← Chapters

အခန်း ၂၂၃

Vol. 23 Ch. 223

အခန်း ၂၂၃

Vol. 23 Ch. 223

အခန်း ၂၂၃

လျှပ်စီးကြံ့ ပိုးကောင်သည် ဤမျှများပြားသော တိုက်ခိုက်မှုများ တစ်ပြိုင်နက်တည်း ပြေးဝင်လာသည်ကို မြင်သောအခါ သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ပြိုင်ဘက်မှာ အဆင့် ၃ သားရဲမျှသာ ဖြစ်သဖြင့် ၎င်း၏ သန်မာသော သံချပ်ကာအခွံကို လုံးဝ ဖောက်ထွင်းနိုင်မည်မဟုတ်ဟု တွေးထားသောကြောင့် ဖြစ်သည်။

သို့သော်လည်း ပင်ကိုယ်ဗီဇအရ ၎င်းသည် ထိုတိုက်ခိုက်မှုများကို အနားမကပ်လာစေရန် လျှပ်စီးများထုတ်လွှတ်ပြီး ဖျက်ဆီးပစ်ရန် ပြင်ဆင်လိုက်သည်။

ကွက်တိ ထိုအချိန်မှာပင် ၎င်းသည် ခန္ဓာကိုယ်တွင်းရှိ သွေးများ ပြောင်းပြန်စီးဆင်းလာသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရ၏။ ၎င်းကို ဖိနှိပ်ရန် စိတ်ဝိညာဉ်စွမ်းအင်ကို အလျင်အမြန်ပင် ညှိနှိုင်းလိုက်ရသည်။

“ချွင်... ချွင်... ချွင်...”

ဤသို့ နှောင့်နှေးသွားခြင်းကြောင့် ၎င်းမှာ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကိုသာ အားကိုးပြီး ခုခံလိုက်ရသည်။ ပထမတွင် ဘာမှမဖြစ်သော်လည်း မကြာမီမှာပင် တစ်ခုခုမှားနေပြီဆိုသည်ကို သတိပြုမိသွားတော့သည်။ အရိပ်အလင်းဓား၏ စွမ်းအားမှာ ဤမျှအထိ သန်မာနေလိမ့်မည်ဟု မထင်ထားမိဘဲ ၎င်း၏ အပြင်ဘက်အခွံပေါ်တွင် အပေါက်ကြီးအချို့ တိုက်ရိုက်ပွင့်ထွက်သွားခဲ့သည်။

အကျပ်အတည်းကြားတွင် ၎င်းသည် ဒိုင်းကို အတင်းအဓမ္မ ထပ်မံကာကွယ်လိုက်သော်လည်း သုံးစက္ကန့်ပင်မပြည့်မီ ထပ်မံ၍ အစုတ်စုတ်အပြတ်ပြတ် အဖျက်ဆီးခံလိုက်ရပြန်၏။ ၎င်း၏ အကြေးအခွံတစ်ခုလုံးမှာ ချက်ချင်းပင် အပေါက်များ ဗရပွ ဖြစ်သွားခဲ့ပြီး အနီရောင် သွေးအရိပ်တိုက်ကွက် အများစုမှာလည်း ၎င်း၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်ကာ ကုန်ခမ်းသွားခဲ့သည်။

သွေးအရိပ်တိုက်ကွက်များ၏ သက်ရောက်မှုက ၎င်း၏သွေးနှင့် စွမ်းအင်အမြုတေပေါ်တွင် စတင်ပြသလာခဲ့သည်။ လျှပ်စီးကြံ့ ပိုးကောင်သည် မူလကပင် အားအင်ချို့တဲ့နေသည့် ကာလဖြစ်ရာ သွေးများ ပြောင်းပြန်စီးဆင်းမှု၊ စွမ်းအင်အမြုတုတေမှာလည်း အမှောင် စိတ်ဝိညာဉ်စွမ်းအင်များ၏ ပတ်ဆို့ညစ်ညမ်းစေမှုတို့ကြောင့် ခဏတာမျှ လုံးဝ မလှုပ်ရှားနိုင်အောင် ဖြစ်သွားခဲ့ရသည်။

