အခန်း ၁၄၆
Vol. 15 Ch. 146
အခန်း ၁၄၆ - နံရံသရဲ။
ဝေရှော့ အလှဆင်ရေး ကုမ္ပဏီသည် ရှီးယွဲ့အိမ်ရာဝင်းအတွင်း စုစုပေါင်း လေးခန်း ပြုပြင်မွမ်းမံပြီးစီး၍ အိမ်ရှင်များထံ လွှဲပြောင်းပေးခဲ့သည်။
၎င်းတို့မှာ အဆောက်အအုံ ၂ ရှိ အခန်းနံပါတ် ၇၄ (ဒါက ဝမ်ကျွမ်၏ အိမ်ဖြစ်ပြီး သူမသည် မနေ့ကမှ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်)
အဆောက်အအုံ ၂ ရှိ အခန်းနံပါတ် ၅၇၊
အဆောက်အအုံ ၇ ရှိ အခန်းနံပါတ် ၃၃ နှင့်
အဆောက်အအုံ ၁၅ ရှိ အခန်းနံပါတ် ၁၃၆ တို့ ဖြစ်ကြသည်။
လက်ရှိတွင် သူတို့၏ ကုမ္ပဏီသည် အဆောက်အအုံ ၁၁ကို စတင် ပြုပြင်မွမ်းမံနေဆဲ ဖြစ်သော်လည်း အခုမှ စတင်ရုံမျှသာ ရှိသေးသဖြင့် ယင်းကို လျစ်လျူရှုထားနိုင်သည်။
“အဲဒီ အလှဆင်ရေး ကုမ္ပဏီက အဆောက်အအုံ ၂၊ ၇ နဲ့ ၁၅ တို့ကို ကွက်တိ ပြုပြင်ခဲ့တာပဲ။”
ရှယန်နန်က ကွန်ပျူတာ စခရင်ကို စိုက်ကြည့်ရင်း ပုံစံကွက်ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
“ဒီထူးဆန်းပြီး မဖော်ထုတ်နိုင်တဲ့ အဖြစ်အပျက်တွေ အားလုံးက ဝေရှော့ အလှဆင်ရေး ကုမ္ပဏီနဲ့ ဆက်စပ်နေတာများလား။”
လင်းရူရှင်း လုံးဝ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
“အခုမှ ပြောင်းလာတဲ့ အဆောက်အအုံ ၂ အခန်း ၇၄ က အိမ်ရှင် ဝမ်ကျွမ် အပြင် လွန်ခဲ့တဲ့ လအနည်းငယ်က တိုင်ကြားမှု အများဆုံး အိမ်ရှင်တွေဟာ အဆောက်အအုံ ၂ အခန်း ၅၇၊ အဆောက်အအုံ ၇ အခန်း ၃၃ နဲ့ အဆောက်အအုံ ၁၅ အခန်း ၁၃၆ တို့ရဲ့ အိမ်ရှင်တွေ ဖြစ်ကြပါတယ်။ ကျွန်မ မှတ်မိတယ် ဒီအိမ်ရှင်တွေဆိုရင် အိမ်ရာ စီမံခန့်ခွဲရေးကို တိုက်ခိုက်တော့မလိုကို ဒေါသထွက်နေကြတာ မစ္စတာယဲ့… ရှင်… ရှင်က တကယ် အရမ်း တော်တာပဲ ရှင့်က စုံထောက်တစ်ယောက်များ လား။”
“အင်း… တိုက်ဆိုင်တာပါ။”
ယဲ့ချန်က အမှန်အတိုင်း ပြောလိုက်၏။
“အလုပ်စကြရအောင် အိမ်ရာဝင်းထဲက နေထိုင်သူတွေ အားလုံးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးလိုက်ပါ။ အထူးသဖြင့် ဒီအိမ်ထောင်စုတွေကို ဒီနေ့ည အိမ်မှာ ဘယ်သူမှ မကျန်ခဲ့အောင် ပြောထားပါ။ ဒါ့အပြင် မင်းတို့ အိမ်ရာ စီမံခန့်ခွဲရေးက သူတို့ရဲ့ အိမ်သော့တွေကို ရအောင် ယူထားရမယ်။”
