အခန်း ၁၄၁
Vol. 15 Ch. 141
အခန်း ၁၄၁ - ကံကောင်းစေသော အဆောင်။
နောင်နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ယဲ့ချန်သည် ထိုမုန်တိုင်းထန်သော ညကို ခါးသီးသော အပြုံးတစ်ခုဖြင့် ပြန်လည် အမှတ်ရမိပေလိမ့်မည်။ သူ၏ မျက်လုံးထဲသို့ သဲဝင်သွားခဲ့၍ စန်းယွီအား မှုတ်ထုတ်ပေးရန် အကူအညီတောင်းခဲ့ရာ စန်းယွီ အထင်လွဲသွားခဲ့ပြီးနောက် ယဲ့ချန်သည် ပြန်လှည့်၍ မရတော့သော လမ်းကြောင်းပေါ်သို့ စတင် လျှောက်လှမ်းခဲ့ရတော့သည်။
မိနစ် ၂၀ ကြာပြီးနောက်…
ယဲ့ချန်သည်တည်ငြိမ်စွာ ထိုင်နေခဲ့၏။
ဧည့်ခန်း စားပွဲပေါ်တွင်မူ မကုန်သေးသော ခေါက်ဆွဲဇလုံတစ်ဇလုံ ရှိနေခဲ့သည်။
ယဲ့ချန်၏ အကြည့်မှာ စီးပွားပျက်ကပ် ကြုံတွေ့နေရသူကဲ့သို့ အနည်းငယ် ဝမ်းနည်းဖွယ် ခံစားချက် ပါဝင်နေပြီး မီးရောင်အောက်တွင် အပြာနုရောင် သန်းနေခဲ့သည်။
သူသည် ယန်မြို့၏ GDP အကြောင်း စတော့ဈေးကွက်၏ နောက်ထပ် အလှည့်အပြောင်း ဘယ်တော့ ဖြစ်လာမည်ဆိုသည့် အကြောင်းဘဝ၏ အဓိပ္ပာယ်နှင့် သူ၏ အနာဂတ် လမ်းကြောင်းကို မည်သို့ လျှောက်လှမ်းရမည်ဆိုသည့် အကြောင်းများကို လေးနက်စွာ စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်တွင် ယဲ့ချန်သည် တဏှာ ကင်းစင် တောင်းတမှု ကင်းစင် အတ္တ ကင်းစင်ဆိုသော အဆင့်သို့ ရောက်ရှိနေခဲ့သည်။
ထိုအဆင့်တွင် မည်သည့် ကိစ္စကိုမဆို တည်ငြိမ်ပြီး ဘက်မလိုက်ဘဲ သမာသမတ်ကျစွာ ဆုံးဖြတ်နိုင်သည်ဟု သူ ယုံကြည်ထားခဲ့သည်။
တစ်ချိန်တည်းမှာပင် စန်းယွီသည် ရေချိုးခန်းထဲတွင် ပလုတ်ကျင်းနေခဲ့၏။ သူမသည် အနည်းငယ် မအီမသာ ဖြစ်ကာ ပျို့အန်ချင်သလို ခံစားနေရ၍ ဖြစ်သည်။
ခဏအကြာတွင် စန်းယွီသည် ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။ ရှက်ရွံ့စွာဖြင့် ဆွဲဆောင်မှုများ ပြည့်နှက်နေပြီး သူမ၏ ခေါင်းကို ငုံ့ထားကာ နားရွက်များမှာ လုံးဝ ရဲနီနေခဲ့သည်။
ယဲ့ချန်သည် သူ၏ အတွေးများကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး မော့ကြည့်ကာ အကူအညီမဲ့စွာ ပြောလိုက်သည်။
“အစ်မယွီ… အစ်မ အထင်လွဲသွားတာပါ။”
“အင်း...”