“အံ့ဩဖို့ကောင်းလိုက်တာ... ခံစစ်ကို တိုက်ရိုက်ထိုးဖောက်သွားတာပဲ။”

“ဟုတ်တယ်။ ကျန်းဟန်ဆိုတဲ့အတိုင်းပဲ။ သူက တကယ့်ကို အံ့ဩဖို့ကောင်းလွန်းတယ်။”

“ဒါက အဆင့် ၄ နဲ့ ယှဉ်နိုင်တဲ့ စိတ်ဝိညာဉ်စွမ်းအင်မျိုးလား။”

ထိုရလဒ်ကို မြင်လိုက်ရသောအခါ မည်သူမျှ ထပ်မံထွက်မပြေးကြတော့ဘဲ အားလုံးက ဝမ်းသာအားရ ကြွေးကြော်လိုက်ကြသည်။

“ငါတို့ ခွန်အားနည်းနည်း ပိုစိုက်ထုတ်ပြီး အခွင့်အရေးကို ဆုပ်ကိုင်ထားကြရအောင်။ ဒီကောင် သေချာပေါက် သွားပြီပဲ။ သူ ကိုယ့်ကိုယ်ကိုယ်တောင် မနည်းထိန်းနေရတာ။”

“ဟုတ်တယ်... ဟုတ်တယ်... ညီအစ်ကိုတို့...မြန်မြန်လုပ်ကြစို့။ ဒါက အရှင်သခင်အဆင့် သားရဲတစ်ကောင်ကို သတ်နိုင်မယ့် မဟာအောင်မြင်မှုကြီးပဲ။”

လူအုပ်ကြီးမှာ စိတ်လှုပ်ရှားတက်ကြွလာ၏။ ယခင်က ၎င်းတို့ မျှော်လင့်ချက်ကို မမြင်တွေ့ခဲ့ကြသော်လည်း ယခုအခါ ကျန်းဟန်က လမ်းဖွင့်ပေးလိုက်ပြီဖြစ်ရာ မည်သူမျှ မထွက်ခွာချင်ကြတော့ပေ။

“ဟားဟားဟား... ဒီအောင်မြင်မှုကို ငါတို့ပဲ အဆုံးသတ်ယူလိုက်မယ်။”

“ဟုတ်တယ်။ ငါတို့ မောင်နှမနှစ်ယောက်က ဂုန်းဆင်းမယ့်သူတွေပဲ။”

စကားပြောလိုက်သူမှာ မလှမ်းမကမ်းတွင် ရပ်နေသော မောင်နှမနှစ်ယောက် ဖြစ်သည်။ သစ်ပင်များ အမြစ်မှပြိုလဲကုန်သဖြင့် ၎င်းတို့မှာ မြေပြင်ပေါ်သို့ မလွှဲမရှောင်သာ ဆင်းသက်လိုက်ရခြင်း ဖြစ်သည်။

ထိုအချိန်တွင် ကောင်းကင်မှ ရွှေရောင်ငှက်တစ်ကောင်နှင့် အစိမ်းရောင်ငှက်တစ်ကောင်ဖြစ်သော ရုတ်တရက် ပျံသန်းဆင်းသက်လာ၏။ ၎င်းတို့သည် ပျံသန်းနေဆဲမှာပင် ပုံစံပြောင်းလဲသွားပြီး ရွှေရောင်နှင့် အစိမ်းရောင် ဧရာမ ဓားကြီးနှစ်လက်အဖြစ်သို့ ပြောင်းလဲကာ လျှပ်စီးကြံ့ပိုးကောင်ထံသို့ ခုတ်ပိုင်းလိုက်ကြသည်။

