← Chapters

အခန်း ၉၂

Vol. 10 Ch. 92

အခန်း ၉၂

Vol. 10 Ch. 92

အခန်း (၉၂) - မင်းရဲ့ ဆေးက တကယ် အစွမ်းထက်တာပဲ

ရွှီတာ့မောက်၏ အသံသဲ့သဲ့ကို ကြားလိုက်ရသည်နှင့် ယန်ချုံးက လှမ်း၍ ပြန်ထူးလိုက်သည်။

“ရှိတယ် အစ်ကိုတာ့မောက်... ဝင်ခဲ့လေ။ ဝင်မှပဲ အေးအေးဆေးဆေး ပြောကြတာပေါ့”

ထို့နောက် တံခါးခန်းဆီးကို ပင့်လှန်ကာ ဝင်လာသည့် ရွှီတာ့မောက်၏ မျက်နှာပြင်ထက်၌မူ အပြုံးပန်းများ ဝေဆာပွင့်လန်းလျက် ရှိနေ၏။

“ချုံးဇီ... မင်းပြန်ရောက်လာပြီပဲ။ ဒီနေ့ ငါ မင်းကို လာရှာလိုက်ရတာ အခေါက်ခေါက်အခါခါပဲကွ”

ထိုစဉ် ယန်ရှောင်ကျွမ်းမှာ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မိမိခေါင်းကို ဖွဖွ ရိုက်လိုက်ကာ လှမ်းပြောလေသည်။

“အစ်ကိုကြီး... အခုနက သမီး အစ်ကိုကြီးကို ပြောဖို့ မေ့နေတာ။ အစ်ကိုတာ့မောက်လေ ဒီမနက် အစ်ကိုကြီးကို လာရှာတာ အတော်များတယ်”

ယန်ချုံးမှာ အနည်းငယ် အံ့အားသင့်သွားရ၏။

“အို... အရေးတကြီး ကိစ္စရှိလို့လား”

ရွှီတာ့မောက် တစ်ယောက် စကားဆိုရန် ဟန်ပြင်လိုက်သော်ငြား ဘေးအနီး၌ ရပ်နေသည့် ယန်ရှောင်ကျွမ်းနှင့် ဟယ်ယွီရွှေတို့ကို မြင်သွားသောအခါ နှုတ်ဖျားမှ ထွက်လုဆဲဆဲ စကားလုံးများကို လည်ချောင်းတွင်းသို့ ပြန်လည် မြိုချလိုက်ရသည်။ ထို့နောက် ယန်ချုံး၏ လက်ကို အတင်းဆွဲငင်ကာ ခေါ်သွားလေတော့သည်။

“လာ... ညီလေး ငါတို့ အပြင်ထွက် ပြောကြရအောင်”

ဟယ်ယွီရွှေနှင့် ယန်ရှောင်ကျွမ်းတို့နှစ်ဦးမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ကျန်ရစ်ခဲ့၏။ ယန်ရှောင်ကျွမ်းက လျှာကလေးတစ်လစ် ထုတ်လိုက်ကာ ရွှီတာ့မောက် တစ်ယောက် မည်သည့် အကြောင်းအရာများကို ဖုံးကွယ် လျှို့ဝှက်နေသနည်းဟု စိတ်ထဲမှ တိတ်တခိုး တွေးတောနေမိသည်။ ကောင်မလေးနှစ်ယောက်ရှေ့၌ ပြောဆိုရန် ခက်ခဲသည့် လျှို့ဝှက်ချက်များ ရှိနေကြောင်းကို ယန်ချုံး ရိပ်စားမိလိုက်သည်။ ထို့ကြောင့် နေရာမှ ထလိုက်ပြီး သူတို့နှစ်ဦး ခြံဝန်းထဲမှ ဆင်းလာခဲ့ကြသည်။

“ကောင်းပြီလေ... အပြင်ထွက်ပြောကြတာပေါ့”

ခြံပြင်သို့ရောက်သည်နှင့် ရွှီတာ့မောက်က စတင်၍ စကားစဆိုလေ၏။

“ညီလေးရာ... မင်းကို အစ်ကို ဘယ်လို ကျေးဇူးတင်ရမလဲ ဆိုတာတောင် မသိတော့ပါဘူးကွာ”

ယန်ချုံးမှာ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

“ဘာသဘောလဲ... ဘာအတွက် ကျေးဇူးတင်တာလဲ”