စန်းယွီသည် ယဲ့ချန်၏ ဘေးတွင် ထိုင်လိုက်ပြီး စက္ကန့်ပိုင်းမျှ တိတ်ဆိတ်သွားခဲ့ကာ သက်ပြင်းတစ်ချက် ချလိုက်ပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။
“ရှောင်ချန်ရယ်… အထင်လွဲတာ ဖြစ်ဖြစ် ဘာဖြစ်ဖြစ်ပေါ့ စောတာနဲ့ နောက်ကျတာပဲ ကွာတာပါ။”
စကားပြောပြီးနောက် စန်းယွီသည် သူမ၏ ခေါင်းကို ယဲ့ချန်၏ ပုခုံးပေါ်သို့ မှီတွယ်လိုက်သည်။
“တကယ် ပျော်တာပဲ… အိမ်ပြန်ရောက်သလို ခံစားရတယ်… ရှောင်ချန် ဘာဖိအားမှ မထားပါနဲ့။ အရာရာတိုင်းက ငါ့ရဲ့ လိုလိုလားလား ရွေးချယ်မှုပါ။ နောက်ပိုင်း မင်း ငါ့ကို မလိုချင်တော့ရင်တောင် ငါ နောင်တရမှာ မဟုတ်ပါဘူး။ တကယ်ပါ။”
“အစ်မယွီ… ဘာတွေ လျှောက်ပြောနေတာလဲ။ ကျွန်တော် အစ်မအပေါ် ကောင်းကောင်း ဆက်ဆံမှာပါ။ ပြီးတော့ အစ်မကို ပျော်ရွှင်အောင်ကြည်နူးအောင် လုပ်ပေးနိုင်တဲ့ စွမ်းလည်းရှိပါတယ်။”
ယဲ့ချန်သည် တည်ငြိမ်နေသော အဆင့်မှ ပြန်လည် ထွက်ပေါ်လာခဲ့သည်။
'ငါက စနစ်ကို ပိုင်ဆိုင်ထားတဲ့ ယောက်ျားပဲ ငါ့ရဲ့ အမျိုးသမီးကို ဘဝရဲ့ ထိပ်ဆုံး ရောက်အောင် မိနစ်ပိုင်းအတွင်း လုပ်ပေးနိုင်တယ် အရင်တုန်းက ငါ့မှာ ရွေးချယ်စရာ မရှိခဲ့ဘူး ဒါပေမဲ့ အခုတော့ အားလုံးကို ငါ လိုချင်တယ်အစ်မယွီ… အစ်မကငါ့လူပဲ။'
ယဲ့ချန်၏ အမြင်အရ စနစ်ကို ပိုင်ဆိုင်ထားခြင်းက သူ့ကို စူပါမန်းတစ်ယောက် ဖြစ်စေခဲ့သည်။ ချစ်သူ အနည်းငယ် ရှိခြင်းမှာ လုံးဝ ပြဿနာမရှိပေ။
“ရှောင်ချန်… ညဉ့်နက်လှပြီ။ ငါတို့… ငါတို့ အနားယူကြရင် မကောင်းဘူးလား…”
စန်းယွီက တိုးတိုးလေး ရေရွတ်လိုက်ရာ သူမ၏ ရှက်ရွံ့မှုနှင့် ရိုးတွင်းခြင်ဆီမှ ထွက်ပေါ်လာသော ဆွဲဆောင်မှုတို့က လူ၏ အရိုးများကိုပင် ယားယံသွားစေခဲ့သည်။
“ကောင်းပြီလေ။”
ယဲ့ချန်သည် မြင့်မြတ်ပြီး ကြီးကျယ်သော စက္ကန့်ပိုင်း ရောက်ရှိတော့မည်ကို သိလိုက်သည်။
လေးနက်သော တာဝန်တစ်ခုသည်လည်း ယင်းနှင့်အတူ ထွက်ပေါ်လာခဲ့သည်။
