← Chapters

အခန်း ၅၅

Vol. 6 Ch. 55

အခန်း ၅၅

Vol. 6 Ch. 55

၉၀ ခုနှစ် လမ်းကြားထဲက အလှပဂေးလေး

အပိုင်း ၅၅

ရွှီမုန့် အပြင်ကနေ ပြန်လာသည့်အချိန်တွင် ချက်ချင်းဆိုသလို လူများ ဝိုင်းအုံလာကြတော့သည်။

သူမသည် ယခုလို အခြေအနေမျိုးနှင့် ကျင့်သားမရသေးသောကြောင့် အနည်းငယ် ရှက်ပြုံးလေး ပြုံးလိုက်မိသော်လည်း အတန်းဖော်များ၏ မေးခွန်းများကိုမူ စိတ်ရှည်လက်ရှည် ပြန်ဖြေပေးခဲ့သည်။

"ရွှီမုန့်၊ နင့်ရဲ့ စာမေးပွဲရလဒ်တွေ ဒီလောက် ကောင်းလိမ့်မယ်လို့ မထင်ထားဘူး။ ဒါမှမဟုတ် နင်က နောက်ဆုံးနှစ်ကြမှ ရုတ်တရက် အစွမ်းပြလာတာလား" မိန်းကလေးတစ်ဦးက အခြေအနေကို ပိုမိုမြိုင်ဆိုင်သွားစေရန် စေတနာပါသည့် အပြုံးဖြင့် နောက်ပြောင်လိုက်သည်။

"စာသင်ရတာက တကယ့်ကို လောင်းကစားတစ်ခုလိုပဲနော်။ လူတချို့က မူလတန်းတုန်းက သူတို့ရဲ့ အမှတ်တွေ ဘယ်လောက်ကောင်းခဲ့လဲ၊ အလယ်တန်းတုန်းက ဘယ်လောက် ထူးချွန်ခဲ့လဲဆိုပြီး ကြွားရတာကို ကြိုက်ကြတယ်။ ဒါပေမယ့် ငါ့ကိုမေးရင်တော့ အထက်တန်းကျောင်းမှာ တိုးတက်လာတာကမှ တကယ် အရေးကြီးတာ။ ဆယ်နှစ်လုံးလုံး စာတော်ခဲ့တာက အခုလို တစ်နှစ်တည်းနဲ့ သိသိသာသာ တိုးတက်လာတာကို မယှဉ်နိုင်ဘူး။"

အားလုံးက ဝိုင်း၍ ရယ်မောလိုက်ကြသည်။ ဘေးနားက စာပွဲခုံတွင် ထိုင်သည့် ဝေ့ရှန်းကမူ ရွှီမုန့်အတွက် တကယ်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့လေသည်။ "နင်တို့က ရွှီမုန့် ပုံမှန် ဘယ်လောက်အထိ ကြိုးစားအားထုတ်လဲဆိုတာ မသိလို့ပါ။ ကျောင်းဆင်းချိန်တွေမှာ သူမ အပြင်ထွက်ပြီး ဆော့ကစားတာကို ငါ တစ်ခါမှ မမြင်ဖူးဘူး၊ သူမက အမြဲတမ်း လေ့ကျင့်ခန်း မေးခွန်းတွေကိုပဲ ထိုင်တွက်နေတာ။"

တကယ်တော့ လူအများစုကလည်း ဤအချက်ကို သတိပြုမိကြသည်။ အမှတ် (၁၉) အထက်တန်းကျောင်းမှာ သာမန် အစိုးရကျောင်းတစ်ခုသာဖြစ်ပြီး ကျောင်းသားများ၏ ပညာအရည်အချင်းကလည်း အစုံအလင် ရှိကြသည်။

ကျောင်းဆင်းချိန်တိုင်းတွင် စာထိုင်လုပ်နေသူများ ရှိသကဲ့သို့ ဘောလုံးသွားရောက်ကစားခြင်း၊ စကားစမြည်ပြောခြင်း သို့မဟုတ် ဝတ္ထုစာအုပ်ဖတ်ခြင်းမျိုး လုပ်ကြသူများလည်း ရှိသည်။ လူအမျိုးမျိုး ရှိနေခြင်းကြောင့် အစောပိုင်းတုန်းကမူ ရွှီမုန့်ကို ဘယ်သူမှ သိပ်ပြီး အာရုံမစိုက်မိခဲ့ကြခြင်း ဖြစ်သည်။

အရင်တုန်းကမူ လူများက သူမအကြောင်းပြောလျှင် သူမ၏ ရုပ်ရည်သွင်ပြင်၊ ဘယ်လောက်အထိ ချောမောလှပသနည်းဟူသည့် အချက်တစ်ခုတည်းကိုသာ ပြောလေ့ရှိကြသည်။

