← Chapters

အခန်း ၁၄၇

Vol. 15 Ch. 147

အခန်း ၁၄၇

Vol. 15 Ch. 147

အခန်း ၁၄၇ - ယဲ့ချန်... မင်းအကုန်လုံး သိနေတာပေါ့လေ။

မုန်းတီးမှုနှင့် မကျေနပ်ချက်များ ပြည့်နှက်နေသော ထိုမျက်လုံးများ ပေါ်ထွက်လာပြီးနောက် ပတ်ဝန်းကျင် နံရံများသည် တွန့်လိပ်လာပြီး အင်္ဂတေများ အရှိန်အဟုန်ဖြင့် ကွာကျလာခဲ့သည်။

မကြာမီ သေဆုံးသူ၏ ဦးခေါင်းတစ်ခုလုံး ပေါ်ထွက်လာခဲ့သည်။

သေဆုံးသူ၏ ဦးခေါင်းသည် လည်ပင်းမှ ဖြတ်တောက်ခံထားရပြီး သူ၏ မျက်နှာမှာ အသားစများ စုတ်ပြတ်နေကာ ပုပ်သိုး၍ လောက်ကောင်များ တွားသွားနေခဲ့သည်။

ရုတ်တရက် သူ၏ နှုတ်ခမ်းထက်တွင် လှောင်ပြုံး ရောယှက်နေသော မကောင်းဆိုးဝါး အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။

သွေးနီရောင် စွန်းထင်းနေသော ပြူးထွက်နေသည့် မျက်လုံးများသည် ယဲ့ချန်အား စိုက်ကြည့်နေခဲ့သည်။

ယဲ့ချန်၏ ခန့်မှန်းချက်မှာ ကွက်တိ မှန်ကန်နေခဲ့သည်။ နံရံထဲတွင် သေဆုံးသူ၏ ဦးခေါင်း ရှိနေခဲ့သည်။

ဒါတင်မကပေ။ ဒီခေါင်းသည် သာမန် ခေါင်းမဟုတ်တော့ဘဲ ကလဲ့စားချေလိုသော သရဲအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ဒီမြင်ကွင်းက တကယ်ကို ထိတ်လန့်စရာ အကောင်းဆုံး ဖြစ်သည်။

ဒါဟာ သဲထိတ်ရင်ဖို ရုပ်ရှင်တွေထက် ဆယ်ဆ သို့မဟုတ် အဆပေါင်း ရာချီ ပိုမို ကြောက်စရာကောင်းသည်။

ရှယန်နန်နှင့် လင်းရူရှင်းတို့သည် ကြောက်ရွံ့မှုများ ခန္ဓာကိုယ်အတွင်း စိမ့်ဝင်သွားသကဲ့သို့ ခံစားလိုက်ရပြီး အေးစက်လွန်း၍ တုန်လှုပ်နေခဲ့ကြသည်။

“ဟက်… ဒီလောက် ကြီးမားတဲ့ မကျေနပ်ချက်နဲ့ဆိုရင် ရက်စက်ပြီး သွေးဆာနေတဲ့ ဝိညာဉ်ဆိုးအဖြစ် ပြောင်းလဲတော့မယ်လို့ ငါထင်တယ်…”

ယဲ့ချန်က ရယ်မောလိုက်သည်။

“ယန်နန်… မင်း ငါ့ဆီ အချိန်မီ ရောက်လာလို့ တော်သေးတာပေါ့ မဟုတ်ရင် ဒီအိမ်ရာဝင်းထဲက နေထိုင်သူတွေ အော်ဟစ်တိုင်ကြားတာတင် မကတော့ဘး လူတွေ သေကုန်ကြလိမ့်မယ်။”

သူ့စကား အဆုံးသတ်လိုက်သည်နှင့် ယဲ့ချန်၏ စိတ်ထဲတွင် ရုတ်တရက် အသိတစ်ခု ဝင်လာခဲ့ပြီး စနစ်မှ တာဝန်တစ်ခု ထွက်ပေါ်လာခဲ့သည်။

တာဝန် ထွက်ပေါ်လာခြင်း တာဝန် ရည်မှန်းချက် - အိမ်ရှင်သည် နံရံသရဲအား အမြစ်ပြတ် သုတ်သင်ရှင်းလင်းရမည်။