“လုံခြုံရေး ဝန်ထမ်းတွေ သန့်ရှင်းရေး ဝန်ထမ်းတွေ အပါအဝင် အိမ်ရာ စီမံခန့်ခွဲရေး ကုမ္ပဏီရဲ့ ဝန်ထမ်း အားလုံးကို စုစည်းပြီး ဆရာကြီး ပြောတဲ့အတိုင်း လုပ်ကြ လူ မလောက်ရင် ရှမိသားစုရဲ့ အခြား အိမ်ရာ စီမံခန့်ခွဲရေး ကုမ္ပဏီတွေကနေ လူတွေကို ပြောင်းရွှေ့ခေါ်ယူလိုက် မြန်မြန်လုပ်။”
ရှယန်နန်က ညွှန်ကြားလိုက်၏။
လင်းရူရှင်းသည် အင်အား ပြင်ဆင်ရန် ချက်ချင်း အပြင်သို့ ထွက်သွားခဲ့သည်။
ယဲ့ချန်သည် ဆိုဖာပေါ်တွင် ထိုင်နေခဲ့၏။
မူလက သူသည် ထျန်းဝေအား ဖမ်းဆီးရန် ရဲတပ်ဖွဲ့ကို ဖုန်းခေါ်ချင်ခဲ့သည်။
ထျန်းဝေသည် လူသတ်မှုနှင့် အလောင်းဖျောက်ဖျက်မှုတွင် ပါဝင်နေကြောင်း ယဲ့ချန် လုံးဝ သေချာနေသောကြောင့် ဖြစ်သည်။
ဒါ့အပြင် ဝမ်ကျွမ်သည်လည်း ဒီလူသတ်မှုနှင့် သွယ်ဝိုက်၍ သက်ဆိုင်နေနိုင်ခြေ ရှိသည်။
ထျန်းဝေသည် လူသတ်၍ အလောင်းကို အပိုင်းပိုင်း ဖြတ်တောက်ခဲ့ရုံတင်မကဘဲ ပြုပြင်မွမ်းမံမှု ပြုလုပ်စဉ် ရုပ်အလောင်း အစိတ်အပိုင်းများကို နံရံများအတွင်း လျှို့ဝှက် ထည့်သွင်းဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ထျန်းဝေက ဘာကြောင့် လူသတ်ခဲ့တာလဲ။
ယဲ့ချန်သည် ထျန်းဝေနှင့် ခေတ္တ ဆုံတွေ့ခဲ့သည်ကို ပြန်လည် စဉ်းစားရင်း ဖြစ်နိုင်ခြေများကို ပုံဖော်ကြည့်လိုက်သည်။
အသတ်ခံလိုက်ရသူသည် ကြီးမားသော မကျေနပ်ချက်များကိုထားခဲ့ပြီး အကြမ်းဖက် သေဆုံးခဲ့ရပြီးနောက် ကလပ်စားချေလိုသော သရဲတစ်ကောင် ဖြစ်လာခဲ့ကာ အိမ်ရာဝင်းအတွင်းရှိ နေထိုင်သူများကို အန္တရာယ် ပေးနေခဲ့ခြင်း ဖြစ်သည်။
ဒီလို သရဲမျိုးကို 【သရဲများ ဆိုင်ရာ မှတ်တမ်းပေါင်းချုပ်】 တွင် မှတ်တမ်းတင်ထားပြီး နံရံသရဲဟု ခေါ်သော အလွန် ရှားပါးသည့် သရဲအမျိုးအစား ဖြစ်သည်။
လုံးဝ ရှုပ်ထွေးမနေပါဘူး။
သို့သော်လည်း ရန်သူကို ရိပ်မိမသွားစေရန်နှင့် ဒီနေ့ည သရဲဖမ်းဆီးရေး စီမံချက်အတွက်ကြောင့် ရဲတပ်ဖွဲ့ကိုနှောင့်ယှက်မည် မဟုတ်ပေ။
“ဆရာကြီး… ဒီနေ့ည သရဲဖမ်းဖို့ ဆရာနဲ့အတူ လိုက်မယ်…”
လင်းရူရှင်း ထွက်သွားပြီးနောက် ရုံးခန်းထဲတွင် ရှယန်နန်နှင့် ယဲ့ချန်တို့နှစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။
ရှယန်နန်သည် ယဲ့ချန်၏ ဘေးတွင် မမှီမတွယ်ဘဲ မနေနိုင်ဖြစ်သွားခဲ့သည်။ သူတို့နှစ်ယောက် အတူတူ ထိုင်နေသည့် ပုံစံမှာ အလွန် ချစ်ခင်ကြသော ခွဲခွာ၍ မရသော ချစ်သူစုံတွဲတစ်တွဲကဲ့သို့ ဖြစ်နေခဲ့သည်။