ရွှီတာ့မောက်ကမူ မျက်ခုံးများကို ပင့်မြှောက်လိုက်ရင်း သူ၏ ရင်တွင်းမှ ဆူဝေနေသော စိတ်လှုပ်ရှားမှု လှိုင်းတံပိုးများကို အစွမ်းကုန် ဖိနှိပ် ထိန်းချုပ်ထားကာ လေသံကို နှိမ့်၍ ဆိုလာ၏။

“မင်းမေ့နေပြီလား... လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်း ငါ့အတွက် ဖော်ပေးထားတဲ့ ဆေးလေကွာ”

ထိုအခါမှ ယန်ချုံး တစ်ယောက် သားသမီးရတနာကိစ္စ ဖြစ်ကြောင်းကို ရုတ်ခြည်း သဘောပေါက်သွားလေတော့သည်။

“ဪ... ဒီကိစ္စကို ပြောတာလား။ ဘယ်လိုလဲ မရီးက ဒီလောက်တောင် မြန်မြန် ကိုယ်ဝန်ရသွားပြီလား”

ရွှီတာ့မောက်က ကမန်းကတန်း လက်ခါပြလိုက်၏။ ထို့နောက် ဘေးဘီဝဲယာသို့ အကဲခတ်လိုက်ကာ မည်သူမျှ မရှိကြောင်း သေချာသွားသောအခါမှ ယန်ချုံး၏ နားအနီးသို့ ကပ်လာပြီး စိတ်လှုပ်ရှားမှု အပြည့်ဖြင့် လျှို့ဝှက်စွာ ဖွင့်ဟလေသည်။

“မဟုတ်ပါဘူးကွာ... ရက်ပိုင်းပဲ ရှိသေးတာ ဘယ်လိုလုပ် ဒီလောက် မြန်မြန်ရမှာလဲ။ ငါပြောချင်တာက မင်းရဲ့ ဆေးကို သောက်ပြီးကတည်းက ငါ ချက်ချင်းကို စွမ်းဆောင်နိုင်လာတယ်လို့ ခံစားနေရတာ။ ညီလေး မင်းမသိပါဘူး... မင်းဆေးကို သောက်ပြီးကတည်းက ငါရဲ့... ဟိုနေရာကလေ အမြဲတမ်း ပူနွေးနေသလို ခံစားရတယ်။ အထူးသဖြင့် ဒီနှစ်ရက်အတွင်း မိန်းမတွေကို မြင်တာနဲ့... ပိုဆိုးတာက မိန်းမလှလှလေးတွေကို မြင်တာနဲ့ကို မတ်တောင် လာချင်နေတာ။ အရင်ကဆိုရင် လုံရှောင်အယ် ငါ့ရှေ့မှာ လာလှဲနေရင်တောင် အကြာကြီးနေမှ ထောင်မတ်လာတာလေကွာ”

ယန်ချုံးမှာ ဆွံ့အ သွားရ၏။

“တာ့မောက်ရာ... ထောင်မတ်နိုင်တာက ဘာမှ မဟုတ်သေးဘူးလေ။ အရေးအကြီးဆုံးက အချိန်ကြာကြာ ခံနိုင်ရည်ရှိဖို့ပဲ”

ရွှီတာ့မောက်က အားရပါးရ ခေါင်းညိတ် ထောက်ခံလေသည်။

“သိတာပေါ့... ငါရဲ့ အကြီးမားဆုံး ပြဿနာက အကြာကြီး မခံနိုင်တာဆိုတာ ငါသိတယ်။ အရင်က အလွန်ဆုံးမှ ခြောက်စက္ကန့်၊ ခုနစ်စက္ကန့်ပဲ။ အခုတော့လေ... မိနစ် အတော်ကြာကြာကို ဆက်တိုက်လုပ်နိုင်မယ်လို့ ငါထင်နေတယ်ကွ”

ယန်ချုံးမှာ စိတ်ထဲမှ တိတ်တခိုး ရယ်မော တွေးတောလိုက်မိသည်။

‘မိနစ်အတော်ကြာလေးများ မင်းကို ဒီလောက်တောင် စိတ်လှုပ်ရှားစေတာလား။ ငါဆိုရင် အနည်းဆုံး တစ်နာရီနဲ့အထက် လုပ်နိုင်တယ် ဆိုတာကိုသာ မင်းသိသွားရင် ဘယ်လိုနေမလဲ’

ရုတ်တရက် အသိဝင်သွားသော ယန်ချုံးက အလျင်စလို မေးခွန်းထုတ်လိုက်၏။

“နေပါဦး... ခင်ဗျားနဲ့ မရီး အတူတူနေလိုက်ပြီလား။ ကျွန်တော် မရီးကို သေချာမှာထားတယ်လေ... သူ ခင်ဗျားကို မပြောဘူးလား။ ဆေးမကုန်မချင်း အဲဒီကိစ္စကို လုံးဝ မလုပ်ရဘူးလို့လေ။ လုပ်လိုက်ရင်တော့...”

