← Chapters

အခန်း ၂၈၆

Vol. 29 Ch. 286

အခန်း ၂၈၆

Vol. 29 Ch. 286

အခန်း (၂၈၆) - မင်းနှင့်အတူ ရပ်တည်ပြီး တိုက်ပွဲဝင်ချင်သည်

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရှို့ဝူက ပြောလိုက်သည်။

"အိတ်ခ်ျမြို့တော်ဘက်ကနေ ငါတို့ဆီကို မိစ္ဆာစွမ်းအင်အစုအဝေးတစ်ခု အရှိန်အဟုန်နဲ့ ချဉ်းကပ်လာနေတယ်...”

“အခုဆိုရင် အဲဒီစွမ်းအင်က ရေခဲပြင်ရေကန်နားအထိ ရောက်နေပြီဖြစ်လို့ နောက်ထပ် မိနစ် ၂၀ အတွင်းမှာ ငါတို့ရဲ့ စခန်းဆီကို ရောက်လာတော့မယ်... ငါ့အထင်တော့ အဲဒီမိစ္ဆာစွမ်းအင်အစုအဝေးဟာ အဆင့်မြင့်ဖုတ်ကောင် အုပ်စုကြီးပဲ ဖြစ်ရမယ်..."

ရှို့ဝူ၏ စကားကို ကြားသောအခါ ကျီယန်သည် ဆွံ့အသွားလေသည်။ သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်နေမိကြပြီးနောက် ကျီယန်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ငါ စစ်သားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် အားလုံးကို စုစည်းပြီး စခန်းပတ်ပတ်လည်မှာ အတားအဆီးတွေ ဆောက်ခိုင်းလိုက်မယ်...”

“အရေးပေါ် အရန်လျှပ်စစ်ဓာတ်အားပေးစက်ကနေ လျှပ်စစ်မီးပြန်မရခင်အထိ ရန်သူတွေရဲ့ တိုက်ခိုက်မှုကို ငါတို့ ခုခံထားနိုင်ရမယ်..."

ရှို့ဝူက ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။

"ကောင်းပြီ... ငါ ရန်သူတွေကို အရင်တားဆီးပြီး မင်းတို့ ပြင်ဆင်ဖို့အတွက် အချိန်ပိုရအောင် လုပ်ပေးမယ်... တကယ်လို့ ငါ ၁ နာရီအတွင်း ပြန်မလာခဲ့ရင် အရေးပေါ်အစီအစဉ်ကို စတင်ပြီး စခန်းကို ပိတ်ဆို့လိုက်ပါ..."

ရှို့ဝူသည် အလွန်အမင်း အစွမ်းထက်ကြောင်း ကျီယန် သိထားသော်လည်း စိုးရိမ်ပူပန်နေဆဲဖြစ်ကာ ပြောလိုက်သည်။

"ဂရုစိုက်ပြီး ဘေးကင်းကင်းနဲ့ ပြန်လာခဲ့ပါ... ငါ ဒီနေရာကနေ မင်းကို စောင့်နေမယ်..."

"အင်း..."

ရှို့ဝူက ကျီယန်၏ ပခုံးကို ပုတ်ပေးလိုက်ပြီးနောက် စောင့်ကြည့်ရေးအခန်းထဲမှ ထွက်ခွာလာခဲ့တော့သည်။

သူသည် လုံခြုံရေးအဆောက်အအုံပြင်ပသို့ ရောက်ရှိလာချိန်တွင် ကျူးလင်မှာ ထွက်ခွာသွားပြီ ဖြစ်သည်။ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုသော်လည်း သူမကို မတွေ့ရသဖြင့် တံခါးစောင့်စစ်သားအား မေးလိုက်သည်။

"လင်အာ ဘယ်ကိုသွားပြီလဲ..."

စစ်သားသည် ဇုန် ၅ ၏ အဓိကဝင်ပေါက်ဘက်သို့ ညွှန်ပြလျက် ပြောလိုက်သည်။

"မိန်းကလေးကျူးက လွန်ခဲ့တဲ့ ၂ မိနစ်လောက်က ဇုန် ၅ ဘက်ကို သွားပါတယ်..."