ဆုလာဘ် - စနစ်မှ တာဝန် ခက်ခဲမှုကို သုံးသပ်နေဆဲ ဖြစ်သည်။ ဆုများကို နောက်မှ ပေးအပ်မည် ဖြစ်သည်။

“ဟီးဟီးဟီး… ဟီးဟီးဟီး”

နံရံထဲမှ ဦးခေါင်းသည် ပါးစပ်ကို ဖွင့်လိုက်ပြီး အကြိမ်အနည်းငယ် ရယ်မောလိုက်သည်။ ထိုအသံသည် သံထည်ပစ္စည်းများ ပွတ်တိုက်သကဲ့သို့ စူးရှပြင်းထန်နေပြီး သရော်မှုနှင့် မကျေနပ်ချက်များ ပြည့်နှက်နေခဲ့သည်။

နောက်တစ်စက္ကန့်တွင် နံရံတစ်ခုလုံးသည် လင်းလက်သွားခဲ့ပြီး မည်းနက်သော မကျေနပ်ချက် အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။ မကြာမီ ဒီမကျေနပ်ချက်များသည် နံရံပေါ်တွင် အနက်ရောင်နှင့် အဖြူရောင် ရုပ်ပုံများအဖြစ် ပေါ်ထွက်လာခဲ့သည်။

ဒီရုပ်ပုံများ အားလုံးသည် လှုပ်ရှားနေကြပြီး ရှေးဟောင်း အနက်ရောင်နှင့် အဖြူရောင် ရုပ်ရှင်များနှင့် တူနေခဲ့သည်။

“ဒါက… ငါတို့ကို ရုပ်ရှင် ကြည့်ခိုင်းနေတာလား။”

ယဲ့ချန်က အံ့အားသင့်စွာ မေးလိုက်သည်။

မြင်ကွင်းသည် ဟိုတယ် အခန်းတစ်ခန်းအတွင်းရှိ ကုတင်ပေါ်တွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ဆက်ဆံနေကြခြင်းဖြင့် စတင်ခဲ့သည်။

ယဲ့ချန်သည် ဒီလိုမျိုး ကိစ္စမျိုး တစ်ခါမျှ မကြုံဖူးပေ။ သူသည် 【ပုံရိပ်ဖော် စက်အဆောင်】 နောက်တစ်ခုကို မီးရှို့လိုက်ပြန်သည်။

ရှယန်နန်နှင့် လင်းရူရှင်းတို့သည်လည်း လုံးဝ ကြောက်နေခဲ့ကြသော်လည်း သူတို့၏ မျက်လုံးများသည် နံရံပေါ်သို့ အလိုအလျောက် စိုက်ကြည့်မိလျက်သား ဖြစ်သွားခဲ့ကြသည်။

“အဟမ်း… ဒါ သရဲရဲ့ အရင်ဘဝက အမှတ်တရတွေ ဖြစ်ရမယ်။”

ဒီအခြေအနေက ယဲ့ချန်ကို အနည်းငယ် ရှက်ရွံ့သွားစေခဲ့သော်လည်း ကုတင်ပေါ်ရှိ အမျိုးသမီးမှာ ဝမ်ကျွမ် ဖြစ်ကြောင်း သူ ချက်ချင်း သဘောပေါက်သွားခဲ့သည်။

မြင်ကွင်းမှာ အနက်ရောင်နှင့် အဖြူရောင် ဖြစ်ပြီး အရည်အသွေးမှာ နိမ့်ကျလှသော်လည်း ဝမ်ကျွမ်၏ ခန္ဓာကိုယ် အချိုးအစားမှာ အလွန် ကောင်းမွန်ကြောင်း မြင်တွေ့နိုင်သေးသည်။

သူမ၏ ခန္ဓာကိုယ် အချိုးအစားထက် ပိုမို ကောင်းမွန်သည်မှာ သူမ၏ ကျွမ်းကျင်မှု ပညာ ဖြစ်သည်။

အမျိုးသားမှာ ဝမ်ကျွမ်နှင့် အသက်အရွယ် တူညီပြီး မာနကြီးသည့် အမူအရာဖြင့် ဝမ်ကျွမ်အား ခိုင်းစေနေခဲ့သည်။

ဝမ်ကျွမ်သည် အလွန် မျက်နှာချိုသွေးနေခဲ့ပြီး မိမိကိုယ်ကို လူတစ်ယောက်အဖြစ် မသတ်မှတ်ထားသကဲ့သို့ပြုကာ ထိုအမျိုးသားအား အစွမ်းကုန် ပြုစုနေခဲ့သည်။