ရွှီမုန့်က မေးခွန်းအချို့ကို ဖြေကြားပေးခဲ့ပြီးနောက်တွင်မူ မကြာမီအချိန်အတွင်းမှာပင် စကားဝိုင်းသည် ဖုန့်ယန်ဝမ် ဖွင့်လှစ်ထားသည့် ကျူရှင်အတန်းအကြောင်းဆီသို့ ပြောင်းလဲသွားခဲ့သည်။

တကယ်တော့ ယနေ့ လူများ သူမထံသို့ တိုးဝှေ့လာကြသည့် တကယ့်အကြောင်းရင်းမှာ စာလေ့လာသည့် နည်းလမ်းများကို မေးမြန်းရန်သက်သက် မဟုတ်ပါ။

ရွှီမုန့်ကလည်း သူမ ရှင်းပြနိုင်သမျှကို အတတ်နိုင်ဆုံး ပြောပြခဲ့သည်။

သို့သော် အင်္ဂလိပ်စာလေ့လာရန်အတွက် သီးသန့် လျှို့ဝှက်ချက် ရှိလားဟု မေးမြန်းလာပါက သူမတွင် ပြန်လည်ဖြေကြားစရာ မရှိပါ။ ရွှီမုန့်သည် ငယ်ရွယ်စဉ်ကတည်းက အင်္ဂလိပ်စာနှင့် ထိတွေ့ခွင့်ရခဲ့ခြင်းဖြစ်ပြီး ဝေါဟာရများကို ကျက်မှတ်ခြင်း၊ အသံထွက်များကို နားယဉ်အောင် ပြုလုပ်ခြင်း စသည်တို့ကြောင့် သူမ၏ အခြေခံမှာ အံ့ဩစရာကောင်းလောက်အောင် ခိုင်မာနေခဲ့ခြင်း ဖြစ်လေသည်။

တကယ်တော့ ရွှီမုန့်သည် ဘာကိုမျှ ရည်ရွယ်ချက်ရှိရှိဖြင့် လိုက်လံ ကြော်ငြာနေခဲ့ခြင်း မဟုတ်ပါ။ သူမသည် အင်္ဂလိပ်စာကို ငယ်ငယ်ကတည်းက စတင်သင်ယူခဲ့ခြင်း ဖြစ်ကြောင်းကိုသာ ရိုးရိုးသားသား ပြောပြခဲ့ခြင်း ဖြစ်သည်။

သို့သော် စပ်စုတတ်ပြီး သတင်းအချက်အလက်များကို စိတ်ဝင်စားသည့် အတန်းဖော်များက သူမမိခင်၏ အလုပ်အကိုင်အထိ လိုက်လံ စုံစမ်းထောက်လှမ်းမိသွားကြခြင်း ဖြစ်သည်။

အမှန်အတိုင်းပြောရလျှင် အထက်တန်းကျောင်း၏ နောက်ဆုံးနှစ်တွင်မူ အပြင်ကျူရှင်များ သွားရောက်တက်ရန် မည်သူ့တွင်မျှ အချိန်အများကြီး မရှိကြပါ။ ရွှီမုန့်ကမူ သူမသည် သာမန်ကျောင်းသူတစ်ဦးသာဖြစ်ပြီး ငယ်ငယ်ကတည်းက စောစောစီးစီး သင်ယူခဲ့ရသဖြင့်သာ အခြားသူများထက် အင်္ဂလိပ်စာ နည်းနည်းလေး ပိုတော်နေခြင်း ဖြစ်ကြောင်းကိုသာ ပြောပြချင်ခဲ့ခြင်း ဖြစ်သည်။

သူမကမူ ဘာရည်ရွယ်ချက်မျှမရှိဘဲ ပြောလိုက်ခြင်းဖြစ်သော်လည်း နားထောင်နေသူများကမူ အလေးအနက် မှတ်သားလိုက်ကြသည်။

ယနေ့ ရွှီမုန့်နားတွင် လာရောက်ကပ်နေကြသူများသည် အိမ်တွင် မောင်နှမအငယ်များ ရှိကြသူများဖြစ်ပြီး သူတို့မိသားစုအတွက် အဆိုပါကျူရှင်အတန်းအကြောင်း အသေးစိတ်ကို စုံစမ်းချင်နေကြခြင်း ဖြစ်သည်။

ရွှီမုန့်သည် ရုတ်တရက် အကြံတစ်ခုရရှိသွားပြီး သူမမိခင်၏ ကျူရှင်အတန်း လိပ်စာကိုသာ အလွယ်တကူ မျှဝေပေးလိုက်တော့သည်။

…..

