတော့ လူသိနည်းပါလိမ့်မယ်၊ ကျွန်တော် သူ့ကို နည်းနည်းလောက် မိတ်ဆက်ပေးပါရစေ... သူကတော့ ဓားသွားဂိုဏ်းဝင်ဖြစ်တဲ့ လုံအောင်းမင် ဖြစ်ပါတယ်၊ သူ့အဆင့်က မုန့်ကျင်းချန်နဲ့ အတူတူဖြစ်ပြီး အဆင့် ၃၇ ပါ၊ သူ့ရဲ့ ဘွဲ့အမည်က... ဒေါသဒိုင်းကာ ဖြစ်ပါတယ်”

ဟွာရှုံက ဆက်လက်ပြောကြားလိုက်သည်။

“ခင်ဗျားတို့အားလုံးလိုပဲ၊ ကျွန်တော်တို့လည်း ပွဲစဉ်ကို ကြည့်နေကြပါတယ်၊ လက်ရှိအခြေအနေကို ကြည့်ရသလောက်တော့ မုန့်ကျင်းချန်က အသာစီးရနေပုံရပြီး လုံအောင်းမင်ရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုကို ဖိနှိပ်ထားနိုင်ပုံရတယ်”

သူ့စကားသံက အနည်းငယ် ပြောင်းလဲသွား၏။

“ဒီပွဲစဉ်က ပြီးဆုံးလုနီးပါး ဖြစ်နေပုံပါပဲ၊ မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ ပိုမိုမြင့်မားတဲ့ တိုက်ခိုက်ရေးစွမ်းရည် အဆင့်ရှိတဲ့ဘက်က...”

ပန်ဖုန်းက သူ့လုပ်ဖော်ကိုင်ဖက်၏ စကားကို ရုတ်တရက် ဖြတ်ပြောလိုက်သည်။

“ခဏလေး၊ အားလုံးပဲ ကြည့်လိုက်ကြပါဦး၊ လုံအောင်းမင်ဟာ ရုတ်တရက် ရွှေရောင် တိုက်ပွဲအရှိန်အဝါတွေနဲ့ ဖုံးလွှမ်းသွားပါပြီ၊ သူက ပြန်လည်တိုက်ခိုက်မှုကို စတင်နေပါပြီ၊ သူက ကာကွယ်ရေးကို စွန့်လွှတ်ပြီး အားလုံးပုံအောနေတာလား”

ဟွာရှုံကလည်း ကြားဖြတ်ဝင်ပြောလိုက်သည်။

“မုန့်ကျင်းချန်ကလည်း သူ့ကို ဖိနှိပ်ဖို့အတွက် အစွမ်းထက်တဲ့ စကေးတစ်ခုကို ထုတ်သုံးလိုက်ပါပြီ၊ အထူးပြုလုပ်ချက်တွေကို ကြည့်ရသလောက်တော့ ဒီအကွက်က ပြောင်မြောက်လှပါတယ်၊ ဒါက သေချာပေါက် သတ်ကွက်တစ်ခုပဲ အိုး တိုက်ခိုက်မှုက ထိရောက်မှု မရှိဘူး၊ လုံအောင်းမင်က အရမ်း အားသာချက်ရှိတဲ့ အနေအထားကို ရောက်ရှိသွားပါပြီ”

ထိုနှစ်ဦးသည် အလွန်အမင်း လျင်မြန်စွာ ပြောဆိုနေကြသော်လည်း စခရင်ပေါ်က ကစားသမားနှစ်ဦးမှာ ထိုထက်မက ပိုမိုမြန်ဆန်စွာ တိုက်ခိုက်နေကြခြင်းဖြစ်သည်။

ထွက်ပေါ်လာသော စူးရှသည့်အသံများမှာ ဓားများနှင့် ဒိုင်းများ၏ သံစုံတီးဝိုင်းတစ်ခုကဲ့သို့ ဖြစ်နေလေသည်။

ပေါက်ကွဲသံများမှာမူ အမြန်နှုန်းနှင့် စွမ်းအားတို့၏ ဒွန်တွဲသီချင်းတစ်ပုဒ်ကဲ့သို့ပင်။