“ဒီမိန်းမက တကယ် သိက္ခာမရှိဘူး…”

ရှယန်နန်သည် ရှက်ရွံ့လွန်း၍ မျက်နှာနီရဲသွားခဲ့ပြီး မထီမဲ့မြင် ပြုလိုက်သည်။

လင်းရူရှင်းကလည်း ခေါင်းညိတ်၍ သဘောတူလိုက်သည်။ သူမ၏ ပါးပြင်များ နီရဲနေခဲ့ပြီး ရင်ဘတ်ထဲတွင် အသက်ရှူ မြန်နေခဲ့သည်။

ရှယန်နန်နှင့် လင်းရူရှင်းတို့သည် ဒီလို ရုပ်ရှင်မျိုး တစ်ခါမျှ မကြည့်ဖူးကြပေ။ ဒါဟာ သူတို့ရဲ့ ပထမဆုံးအကြိမ် ဖြစ်ပြီး သရဲတစ်ကောင်က ပြသလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ကြပေ။

ယဲ့ချန်သည် ရုပ်ပုံ ချောမွေ့စွာ ထွက်ပေါ်လာစေရန်အတွက် 【ပုံရိပ်ဖော် အဆောင်】 ကို တစ်ခါတစ်ရံ မီးရှို့ပေးနေခဲ့​သည်။

ကိစ္စရပ်များ ပြီးဆုံးသွားပြီးနောက်။

ဝမ်ကျွမ်နှင့် ထိုအမျိုးသားတို့ စကားပြောဆိုကြတော့သည်။

အဓိက အကြောင်းအရာမှာ ဝမ်ကျွမ်သည် ထိုအမျိုးသားနှင့် ဆက်ဆံရေးကို ခိုင်မာစေချင်သည်။ သူ၏ မိဘများနှင့် ဆုံတွေ့ချင်ပြီး ထိမ်းမြားလက်ထပ်ရန်ပင် အဆိုပြုခဲ့သည်။

အမျိုးသားက ပြတ်သားစွာ ငြင်းပယ်ခဲ့သည်။

သူတို့နှစ်ယောက် အငြင်းပွားခဲ့ကြသည်။

နောက်ဆုံးတွင် အမျိုးသား၏ ဒေါသအဖြစ်သို့ ကူးပြောင်းသွားခဲ့သည်။ သူသည် ဝမ်ကျွမ်၏ မျက်နှာကို အကြိမ်ပေါင်းများစွာ ရိုက်နှက်ခဲ့ပြီးနောက် အဝတ်အစားများ ဝတ်ဆင်ကာ ထွက်ခွာသွားခဲ့သည်။

မြင်ကွင်း ပြောင်းလဲသွားခဲ့သည်။ ပြုပြင်မွမ်းမံနေဆဲဖြစ်သောအဆောက်အအုံတစ် ခုသို့ ရောက်ရှိလာခဲ့သည်။

“ဒါ ငါတို့ အိမ်ရာဝင်းရဲ့ ပုံစံ မဟုတ်ဘူးလား။ ၈၃ စတုရန်းမီတာ ရှိတဲ့ ရိုးရာ အခန်းသေးလေးလေ။”

လင်းရူရှင်းက ပွင့်ထွက်ပြောလိုက်၏။

အမျိုးသားသည် ရေစိုနေသော အခန်းလွတ်အတွင်း ပေါ်ထွက်လာခဲ့သည်။

မျက်နှာအမူအရာမှာ ဆက်လက်၍ မာန်ထန်နေဆဲ ဖြစ်သည်။ တံခါး ပွင့်သွားပြီး အခြား အမျိုးသားတစ်ယောက် ဝင်လာခဲ့သည်။

“ဒါ ထျန်းဝေ ပဲ။”

ယဲ့ချန် ခေါင်းကို အနည်းငယ် ညိတ်လိုက်၏။

“ဟုတ်တယ် ငါ ခန့်မှန်းထားတဲ့အတိုင်းပဲ။”

“မင်းက အလှဆင်ရေး ကုမ္ပဏီကလား။”

“မင်း ဝမ်ကျွမ်ကို ရိုက်လိုက်တာလား။ မင်း သူမကို စော်ကားတယ် တာဝန်မယူဘူး။”

