← Chapters

အခန်း ၁၅၀

Vol. 15 Ch. 150

အခန်း ၁၅၀

Vol. 15 Ch. 150

အခန်း ၁၅၀ - သမီး ဘာတစ်ခုမှ မယူတာကိုပဲ ရွေးချယ်တယ်။

ဟာ ယန်နန် ငါ့ကို မဆဲပါနဲ့ဦး ငါ မင်းကို အံ့အားသင့်သွားအောင် လုပ်ပေးချင်ရုံပါ။ အံ့အားသင့်စရာ မဟုတ်ဘူးလား။

ယဲ့ချန်၏ မျက်လုံးများသည် အောက်သို့ တစေ့တစောင်း ခိုးကြည့်နေခဲ့သည်။

ထွက်သွားစမ်းပါ ထွက်သွားးး ဆရာကြီး ဆရာကြီးက ရွံစရာကောင်းလိုက်တာ ငါ နည်းနည်းမှ မအံ့ဩဘူး ကြောက်ပဲ ကြောက်တယ်။

ရှယန်နန်မှာ ငိုလုမတတ် ဖြစ်သွားခဲ့သည်။

မိန်းကလေးတိုင်းသည် မိမိချစ်ရသော အမျိုးသားအား မိမိ၏ အလှပဆုံး အစိတ်အပိုင်းများကိုသာ ပြသချင်ကြသည် မဟုတ်ပါလား။

သို့သော်လည်း ယခုအချိန်တွင် ရှယန်နန်သည် သူမ၏ အဆိုးရွားဆုံးနှင့် ရှက်စရာကောင်းဆုံး အခြေအနေသို့ ရောက်ရှိနေခဲ့သည်။

အိုကေ ငါ အပြင်မှာ စောင့်နေပါ့မယ်။

ယဲ့ချန်သည် လှည့်ထွက်လိုက်ပြီး မန္တန်ကို ရွတ်ဆိုကာ ရှူးခနဲ နံရံကို ဖြတ်သန်းသွားခဲ့သည်။

အားးး

ရှယန်နန်သည် မလှုပ်မယှက် ငြိမ်သက်နေသော နံရံအား မယုံနိုင်စွာ စိုက်ကြည့်နေခဲ့သည်။

ဒါ ဒါက ဆရာကြီးက အရမ်း တော်တာပဲ နံရံတွေကိုတောင် ဖြတ်သွားနိုင်တယ်လား။ သူက တကယ်ပဲ နတ်ဘုရားတစ်ပါးများလား။

ရှယန်နန်၏ မျက်လုံးများထဲရှိ ရှက်ရွံ့မှုနှင့် ဒေါသများသည် ထိတ်လန့်မှုနှင့် လေးစားအားကျမှုများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

မိနစ်အနည်းငယ်ကြာပြီးနောက်

ရှယန်နန်သည် ယဲ့ချန်၏ လက်မောင်းကို ဆုပ်ကိုင်ထားရင်း အိမ်ရာဝင်းအတွင်း ဦးတည်ရာမဲ့ လမ်းလျှောက်နေခဲ့ကြသည်။

ယန်နန် မင်းကို ငါ အိမ်ပြန်ပို့ပေးပါရစေ

ယဲ့ချန်က နေရခက်သော တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

အင်းပါ။

ရှယန်နန်၏ လှပသော မျက်နှာလေးမှာ ရဲတွတ်သွားပြီး သူမ၏ တောက်ပသော မျက်လုံးကြီးများဖြင့် ယဲ့ချန်အား ကြည့်လိုက်၏။

ဆရာကြီး နောက်တစ်ခါ ဒီလို မလုပ်ဘူးလို့ ကတိပေးပါ။ ဟုတ်ပြီလား။ ဒီတစ်ကြိမ်တော့ ဘာမှ မဖြစ်ခဲ့သလိုပဲ ဟန်ဆောင်ပေးလိုက်မယ်။

အင်းပါ။ တကယ်တော့ ဒါက အတတ်လွန်ပြီး အမှားပါသွားတာပါ တမင်လုပ်တာ မဟုတ်ပါဘူး။ ငါက အဲဒီလောက် မကောင်းတဲ့သူ မဟုတ်ပါဘူး။

ယဲ့ချန်က လေးနက်စွာ ပြောလိုက်၏။

ထို့နောက် သူသည် စိတ်ဓာတ်ကျစွာဖြင့် သက်ပြင်းချလိုက်သည်။

ဟူး အဲဒီလောက် လှပတဲ့ တင်ပါးတစ်ခုကိုအီးပါဖို့အတွက် သုံးလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး။

ထွက်သွားစမ်းပါ။

ရှယန်နန်က မူယာပိုစွာ ပြောလိုက်ပြီး ယဲ့ချန်၏ လက်မောင်းကို ခပ်ဖွဖွ ဆွဲဆွဲလိုက်သည်။

ဆရာကြီးက ကျွန်မကို ဒဏ္ဍာရီထဲက သတ္တဝါလို့ ထင်နေတာလား။ အရူးပဲ။

အန္တရာယ်မရှိသော ပြက်လုံးတစ်ခုသည် စောစောက အခက်တွေ့မှုကို လုံးဝ ပျောက်ကွယ်သွားစေခဲ့သည်။