တီ...တာဝန် ထွက်ပေါ်လာသည်။
တာဝန် အကြောင်းအရာ— အိမ်ရှင်သည် စန်းယွီအား သိမ်းပိုက်ပြီး သူမနှင့် ချစ်တင်းနှောရမည်။
ဆုကြေး စနစ်သည် တာဝန် ခက်ခဲမှုကို ဆန်းစစ်နေဆဲ ဖြစ်ပြီး ဆုကြေးကို မကြာမီ ရှင်းလင်းပေးမည် ဖြစ်သည်
အိပ်ခန်းအတွင်း။
သူတို့ နှစ်ယောက်သည် ဖက်ကာ အိပ်စက်ခဲ့ကြသည်။
အမျိုးသားက လိုလားသည်။ အမျိုးသမီးက စိတ်ပါသည်။ လောင်စာနှင့် မီးတောက်တို့ ဆုံတွေ့ကြသကဲ့သို့ ချက်ချင်းပင် မီးတောက်သွားခဲ့သည်။ အရာအားလုံးသည် သဘာဝအတိုင်း ဖြစ်ပျက်သွားခဲ့တော့သည်။
ထို့နောက်။
“အစ်မယွီ… အမှန်တော့ ကျွန်တော်အစ်မနဲ့ ဒီလိုမျိုး အမြဲတမ်း လုပ်ချင်ခဲ့တာပါ…”
ယဲ့ချန်က ရိုးသားစွာ ဝန်ခံလိုက်၏။
စန်းယွီသည် နူးညံ့စွာ ရယ်မောလိုက်သည်။
“ငါ သိတာပေါ့ ငါ အမြဲတမ်း သိပါတယ်။ မကောင်းတဲ့ ကောင်လေး။”
“ဟမ် အစ်မ ဘယ်လိုလုပ် သိတာလဲ။”
“ငါ အမြဲတမ်း သေချာ ဖုံးကွယ်ထားတာပါ။ နည်းနည်းလေးမှ လျှို့ဝှက်ချက် မပေါက်ကြားခဲ့ပါဘူး။”
“ငါက မျက်စိကောင်းပါတယ်။”
စန်းယွီက မြှူဆွယ်သော အသံဖြင့် ပြောလိုက်သည်။
“ပုံမှန်ဆိုရင် အထူးသဖြင့် နွေရာသီမှာ ငါ အဝတ်အစား ပါးပါးဝတ်ထားရင် နင်ငါ့ကို စိုက်ကြည့်တတ်တာလေ။ ငါ အနောက်လှည့်လိုက်ရင်တောင် နင့်ရဲ့ အကြည့်တွေကို ငါ ခံစားရတယ် ပိုလို့တောင် ရဲတင်းသေးတယ်။ ရှောင်ချန်… စစချင်းတုန်းကတော့ ငါ တော်တော်လေး ကြောက်ခဲ့တာပါ၊ ဘာပဲဖြစ်ဖြစ် ငါတို့က အိမ်နီးနားချင်းတွေလေ။ ပေမဲ့ နောက်ပိုင်း နင်နဲ့ ရင်းနှီးသွားတော့မှ နင်က တကယ်ကို စိတ်သဘောထားကောင်းပြီး ခိုးချင်စိတ်ပဲ ရှိပြီး သတ္တိမရှိတဲ့သူဆိုတာ သိလိုက်ရတာ။”
“ဒါပေမဲ့ အခုတော့ ကျွန်တော့်မှာ ခိုးချင်စိတ်ရော သတ္တိရော အပြည့် ရှိနေပြီလေ။”
ယဲ့ချန်က မကျေနပ်စွာဖြင့် ပြန်ပြောလိုက်သည်။
