← Chapters

အခန်း ၂၆၅

Vol. 27 Ch. 265

အခန်း ၂၆၅

Vol. 27 Ch. 265

အခန်း ၂၆၅ - ဝမ်ရှို့ဝူ (၁)

ချီရွှမ်းစုသည် သင်္ဘောသားဓားနှစ်လက်ကို ဆွဲထုတ်ပြီး ဖျတ်ခနဲ ပျောက်ကွယ်သွား၏။ တစ်ချိန်တည်းနီးပါးမှာ ဝမ်ရှို့ဝူသည် သူ့နောက်ကျောမှ အေးစက်မှုတစ်ခုကို ခံစားရ၏။ သူက ကိုယ်ကိုလှည့်လိုက်စဉ် နောက်ကျလွန်းသွားလေပြီ။ ချီရွှမ်းစုသည် ဝမ်ရှို့ဝူ၏ နောက်ဘက်မှာ ပေါ်ထွက်၍ ထိုသူ၏ လည်ဂုတ်နှင့် နောက်ကျောပေါ်မှာ ကြက်ခြေခတ်ဒဏ်ရာတစ်ခု ကျန်ရစ်ခဲ့စေ၏။

သူသည် ဓားသွားနှစ်ခုထဲ ချီကိုထည့်သွင်းထားသောကြောင့် ဝမ်ရှို့ဝူ၏ဒဏ်ရာများက မီးတောက်များဖြင့် လောင်ကျွမ်းသွား၏။

ဤသည်မှာ တာယန်စိတ်ဝိညာဉ်ဓားသိုင်းဖြစ်လေ၏။

ကံကောင်းစွာဖြင့် ဝမ်ရှို့ဝူသည် ပြန်လည်ကုသနိုင်စွမ်းရှိသည့် ကိုယ်ခံပညာသိုင်းသမားတစ်ဦးဖြစ်ရာ ဒဏ်ရာက ဘယ်လိုပင် သွေးသံရဲရဲဖြစ်စေ အသက်အန္တရာယ်ကို မခြိမ်းခြောက်နိုင်ပေ။

တိုက်ခိုက်မှုအပြီးမှာ ချီရွှမ်းစုသည် တတ်နိုင်သမျှမြန်မြန် နောက်သို့ ဆုတ်ခွာသွား၏။

ဝမ်ရှို့ဝူက ဒေါသ ထောင်းခနဲထသွား၏။ သူ၏ သွေးချီကိုစုစည်း၍ မျက်စိဖြင့် မြင်နိုင်သောနှုန်းထားဖြင့် ဒဏ်ရာကို ကုသနေ၏။ တစ်ချိန်တည်းမှာ ရှေ့သို့ခုန်တက်ပြီး ချီရွှမ်းစုကို တိုက်ခိုက်လိုက်၏။

သို့သော် ချီရွှမ်းစုက သူနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းမရှိချေ။ သူသည် တာယန်စိတ်ဝိညာဉ်ဓားသိုင်းကိုသုံး၍ လူချင်းခွာလိုက်၏။ တစ်ချိန်တည်းမှာ မီးစွဲဓားတစ်လက်ကို ဝမ်ရှို့ဝူထံ ပစ်ထုတ်လိုက်၏။ သူသည် ဓားထိန်းချုပ်နည်းစနစ်ကိုသုံးထားပြီး သင်္ဘောသားဓားကို မောင်းနှင်ကာ ၎င်း၏ အလျင်အဟုန်ကို တိုးလာစေ၏။

ဝမ်ရှို့ဝူက သူ့လက်နှစ်ဖက်ကို မြှောက်လိုက်၏။ သူ၏ အင်္ကျီလက်အောက်မှာ ဖောင်းကြွနေသောသွေးကြောများနှင့် တုတ်ခိုင်သောလက်ဖျံနှစ်ဖက်ပေါ်ထွက်လာ၏။ ပြူထွက်လာသော သွေးကြောများမှာ ထိတ်လန့်ဖွယ်ရာဖြစ်ပြီး ဝမ်ရှို့ဝူသည် သတ္တုနန်းကြိုးများကို လက်မှာ ရစ်ပတ်ထားသည့်အလားပင်။ သူ၏ သွေးကြောဆုံမှတ်များကလည်း လင်းလက်လာ၏။