သူတို့နှစ်ယောက်သည် အိမ်ရာဝင်းမှ ထွက်ခွာခဲ့ကြပြီး ယဲ့ချန်၏ G-Class ကားအတွင်းသို့ ဝင်ထိုင်လိုက်ကြသည်။

ရှယန်နန် ကားပေါ်ရောက်သည်နှင့် သူမ၏ ဖုန်းမြည်လာခဲ့သည်။

အို အဖေ ဖုန်းဆက်တာပဲ။ ဒီလောက် ညဉ့်နက်မှ ဘာဖြစ်လို့လဲ။

ရှယန်နန်သည် ဖုန်းမဖြေမီ ယဲ့ချန်အား တောင်းပန်သော ပြုံးပြုံးလိုက်သည်။

တည်ငြိမ်သော်လည်း အာဏာပါသော အသက်လတ်ပိုင်း အမျိုးသားတစ်ဦး၏ အသံသည် ဖုန်းမှ ထွက်ပေါ်လာခဲ့သည်။

ယန်နန် ဒီလောက် မိုးချုပ်နေပြီ နင် ဘာလို့ အပြင်မှာ ရှိနေသေးတာလဲ။ နင့်အမေနဲ့ ငါက အိမ်မှာ နင့်ကို စောင့်နေကြတာ။ အမြန် ပြန်လာခဲ့။

အဖေ ဒါ အရမ်း ညဉ့်နက်နေပြီလေ။ မနက်ဖြန်မှ ပြောလို့ မရဘူးလား။

တော်စမ်း နင့်အမေနဲ့ ငါ စောင့်နေတာ နာရီပေါင်းများစွာ ကြာပြီ။ အမြန် ပြန်လာခဲ့။

အသက်လတ်ပိုင်း အမျိုးသားက လေးနက်သော အသံဖြင့် ပြောလိုက်သည်။

နင်က ပုံမှန်ဆို အစစအရာရာ စည်းကမ်းရှိတဲ့သူပါ ဒါပေမဲ့ အခုတလော နင် နည်းနည်း လွန်နေပြီ။ ဘာတွေ ဖြစ်နေတာလဲ။ နင် ဘယ်သူနဲ့ ရှိနေတာလဲ။ အိုကေ အိမ်ရောက်မှ ပြောကြတာပေါ့။

ရှယန်နန်၏ အဖေဖြစ်သူ အသက်လတ်ပိုင်း အမျိုးသားသည် ငြင်းဆန်၍ မရသော အမိန့်ပေးသံဖြင့် ပြောဆိုလိုက်သည်။

ဟုတ်ပြီ အခုပဲ ပြန်လာခဲ့မယ်။

ရှယန်နန် ဖုန်းချလိုက်၏။

ဆရာကြီး ကျွန်မဆရာနဲ့ ဆက်မနေနိုင်တော့ဘူး။ အဖေတို့အိမ်မှာ စောင့်နေကြတာ ကြာပြီတဲ့။

ရှယန်နန်က ကူညီရာမဲ့စွာ ပြောလိုက်ဧ။

ငါ မင်းကို အခုပဲ အိမ်ပြန်ပို့ပေးပါမယ်။

ယဲ့ချန် ပြုံးလိုက်၏။

ချမ်းသာတဲ့သူတွေက တကယ်ကို အလုပ်များတာပဲ။

ခဏအကြာတွင် ယဲ့ချန်သည် ရှယန်နန်အား အဆင့်မြင့် အိမ်ရာဝင်းတစ်ခုဆီ သို့ ပို့ဆောင်ပေးခဲ့သည်။

ရှယန်နန်တွင် အိမ်များစွာ ရှိ၏။ မသင့်တော်သော ဥပမာတစ်ခု ပေးရလျှင် ပါးနပ်သော ယုန်တစ်ကောင်တွင် ပုန်းအောင်းစရာ တွင်းသုံးတွင်း ရှိသကဲ့သို့ပင်။

ဒီဗီလာဧရိယာသည် တောင်များကို နောက််ခံပြီး ရေထုနှင့် နီးကပ်စွာ တည်ရှိသဖြင့် ဆိတ်ငြိမ်လှပသော ပတ်ဝန်းကျင် ရှိသည်။ ဒီနေရာရှိ ဗီလာတစ်ခုစီသည် ယွမ် သန်းပေါင်းများစွာ တန်ကြေးရှိသည်။

ဒီနေရာတွင် နေထိုင်သူတိုင်းသည် ယန်မြို့၏ ထိပ်တန်းပုဂ္ဂိုလ်များ အလွန် ချမ်းသာသူ သို့မဟုတ် အာဏာရှိသူများ ဖြစ်ကြသည်ဟု ပြောလျှင် မမှားပေ။

ကားပေါ်မှ မဆင်းမီ ရှယန်နန်သည် ယဲ့ချန်အား နမ်းရှိုက်လိုက်ပြီးမှ တွန့်ဆုတ်စွာဖြင့် ကားပေါ်မှ ဆင်းသွားခဲ့သည်။

ဆရာကြီး နောက်တစ်ခါကျရင် ဆရာကြီးကို အချိန်ပိုပေးပါ့မယ်။

ရှယန်နန်သည် ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေစွာဖြင့် ခြေလှမ်းအနည်းငယ် ပြေးသွားပြီးနောက် ယဲ့ချန်အား အံ့ဩဖွယ်ရာ အပြုံးတစ်ခု ပြန်လည် ပြုံးပြခဲ့သည်။