“ဒါဟာ နင့်မှာ ခိုးချင်စိတ် ရှိတာ သတ္တိ ရှိတာနဲ့ ဘာမှ မဆိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ငါကိုယ်တိုင်က လိုလိုလားလား ရှိလို့ပါ။ ငါ မစောင့်နိုင်တော့ဘူး။ နင်နဲ့အတူ နေရဖို့အတွက် ငါ မင်းကို ပိုက်ဆံတောင် ပြန်ပေးချင်သေးတာ… ရှောင်ချန်… နင် ငါ့ကို အမြဲတမ်း ပွေရှုပ်တဲ့ မိန်းကလေးတစ်ယောက်လို့ ထင်နေမလား မသိဘူး ပေမဲ့ အဲဒါ မဟုတ်ပါဘူး။
ငါ့ရဲ့ ရုပ်ရည်က ဒီလို ဖြစ်နေတာကို ငါ ဘာမှ မတတ်နိုင်ဘူး။ ငါ ကျိန်ဆိုပါတယ် ငါ အပြင်မှာ ဘယ်ယောကျ်ားနဲ့မှ ရှုပ်ရှုပ်ထွေးထွေး မနေခဲ့ဖူးပါဘူး။ ငါ အလုပ်တွေ အများကြီး ပြောင်းခဲ့ဖူးတယ် အားလုံးက အခြေအနေအရ မဖြစ်မနေ ပြောင်းခဲ့ရတာပါ။ အဓိက အကြောင်းအရင်းကတော့ အများအားဖြင့် သူတို့ရဲ့ တောင်းဆိုချက်တွေကို ငါ မလိုက်လျောချင်လို့ပါ။ ဘဝက ဘယ်လောက်ပဲ ခက်ခဲပါစေ ဆင်းရဲပါစေ ငါ့ရဲ့ အောက်ဆုံး စည်းကမ်းကို ငါ ဘယ်တော့မှ ဖျက်ဆီးမှာ မဟုတ်ပါဘူး။ ငါ့ရဲ့ ခန္ဓာကိုယ်ကို ငါ အချစ်ဆုံး လူအတွက်ပဲ သိမ်းဆည်းထားတာပါ။”
ယဲ့ချန်၏ ရင်ထဲတွင် နွေးထွေးမှုတစ်ခုဖော်ပြ၍ မရနိုင်သော နူးညံ့မှုနှင့် ချိုမြိန်မှုတို့ကို ခံစားလိုက်ရသည်။
စန်းယွီသည် သူ့အား တင်းကျပ်စွာ ဖက်ထားလိုက်သည်။
“အများကြီး ဖိအား မထားပါနဲ့။ ငါ ပြောခဲ့သလိုပါပဲ ဒါက ငါ့ရဲ့ လိုလိုလားလား ရွေးချယ်မှုပါ။ ရှောင်ချန်… အဲဒီနေ့က Jinjiang Grand Hotelမှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက နင်ကသာမန်လူ မဟုတ်ဘူးဆိုတာ ငါ့ကို သိစေခဲ့တယ်။ ယန်မြို့က ဒီလို ထိပ်တန်း မိသားစုတွေက နင့်ကို အလေးအမြတ်ထားတဲ့ ဧည့်သည်အဖြစ် ဆက်ဆံကြတာ။ ဒါပေမဲ့ ငါ နင့်ကို မေးခွန်းတွေ အများကြီး မမေးပါဘူး။ ငါ ဒီဆက်ဆံရေးကိုပဲ သစ္စာရှိရှိ စောင့်ရှောက်ချင်တာပါ။ နင် လုပ်စရာ ရှိတာတွေကို သွားလုပ်ပါ ငါ့ကို နင့်ရင်ထဲမှာပဲ ထားပေးပါ။ ငါက အသိုင်းအဝိုင်း ကောင်းတာ မဟုတ်ဘူး ပုံမှန် အလုပ်တောင် မရှိဘူး။ ငါ ကျေးဇူးကန်းပြီး အများကြီး တောင်းဆိုမှာ မဟုတ်ပါဘူး…”