ရွှီတာ့မောက်က ခေါင်းကို အခါခါ ယမ်းပြလေသည်။

“မလုပ်ရသေးပါဘူး။ စိတ်ချပါ ညီလေး... မင်းရဲ့ မရီးက အားလုံးပြောပြပါတယ်။ ငါလည်း သည်းခံနေပါတယ်။ မလုပ်ပါဘူးကွ။ အသေးအမွှားလေးကို သည်းမခံနိုင်ရင် ကြီးမားတဲ့ အစီအစဉ်တွေ ပျက်စီးတတ်တယ်ဆိုတဲ့ သဘောတရားကို ငါနားလည်ပါတယ်”

သိလိုစိတ် ပြင်းပြသွားသော ယန်ချုံးက မေးလိုက်၏။

“ဒါဆို ခင်ဗျား မိနစ် အတော်ကြာကြာ ခံနိုင်ရည်ရှိတယ် ဆိုတာကို ဘယ်လိုလုပ် သိတာလဲ”

ထိုအခါ ရွှီတာ့မောက်က သွားဖြီးကာ ရယ်မောလိုက်ရင်း လေသံကို နှိမ့်ကာ ဖြေလေသည်။

“လက်ကို သုံးတာလေကွာ”

ယန်ချုံးတစ်ယောက် ဆွံ့အသွားရပြန်၏။ စိတ်ထဲတွင်မူ ရေရွတ်လိုက်မိတော့သည်။

‘ကောင်းပါပြီ ရွှီတာ့မောက်ရယ်... ခင်ဗျားပဲ နိုင်ပါတယ်’

ရွှီတာ့မောက်က စကားဆက်လေသည်။

“ဒါပေမဲ့လေ... ဒီဆေးက ဒီညဆိုရင် ကုန်တော့မှာ။ ညီလေး.. မင်းပြောကြည့်ပါဦး။ ဒီည ဒါမှမဟုတ် မနက်ဖြန်ဆိုရင် မင်းမရီးနဲ့ အဲဒါ လုပ်လို့ရပြီလား”

ယန်ချုံးမှာ ခေတ္တမျှ စဉ်းစားချင့်ချိန်လိုက်ပြီးမှ ရှင်းပြလေသည်။

“တတ်နိုင်သမျှ နောက်ထပ် ရက်အနည်းငယ်လောက် သည်းခံလိုက်ပါဦး။ အခုရက်ပိုင်းက ဆေးသောက်ထားတာမို့ ဆေးအာနိသင် အပြင်းဆုံးအချိန် ဖြစ်နေတယ်။ ဆေးထဲမှာ အဆိပ်အတောက်တချို့ ပါဝင်နိုင်တာမို့ အခုချက်ချင်း ကမန်းကတန်း သွားလုပ်လိုက်ရင် ဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်တယ်လေ။ ဘာပဲဖြစ်ဖြစ် ခင်ဗျားနဲ့ မရီးကလည်း အိမ်ထောင်သက်ရင့်နေပြီပဲ... ဒီတစ်ရက်၊ နှစ်ရက်လောက်ကတော့ ကိစ္စမရှိပါဘူး မဟုတ်လား။ ဒါ့အပြင် ဆေးစွမ်းတွေ ခန္ဓာကိုယ်ထဲကို အပြည့်အဝ စိမ့်ဝင်သွားတဲ့အခါ အာနိသင်က ပိုမကောင်းနိုင်ဘူးလား”

ရွှီတာ့မောက်က ခေါင်းကို တဆတ်ဆတ် ညိတ်၍ ထောက်ခံလေ၏။

“မင်းပြောတာ မှန်တယ် ညီလေး။ ဒါဆို ငါ နောက်ထပ် နှစ်ရက်လောက် သည်းခံလိုက်ဦးမယ်။ အဲဒီအချိန်ကျရင် တစ်ခါတည်းနဲ့ မင်း မရီးကို ကိုယ်ဝန်ရသွားအောင် ကြိုးစားမယ်ကွာ။ လာမဲ့ နှစ်ကျရင် ငါတို့ ရွှီမိသားစုအတွက် သားယောက်ျားလေး ဖက်တီးလေး တစ်ယောက် မွေးပေးနိုင်အောင် လုပ်မယ်”