စစ်သား၏ စကားကို ကြားပြီးနောက် ရှို့ဝူက ကျေးဇူးတင်စကား ပြောကြားကာ ဖုတ်ကောင်များကို သွားရောက်တားဆီးရန် အလျင်အမြန်ပင် ထွက်ခွာလာခဲ့တော့သည်။

သူသည် ယခုဖြစ်ပျက်နေသည့် အခြေအနေအပေါ် မကောင်းသော စိတ်ခံစားမှုတစ်ခု ရရှိနေမိသည်။ ၎င်းမှာ အမှောင်ထုထဲတွင် ကြီးမားသောကိစ္စရပ်တစ်ခု ဖြစ်ပျက်နေသကဲ့သို့ ဖြစ်သော်လည်း မည်သည့်အရာဖြစ်သည်ကိုမူ သူ ခန့်မှန်းရခက်နေလေသည်။

တစ်ချိန်တည်းမှာပင် ကျူးလင်သည် ဇုန် ၅ သို့ ရောက်ရှိသွားသည်။ သူမသည် ထိတ်လန့်တုန်လှုပ်နေကြသော သာမန်လူသားများနှင့် အလုပ်ရှုပ်နေကြသော စွမ်းအင်ရှင်များကို တည်ငြိမ်စွာ ကြည့်ရှုလိုက်သည်။

သူမသည် ကာကွယ်ရေး ဓားအစီရင်၏ တိုက်ခိုက်မှုစနစ်ကို စတင်ရန် လက်ဟန်သင်္ကေတ ပြုလုပ်တော့မည့်အချိန်မှာပင် နောက်ကွယ်မှ သူမအား ခေါ်လိုက်သော မုန့်ကျဲလန်၏ အသံကို ကြားလိုက်ရသည်။

"အစ်မကျူးလင်..."

သူမသည် လှည့်ကြည့်လိုက်ရာ မိမိထံသို့ ပြေးလာနေသော မုန့်ကျယ်လန်ကို မြင်သဖြင့် မေးလိုက်သည်။

"မင်းက ဘာလို့ ဒီကို ရောက်နေတာလဲ... ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်သားတွေရဲ့ ညွှန်ကြားချက်ကို လိုက်နာပြီး ဒီနေရာကနေ မြန်မြန်ဆုတ်ခွာသင့်တယ်..."

မုန့်ကျယ်လန်သည် အသက်ရှူသံပြင်းပြင်းဖြင့် ခေတ္တမျှ မောဟိုက်နေပြီးနောက် လေသံတုန်တုန်ရီရီဖြင့် ပြောလိုက်သည်။

"ခုနတင်ပဲ... အရေးပေါ်အမိန့် ထွက်လာလို့ပါ... စခန်းပတ်ပတ်လည်မှာ အတားအဆီးတွေ တည်ဆောက်ပြီး အရပ်သားတွေကို ဆုတ်ခွာခိုင်းလို့... ညီမက ဆုတ်ခွာတဲ့နေရာမှာ ကူညီပေးဖို့ လာရင်းနဲ့ အစ်မကို မြင်လိုက်လို့…"

သူမ၏ နီမြန်းပြီး ချွေးစိုရွှဲနေသော မျက်နှာကို ကြည့်ကာ ကျူးလင်သည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။

"မင်းအနေနဲ့ အရပ်သားတွေကို ဆုတ်ခွာဖို့ ဆက်ကူညီပေးတာ ပိုကောင်းလိမ့်မယ်... ငါတို့ဆီမှာ အချိန်အများကြီး မကျန်တော့ဘူး..."

မုန့်ကျယ်လန်သည် သူမအား ကြည့်လျက် စိုးရိမ်ပူပန်စွာ မေးလိုက်သည်။

"အစ်မကျူးလင်ကရော ဘာလုပ်မလို့လဲ..."

ကျူးလင်က သူမကို သာယာစွာ ပြုံးပြလျက် ပြောလိုက်သည်။

"ငါ့အတွက် မစိုးရိမ်ပါနဲ့... ငါ ဒီမှာ လုပ်စရာကိစ္စတွေ ရှိသေးလို့ပါ..."

သူမ၏ တည်ငြိမ်လှသော အမူအရာကို မြင်သောအခါ မုန့်ကျယ်လန်သည် ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။

"ကောင်းပါပြီ... အစ်မကျူးလင်လည်း ဂရုစိုက်ပါဦးနော်... အရမ်းအစွမ်းထက်တဲ့ ရန်သူတွေ ချဉ်းကပ်လာနေတယ်လို့ ကြားမိတယ်... ဒီတစ်ခေါက် တိုက်ပွဲကို ရှောင်လွှဲလို့ရမှာ မဟုတ်တော့ဘူး ထင်တယ်..."

