← Chapters

အခန်း ၂၈၄

Vol. 29 Ch. 284

အခန်း ၂၈၄

Vol. 29 Ch. 284

အခန်း (၂၈၄) - ကျုပ် မင်းကို ကောင်းကောင်း ပြုစုပေးနိုင်ပါတယ်

ဆက်သွယ်ရေးစက်မှတစ်ဆင့် ကျူးလင်၏ အဖြေကို ကြားလိုက်ရသဖြင့် ထန်ဝေ့၏ မျက်လုံးများ တောက်ပသွားပြီး အလျင်အမြန် ပြောလိုက်၏။

"အရမ်းကောင်းတာပဲ... လောင်ရှို့... မင်း အရင်သွားနှင့်လို့ရမလား... ငါနဲ့ ကင်းစောင့်တွေ အဲဒီကို ရောက်ဖို့ မိနစ်သုံးဆယ်ကျော်လောက် ကြာလိမ့်မယ်...”

“ဒီမိန်းမက စိတ်စွမ်းအင်ရှိပြီး ဖုတ်ကောင်တွေကို ထိန်းချုပ်နိုင်တယ်... သူမရဲ့ တကယ့်ပစ်မှတ်က အဲဒီအဆင့်မြင့်ဖုတ်ကောင်တွေပဲ... အရှေ့ပိုင်းဇုန်က ဖုတ်ကောင်တွေကို သူမသာ ထိန်းချုပ်သွားနိုင်ရင် ကပ်ဘေးကြီး ဆိုက်သွားလိမ့်မယ်..."

ထိုသို့ပြောသည်ကို ကြားပြီးနောက် ရှို့ဝူသည် ကျူးလင်၏လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်၏။

"ဒါကို ကိုယ့်ဆီပဲ လွှဲထားလိုက်ပါ... မင်းကတော့ အရှေ့ပိုင်းဇုန်ကနေ မထွက်ခွာကြဖို့ အဲဒီဖုတ်ကောင်တွေကို သွားပြောလိုက်ပါ..."

"ကောင်းပါပြီ..."

ထန်ဝေ့က ထိုသို့ပြောပြီးနောက် ရှို့ဝူသည် ဆက်သွယ်ရေးစက်ကို ပိတ်လိုက်၏။ သူသည် ကျူးလင်ကို ကြည့်ကာ ပြောလိုက်လေသည်။

"လင်အာ... ကိုယ်တို့ အဲဒီမိန်းမကို အရှေ့ပိုင်းဇုန်ထဲ မဝင်ခင် ဖမ်းရမယ်..."

ကျူးလင်သည် အကြောင်းပြချက်ကို မသိသော်လည်း ရှို့ဝူကို ယုံကြည်ပေသည်။

သူမသည် ခေါင်းညိတ်ပြကာ စကားတစ်ခွန်းမျှ မဆိုဘဲ လမင်းတစ်ထောင်ခြေလှမ်းကျင့်စဉ်ကို အသုံးပြု၍ ဇုန် ၃ ဆီသို့ ပြေးထွက်သွားတော့၏။ အဝေးသို့ ပျောက်ကွယ်သွားသော သူမ၏ ကျောပြင်ကို ကြည့်ရင်း ရှို့ဝူမှာ ဆွံ့အသွားရရှာသည်။

'...'

‘လင်အာ... ကိုယ် ဒီမှာ ရှိနေသေးတာကို မင်း မေ့သွားတာလား...’

သူသည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီးနောက် ဟင်းလင်းပြင်ကူးပြောင်းခြင်း စွမ်းရည်ကို အသုံးပြု၍ ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။

သူတို့နှစ်ဦးလုံး ထွက်ခွာသွားသည်ကို မြင်လိုက်ရသဖြင့် ဆိုင်ပိုင်ရှင်မှာ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ရုံမှတစ်ပါး မတတ်နိုင်တော့ချေ။ ယနေ့တွင်လည်း သူသည် မာကျောသော ပေါင်မုန့်ကိုသာ ပြန်လည်စားသုံးရတော့မည့်ပုံ ပေါ်ပေသည်။