ဆရာ၊ ဆရာမများ၏ ရုံးခန်းထဲတွင်။

ရွှီမုန့်၏ စာမေးပွဲရလဒ်များ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဆရာမများကိုယ်တိုင်ပင်လျှင် ဤအကြောင်းအရာကို မဆွေးနွေးဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။

ရွှီမုန့်ကို အင်္ဂလိပ်စာသင်ကြားပေးသည့် ဆရာမမှာ မျိုးရိုးအမည် ကျန်း ဟုခေါ်သည့် ဆရာမကြီး ဖြစ်သည်။

ဆရာမကျန်းသည် မျိုးဆက်ဟောင်း သုံးစုထဲမှ တစ်ဦး ဖြစ်ရာ သူမ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမည့် အရွယ်ရောက်ခါနီးတွင်ပင် ကျေးလက်ဆင်းလှုပ်ရှားမှု စတင်ခဲ့သောကြောင့် ကျေးလက်တောရွာများတွင် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ကိုင်ခဲ့ရသည်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲများ ပြန်လည်စတင်သည့်အခါကြမှ သူမသည် ပထမဦးဆုံးအသုတ်တွင် ဝင်ရောက်ဖြေဆိုပြီး တက္ကသိုလ်တက်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

သူမ တက္ကသိုလ်စတင်တက်ရောက်ချိန်တွင် ပုံမှန်ကျောင်းသားများထက် အသက်အရွယ် ပိုမိုကြီးရင့်နေပြီဖြစ်သလို အလုပ်အကိုင် နေရာချထားပေးသည့် အချိန်တွင်လည်း ရွေးချယ်စရာ လမ်းကြောင်း သိပ်မရှိခဲ့ပါ။ နောက်ဆုံးတွင်မူ ယခုလို ဒုတိယတန်းစား အထက်တန်းကျောင်းတစ်ခု၌သာ တာဝန်ကျခဲ့ရခြင်း ဖြစ်သည်။

ထိုကဲ့သို့ အခြေအနေမျိုးဖြစ်နေသည့်တိုင်အောင် ဆရာမကျန်းသည် ကျောင်းသားတိုင်းကို စေတနာအပြည့်ဖြင့် အစွမ်းကုန် သွန်သင်ဆုံးမပေးခဲ့သည်။ စွမ်းရည် စစ်ဆေးမှုစာမေးပွဲတွင် တစ်စုံတစ်ဦးက အမှတ်ပြည့်ရရှိသည်ဟု စတင်ကြားသိလိုက်ရကတည်းက သူမ၏ စိတ်ထဲတွင် ရွှီမုန့်ကိုသာ အလိုအလျောက် ပြေးမြင်မိခဲ့ခြင်း ဖြစ်သည်။

တကယ်လည်း ရွှီမုန့် ဖြစ်နေခဲ့သည်။

လုပ်ဖော်ကိုင်ဖက် ဆရာမများက ရွှီမုန့်အကြောင်းကို ချီးမွမ်းပြောဆိုနေကြသည်ကို ကြားရသည့်အခါ ဆရာမကျန်းသည် အတော်လေးကို ဂုဏ်ယူပီတိဖြစ်ရသည်။ သူမ၏ ဆရာမသက်တမ်းတစ်လျှောက်လုံးတွင် ရွှီမုန့်ကဲ့သို့မျိုး အင်္ဂလိပ်စာ အခြေခံ ခိုင်မာလွန်းသည့် ကျောင်းသားမျိုး တစ်ခါမျှ မကြုံတွေ့ဖူးခဲ့သောကြောင့် ဖြစ်သည်။

"ဆရာမကျန်း၊ အဲဒီအမှတ်တွေက တကယ်ပဲ အမှန် ဟုတ်ရဲ့လား" ဆရာမတစ်ဦးက လှမ်း၍ မေးမြန်းသည်။

ဆရာမကျန်းက ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။ "သူမရဲ့ အင်္ဂလိပ်စာက အမြဲတမ်း တော်တာပါ။ အတန်းထဲမှာလည်း အမြဲတမ်း အဆင့် ၁ ဒါမှမဟုတ် ၂ မှာပဲ ရှိတယ်။ ပြီးတော့ သူမက အရမ်းလည်း ကြိုးစားတာ။"

ယန်ရို့ဟွာကမူ ဆရာမကျန်း၏ အပြုံးကိုကြည့်ပြီး အတော်လေးကို စိတ်အနှောင့်အယှက်ဖြစ်နေခဲ့သည်။

သူသည် အဆင့် ညှိနှိုင်းရေးမှူးတစ်ဦး ဖြစ်သော်လည်း ယခုတစ်ခေါက်တွင် ဆရာမကျန်း သင်ကြားသည့်အတန်းက အခြားအတန်းများထက် ရလဒ်များ သိသိသာသာ သာလွန်သွားခြင်းကြောင့် သူ အလွန်မျက်နှာပျက်ခဲ့ရသည်။ ဒါ့အပြင် ရွှီမုန့်ဆိုသည့် ကျောင်းသူလေးကလည်း ယခုတလော လူပြောအများဆုံး ဖြစ်နေခြင်း ဖြစ်သည်။ သူမကို ကြည့်လေလေ သူ့၏စိတ်ထဲတွင် မတင်မကျဖြစ်ပြီး မကြည်မလင်ဖြစ်လေလေပင်။ သူမ၏ နှာခေါင်းကိုကြည့်ကြည့်၊ မျက်လုံးကိုကြည့်ကြည့်၊ သူမ၏ အရာရာတိုင်းက သူ့ကို စိတ်တိုစေသည်။