“အစ်မယွီ… အစ်မကိုယ်အစ်မ အရမ်း အထင်သေးလွန်းပါတယ်။ အတိတ်ကို နှုတ်ဆက်လိုက်ပါတော့။”
ယဲ့ချန်က ပြုံးလိုက်၏။
“အခုကစပြီး အစ်မက မင်းသမီးလေးတစ်ပါးလိုနေရတော့မှာပါ။”
နောက်တစ်နေ့ နံနက်တွင်။
ပြတင်းပေါက်မှတစ်ဆင့် နေရောင်ခြည်များ စိမ့်ဝင်လာခဲ့သည်။ ယဲ့ချန်နှင့် စန်းယွီတို့သည် တစ်ချိန်တည်း နိုးလာခဲ့ကြသည်။
တစ်စုံတစ်ခုသော အကြောင်းအရင်းကြောင့်ထိုအချိန်တွင် စန်းယွီသည် တောက်ပသော အလင်းရောင် အလွှာတစ်ခု ဖုံးလွှမ်းနေသကဲ့သို့ ဖြစ်နေခဲ့သည်။ သူမ၏ အသားအရေမှာ မူလကတည်းက ဖြူဝင်းနေသော်လည်း အခုအခါတွင်မူ ထိုပါးနီလေးနှင့်အတူ ကျောက်စိမ်းကဲ့သို့ ဝင်းလက်နေကာ ပိုမို ရင့်ကျက်ပြီး ပိုမို လှပနေခဲ့သည်။
သူမ၏ မျက်လုံးများသည်လည်း ပိုမို တောက်ပနေပြီး ရေကဲ့သို့ စိုစွတ်ပြောင်လက်နေကာ တစ်ချက် ကြည့်လိုက်ရုံဖြင့် လူ၏ ဝိညာဉ်ကိုပင် ညှို့ယူ ဖမ်းစားနိုင်ပေသည်။
“အစ်မယွီ… အပြင်သွားပြီး မနက်စာ စားရအောင်။”
“အင်း… ရှောင်ချန်… ငါ… ငါ မသွားတော့ဘူး…”
“ငါ နည်းနည်း ပြန်ကောင်းအောင် နားရဦးမယ်။ အခုထိ… အခုထိ… နည်းနည်း နာနေတုန်းပဲ…”
“အင်း… အစ်မယွီ… ငါ့မှာ ဒီမှာ အနာသက်သာစေတဲ့ အဆောင် ဩော် မဟုတ်ဘူးအနာသက်သာစေတဲ့ ဆေး ရှိတယ်။ ငါ အစ်မအတွက် ဖျော်ပေးမယ် သောက်လိုက်ရင် မနာတော့ဘူး။”
ယဲ့ချန်သည် စန်းယွီအတွက် အနာသက်သာစေသော အဆောင်တစ်ခု ရေထဲဖျော်၍ တိုက်ချင်စိတ်ပင် ပေါ်သွားခဲ့သည်။
“မလိုပါဘူး ရှောင်ချန်ရယ်။ ဒီလို အနာတရ ခံစားချက်က တကယ်ကို ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ ဘဝမှာ တစ်ကြိမ်ပဲ ဖြစ်ပေါ်တာလေ။ ပြီးတော့ ဒါကနင့်ဆီက ရတာဆိုတော့။”
စန်းယွီသည် ပျော်ရွှင်နေသော အမျိုးသမီးလေးတယောက်၏ အမူအရာမျိုး ရှိနေခဲ့သည်။
“ဒီလောက်တောင် ကဗျာဆန်တာလား။”
ယဲ့ချန်မှာ မှိုင်တွေသွားခဲ့ရ၏။
“ရှောင်ချန်… နင် လုပ်စရာ ရှိတာတွေကို သွားလုပ်ပါ။ ငါ့မှာလည်း လုပ်စရာတွေ ရှိတယ်။”