ဇာတ်လမ်းထဲတွင် ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသော အစ်ကိုလုံသည် မုန့်ကျင်းချန်ထံသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ဤအခိုက်အတန့်တွင် သူ၏ သက်လုံအမှတ်မှာ သုညသို့ ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး သတ်ဖြတ်ခံရတော့မည့် သိုးသူငယ်တစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့ရသည်။

အပြင်လူများအတွက်မူ မုန့်ကျင်းချန်က လုံအောင်းမင်ကို လွှမ်းမိုးထားနိုင်သည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ မုန့်ကျင်းချန်သည် ကာကွယ်ရေးအပိုင်းတွင်သာ ရှိနေခဲ့ခြင်း ဖြစ်သည်။ သူ၏ အဆင်ခြင်မဲ့တိုက်ခိုက်မှုများသည် အခြားရွေးချယ်စရာ လမ်းမရှိခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ဇာတ်လမ်းအစမှ ယခုအချိန်အထိ မုန့်ကျင်းချန်သည် လုံအောင်းမင်၏ ကာကွယ်ရေးစနစ်ကို မချိုးဖျက်နိုင်ခဲ့ချေ။ သူ၏ သက်လုံအမှတ်များ ကုန်ခမ်းလုနီးပါး ဖြစ်လာသောအခါ လုံအောင်းမင်သည် သူ၏ အထူးစွမ်းရည်ကို အသက်သွင်းလိုက်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော ခွန်အားဖြင့် ပြတ်သားသည့် ပြန်လည်တိုက်ခိုက်မှုကို စတင်ခဲ့ခြင်း ဖြစ်သည်။

“ဟဲ... ငါ ဒီနေရာမှာ ရှုံးနိမ့်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး...”

အခြေအနေများ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသောအခါ မုန့်ကျင်းချန်သည် ကြမ်းပြင်ပေါ်တွင် သာမန်ကာလျှံကာ ထိုင်ချလိုက်ပြီး ခါးသီးစွာပြုံးလျက် ရေရွတ်လိုက်သည်။

လုံအောင်းမင်သည် သဘောထားကြီးသော လူတစ်ဦးဖြစ်ပြီး သူ့ပြိုင်ဘက်ကို ရည်ရွယ်ချက်ရှိရှိ အရှက်ခွဲလိမ့်မည် မဟုတ်ချေ။

“မင်းရဲ့ လျင်မြန်တဲ့ ဓားချက်က ငါ့ရဲ့ နှေးကွေးတဲ့ဒိုင်းနဲ့ ဆုံတွေ့ခဲ့တာဆိုတော့ မင်းကံမကောင်းဘူးလို့ပဲ ပြောရမှာပေါ့၊ ဘာပဲဖြစ်ဖြစ်၊ မင်းစွမ်းရည်တွေနဲ့ဆိုရင်တော့၊ နောက်ဆုံးအဆင့်ပွဲစဉ်တွေက မင်းကို တားဆီးနိုင်မှာ မဟုတ်ပါဘူး...”

“ဘယ်သူသိမှာလဲ...”

မုန့်ကျင်းချန် ရယ်မောလိုက်သည်။

“ငါ့ရဲ့ ပုံပန်းသဏ္ဌာန်က မင်းကို အရူးလုပ်တာမျိုး မဖြစ်ပါစေနဲ့၊ ငါတို့ စတူဒီယိုက ငါ့စွမ်းဆောင်ရည်အပေါ် မျှော်လင့်ချက်တွေ ထားနေကြတာ... ဟဲ... ဖိအားတွေ များလာပြီကွာ”

“ဒါဆို ကံကောင်းပါစေ”

လုံအောင်းမင်က ပြောရင်း သူ၏ နောက်ဆုံးခုတ်ချက်ကို ပင့်မြှောက်လိုက်သည်။

မုန့်ကျင်းချန်က ပခုံးတွန့်ပြပြီး ပြောလိုက်သည်။

“မင်းလည်း အတူတူပါပဲ...”

All Chapters