ကွက်တိ ထိုအချိန်မှာပင် လျှပ်စီးကြံ့ပိုးကောင်၏ ခြေဖဝါးအောက်ရှိ မှေးမှိန်နေသည်မှာ ကြာပြီဖြစ်သော အရင်သခင်အဆင့် အရှိန်အဝါမှာ ရုတ်တရက် ပြန်လည်တောက်ပလာ၏။ အရှင်သခင်အဆင့် သားရဲတစ်ကောင်ထံမှ ထွက်ပေါ်လာသော ပြင်းထန်သည့် ခြိမ်းခြောက်မှု စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့သည်။ ဤတုန်ခါမှုအောက်တွင် လေထဲ၌ ပျံသန်းနေသော ဧရာမဓားကြီးနှစ်လက်သည် ချက်ချင်းပင် ငှက်ပုံစံများအဖြစ်သို့ ပြန်လည်ပြောင်းလဲသွားခဲ့ရသည်။

“မကောင်းတော့ဘူး... ဒီကောင် ဘယ်လိုဖြစ်ပြီး ချက်ချင်း အရှင်သခင်အဆင့်ကို ပြန်ရောက်သွားတာလဲ။”

“သွားပြီ... သူက တစ်လျှောက်လုံး ဝက်ဟန်ဆောင်ပြီး ကျားကိုစားဖို့ လုပ်နေခဲ့တာပဲ။”

ဤအခြေအနေက ရောက်ရှိနေသူအားလုံးကို ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားစေ၏။ ဤအရှင်သခင်အဆင့် အရှိန်အဝါစက်ဝန်းသည် လူတိုင်း၏ နှလုံးသားထဲသို့ ဧရာမဓားကြီးတစ်လက်ဖြင့် ထိုးစိုက်လိုက်သကဲ့သို့ ခံစားရစေသည်။

အရှင်သခင်အဆင့် သားရဲ... ၎င်းမှာ သားရဲအုပ်စုကြီးတစ်ခုလုံးကို အမိန့်ပေးစေခိုင်းနိုင်ပြီး တစ်ချက်တိုက်ခိုက်ရုံဖြင့် တောင်ကုန်းငယ်လေးတစ်ခုကို ဖျက်ဆီးပစ်နိုင်ကာ ခြေတစ်ချက်ဆောင့်ရုံမျှဖြင့် အဆင့် ၃ သားရဲများကို တုန်လှုပ်ခြောက်ခြားသွားစေနိုင်သည့် စွမ်းအားကြီးမားလှသော တည်ရှိမှုမျိုး ဖြစ်ပေသည်။

နှစ်ဖက်စလုံး၏ စွမ်းအားမှာ ရိုးရှင်းစွာပင် အဆင့်အတန်းချင်း မတူညီကြပေ။ ၎င်းတို့သည် အနိမ့်တန်းစား သားရဲများဖြင့် အဆင့်မြင့်သားရဲတစ်ကောင်ကို စိန်ခေါ်ရန် ကြိုးပမ်းခဲ့ကြခြင်း ဖြစ်ရာ ၎င်းမှာ မိမိကိုယ်ကို အထင်ကြီးလွန်းရာ ရောက်ခဲ့ချေပြီ။

ယခုတစ်ကြိမ်တွင် ဟိန်းဟောက်သံပင် မကြားရသေးဘဲ လူတိုင်းက နောက်ကျကျန်ခဲ့မည်ကို စိုးရိမ်ကာ ထွက်ပြေးကြတော့သည်။

“မကောင်းတော့ဘူး... ဒီကောင်က နောက်တစ်ခါ အရှင်သခင်အဆင့်ကို ဘယ်တော့မှ ပြန်မရောက်နိုင်တော့မယ့် တန်ဖိုးကို ပေးဆပ်ပြီး ငါတို့နဲ့အတူ အသေခံဖို့ ပြင်ဆင်နေတာပဲ။”

မုရုံရှန်းသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အလွန်ပင် လက်ပေါက်ကတ်လှသည်ဟု ခံစားလိုက်ရ၏။ သူသည် သူ၏ညီမကို ဆွဲကာ ချက်ချင်းပင် ထွက်ပြေးတော့သည်။ စွမ်းအားအပြည့်ရှိသော အရှင်သခင်အဆင့် သားရဲတစ်ကောင်မှာ သူ ရင်ဆိုင်နိုင်သည့် အရာမျိုး လုံးဝမဟုတ်ပေ။