ဝမ်ရှို့ဝူသည် သူ ညာဘက်လက်ကိုမြှောက်၍ တိုက်ခိုက်မှုကို တားဆီးလိုက်သည်နှင့် သတ္တုနှင့်ကျောက်တုံးထိခတ်သည့်အသံမျိုးထွက်ပေါ်လာ၏။ ပြင်းထန်ကြမ်းတမ်းသော ချီတုန်ခါလှိုင်းများက သူတို့၏ ဘေးပတ်လည်မှာ ပေါ်ထွက်၍ မီးစွဲဓားသည် သူ့နဂိုလမ်းကြောင်းအတိုင်း ပြန်ကန်ထွက်သွား၏။

ချီရွှမ်းစုသည် သင်္ဘောသားဓားကိုလှမ်း၍ ဖမ်းယူစဉ် တူညီသောနည်းစနစ်ကိုသုံးကာ နောက်ထပ် ဓားတစ်လက်ကို ပစ်ထုတ်လိုက်၏။

ဝမ်ရှို့ဝူသည် ဘယ်ဘက်လက်ဖြင့် တိုက်ခိုက်မှုကို နောက်တစ်ဖန်တားဆီးရပြန်၏။ သို့သော် သင်္ဘောသားဓားက ပြန်ကန်မထွက်ခင် နောက်ထပ် မီးစွဲဓားသွားက ပြန်လှည့်ဝင်လာပြီဖြစ်ရာ သူ့ညာဘက်လက်ကိုသုံး၍ တားဆိးရပြန်၏။

တခြားရှုထောင့်ကနေ ကြည့်မည်ဆိုလျှင် မီးစွဲဓားနှစ်လက်သည် ယောကျ်ားနှစ်ဦးကြားမှာ ပတ်လမ်းတစ်ခုလို လှည့်ပတ်ပျံသန်းနေသည်ကို တွေ့မြင်ရပေမည်။ သူတို့သည် ကစားနည်းတစ်မျိုးကို ဆော့ကစားနေသည့်အလားပင်။ အဲဒါက မရဏကစားပွဲဖြစ်သည်ကို သူတို့နှစ်ယောက်သာလျှင် သိရှိထား၏။ သင်္ဘောသားဓားနှစ်လက်သည် ရှေ့နောက်ပျံသန်းရင်း အလျင်အဟုန်က တိုးလာနေ၏။ နောက်ဆုံးမှာတော့ ဓားသွားပေါ်ရှိမီးတောက်များသည် အဆက်မပြတ် မျဉ်းတစ်ကြောင်းနီးပါးဖြစ်ပေါ်လာ၏။

တိုက်ပွဲက ပို၍ ပြင်းထန်ကြမ်းတမ်းလာသည်။ ချီရွှမ်းစုက သူ၏ စိတ်ကိုရှင်းလင်း၍ သူ့နှလုံးသားကို ငြိမ်သက်စေပြီး အာရုံစူးစိုက်ထား၏။ ပြင်းထန်ကြမ်းတမ်းသော ဤတိုက်ပွဲမှာ သူအနိုင်ရမလား သို့မဟုတ် နောက်ဆုံးဘယ်သူအဆုံးသတ်မလဲ မစဉ်းစားပေ။

ဆန့်ကျင်ဘက်အနေဖြင့် ဝမ်ရှို့ဝူသည် အသည်းအသန်အခြေအနေတစ်ခုသို့ ရောက်ရှိသွား၏။ သူ့မှာ အသက်အန္တရာယ်မရှိသေးသော်လည်း သူရရှိသည့် ဒဏ်ရာအရေအတွက်သည် မိနစ်နှင့်အမျှ တိုးလာနေ၏။ ထိုသို့ဖြင့် သူသည် ပို၍ဒေါသထွက်ကာ စိတ်မရှည်နိုင်ဖြစ်လာ၏။

သူတို့၏ စိတ်ပိုင်းဆိုင်ရာအခြေအနေများက သိသာရှင်းလင်းနေလေပြီ။

ဝမ်ရှို့ဝူသည် ရုတ်တရက်ဟိန်းဟောက်၍ လက်နှစ်ဖက်ကိုမြှောက်ပြီး သူ၏ သာလွန်ကျင့်ကြံမှုကိုမှီခိုကာ သင်္ဘောသားဓားနှစ်လက်ကို ရိုက်ချလိုက်၏။ ထို့နောက် ချီရွှမ်းစု၏ နားထင်ကို အမြင့်ကန်ချက်ဖြင့် လှမ်းကန်လိုက်လေသည်။

