← Chapters

အခန်း ၁၄၉

Vol. 15 Ch. 149

အခန်း ၁၄၉

Vol. 15 Ch. 149

အခန်း ၁၄၉ - နံရံများကို ဖြတ်သန်းသွားခြင်း။

နံရံသရဲများသည် မူလကပင် အလွန် ရာဂကြီးပြီး နားလည်ရ ခက်ခဲသော သတ္တဝါများ ဖြစ်ကြသည်။

နံရံများ ရှိသည့်နေရာတိုင်းသည် သူတို့၏ ပိုင်နက်နယ်မြေ ဖြစ်သည်။

နံရံများ ရှိသည့်နေရာတိုင်းတွင် သူတို့ ချင်သလို လုပ်ပိုင်ခွင့် ရှိသည်။

အကယ်၍...

ဒီနံရံသရဲသည် ယဲ့ချန်နှင့် ပုန်းတမ်းကစားကာ မျက်နှာ ပေါ်မလာဘဲ ပုန်းအောင်းနေပါက သူ့အား ကိုင်တွယ်ရသည်မှာ ယဲ့ချန်အတွက် တော်တော်လေး အခက်တွေ့စေမည် ဖြစ်သည်။ ဒါဟာ ဒီအိမ်ရာဝင်းအတွင်းရှိ နေထိုင်သူအချို့ကိုပင် ထိခိုက်ဒဏ်ရာရစေနိုင်သေးသည်။

သို့သော်လည်း သူသည် မိမိ၏ အားသာချက်များကို မည်သို့ အသုံးချရမည်။ အားနည်းချက်များကို မည်သို့ ရှောင်ရှားရမည်ကို မသိဘဲ တိုက်ရိုက် ခုန်ထွက်လာခဲ့သည်။

ဒါဟာ သေတွင်းတူးနေတာ မဟုတ်ဘူးလား။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဝိညာဉ် သော့ခတ် ကြိုးကြာပွတ် သည် နံရံသရဲအား မှောင်မိုက်သော လေပြင်းထဲတွင် တင်းကြပ်စွာ တုတ်နှောင်လိုက်သည်။ မြောက်မြားစွာသော ရွှေရောင်အဆောင်များသည် သူ၏ အားနည်းနေပြီးသား ဖြစ်သော သရဲခန္ဓာကိုယ်အား ပစ်ခတ်တိုက်ခိုက်လိုက်ရာ သွေးများ စိမ့်ထွက်လာပြီး အော်ဟစ်လိုက်ရကာ မကောင်းသော အနံ့ဆိုးထွက်နေသည့် မီးခိုးအငွေ့များ ကောင်းကင်သို့ မြင့်တက်သွားခဲ့သည်။

“ငါ မင်းကို လွှတ်မပေးဘူး ငါ မင်းကို စားမယ် ငါ မင်းကို သတ်မယ် ငါ့ကို လွှတ်ပေး ငါ့ကို လွှတ်ပေး။”

နံရံသရဲသည် ယဲ့ချန်အား မုန်းတီးစွာ စိုက်ကြည့်ရင်း ဟိန်းဟောက်လိုက်သော်လည်း သူ၏ ချည်နှောင်မှုများမှ ရုန်းထွက်၍ မရခဲ့ပေ။ သွေးနီရောင် ယင်သွေးစက်များသည် သူ၏ မည်းနက်သော သရဲမျက်လုံးများမှ စိမ့်ထွက်လာခဲ့သည်။

“ယန်နန်… နံရံသရဲ ဘယ်လောက် တုံးလဲဆိုတာ ကြည့်လိုက်ပါဦး။ သူ့မှာ လုံးဝ အတွေ့အကြုံ မရှိဘူး။”

ယဲ့ချန် စကားမပြောနိုင်ဘဲ ခေါင်းခါလိုက်သည်။

“ဒါနဲ့ ယန်နန်…မီးရှူးမီးပန်း ကြည့်ရတာ ကြိုက်လား။”

“ဟင်”

ရှယန်နန် ခဏမျှ ရပ်တန့်သွားပြီးမှ အကြိမ်ကြိမ် ခေါင်းညိတ်လိုက်၏။

“အရမ်း ကြိုက်ပါတယ်။”