“ယန်နန်… မင်းဘာလုပ်နေတာလဲ။”
ယဲ့ချန်က ပြုံး၍ မေးလိုက်၏။
“ဆရာကြီး…”
ရှယန်နန်၏ အသံမှာ အလွန် တိုးညှင်းနေခဲ့သည်။
“ဆရာကြီးဘေးမှာ နေချင်နေတာ ကြာလှပြီ… အခုမှပဲ နှစ်ယောက်တည်း ကျန်ခဲ့တော့တာ…”
“ရှယန်နန်… နည်းနည်းလောက် မစောင့်ထိန်းနိုင်ဘူးလား။ မင်းက ရှအုပ်စုရဲ့ ဥက္ကဋ္ဌ လေ။ နေ့ခင်းကြောင်တောင်ကြီးမှာ တည်ငြိမ်မှုကို မထိန်းသိမ်းနိုင်ဘူးလား။ စောစောကတော့ တော်တော်လေး လေးနက်နေသလိုပဲ။”
ယဲ့ချန်က သူမအား တင်းကြပ်စွာ ကြိမ်းမောင်းလိုက်၏။
“ဘုရင်မ ပုံစံဖမ်းတာကို ဆက်မလုပ်နိုင်တော့ဘူးလား။”
“မဟုတ်ပါဘူး… ဆရာကြီး ဒီအိမ်ရာဝင်းထဲမှာ သရဲခြောက်နေလို့ ကျွန်မ တကယ် ကြောက်တာပါ… ဆရာကြီးဘေးမှာနေရင် လုံခြုံတယ်လို့ ခံစားရတယ်…”
ရှယန်နန်သည် သူမ၏ ခေါင်းကို ယဲ့ချန်၏ ရင်ဘတ်ပေါ်သို့ သက်တောင့်သက်သာ မှီနွဲ့လိုက်သည်။
“ပြီးခဲ့တဲ့အကြိမ်က ကလေးသရဲကို ဆရာ သတ်လိုက်တုန်းက အရမ်း စတိုင်ကျတာပဲ…”
ဝိညာဉ်ကို တည်ညိမ်စေခြင်း။
စိတ်ခံစားချက်များ နက်ရှိုင်းလာသောအခါ
သဘာဝအတိုင်း ဝိညာဉ်က တည်ညိမ်လာခဲ့သည်။
ခဏအကြာတွင် တံခါးခေါက်သံ ကြားလိုက်ရသည်။
ရှယန်နန်သည် ချက်ချင်း ခုန်ထလိုက်ပြီး သူမ၏ ဖရိုဖရဲ ဖြစ်နေသော စကတ်ကို အမြန် သပ်ရပ်အောင် ပြုလုပ်လိုက်ကာ သူမ၏ မျက်နှာအမူအရာမှာ တည်ငြိမ် လေးနက်သွားခဲ့သည်။
“ဝင်ခဲ့ပါ။”
‘ဟက်… မိန်းမတွေများ…’
ယဲ့ချန်သည် ခြေချိတ်ထိုင်ကာ ဆေးလိပ်သောက်လိုက်၏။
တံခါး ပွင့်သွားခဲ့သည်။
လင်းရူရှင်း ဝင်လာခဲ့သည်။
“ဥက္ကဋ္ဌရှ၊ မစ္စတာယဲ့… ကျွန်မတို့ အိမ်ရာဝင်းအတွင်းရှိ နေထိုင်သူ အားလုံးကို စုစည်းပေးခဲ့ပြီး အနီးအနားရှိတဲ့ဟိုတယ် နဲ့ ဆက်သွယ်ပေးထားပါတယ်။ နေထိုင်သူ အများစုက ပူးပေါင်းဆောင်ရွက်ဖို့ လိုလိုလားလား ရှိကြပေမဲ့ အချို့သော နေထိုင်သူတွေကတော့ ဒီနေ့ည သူတို့အိမ်မှာပဲ ဆက်နေဖို့ အတင်းအကျပ် တောင်းဆိုနေကြပါတယ်။”
“ဆရာကြီး… အိမ်ရှင်တွေ အားလုံး ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်အောင် လုပ်ဖို့ တော်တော်လေး ခက်ခဲနေပါတယ် ဆရာကြီးသဘော ကရော…”
ရှယန်နန်က ယဲ့ချန်အား ကြည့်လိုက်၏။