"ဆရာမကျန်း၊ အရင်တုန်းက ဒီကျောင်းသူ ရွှီမုန့်အကြောင်းကို ကျွန်တော်တို့ တစ်ခါမှ မကြားဖူးပါလား" ယန်ရို့ဟွာက လှောင်ပြောင်သရော်သည့် လေသံဖြင့် ပြောလိုက်သည်။

"အင်္ဂလိပ်စာက တခြားဘာသာရပ်တွေလို မဟုတ်ဘူး။ အရင်က ထူးထူးခြားခြား အောင်မြင်မှုမရှိခဲ့တဲ့သူက အခုလို ရုတ်တရက်ကြီး တိုးတက်လာတယ်ဆိုတာ သဘာဝမကျဘူး။ ပြီးတော့ ကျွန်တော်ကြားတာကတော့ သူမက အတန်းထဲမှာ အထက်စီးဆန်ဆန် ပြုမူနေပြီး သူမအမေရဲ့ ကျူရှင်အတန်းကိုတောင် လိုက်ပြီး ကြော်ငြာနေသေးတယ်ဆိုပဲ။ ဒီလိုကျောင်းသူမျိုးက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာ။ တစ်ကြိမ်တစ်ခါလောက် စာမေးပွဲ ကောင်းကောင်းဖြေနိုင်ရုံနဲ့ အမြဲတမ်း အဆင်ပြေနေမယ်လို့ မဆိုလိုနိုင်ဘူး။"

သူ့၏ စကားလုံးများမှာ တကယ့်ကို ပြင်းထန်ပြီး နားမခံသာစရာ ကောင်းလှသည်။

ဆရာမကျန်းသည် အသက်အရွယ်လည်း ရလာပြီဖြစ်ပြီး စိတ်ရှည်သည်းခံတတ်သူ ဖြစ်သောကြောင့် ဒေါသထွက်ခဲပါသည်။ သို့သော် ယန်ရို့ဟွာ၏ ယခုလို သရော်စာစကားများကို ကြားရသည့်အခါတွင်မူ စိတ်မထိန်းနိုင်ဘဲ ဒေါသထွက်သွားရတော့သည်။

"ဆရာယန်၊ ရှင် ဘာကို ဆိုလိုတာလဲ။ ရွှီမုန့်က အမှတ်ကောင်းကောင်းရနိုင်တဲ့ အရည်အချင်းရှိနေတာကို၊ တစ်စုံတစ်ယောက်ရဲ့ သိက္ခာကို ကာကွယ်ပေးဖို့အတွက် သူမက တမင်သက်သက် အမှတ်နည်းအောင် ဖြေရမှာလား။"

သူမသည် မျက်နှာကို တင်းမာလိုက်ပြီး ယန်ရို့ဟွာနှင့် ဆက်စကားမပြောရန် ဆုံးဖြတ်လိုက်သည်။

ယန်ရို့ဟွာကမူ ဒေါသအလွန်ထွက်သွားခြင်းကြောင့် လက်ဖက်ရည်ခွက်ကို ကိုင်ထားသည့် သူ့၏လက်များပင်လျှင် အနည်းငယ် တုန်ယင်နေသည်။

နောက်ပိုင်းတွင် သူက ဆရာမကျန်းအကြောင်းကို အခြားသူတစ်ဦးထံ ဒေါသတကြီးဖြင့် ရင်ဖွင့်တိုင်တန်းခဲ့သည်။ "သူမက အသက်ကြီးတာကို အကာအကွယ်ယူနေတာ၊ အဲဒါကြောင့်သာ ငါ သူမကို ထိပ်တိုက်မတွေ့ခဲ့တာ။ သူမ စကားပြောတဲ့ပုံစံက တကယ့်ကို စည်းကျော်လွန်းတယ်။ ငါက သူမရဲ့ မျက်နှာကို ထောက်ထားလို့ အိန္ဒြေမပျက်အောင် နေပေးတာကို၊ သူမကတော့ အဝတ်ဆိုးဆေးဆိုင်ထဲ ဝင်ပြီး ရန်ပွဲရှာချင်တဲ့လူစားမျိုး။"

...ဒါတွေအားလုံးမှာ နောက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများ ဖြစ်သော်လည်း ထိုနှစ်၏ ဆရာ၊ ဆရာမ ရာထူးတိုးမြှင့်ရေးအတွက် ကျောင်းကနေ စဉ်းစားသည့်အချိန်တွင်မူ ကျောင်းအုပ်ကြီးနှင့် လူကြီးပိုင်းများက ဆရာမကျန်းဘက်သို့သာ သိသိသာသာ မျက်နှာသာပေးခဲ့ကြသည်။