“ကောင်းပြီ ဒီနေ့ည ငါ ရိုမန်းတစ်ဆန်ဆန်နဲ့ မင်းကို မီးရှူးမီးပန်းပွဲ တစ်ခု ပေးပါမယ်။”

ယဲ့ချန်သည် 【မကောင်းဆိုးဝါး ဖျက်ဆီးရေး အဆောင်】 အများအပြားကို ထုတ်ယူကာ သူတို့၏ ဝိညာဉ်စွမ်းအင်များကို နိုးကြွစေပြီး လေထဲတွင် တုတ်နှောင်ခံထားရသော နံရံသရဲထံသို့ ပစ်လွှတ်လိုက်သည်။

ဒိုင်းး

ဒိုင်း

ဒိုင်း

ရွှေရောင်အဆောင်များသည် ယမ်းဖောက်သကဲ့သို့ တာအို စွမ်းအင်များ အဆင့်ဆင့် ပေါက်ကွဲသွားခဲ့သည်။

ကျယ်ပြန့်သော ညကောင်းကင်ကြီးသည် တက်ကြွလှပသော ပန်းခြံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ရောင်စုံများနှင့် ရွှေရောင် အလင်းများသည် ရောင်စုံ ပိုးဖဲကြိုးများကဲ့သို့ တောက်ပလှပနေခဲ့သည်။

“ဝါး အရမ်း လှတာပဲ။”

ရှယန်နန်သည် ယဲ့ချန်၏ လက်မောင်းကို တင်းကြပ်စွာ ဖက်ထားပြီး သူမ၏ မျက်လုံးများ ကျယ်ပြန့်စွာဖြင့် စွဲမက်နေခဲ့သည်။

“မီးရှူးမီးပန်းတွေကိုအရမ်း ကြိုက်တယ်”

ယဲ့ချန်က ခပ်ပါးပါး ပြုံးလိုက်ပြီး သူ၏ စိုက်ကြည့်မှုမှာ ကောင်းကင်ထက်သို့ ရောက်ရှိနေခဲ့သည်။

“ယန်နန်… မင်းသာမီးရှူးမီးပန်းတွေရဲ့ တောက်ပမှုကို ကြိုက်တယ်ဆိုရင် ငါ မင်းကို ခမ်းနားမှုတွေ ပေးပါမယ်။ မင်းကလှပတဲ့ ကမ္ဘာရဲ့ အလှကို ကြိုက်တယ်ဆိုရင် ငါ မင်းအတွက် ကမ္ဘာကြီးကို သိမ်းပိုက်ပေးပါ့မယ်။”

ရှယန်နန်၏ သိမ်မွေ့သော ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။ သူမသည် ခေါင်းကို လှည့်၍ ယဲ့ချန်အား ကြည့်လိုက်ရာ သူမ၏ လှပသော မျက်လုံးများအတွင်း သေသည်အထိ မပြောင်းလဲနိုင်သော နက်ရှိုင်းသော ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေခဲ့သည်။

“ကဗျာ ဆန်လိုက်တာ… ဆရာကြီးကို ချစ်တယ် ဆရာကြီးကိုချစ်တယ် ဆရာကြီးကိုချစ်တယ်။”

ဝိညာဉ်ကို တည်ညိမ်စေခြင်း။

စိတ်ခံစားချက်များ နက်ရှိုင်းလာသောအခါ ဝိညာဉ်သည် သဘာဝအတိုင်း တည်ညိမ်လာခဲ့သည်။

လေထဲတွင် ဆွဲချိတ်ခံထားရသော နံရံသရဲသည် အပိုင်းပိုင်း ပေါက်ကွဲသွားခဲ့ပြီး လေထုထဲသို့ ပျောက်ကွယ်သွားခဲ့တော့သည်။

ထိုအချိန်တွင် ရဲကား အများအပြားသည် အိမ်ရာဝင်းအတွင်းသို့ အရှိန်အဟုန်ဖြင့် မောင်းနှင်ဝင်ရောက်လာခဲ့ကြ၏။