“အဆောက်အအုံ ၂ အခန်း ၅၇ အဆောက်အအုံ ၂ အခန်း ၇၄ အဆောက်အအုံ ၇ အခန်း ၃ အဆောက်အအုံ ၁၅ အခန်း ၁၃၆ ဒီအခန်းတွေက အဓိက အခန်းတွေပဲ။”
ယဲ့ချန် မျက်မှောင်ကြုတ်လိုက်၏။
“အခြား အိမ်ရှင်တွေက သူတို့သဘောအတိုင်း သွားချင်တယ်ဆိုရင် ငါတို့ သူတို့ကို လျစ်လျူရှုထားလိုက်လို့ ရပါတယ်။”
“မစ္စတာယဲ့… အဆောက်အအုံ ၂ အခန်း ၇၄ က အိမ်ရှင် ဝမ်ကျွမ် ကလွဲလို့ အခြား အိမ်ရှင် သုံးယောက်စလုံးက ဒီနေ့ည ဟိုတယ်သို့ ပြောင်းရွှေ့ဖို့ သဘောတူခဲ့ကြပါတယ်။ ဒီမှာ သူတို့ရဲ့ အခန်းသော့တွေပါ။”
လင်းရူရှင်းက သော့ သုံးစုံကို ယဲ့ချန်ထံ လက်ဆောင်ပေးလိုက်သည်။
“ဟက်… ဝမ်ကျွမ် ရပါတယ် သူမပူးပေါင်းလည်း ထားလိုက်ပါ။”
ယဲ့ချန်က လှောင်ပြုံးပြုံးကာ ရေရွတ်လိုက်၏။
“သေဆုံးသူ အများစုက သူမနဲ့ ဆက်စပ်နေနိုင်တယ်။”
“ဆရာကြီး… ဘယ်သူ သေတာလဲ။”
ရှယန်နန်က စပ်စုစွာ မေးလိုက်သည်။
“ညကျရင် သိရလိမ့်မယ်။”
ယဲ့ချန်က ပြောလိုက်၏။
ညစာအတွက် ယဲ့ချန်၊ ရှယန်နန်နှင့် လင်းရူရှင်းတို့သည် အိမ်ရာ စီမံခန့်ခွဲရေး ရုံးတွင် သာမန် ဝန်ထမ်း ထမင်းဟင်းကိုပဲ စားသုံးခဲ့ကြသည်။
ဒီနေ့ည စီမံချက်တွင် ပါဝင်သူများမှာ ယဲ့ချန်၊ ရှယန်နန်နှင့် လင်းရူရှင်းတို့ ဖြစ်ကြသည်။
လင်းရူရှင်းသည် အိမ်ရာ မန်နေဂျာဖြစ်ပြီး အိမ်ရာဝင်း ပတ်ဝန်းကျင်ကို အသိဆုံးဖြစ်သဖြင့် သူမ ပါဝင်ခြင်းက ကိစ္စရပ်များစွာကို ပိုမို အဆင်ပြေစေသည်။
သို့သော်လည်း လင်းရူရှင်းသည် လွန်စွာ စိတ်လှုပ်ရှားနေခဲ့သည်။
“မန်နေဂျာလင်း… မကြောက်ပါနဲ့။ ငါ ဒီမှာ ရှိနေသရွေ့ ကြီးကြီးမားမား ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး။”
ယဲ့ချန်က သူမအား နှစ်သိမ့်လိုက်သည်။
“နံရံ ခွဲတဲ့ တူမျိုး ငါ့အတွက် သွားရှာပေးလို့ ရမလား။”
မကြာမီ လင်းရူရှင်းသည် ကျောက်ဆစ်တူ ကိုင်ဆောင်ထားသော လုံခြုံရေး ဝန်ထမ်းတစ်ယောက်နှင့်အတူ ဝင်လာခဲ့ပြီး တူကို ယဲ့ချန်ထံ ပေးအပ်ခဲ့သည်။
ယဲ့ချန်သည် တူကို ပုခုံးပေါ် ထမ်းလိုက်ပြီး နှုတ်ခမ်းတွင် ဆေးလိပ်တစ်လိပ် ခဲကာ အိမ်ရာ စီမံခန့်ခွဲရေး ရုံးမှ ထွက်ခွာခဲ့၏။
ရှယန်နန်နှင့် လင်းရူရှင်းတို့သည် နောက်မှ ကပ်လျက် လိုက်ပါလာခဲ့ကြသည်။
လူသုံးယောက်သည် အိမ်ရာဝင်း၏ အလယ်ကွင်းပြင်တွင် ရပ်တန့်လိုက်ကြသည်။