ချီရွှမ်းစုက ပျာပျာသလဲဖြစ်မသွားပေ။ သူသည် ဓားထိန်းချုပ်နည်စနစ်ကိုသုံး၍ သင်္ဘောသားဓားများကို ပြန်ဆင့်ခေါ်လိုက်၏။ မီးစွဲနေသောဓားသွားများသည် အသိုက်ဆီပြန်လာသော ပျံလွှားငှက်ငယ်များကဲ့သို့ ချီရွှမ်းစုရှိရာသို့ တစ်ဖန်ပျံသန်းလာ၏။

တစ်ချိန်တည်းမှာ ချီရွှမ်းစုသည် သူ၏ ဘယ်ဘက်လက်ကိုဆွဲတင်၍ မျက်နှာကို ကာလိုက်၏။ ဝမ်ရှို့ဝူ၏ ကန်ချက်သည် လိုချင်သည့်အတိုင်းမရဘဲ ချီရွှမ်းစု၏ လက်ကိုသာ ကျိုးသွားစေ၏။ သို့သော်လည်း ချီရွှမ်းစုက ဂရုစိုက်ပုံမရပေ။ သူသည် ဝမ်ရှို့ဝူ၏ ခြေချင်းဝတ်ကို ညာလက်သီးဖြင့် ချက်ချင်းပစ်ထိုးလိုက်၏။

ဤသည်မှာ ထန်ထိုက်လက်သီးစိတ်ဆန္ဒမှ သိုင်းကွက်တစ်ကွက်ဖြစ်လေသည်။

သူတို့နှစ်ယောက်လူချင်းခွာလိုက်သည်နှင့် ချီရွှမ်းစုသည် ဘယ်ဘက်လက်ကိုတွဲလျောင်းချ၍ ညာဘက်လက်ဖြင့် သင်္ဘောသားဓားနှစ်လက်ကို ဖမ်းယူလိုက်၏။

ဝမ်ရှို့ဝူသည် အဆင်ပြေပုံရသော်လည်း ချီရွှမ်းစုကြောင့် ဒဏ်ရာရသွားသည့် ခြေထောက်က ကောင်းကောင်းမထောက်နိုင်တော့ပေ။ သူ ဟန်ချက်ညီဖို့အတွက် ခြေဖျားဖြင့်သာ မြေပြင်ကိုထိထားရ၏။

ချီရွှမ်းစုက ညင်သာစွာအသက်ရှူသွင်း၍ သူ၏ သွေးချီနှင့် ပင်ကိုယ်ချီကို ထိန်းညှိပြီး ကိုယ်ခံပညာသိုင်းသမား၏ ပြန်လည်ကုသနိုင်စွမ်းဖြင့် ကျိုးသွားသော သူ့လက်ကို လျင်မြန်စွာ ပြန်လည်ပြုပြင်နေ၏။ မည်သို့ပင်ဆိုစေ အရိုးကျိုးသွားရုံသာဖြစ်ပြီး ဖုန့်ပိုကြောင့် လက်ပြတ်ခဲ့သည်နှင့်စာလျှင် ဘာမှမဟုတ်ပေ။

ဝမ်ရှို့ဝူ၏ ခြေထောက်ဒဏ်ရာကလည်း လျင်မြန်စွာသက်သာလာ၏။ သူက ခြေဖဝါးဆီ ဖိအားကို ဖြည်းဖြည်းချင်းပို့လွှတ်ပြီး မြေပြင်ပေါ်မှာ ကောင်းကောင်းထောက်နိုင်သွားပြီဖြစ်၏။

အဲဒါသည် ကိုယ်ခံပညာသိုင်းသမားနှစ်ဦး တိုက်ခိုက်သည့်အခါ ဖြစ်ပွားတတ်သည့်ပုံစံမျိုးပင်။ သူတို့၏ ပြန်လည်ကုသနိုင်စွမ်းများကြောင့် သူတို့၏ ဒဏ်ရာများကို မြန်ဆန်စွာ ပြန်လည်ကုသနိုင်ကြသည်။ သူတို့၏ ကိုယ်ကာယများသည် အခြားသောလမ်းစဉ်များထက်လည်း ပို၍ ဒူပေနာပေခံနိုင်ရည်ရှိပြီး အချိန်တိုအတွင်းမှာ အနိုင်ရရှိမည့်သူကို ဆုံးဖြတ်ရန်ခက်လေသည်။ ၎င်းသည် ခံနိုင်ရည်ချင်းပြိုင်သည့် တိုက်ပွဲပင်။ သူတို့၏ သွေးချီ ကုန်ဆုံးသွားမှသာ သူတို့က လက်လျှော့ကြပေလိမ့်မည်။

