← Chapters

အခန်း ၃၅၁

Vol. 36 Ch. 351

အခန်း ၃၅၁

Vol. 36 Ch. 351

အပိုင်း ၃၅၁

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

English name – World Destroying Demonic Emperor

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

ကျိနင် အချိန်အတော်ကြာတိတ်ဆိတ်နေပြီးနောက်မှ အမိန့်ပေးလိုက်သည်။

“တစ်ယောက်ယောက် လာခဲ့... ကွေ့ချင်းကျုံးကို ခေါ်လိုက်”

လျင်မြန်စွာပင် ကွေ့ချင်းကျုံး တပ်စခန်း တဲကြီးထဲသို့ ထပ်မံ ရောက်ရှိလာ၏။

“မင်း ခုလေးတင် ဒုက္ခတွင်းက လွတ်လာတာ ငါ သိတယ်... ဒါပေမဲ့ မင်းကို ငါ့ရဲ့ တမန်တော် အနေနဲ့ ထျန်းရွှေမြို့ဆီ နောက်တစ်ခေါက် ပြန်လွှတ်ချင်တယ်... “

“ဆိုလွန်ကို ပြောလိုက်ပါ... အသေးအဖွဲ ကိစ္စတွေနဲ့ လာမလှည့်စားနဲ့လို့... အသက်ရှင်ချင်ရင် ထူလင်းတိ၊ နူအာတန်နဲ့ အခြား ဓားစာခံတွေကို အရင် လွှတ်ပေးရမယ်... “

“ခြောက်နာရီအတွင်း ထူလင်းတိနဲ့ အခြားသူတွေ ရောက်မလာဘူးဆိုရင် ထျန်းရွှေမြို့ထဲကို တပ်တွေ ဝင်ပြီး ဆိုမိသားစုကို ဖျက်ဆီးပစ်ဖို့ ချက်ချင်း အမိန့်ပေးမယ်လို့”

ကျိနင် တည်ငြိမ်စွာ မှာကြားလိုက်သည်။

ကွေ့ချင်းကျုံး အနည်းငယ် အံ့ဩသွားသော်လည်း ခေါင်းညိတ်လိုက်၏။

“ဟုတ်ကဲ့ပါ”

ထို့ကြောင့် အကျဉ်းထောင်မှ လွတ်မြောက်လာခါစ ကွေ့ချင်းကျုံး တစ်ယောက် မြင်းကို ထပ်မံ စီးနင်းကာ မင်းသမီး ကျိနင်၏ နောက်ဆုံး ရာဇသံကို ပို့ဆောင်ရန် ထျန်းရွှေမြို့ဆီသို့ ပြန်သွားရပြန်သည်။

သို့သော် မင်းသမီး ကျိနင်က ဆုံးဖြတ်ချက် ချပြီးသား ဖြစ်၏။ ထူလင်းတိ လွတ်မြောက်လာသည်နှင့် တပြိုင်နက် တပ်ဖွဲ့ဝင် တစ်သိန်းကို ချက်ချင်း စစ်ချီခိုင်းပြီး ထျန်းရွှေမြို့ကို မြေပြင်နှင့် တစ်ပြေးတည်း ဖြစ်အောင် ဖျက်ဆီးကာ ဆိုမိသားစုကို အမြစ်ပြတ် ချေမှုန်းမည်သာ။

……

ထိုအချိန်တွင် မြို့စားကြီး ကျိထင်၏ လျှို့ဝှက် စာကြည့်ခန်းတွင်း၌။

“အမှန်တရားကို ရှာဖွေဖို့၊ အဖြစ်အပျက်ကို အတည်ပြုဖို့... ပြီးတော့... ဘုရင်မင်းမြတ်ကို ကယ်တင်ဖို့”

ဆိုလွန် ပြောလိုက်ပြီးနောက် စကားကို အနည်းငယ် ပြင်ပြောလိုက်၏။

“တတ်နိုင်သမျှ ဘုရင်မင်းမြတ်ကို ကယ်တင်ဖို့ပါ”

“ဆိုလွန်... ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ မြင့်မြတ်နတ်နဂါးကျောင်းတော်က အကောင်းဆုံး ဆေးပညာရှင်ကို ငါ ပင့်ခဲ့ပြီးပြီ... သူက လောကမှာ အကောင်းဆုံး သမားတော်ပဲ... ဒါပေမဲ့ သူတောင် ဘာမှ မတတ်နိုင်တော့ဘူး... “