ညဉ့်နက်လာသည်နှင့်အမျှ တိမ်တိုက်များ နိမ့်ကျလာပြီး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
အိမ်ရာဝင်း၏ မီးမောင်းများသည် ရှေ့နောက် ဝဲပျံနေပြီး ကြမ်းပြင်ပေါ်တွင် ထောက်လှမ်းရခက်သော ပုံရိပ်များကို ဖန်တီးနေခဲ့သည်။
တစ်ခါတစ်ရံ လေပြင်းတစ်ချက် တိုက်ခတ်သွားသောအခါ ပတ်ဝန်းကျင်ရှိ အရာတစ်ခုခုက အနက်အရှိုင်း အမျိုးမျိုးဖြင့် အသက်ရှူနေသကဲ့သို့ အသံထွက်ပေါ်လာခဲ့သည်။
ယဲ့ချန်သည် ယင်-ယန် မျက်လုံးများကို ဖွင့်လှစ်၍ စကြည့်လိုက်သည်။
ပါးလွှာသော မကျေနပ်ချက် အနက်ရောင် အငွေ့အသက်များသည် အိမ်ရာဝင်း၏ ကောင်းကင်ယံထက်တွင် စတင် စုစည်းနေပြီ ဖြစ်သည်။
ဒီမကျေနပ်ချက်များသည် တဖြည်းဖြည်း သန်မာလာခဲ့သည်။
အထူးသဖြင့် အဆောက်အအုံ ၂၊ ၇ နှင့် ၁၅… ဒီ ဓာတ်လှေကား အဆောက်အအုံ သုံးခုသည် မကျေနပ်ချက်များ၏ အရင်းအမြစ် ဖြစ်သည်။
ထိုအချိန်တွင် ယဲ့ချန်၏ ယင်-ယန် မျက်လုံးများအတွင်း ထိုအဆောက်အအုံ သုံးခုသည် မြေပြင်မှ ထွက်ပေါ်လာသော အုတ်ဂူကျောက်တိုင် သုံးခုကဲ့သို့ ဖြစ်နေခဲ့သည်။
ထောက်လှမ်းရခက်ပြီး ကြောက်စရာကောင်းလိုက်တာ။
“ဆရာကြီး… ငါတို့ ဘယ်အချိန်မှ စလှုပ်ရှားကြမလဲ။”
“မကျေနပ်ချက်က မသန်မာသေးဘူး ဒါကြောင့် သရဲတွေက ချက်ချင်း ထွက်လာပြီး ဒုက္ခပေးနိုင်ဦးမှာ မဟုတ်ဘူး။ နည်းနည်း ထပ်စောင့်ကြရအောင်။”
ည ၁၀ နာရီခန့် အချိန်သို့ ရောက်ရှိလာခဲ့၏။
ယဲ့ချန်၏ ယင်-ယန် မျက်လုံးများ၏ မြင်ကွင်းအတွင်း အနက်ရောင် မီးခိုးများသည် အိမ်ရာဝင်းတစ်ခုလုံး အထက်တွင် လွင့်ပျံနေပြီး စုတ်ပြတ်သတ်နေသော သရဲမျက်နှာများအဖြစ် စုစည်းသွားခဲ့သည်။
အဆောက်အအုံ ၂၊ ၇ နှင့် ၁၅… ထိုအဆောက်အအုံ သုံးခုသည် ပိုမို အသက်မဲ့လာခဲ့ပြီး အဆောက်အအုံတစ်ခုစီ၏ နံရံများအတွင်း သွေးကြောများ သို့မဟုတ် သစ်ပင်ခက်များကဲ့သို့ အကြောများ ပေါ်ထွက်လာကာ အဆောက်အအုံတစ်ခုလုံးကို ဖြတ်သန်းစီးဆင်းရင်း သွေးနီရောင် အလင်းများ ကောင်းကင်သို့ ထိုးထွက်နေခဲ့သည်။
“ကောင်းပြီ သွားကြမယ် ပထမဆုံး အဆောက်အအုံ ၂ အခန်း ၅၇”
ယဲ့ချန်က လင်းရူရှင်းအား လမ်းပြရန် အချက်ပြလိုက်သည်။ လင်းရူရှင်း တုန်လှုပ်သွားခဲ့သည်။
“မန်နေဂျာလင်း… မနက်ဖြန် ဘဏ္ဍာရေးဌာနကို အကြောင်းကြားပြီး နင့်ရဲ့ လစာကို ၃၀ ရာခိုင်နှုန်း တိုးပေးမယ်။” ယ