ထျန်းဝေသည် ဒေါသကြောင့် တုန်လှုပ်နေခဲ့ပြီး သူ၏ မျက်လုံးများသည် ဒေါသထွက်နေသော သားရဲတစ်ကောင်၏ မျက်လုံးများနှင့် တူနေခဲ့ကာ စိတ္တဇဆန်ဆန် ရူးသွပ်နေခဲ့သည်။

“ဟားဟားဟားဟား သောက်ရူး…မင်း ဝမ်ကျွမ်ကို ကြိုက်တာ မဟုတ်ဘူးလား။ ရပါတယ် အခု ငါ သူမကို မလိုချင်တော့ဘူးဆိုတော့ မင်းယူလိုက်လေ။”

“အခု မင်းအတွက် အခွင့်အရေး ရောက်လာပြီ မြန်မြန် ယူလိုက်တော့။ ဝမ်ကျွမ်က နည်းနည်း ညစ်ပတ်ပေမဲ့ ကုတင်ပေါ်မှာတော့ တော်ပါတယ်… မင်းတကယ် ကံကောင်းတာပဲ… ငါ့ကို စိုက်မကြည့်နဲ့ ငါ လုံလောက်အောင် လုပ်ပေးပြီးပြီ ဒီအိမ်ကို သူမအတွက် ဝယ်ပေးခဲ့တာ ဒါကို ငါ့ရဲ့ မင်္ဂလာလက်ဖွဲ့လို့ မှတ်လိုက်။ ဟားဟားဟားဟား…”

“မင်းပိုက်ဆံရှိတိုင်း လုပ်ချင်သလို လုပ်လို့ရတယ်လို့ ထင်နေတာလား။”

ထိုအချိန်တွင် ထျန်းဝေ၏ စိတ်ဓာတ်သည် လုံးဝ ပြိုလဲသွားခဲ့သည်။

“ဟုတ်တယ် ပိုက်ဆံက အရာရာကို ဝယ်လို့ရတယ်။”

“ခဏနေရင် ဝမ်ကျွမ် လာရင် ငါ သူမနဲ့ ရင်ဆိုင်လိုက်မယ်။”

နောက်ဆက်တွဲ မြင်ကွင်းများသည် လွန်စွာ စိတ္တဇဆန်လှသည်။ ထျန်းဝေသည် ကြိုတင် ပြင်ဆင်ထားသော လက်နက်ဖြစ်သည့် ဓားမြှောင်ကို ထုတ်ယူကာ ရှေ့သို့ ပြေးဝင်၍ အမျိုးသားအား ထိုးနှက်လိုက်သည်။

ထို့နောက် ဒုတိယတစ်ချက် တတိယတစ်ချက်၊ စတုတ္ထတစ်ချက်…

ရှယန်နန်နှင့် လင်းရူရှင်းတို့သည် အရမ်း ကြောက်လန့်လွန်း၍ တုန်လှုပ်သွားကြပြီး မျက်လုံးများကို ပိတ်ကာ ဆက်မကြည့်ရဲတော့ပေ။

အမျိုးသားသည် သွေးအိုင်အတွင်းသို့ ချက်ချင်း လဲပြိုသွားခဲ့ပြီး မလှုပ်မယှက် တောင့်တင်းသွားခဲ့သည်။

ထျန်းဝေသည် ရုပ်အလောင်းကို အိမ်သာအတွင်းသို့ ဆွဲသွင်းသွားခဲ့ပြီး တံခါးကို ပိတ်ကာ ကြမ်းပြင်ကို ရေဖြင့် ဆေးကြောလိုက်သည်။

ခဏအကြာတွင် ဝမ်ကျွမ် ရောက်ရှိလာခဲ့သည်။

ဝမ်ကျွမ်သည် မေးခွန်း အနည်းငယ် မေးမြန်းခဲ့ပြီး ဖုန်းအချို့ ခေါ်ဆိုခဲ့သည်။ အမျိုးသားက သူမအား လိမ်လည်ခဲ့သည်ဟု ထင်မှတ်ကာ သူမသည် ဝမ်းနည်းစွာဖြင့် ထွက်ခွာသွားခဲ့သည်။

