အခန်း ၃၅၄
Vol. 36 Ch. 354
အပိုင်း ၃၅၄
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
English name – World Destroying Demonic Emperor
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
ဆိုလွန်အမေးစကားကြောင့် ဘုရင် ကျိပိုင် ဆိုလွန်၏ မျက်လုံးများကို စူးစိုက်ကြည့်ကာ ပြောလိုက်၏။
“ဆိုလွန်... မင်း ဒီမေးခွန်းကို မေးတာ ငါ အရမ်း ကျေနပ်မိတယ်”
ထို့နောက် ဘုရင်မင်းမြတ် ခဏမျှ တိတ်ဆိတ်သွားကာ တစ်စုံတစ်ခုကို စဉ်းစားနေဟန် ရ၏။
တစ်မိနစ်ခန့် ကြာပြီးနောက် ဘုရင် ကျိပိုင် တည်ငြိမ်စွာ ရှင်းပြလာသည်။
“ကျိလီရဲ့ နောက်ကွယ်မှာ နောက်ခံ အင်အားကြီး သုံးခု ရှိတယ်... မြင့်မြတ်နတ်နဂါးကျောင်းတော်၊ လျှို့ဝှက်ကျွန်းနဲ့ မိစ္ဆာကျွန်းတို့ပဲ... ဒီအင်အားစုတွေဟာ ကမ္ဘာကြီးရဲ့ နောက်ကွယ်ကနေ ကြိုးကိုင်နေကြတာ... “
“ကျိလီသာ ထီးနန်းတက်သွားရင် ငါတို့ နုလန်ဘုရင့်နိုင်ငံရဲ့ မျိုးဆက်အတော်များများ သေကျေ ပျက်စီးရလိမ့်မယ်”
ဤအဖြေမှာ ဆိုလွန်၏ ရင်ထဲမှ အဖြေနှင့် ထပ်တူနီးပါး တူညီနေသည်။
ဘုရင် ကျိပိုင် ဆက်လက် ဆို၏။
“ဒါပေမဲ့ လောကမှာရှိတဲ့ အထက်တန်းလွှာတွေနဲ့ နယ်စားပိုင်ရှင်တွေဟာ ဦးနှောက်မရှိဘဲ ကိုယ့်မိသားစုရဲ့ စည်းစိမ်ဥစ္စာကိုပဲ ကြည့်ကြတယ်... နိုင်ငံရဲ့ ကံကြမ္မာကို ထည့်မတွေးကြဘူး... ဒါကြောင့် ကျိလီရဲ့ နောက်ခံကို သိရက်နဲ့ မသိချင်ယောင် ဆောင်ပြီး သူ့ကိုအပြိုင်အဆိုင် သစ္စာခံနေကြတာပေါ့... “
“ငါ့မှာ သားမရှိတော့ ကောင်းကင်ဘုံရဲ့ အလိုကို ဆန့်ကျင်ပြီး လုပ်ရတော့တာပဲ”
ထိုသို့ ပြောပြီးနောက် ဘုရင်မင်းမြတ်၏ အသံမှာ အလွန် အားနည်းသွားသည်။
“နားလည်ပါပြီ”
“ဘုရင်မင်းမြတ်အနားယူပါ..ကျွန်တော်မျိုး ထွက်ခွာပါတော့မယ်”
ဆိုလွန် နောက်ဆုံးတစ်ကြိမ်အလေးအနက်ဦးညွတ်အရိုအသေပေးပြီးနောက် အခန်းထဲမှထွက်ခွာလာ၏။
ကျိယန်၏ အလုပ်လုပ်ပုံမှာ အလွန် မြန်ဆန်လှသည်။ ဆိုလွန် ခရမ်းရောင်ကျောက်စိမ်းတောင်ပေါ်မှ ဆင်းလာချိန်၌ တောင်ခြေတွင် အမ်ဘာသားရဲတစ်ကောင် ရပ်နှင့်နေပြီး နုလန်တော်ဝင်နန်းတော်၏ မိန်းမစိုးချုပ်ကြီး ကောင်းယင်က ထိုဘေးနားတွင် ရပ်စောင့်နေလေပြီ။