ယဲ့ချန်သည် ရှယန်နန် အိမ်ရာဝင်းအတွင်းသို့ ဝင်ရောက်သွားသည်ကို စောင့်ကြည့်ပြီးမှ အိမ်သို့ မောင်းနှင်ပြန်ခဲ့သည်။

ရှယန်နန်သည် ခန်းနားထည်ဝါပြီး ခန့်ညားသော ဥရောပစတိုင် ဗီလာအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ အိမ်ဖော်အဝတ်အစား ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ဖိနပ်များ ကိုင်ဆောင်ကာ သူမအား ကြိုဆိုရန် အလျင်အမြန်း ထွက်လာခဲ့သည်။

သခင်မလေး နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ သခင်နဲ့ သခင်မတို့ သခင်မလေးကို စောင့်နေကြတာ ကြာပါပြီ။

ရှယန်နန်သည် ဖိနပ်လဲစီးလိုက်ပြီး သူမ၏ အိတ်ကို အိမ်ဖော်ထံ ပေးလိုက်သည်။

အဒေါ်ကျိုး

သခင်လေး သခင်နဲ့ သခင်မတို့ ပြောနေတာ ကြားရတာတော့ သခင်မလေးရဲ့ မင်္ဂလာရေးနဲ့ ပတ်သက်နေပုံ ရပါတယ်။

အဒေါ်ကျိုးက တိုးတိုးလေး ပြောလိုက်၏။

ရှယန်နန် မျက်မှောင်ကြုတ်လိုက်သည်။

ဧည့်ခန်းကြီးအတွင်း၌။

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် ဆိုဖာပေါ်တွင် ထိုင်နေကြသည်။

သူတို့သည် ရှယန်နန်၏ မိဘများ ဖြစ်ကြသည်။

ဖခင်ဖြစ်သူ ရှာသည် အသက်ငါးဆယ်ခန့် ရှိပုံရပြီး ယဉ်ကျေးပျူငှာသော ပညာရှိ ရုပ်ရည်ရှိကာ သာမန် ကွန်ဖြူးရှပ် စီးပွားရေးသမားတစ်ဦးနှင့် တူသည်။ သူသည် ရွှေရောင် ကိုင်းတပ် မျက်မှန်ကို ဝတ်ဆင်ထားပြီး သူ၏ မျက်လုံးများသည် ထက်မြက်၍ ပညာဉာဏ်များနှင့် ပြည့်နှက်နေခဲ့သည်။

မိခင်ဖြစ်သူ ရှာသည် အသက်လေးဆယ်ခန့် ရှိပုံရပြီး အလွန် လှပကာ မြင့်မြတ်သော အမျိုးသမီးတစ်ဦး၏ အငွေ့အသက်များ ရှိနေခဲ့သည်။

အဖေ အမေ

ရှယန်နန်က နှုတ်ဆက်လိုက်ပြီး ဆိုဖာပေါ်တွင် ထိုင်ကာ သူမ၏ ဒူးများကို ပွတ်သပ်လိုက်သည်။

အရမ်း ပင်ပန်းတာပဲ။

အဒေါ်ကျိုး ယန်နန်အတွက် မုန့်ဟင်းခါး မဟုတ်ရင် စားစရာ တစ်ခုခု သွားချက်ပေးပါ အမြန်။

မိခင်ဖြစ်သူက ညွှန်ကြားလိုက်ပြီး ရှယန်နန်အား အလိုလိုက်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။

ငါ့ရဲ့ သမီးလေး အလုပ်တွေအရမ်းမလုပ်ပါနဲ့။

ယန်နန် နင် အိမ်ပြန်လာတာ အရမ်း ညဉ့်နက်နေပြီ။ နင် အလုပ်သွားတာလား အပြင်မှာ လျှောက်လည်နေတာလား။

ဖခင်ဖြစ်သူ ရှာက ရှယန်နန်အား စုံစမ်းစစ်ဆေးသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

အိမ်ရာဝင်း ကိစ္စက ပြီးသွားပါပြီ။

ရှယန်နန်က လေးနက်စွာ ပြောလိုက်၏။

အင်း။

ဖခင်ဖြစ်သူ ရှာ ခေါင်းညိတ်လိုက်ရာ သူ၏ မျက်နှာထားမှာ နည်းငယ် လျှော့ပါးသွားခဲ့သည်။

ယန်နန် ကျိုးဟွေလီ နဲနဲမှ မပတ်သက်ပါနဲ့တော့။ အဲဒီကောင်က ပြဿနာရှာတဲ့ကောင် ကိုယ့်ကိုယ်ကို ဒုက္ခရောက်အောင် လုပ်တဲ့သူပဲ။ ဘာမှ မသုံးကျတဲ့သူ အလိုလိုက်ခံထားရတဲ့ ကလေးစရိုက် အရမ်းများလွန်းတယ်။

အဖေ အဖေနဲ့ အမေက သမီးကို ကျိုးဟွေလီနဲ့ အောင်သွယ်ပေးဖို့ အစွမ်းကုန် ကြိုးစားခဲ့တာ မဟုတ်ဘူးလား။