နောက်တစ်ခုမှာ အလောင်းအား အပိုင်းပိုင်း ဖြတ်တောက်ခြင်း ဖြစ်သည်။

ကြမ်းပြင်ပေါ်တွင် သွေးများနှင့် စုတ်ပြတ်နေသော အလောင်းများ ပြည့်နှက်နေခဲ့ပြီး လွန်စွာ ကြောက်စရာကောင်းလှသည်။

ထျန်းဝေသည် အလောင်းကို အပိုင်း လေးပိုင်း ဖြတ်တောက်ခဲ့ပြီး လက်များနှင့် လူသတ်လက်နက်ကို ဝမ်ကျွမ်၏ အိမ်ရှိ နံရံတစ်ခုအတွင်း လျှို့ဝှက် ထည့်သွင်းဆောက်လုပ်ခဲ့သည်။

ဒါဟာ ဇာတ်လမ်းတစ်ခုလုံး ဖြစ်သည်။

အမှန်အတိုင်း ပြောရရင် ယဲ့ချန်သည် ဒီကြည့်ရှုပြီးနောက် အနည်းငယ် မသက်မသာ ခံစားလိုက်ရသည်။

“ဘယ်လိုလဲ…”

နံရံထဲမှ ဦးခေါင်းသည် အေးစက်ပြီး အကြမ်းဖက်သော အသံဖြင့် ပြောလိုက်သည်။

“ငါ မတရား သေဆုံးခဲ့ရတာပါ။ တကယ် သေသင့်တာ ငါမဟုတ်ဘူး ဝမ်ကျွမ်နဲ့ အဲဒီကောင်… မဟုတ်ဘူးလား။”

“အမှန်အတိုင်း ပြောရရင် အရာရာတိုင်းမှာ အကြောင်းနဲ့ အကျိုး ရှိပါတယ်။”

ယဲ့ချန်က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။

“အခု မင်း ဘာကို ဆိုလိုချင်တာလဲ။ လွန်ခဲ့တဲ့ လအနည်းငယ်က မင်းမကျေနပ်ချက်တွေကို စုစည်းပြီး အေးဆေးနေခဲ့တာကို ငါ မြင်ခဲ့ရပါတယ်။ အခုချိန်ထိ မလုံလောက်သေးဘူးလား။”

“ဟီးဟီးဟီး… ဟီးဟီးဟီး… ငါ သတ်ချင်တယ် ငါ မကျေနပ်ဘူး ငါက ငယ်ငယ်ရွယ်ရွယ်နဲ့ ချမ်းသာတယ် ငါ လုပ်ချင်သလို လုပ်လို့ရတယ် ဘာလို့ သေရမှာလဲ။ ငါ မကျေနပ်ဘူး သူတို့သတ်မှပဲ ငါ စိတ်သက်သာရာ ရမယ်…”

ဦးခေါင်းသည် မကျေနပ်ချက်များဖြင့် ဟိန်းဟောက်လိုက်ပြီး သွားများကို စိစိကြိတ်ကာ သွေးများ စီးကျလာခဲ့သည်။

ယဲ့ချန်၊ ရှယန်နန်နှင့် လင်းရူရှင်းတို့အား ရက်စက်စွာ စိုက်ကြည့်ရင်း သူတို့ သုံးယောက်အား အပိုင်းပိုင်း ဆုတ်ဖြဲချင်စိတ် ပေါ်ပေါက်နေခဲ့သည်။

“အမှန်အတိုင်း ပြောရရင် ငါ မင်းကို သနားမိပါတယ်။ ပေမဲ့ မင်းရဲ့ မကောင်းတဲ့ စိတ်က အရမ်း ကြီးမားလွန်းပြီး ကမ္ဘာကြီးက မင်းကို သည်းခံနိုင်မှာ မဟုတ်ဘူး။ အခု ငါ မင်းကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းရတော့မယ်။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့ ဝမ်ကျွမ်နဲ့ ထျန်းဝေ နှစ်ယောက်စလုံး ဥပဒေအရ အပြစ်ပေးခံရမှာပါ။”

ယဲ့ချန်က သူမအား စိုက်ကြည့်ရင်း ပြောလိုက်သည်။

“ဒီနေ့ည ငါ သတ်ဖြတ်ပွဲ လုပ်မယ်။”

“မင်းမှာ အဲဒီ အခွင့်အရေး ရှိမှာ မဟုတ်ဘူးလို့ ငါ စိုးရိမ်တယ်။”