ယဲ့ချန်နှင့် ရှယန်နန်တို့သည် ဘေးသို့ တိုးတိတ်စွာ ထွက်ခွာသွားခဲ့ကြပြီး လင်းရူရှင်းအား ကိုင်တွယ်ရန် ကျန်ရစ်ခဲ့စေခဲ့သည်။

ရဲတပ်ဖွဲ့သည် ပြင်းထန်စွာ ဒဏ်ရာရရှိထားသော ဝမ်ကျွမ်နှင့် ထျန်းဝေတို့အား အပြင်သို့ မထုတ်ယူမီ လူနာတင်ယာဉ် ခေါ်ဆိုခဲ့ပြီး ဆေးရုံသို့ အမြန် ပို့ဆောင်ခဲ့ကြသည်။

ထို့နောက် ခန္ဓာကိုယ် အစိတ်အပိုင်းများကို တစ်ခုပြီးတစ်ခု တူးဖော်ခဲ့ကြသည်။

“အဆင်ပြေသွားပြီ။”

ယဲ့ချန် ပြုံးလိုက်၏။

“ယန်နန်… ဒီအိမ်ရာဝင်းက အခု သန့်ရှင်းသွားပါပြီ။ နောက်ထပ် ကြောက်စရာကောင်းတဲ့ ကိစ္စတွေ ဖြစ်လာတော့မှာ မဟုတ်ပါဘူး။”

သန်းခေါင်ယံ အချိန်နီးကပ်လာသောအခါ သူတို့နှစ်ယောက်သည် အိမ်ရာဝင်းအတွင်း ခဏမျှ လမ်းလျှောက်ခဲ့ကြသည်။

“ဆရာကြီး… ငါ့ကို ခဏ စောင့်ပါဦး…”

ရှယန်နန်သည် လမ်းလျှောက်နေစဉ် အဆောက်အအုံတစ်ခုအတွင်းသို့ ပြေးဝင်သွားခဲ့သည်။

ယဲ့ချန်က သူမသည် အလုပ်နှင့် ပတ်သက်သည့် အချို့သော သန့်ရှင်းရေး ကိစ္စများကို ကိုင်တွယ်ရဦးမည်ဟု တွေးမိလိုက်သည်။ နံရံသရဲ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်ပြီး အိမ်ရာဝင်း ငြိမ်းချမ်းသွားပြီဖြစ်ရာ ရှယန်နန်သည် ရှာကော်ပိုရေးရှင်း၏ စီအီးအို အဖြစ် ပုံမှန်အားဖြင့် အစီရင်ခံစာ တစ်ခုခု ရေးသားသင့်သည် မဟုတ်ပါလား။

ထို့နောက် ယဲ့ချန်သည် အပြင်ဘက်တွင် ပေါ့ပါးစွာ ထိုင်လိုက်ပြီး ဆေးလိပ်သောက်ရင်း စောင့်ဆိုင်းနေခဲ့သည်။

သို့သော်လည်း ယဲ့ချန်သည် မကြာမီ လုပ်စရာ ကိစ္စများ ရှိလာခဲ့သည်။

သူသည် ဆုလာဘ်များကို စစ်ဆေးရန် လိုအပ်နေခဲ့သည်။

တာဝန် ပြီးမြောက်သည့်အတွက် ဂုဏ်ယူပါသည် အိမ်ရှင် 【နံရံသရဲအား အမြစ်ပြတ် သုတ်သင်ရှင်းလင်းခြင်း】

【မကောင်းဆိုးဝါး ဖျက်ဆီးရေး အဆောင်】 ၅၀ ခု ရရှိပြီး သိုလှောင်ခန်းအတွင်းသို့ အလိုအလျောက် သိမ်းဆည်းလိုက်ပါပြီ။

【ပုံရိပ်ဖော် အဆောင်】 ၅၀ ခု ရရှိပြီး သိုလှောင်ခန်းအတွင်းသို့ အလိုအလျောက် သိမ်းဆည်းလိုက်ပါပြီ။

【ဝိညာဉ် ပြုပြင်ရေး အဆောင်】 ကတ်ပြား ၅၀ ခု ရရှိပြီး သိုလှောင်ခန်းအတွင်းသို့ အလိုအလျောက် သိမ်းဆည်းလိုက်ပါပြီ။