“ဟမ့်... အခုမှ အသက်နဲ့လဲပြီး တိုက်ချင်တာလား။ နောက်ကျသွားပြီ။”

ကျန်းဟန်က နှာခေါင်းတစ်ချက်ရှုံ့ကာ လျှပ်စီးကြံ့ ပိုးကောင်ကို မထီမဲ့မြင် ကြည့်လိုက်၏။

“မင်း ရှုံးနိမ့်ရတာက မင်းရဲ့ ဝေခွဲမရ တွန့်ဆုတ်မှုကြောင့်ပဲ။ အကယ်၍ မင်းသာ ဒီလို ပြတ်သားမှုမျိုး စောစောကတည်းက ရှိခဲ့ရင် ငါတကယ်ပဲ ဝင်တိုက်ရဲမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ ငါ ပိုင်လင်းကို ထုတ်ပြလို့ မရဘူး။”

သို့သော် ယခုအချိန်တွင်မူ အရာအားလုံးက နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ မီးရှူးမီးပန်းများ ပေါက်ကွဲသံကဲ့သို့ ဆက်တိုက်ပေါက်ကွဲသံများသာ ပျံ့လွင့်လာ၏။ ထိုခရမ်းပြာရောင် လျှပ်စီးကြံ့ ပိုးကောင်၏ ခန္ဓာကိုယ်ပေါ်မှ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပြီး သွေးရောင် ဒုဓလီပန်းများသည် ၎င်း၏ အပြင်ဘက်အခွံကို ဖောက်ထွက်ကာ တစ်ကိုယ်လုံး၌ ပွင့်အံလာခဲ့ကြသည်။

“ဂါးးးး...”

အလွန်အမင်း မကျေမနပ်ဖြစ်နေသော ဟိန်းဟောက်သံကြီးနှင့်အတူ လျှပ်စီးကြံ့ ပိုးကောင်၏ ခြေဖဝါးအောက်ရှိ အရှင်သခင်အဆင့် အရှိန်အဝါသည် လုံးဝ ငြိမ်းသတ်သွားခဲ့ပြီး ၁၀ မီတာကျော် ရှည်လျားသော ဧရာမ သတ္တဝါကြီးမှာ အနီရောင်ပန်းပွင့် တောင်ကုန်းငယ်လေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့တော့လေသည်။

“သေသွားပြီ။ ဒါက...ဘာစွမ်းရည်ကြီးလဲ။”

မုရုံချင်းသည် ထိုရုတ်တရက် အပြောင်းအလဲကို မြင်လိုက်ရသောအခါ အနည်းငယ် ကြောင်အမ်းသွားခဲ့၏။

“ငါသိပြီ။ ဒါက သွေးရောင် ဒုဓလီပန်းပဲ...။ ဒီတိုက်ကွက်ပဲ။ ဒါ ကျန်းဟန်ရဲ့ ကိုယ်ပိုင်အမှတ်အသား စွမ်းရည်ပဲ။”

ဟုန်ရွှယ်သည်လည်း မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ ထိုစဉ်က ကျန်းဟန် လျိုတုံးကို အနိုင်ယူစဉ်ကလည်း ဤတိုက်ကွက်ကို သုံးခဲ့ဖူးသည်။ သို့သော်လည်း ထိုအချိန်က ၎င်းသည် အပြည့်အဝ ပေါက်ကွဲထွက်မလာခဲ့သဖြင့် သူမအနေဖြင့် ၎င်း၏စွမ်းအားကို သေချာမမြင်ခဲ့ရပေ။

ယခု မြင်တွေ့လိုက်ရသည့်အခါတွင်မူ ဤတိုက်ကွက်သည် တကယ့်ကို ရက်စက်လွန်းလှ၏။ အရှိန်အဝါများ ပေါက်ကွဲထွက်နေသည့် လျှပ်စီးကြံ့ ပိုးကောင်ပင်လျှင် ၎င်းကို ခံနိုင်ရည်မရှိဘဲ တိုက်ရိုက် အပြတ်ရှင်းခြင်း ခံလိုက်ရသည်။