ယဲ့ချန်က လှောင်ပြုံးပြုံးလိုက်ပြီး 【မကောင်းဆိုးဝါး ဖျက်ဆီးရေး အဆောင်】 ကို ထုတ်ယူကာ နံရံထဲတွင် ရှိနေသော ဦးခေါင်းထံသို့ ရိုက်နှက်လိုက်သည်။

ကလပ်စားချေလိုသော သရဲများနှင့် ရင်ဆိုင်ရသည့်အခါ စိတ်ပျော့၍ မရပေ။

【မကောင်းဆိုးဝါး ဖျက်ဆီးရေး အဆောင်】 သည် ဦးခေါင်း၏ နဖူးပေါ်တွင် ကပ်သွားခဲ့သည်။

ရွှေရောင် အလင်းတစ်ချက် ထွက်ပေါ်လာခဲ့ပြီး သန့်ရှင်းစင်ကြယ်၍ ခန့်ညားသော တရုတ် ရိုးရာ စာလုံး (ဖျက်ဆီးခြင်း) သည် ချက်ချင်း ထွက်ပေါ်လာကာ အခန်းအတွင်းရှိ ယင်စွမ်းအင်များနှင့် မကျေနပ်ချက် အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဦးခေါင်းတစ်ခုလုံးသည် အရှိန်အဟုန်ဖြင့် ပုပ်သိုးသွားခဲ့ပြီး ဖြူဖျော့သော လူ့ဦးခေါင်းခွံအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“အားးးး”

ယင်ဝိညာဉ်သည် အော်ဟစ်လိုက်ပြီး နံရံမှ မီးခိုးပြာများ ထွက်ပေါ်လာကာ ယင်သွေးများ ပန်းထွက်လာခဲ့သည်။

“ဒါပဲလေ ငါ ဒီအလောင်းကို မလိုချင်တော့ဘူး။ ဟားဟားဟားဟား ပျက်စီးသွားရင်တောင်မှ ငါ့ရဲ့ သတ်ဖြတ်မှုကို ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်ဘူး။ ဟားဟားဟားဟား”

အခန်း၏ နံရံများသည် လှိုင်းလုံးများကဲ့သို့ တုန်လှုပ်သွားခဲ့သော်လည်း မကြာမီ ဘာမှ မဖြစ်ခဲ့သကဲ့သို့ ငြိမ်သက်သွားခဲ့သည်။

“ဆရာကြီး… ဘယ်လိုလဲ။”

ရှယန်နန်က အလျင်အမြန် မေးလိုက်၏။

“ဒီယင်ဝိညာဉ်ကို 【မကောင်းဆိုးဝါး ဖျက်ဆီးရေးအဆောင်】ထိခိုက်အောင် လုပ်လိုက်တယ်။ ခန္ဓာကိုယ် ပျက်စီးသွားပေမဲ့ နံရံအတိုင်း ထွက်ပြေးသွားခဲ့တယ်။”

ယဲ့ချန် မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။

“ဒါပေမဲ့ ဒါက ပြဿနာကြီး မဟုတ်ပါဘူး။ နံရံသရဲရဲ့ ခန္ဓာကိုယ် ပျက်စီးသွားပြီဆိုရင် သူ့ရဲ့ ယင်ဝိညာဉ်သည် အားနည်းသွားလိမ့်မယ်။ ခနအတွင်း သူ့ဟာသူ ပျောက်ကွယ်သွားလိမ့်မယ်။ ဒါ့အပြင် ခန္ဓာကိုယ် မရှိတော့တာကြောင့် သူရဲ့ မကျေနပ်ချက်နှင့် သရဲပညာရပ်တွေလျော့နည်းသွားလိမ့်မယ်…”

“မစ္စတာယဲ့…အခု ဘာလုပ်ကြမလဲ။”

ယဲ့ချန် ကလဲ့စားချေလိုသော သရဲနှင့် ရင်ဆိုင်နေသည်ကို မိမိမျက်စိဖြင့် မြင်တွေ့ခဲ့ရသဖြင့် လင်းရူရှင်းသည် ယဲ့ချန်အား လွန်စွာ ယုံကြည်သွားပြီး လေးစားအားကျသွားခဲ့သည်။