“ခမည်းတော်ရဲ့ အသက်က ဆယ်ရက်တောင် မခံတော့ဘူးလို့ သူ ပြောသွားတယ်”

မင်းသမီး ကျိယန် ဝင်ပြောလာသည်။

“ဆိုလွန်... ငါတို့က မျှော်လင့်ချက် ရှိနေသေးတယ် ဆိုပေမဲ့ အမှန်တကယ်တော့ လက်လျှော့လိုက်ရပြီ... ဘုရင်မင်းမြတ် လဲကျသွားတာနဲ့ အရာအားလုံးက ပြီးဆုံးသွားပြီလေ... “

“ကျိလီ ထီးနန်းတက်လာရင် ယန်အာက မြင့်မြတ်နတ်နဂါးကျောင်းတော်မှာ ခိုလှုံရလိမ့်မယ်... ငါကတော့... မိသားစု ပိုင်ဆိုင်မှု အကုန်လုံးကို ပေးအပ်ပြီး ကျိလီရှေ့မှာ အမြီးနှံ့ တောင်းပန်ရတော့မှာပေါ့... အဲ့ဒါတောင် အသက်ရှင်ခွင့် ရပါ့မလား မသိဘူး”

မြို့စားကြီး ကျိထင် သက်ပြင်းအကြိမ်ကြိမ် ချရင်း ပြောလိုက်၏။

“ကျိနင်က နင့်အပေါ် အရမ်း ရှုပ်ထွေးတဲ့ ခံစားချက် ရှိတယ်ဆိုတာ ငါတို့ သိတယ်... ဒါကြောင့် ငါတို့က နင်နဲ့ လမ်းခွဲဖို့ ရွေးချယ်လိုက်တာ... နင့်ရဲ့ ဆွဲဆောင်မှုနဲ့ ဉာဏ်ပညာကို သုံးရင် ကျိနင်ရှေ့မှာ နေရာလေး တစ်ခုတော့ ရနိုင်မယ်လို့ ယုံကြည်တယ်... ငါတို့နဲ့အတူ အသေခံစရာ မလိုပါဘူး”

ကျိယန် တည်ငြိမ်စွာဖြင့် ရှင်းပြလာ၏။

ဆိုလွန် ခေါင်းယမ်းလိုက်သည်။

“ကျွန်တော်က အရမ်း ခေါင်းမာတဲ့လူပဲ... တစ်ခုခုကို ရွေးချယ်ပြီးပြီဆိုရင် လုံးဝ နောက်ပြန်မလှည့်ဘူး”

ထို့နောက် အခြားစကားများကို ရပ်တန့်လိုက်ပြီး တိုက်ရိုက်ပင် မေးလိုက်၏။

“ဘုရင်မင်းမြတ် လေဖြတ်ပြီး လဲကျသွားတာ သေချာလား”

“ဟုတ်တယ်... လေဖြတ်သွားတာ”

“မျက်လုံးတွေ ဖွင့်နိုင်ပေမဲ့ မလှုပ်ရှားနိုင်ဘူး... ပြီးတော့ တစ်ကိုယ်လုံးလည်း လှုပ်မရဘူး... သူ မြင်နိုင်၊ ကြားနိုင်တယ်လို့ ငါ ယုံကြည်တယ်... ဒါပေမဲ့ သေချာပေါက် မလှုပ်ရှားနိုင်သလို စကားလည်း မပြောနိုင်ဘူး... ဒါကြောင့် သတိလစ်နေသလို ဖြစ်နေတာ”

ထိုစကားများကိုကြားလျှင် ဆိုလွန် ရှင်းပြလိုက်၏။

“လေဖြတ်တာ ဆိုရင်တော့ ဦးနှောက်ထဲ သွေးထွက်ပြီး အာရုံကြောတွေနဲ့ ဦးနှောက်အစိတ်အပိုင်းတွေကို ဖိမိသွားတာလို့ဆိုရမယ်... ဦးနှောက်က ခန္ဓာကိုယ် တစ်ခုလုံးကို ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးသွားတာပဲ”