ရှယန်နန်က ပြောလိုက်သည်။
“ဥက္ကဋ္ဌရှ… ကျေးဇူးတင်ပါတယ်။”
လင်းရူရှင်း အံကြိတ်လိုက်ပြီး လမ်းပြခဲ့တော့သည်။ လူသုံးယောက်သည် အဆောက်အအုံ ၂ အတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။
သို့သော်လည်း ဓာတ်လှေကား တစ်ခုစီသည် ပုံမှန်မဟုတ်ဘဲ အပေါ်အောက် ရွေ့လျားနေပြီး ညွှန်ပြမီးများသည် မသိနိုင်သော စွမ်းအင်တစ်ခု၏ နှောင့်ယှက်ခြင်းကို ခံရသကဲ့သို့ ရူးသွပ်စွာ လင်းလက်နေခဲ့သည်။
လူသုံးယောက်မှာ လှေကားအတိုင်း တက်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိခဲ့ပေ။
နေထိုင်သူ အများစုကို ရွှေ့ပြောင်းပေးထားသဖြင့် အဆောက်အအုံမှာ စွန့်ပစ်ထားသကဲ့သို့ ဖြစ်နေပြီး တစ်ခုလုံး လွန်စွာ တိတ်ဆိတ်နေခဲ့သည်။
လှေကားအတိုင်း တက်သွားစဉ် ဖြတ်သန်းသွားသော အခန်းများသည် သင်္ချိုင်းဂူအတွင်းရှိ နံပါတ်တပ်ထားသော အုတ်ဂူကျောက်တိုင်များနှင့် တူနေခဲ့သည်။
မကြာမီ လူသုံးယောက်သည် အခန်းနံပါတ် ၅၇ ၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့ကြသည်။
ယဲ့ချန်သည် ထိုအိမ်၏ သော့ကို ထုတ်ယူကာ တံခါးကို ဖွင့်လိုက်၏။
တံခါး ပွင့်သွားသည်နှင့် အေးစက်သော လေပြင်းတစ်ချက် တိုးဝင်လာခဲ့သည်။
အခန်းအတွင်းမှာ မှောင်မိုက်နေပြီး ခါးသီးစွာ အေးစက်နေခဲ့သည်။
ယဲ့ချန်သည် 【ဝိညာဉ်တည်ငြိမ် အဆောင်】 နှစ်ခု၊【ကာကွယ်ရေး အဆောင်】 နှစ်ခုတို့ကို ထုတ်ယူကာ ရှယန်နန်နှင့် လင်းရူရှင်းတို့အား အသီးသီး ပေးအပ်ခဲ့ပြီး ခန္ဓာကိုယ်နှင့် နီးကပ်စွာ ထားရှိရန် ညွှန်ကြားလိုက်သည်။
အတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ မီးများကို ဖွင့်၍ မရတော့ပေ။
ပြတင်းပေါက်မှတစ်ဆင့် လရောင် အနည်းငယ် စိမ့်ဝင်လာသဖြင့် အလင်းရောင် အနည်းငယ် ရရှိခဲ့သည်။
ယဲ့ချန်သည် ယင်-ယန် မျက်လုံးများကို ဖွင့်လှစ်ကာ အဓိက အိပ်ခန်းသို့ တိုက်ရိုက် သွားရောက်ခဲ့သည်။
သူသည် ကုတင်နှင့် တိုက်ရိုက် မျက်နှာချင်းဆိုင် နံရံ၏ ရှေ့တွင် ရပ်တန့်လိုက်သည်။
“ဒီအိမ်ထောင်စုက မင်္ဂလာဦး ဇနီးမောင်နှံ ဖြစ်ပြီး ညတိုင်း အိမ်မက်ဆိုးတွေ မက်နေရတယ်လို့ တိုင်ကြားထားတယ်။ မကောင်းဆိုးဝါး မျက်လုံးတစ်စုံကို အမြဲ အိမ်မက်မက်နေရတယ်တဲ့။ ညသန်းခေါင်မှာ နိုးလာတဲ့အခါ နံရံပေါ်မှာ သွေးစွန်းနေတဲ့ မျက်လုံးတွေကို တွေ့ခဲ့ကြရတယ် မဟုတ်လား။”