“ကျန်း...နတ်ဘုရားကျန်းဆိုတဲ့အတိုင်းပဲ။ အရမ်းကြမ်းတာပဲ။ ဒီတစ်ခါတော့ သူက မကြုံစဖူး မဟာအောင်မြင်မှုကြီးကို တိုက်ရိုက် ရယူသွားတာပဲ။”

“ဟုတ်ပါ့။ အဆင့် ၃ က အဆင့် ၄ ကို အမဲလိုက်တာ... ဒါက မဖြစ်နိုင်သလောက်ပဲ။”

အတန်းဖော်များအားလုံး ခြေလှမ်းများကို ရပ်တန့်လိုက်ကြပြီး လွန်စွာ တုန်လှုပ်ခြောက်ခြားသော အမူအရာများ ပြသနေကြကာ ပါးစပ်များပင် အံ့ဩတကြီးဖြင့် ဟောင်းလောင်း ဖြစ်ကုန်ကြသည်။ ဤသွေးရောင် ဒုဓလီပန်း၏ မြင်ကွင်းသက်ရောက်မှုက လွန်စွာ ပြင်းထန်လွန်းလှသဖြင့် လူတို့ကို အဆုံးမရှိသော ထိတ်လန့်မှုကို ပေးစွမ်းနိုင်ခဲ့သည်။

အပြင်စည်းမှနေ၍ တိုက်ပွဲကို လာရောက်ကြည့်ရှုနေကြသူများမှာမူ ဆွံ့အငေးမောနေကြပြီ ဖြစ်သည်။

သူက ဘယ်သူလဲ။ သူက ဘာလို့ ဒီလောက်တောင် ကြမ်းရတာလဲ။

ထိုသားရဲမှာ သွေးအရိပ်ညဇီးကွက်နှင့် တူသော်လည်း ဤသားရဲက ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ ရဲရင့်ပြတ်သားကာ အဆင့် ၄ တည်ရှိမှုကို တိုက်ရိုက် အလဲထိုးနိုင်ရသနည်း။ ၎င်းတို့အားလုံး နားမလည်နိုင်အောင် ဖြစ်နေကြသည်။

“ငေးမနေကြနဲ့။ အချောင်နှိုက်မြည်းချင်နေတဲ့ ဟိုကောင်နှစ်ကောင်ကို ဒီမှာပဲ ထိန်းထားလိုက်ကြ။”

ကျန်းဟန်က လူအုပ်ကြီးကို လှမ်းအော်လိုက်၏။ ထိုသူများ ချက်ချင်း သတိဝင်လာကြပြီး မုရုံမောင်နှမကို အလယ်တွင် လျင်မြန်စွာ ဝိုင်းရံပိတ်ဆို့လိုက်ကြသည်။

“နင်တို့ ဒီလိုလုပ်လို့ မရဘူး... ငါ... ငါတို့ကလည်း ကူညီချင်လို့ စေတနာနဲ့ လာခဲ့တာပဲ။”

မုရုံချင်းက ကျန်းဟန်နှင့် အခြားသူများကို ကြည့်ကာ ဆင်ခြေပေးလိုက်သည်။

“ဟုတ်တယ်။ မင်းတို့ ငါတို့ကို လက်ဖျားနဲ့တောင် တို့လို့မရဘူး။ မဟုတ်ရင် စည်းကမ်းဖောက်ဖျက်တာ ဖြစ်သွားလိမ့်မယ်။”

မုရုံရှန်းသည်လည်း အနည်းငယ် ထိတ်လန့်နေခဲ့သည်။ ဤနေရာတွင် လူအယောက် ၂၀ ကျော် ရှိနေရုံသာမက အဆင့် ၄ အရှင်သခင်အဆင့် သားရဲကို သတ်ဖြတ်ခဲ့သည့် ရက်စက်သော လူတစ်ယောက်လည်း ရှိနေ၏။ ၎င်းက သူ့ကို လုံးဝ လက်မပါရဲအောင် ဖြစ်စေသဖြင့် ကျိုးကြောင်းပြပြီးသာ ပြောဆိုနိုင်တော့သည်။