ရှယန်နန် လျှာထုတ်ပြလိုက်၏။

ယသမီးလေးရယ် နင့်အဖေနဲ့ ငါက လူမှားကြည့်ခဲ့မိတာပါ။ ကံကောင်းလို့ နင့်ကို မီးတွင်းထဲ မတွန်းပို့မိခဲ့တာ။

မိခင်ဖြစ်သူက သက်ပြင်းချရင်း ပြောလိုက်သည်။

အဖေ့သမီးက မတုံးပါဘူး။

ရှယန်နန် နှာခေါင်းရှုံ့လိုက်သည်။

ယန်နန်

ဖခင်ဖြစ်သူ ရှာသည် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး သူ၏ စိုက်ကြည့်မှုမှာ နက်ရှိုင်း၍ အဝေးသို့ ရောက်ရှိနေခဲ့သည်။

ငါတို့ ရှမိသားစုဟာ ယန်မြို့မှာ အင်အားကြီးတဲ့ မိသားစုတစ်ခု ဖြစ်နေပြီ။ ဒါပေမဲ့ ငါတို့ မျှော်မှန်းချက်တွေကို ပိုမို ကျယ်ပြန့်အောင် လုပ်ဖို့ လိုအပ်တယ်။ ယန်နန် ရုန်းမြို့မှာ ငါတို့ ရှမိသားစု ဘယ်လို ရှိမလဲဆိုတာ နင် စဉ်းစားဖူးလား။

ရုန်းမြို့သည် စီချွမ်ပြည်နယ်၏ မြို့တော်ဖြစ်ပြီး ရှေးခေတ်တည်းက ကြွယ်ဝချမ်းသာသော မြေဟု လူသိများကာ ထူးချွန်သော ပါရမီရှင်များစွာကို မွေးထုတ်ပေးခဲ့သော ကျယ်ပြန့်၍ သယံဇာတ ကြွယ်ဝသော မြေဖြစ်သည်။

နှိုင်းယှဉ်လို့တောင် မရပါဘူး။

ရှယန်နန်က ပွင့်လင်းစွာ ပြောလိုက်သည်။

ဟုတ်တယ် ရုန်းမြို့နဲ့ ယှဉ်လိုက်ရင် ယန်မြို့ဆိုတာ ရေကန်ငယ်လေးတစ်ခု သာသာပဲ ဘာမှ ထည့်ပြောစရာ မလိုတဲ့ အရာပါ။ ရုန်းမြို့ကကျယ်ပြန့်ပြီး အဆုံးမရှိတဲ့ မြစ်ကြီးတစ်စင်း ဖြစ်တယ်။ နင့်အဖေတောင် ရုန်းမြို့ကို ရောက်သွားရင် ဖုန်မှုန့်တစ်ခုလို သေးငယ်တယ်လို့ ခံစားရတယ်။

ပြောရင်းဖြင့် ဖခင်ဖြစ်သူ ရှာ၏ မျက်လုံးများတွင် ထက်မြက်သော အလင်းရောင်များ တောက်ပသွားခဲ့သည်။

တကယ်လို့ ငါ့ရဲ့ ရှမိသားစုဟာ ရုန်းမြို့အထိ လက်တံဆန့်နိုင်ခဲ့ရင် ဒါမှမဟုတ် အဲဒီမှာ အင်ပါယာတစ်ခု ဆောက်တည်နိုင်ခဲ့ရင် ငါ သေသွားခဲ့ရင်တောင် ရယ်မောရင်း သေဆုံးနိုင်ပါပြီ။

အဖေ ရိုးရိုးသားသား ပြောရရင် လုံလောက်တဲ့ အဆက်အသွယ် မရှိဘဲနဲ့ သမီးတို့ ရုန်းမြို့ရဲ့ အသိုင်းအဝိုင်းထဲကိုတောင် ဝင်လို့ ရမှာ မဟုတ်ဘူး အင်ပါယာ ဆောက်ဖို့ဆိုတာ ဝေးရော။

ရှယန်နန်က ခေါင်းခါရင်း ပြောလိုက်၏။

ဟုတ်တယ် အဆက်အသွယ်။

ဖခင်ဖြစ်သူ ရှာက ရှယန်နန်အား ကြည့်လိုက်သည်။

ငါ့ရဲ့ သမီးလေးအတွက် သတင်းကောင်း တစ်ခု ရှိတယ် ရုန်းမြို့ရဲ့ အင်အားကြီး မိသားစုတစ်ခုဖြစ်တဲ့ ချင်းမိသားစုက ငါတို့ ရှမိသားစုနဲ့ မင်္ဂလာ အသိုင်းအဝိုင်း ထူထောင်ဖို့ ကမ်းလှမ်းလာခဲ့တယ်။ ချင်းမိသားစုရဲ့ ဒုတိယ သခင်လေးက သမီးကို သဘောကျနေတာ သမီးချင်းမိသားစုထဲနဲ့ မင်္ဂလာဆောင်လိုက်တာနဲ့ ငါတို့ ရှမိသားစုဟာ နဂါးတံခါးကို ဖြတ်ကျော်ပြီး ရုန်းမြို့ရဲ့ နယ်ပယ်အသီးသီးကို ဝင်ရောက်နိုင်တော့မှာ။ ငါတို့ အင်ပါယာတစ်ခုတောင် တည်ဆောက်နိုင်လိမ့်မယ်။ ဒီကိစ္စဟာ အဓိပ္ပာယ်ရှိပြီး ငါတို့ ရှမိသားစုရဲ့ မျိုးဆက်ပေါင်းများစွာအတွက် ကြီးမားတဲ့ အလုပ်တစ်ခု ဖြစ်တယ်။