ယန်ချုံး၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

“ဒါပေါ့... အဲဒီအချိန်ကျရင် ကျွန်တော့်ကို ကလေး ကင်ပွန်းတပ် မင်္ဂလာအရက် တိုက်ဖို့ မမေ့နဲ့နော်”

“ဒါကတော့ တိုက်ရမှာပေါ့။ တခြားလူတွေကို ဖိတ်တာ၊ မဖိတ်တာ အသာထား... ညီလေး မင်းကိုတော့ မဖြစ်မနေ ဖိတ်ရမှာပေါ့။ မင်းက ငါရဲ့ နံပါတ်တစ် ကျေးဇူးရှင်ပဲဟာ”

သူတို့နှစ်ဦး စကားဖောင်ဖွဲ့နေခိုက် ကျောဘက်ဆီမှ ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာ၏။

“ချုံးဇီ၊ ရွှီတာ့မောက်... မင်းတို့နှစ်ယောက် ဘာတွေများ ပြောနေကြတာလဲ။ ဘယ်သူက မင်္ဂလာအရက် တိုက်မှာလဲဟ”

နှစ်ဦးသား နောက်သို့ လှည့်ကြည့်လိုက်သောအခါ ယန်ပုကွေ့ တစ်ယောက် ခြံထဲမှ မည်သည့် အချိန်ကတည်းက ထွက်လာမှန်း မသိဘဲ သူတို့အနောက်၌ ပြုံးဖြီးဖြီးဖြင့် ရပ်နေသည်ကို အံ့သြစွာ တွေ့လိုက်ရသည်။

ရွှီတာ့မောက်က စကားပြန်ဆိုရန် ဟန်ပြင်လိုက်သော်ငြား ယန်ချုံး၏ မှာကြားချက်ကို ရုတ်ခြည်း သတိရသွားသဖြင့် သွားဖြီးဖြီးဖြင့် ရယ်မောလိုက်လေသည်။

“စန်းတာ့ယဲ့... ဒီကိစ္စကို ခင်ဗျားကို ပြောပြလို့ မရဘူး။ သွားလိုက်ပါဦးမယ်... နောက်မှတွေ့ကြတာပေါ့”

ထို့နောက် တဟဲဟဲ ရယ်မောကာ ခြံဝန်းအတွင်းသို့ ပြန်လည် ဝင်ရောက်သွားလေတော့သည်။

ယန်ပုကွေ့က ယန်ချုံးဘက်သို့ လှည့်ကာ ပြုံးရွှင်သော မျက်နှာဖြင့် ဆိုလာ၏။

“ချုံးဇီ... ကြည့်လိုက်တာနဲ့ကို ရွှီတာ့မောက်ကောင်ဆီမှာ ကိစ္စကောင်း တစ်ခုခု ရှိနေမှန်း သိသာတယ်။ မဟုတ်ရင် သူ့မိန်းမ ကလေးမွေးတော့မလိုမျိုး ပျော်ရွှင်နေမှာ မဟုတ်ဘူး”

စကားဆုံးသည်နှင့် သူက ခေါင်းကို ခပ်ရွဲ့ရွဲ့ ခါယမ်းလိုက်ပြီး မှတ်ချက်ချလေသည်။

“ဒါပေမဲ့ ငါကြည့်ရသလောက်တော့ ရွှီတာ့မောက်က အဘိုးကြီးယီနဲ့ အတူတူလောက်ပါပဲကွာ။ ကလေးရချင်ရင် နောက်ဘဝရောက်တဲ့အထိ စောင့်ရလိမ့်မယ်... သူများအကူအညီ မတောင်းရင်ပေါ့လေ”

ယန်ချုံးမှာ လူမိသွားသကဲ့သို့ ချွေးပြန်သွားရသော်လည်း အကင်းပါးစွာဖြင့် အပြုံးမပျက်ဘဲ စကားလမ်းကြောင်း လွှဲလိုက်လေသည်။

“စန်းတာ့ယဲ့က ဒီနေ့ ဘာလို့ ဒီလောက်တောင် ပျော်နေရတာလဲ။ သတင်းကောင်း တစ်ခုခုများ ရှိနေလို့လား”