အဆိုပါအချက်က ယန်ရို့ဟွာကို ပို၍ပင် ဒေါသထွက် စိတ်ပျက်စေခဲ့လေသည်။

••••••

[၁] "အဝတ်ဆိုးဆေးဆိုင်ထဲ ဝင်ပြီး ရန်ပွဲရှာသည်" ဆိုသည်မှာ တရုတ်စကားပုံတစ်ခုဖြစ်ပြီး ရှုပ်ထွေးညစ်ပတ်သည့် နေရာမျိုးတွင် ပြဿနာရှာပါက မိမိကိုယ်တိုင်လည်း ပြဿနာထဲ နစ်မွန်းသွားရလိမ့်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဆိုးဆေးဆိုင်ဆိုသည်မှာ အစွန်းအထင်းများဖြင့် ပြည့်နှက်နေသောကြောင့် ထိုနေရာတွင် ရန်ဖြစ်လျှင် မည်သူမဆို ညစ်ပတ်ပေရေသွားမည်မှာ သေချာသည်၊ ထို့ကြောင့် အကျိုးမရှိ၊ အန္တရာယ်များသည့် ပဋိပက္ခများကို ရှောင်ရှားရန် သတိပေးသည့် စကားပုံဖြစ်ပါသည်။

ရွှီမုန့်သည် သူမကိုယ်တိုင်အတွက် ရေတိုစီမံကိန်းတစ်ခုကို ချမှတ်လိုက်သည်။

အဆိုပါစီမံကိန်းမှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်မြင်ရန်၊ ကျူရှင်အတန်းကို ဦးစီးဖွင့်လှစ်ရန်နှင့် အိမ်တစ်လုံး ဝယ်ယူရန်တို့ ဖြစ်သည်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန်အတွက် အချိန်တစ်နှစ်ပင် မလိုတော့ပါ။ ဤသည်မှာ သူမဘဝ၏ အရေးကြီးဆုံး အလှည့်အပြောင်းကာလ ဖြစ်သလို သူမ၏ အတိတ်ဘဝတုန်းက အကြီးမားဆုံး နောင်တရစရာ အလွဲအချော်တစ်ခုလည်း ဖြစ်ခဲ့ဖူးသည်။

စာမေးပွဲ ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် သူမသည် မိခင်ဖြစ်သူ ဖုန့်ယန်ဝမ်နှင့်အတူ ကျူရှင်လုပ်ငန်းကို စနစ်တကျ ကောင်းမွန်စွာ တည်ထောင်သွားရန် ဆန္ဒရှိနေလေသည်။

စက်တင်ဘာလနှောင်းပိုင်းတွင် ကျန်းမင်ချင်းက ကျောင်းသားအသစ် အချို့ကို ထပ်မံ၍ မိတ်ဆက်ပေးခဲ့သည်။

ထိုအချိန်မှစ၍ ဖုန့်ယန်ဝမ် သင်ကြားပေးနေရသည့် ကျောင်းသားအရေအတွက်မှာ တရိပ်ရိပ် တိုးပွားလာခဲ့သည်။ ရံဖန်ရံခါတွင် သူမသည် လျိုကျင်းနှင့် သူ့၏ ညီအစ်ကိုများကိုပင် အကူအညီတောင်းရသည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။

မကြာသေးမီကလည်း သူမသည် လက်ကမ်းကြော်ငြာစာရွက်အချို့ကို ပုံနှိပ်ရိုက်ခဲ့ပြီး စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များတွင် လိုက်လံဝေရန် လျိုကျင်းနှင့် သူ့၏ညီနှစ်ယောက်ကို အငှားခေါ်ခဲ့သည်။ ထိုသို့ လုပ်ဆောင်ခဲ့ခြင်းကြောင့် တဖြည်းဖြည်းနှင့် လာရောက်စုံစမ်းမေးမြန်းသူ ပိုမိုများပြားလာခဲ့သည်။

ကျောင်းသားတစ်ဦးမှသည် နှစ်ဦး၊ ထိုမှတစ်ဆင့် အများအပြားအထိ တိုးတက်လာခဲ့ပြီး လုပ်ငန်းမှာလည်း တဖြည်းဖြည်းနှင့် အရှိန်ရလာခဲ့ပြီ ဖြစ်သည်။

အစပိုင်းတွင် တစ်လလျှင် ဝင်ငွေ ယွမ်နှစ်ရာကျော်သာ ရှိခဲ့ရာမှ သုံးရာကျော်အထိ ဖြစ်လာပြီး နောက်ဆုံးတွင်မူ တစ်လလျှင် ယွမ်လေးရာမှ ငါးရာဝန်းကျင်အထိ ပုံမှန် ဝင်ငွေရရှိသည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။