တစ်ချိန်တည်းမှာပင် တွမ့်ရှင်းနီသည် စွမ်းအင်သိုလှောင်မှုစနစ် ဧရိယာအတွင်းသို့ တိတ်တဆိတ် ခိုးဝင်သွားခဲ့ပြီ ဖြစ်၏။ သူမသည် တံတိုင်းကို ကျော်ဖြတ်ကာ မော့ကြည့်လိုက်သောအခါ ရှေ့ရှိ ကြီးမားလှသော စွမ်းအင်သိုလှောင်မှုစနစ်ကြီးကို မြင်ပြီး မှင်တက်သွားရရှာသည်။

သိုလှောင်ကွန်တိန်နာများကို ကြည့်ရင်း ဝူလင်စခန်းသည် အဘယ်ကြောင့် လျှပ်စစ်မီးကို စိတ်ကြိုက်အသုံးပြုနိုင်သည်ကို သူမ နောက်ဆုံးတွင် နားလည်သွားခဲ့ရသည်။

ဤမျှကြီးမားသော စွမ်းအင်သိုလှောင်စနစ် စက်ရုံကြီးကို တည်ဆောက်ထားခြင်းဖြင့် မြို့ကြီးတစ်မြို့လုံးကိုပင် လျှပ်စစ်မီး အလွယ်တကူ ပေးနိုင်ပေသည်။ စခန်းတစ်ခုတည်းကိုမူ ပြောနေရန်ပင် မလိုတော့ချေ။

တံတိုင်းပေါ်မှ ခုန်ဆင်းပြီးနောက် တွမ့်ရှင်းနီသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ကျောပိုးအိတ်ထဲမှ ဆက်သွယ်ရေးစက်ကို အလျင်အမြန် ထုတ်ယူလိုက်၏။ စိုးရိမ်တကြီးဖြင့် စက္ကန့်အနည်းငယ်မျှ စောင့်ဆိုင်းပြီးနောက် တစ်ဖက်လူက နောက်ဆုံးတွင် ဖုန်းလက်ခံဖြေကြားခဲ့သည်။

ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော လေသံဖြင့် ထိုလူက မေးလိုက်၏။

"မင်းက ဘယ်သူလဲ..."

ထိုပျင်းရိငြီးငွေ့သော လေသံကို ကြားလိုက်ရသဖြင့် သခင်လေး၏ ချီးကျူးမှုကို ရရှိရန် မျှော်လင့်ချက်ကြောင့် တွမ့်ရှင်းနီ၏ ရင်ခုန်သံများ မြန်ဆန်လာရသည်။ သူမသည် အသက်ကို ပြင်းပြင်းရှူသွင်းကာ စိတ်တည်ငြိမ်အောင် ထိန်းလိုက်ပြီး လေသံကို ပြင်ဆင်ကာ ယဉ်ကျေးပျူငှာစွာ ပြောလိုက်၏။

"သခင်လေးချန်ယွင်... ကျွန်မက တွမ့်ရှင်းနီပါ... ကျွန်မက..."

သူမ၏စကား မဆုံးမီမှာပင် လေ့ချန်ယွင်က ဖြတ်ပြောလိုက်၏။

"ငါ မင်းကို မသိဘူး..."

ထိုသို့ပြောပြီးနောက် လေ့ချန်ယွင်သည် သူမအား ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ခွင့်ပင် မပေးဘဲ ဖုန်းချလိုက်လေသည်။

ညာဘက်နားမှ ဆက်သွယ်ရေးစက်ကို ချွတ်လိုက်ရင်း တွမ့်ရှင်းနီမှာ မဆဲဘဲ မနေနိုင်တော့ချေ။ သူမသည် လေ့ချန်ယွင်ကို ဆဲရေးကာ ဒေါသပုံချနေဆဲမှာပင် သူမ၏အနောက်ဘက်မှ ခပ်သဲ့သဲ့ စကားပြောသံများ ထွက်ပေါ်လာခဲ့သည်။

ပျာပျာသလဲ ဖြစ်သွားသဖြင့် သူမသည် ပုန်းအောင်းစရာနေရာကို အပြေးအလွှား ရှာဖွေလိုက်၏။

ထိုနေရာတွင် နေရောင်ခြည်စွမ်းအင်သုံး ပြားများနှင့် သိုလှောင်ကွန်တိန်နာများသာ ရှိသည်ကို မြင်သောအခါ သူမသည် အံကို တင်းတင်းကြိတ်ကာ ကွန်တိန်နာတစ်ခုအတွင်းသို့ လျင်မြန်စွာ ဝင်ရောက်ပုန်းကွယ်လိုက်လေသည်။

တွမ့်ရှင်းနီ ကွန်တိန်နာထဲတွင် ပုန်းအောင်းပြီး စက္ကန့်အနည်းငယ်အကြာတွင် ကျူးလင်သည် တံတိုင်းအပြင်ဘက်၌ ရပ်တန့်လိုက်၏။

စက္ကန့်အနည်းငယ်အကြာတွင် ရှို့ဝူသည် သူမ၏ အနီးသို့ လျှောက်လှမ်းလာပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်လေသည်။

"လင်အာ... ကိုယ် ဒီမှာ ရှိနေသေးတာကို မင်း မေ့သွားတာလား..."