“စည်းကမ်းဖောက်ဖျက်တာလား။ ဒါက လူမသတ်ရရုံပဲ မဟုတ်ဘူးလား။”

ကျန်းဟန်က နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။

“မင်းတို့က ကြားကနေ အကျိုးအမြတ်ကို နှိုက်မြည်းချင်ကတည်းက ကျရှုံးဖို့အတွက်လည်း ပြင်ဆင်ထားသင့်တယ်။ မင်းတို့ကိုယ်ပေါ်မှာရှိတဲ့ ပိုက်ဆံတွေ အကုန်လုံး ချန်ထားခဲ့။ ဒါဆို ငါ မင်းတို့ကို ဒုက္ခမပေးဘူး။”

“ဒီလိုလုပ်ဖို့ လိုလို့လား။ အရှင်သခင်အဆင့် သားရဲကို သတ်နိုင်တဲ့ ပါရမီရှင်တစ်ယောက်က လူအင်အားသုံးပြီး တခြားသူတွေကို အနိုင်ကျင့်တယ်လို့ သတင်းထွက်သွားလိုချင်လို့လား။ ပြီးတော့ ငါတို့က ဓားကြီးအကယ်ဒမီရဲ့ အကြံပြုခံထားရတဲ့ ကျောင်းသားတွေပဲ။ နင် အရမ်းလွန်မလာနဲ့။”

မုရုံချင်းက သူမ၏ ကျောထောက်နောက်ခံကို အလျင်အမြန်ပင် ထုတ်ဖော်ပြောဆိုလိုက်သည်။

“လီဇီဝေ... သူ့တို့ကို သွားရှာဖွေလိုက်။... ယောကျာ်းလေးတစ်ယောက်လောက် ဟိုတစ်ယောက်ကို သွားရှာလိုက်စမ်း။”

ကျန်းဟန်က အေးစက်စွာ ပြောလိုက်သည်။

လီဇီဝေသည် စကားတစ်ခွန်းမှ မပြောဘဲ သူမကို ရှာဖွေရန် လျှောက်သွားလိုက်၏။

မုရုံချင်းက ခုခံချင်သော်လည်း ဟုန်ရွှယ်ကပါ လျှောက်လာသဖြင့် ချက်ချင်းပင် ငြိမ်ကုပ်သွားခဲ့ရသည်။

“ငါ ထုတ်ပေးရင် ရပြီမလား။”

မုရုံချင်းက သူမ၏ သိုလှောင်အိတ်ကို ထုတ်ပေးလိုက်သည်။

သို့သော် လီဇီဝေက သူမကို ဂရုမစိုက်ဘဲ အေးစက်စွာဖြင့်ပင် သူမ၏ ကိုယ်ခန္ဓာကို ဆက်လက် ရှာဖွေစစ်ဆေးခဲ့သည်။

“ကောင်းပြီ... နင့်ကို ငါ မှတ်ထားလိုက်မယ်။ နောက်တစ်ခါ ထပ်တွေ့ရင်တော့ နင့်ကို ငါ သေချာပေါက် ဖမ်းပြီး အခန်းထဲ ဆွဲခေါ်သွားပြီး အဝတ်အစားတွေ အကုန်ချွတ်ပစ်မယ်။”

မုရုံချင်းက လီဇီဝေကို ကြည့်ကာ ဒေါသတကြီး ပြောလိုက်၏။

“နင် အစွမ်းရှိရင် လာခဲ့လိုက်လေ။”

လီဇီဝေက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး သူမ၏ ခြိမ်းခြောက်မှုကို လုံးဝ ဂရုမစိုက်ပေ။

မကြာမီမှာပင် ထိုမောင်နှမနှစ်ယောက်မှာ ၎င်းတို့၏ ရိက္ခာနှင့် ပစ္စည်းပစ္စယအားလုံး အလုခံလိုက်ရပြီးနောက် ပြန်လွှတ်ပေးခြင်း ခံလိုက်ရတော့သည်။