ယန်ပုကွေ့ကလည်း ငြင်းဆန်ခြင်း မရှိဘဲ ပြုံးရွှင်စွာဖြင့် တုံ့ပြန်လာ၏။

“ချုံးဇီ... မင်းပြောတာ မှန်တယ်။ ငါ့မှာ တကယ် သတင်းကောင်းရှိတယ်။ မနေ့ညက ကျဲချန် ပြန်လာပြီး ငါ့ကိုပြောတယ်ကွ။ ယွီလိက သူနဲ့ ပြဿနာ မရှာတော့ဘူးတဲ့။ နောက်နှစ်ရက်နေရင် မိဘတွေနဲ့အတူ အိမ်မှာလာပြီး ထမင်းလာစားကြမယ်တဲ့လေ။ မင်းပြောကြည့်စမ်းပါဦး... ဒါ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာကိစ္စ မျှော်လင့်ချက် ပြန်ရှိလာပြီဆိုတဲ့ သဘောမဟုတ်ဘူးလား”

ထိုအခါ ယန်ချုံးက ဝမ်းသာအားရဖြင့် ဝင်ရောက်ချီးကျူးလိုက်သည်။

“ဒါဆို ဒါက တကယ်ကို သတင်းကောင်းကြီးပဲ။ ဂုဏ်ယူပါတယ် စန်းတာ့ယဲ့ရာ”

ယန်ပုကွေ့က စကားကို မရပ်တန့်ဘဲ ဆက်တိုက်ဆိုလာ၏။

“ဝမ်းသာစရာပါကွာ… ဝမ်းသာစရာပါ။ ဒါနဲ့ ချုံးဇီ... မင်းကို အကူအညီတောင်းရဦးမယ်။ အဲဒီအချိန်ကျရင် မင်းဆီကနေ ယုန်နဲ့ တောကြက် လာဝယ်ရဦးမယ်။ နေပါဦး... ဟုတ်သားပဲ။ မင်းက စက်ရုံကို ဝက်သားတွေလည်း ပို့တယ်ဆို...”

“ဝက်သားပါ လိုချင်သေးတာမလား။ ရပါတယ်... အဲဒီအချိန်ကျရင် ခင်ဗျားအတွက် တစ်တုံးလောက် ဖယ်ပေးထားပါ့မယ်”

ယန်ပုကွေ့က ကမန်းကတန်း လက်ခါပြလိုက်သည်။

“မဟုတ်ဘူးကွ... အသားကတော့ လောက်ပါပြီ။ တောယုန်တစ်ကောင်၊ တောကြက်တစ်ကောင်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် လောက်ပါတယ်။ စန်းတာ့ယဲ့ ပြောချင်တာက မင်း ဝက်သားပို့တဲ့အခါ ဝက်ကလီစာတွေဖြစ်တဲ့ ဝက်အူမကြီး၊ ဝက်သွေး၊ ဝက်အသည်း စတာတွေ ရှိဦးမယ်မလား”

ယန်ချုံးမှာ အတော်လေး အံ့အားသင့်သွားရ၏။

“စန်းတာ့ယဲ့က ကလီစာ နည်းနည်းလောက် လိုချင်လို့လား”

ထိုအခါ ယန်ပုကွေ့က သွားတဖြီးဖြီး လုပ်ကာ ဆက်ပြောလာသည်။

“ဒီဝက်ကလီစာတွေက သိပ်ပြီး တန်ဖိုးရှိတာမှ မဟုတ်တာ။ ချုံးဇီရယ်... မင်းလည်း အကုန်စားနိုင်မှာ မဟုတ်ပါဘူး။ အဲဒါ စန်းတာ့ယဲ့ကို နည်းနည်းလောက် ပေးပါလား...”