ကျိထင်နှင့် ကျိယန်တို့ မျှော်လင့်ချက် အပြည့်ဖြင့် ဆိုလွန်ကို ကြည့်လာလေပြီ။

“ကျွန်တော့်ကို နန်းတော်ထဲ ချက်ချင်း ခေါ်သွားပေးပါ... ဘုရင်မင်းမြတ်ကို ကယ်ဖို့ ကြိုးစားကြည့်မယ်... အချိန်ဆွဲနေရင် အဆင်မပြေဘူး”

ဆိုလွန် တောင်းဆိုလိုက်သည်။

ကျိယန် ခေါင်းညိတ်လိုက်၏။

“ကောင်းပြီ... မိန်းမစိုး အဝတ်အစားကို ချက်ချင်း လဲလိုက်... ငါနဲ့အတူ နန်းတော်ထဲ လိုက်ခဲ့ပါ”

……

နာရီဝက်ခန့် ကြာပြီးနောက် ဆိုလွန် မိန်းမစိုး အဝတ်အစားကို လဲလှယ်ဝတ်ဆင်ကာ ကျိယန်၏ ရထားလုံးဖြင့် နန်းတော်ထဲသို့ ဝင်ရောက်လာသည်။

နန်းတော်တွင်း အရာအားလုံးက ပုံမှန်အတိုင်းရှိနေဆဲပင်။

ဘုရင်မင်းမြတ် ဒုက္ခရောက်နေကြောင်း ရည်မှန်းချက်ကြီးသူများက တဖြည်းဖြည်း ခန့်မှန်းမိနေသော်လည်း နန်းတော်ထဲရှိ သူများအားလုံးက လူ့လောက အတွေ့အကြုံ ရင့်ကျက်သူများ ဖြစ်ရာ ထူးခြားသည့် အမူအရာ လုံးဝ ပြသမည် မဟုတ်ချေ။

ဘုရင်မင်းမြတ် လူမြင်ကွင်းသို့ ထွက်မလာသည်မှာ လဝက်ခန့် ရှိနေပြီ ဖြစ်၏။

သဘာဝကျကျပင် နုလန်ဘုရင့်နိုင်ငံ၏ ထူးခြားသော နိုင်ငံရေး အခြေအနေကြောင့်အပြင် ဘုရင်မင်းမြတ်နှင့် အထက်တန်းလွှာများ၊ မြေပိုင်ရှင်များကြား ဆက်ဆံရေးက အေးစက်နေသဖြင့် ဘုရင်မင်းမြတ်သည် ဝန်ကြီးများနှင့် နေ့စဉ် တွေ့ဆုံလေ့ မရှိဘဲ သုံး၊လေး၊ငါးရက် နေမှသာ ကြီးမားသည့် တရားဝင် အစည်းအဝေးများ ပြုလုပ်လေ့ ရှိသည်။ တစ်ခါတစ်ရံ၌ ဘုရင်မင်းမြတ်က လုံးဝ မတက်ရောက်ဘဲ ကျိလီကို ကိုယ်စားလှယ် အဖြစ် တိုက်ရိုက် စေလွှတ်တတ်၏။

ထို့ကြောင့် ယခင်က ဘုရင်မင်းမြတ် ခုနစ်ရက် ရှစ်ရက်ခန့် လူမြင်ကွင်းသို့ ထွက်မလာခြင်းမျိုး ရှိခဲ့သော်လည်း ယခုကဲ့သို့ လဝက်ခန့် လုံးဝ ပျောက်ကွယ်သွားခြင်းမျိုး တစ်ခါမှ မရှိခဲ့ချေ။

ဘုရင်မင်းမြတ် စံမြန်းရာ နန်းဆောင်မှာ နန်းတော်တွင်းရှိ တောင်ကုန်းတစ်ခုပေါ်တွင် တည်ရှိပြီး ခရမ်းရောင်ကျောက်စိမ်းတောင် ဟု ခေါ်ဆိုသည်။

ထိုတောင်ပေါ်၌ ဘုရင်မင်းမြတ်၏ အယုံကြည်ရဆုံး မိန်းမစိုးများက စောင့်ကြပ်နေပြီး မင်းသမီး ကျိယန်မှလွဲ၍ မည်သူမှ ဝင်ခွင့် မရှိပေ။

မင်းသမီး ကျိယန် ရထားလုံးပေါ်မှ ဆင်းကာ ခရမ်းရောင်ကျောက်စိမ်းတောင် ဝင်ပေါက်သို့ ရောက်ရှိလာ၏။