“ဒါတွေအားလုံး နင်ပဲ ယူလိုက်ပါ ကျန်းဟန်...ဒါက နင်ရသင့်ရထိုက်တဲ့ အရာတွေပဲ။”

ဟုန်ရွှယ်က ပြုံးကာ ပြောလိုက်သည်။

အခြားသူများတွင်လည်း ကန့်ကွက်စရာ မရှိကြပေ။ အဓိကမှာ ထိုလူနှစ်ယောက်ကို မလိုမုန်းထား မဖြစ်စေချင်ကြသောကြောင့် ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဓားကြီးအကယ်ဒမီသည် သစ်ပင်စိမ်းမြို့တော်၏ ထိပ်တန်း တက္ကသိုလ် ဆယ်ခုထဲမှ တစ်ခုဖြစ်ရာ ၎င်းတို့အနေဖြင့် ရန်ငြိုးအဖွဲ့ခံရမည်ကို မလိုလားကြပေ။

“ကောင်းပြီ။ ဒါဆို ငါ အားမနာတော့ဘူး။”

ကျန်းဟန်သည် ၎င်းတို့၏ အတွေးများကို သဘာဝကျကျပင် နားလည်ထားသော်လည်း သူကတော့ လုံးဝ ဂရုမစိုက်ပေ။

သူသည် သိုလှောင်အိတ်နှစ်လုံးကို ယူကာ ၎င်း၏ စိတ်စွမ်းအင်ဖြင့် အကဲဖြတ်စစ်ဆေးပြီး အတွင်း၌ ပစ္စည်းများစွာ ရှိနေသည်ကို ရှာဖွေတွေ့ရှိခဲ့လေသည်။ ဤလူနှစ်ယောက်မှာ တော်တော်လေး ချမ်းသာကြပြီး အိတ်တစ်လုံးစီတွင် တန်ဖိုး တစ်သန်းခန့်နီးပါးရှိသော ပစ္စည်းများ ရှိနေကြသည်။

ထိုပစ္စည်းများကို သိမ်းဆည်းပြီးနောက် ကျန်းဟန်သည် တိုက်ပွဲဝင်ပစ္စည်းများကို ဆက်လက် သိမ်းဆည်းလိုက်လေသည်။ ပထမဆုံးအနေဖြင့် ဤလျှပ်စီးကြံ့ ပိုးကောင်၏ စွမ်းအင်အမြုတေနှင့် ၎င်း၏ဥများအားလုံးမှာ သူနှင့်သာ သက်ဆိုင်သည်။

ထို့အပြင် ဤလူများသည်လည်း သူ့ကို ကယ်ဆယ်ရေးစရိတ် ပေးဆောင်ရမည်ဖြစ်သည်။ သို့သော် ၎င်းတို့က သားရဲအကောင်ပေါက်များကို ရှာဖွေတွေ့ရှိခဲ့ခြင်းကို ထည့်သွင်းတွက်ချက်ပြီး ဤငွေကြေးအပိုင်းကို အချင်းချင်း အပြန်အလှန် နှိမ်ပေးလိုက်၏။ သို့သော်လည်း ၎င်းတို့သည် လီဇီဝေ၊ ဟုန်ရွှယ်နှင့် အခြားသူများအတွက်မူ အဖိုးအခ ပေးဆောင်ရမည် ဖြစ်သည်။ လူတွေ လာရောက်ကူညီပေးခြင်းက အလကားမှ မဟုတ်ဘဲ။

အကယ်၍ ၎င်းတို့သာ ရောက်မလာခဲ့လျှင် ဤနေရာရှိ လူတစ်ဝက်ကျော်မှာ ၎င်းတို့၏ အရေးပေါ်ကယ်ဆယ်ရေး ကိရိယာများကို တန်းနှိပ်ကာ ဥယျာဉ်ပြင်ပသို့ အပို့ခံလိုက်ရမည် ဖြစ်သည်။

All Chapters