【နံရံဖြတ်အဆောင်】 ၅၀ ခု ရရှိပြီး သိုလှောင်ခန်းသို့ အလိုအလျောက် သိမ်းဆည်းလိုက်ပါပြီ။

တာအို ပညာရပ် ရရှိခြင်း - နံရံဖြတ် မန္တန်။

သိုလှောင်ခန်းအတွင်းသို့ အလိုအလျောက် သိမ်းဆည်းလိုက်ပါပြီ။

တာအို စွမ်းအင် ၄ ခု ရရှိပြီး သိုလှောင်မှုခန်းအတွင်းသို့ အလိုအလျောက် သိမ်းဆည်းလိုက်ပါပြီ။

၁၀၀% သစ္စာစောင့်သိသော နံရံသရဲ တစ်ကောင် ရရှိပြီး သိုလှောင်မှုခန်းအတွင်းသို့ အလိုအလျောက် သိမ်းဆည်းလိုက်ပါပြီ။

သရဲခုနစ်ကောင် ဝိညာဉ်ဝါးမျိုခြင်း မန္တန် ရရှိပြီး သိုလှောင်ခန်းအတွင်းသို့ အလိုအလျောက် သိမ်းဆည်းလိုက်ပါပြီ။

ပြုပြင်ရေး စွမ်းအင် ၀.၃၅ ရရှိခဲ့သည်။

စနစ်၏ ပြုပြင်မှု ၄.၅၃% ပြီးစီးသွားခဲ့ပါပြီ။

ပေါက်ကွဲသွားခဲ့ပြီ။

ဒါဟာ ကြီးမားတဲ့ အောင်မြင်မှုပဲ။

ယဲ့ချန်သည် လွန်စွာ ဝမ်းသာသွားခဲ့ရ၏။

ယဲ့ချန်သည် သရဲတစ်ကောင်ကို အနိုင်ယူလိုက်တိုင်း စနစ်မှ ပေးအပ်သော ဆုလာဘ်များသည် သူ့အား ဘယ်တော့မှ စိတ်ဓာတ်မကျစေခဲ့ပေ။

ပထမဦးစွာ 【နံရံဖြတ် အဆောင်】 သည် တစ်ကြိမ်သုံး ပစ္စည်း ဖြစ်သည်။ မိမိ၏ ခန္ဓာကိုယ်ပေါ်တွင် ကပ်လိုက်သည်နှင့် နံရံများကို ဖြတ်သန်းသွားနိုင်မည် ဖြစ်သည်။ ထိုအကျိုးသက်ရောက်မှုသည် သုံးမိနစ်ကြာမြင့်ပြီး သုံးမိနစ်အတွင်း နံရံများကို မိမိစိတ်ကြိုက် ဖြတ်သန်းသွားနိုင်မည် ဖြစ်ရာ သာမန် မြေပြင်ပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ ဖြစ်နေမည် ဖြစ်သည်။

ကိုယ်ပျောက် မန္တန်ကဲ့သို့ပင် နံရံဖြတ် မန္တန် သည် တာအို ပညာရပ်တစ်ခု ဖြစ်ပြီး သူ၏ လုပ်ဆောင်ချက်မှာ နံရံဖြတ် အဆောင်နှင့် တူညီသည်။ ဒါကို အသက်သွင်းရန် တာအို စွမ်းအင် လိုအပ်သည်။

‘ဟားဟား ကောင်းတယ် နံရံဖြတ် မန္တန် စိတ်ဝင်စားစရာပဲ။ အခု ငါ ကိုယ်ပျောက်နိုင်ပြီ နံရံတွေကိုလည်း ဖြတ်သန်းနိုင်ပြီ ဒီလို စွမ်းရည်တွေကို အသုံးမချရင် နှမြောစရာပဲ။’

ယဲ့ချန်သည် စိတ်ထဲတွင် ကျေနပ်နေခဲ့သည်။

ယဲ့ချန်သည် သူ၏ သိုလှောင်ခန်းကို ကြည့်လိုက်ရာ သူသည် အခြား သရဲတစ်ကောင်ကို ရရှိထားသည်။