ကျန်းမင်ချင်းသည် တကယ်ပင် ကျေးဇူးရှင်ကြီးတစ်ဦး ဖြစ်ပေသည်။

စိတ်ချမ်းသာစရာများ ကြုံတွေ့ရသည့်အခါ စိတ်ဓာတ်များလည်း တက်ကြွလန်းဆန်းလာတတ်သည့် သဘာဝရှိရာ ဖုန့်ယန်ဝမ်၏ ရုပ်ရည်သွင်ပြင်မှာလည်း ယခင်ကထက် သိသိသာသာ ပို၍ကြည်လင်တောက်ပလာခဲ့သည်။

ထိုရက်သတ္တပတ်တွင် တစ်ရက်နှင့် နေ့တစ်ဝက်ခန့် ကျောင်းပိတ်ရက် ရရှိခဲ့သည်။ ကျောင်းမှအပြန် လမ်းခရီးတွင် ရွှီမုန့်သည် ရင်ထဲ၌ အတိုင်းမသိ ဝမ်းမြောက်ပျော်ရွှင်နေမိသည်။ တစ်လလုံးလုံး စာများကို မနားတမ်း လေ့လာခဲ့ရသဖြင့် စာသင်ရသည်ကို မည်မျှပင် နှစ်သက်သူဖြစ်ပါစေ၊ စာအုပ်စာမျက်နှာများကို ထပ်၍ပင် မကြည့်ချင်တော့သည့် အခြေအနေ ဖြစ်နေသည်။ သူမ လမ်းကြားထိပ်သို့ ရောက်ရှိသည့်အခါ အိမ်ရှေ့ဂိတ်တံခါးဝတွင် လူနှစ်ဦး မတ်တပ်ရပ်နေသည်ကို လှမ်း၍ မြင်တွေ့လိုက်ရသည်။

ဝမ်ရွှမ်းကျူးသည် ဆေးပုံးတစ်ပုံးကို ကိုင်ဆောင်ကာ အိမ်အဝင်ဝရှိ ဆိုင်းဘုတ်ကို ဆေးသုတ်ပေးနေခြင်း ဖြစ်သည်။ ဖုန့်ယန်ဝမ်ကမူ တစ်ခုခုကို ငုံ့ကြည့်ရင်း မျက်နှာတွင် အပြုံးကြီးကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ပုံမှန်အားဖြင့် တည်ကြည်ခက်ထန်တတ်သည့် ဝမ်ရွှမ်းကျူး၏ မျက်နှာပေါ်တွင်ပင် ယခုအခါ တွေ့ရခဲသည့် အပြုံးမျိုး ပေါ်ပေါက်နေသည်။

ရွှီမုန့်၏ လှမ်း၍ ခေါ်သံကို ကြားလိုက်ရသည့်အခါတွင်မူ သူ့၏ အပြုံးမှာ အနည်းငယ် ပျောက်ကွယ်သွားပြီး ရှက်ကိုးရှက်ကန်း ပုံစံမျိုးဖြင့် ခေါင်းညိတ်ပြရှာသည်။

"ဦးလေးရွှမ်းကျူး။"

"အင်း... မုန့်မုန့်၊ ပြန်ရောက်ပြီလား။ အစားရော စားပြီးပြီလား။" ဝမ်ရွှမ်းကျူးက ယခုကဲ့သို့ စကားလုံးအမြောက်အမြားကို တစ်ပြိုင်နက်တည်း ပြောဆိုခြင်းမှာ တကယ့်ကို ကြားရခဲသည့် အခြေအနေ ဖြစ်သည်။

"စားပြီးပါပြီ ဦးလေး။ ဦးလေးရော စားပြီးပြီလား။"

"အင်း။"

ရွှီမုန့်၏ အကြည့်သည် ဝမ်ရွှမ်းကျူးထံမှတစ်ဆင့် ဖုန့်ယန်ဝမ်ဆီသို့ ရောက်ရှိသွားပြီး သူမ၏ အပြုံးထဲတွင် တစ်စုံတစ်ခုကို ထုတ်မပြောဘဲ ဖုံးကွယ်ထားသည့် အရိပ်အယောင်များ ပါဝင်နေခဲ့သည်။

ဤခေတ်ကာလရှိ အိမ်နီးနားချင်းများမှာ အပြန်အလှန် ရိုင်းပင်းကူညီတတ်ကြသည်မှာ မှန်သော်လည်း သူမအနေဖြင့် အပိုတွေးနေခြင်းတော့ မဟုတ်သည်မှာ သေချာပါသည်။ ဖုန့်ယန်ဝမ် လင်မယားကွာရှင်းပြတ်စဲပြီးကတည်းက ဝမ်ရွှမ်းကျူးသည် ယခင်ကထက် အိမ်သို့ ပို၍ မကြာခဏ လာရောက်လေ့ ရှိသည်။ သူသည် အားယားနေတတ်သူ သို့မဟုတ် အကြောင်းရင်းမရှိဘဲ သူတစ်ပါးအိမ်သို့ လည်ပတ်ရသည်ကို နှစ်သက်သူမျိုး မဟုတ်ပါ။