ချမ်းသာပြီး အာဏာရှိသော မိသားစုများအကြား မင်္ဂလာဆောင်ခြင်း။

ရှယန်နန်သည် သူမ၏ မိဘများ ဒီနေ့ည အဘယ်ကြောင့် သူမအား နာရီပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ကြသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့တော့သည်။

အဖေ အမေ အဖေတို့က သမီးကို ရောင်းစားဖို့ ကြိုးစားနေတာလား။

ရှယန်နန်၏ မျက်နှာမှာ နည်းငယ် တင်းမာသွားခဲ့သည်။

ယန်နန် သမီးက ချမ်းသာတဲ့ မိသားစုမှာ မွေးဖွားလာတာဆိုတော့ ဒီလို ကိစ္စတွေရဲ့ အရှုပ်အထွေးတွေကို နားလည်သင့်ပါတယ်မဟုတ်ဘူးလား

ဖခင်ဖြစ်သူ ခပ်ပါးပါး ပြုံးလိုက်သည်။

ငါတို့ရဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းမှာ အနာဂတ် တိုးတက်မှုအတွက် မိသားစုအသီးသီးအကြား ထိမ်းမြားလက်ထပ်ခြင်းဆိုတာ ပုံမှန်ကိစ္စပါ။ အချို့ မိသားစုတွေရဲ့ ကလေးတွေဆိုရင် တက္ကသိုလ် မတက်ခင်တည်းက စေ့စပ်ထားပြီးသား ဖြစ်နေကြပြီ။ ယန်နန် အဲဒီ ချင်းမိသားစု ဒုတိယ သခင်လေးဟာ ရုန်းမြို့မှာတောင် လူငယ်မျိုးဆက်တွေကြားမှာ ထိပ်တန်း ခေါင်းဆောင်တစ်ယောက် ဖြစ်တယ် စီးပွားရေး ပါရမီရှင်တစ်ယောက် ဖြစ်ပြီး ယွမ် သန်းပေါင်း သောင်းနဲ့ချီတဲ့ ရန်ပုံငွေတွေကို ထိန်းချုပ်ထားသူ ဖြစ်တယ်။ အဲဒါတင်မကဘဲ ချင်းမိသားစုဟာ ရုန်းမြို့မှာ နှစ်ပေါင်း ရာနဲ့ချီတဲ့ သမိုင်းကြောင်း ရှိတဲ့ အစဉ်အလာကြီးမားတဲ့ ချမ်းသာတဲ့ မိသားစု ဖြစ်တယ်။ သူတို့နဲ့ ယှဉ်လိုက်ရင် ငါတို့ ရှမိသားစုဟာ ဖုန်မှုန့်လို သေးငယ်ပါတယ်။ လုံးဝ နှိုင်းယှဉ်လို့ မရပါဘူး။ အဲဒီလို အသိုင်းအဝိုင်းမျိုးဟာ ပိုက်ဆံ ရှိရုံနဲ့ တိုးဝင်လို့ ရတဲ့ အရာ မဟုတ်ဘူး။ အဲဒါ အုတ်မြစ်နဲ့ ဆိုင်တာ။ ငါတို့ ရှမိသားစု မပြောနဲ့ယန်မြို့မှာရှိတဲ့ ထန်မိသားစုနဲ့ ကျိုးမိသားစုတို့လည်း ရုန်းမြို့ရဲ့ ချမ်းသာတဲ့ မိသားစုတွေရဲ့ မျက်လုံးထဲမှာ အောက်ခြေလွတ် သူဌေးတွေ သာသာပဲ။

ချင်းမိသားစု ဒုတိယ သခင်လေးက တကယ်ကို ထူးချွန်တဲ့သူပါ။ ယန်မြို့မှာရှိတဲ့ ငါတို့ ရွယ်တူတွေထဲမှာ ဘယ်သူမှ သူ့ကို နှိုင်းယှဉ်လို့ မရပါဘူး။ သူက တကယ့် မြင့်မြတ်တဲ့ သူဌေးတစ်ယောက်ပါ။ နင် သူ့မိသားစုထဲ ဝင်သွားတဲ့အခါ ချမ်းသာတဲ့ မိသားစုရဲ့ စည်းကမ်းတွေကို သင်ယူရလိမ့်မယ်။

မိခင်ဖြစ်သူကလည်း ဘေးမှ ထပ်လောင်း ပြောလိုက်၏။

ယသမီးလေး ဒေါသ မထွက်ပါနဲ့ ဒီမင်္ဂလာရေးဟာ သမီးအတွက်ရော ငါတို့ ရှမိသားစုအတွက်ပါ ကြီးမားတဲ့ ဂုဏ်ယူစရာ ဖြစ်မှာပါ။