နံရံသရဲသည် အသားစများ စုတ်ပြတ်နေပြီး ပုပ်သိုး၍ လောက်ကောင်များ တွားသွားနေကာ နံရံတွင် ကပ်လျက် ရပ်နေခဲ့သည်။

【နံရံသရဲ - သရဲဖုံးကွယ်ခြင်း အိပ်စက်ခြင်း သေဆုံးခြင်း အပါအဝင် အခြား သရဲပညာရပ်များကို ပိုင်ဆိုင်ထားသော အလတ်စား ကလဲ့စားချေလိုသော သရဲ ဖြစ်သည်။ သူသည် နံရံများကို ဖြတ်သန်းနိုင်ပြီး နံရံများအတွင်းသို့ ပေါင်းစည်းနိုင်သော စွမ်းရည်လည်း ရှိကာ ခန့်မှန်းရခက်စွာ လွတ်လပ်စွာ လှုပ်ရှားနိုင်သည်။ ဒီသရဲသည် နံရံမှ ထွက်ခွာသွားပါက သူ၏ စွမ်းအားသည် အလွန် လျော့နည်းသွားမည် ဖြစ်ပြီး သာမန် လွင့်ပါးနေသော ဝိညာဉ်များနှင့် ခြားနားမည် မဟုတ်ပေ။ ဒီသရဲသည် ညဘက်တွင်သာ လှုပ်ရှားသော သရဲဖြစ်ကြောင်း သတိပြုပါ၊ နေရောင်ခြည်နှင့် တိုက်ရိုက် မထိတွေ့ပါစေနှင့်မဟုတ်ပါက လုံးဝ ဖျက်ဆီးခံရလိမ့်မည်။】

နံရံသရဲတွင် ခန့်မှန်းရခက်သော လက္ခဏာများနှင့် အားသာချက်များ ရှိသော်လည်း သူ၏ အားနည်းချက်များသည်လည်း ထင်ရှားလှသည်။ နံရံမှ ထွက်ခွာသွားသည်နှင့် ရေပြင်မှ ထွက်လာသော ငါးတစ်ကောင်ကဲ့သို့ ဖြစ်သွားမည် ဖြစ်သည်။

【သရဲခုနစ်ကောင် ဝိညာဉ်ဝါးမျိုရေး မန္တန်】 နှင့် ပတ်သက်၍ ပြောရလျှင် ဒါဟာ သရဲမန္တန်ဖြစ်သည်။

မန္တန် ပုံကြမ်းများသည် သိုလှောင်ခန်းအတွင်း လွင့်ပါးနေကြသည်။

စောစောက ပြောခဲ့သော 【သရဲခုနစ်ကောင် ဝိညာဉ်ဝါးမျိုရေး မန္တန်】 သည် ကလဲ့စားချေလိုသော သရဲ ခုနစ်ကောင်ကို စုစည်းပြီး စိတ္တဇကြယ် ခုနစ်လုံး၏ စီစဉ်မှုအတိုင်း မန္တန်အဖြစ် စီစဉ်ရန် လိုအပ်သည်။

မန္တန် ပြီးစီးသွားသည်နှင့် တစ်မိုင် ပတ်လည်အတွင်းရှိ ဧရိယာသည် ပြင်းထန်သော ယင်စွမ်းအင်များနှင့် မကျေနပ်ချက် လှိုင်းများဖြင့် ပြည့်နှက်သွားမည် ဖြစ်ပြီး မြက်တစ်ပင်မျှ မကျန်ရှိစေဘဲ ကြက်တစ်ကောင် ခွေးတစ်ကောင်မျှ အသက်ရှင်ကျန်ရစ်မည် မဟုတ်ပေ။

ကလဲ့စားချေလိုသော သရဲတစ်ကောင်စီ၏ တိုက်ခိုက်ရေး စွမ်းအားသည် မြင့်တက်လာမည် ဖြစ်ပြီး သူတို့ ပေါင်းစည်းသွားသောအခါ သူတို့၏ စွမ်းအားသည် နှိုင်းယှဉ်၍ မရအောင် ဖြစ်လာကာ နတ်ဘုရားများကိုပင် သတ်ဖြတ်နိုင်မည် ဖြစ်သည်ါ