ချီရွှမ်းစု၏ ကျိုးသွားသောလက် လျင်မြန်စွာ သက်သာပျောက်ကင်းလာသည်ကိုကြည့်ပြီး ဝမ်ရှို့ဝူ၏ အမူအရာက သုန်မှုန်သွား၏။

ချီရွှမ်းစုသည်လည်း ပြန်လည်ကုသနိုင်စွမ်းရှိသည့် ကိုယ်ခံပညာသိုင်းသမားတစ်ဦးဖြစ်နေလိမ့်မည်ဟု သူထင်မှတ်မထားပေ။ သို့သော် မီးစွဲဓားသွားများကို ကြည့်ခြင်းအားဖြင့် ချီရွှမ်းစုမှာ ပင်ကိုယ်ချီလည်းရှိနေပြန်၏။ သူတွေးမိသည်မှာ ‘ဒီချီရွှမ်းစုက ကိုယ်ခံပညာသိုင်းသမားလား လေလွင့်ကျင့်ကြံသူလား’ ဟူ၍ပင်။

သို့သော် ဝမ်ရှို့ဝူတစ်ယောက် အဲဒါကို သိပ်ပြီး တွေးတောမနေနိုင်ပေ။ ဤတိုက်ပွဲမှာ အနိုင်ရဖို့သာ စိတ်ပိုင်းဖြတ်ထား၏။ သူအနိုင်ရရှိသည်နှင့် ချီရွှမ်းစုကို အကျပ်ကိုင်မေးမြန်းနိုင်လေသည်။

နောက်ခဏ၌ ဝမ်ရှို့ဝူသည် သူတို့နှစ်ယောက်ကြားတွင် ဆယ်ပေအကွာအဝေးကိုထိန်းပြီး ချဉ်းကပ်လာ၏။

ချီရွှမ်းစုသည် သင်္ဘောသားဓားနှစ်လက်ဖြင့် အကြိမ်များစွာ အဆက်မပြတ် တိုက်ခိုက်လိုက်၏။

သို့သော် အသံလုံးဝ မထွက်ပေ။ သင်္ဘောသားဓားများ ပျံသန်းသွားသည့်အခါ ဓားချီ သို့မဟုတ် လေပြည် တစ်စွန်းတစ်စ မကျန်ခဲ့ပေ။ ဝမ်ရှို့ဝူသည် ချီရွှမ်းစု၏ ဓားလမ်းကြောင်းကို မတွေ့မြင်နိုင်ရာ သူ၏ ပင်ကိုယ်ဗီဇတုံ့ပြန်မှုပေါ်သာမှီခို၍ လေထဲကို ဆယ်ကြိမ်ဆက်တိုက်ပစ်ထိုးလိုက်ရ၏။ ထိုသို့ဖြင့် ချီရွှမ်းစု၏ ဓားသွားများ မထိခတ်အောင် တားဆီးနိုင်မည်ဖြစ်၏။

ချီရွှမ်းစု၏ ကျင့်ကြံမှုက တစ်ဆင့်ပိုနိမ့်သော်လည်း သူက တိုက်စစ်အနေအထားမှာရှိ၍ ဝမ်ရှို့ဝူက ခံစစ်အနေအထားကို ရောက်ရှိနေ၏။ သူတို့ကြားရသည်မှာ တချွင်ချွင်အသံများဖြစ်၏။

ချီရွှမ်းစုသည် တာယန်စိတ်ဝိညာဉ်ဓားသိုင်းကိုသုံး၍ ပို၍မြန်မြန်ဆန်ဆန် တိုက်ခိုက်လာ၏။ ဓားနှစ်လက်သည် အဘက်ဘက်ကနေဝင်ရောက်၍ ဝမ်ရှို့ဝူ၏ ခန္ဓာကိုယ်အနှံ့မှာ ဒဏ်ရာငယ်များ ဆက်တိုက်ဖြစ်ပေါ်လာစေ၏။