ကျူးလင်သည် လှည့်ကြည့်လိုက်သောအခါ ရှို့ဝူ၏ ခန့်ညားလှသော မျက်နှာပေါ်တွင် ကူကယ်ရာမဲ့သည့် အမူအရာဖြင့် သူမထံ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရ၏။ သူမသည် ပါးပြင်ကို ကုတ်ကာ ရှက်ကိုးရှက်ကန်း ပြောလိုက်လေသည်။

"အာ... တောင်းပန်ပါတယ်... သူမကို အမြန်ဆုံး ဖမ်းရမယ်ထင်လို့... ဒါကြောင့် တတ်နိုင်သမျှ အမြန်ဆုံး ပြေးလာမိပြီး ရှင့်ကို ထားခဲ့မိတာ..."

သူမ၏စကားကို ကြားသောအခါ ရှို့ဝူသည် သူမ၏ ခေါင်းကိုသာ အသာအယာ ပွတ်သပ်ပေးနိုင်တော့၏။ ခေတ္တမျှ ပွတ်သပ်ပြီးနောက် သူသည် ကျေနပ်သွားလေသည်။ ထို့နောက် မြင့်မားလှသော တံတိုင်းကို မော့ကြည့်ကာ မေးလိုက်၏။

"သူမ အထဲမှာလား..."

ကျူးလင်သည် ခေါင်းညိတ်ပြပြီး တံတိုင်းပေါ်သို့ ခုန်တက်လိုက်၏။ သူမသည် သူမ၏စိတ်အာရုံဖြင့် တွမ့်ရှင်းနီ၏ အရှိန်အဝါကို ရှာဖွေလိုက်ပြီးနောက် သိုလှောင်ကွန်တိန်နာတစ်ခုကို ညွှန်ပြကာ ပြောလိုက်လေသည်။

"သူမက အဲဒီသံသေတ္တာထဲမှာ..."

ရှို့ဝူသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်၏။

"လင်အာ... ငါ့ကို ဒီမှာပဲ စောင့်နေပါ... ငါ အထဲဝင်ပြီး သူမကို သွားဖမ်းလိုက်မယ်..."

ရှို့ဝူ၏ ဟင်းလင်းပြင်စွမ်းရည်သည် ဖုတ်ကောင်များနှင့် လူသားများကို ပိတ်လှောင်ရန် အနက်ရောင် စက်လုံးများကို ဖန်တီးနိုင်သည်ကို သိရှိသဖြင့် ကျူးလင်သည် ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

"ကောင်းပါပြီ..."

ပြုံးလျက် သူမ၏ နှုတ်ခမ်းကို အသာအယာ နမ်းရှိုက်လိုက်ပြီးနောက် ရှို့ဝူသည် ကွန်တိန်နာဆီသို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားခဲ့သည်။ သူသည် ကွန်တိန်နာရှေ့တွင် ရပ်ကာ ပြောလိုက်၏။

"ထွက်ခဲ့တော့... မင်း အထဲမှာ ရှိနေတာကို ငါသိတယ်..."

သူ၏ အေးစက်လှသော အသံကို ကြားလိုက်ရသဖြင့် တွမ့်ရှင်းနီမှာ ထိတ်လန့်တုန်လှုပ်သွားရသည်။ သူမသည် ခြေသည်းလက်သည်းများကို ကိုက်ကာ စိုးရိမ်တကြီး တိုးညင်းစွာ ရေရွတ်လိုက်မိ၏။

'ဒီလူက ဘယ်လိုလုပ် ငါ့ကို ဒီလောက်မြန်မြန် ရှာတွေ့တာလဲ... ငါ မသိအောင် ငါ့ကိုယ်ပေါ်မှာ ခြေရာခံစက်တစ်ခုခု တပ်ထားခဲ့တာလား... မဟုတ်ဘူး... ငါ ဒီအတိုင်း အဖမ်းခံလို့ မဖြစ်ဘူး...'