ယဲ့ချန် အနည်းငယ် ပြုံးလိုက်သည်။
“မစ္စတာယဲ့… အဲဒါ… အဲဒီလိုပါပဲ…”
လင်းရူရှင်းက တုန်လှုပ်စွာ ပြန်လည် ဖြေကြားခဲ့သည်။
“ဟုတ်တယ် ဒါက လူသတ်မှုတစ်ခုပဲ။ လူသတ်သမားက သားကောင်ကို သတ်ပြီး အလောင်းကို အပိုင်းပိုင်း ဖြတ်တောက်တယ် အပိုင်း လေးပိုင်း ခွဲပြီး အိမ်လေးခန်းရဲ့ နံရံတွေအထဲ ထည့်ပြီးဆောက်လုပ်ခဲ့တာ။ ငါ မမှားဘူးဆိုရင် သားကောင်ရဲ့ ဦးခေါင်းက ဒီနံရံထဲမှာ ပုန်းကွယ်နေတာ ဖြစ်ရမယ်။ ဒါကြောင့်သားကောင်က သရဲဖြစ်လာပြီး ဒီအိမ်အိမ်ရှင်က ညဘက်တွင် မျက်လုံးတွေကို အိမ်မက်မက်တာ သွေးထွက်နေတဲ့ မျက်လုံးတစ်စုံကို…”
ယဲ့ချန်က လျင်မြန်စွာ ပြောလိုက်၏။
လင်းရူရှင်းမှာ ကြောက်လန့်လွန်း၍ သေတော့မလို ဖြစ်သွားခဲ့သည်။
ရှယန်နန်က သူမအား အမြန် တွေးကူလိုက်၏။
“မန်နေဂျာလင်း… အားတင်းထားပါ။”
“ဒါကို နံရံသရဲလို့ ခေါ်တယ်။”
ယဲ့ချန်က ယုံကြည်မှုရှိစွာ ပြောလိုက်၏။
“နံရံသရဲတွေက အရမ်းရှားတယ်။ သူတို့က နံရံတွေထဲမှာ ရေထဲက ငါးလိုမျိုး လွတ်လွတ်လပ်လပ်သွားနိုင်ကြတယ်။ ဥပမာအားဖြင့် အဆောက်အအုံ သုံးခုမှာ နံရံသရဲရဲ့လှုပ်ရှားမှု အတိုင်းအတာက တိကျတဲ့အလွှာတစ်ခုတည်းမှာ ကန့်သတ်မထားဘဲ အဆောက်အအုံ တစ်ခုလုံးမှာ ဖြစ်တယ်။ နံရံ ရှိတဲ့နေရာတိုင်းမှာ သူတို့ရဲ့ လှုပ်ရှားမှု အတိုင်းအတာ ရှိတယ်။”
“ဩော်… ဆရာကြီးအဲဒါဆို နံရံသရဲက အထက်လွှာကို သွားပြီး နေထိုင်သူတွေကို ခြောက်လှန့်နိုင်သလို နောက်တစ်မိနစ်မှာ အောက်လွှာမှာ ပေါ်လာနိုင်တာပေါ့… သူတို့ရဲ့ လှုပ်ရှားမှုက အရမ်း သွက်လက်တာပဲ။”
ရှယန်နန်က ရုတ်တရက် သဘောပေါက်သွားခဲ့၏။
“အံ့ဩစရာ မရှိပါဘူး အိမ်ရှင်တွေ အရမ်း တိုင်ကြားခဲ့ကြတာ။”
“ဟုတ်တယ် လှုပ်ရှားမှု အရမ်း သွက်လက်တယ်။ ဒါပေမဲ့ နံရံသရဲတွေကို ကိုင်တွယ်ဖို့ နည်းလမ်းတစ်ခု ရှိတယ်။ နံရံကို ခွဲဖျက်ပြီး ရုပ်အလောင်း သို့မဟုတ် အလောင်း အစိတ်အပိုင်းတွေကို ထိန်းချုပ်လိုက်တာပဲ။”
“မစ္စတာယဲ့… ရှင့်စကားအရဆိုရင် အလောင်းကို အပိုင်း လေးပိုင်း ဖြတ်တောက်ထားတာဆိုတော့… နံရံသရဲ စုစုပေါင်း လေးကောင် ရှိနေတာပေါ့နော်။”
လင်းရူရှင်းက တုန်လှုပ်သော အသံဖြင့် မေးလိုက်သည်။