“နင် ငါ့ကို ပေးထားတဲ့ စာရွက်စာတမ်းတွေကို သေချာ ဖတ်ပြီး စာမေးပွဲအတွက် ပြင်ဆင်ရမယ်။ ပြီးတော့ ငါ ဒီနေ့ ထန်ရှီးမြို့ကို သွားရမယ်။”
“ထန်ရှီးမြို့ကို ဘာလို့ သွားမှာလဲ။”
ယဲ့ချန်က အံ့ဩစွာ မေးလိုက်သည်။
“ငါနဲ့ အရင်က အတူတူ ခင်ခဲ့ဖူးတဲ့ အစ်မကောင်းတစ်ယောက်က ထန်ရှီးမြို့မှာ ငါ့အတွက် အလုပ်တစ်ခု မိတ်ဆက်ပေးထားတာ။”
စန်းယွီက ပြန်ဖြေ၏။
“ငါ သူမကို မငြင်းဆန်နိုင်ဘူးလေ ဒါကြောင့် သွားကြည့်မလို့ အင်တာဗျူး မဟုတ်ရင် တစ်ခုခုပေါ့။”
“အစ်မယွီ… ဒါ တကယ် လိုအပ်လို့လား။”
ယဲ့ချန်က စကားမဆက်နိုင်ဘဲ ပြောလိုက်၏။
“အစ်မ အလုပ် ရှာစရာ မလိုပါဘူး။ ပြီးတော့ ထန်ရှီးမြို့အထိ သွားရဦးမှာလား။ လိုအပ်လို့လား။ အစ်မ တကယ် ပျင်းနေတယ်ဆိုရင် ငါ အစ်မအတွက် ဆိုင်တစ်ဆိုင် ဖွင့်ပေးမယ်။ KFC၊ Starbucks ဒါမှမဟုတ် Local အဝတ်အထည်ဆိုင် တစ်ဆိုင်ဆိုင်ပေါ့…”
“ရှောင်ချန်… အဲဒီလို အမျိုးသားကြီးစိုးရေးဝါဒ မလုပ်ပါနဲ့။”
စန်းယွီက လေးနက်စွာ ပြောလိုက်၏။
“ငါ့မှာ ကိုယ်ပိုင် လုပ်စရာတွေ ရှိချင်တယ်။ ငါ သာလိကာငှက်ကလေး မဖြစ်ချင်ဘူး။ ငါ ထန်ရှီးမြို့ကို သွားပါရစေ။ အဲဒီ အစ်မက အရင်တုန်းက ငါ့အပေါ် သိပ်ကောင်းခဲ့တာ။ ငါ့အဖေ လောင်းကစား ကြွေးတွေ တင်ပြီး ကြွေးတောင်းတဲ့သူတွေ လာရှာတုန်းက သူမက ငါ့ကို ပိုက်ဆံ ချေးပေးပြီး ဆက်ဆပ်ပေးခဲ့တာ။ သူမကိုယ်တိုင်လည်း ပိုက်ဆံ မရှိပါဘူး။ ဒါပေမဲ့ ငါ့အတွက် နေရာတိုင်းမှာ ပိုက်ဆံ လိုက်ချေးပေးခဲ့တာ။ ဒါဟာ ကျေးဇူးတရားပါ။ သူမ အခု အဲဒီမှာ တော်တော်လေး အဆင်ပြေနေပြီး ငါ့ကို လာစေချင်နေတာ။ သူမကတော့ သူမကို ကူညီဖို့ ပြောပေမဲ့ ငါ့ကို ကူညီချင်လို့ဆိုတာ ငါ သိပါတယ်။ ကဲပါ ငါက ကလေးမဟုတ်ပါဘူး လှည့်စားခံရမှာ မဟုတ်ပါဘူး။ ထန်ရှီးမြို့ကို အင်တာဗျူး သွားရုံနဲ့ အဲဒီမှာ အလုပ်လုပ်ရမယ်လို့ မဆိုလိုပါဘူး… ရက်ပိုင်းလောက် ကြာရင် ငါ ပြန်လာမှာပါ။”