“သူ့ရဲ့ အခြား အစိတ်အပိုင်း သုံးခုကို အမြန် ရှာဖွေပြီး အရင် ဖျက်ဆီးလိုက်ပါ။ အဲဒီလိုဆိုရင် သူရဲ့ယင်ဝိညာဉ် လေးခု စုစည်းပြီး သရဲအပြည့် ဖြစ်လာရင်တောင်မှ သာမန် ဝိညာဉ်တွေထက် နည်းနည်းပဲ ပိုအားကောင်းမှာ ဖြစ်ပြီး ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး သွားကြမယ် အဆောက်အအုံ ၂၊ အခန်း ၇၄၊ ဝမ်ကျွမ်ရဲ့ အိမ်။”

ထိုသို့ ပြောပြီးနောက် ယဲ့ချန်သည် ကြမ်းပြင်မှ ကျောက်ဆစ်တူကို ကောက်ယူကာ အပြင်သို့ အမြန် ထွက်သွားခဲ့၏။

ရှယန်နန်နှင့် လင်းရူရှင်းတို့သည် နောက်မှ အမြန် လိုက်ပါသွားခဲ့ကြသည်။

လှေကားအတိုင်း တက်သွားကြသည်။

ဝမ်ကျွမ်၏ အိမ်သို့ ရောက်ရှိလာခဲ့ကြသည်။

တံခါးကို ကျယ်လောင်စွာ ခေါက်လိုက်သည်။

“မစ္စတာယဲ့… အဆောက်အအုံ ၂ အခန်း ၇၄ က အိမ်ရှင် ဝမ်ကျွမ်က ဒီနေ့ည ထွက်သွားဖို့ ငြင်းဆန်ခဲ့တာပါ။ သူမ အခု အဆင်ပြေရဲ့လား မသိဘူး…”

လင်းရူရှင်းက စိုးရိမ်သော အမူအရာဖြင့် ပြောလိုက်သည်။

“သူမ ဒုက္ခရောက်ရင် ဒါ သူမရဲ့ ကိုယ်ပိုင် အပြစ်ပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါတွေ အားလုံးရဲ့ အကြောင်းရင်းက သူမပဲ။”

ယဲ့ချန်၏ မျက်လုံးများတွင် သနားဂရုဏာ မရှိပေ။

“ဒါနဲ့ စောစောက နင်တို့ ကြည့်ခဲ့တဲ့ ရုပ်ရှင်ထဲက အမျိုးသမီး မင်းသမီးက ဝမ်ကျွမ် ပဲ။”

ဒါကို ကြားလိုက်ရသောအခါ ရှယန်နန်နှင့် လင်းရူရှင်းတို့နှစ်ယောက်လုံး၏ မျက်လုံးများတွင် မထီမဲ့မြင် ပြုသော အမူအရာများ ပေါ်ထွက်လာခဲ့သည်။

တံခါး ပွင့်သွားခဲ့၏။

ဝမ်ကျွမ်သည် ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ ရေစိုနေသော ဆံပင်များကို အခြောက်ခံနေခဲ့သည်။

သူမသည် လက်ရှိတွင် ဘေးကင်းနေသေးသော်လည်း ယဲ့ချန်သည် ယင်-ယန် မျက်လုံးများကို ဖွင့်လိုက်သောအခါ သူမ၏ ဇာတာခွင်အတွင်း သရဲအငွေ့အသက်များသည် အရိုးများအထိ စိမ့်ဝင်နေသည်ကို မြင်တွေ့ခဲ့ရသည်။

သူမသည် ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး ဒီနေ့ည မကောင်းသော အရာတစ်ခုခု ဖြစ်ပျက်တော့မည်မှာ သေချာနေခဲ့သည်။

“ယဲ့ချန်…”

ဝမ်ကျွမ်သည် ယဲ့ချန်ကို မြင်လိုက်ရသောအခါ ရယ်မောလိုက်သည်။ သူမ၏ မျက်လုံးများသည် ဆွဲဆောင်မှုရှိပြီး စိတ္တဇဆန်နေခဲ့သည်။

“နင်က နေ့ခင်းဘက်မှာတော့ အကျင့်ကောင်းတဲ့ ယောကျ်ားတစ်ယောက်အဖြစ် ဟန်ဆောင်နေပြီး ညဘက်ကျမှ ငါ့တံခါးကို လာခေါက်တာလား။ ရပါတယ် ဝင်ခဲ့ပါ။ ဟင် နင်တို့က ဘယ်သူတွေလဲ။”