ဤဒဏ်ရာများက သေးနုပ်သော်လည်း သူတို့သည် ပြင်းထန်သည်အထိ ထပ်ဆင့်လာပေလိမ့်မည်။ မည်သို့ပင်ဆိုစေ ကိုယ်ခံပညာသိုင်းသမားတစ်ဦးသည် ဒဏ်ရာများကို ကုသဖို့အတွက် သွေးချီကို အသုံးပြုရသေးသည်။ ချီရွှမ်းစုသည် ဝမ်ရှို့ဝူ၏ သွေးချီကို ကုန်ခန်းစေဖို့ ဤနည်းဗျူဟာကို အသုံးပြုနေခြင်းဖြစ်၏။

ဝမ်ရှို့ဝူကလည်း ချီရွှမ်းစု ဘာတွေးနေသည်ကို နားလည်ထား၏။ သူသည် ချီရွှမ်းစု၏ လျှို့ဝှက်ဆန်းကြယ်သောဓားသွားများမှ အားနည်းချက်ကို ရှာဖွေဖို့ ကြိုးစားနေ၏။ ချိရွှမ်းစုသည် ဤအားနည်းချက်များကို ပါးပါးနပ်နပ်ဖုံးကွယ်ထားရာ ဝမ်ရှို့ဝူက မတွေ့မြင်နိုင်ပေ။ ထို့ကြောင့် ဝမ်ရှို့ဝူသည် သူ၏ ကိုယ်ကာယခွန်အားသက်သက်ကို အသုံးပြုရပေတော့မည်။

ဝမ်ရှို့ဝူက အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ သူ၏ သွေးချီကို လှည့်ပတ်ပြီး သူ့လက်ဖဝါးနှစ်ဖက်ကို ရှေ့သို့ ပစ်တွန်းလိုက်၏။ သူ၏ ခွန်အားသည် ချီရွှမ်းစုကို နောက်သို့ လျှောတိုက်ထွက်သွားစေပြီး မြေပြင်ပေါ်မှာ စွပ်ကြောင်းရာနှစ်ခုကျန်ရစ်ခဲ့၏။ ချီရွှမ်းစု၏ အဝတ်အစားများက ထိတွေ့ရိုက်ခတ်မှုဖြင့် တရှဲရှဲမြည်သွား၏။

ချီရွှမ်းစု၏ တာယန်စိတ်ဝိညာဉ်ဓားသိုင်းသည် ဝမ်ရှို့ဝူ၏ ကိုယ်ကာယခွန်အားဖြင့် ချိုးဖျက်ခံလိုက်ရသည်။ ချီရွှမ်းစု သူ၏ အလျင်အဟုန်ကို ဆုံးရှုံးသွားသည်နှင့် ဝမ်ရှို့ဝူက အခွင့်အလမ်းကိုချိန်ဆကာ တန်ပြန်တိုက်ခိုက်လိုက်၏။

ချီရွှမ်းစုက အငိုက်မိ၍ ဓားချီအနည်းငယ်ကိုသာ ဆင့်ခေါ်လိုက်နိုင်၏။ သို့သော် ဝမ်ရှို့ဝူသည် သူ့လက်ဝါးဖြင့် အဲဒါကို ရိုက်ချလိုက်၏။ ဓားချီသည် ဝမ်ရှို့ဝူ၏ လက်ဝါးနှင့် ရိုက်ခတ်ပြီး အဘက်ဘက်ကိုပြန့်ကျဲကာ မြေပြင်ကို ထိမှန်၍ အရွယ်အစားနှင့် အနက်အမျိုးမျိုး ကျင်းချိုင့်များ ပေါ်ထွက်လာစေ၏။

ချီရွှမ်းစုသည် သိပ်မကြာခင် သူ၏ သင်္ဘောသားဓားနှစ်လက်ဖြင့် ဝမ်ရှို့ဝူကို တစ်ဖန်ပြန်လည်တိုက်ခိုက်လာ၏။