ကိစ္စများမှာ ဒီအဆင့်အထိ ဖြစ်သွားခဲ့ရာ ယဲ့ချန်သည် သူမအား ဆက်လက် ဖျောင်းဖျရန် ခက်ခဲသွားခဲ့သည်။
စန်းယွီသည် အပြင်ပန်းတွင် နူးညံ့သော်လည်း အတွင်းစိတ်တွင် သန်မာသူ ဖြစ်သည်။ ထန်ကျိယွမ် က သူမအား သူမ၏ ခန္ဓာကိုယ်ဖြင့် ကြွေးပြန်ဆပ်ရန် အတင်းအကျပ် ဖိအားပေးခဲ့စဉ်က သူမသည် သေကြောင်းကြံရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။ ဒါဟာ လူအများစုတွင် မရှိသော သန္နိဋ္ဌာန် ဖြစ်သည်။
“ကောင်းပြီလေ။ အစ်မယွီ… အစ်မက တကယ်ကို ကိုယ်ပိုင် အယူအဆ ရှိတဲ့ အမျိုးသမီးတစ်ယောက်ပဲ။”
ယဲ့ချန်က ခေါင်းခါကာ သက်ပြင်းချလိုက်သည်။
“အရင်တုန်းက မိန်းကလေး ဖြစ်ခဲ့ပေမဲ့ အခုတော့ မိန်းမတစ်ယောက် ဖြစ်သွားပြီ ရှောင်ချန်ရဲ့ မိန်းမ။”
စန်းယွီက ဆွဲဆောင်မှုရှိစွာ ပြောလိုက်၏။
“ရှောင်ချန်ကသာ ငါ့ကို အထင်သေးတာပါ ငါ့မှာ အမြဲတမ်း ကိုယ်ပိုင် အယူအဆ ရှိပါတယ်။ ပြီးတော့ ငါ့ကိုယ်ငါ ရှာဖွေကျွေးမွေးနိုင်တယ်လို့ ငါ ခိုင်ခိုင်မာမာ ယုံကြည်တယ်။”
“ကောင်းပြီ တစ်ခုခု ဖြစ်ရင် ချက်ချင်း ဖုန်းဆက်ပါ။”
ယဲ့ချန်က လေးနက်စွာ ပြောလိုက်၏။
“ငါ ထန်ရှီးမြို့မှာ လူတစ်ယောက်ကို သိတယ်လို့ ထင်တာပဲ…”
ယဲ့ချန်သည် စူးဇီချန်း ကို သတိမရဘဲ မနေနိုင်ခဲ့ပေ။ ထိုကောင်သည် ထန်ရှီးမြို့တွင် တော်တော်လေး အဆင်ပြေနေဟန် တူသည်။
ယဲ့ချန်သည် စောင်ကို ဖယ်လိုက်ပြီး အိပ်ရာမှ ထလိုက်သည်။ သန့်ရှင်းသော အဖြူရောင် အိပ်ရာခင်းပေါ်တွင် ထိုတောက်ပသော ရဲနီနေသော ပန်းပွင့်လေးသည် သူနှင့် စန်းယွီအကြားရှိ အချစ်၏ သက်သေပင် ဖြစ်ပေသည်။
တီ...အိမ်ရှင်အား တာဝန် ပြီးမြောက်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။【စန်းယွီအား သိမ်းပိုက်ပြီး သူမနှင့် ချစ်တင်းနှောခြင်း】
【ကံကောင်းစေသော အဆောင်】 တစ်ခု ရရှိသည် သိုလှောင်ခန်းအတွင်း အလိုအလျောက် သိုလှောင်လိုက်ပါပြီ။