ဝင်ပေါက်၌ အဘိုးအို မိန်းမစိုး တစ်ဦး ရပ်နေသည်။ ခါးပင် မဆန့်နိုင်တော့ဘဲ လေတိုက်လျှင် လဲကျသွားမည့်အလား ထင်ရ၏။ သူက အသက် မည်မျှ ရှိနေပြီကိုပင် မှန်းဆ၍ မရနိုင်သူ ဖြစ်သည်။

“အဘိုးကောင်း... ကျွန်မ ခမည်းတော်ကို သွားကြည့်ချင်လို့”

ကျိယန် ပြောလိုက်သည်။

အဘိုးကောင်း ဟူသော အမည်ကြောင့် ဆိုလွန် လူတစ်ယောက်ကို ချက်ချင်း သတိရသွားသည်။ ကောင်းယင် ပင်။

နုလန်မင်းဆက်၏ မိန်းမစိုးများတွင် လီအုပ်စုနှင့် ကောင်းအုပ်စု ဟူ၍ နှစ်စု ရှိသည်။ လီအုပ်စု၏ လက်ရှိ ခေါင်းဆောင်မှာ ကျိလီ၏ လက်အောက်ခံ လီချန်လျန် ဖြစ်ပြီး ကောင်းအုပ်စု၏ ခေါင်းဆောင်မှာ ကောင်းယင် ပင်။

ကျိနင်၏ လက်အောက်ခံ လီကျူးက လီချန်လျန်၏ မွေးစားသား ဖြစ်ပြီး ကျိထင်၏ လက်အောက်ခံ ကောင်းနင်ရှီက ကောင်းယင်၏ မွေးစားသား ဖြစ်သည်။

ဤ အုပ်စုနှစ်ခုမှ မိန်းမစိုးများက မွေးစားသား၊ မွေးစားမြေး စသည့် ပုံစံများဖြင့် အမွေဆက်ခံကြ၏။ ယခင်က ကောင်း မျိုးရိုး မဟုတ်လျှင်သော်လည်းကောင်း၊ လီ မျိုးရိုး မဟုတ်လျှင်သော်လည်းကောင်း နန်းတော်တံခါးအတွင်းသို့ ဝင်ရောက်လာပြီးနောက် မျိုးရိုးနာမည်ကို အပြည့်အဝ ပြောင်းလဲလိုက်ကြရသည်။

ယခုအချိန်၌ ကောင်းယင်က လေတိုက်လျှင် လွင့်သွားမည့်အလား ဖြစ်နေပြီး အသွင်အပြင်အရ လီချန်လျန်လောက်ပင် မသန်စွမ်းသယောင် ထင်ရသည်။ သို့သော် သူ၏ အခြားအမည် တစ်ခုမှာ နုလန် နန်းတော်၏ အတော်ဆုံး သိုင်းပညာရှင် ဖြစ်ပြီး နုလန် တော်ဝင်မြို့တော်၏ အတော်ဆုံး သိုင်းပညာရှင်ပင်။

ထင်မှတ်မထားသည့်အဖြစ်အပျက်များမရှိခဲ့လျှင် ဤသူက ဆိုလွန် မြင်ဖူးသမျှထဲတွင် သိုင်းပညာ အမြင့်မားဆုံးသူ ဖြစ်ပေလိမ့်မည်။

ကောင်းယင်က ဒူးနှစ်ဖက်စလုံး ထောက်ကာ ချက်ချင်း နှုတ်ဆက်လိုက်သည်။

“မင်းသမီးကို ဂါရဝပြုပါတယ်”

ကျိယန် ရှေ့သို့ တက်လာကာ သူ့ကို တွဲထူပေးလိုက်ပြီး ကျိနင်ကဲ့သို့ ပါးနပ်သော စကားများ မဆိုခဲ့ချေ။

ကောင်းယင်၏ နောက်ကျိနေသော အကြည့်များက ဆိုလွန်ထံ ရောက်ရှိလာပြီး မေးလိုက်၏။

“ဒါက ထျန်းရွှေ မြို့စားကြီး ဆိုလွန်လား”

ဆိုလွန် ခါးညွှတ်ကာ အရိုအသေပေးလိုက်သည်။

“ဟုတ်ပါတယ်... ကျွန်တော် ဆိုလွန် အဘိုးကောင်းကို ဂါရဝပြုပါတယ်”