သို့သော် ဖုန့်ယန်ဝမ် ကိုယ်တိုင်ကပင် ယခုအခြေအနေကို စိတ်မသက်မသာ ဖြစ်ခြင်းမျိုး မရှိသည့်အတွက်ကြောင့် မိမိက ဝင်ရောက်၍ ထုတ်ဖော်ပြောဆိုလိုက်ပါက သူတို့နှစ်ဦးအကြားရှိ သာမန်မိတ်ဆွေအဆင့် ဆက်ဆံရေးလေးကိုပင် ထိခိုက်ပျက်စီးသွားစေနိုင်သည်။

သမီးဖြစ်သူ၏ ကျောပိုးအိတ်မှာ လေးလံလွန်းသဖြင့် ခန္ဓာကိုယ်အရှေ့သို့ ကိုင်းညွတ်နေသည်ကို မြင်တွေ့ရသောကြောင့် ဖုန့်ယန်ဝမ်သည် ချက်ချင်းပင် ရှေ့သို့တိုးလာပြီး ရွှီမုန့်၏ ကျောပေါ်မှ အိတ်ကို ကူညီ၍ ချပေးလိုက်သည်။

ကျောပိုးအိတ်မှာ အလွန်ပင် လေးလှသည်။ ဖုန့်ယန်ဝမ်အနေဖြင့် ယခုမျှအထိ လေးလိမ့်မည်ဟု မထင်မှတ်ထားခဲ့သောကြောင့် အိတ်ကို မချလိုက်သည့်အချိန်တွင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး ရှေ့သို့ ယိုင်လဲသွားခဲ့ရသည်။

ဝမ်ရွှမ်းကျူးသည် ချက်ချင်း လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူမ လဲမကျသွားစေရန် လက်လှမ်း၍ ထိန်းပေးလိုက်သည့်အပြင် ကျောပိုးအိတ်ကိုလည်း သူမ၏ လက်ထဲမှ လွှဲပြောင်းယူလိုက်သည်။ သူသည် ခြံဝင်းထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်သွားပြီး အိတ်ကို အိမ်အမိုးစွန်းအောက်တွင် ချထားပေးခဲ့သည်။ ထို့နောက် တံခါးဝသို့ ပြန်လည်ရောက်ရှိလာပြီး စိတ်ပူပန်သည့်လေသံဖြင့် မေးလိုက်သည်။ "အဆင်ပြေရဲ့လား။"

"အဆင်ပြေပါတယ်" ဖုန့်ယန်ဝမ်၏ မျက်နှာတစ်ခုလုံး ရှက်သွေးဖြန်းပြီး နီမြန်းသွားရသည်။ သူမသည် သူ့၏မျက်နှာကိုပင် မော့မကြည့်ရဲတော့သဖြင့် သမီးဖြစ်သူဘက်သို့ လှည့်ကာ အခြေအနေကို ရှင်းပြသည့် သဘောမျိုးဖြင့် ချက်ချင်းပင် စကားစလွှဲလိုက်တော့သည်။

"ခုနလေးတင် ဝမ်ရွှမ်းတို့မိသားစုက သူတို့အိမ်တံခါးကို ဆေးအသစ်သုတ်ပြီးတော့ ကျန်တဲ့ဆေးအကြွင်းအကျန်တွေကို လွှင့်ပစ်မလို့ လုပ်နေကြတာ။ ဆေးပုံးထဲမှာ နည်းနည်းကျန်သေးတာကို အမေမြင်တာနဲ့ အမေတို့အိမ်တံခါးကို သုတ်ဖို့ ယူလာခဲ့တာလေ။ အဲဒါကို နင့်ဦးလေးရွှမ်းကျူးက မြင်တော့ အမေ့ကို စနောက်ပြီးတော့ သူကိုယ်တိုင်ပဲ ဆက်သုတ်ပေးမယ်ဆိုပြီး လွှဲယူသွားတာ။ ဒီဆိုင်းဘုတ်ကို ကြည့်လိုက်ပါဦး၊ တကယ့်ကို အသစ်အတိုင်း ဖြစ်မသွားဘူးလား။"

ဝမ်ရွှမ်းကျူးသည် လက်မှုပညာအလွန်ကျွမ်းကျင်သူတစ်ဦးအဖြစ် ပတ်ဝန်းကျင်တစ်ခုလုံးတွင် နာမည်ကြီးသူ ဖြစ်သည်။