ကျူးလင်က ခေါင်းညိတ်ပြလျက် ပြောလိုက်သည်။

"အင်း... ငါ သိပါတယ်..."

မုန့်ကျယ်လန် ထွက်ခွာသွားပြီးနောက် ကျူးလင်သည် ရှုပ်ထွေးလှသော လက်ဟန်သင်္ကေတတစ်ခုကို ပြုလုပ်လိုက်သည်။

လက်ဟန်သင်္ကေတ ပြီးဆုံးသွားသည့်အခါ တစ်ခုလုံးသော ဝူလင်စခန်းကို လွှမ်းခြုံထားသော ကာကွယ်ရေး ဓားအစီရင်ကြီးမှာ လင်းထိန်လာလေသည်။

သူမသည် သူမ၏ လက်ညှိုးကို ကိုက်လိုက်ပြီး သွေးကို အသုံးပြုကာ ရှေးဟောင်းမန္တန်အစီရင်များကို ဟင်းလင်းပြင်ထဲတွင် ရေးဆွဲလိုက်သည်။

ရှေးဟောင်းမန္တန်အစီရင် ရေးဆွဲပြီးသွားသောအခါ လက်ကို ဝှေ့ယမ်းလိုက်ရာ ထိုအစီရင်သည် ကောင်းကင်ယံထက်သို့ ပျံသန်းသွားတော့သည်။

ရှေးဟောင်းမန္တန်အစီရင်နှင့် ကာကွယ်ရေး ဓားအစီရင်တို့ လုံးဝဥဿုံ ပေါင်းစည်းသွားသည့်အခါ သူမသည် အခြားလက်ဟန်သင်္ကေတတစ်ခုကို ထပ်မံပြုလုပ်ကာ ရှေးဟောင်းမန္တန်အစီရင်အတွင်းသို့ နတ်ဘုရားစွမ်းအားများ ထည့်သွင်းပေးလိုက်သည်။

စက္ကန့်အနည်းငယ်မျှကြာပြီးနောက် စခန်းကို ကာကွယ်ထားသော အကာအကွယ်တံတိုင်းကြီးပေါ်မှ ကြီးမားလှသော ရေခဲဓားကြီး တစ်ရာ့ရှစ်လက် ထွက်ပေါ်လာလေတော့သည်။

ဟင်းလင်းပြင်ထဲ၌ ရုတ်တရက် ပေါ်ထွက်လာသော ဧရာမဓားကြီးများကို မြင်လျှင် သာမန်လူသားများသည် တုန်လှုပ်ခြောက်ခြားကာ ကြောက်လန့်တကြား အော်ဟစ်လိုက်ကြပြီး စွမ်းအင်ရှင်များမှာမူ ထိုဧရာမဓားကြီးများမှ ထွက်ပေါ်နေသော ပြင်းထန်လှသည့် ဖိအားများကြောင့် အံ့အားသင့်လျက် ရှိနေကြတော့သည်။

ကာကွယ်ရေး ဓားအစီရင်၏ တိုက်ခိုက်မှုစနစ်ကို ဖွင့်လှစ်ပြီးနောက် ကျူးလင်သည် ရှို့ဝူကို ရှာဖွေရန် သူမ၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သော်လည်း ဝူလင်စခန်းအတွင်း၌ ရှို့ဝူ၏ အရိပ်အယောင်မျှကိုပင် မတွေ့ရချေ။

သူမသည် မျက်လွှာပင့်လျက် မိစ္ဆာစွမ်းအင်များ လာရာအရပ်ဆီသို့ ကြည့်ရှုလိုက်သည်။ သူမသည် မျက်မှောင်ကြုတ်လျက် ခေတ္တမျှ စဉ်းစားကာ လမင်းတစ်ထောင်ခြေလှမ်းကျင့်စဉ်ကို အသုံးပြုပြီး ထိုနေရာမှ ပျောက်ကွယ်သွားတော့သည်။

သူမသည် မိစ္ဆာစွမ်းအင် လာရာအရပ်ဆီသို့ ပြေးထွက်သွားရင်း ကျူးလင်သည် သူမ၏ ဖီးနစ်ငှက်မွေးခြုံထည်ကို ထုတ်ယူကာ ဝတ်ဆင်လိုက်သည်။