ဆိုလွန်ကို မြင်လျှင် မိန်းမစိုးချုပ်ကြီး ကောင်းယင်က ဒူးနှစ်ဖက်စလုံး ထောက်ကာ အရိုအသေ ပေးလာသည်။
“မြို့စားကြီး ဆိုလွန်... ငါ့သခင်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်”
ဆိုလွန် လန့်သွားရ၏။ အဆင့်တန်းအရဆိုလျှင် ဤသူက သူ့အဖေ၏ ဆရာ ဖြစ်ရာ ထိုသို့ ပြုလုပ်ခြင်းမှာ လုံးဝ မသင့်တော်ချေ။
ထို့ကြောင့် ဆိုလွန်လည်း အလျင်အမြန်ပင် ဒူးထောက်လိုက်ကာ ဆွဲထူလိုက်သည်။
“အဘိုး ကောင်း... ဒီလို မလုပ်ပါနဲ့... ကျွန်တော့်ကို အပြစ်မဖြစ်ပါစေနဲ့”
ကောင်းယင် မတ်တတ်ထရပ်လိုက်ပြီး ဆိုလွန်ကို အတန်ကြာ စိုက်ကြည့်ပြီးမှ ဆိုလာသည်။
“လူတွေကတော့ လူဆိုးကနေ လူကောင်း ပြန်ဖြစ်တာ ရွှေနဲ့တောင် မလဲနိုင်ဘူးလို့ ပြောကြတယ်... မင်းအဖေ ငါ့သခင်နားက ထွက်သွားပြီးတဲ့နောက် ငါလည်း သူ့ကို မတွေ့ရတော့ဘူး... “
“ဒါပေမဲ့ သူ့မှာ မိုက်မဲပြီး ဆိုးသွမ်းတဲ့ သားတစ်ယောက် ရှိတယ်လို့တော့ သတင်းအမြဲ ကြားရတယ်... အခုကြည့်ရတာတော့ အဲ့ဒီလူတွေက မိုက်မဲလွန်းလို့ မင်းရဲ့ ဉာဏ်ပညာကို နားမလည်နိုင်ခဲ့တာပဲ ဖြစ်ရမယ်”
ဆိုလွန် အပြစ်ရှိသလို ခံစားလိုက်ရ၏။
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော် တကယ်ပဲ မိုက်မဲခဲ့ပါတယ်... အဖေ့ကို အရမ်း စိတ်ပျက်အောင် လုပ်ခဲ့မိတယ်”
ကောင်းယင်က ပြုံးလိုက်ပြီး စကား ထပ်မဆိုတော့ချေ။ သူ၏ လက်ဝဲဘက်တွင် ဘုရင့်အမိန့်တော်ကို ကိုင်ထားပြီး လက်ယာဘက်တွင် နတ်နဂါး ရာဇလှံတံကို ကိုင်ဆောင်ထားကာ ကောင်းကင်ကိုမော့ကြည့်ရင်းဆိုလိုက်သည်။
“အချိန် မရှိတော့ဘူး... ငါတို့ ထျန်းရွှေမြို့ကို ချက်ချင်း ထွက်ကြစို့”
ထို့နောက် သူက အမ်ဘာသားရဲကျောပေါ်သို့ ပေါ့ပါးစွာ ခုန်တက်လိုက်၏။ ဆိုလွန်လည်း အမ်ဘာသားရဲ၏ ကျောပေါ်သို့ ခုန်တက်ကာ ကောင်းယင်၏ အနောက်၌ ဝင်ထိုင်လိုက်သည်။
အမ်ဘာသားရဲကို မဖြစ်မနေ အခြေအနေမှလွဲ၍ အသုံးမပြုကြချေ။
သို့သော် ယခုမူ အချိန်နှင့်လု၍ ကြိုးပမ်းနေရခြင်း ဖြစ်၏။ ဆိုလွန်အတွက်မူ အချိန်မှာ အသက်ထက်ပင်အရေးကြီးနေသည်။ ကျိဝေ၏ တပ်ဖွဲ့များ ထျန်းရွှေမြို့ထဲသို့ ဝင်ရောက်သွားပါက အရာအားလုံး နောက်ကျသွားပေလိမ့်မည်။
အချိန်မီပါစေဟုသာ မျှော်လင့်ရတော့သည်။
“သွားကြစို့...”