ကောင်းယင်က ဆိုလွန်ကို ကြည့်လာသည့် အကြည့်များ၌ ချစ်ခင်မှု အရိပ်အယောင် အနည်းငယ် ဖြတ်ပြေးသွားသည်။ ထို့နောက် မည်သည့်အရာမျှ ထပ်မမေးတော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်၏။

“သွားပါ”

ဆိုလွန် ကျိယန်နှင့်အတူ ခရမ်းရောင်ကျောက်စိမ်းတောင်ထဲသို့ ဝင်ရောက်လာသည်။ သူက ခြေတစ်ဝက်ခန့် နောက်ချန်နေချင်သော်လည်း ကျိယန်က သူ့ကို အမြဲတမ်း ယှဉ်လျက် လျှောက်စေပြီး ခြေတစ်ဝက်မျှပင် ရှေ့မှ မတက်ခဲ့ချေ။

သူမက ဆိုလွန်ကို သူမ၏ ခါးနှင့် တင်ပါး အချိုးအစားကို မကြည့်စေချင်၍ မဟုတ်ဘဲ တန်းတူညီမျှ ရှိမှုကို ထိန်းသိမ်းခြင်းသာ ဖြစ်သည်။

“စောစောက အဘိုးကောင်း ကျွန်တော့်ကို ကြည့်တဲ့ပုံစံက အရမ်း ထူးဆန်းတယ်... တူတစ်ယောက်ကို ကြည့်နေသလိုပဲ”

ဆိုလွန် နားမလည်နိုင်စွာဖြင့်ပြောလိုက်၏။

“ရှင့်အဖေ ငယ်ငယ်တုန်းက ခမည်းတော်ရဲ့ လက်ထောက် အနေနဲ့ နှစ်အနည်းငယ် လုပ်ခဲ့ဖူးတယ်လေ... “

ကျိယန် ပြန်ဖြေသည်။

“သူတို့ အဘိုးကောင်းဆီမှာ သိုင်းပညာ အတူတူ သင်ခဲ့ကြတာ... ခမည်းတော်က သာမန်လောက်ပဲ တတ်ပေမဲ့ ရှင့်အဖေကတော့ ထူးချွန်ပြီး အဘိုးကောင်းရဲ့ အချစ်ဆုံး တပည့် ဖြစ်ခဲ့တာပဲ”

ဆိုလွန် အနည်းငယ် အံ့ဩသွား၏။ ဤကဲ့သို့သော အတိတ်ဇာတ်လမ်းမျိုး ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ခရမ်းရောင်ကျောက်စိမ်းတောင်ထိပ်သို့ ရောက်ရှိသွားသောအခါ ဘုရင်မင်းမြတ်၏ ခရမ်းရောင်ကျောက်စိမ်း နန်းဆောင်က သူတို့ရှေ့၌ ပေါ်လာသည်။

အမည်နှင့် လိုက်ဖက်စွာပင် ခရမ်းရောင်ကျောက်များဖြင့်ဆောက်လုပ်ထားသော နန်းဆောင် တစ်ခု ဖြစ်၏။ သို့သော် အလွန်အမင်း ကြီးမားလှခြင်းမရှိဘဲ စတုရန်းမီတာ ရာဂဏန်းခန့်သာ ကျယ်ဝန်းသည်။

တံခါးအပြင်ဘက်၌ ယခင်အတိုင်း အသက်ကြီးသော မိန်းမစိုး တစ်ဦး ရှိနေသော်လည်း ကောင်းယင်ထက် အနည်းငယ် ပို၍ ငယ်ရွယ်ပုံရသည်။

“အဘိုးလေး ကောင်း... ကျွန်မ ထျန်းရွှေ မြို့စား ဆိုလွန်ကို ခမည်းတော်ဆီ ခေါ်လာတယ်”

ကျိယန် ပြောလိုက်၏။

အဘိုးလေး ကောင်း ဆိုသည်မှာ ကောင်းအုပ်စု၏ ဒုတိယအဆင့်ရှိ မိန်းမစိုး ကောင်းယွီ ပင်။

ကောင်းယွီက အမူအရာ ကင်းမဲ့စွာဖြင့် မည်သည့် စကားမျှ မဆိုဘဲ တံခါးကို ဂရုတစိုက် ဖွင့်ပေးလိုက်သည်။