သူမသည် မိစ္ဆာစွမ်းအင်၏ အရင်းအမြစ်နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ ဖွေးဖွေးလှုပ်နေသော ဆီးနှင်းပြင်ကျယ်ကြီးထဲတွင် ရပ်နေသည့် ဝတ်ရုံနီဝတ်ဆင်ထားသော အမျိုးသားတစ်ဦးကို မြင်တွေ့လိုက်ရသည်။

သူမသည် ထိုအမျိုးသား၏ ဘေးနားသို့ ညင်သာစွာ ဆင်းသက်လိုက်ပြီး မေးလိုက်သည်။

"ရှို့ဝူ... ရှင် အဆင်ပြေရဲ့လား..."

ရှို့ဝူသည် သူမ ဤနေရာသို့ ရောက်ရှိလာခြင်းအပေါ် အံ့ဩခြင်း မရှိပေ။ သူသည် သူမဘက်သို့ လှည့်ကြည့်လျက် သူမ၏ ဦးခေါင်းပေါ်မှ နှင်းပွင့်များကို ခါထုတ်ပေးလိုက်ပြီး ဦးထုပ်ဆောင်းပေးကာ ဝတ်ရုံကို ဂရုတစိုက် ချည်နှောင်ပေးပြီးနောက် ခေတ္တမျှ ရပ်တန့်သွားသည်။

သူမသည် မိမိအား ကူညီပြီး ရန်သူကို တားဆီးရန် ရောက်လာခြင်းဖြစ်ကြောင်း ရှို့ဝူ သိရှိထားသော်လည်း သူမ ရောက်ရှိလာရခြင်း အကြောင်းရင်းမှာ မိမိအား စိုးရိမ်ပူပန်၍ ဖြစ်ရန် မျှော်လင့်နေဆဲဖြစ်ကာ ညင်သာစွာ မေးလိုက်သည်။

"မင်း ဘာလို့ ဒီကို ရောက်နေတာလဲ... အရပ်သားတွေ ဆုတ်ခွာတဲ့နေရာမှာ မင်း သွားမကူညီဘူးလား..."

ကျူးလင်က သူ့ကို ပြုံးလျက် ကြည့်ကာ ပြောလိုက်သည်။

"ကျွန်မ ရှင်နဲ့အတူတူ တိုက်ပွဲဝင်ချင်တယ်... ရှင်က ကျွန်မရဲ့ ချစ်သူဆိုတာကို မှတ်မိသေးတယ်မလား..."

ရှို့ဝူသည် သူမ၏ စကားကို ကြားသောအခါ ဆွံ့အသွားကာ သူမအား အံ့အားသင့်စွာ စိုက်ကြည့်နေမိသည်။

သူတို့နှစ်ဦး ရုန်းရင်းဆန်ခတ်စွမ်းအင်မှ စတင်မွေးဖွားလာချိန်မှစ၍ သူမက မိမိနှင့်အတူတကွ တိုက်ပွဲဝင်ချင်ကြောင်း ပြောခဲ့သည်မှာ ယခုတစ်ကြိမ်သည် ပထမဦးဆုံးပင် ဖြစ်သည်။

သူတို့မွေးဖွားလာချိန်မှစ၍ သူတို့နှစ်ဦးသည် အပြန်အလှန် သတ်ဖြတ်ရန်အတွက် ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်၌ ရပ်တည်ရန် ကံကြမ္မာ သတ်မှတ်ထားခြင်း ခံခဲ့ရပေသည်။

သူမအပေါ် ထားရှိသော သူ၏ ချစ်ခြင်းမေတ္တာကြောင့် ရှို့ဝူသည် ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်ရန် ဘယ်သောအခါမျှ မရပ်တန့်ခဲ့ဘဲ သူမ၏ နံဘေးတွင် နေထိုင်နိုင်မည့် နည်းလမ်းကို ခေါင်းမာစွာ ရှာဖွေခဲ့သည်။

သို့သော် ဝမ်းနည်းစရာကောင်းလှသည်မှာ သူ မည်မျှပင် ကြိုးစားအားထုတ်ခဲ့ပါစေ သူ၏ ကြိုးစားမှုများသည် နောက်ဆုံးတွင် သူမ၏ သေဆုံးခြင်းဖြင့်သာ အမြဲတစေ အဆုံးသတ်ခဲ့ရလေသည်။

All Chapters