လက်ရှိတွင် ယဲ့ချန်၏ သိုလှောင်ခန်းအတွင်း ဆွဲကြိူးချသရဲ၊ မီးလောင်သရဲ၊ မိန်းမပျက်သရဲ၊ သွေးစားသရဲ၊ ကလေးသရဲ၊ နံရံသရဲ

စုစုပေါင်းသရဲ ခြောက်ကောင် ရှိနေခဲ့သည်။

နောက်ထပ် တစ်ကောင် လိုအပ်နေသေးသည်။

ဒါကြောင့် ယဲ့ချန်သည် 【သရဲခုနစ်ကောင် ဝိညာဉ်ဝါးမျိုရေး မန္တန်】 ကို စီစဉ်ရန် နောက်ထပ် တစ်ကောင် လိုအပ်နေသေးသည်။

သို့သော်လည်း ယဲ့ချန်သည် မလောဘဲ အေးဆေးနေခဲ့၏။ သူ၏ လက်ရှိ စွမ်းအားမှာ တော်တော်လေး ကောင်းမွန်နေပြီး ပုံမှန် အခြေအနေများတွင် သရဲများကို ကူညီတောင်းခံရန် မလိုအပ်ဘဲ ကိစ္စရပ်များကို ဖြေရှင်းနိုင်ခဲ့သည်။

အခုလေးတင် ရရှိခဲ့သော တာအို စွမ်းအင် ၄ ခုကို မိမိ၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစည်းလိုက်သည်။

ယဲ့ချန်သည် စုစုပေါင်း တာအို စွမ်းအင် ၁၉ ခုကို ထိန်းချုပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ မီးတောက် သုံးခုသည် ပိုမို သန်မာလာခဲ့ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရွှေရောင် အလင်းများ တောက်ပသွားခဲ့ရာ ကမ္ဘာမြေသို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေခဲ့သည်။

သူသည် နံရံဖြတ် မန္တန်ကိုလည်း သင်ယူခဲ့သည်။

သင်ယူထားသောအရာများကို လက်တွေ့တွင် အသုံးချရမည်ဆိုသည့် စကားအတိုင်း ယဲ့ချန်သည် ရှယန်နန် ဝင်ရောက်သွားသော အဆောက်အအုံတွင်ရပ်လိုက်ပြီး နှုတ်ခမ်းကို ဖွင့်ကာ မန္တန်ကို တိတ်ဆိတ်စွာ ရွတ်ဆိုလိုက်သည်။

မကြာမီ ယဲ့ချန်သည် နံရံထံသို့ တိုက်ရိုက် ပြေးဝင်သွားခဲ့သည်။

နံရံအတွင်း၌။

ဒါဟာ အခန်းငယ်လေး တစ်ခန်း ဖြစ်သည်။

လိမ္မော်ရောင် အလင်းသည် ဝေဝါးပြီး ထောက်လှမ်းရခက်သော အလင်းရောင်ကို ဖြာထွက်နေခဲ့သည်။

သာယာသော သီချင်းသံကို ကြားနေရသည်။

“…မင်းအပေါ်ထားတဲ့ ငါ့ရဲ့ ခံစားချက်တွေက သာမန် သဘောကျတာထက် ပိုတယ်ဆိုတာ မင်းသိပါတယ်။ ဒါပေမဲ့ ငါရှာနေတဲ့ အဖြေက မင်းရဲ့ မျက်လုံးတွေထဲမှာ မရှိဘူး။

ဒီလို သံသယတွေက ငါ့ကို ရူးသွပ်စေတယ်။

…”

သီချင်းသံက အရမ်း နီးကပ်နေခဲ့သည်။

ဒါဟာ ရှယန်နန် သီဆိုနေခြင်း ဖြစ်သည်။

ယဲ့ချန် အောက်သို့ ငုံ့ကြည့်လိုက်ရာ

ရှယန်နန်သည် အိမ်သာပေါ်တွင် ထိုင်နေခဲ့သည်။

ထိုအချိန်တွင် ရှယန်နန်သည်လည်း ထိတ်လန့်သွားပြီး တုန်လှုပ်သွားခဲ့သည်။

သီချင်းသံ ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး သူမ ခေါင်းကို မော့ကြည့်လိုက်ရာ...