ဆိုလွန် ကျိယန်နှင့်အတူ ခရမ်းရောင်ကျောက်စိမ်း နန်းဆောင်ထဲသို့ ဝင်ရောက်လာပြီး ပင်မခန်းမစင်္ကြံကို ဖြတ်သန်းကာ အမိုးရှိသော အခန်းတစ်ခုဆီသို့ ရောက်ရှိသွား၏။

ပထမဆုံးအနေဖြင့် ကုတင်ပေါ်၌ လဲလျောင်းနေသော ဘုရင် ကျိပိုင်ကို မြင်လိုက်ရသည်။

သူက အမှန်တကယ်ပင် ရူးသွပ်မတတ် ဖြစ်နေပုံရပြီး ပင့်ကူမျှင်လေးအလား အသက်ရှူရ ခက်ခဲနေ၏။

အလွန် အားနည်းနေပြီး မျက်လုံးများ ဖွင့်ထားသော်လည်း လုံးဝ မလှုပ်ရှားနိုင်ချေ။

သူက လေဖြတ်နေခြင်းဖြစ်ပြီး ကမ္ဘာမြေ၏ အသုံးအနှုန်းဖြင့် ဆိုရလျှင် ဦးနှောက်သွေးယိုစိမ့်ခြင်းပင်။ ဤရောဂါက ခေတ်သစ် ကမ္ဘာမြေ၌ပင် အလွန် ကြောက်စရာကောင်းပြီး သေဆုံးနှုန်း အလွန် မြင့်မားသည်။

ထို့အပြင် တစ်ခုတည်းသော ကယ်တင်နိုင်သည့် နည်းလမ်းမှာ ဦးခေါင်းခွံကို ဖွင့်ကာ ခွဲစိတ်မှု ပြုလုပ်ရန်သာ။

သို့သော် ဆိုလွန်က ဆရာဝန် မဟုတ်သလို ဤလောက၏ ဆေးပညာ အခြေအနေအရ ဦးခေါင်းခွံ ဖွင့်၍ ခွဲစိတ်မည်ဆိုလျှင် သေချာပေါက် သေဆုံးမည် ဖြစ်၏။

ဦးနှောက်သွေးယိုစိမ့်ခြင်း၏ အဓိကသော့ချက်မှာ ဦးနှောက်တွင်းရှိ သွေးခဲများကို သန့်စင်အောင် ဖယ်ရှားပြီး ဦးနှောက်အပေါ် ဖိအားနှင့် ရိုက်ခတ်မှုများကို ဖြေလျှော့ပေးရန် ဖြစ်သည်။

ထိုသို့ပြုလုပ်မှသာ သေခြင်းတရား၏ ခြိမ်းခြောက်မှုကို ဖြေလျှော့နိုင်မည်ဖြစ်ပြီး ဦးနှောက် ပြန်လည် ကောင်းမွန်လာရန်မှာမူ နှေးကွေးသော လုပ်ငန်းစဉ်ပင်။

ယခုအခြေအနေကို ကြည့်ရလျှင် ဘုရင်မင်းမြတ်၏ ရောဂါက အလွန် ဆိုးရွားနေသော်လည်း တစ်ဖက်တွင် အနည်းငယ် မျှော်လင့်ချက် ရှိနေသေးသည်။

ဆိုးရွားသည် ဆိုသည်မှာ သွေးခဲများက အရေးကြီးဆုံး ဦးနှောက်အစိတ်အပိုင်းများကို ဖိမိနေသဖြင့် ခန္ဓာကိုယ် တစ်ခုလုံး မလှုပ်ရှားနိုင်အောင် တားဆီးထားပြီး မျက်လုံးများပင် လှည့်၍ မရတော့ခြင်း ဖြစ်၏။

မျှော်လင့်ချက် ရှိနေသည် ဆိုသည်မှာ လဝက်ခန့် ကြာမြင့်သွားခဲ့သော်လည်း အသက်ရှင်လျက် ရှိနေသေးသောကြောင့်ပင်။

သို့ရာတွင် ဤလောက၌ ကယ်တင်နိုင်မည်တော့ သေချာပေါက် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ဦးခေါင်းခွံ ခွဲစိတ်မှုကို မပြုလုပ်နိုင်သောကြောင့်ပင်။ သို့သော် ဆိုလွန်အတွက်မူ ချွင်းချက် ဖြစ်နိုင်၏။

အပိုင်း ၃၅၁ ပြီး။

All Chapters