ရွှီမုန့်သည် ဆိုင်းဘုတ်ကို သေချာစွာ ဂရုတစိုက် ကြည့်ရှုလိုက်သည့်အခါ လတ်လတ်ဆတ်ဆတ် ဆေးသုတ်ထားသည့် ဆိုင်းဘုတ်မှာ ယခင်ကထက် တကယ်ပင် ပိုလှပ အဆင်ပြေနေသည်ကို ဝန်ခံလိုက်ရသည်။

"ဦးလေးရွှမ်းကျူးရဲ့ လက်ရာကတော့ တကယ့်ကို အကောင်းဆုံးပဲ။ သမီးတို့အမေသာ သုတ်ရင်တော့ ခွေးကိုက်ထားတဲ့ ပုံစံမျိုး ဖြစ်နေမှာ သေချာတယ်။"

ရွှီမုန့်၏ ယခုကဲ့သို့ ချီးမွမ်းစကားကို ကြားလိုက်ရသည့်အခါတွင်မူ ဝမ်ရွှမ်းကျူး၏ မျက်နှာပေါ်တွင် တွေ့ရခဲသော အပြုံးမျိုး တစ်ဖန် ပြန်ပေါ်ပေါက်လာခဲ့ပြန်သည်။

ဖုန့်ယန်ဝမ် ပြောလိုက်သည်။ "နင်ကတော့ အမေဖြစ်သူကို ဒီလိုပဲ ပြောရလား။ အစ်ကိုကြီးရွှမ်းကျူး... အိမ်ထဲကို ဝင်ပြီး ခဏ ထိုင်ပါဦး၊ ရေနွေးကြမ်းလေး ဘာလေး သောက်သွားဦးလေ။"

ဝမ်ရွှမ်းကျူးသည် ချက်ချင်း လက်ကို ယမ်းကာ ငြင်းပယ်လိုက်ပြီး အိမ်တွင် လုပ်စရာကိစ္စများ ရှိနေသေးသည်ဟူသော အကြောင်းပြချက်ဖြင့် အလျင်အမြန် ပြန်ထွက်သွားခဲ့သည်။

ဦးလေးရွှမ်းကျူးသည် တကယ်ပင် လူမှုဆက်ဆံရေးတွင် ကြောက်ရွံ့တတ်သူ တစ်ဦး ဖြစ်လိမ့်မည်ဟု ရွှီမုန့်က စိတ်ထဲတွင် တွေးမိသွားသည်။

ထိုကဲ့သို့သော သဘာဝရှိသူတစ်ဦးအနေဖြင့် စီးပွားရေးလုပ်ကိုင်ရာတွင် လက်မှုပညာ အရည်အချင်း ကောင်းမွန်လွန်း၍သာ တော်သည်ဟု ဆိုရမည်။ သို့မဟုတ်ပါက သူ့အနေဖြင့် စီးပွားရေးလောကတွင် မည်သို့မျှ ရှေ့ဆက်ရပ်တည်နိုင်မည် မဟုတ်ပါ။

ရွှီမုန့် ပြုံးစိစိဖြင့် မေးလိုက်သည်။ "အမေ၊ ဦးလေးရွှမ်းကျူးက သမီးတို့ကို ဘာဖြစ်လို့ အမြဲတမ်း လာလာကူညီပေးနေရတာလဲ။"

ဖုန့်ယန်ဝမ်က ဆိုင်းဘုတ်ကို ကျေနပ်စွာ ကြည့်ရှုရင်း ပြောလိုက်သည်။ "နင့်စကားကလည်းလွန်လှပြီ။ အစ်မလျိုကလည်း ငါတို့ကို အမြဲတမ်း ကူညီပေးနေတာပဲ မဟုတ်လား။ သူမအကြောင်းကြတော့ နင်ပြောတာကို ငါ တစ်ခါမှ မကြားမိပါလား။ နင်ကတော့ တကယ့်ကို ကျေးဇူးမသိတတ်တဲ့ ကောင်မလေးပဲ။ သတိထားဦး၊ သူမသာ ကြားသွားရင် စိတ်မကောင်းဖြစ်နေလိမ့်မယ်။"

အစ်မလျိုမှာ တကယ့်ကို ပွင့်လင်းရဲတင်းပြီး စိတ်ဓာတ်ပြင်းပြသည့် လူစားမျိုး ဖြစ်သောကြောင့် သူမအနေဖြင့် စိတ်ကောက်ကာ စိတ်မကောင်းဖြစ်နေမည့် ပုံစံမျိုးကို ရွှီမုန့်တစ်ယောက် စိတ်ကူးထဲတွင်ပင် ပုံဖော်၍ မရနိုင်အောင် ဖြစ်ရသည်။ ထို့ကြောင့် သူမ ချက်ချင်းပင် ဖူးခနဲ သဘောကျကာ ရယ်မောမိလိုက်သည်။

All Chapters