ဝမ်ရှို့ဝူသည် ဓားသွားကို လက်ပြန်ဖမ်း၍ ချီရွှမ်းစုကို လက်ညှိုးတစ်ချောင်းဖြင့် ပစ်ထိုး၏။ သာမန်ကာလျှံကာဖြစ်ပုံရသော ဤလှုပ်ရှားမှုမှာ ချီရွှမ်းစု၏ ခန္ဓာကိုယ်တွင် သွေးသံရဲရဲအပေါက်တစ်ပေါက်ဖြစ်ပေါ်စေမည့် ချာလပတ်လည်နေသော စွမ်းအားတစ်ခု ပါဝင်နေ၏။

ချီရွှမ်းစုက တိုက်ခိုက်မှုကို ထိပ်တိုက်ရင်မဆိုင်ရဲဘဲ ဘေးဘက်သို့ ရှောင်တိမ်းရ၏။

ဝမ်ရှို့ဝူသည် အနည်းငယ်ကွေးထားသော သူ့လက်နှစ်ဖက်ကိုဆန့်ပြီး လက်သီးနှစ်လုံးဖြင့် ပစ်ထိုးလိုက်၏။ တလိပ်လိပ်ထိုးတက်လာနေသော သူ၏ သွေးချီသည် ရေစီးသန်သောမြစ်တစ်စင်းကဲ့သို့ အော်မြည်လာ၏။ သူ့ထိုးချက်၏ အင်အားသည် လေထုကို ချိုးဖျက်၍ သူတို့၏ ဘေးပတ်လည်မှာ မိုးကြိုးထစ်ချုန်းသံများ ထွက်ပေါ်လာစေ၏။ ချီရွှမ်းစုသည် သူ၏ ပင်ကိုယ်ချီအကုန်ဖြင့် သင်္ဘောသားဓားကိုထိန်းချုပ်၍ ဆယ်ကွက်ကျော်တိုက်ခိုက်ဖလှယ်ပြီးနောက် လူချင်းခွာလိုက်၏။

ဝမ်ရှို့ဝူသည် သူ့လက်နှစ်ဖက်ကို ငုံ့ကြည့်ရာ သွေးများတစ်စက်စက်စီးကျနေသည့် ဓားချက်များစွာကို တွေ့မြင်ရ၏။ ဒဏ်ရာတချို့က နက်လွန်းပြီး အရိုးများပင် ပေါ်ထွက်နေ၏။

ချီရွှမ်းစုသည် သူ၏ ပင်ကိုယ်ချီအများစုကို အသုံးပြုခဲ့သော်လည်း တွေဝေခြင်းမရှိဘဲ မီးတောက်ဓားသွားများဖြင့် ဝမ်ရှို့ဝူ၏ လက်သီးကို နောက်တစ်ဖန်ခုတ်ပိုင်းလိုက်၏။ သတ္တုနှင့်ကျောက်တုံးထိခတ်သံက ကျယ်လောင်လွန်းပြီး လေထဲမှာ ပဲ့တင်သံထပ်နေ၏။

ချီရွှမ်းစုသည် လက်ထဲမှာ သင်္ဘောသားဓားနှစ်လက်ကိုကိုင်ရင်း မြေပြင်ကနေခုန်တက်ပြီး သစ်ကိုင်းတစ်ကိုင်းကို လှည့်ပတ်နေသော လိပ်ပြာတစ်ကောင်ကဲ့သို့ ဝမ်ရှို့ဝူကို ပတ်လိုက်၏။ ဤအချိန်အတောအတွင်း သူသည် မီးစွဲဓားသွားများနှင့် ဆက်လက်တိုက်ခိုက်နေပြီး ယခုအချိန်ထိ သူသင်ဖူးထားသမျှ နည်းစနစ်များအားလုံးကို ထုတ်ဖော်ပြသနေ၏။

ဝမ်ရှို့ဝူသည်လည်း အရူးအမူးခုခံကာကွယ်ရ၏။ ချီရွှမ်းစု၏ လက်ထဲရှိ မီးစွဲဓားသွားများက ဝမ်ရှို့ဝူ၏ လက်သီးများကို ထိခတ်သည့်အခါတိုင်း ပြင်းထန်ကြမ်းတမ်းသော ပင်ကိုယ်ချီဝဲကယက်များက သူတို့နှစ်ယောက်ကြားမှာ ဖြာထွက်သွား၏။ ဝမ်ရှို့ဝူ၏ ခြေနှစ်ဖက်သည် မြေကြီးထဲကို တဖြည်းဖြည်းနစ်ဝင်ကာ သူ၏ သွေးချီက သိသိသာသာ အားလျော့လာ၏။