ဝမ်ကျွမ်သည် ယဲ့ချန်၏ နောက်ကွယ်တွင် ရပ်နေသော ရှယန်နန်နှင့် လင်းရူရှင်းတို့အား မြင်တွေ့လိုက်ရသည်။

“ဆရာကြီး… ရှင်တို့နှစ်ယောက် နေ့ခင်းဘက်က ဆုံခဲ့ကြတာလား။”

ရှယန်နန်၏ မျက်နှာတွင် သံသယရှိသော အမူအရာ ပေါ်ထွက်လာခဲ့သည်။

ယဲ့ချန်သည် တံခါးကို တွန်းဖွင့်ကာ အခန်းအတွင်းသို့ ဝင်ရောက်ခဲ့သည်။ ရှယန်နန်နှင့် လင်းရူရှင်းတို့သည်လည်း ဝင်လာခဲ့ကြသည်။

ဧည့်ခန်း မီးများ လင်းနေပြီး ခေတ္တမျှ ထူးခြားမှု မရှိသေးပေ။

စကားတစ်ခွန်းမျှ မပြောဘဲ ယဲ့ချန်သည် ကျောက်ဆစ်တူကို ကောက်ယူကာ ဝမ်ကျွမ်၏ တီဗီ နံရံအား ရိုက်နှက်လိုက်သည်။

“ယဲ့ချန် နင် ရူးနေတာလား ဘာလုပ်နေတာလဲ ရပ်လိုက်တော့။”

ဝမ်ကျွမ် အော်ဟစ်လိုက်သည်။

“ပါးစပ်ပိတ်ထားစမ်း။”

ရှယန်နန်က အေးစက်စွာ ပြောလိုက်သည်။

“မသေချင်ရင် မအော်နဲ့။”

“ဝမ်ကျွမ်… ကိစ္စရပ်တွေက နည်းနည်း ရှုပ်ထွေးပါတယ်။ ကျေးဇူးပြုပြီး စိတ်မလှုပ်ရှားပါနဲ့။ ကျွန်မ ရှင့်ကို ဖြည်းဖြည်းချင်း ရှင်းပြပါမယ်။”

လင်းရူရှင်းက သူမအား နှစ်သိမ့်လိုက်သည်။

“ယဲ့ချန်… နင်က အရူးပဲ နင် တကယ် ရူးနေတာပဲ။”

ဝမ်ကျွမ်သည် ရှေ့သို့ ပြေးဝင်လာပြီး ယဲ့ချန်၏ လက်မောင်းကို ဆွဲကိုင်လိုက်သည်။

“ရပ်လိုက်တော့။”

“ကျွမ်… ဘာလဲ… နင့်ကို အနိုင်ကျင့်နေတာလား။”

အေးစက်ပြီး ဖျားနာနေသော အမျိုးသား အသံတစ်ခု တံခါးအပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ ယဲ့ချန်၏ သူငယ်အိမ်များ အနည်းငယ် ကျုံ့သွားခဲ့သည်။

အသံလာရာသို့ ကြည့်လိုက်ရာ ထျန်းဝေသည် အပြင်ဘက်မှ ဖြည်းဖြည်းချင်း ဝင်လာသည်ကို တွေ့လိုက်ရသည်။

ရုတ်တရက် ထျန်းဝေသည် ယဲ့ချန်က သူမ၏ လက်မောင်းကို လွှဲကာ တီဗီ နံရံအား ရိုက်နှက်နေသည်ကို မြင်လိုက်ရသည်။

ထျန်းဝေ၏ မျက်လုံး ကြွက်သားများသည် အကြိမ်အနည်းငယ် ရူးသွပ်စွာ တုန်လှုပ်သွားခဲ့ပြီး ထိန်းချုပ်၍ မရသော ရူးသွပ်မှုတစ်ခု သူ၏ မျက်လုံးများအတွင်း လောင်ကျွမ်းသွားခဲ့သည်။ ထို့နောက် သူသည် သူ့နောက်ကွယ်ရှိ တံခါးကို ဆောင့်ပိတ်လိုက်သည်။

သို့သော်လည်း သူသည် လွန်စွာ.လွန်စွာ ထောက်လှမ်းရခက်သော တည်ငြိမ်မှုဖြင့် အမြန် ငြိမ်သက်သွားခဲ့သည်။

“ယဲ့ချန်... မင်း အကုန်လုံး သိနေတာပေါ့လေ။”

All Chapters