သူ စကားပြော၍ပင် မဆုံးလိုက် ယန်ချုံးက လျင်မြန်စွာ ဖြတ်ပြောလိုက်သည်။

“အားနာပါတယ် စန်းတာ့ယဲ့ရာ။ ကျွန်တော်က စားသောက်ခန်းကို ဝက်အရှင်လိုက် ပို့ပေးတာပါ။ ဝက်တွေကို စားသောက်ခန်းက စားဖိုမှူးတွေက သူတို့ဘာသာသူတို့ သတ်ကြတာဆိုတော့ ဝက်ကလီစာတွေကို ကျွန်တော် ပြန်ယူလာလို့ မရဘူးလေ”

အမှန်တကယ်တော့ ယန်ချုံး၏ လျှို့ဝှက်သိုလှောင်ရာ နေရာလွတ် နယ်မြေအတွင်း၌ ဝက်ကလီစာများ အများအပြား ကျန်ရှိနေသေးသည်။ စက်ရုံ စားသောက်ခန်းသို့ ဝက်များ အကောင်လိုက် ပို့ပေးရသည် ဆိုသော်ငြား ကျောက်ရှောင်ယီနှင့် ကျောက်ရှောင်အာ ညီအစ်ကိုနှစ်ဦးက မှောင်ခိုဈေးကွက်အတွင်း၌ သူ၏ ဝက်သားတုံးများကို ကူညီရောင်းချပေးနေဆဲပင် ဖြစ်၏။ ကိုယ်တိုင် သတ်ဖြတ်ထားသည့် ဝက်များမှ ထွက်ရှိလာသော ကလီစာများကို သူ ရောင်းချခြင်း မပြုဘဲ ကျောက်ညီအစ်ကိုကို အချို့တစ်ဝက် ခွဲဝေပေးကာ ကျန်ရှိသည်များကိုမူ မိမိဘာသာ သိမ်းဆည်းထားခဲ့သည်။ ထိုကလီစာများမှာ စားချင်သည့်အခါ ကိုယ်တိုင် ချက်ပြုတ်စားသောက်ရန် ဖြစ်ပြီး သေသေချာချာသာ ချက်ပြုတ် စီမံနိုင်ပါက ဝက်သားထက်ပင် ပိုမို၍ မွှေးပျံ့ အရသာရှိလှပေသည်။

သို့ရာတွင် ထိုအရသာရှိလှသော ကလီစာများကို ယန်ပုကွေ့အား သူ အလကား မပေးချင်ခဲ့ပေ။ ဤအဘိုးကြီးမှာ တွက်ရေးကျိတ်ရေး၌ အလွန်တရာ ကျွမ်းကျင် လိမ္မာလွန်းလှပြီး ဤမျှ အချောင်ရနိုင်မည့် ကိစ္စငယ်လေးကိုပင် လက်လွတ်မခံဘဲ အခွင့်အရေး ယူချင်နေသေးသည် မဟုတ်ပါလား။

မျှော်လင့်ချက်များ သဲထဲရေသွန် ဖြစ်သွားရသော ယန်ပုကွေ့၏ မျက်နှာပြင်ထက်၌ စိတ်ပျက်သွားသည့် အရိပ်အယောင်များ ချက်ချင်းဆိုသလို ပေါ်လွင်လာခဲ့သည်။ သို့တိုင်အောင် သူက စကားကို ဆက်လက်ဆိုလာ၏။

“မရှိဘူးဆိုရင်လည်း ထားလိုက်ပါတော့ကွာ။ တကယ်တော့ ယုန်သားနဲ့ ကြက်သားရှိရင်ကိုပဲ အတော်များနေပါပြီ။ ငါက ဒီကလီစာတွေကို မင်း သိမ်းထားရင် အကုန်မစားနိုင်မှာ စိုးလို့ တွေးမိလို့ပါ”

ယန်ချုံးက အသာအယာ ပြုံးလိုက်လေသည်။

“ဒါဆို စန်းတာ့ယဲ့က အစ်ကိုကျူးဇီကို သွားရှာကြည့်ပါလား။ သူက စားသောက်ခန်းမှာ အလုပ်လုပ်တာဆိုတော့ ခင်ဗျားအတွက် နည်းနည်းပါးပါး ယူလာပေးနိုင်ကောင်း ယူလာပေးနိုင်လိမ့်မယ်”

ယန်ပုကွေ့က သက်ပြင်းချကာ ခေါင်းခါယမ်း လိုက်လေတော့သည်။

“အဲဒါဆိုလည်း ထားလိုက်ပါတော့လေ။ ဝက်ကလီစာဆိုတာ ဟင်းကျန်မှ မဟုတ်တာ။ သူက စားဖိုမှူးဆိုတော့ ပြန်ယူလာပေးနိုင်မယ် မထင်ပါဘူး။ ဒါ့အပြင် သူ ယူလာနိုင်ရင်တောင်မှ ငါ့ကို ဘယ်ပေးပါ့မလဲကွာ... မဟုတ်ဘူးလား”

All Chapters