“အဲဒီလိုလည်း နားလည်လို့ ရပါတယ်။”
ယဲ့ချန် ခေါင်းညိတ်လိုက်သည်။
“အလောင်း အစိတ်အပိုင်း တစ်ခုစီက ယင်ဝိညာဉ်၏ အစိတ်အပိုင်းတစ်ခုကို ကိုယ်စားပြုတယ်။ ဒီနံရံသရဲကို ယင်ဝိညာဉ် စုစည်းမှု လေးခုနဲ့ ဖွဲ့စည်းထားတာ။”
“ဖယ်ကြ ငါ နံရံကို ခွဲတော့မယ်။”
ယဲ့ချန်က ရှယန်နန်နှင့် လင်းရူရှင်းတို့အား နောက်သို့ ဆုတ်ရန် ပြောလိုက်သည်။
ထို့နောက်။
သူသည် 【ပုံရိပ်ဖော် အဆောင်】 တစ်ခုကို မီးရှို့လိုက်သည်။ တောက်ပသော ရွှေရောင် အလင်းသည် နံရံတစ်ခုလုံးကို လင်းလက်သွားစေခဲ့သည်။
ပုံရိပ်ဖော် အဆောင်၏ အလင်းအောက်တွင် အနက်ရောင် မကျေနပ်ချက်များသည် နံရံပေါ်တွင် ဒီရေကဲ့သို့ လှိမ့်တက်လာခဲ့သည်။
ယဲ့ချန်သည် သူ၏ လက်မောင်းကို လွှဲလိုက်ပြီး တူဖြင့် နံရံကို ကျယ်လောင်သော အသံဖြင့် ရိုက်နှက်လိုက်သည်။
ဒုန်းးး
သွေးများ နံရံမှ ပန်းထွက်လာခဲ့ပြီး နံရံတစ်ခုလုံး သွေးနီရောင် စွန်းထင်းသွားခဲ့သည်။
“အားးးး”
နံရံမှ သွေးများ ပန်းထွက်လာသည်ကို မြင်လိုက်ရသဖြင့် ရှယန်နန်နှင့် လင်းရူရှင်းတို့သည် ကြောက်လန့်တကြား အော်ဟစ်လိုက်ကြပြီး သူတို့၏ မျက်နှာများ ဖြူဖျော့သွားကာ ခြေလှမ်းအနည်းငယ် နောက်သို့ ဆုတ်လိုက်ကြသည်။
ယဲ့ချန်သည် ခွန်အား အရမ်း သန်မာသဖြင့် တစ်ချက်တည်းနှင့် နံရံကို အက်ကွဲသွားစေခဲ့သည်။
ယဲ့ချန်သည် တူကို ထပ်မံ လွှဲရိုက်လိုက်၏။
သွေးများသည် ပိုမို ပန်းထွက်လာပြီး အခန်းတစ်ခုလုံး စွန်းထင်းသွားခဲ့သည်။ တူဖြင့် နံရံကို နှစ်ကြိမ် ရိုက်ပြီးနောက် ယဲ့ချန်သည် ကျောက်ဆစ်တူကို အောက်သို့ ချလိုက်ပြီး ပျက်စီးနေသော အင်္ဂတေများကို ခွာထုတ်ရန် လက်ကို ဆန့်ထုတ်လိုက်သည်။
ထိုအချိန်တွင်။
အင်္ဂတေ အပိုင်းအစတစ်ခုကို ခွာထုတ်လိုက်ပြီးနောက် ယဲ့ချန် ရှယန်နန်နှင့် လင်းရူရှင်းတို့ အားလုံးသည် နံရံအတွင်း၌ ပုပ်သိုးနေသော အရေပြား အပိုင်းအစ နှစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။
အံ့ဩစရာကောင်းစွာပင်။
ပုပ်သိုးနေသော အရေပြား အပိုင်းအစ နှစ်ခုသည် တစ်ချိန်တည်းမှာပင် မတက်လာခဲ့သည်။
ဒါဟာ ပေါ်လွင်သွားခဲ့ပြီ။
မကျေနပ်ချက်များ ရက်စက်မှုများနှင့် မုန်းတီးမှုများ ပြည့်နှက်နေသော စိမ်းကားပြီး ပြူးထွက်နေသော မျက်လုံးတစ်စုံ။