ပြုပြင်ရေး စွမ်းအင်၀ ရရှိသည်။
စနစ် ပြုပြင်မှု ၄.၁၃% ပြီးစီးပါပြီ
'ကံကောင်းစေသော အဆောင် ဒါ ဘာပစ္စည်းလဲ။'
ယဲ့ချန်သည် မျက်နှာသစ်ရန် သွားစဉ် 【ကံကောင်းစေသော အဆောင်】 ကို ထုတ်ယူကာ ကြည့်ရှုလိုက်သည်။
တစ်ချိန်တည်းမှာပင် သတင်းအချက်အလက်တစ်ခုသည် ယဲ့ချန်၏ စိတ်ထဲသို့ စီးဝင်လာခဲ့သည်။
【ကံကောင်းစေသော အဆောင် - အသုံးပြုပြီးပါက ၂၄ နာရီအတွင်း ကောင်းကင်ဘုံကို လွန်ဆန်သော ကံကောင်းမှု တစ်ကြိမ် ရရှိစေမည်။ တစ်ကြိမ်သုံး ပစ္စည်း ဖြစ်သည်။】
'ဟေး… စိတ်ဝင်စားစရာပဲ… ကောင်းကင်ဘုံကို လွန်ဆန်တဲ့ ကံကောင်းမှု တစ်ကြိမ်လား။ ဒါဆို ငါ ထီလက်မှတ် အချို့ သွားဝယ်လိုက်ရင် သန်းတစ်ထောင်လောက် ပေါက်သွားနိုင်တာပေါ့။'
မထွက်ခွာမီ ယဲ့ချန်သည် အဆောင်တစ်ခုကို ထုတ်ယူကာ စက္ကူကြိုးကြာငှက်အဖြစ် ခေါက်လိုက်ပြီး စန်းယွီအား သူမ၏ ဘေးတွင် သေချာ ထိန်းသိမ်းထားရန် ပြောလိုက်သည်။
မူလက ယဲ့ချန်သည် စန်းယွီအား ထန်ရှီးမြို့သို့ ကားမောင်းပို့ချင်ခဲ့သော်လည်း စန်းယွီက ယဉ်ကျေးစွာ ငြင်းဆန်ခဲ့သည်။ သူမ၏ အစ်မသည် ယန်မြို့သို့ သူမအား လာရောက် ခေါ်ဆောင်တော့မည် ဖြစ်သည်။
စန်းယွီနှင့် သူမ၏ အစ်မတို့သည် သေချာ စကားပြောချင်ကြသဖြင့် ယဲ့ချန်အား အေးဆေးနားနေရန် ပြောခဲ့ခြင်း ဖြစ်သည်။
ဒါက ယဲ့ချန်အား ရယ်မောစေခဲ့ပြီး စန်းယွီအား ချစ်သူထက် သူငယ်ချင်းကို ပိုဦးစားပေးသည်ဟု ဆူပူလိုက်စေခဲ့သည်။
ထွက်ခွာစဉ် ယဲ့ချန်သည် 【ကံကောင်းစေသော အဆောင်】 ကို ထပ်မံ ထုတ်ယူလိုက်သည်။ စိတ်ကူးလိုက်သည်နှင့် သူ၏ လက်ချောင်းထိပ်မှ တာအိုစွမ်းအင်တစ်ခု ထွက်ပေါ်လာခဲ့ပြီး အဆောင်ကို ချက်ချင်း ပြာအဖြစ်သို့ လောင်ကျွမ်းစေခဲ့သည်။
“ကံကောင်းစေသော အဆောင် ကံကောင်းစေသော အဆောင် ဒီနေ့ ငါ ဘယ်လို ကံကောင်းမှုမျိုးနဲ့ ကြုံတွေ့ရမလဲဆိုတာ ကြည့်ရတာပေါ့…”
ယဲ့ချန်သည် တိုးတိုးလေး ရယ်မောရင်း အိမ်မှ ထွက်ခွာသွားခဲ့တော့သည်။