မူလက သူမသည် သန့်စင်ခန်းအတွင်း၌ ရှိနေစဉ် ရုတ်တရက် အခြားသူတစ်ယောက် သူမ၏ ဘေးတွင် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ သူမ၏ ပင်ကိုယ်အသိစိတ်မှာ ကြောက်လန့်တကြား အော်ဟစ်ရန် ဖြစ်သော်လည်း ဒါဟာ ယဲ့ချန် ဖြစ်ကြောင်း သဘောပေါက်သွားသောအခါ သူမသည် ပါးစပ်ကို ကျယ်ပြန့်စွာ ဖွင့်ထားလိုက်ပြီး အသံတစ်စက်မျှ မထွက်လာခဲ့ပေ။

ထိုအချိန်တွင် ယဲ့ချန်သည် လွန်စွာ ရှက်ရွံ့သွားခဲ့ရ၏။ သူသည် အဆောက်အအုံမှာ ရုံးခန်း သို့မဟုတ် အခြား အရာတစ်ခုခု ဖြစ်မည်ဟု ထင်မှတ်ထားခဲ့ပြီး ရှယန်နန်သည် အလုပ်နှင့် ပတ်သက်သော ကိစ္စအချို့ကို ကိုင်တွယ်ရန် ဝင်လာခဲ့ခြင်း ဖြစ်သည်ဟု ထင်ခဲ့မိသည်။

မမျှော်လင့်ဘဲ။

ဒါဟာ သန့်စင်ခန်း ဖြစ်နေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ယဲ့ချန်သည် ရှင်းပြရန် နည်းလမ်းကို မစဉ်းစားနိုင်တော့သဖြင့် ရှယန်နန်၏ သီချင်းနှင့်အတူ ဆက်လက်၍ သီဆိုလိုက်တော့သည်။

“…ငါ ဘယ်လို ပြောရမလဲဆိုတာ မသိဘူး။

ငါ့စိတ်ထဲမှာ ဘာတွေ ရှိနေတာလဲ။

ငါ့ရဲ့ စရိုက်ကြောင့်

ဒီရလဒ်ကို ငါလည်း မုန်းပါတယ်။

ငါ့မျက်လုံးတွေကို ကြည့်လိုက်ပါ

သူတို့ရဲ့ မကျေနပ်ချက်တွေကို အခြားသူကို ပြောပြနေသလိုပဲ။

ဟေ့ အချစ်ရယ် ဒါတွေ အားလုံး ငါ့အမှားပါ၊

မင်း ဝမ်းနည်းနေတာကို ငါ တကယ် တကယ် မကြည့်ရဲဘူး။

…”

“ဆရာကြီးး ဒီလောက်အထိ နဘူးထလိမ့်မယ်လို့ ငါ လုံးဝ မမျှော်လင့်ထားဘူး ဒီလို ကိစ္စမျိုးကို ပေါ်ပေါ်ထင်ထင် လုပ်ရတာ အရမ်း ယဉ်ကျေးမှု မရှိဘူးလို့ ဆရာကြီးမထင်ဘူးလား။”

ရှယန်နန်သည် ဒေါသရော ရယ်ချင်စိတ်ပါ ဖြစ်သွားပြီး ရှက်လွန်း၍ ပျောက်ကွယ်သွားချင်စိတ် ပေါ်ပေါက်နေခဲ့၏။

“ငါ ဆရာကြီးကို ချစ်တယ်ဆိုရုံနဲ့ ဆရာကြီးချင်သလို လုပ်လို့ရတာ မဟုတ်ဘူးနော် သိရဲ့လား။ ငါနဲ့အတူ မီးရှူးမီးပန်း ကြည့်ရင်း ပြောခဲ့တဲ့ အနုပညာဆန်တဲ့ စကားတွေ အားလုံးက ဟန်ဆောင်နေတာ မဟုတ်ဘူးလား။ စိတ္တဇကောင် အခု ချက်ချင်း အပြင်ကို ထွက်သွား။”

All Chapters