အတန်ကြာသည်အထိ သူမ ထွက်မလာသည်ကို မြင်သောအခါ ရှို့ဝူက ပြောလိုက်၏။

"ငါ သုံးအထိ ရေတွက်မယ်... မင်း အပြင်ထွက်မလာရင်တော့ အသက်ရှင်ခွင့် မပေးဘူးလို့ ငါ့ကို လာမပြောနဲ့..."

ထိုသို့ပြောပြီးနောက် ရှို့ဝူသည် စတင်ရေတွက်လိုက်လေသည်။

"၁... ၂..."

ဘုန်း...

ရေတွက်မှု မပြီးဆုံးမီမှာပင် တွမ့်ရှင်းနီသည် သံတံခါးကို တွန်းဖွင့်လိုက်ပြီး အော်ဟစ်လိုက်၏။

"နေဦး..."

မိမိကို လာရောက်ဖမ်းဆီးသူမှာ ရှို့ဝူဖြစ်သည်ကို မြင်သောအခါ တွမ့်ရှင်းနီသည် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ သူမအား လာရောက်ဖမ်းဆီးသူမှာ ဝူလင်စခန်း၏ ပိုင်ရှင်ဖြစ်သော မျက်နှာသေနှင့် မိစ္ဆာဘုရင် မဟုတ်သရွေ့ သူမ အသက်ရှင်သန်နိုင်မည်ဟု ယုံကြည်မှု ရှိနေပေသည်။

သူမ၏ ယောက်ျားများကို ဆွဲဆောင်နိုင်သော စွမ်းရည်ဖြင့် ယခုအချိန်အထိ မည်သည့်ယောက်ျားမျှ သူမကို ငြင်းဆန်နိုင်ခြင်း မရှိခဲ့ချေ။

ထို့အပြင် ဤလူသည် အလွန်ခန့်ညားလွန်းသဖြင့် သူနှင့် အတူအိပ်ခွင့်ရပါက သူမအတွက် ကံကောင်းခြင်းတစ်ရပ် ဖြစ်သည်ဟု ခံစားမိပေသည်။

သူသည် သူမ၏ယောက်ျား ဖြစ်လာပါက ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။ ဤလူက သူမအား ထိုသို့ ပြုမူနေသည်ကို စိတ်ကူးယဉ်ကြည့်ရုံမျှဖြင့် သူမကို ရင်ခုန်စိတ်လှုပ်ရှားစေကာ ရင်ခုန်သံများ ပရမ်းပတာ မြန်ဆန်လာစေတော့၏။

ဤအကြံဖြင့် သူမသည် သူ့ကို သိမ်းပိုက်ရန် သန္နိဋ္ဌာန်ချလိုက်၏။

တောက်ပသော နှုတ်ခမ်းနီနီများ ဆိုးထားသည့် နှုတ်ခမ်းလွှာပေါ်တွင် ညှို့ဓာတ်ပြင်းသော အပြုံးတစ်ခုကို ဆင်မြန်းလျက် တွမ့်ရှင်းနီသည် သူမ၏ ဆံနွယ်များကို ခါယမ်းလိုက်ပြီး ရင်ဘတ်အင်္ကျီကို ဆွဲချကာ သူမ၏ နို့နှစ်ရောင် ရင်သားအစုံကို အနည်းငယ် ဖော်ပြလိုက်လေသည်။

သူမသည် ရှို့ဝူထံသို့ ယိမ်းနွဲ့စွာ လျှောက်လှမ်းလာပြီး နွဲ့ဆိုးဆိုးကာ ပြောလိုက်၏။

"ခန့်ညားတဲ့ အစ်ကိုကြီး... ကျွန်မကို ဒီကနေ ထွက်သွားဖို့ လမ်းလေး ညွှန်ပေးလို့ ရမလား... ကျွန်မ ဒီကို အသစ်ရောက်တာဆိုတော့ လမ်းပျောက်သွားလို့ပါ... ကျွန်မဆီမှာ ဘာပစ္စည်းမှ မပါပေမဲ့... အစ်ကိုကြီး လိုချင်ရင်... ကျွန်မ အစ်ကိုကြီးကို ကောင်းကောင်း ပြုစုပေးနိုင်ပါတယ်..."

All Chapters