သမီးက မထိုက်တန်တဲ့သူဆီ တက်လှမ်းချင်စိတ် မရှိပါဘူး။

ရှယန်နန်က ဒေါသတကြီး ပြောလိုက်၏။

သမီး အဲဒီ သခင်လေး ချင်း ဆိုတာကိုရော ဒုတိယ သခင်လေး ချင်း ဆိုတာကိုရော တစ်ခါမှ မမြင်ဖူးပါဘူး သမီးက စီးပွားရေး အလဲအလှယ် ပစ္စည်း မဟုတ်ဘူး သမီး ဘဝကို သမီးစိတ်ကြိုက်ပဲ နေချင်တယ်။

ယန်နန် ခေါင်းမမာစမ်းနဲ့။

ဖခင်ဖြစ်သူ ရှာ၏ မျက်နှာထားမှာလည်း ဆိုးရွားသွားခဲ့သည်။

ငါ ဒါတွေကို ကြုံတွေ့ခဲ့ဖူးပါတယ်။ နင့်အမေနဲ့လည်း အဲဒီတုန်းက ဒီလိုပဲ မဟုတ်ဘူးလား။ နင်က ငယ်သေးတော့ ချစ်ခြင်းမေတ္တာကို အရမ်း စိတ်ကူးယဉ်ဆန်ဆန် တွေးနေတာပါ။ တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ လူမှုအဆင့်အတန်း တူညီတာက အရေးအကြီးဆုံးပဲ နင့်အမေနဲ့ ငါလည်း အခုထိ တစ်ယောက်ကိုတစ်ယောက် လေးလေးစားစားဆက်ဆံနေကြတာပဲ မဟုတ်ဘူးလား။

ဘာပဲဖြစ်ဖြစ် သမီး မင်္ဂလာ မဆောင်နိုင်ဘူး။ သမီးချင်းမိသားစုက သခင်လေးတွေကို မတွေ့ချင်ဘူး။

ရှယန်နန်၏ အသံမှာ ပြတ်သားနေခဲ့သည်။

ဖခင်ဖြစ်သူ ရှာ၏ စိုက်ကြည့်မှုမှာ ပြောင်းလဲသွားခဲ့သည်။

ယန်နန် နင် ပြောင်းလဲသွားပြီ။ ငါ့ကို အမှန်အတိုင်း ပြောစမ်း အခုတလော နင် ဘယ်သူနဲ့ ပေါင်းနေတာလဲ။

ဖခင်ဖြစ်သူ ရှာ၏ အသံမှာ တင်းမာသွားခဲ့သည်။

နင် မသင်္ကာစရာ လူတွေနဲ့ ပေါင်းနေတယ်လို့ ငါ ကြားထားတယ် ယန်နန် နင် ရှမိသားစုရဲ့ ဂုဏ်သိက္ခာကို မညှိုးနွမ်းစေဘူးလို့ ငါ မျှော်လင့်ပါတယ်။

ယောက်ျား ငါတို့ သမီးက အမြဲတမ်း လိမ္မာတယ် ဉာဏ်ကောင်းတယ် စကားနားထောင်တယ်။ ကောင်းကောင်းမွန်မွန် ပြောကြတာပေါ့ ဒေါသ မထွက်ပါနဲ့။

မိခင်ဖြစ်သူ က ဘေးမှ အမြန် ဖြောင်းဖြလိုက်သည်။

ငါ့သမီးက မသင်္ကာစရာ လူတွေကို မသိပါဘူး။

ရှယန်နန် သက်ပြင်းရှည် တစ်ချက် ချလိုက်ပြီး သူမ၏ စိုက်ကြည့်မှုမှာ တည်ငြိမ်၍ ကြောက်ရွံ့မှုမရှိဘဲ ဖခင်ဖြစ်သူ ရှာအား ကြည့်လိုက်သည်။

အဖေ အမေ သမီး ဘဝမှာ အရေးအကြီးဆုံး အမျိုးသားနဲ့ တွေ့ဆုံခဲ့ပြီးပြီ သမီးတို့ချစ်ကြိုက်နေပါပြီ။

တိတ်ဆိတ်သွားခဲ့သည်။

ငြိမ်သက်သွားခဲ့သည်။

ဧည့်ခန်းကြီးတစ်ခုလုံး လွန်စွာ တိတ်ဆိတ်သွားခဲ့သည်။

ညဉ့်နက် မုန့်ဟင်းခါး ကိုင်ဆောင်ကာ ဒီဘက်သို့ လမ်းလျှောက်လာသော အဒေါ်ကျိုးသည် သူမ၏ ခြေလှမ်းများကို ရပ်တန့်လိုက်ရပြီး သစ်သား ရုပ်တုတစ်ခုကဲ့သို့ တုံ့ဆိုင်းသွားခဲ့သည်။

နင် နင် နင် ဘာအဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ။

ဖခင်ဖြစ်သူ ရှယန်နန်၏ နှာခေါင်းကို လက်ညှိုးထိုးလိုက်သည်။

နောက်တစ်ခါ ထပ်ပြောစမ်း နောက်တစ်ခါ ထပ်ပြောစမ်း။

သမီးတို့ချစ်ကြိုက်နေတာပါ။

ရှယန်နန် ပြုံးလိုက်၏။

ဒီအချိန်ကာလက သမီး ဘဝမှာ အပျော်ရွှင်ဆုံး အချိန် ဖြစ်ခဲ့ပါတယ်။ သမီး သေချာပါပြီ။

သူက ဘယ်သူလဲ။

ဖခင်ဖြစ်သူသည် ရှယန်နန်၏ ရှေ့သို့ တိုက်ရိုက် လမ်းလျှောက်လာခဲ့ပြီး သူ၏ ပေါက်ကွဲလုနီးပါး စိတ်ခံစားချက်များကို ထိန်းချုပ်ရန် ကြိုးစားနေခဲ့သည်။