ချီရွှမ်းစုသည် တစ်ပတ်ပတ်ပြီးတိုင်း ထိုးချက်ခုတ်ချက် ဆယ်ချက်ကျော်ကို ထုတ်ဖော်ပြီးနေ၏။ သို့သော် ခုတ်ချက်တစ်ချက်ချင်းစီ၏ စွမ်းအားက တစ်ခုပေါ်တစ်ခုထပ်ဆင့်၍ သူ၏ အလျင်အဟုန်သည် ခပ်မှန်မှန်မြင့်တက်လာနေ၏။

ချိရွှမ်းစုသည် ဤမျှအထိ တိုက်စစ်မှာ အားသန်လိမ့်မည်ဟု ဝမ်ရှို့ဝူ ထင်မှတ်မထားပေ။ အစကတော့ သူသည် ချီရွှမ်းစု ခြေကုန်လက်ပန်းကျအောင် အချိန်ဆွဲတိုက်ခိုက်ပြီးမှ တန်ပြန်တိုက်ခိုက်ဖို့ စဉ်းစားထား၏။ သို့သော် သူသာလျှင် အရင်ဆုံးအားကုန်၍ အသည်းအသန်ခုခံရသည့်အခြေအနေကို ရောက်ရှိလာသည်။ တစ်ဘက်မှာတော့ ချီရွှမ်းစု၏ တိုက်ခိုက်မှုများက စက္ကန့်နှင့်အမျှ ပို၍ မြန်ဆန်လာနေသည်။

ချီရွှမ်းစု၏ ကျင့်ကြံမှုအဆင့်သည် ဝမ်ရှို့ဝူထက် ပိုမိုနိမ့်သော်လည်း သူ့မှာ ပင်ကိုယ်ချီနှင့်သွေးချီ နှစ်မျိုးစလုံးရှိနေ၏။ သူ၏ ပင်ကိုယ်ချီကျင့်ကြံမှုသည် ကွေ့ကျန်းအဆင့်နီးပါးဖြစ်ပြီး အသက်ဓာတ်ရွှမ်ကျောက်စိမ်းကနေ ရရှိလာသည့် သူ၏ သွေးချီသည် ယွီရှုအဆင့်နှင့် တူညီလေသည်။ ဤနှစ်ခုကို ပေါင်းစပ်လိုက်သည့်အခါ သူသည် ဝမ်ရှို့ဝူထက် ပိုသာသွား၏။ ထို့ကြောင့်လည်း ချီရွှမ်းစုသည် ဝမ်ရှို့ဝူကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ဖို့ စိန်ခေါ်ရဲခြင်းဖြစ်သည်။

ချီရွှမ်းစုသည် သူ၏ မီးစွဲနေသောဓားသွားများကို ကိုင်မြှောက်ပြီး ဝမ်ရှို့ဝူကို ပြင်းပြင်းထန်ထန်ခုတ်ပိုင်းချလိုက်၏။ ဝမ်ရှို့ဝူသည် လက်နှစ်ဖက်ကိုသုံး၍ ခုတ်ချက်ကို တားဆီးလိုက်သော်လည်း သူက နောက်သို့ဆုတ်ပေးရ၏။ သူ မောဟိုက်၍ပင်လာ၏။

ဤတစ်ခေါက်မှာ ဝမ်ရှို့ဝူသည် ဒဏ်ရာအပြင်းအထန်ရရှိမသွားသော်လည်း သူ၏ သွေးချီနှင့် သက်လုံအားက ကုန်ဆုံးသွား၏။ တိုက်ပွဲအစကနှင့်ယှဉ်လျှင် သူ၏ အခြေအနေသည် များစွာပိုမိုအားနည်းသွားလေပြီ။

ချီရွှမ်းစုသည် အသာစီးရရှိပြီးနောက် ဆက်လိုက်မလာသည်မှာ သူက ထိုသို့မပြုလုပ်ချင်သောကြောင့်မဟုတ်ဘဲ မပြုလုပ်နိုင်သောကြောင့်ဖြစ်၏။ တစ်ချိန်တည်းမှာ သူ့ခန္ဓာကိုယ်ထဲရှိ ပင်ကိုယ်ချီအားလုံးနိးပါးကလည်း ကုန်ဆုံးသွားလေပြီ။

All Chapters