နင် နင် နင်နဲ့ သူကြားမှာ ကိစ္စတွေ ဘယ်လောက်အထိ ရောက်သွားပြီလဲ။ ငါ့ကို ပြောစမ်း။

ရှယန်နန် ခဏမျှ စဉ်းစားလိုက်ပြီး သူမ၏ မျက်နှာမှာ နည်းငယ် ရဲတွတ်သွားခဲ့သည်။

သမီး တကယ်ပဲ ပြောရမှာလား။

အခုပဲ ပြောစမ်းးးး

ဖခင်ဖြစ်သူ ရှာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

သမီး သူနဲ့ အတူတူ အိပ်ခဲ့ပြီးပါပြီ။

ရှယန်နန် ဝန်ခံလိုက်သည်။ သူမ၏ ရိုးသားမှုသည် သူမ၏ မိဘများအား ချင်းမိသားစုမှ သခင်လေးနှင့် မင်္ဂလာဆောင်ရန် မဖြစ်နိုင်ကြောင်း နားလည်သွားစေရန် မျှော်လင့်ခဲ့သည်။

မိခင်ဖြစ်သူ၏ လက်ထဲရှိ ခွက်သည် ရုတ်တရက် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

အဒေါ်ကျိုး၏ ညဉ့်နက် မုန့်ဟင်းခါး သည်လည်း ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

ရှယန်နန်!ယဘနောက်တစ်ခါ ထပ်ပြောစမ်း။

ဖခင်ဖြစ်သူ ရှာသည် လွန်စွာ ဒေါသထွက်နေသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်နေခဲ့ပြီး သူ၏ မျက်နှာမှာ ဒေါသကြောင့် မဲ့ရွဲ့နေကာ သူ၏ ရင်ထဲတွင် လူသတ်ချင်စိတ်များ မြင့်တက်လာခဲ့သည်။

ဧည့်ခန်းတစ်ခုလုံးရှိ လေထုမှာ အလွန် တင်းမာနေခဲ့သည်။

သမီး သူနဲ့ အတူတူ အိပ်ခဲ့ပြီးပါပြီ။

ရှယန်နန်၏ စိုက်ကြည့်မှုမှာ ကြောက်ရွံ့မှု မရှိဘဲ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး လုံးဝ တည်ငြိမ်နေခဲ့ကာ ပျော်ရွှင်မှုများပင် ဖြာထွက်နေခဲ့သည်။

သူက သမီးရဲ့ ...

ဖြန်းးးး

ဖခင်ဖြစ်သူ ရှာသည် သူ၏ လက်ကို မြှောက်လိုက်ပြီး ရှယန်နန်၏ မျက်နှာအား ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။

ရှယန်နန်သည် ဟန်ချက်ပျက်ကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့ပြီး သူမ၏ ပါးစပ်ထောင့်မှ သွေးများ စိမ့်ထွက်လာခဲ့သည်။

သမီးကို မရိုက်ပါနဲ့။

မိခင်ဖြစ်သူ သတိဝင်လာခဲ့ပြီး ဒေါသထွက်၍ အရူးအမူး ဖြစ်နေသော ဖခင်ဖြစ်သူ ရှာအား တားဆီးရန် ရှေ့သို့ ပြေးဝင်လာခဲ့သည်။

အဒေါ်ကျိုးသည်လည်း အလျင်အမြန်း ရှေ့သို့ တိုးလာ၏။

သခင် ကျေးဇူးပြုပြီး ဒေါသ မထွက်ပါနဲ့ သခင်မလေးကို မရိုက်ပါနဲ့တော့။ သခင်မလေးက အမြဲတမ်း လိမ္မာပါတယ်

သူ ဘယ်သူလဲဆိုတာ ငါ့ကို ပြောစမ်း။ မနက်ဖြန်ကျရင် သူ လုံးဝ ပျောက်ကွယ်သွားတာကို ငါ မြင်ချင်တယ်။

ဖခင်ဖြစ်သူ ရှာက အေးစက်စွာ ပြောလိုက်၏။

အဖေ။

ရှယန်နန်သည် ပူလောင်ယောင်ကိုင်းနေသော သူမ၏ ပါးကို ဆုပ်ကိုင်ထားရင်း ဖခင်ဖြစ်သူ ရှာ၏ ရှေ့တွင် ဒူးထောက်လိုက်သည်။

အဖေ အမေ သမီး ရှမိသားစုကို သစ္စာဖောက်တဲ့ ဘာကိစ္စမှ မလုပ်ခဲ့ပါဘူး အဖေတို့ကို သစ္စာဖောက်တဲ့ ဘာကိစ္စမှလည်း မလုပ်ခဲ့ပါဘူး။ အဖေ အဖေ ဒီကိစ္စကို ဆက်မလိုက်ပါနဲ့တော့ သူ့ကိုလည်း သွားမရှာပါနဲ့နော်။ ဘာလို့လဲဆိုတော့။

ရှယန်နန်သည် အကယ်၍ ရှမိသားစုသာ ယဲ့ချန်အား သွားရောက် ရန်စပါကရှာမိသားစုသည် ဆုံးရှုံးမှုများ ခံစားရမည့်သူများ ဖြစ်လာလိမ့်မည်ဆိုသည်ကို အလွန် နားလည်ထားခဲ့သည်။

ရှယန်နန် ငါတို့ သားအဖ ဖြစ်ခဲ့တာ နှစ်ပေါင်း နှစ်ဆယ်ကျော် ရှိပြီ နင်က ငါ အချစ်ဆုံး အလေးစားဆုံးသူ ဖြစ်ခဲ့တာ။ ဒါပေမဲ့ ဒီနေ့တော့ နင် ငါ့ကို အရမ်း စိတ်ပျက်စေခဲ့တယ်။ နင် ရှက်ရွံ့ခြင်းရဲ့ အဓိပ္ပာယ်ကို မေ့လျော့သွားတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

ဖခင်ဖြစ်သူ ရှာ၏ မျက်နှာမှာ ပြာနှမ်းနေခဲ့သည်။

ကောင်းပြီ နင့်ကို ရွေးချယ်ဖို့ နောက်ဆုံး အခွင့်အရေး တစ်ခု ငါ ပေးမယ်။ ဒီနေ့ကစပြီး နင့်မှာ ဘာမှ မရှိတော့ဘဲ ရှမိသားစုထဲက ထွက်သွားစမ်း မဟုတ်ရင် နင် သူနဲ့ လမ်းခွဲပြီး ချင်းမိသားစုထဲ ဝင်လိုက်။ ရှယန်နန် သေချာ နားထောင်စမ်း နင် စကားနားထောင်ပြီး ချင်းမိသားစုထဲ ဝင်လိုက်ရင် ရှမိသားစုမှာရှိတဲ့ အရာအားလုံး နင့်ဥစ္စာ ဖြစ်မယ်လို့ ငါ ကတိပေးနိုင်တယ်။ နင့်အဘိုးနဲ့ ငါ တို့ အသက်နဲ့ လဲပြီး တည်ဆောက်ခဲ့တဲ့ အုတ်မြစ်တွေ အားလုံး နင့်ဥစ္စာ ဖြစ်လာမယ်။

သမီးဘာတစ်ခုမှ မယူတာကိုပဲ ရွေးချယ်ပါတယ်။

ရှယန်နန်က နည်းနည်းမှ တွန့်ဆုတ်မနေဘဲ ပြောလိုက်သည်။

မနက်ဖြန်ကျရင် သမီးပစ္စည်းတွေကို လွှဲပြောင်းပေးဖို့ ကုမ္ပဏီကို သွားပါမယ်။ ဘဏ်ကတ်တွေ ခရက်ဒစ်ကတ်တွေ ကားသော့တွေအိမ် အရာအားလုံး အဖေ့ဆီ ပြန်ပေးပါမယ်။ သမီးအရမ်း ပင်ပန်းနေပြီ။ သမီးဘာမှ ထပ်မလိုချင်တော့ဘူး။ သမီးလွတ်လပ်မှုနဲ့ ချစ်ခြင်းမေတ္တာကိုပဲ လိုချင်တာပါ။ သူတစ်ယောက်တည်း ရှိရင် သမီးအတွက် လုံလောက်ပါပြီ

တစ်ချိန်တည်းမှာပင်။

ယဲ့ချန်သည် အိမ်သို့ ပြန်ရောက်ခဲ့ပြီ ဖြစ်သည်။

ရေချိုးပြီးနောက်။

သူသည် တည်ငြိမ်သော မျက်နှာထားဖြင့် အိပ်ရာပေါ်တွင် ထိုင်နေခဲ့သည်။

‘ဒါနဲ့ ငါ ရခဲ့တဲ့ ခွေးရိုက်တုတ်သိုင်း အပြည့်အစုံ ဆိုတာ တကယ်ပဲ သိုင်းဝတ္ထုတွေထဲက ခွေးရိုက်တုတ်သိုင်းများလား။ အဲဒါဆိုရင် ငါ ဒါကို သင်ယူပြီးရင် သိုင်းပညာရှင်တစ်ယောက် ဖြစ်မလာဘူးလား’

ယဲ့ချန်သည် လှုပ်ရှားချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေခဲ့သည်။

ငယ်ရွယ်စဉ် အချိန်များကို ဖြတ်သန်းခဲ့ဖူးသော လူငယ်တိုင်းသည် မိမိတို့၏ သိုင်းပညာ အိမ်မက်များကို မွေးမြူထားကြသည် မဟုတ်ပါလား။

ဓားတစ်လက်ကို ကိုင်ဆောင်ကာ ကမ္ဘာကြီးကို လှည့်ပတ်၍ လွတ်လပ်စွာ လက်စားချေရင်း အသက်ရှင်သန်ခြင်း။

လူတစ်ယောက် ဓားတစ်လက်ဖြင့် မြို့တစ်မြို့ကို ကာကွယ်ခြင်း။

“ကောင်းပြီ သင်ကြည့်တာပေါ့။”

All Chapters