ကောင်းယင်က အမ်ဘာသားရဲ၏ လည်ပင်းကို ညင်သာစွာ ပုတ်ပေးလိုက်၏။
ထိုအခါ အမ်ဘာသားရဲကြီးက သာယာသော အသံဖြင့် ဟိန်းဟောက်လိုက်ပြီး တောင်ပံများကို ဖြန့်ကာ ထျန်းရွှေမြို့ဆီသို့ ဦးတည် ပျံသန်းသွားတော့သည်။
……
ကျိဝေတစ်ယောက် ထူလင်းတိနှင့် ကွေ့ချင်းကျုံးတို့ကို ပြန်လည်ရရှိရန်အတွက် တပ်များကို မိုင် ၃၀ အထိ နောက်ဆုတ်ရန် အမှန်တကယ် အမိန့်ပေးခဲ့၏။
တပ်ဖွဲ့ဝင် တစ်သိန်းကို နောက်ဆုတ်စေခြင်းမှာ လွယ်ကူသော ကိစ္စမဟုတ်ဘဲ အချိန်ယူရပေသည်။
ရှစ်နာရီခန့် ကြာမြင့်ပြီးနောက်မှသာ မိုင် ၃၀ ဆုတ်ခွာခြင်း လုပ်ငန်းစဉ် ပြီးစီးသွားခဲ့သည်။ သဘာဝကျစွာပင် အချိန်အများစုကို တပ်စခန်း ရုတ်သိမ်းရာ၌ အသုံးပြုခဲ့ရပြီး အမှန်တကယ် မိုင် ၃၀ ခရီးနှင်ရသည့် အချိန်မှာ လေးနာရီထက် မပိုခဲ့ချေ။
တပ်ဖွဲ့များ မိုင် ၃၀ ဆုတ်ခွာပြီးနောက် ကျိနင်က တမန်တော်ကို ထျန်းရွှေမြို့ဆီ ထပ်မံ စေလွှတ်ကာ ထူလင်းတိ၊ ကွေ့ချင်းကျုံး၊ နူအာတန်နှင့် အခြားသူများကို လွှတ်ပေးရန် စောင့်ကြည့်ခိုင်းလိုက်သည်။
သို့သော် ဤတစ်ကြိမ်၌ ဆိုနင်ပင်းက အခွင့်အရေး ယူကာ ထပ်မံ၍ အနိုင်ပိုင်း တောင်းဆိုလာပြန်၏။
စာထဲ၌ ဆိုလွန် ရေးသားထားသည်မှာ ကျိနင်အနေဖြင့် ထူလင်းတိကို ပြန်ရရှိသွားပါက ဒေါသထွက်၍ စစ်ချီလာမည်ကို စိုးရိမ်သည့်အတွက် ရိုးသားမှုကို ပြသသည့်အနေဖြင့် ကျိနင်၏ တပ်ဖွဲ့များကို နောက်ထပ် မိုင် ၃၀ ထပ်မံ ဆုတ်ခွာပေးရန် တောင်းဆိုထားခြင်းပင်။
ထိုစာကို လက်ခံရရှိပြီးနောက် ကျိနင်၏ မျက်နှာတစ်ခုလုံး ပြောင်းလဲသွားရပြီး စာကို အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်လိုက်တော့သည်။
ထိုအချိန်၌ ကျိဝေ၏ တပ်စခန်းကြီးထဲသို့ စာကလေးပျံမှတစ်ဆင့် လျှို့ဝှက်စာ တစ်စောင် ရောက်ရှိလာသည်။ စာပေါ်တွင် ရေစိုနေသည့် ငှက်မွှေး ငါးချောင်း ပါဝင်နေသဖြင့် ဤသည်မှာ အမြင့်ဆုံးအဆင့် လျှို့ဝှက်စာ ဖြစ်ကြောင်း ညွှန်းဆိုနေသည်။
ထိုစာမှာ နုလန် တော်ဝင်မြို့တော် ကျစ်တူးရှိ လျှို့ဝှက် စုံစမ်းရေး စခန်းမှ စာကလေးပျံဖြင့် ပေးပို့လိုက်ခြင်း ဖြစ်ပြီး ကျစ်တူးမှ ထွက်ခွာလာသည်မှာ ရှစ်နာရီပင် မပြည့်သေးချေ။
ကျိဝေ ရင်တွင်း၌ ထိတ်ခနဲ ဖြစ်သွားလေပြီ။ ထိုသို့သော အမြင့်ဆုံးအဆင့် လျှို့ဝှက်စာမျိုးမှာ အလွန် ရခဲလှရာ တော်ဝင်မြို့တော် ကျစ်တူး၌ မည်သည့်အရာများ ဖြစ်ပျက်ခဲ့သနည်း။
သူ ချက်ချင်းပင် လျှို့ဝှက်စာကို ဖောက်ကြည့်လိုက်သည်။ စာပေါ်တွင် ဝှက်စာများဖြင့် ရေးသားထားသော်လည်း ကျိဝေက အတွင်းမှ အကြောင်းအရာကို လွယ်ကူစွာ ဖတ်ရှုနိုင်လိုက်၏။
“ဘုရင်မင်းမြတ် လူမြင်ကွင်းဆီ ထွက်ပေါ်လာခဲ့ပြီ... ရောဂါ ပြင်းထန်စွာ ခံစားနေရပေမဲ့ သေဆုံးခြင်း မရှိသေးဘူး... ဆိုလွန် တော်ဝင်မြို့တော်ဆီ ဝင်ရောက်လာပြီး ဘုရင်မင်းမြတ်ကို ကုသရာမှာပါဝင်ခဲ့တယ်”
လျှို့ဝှက်စာကို ဖတ်ပြီးနောက် ကျိဝေတစ်ယောက် ခေါင်းနားပန်းကြီးသွားကာ ရင်ဘတ်ထဲမှ သွေးများ ဆို့တက်လာပြီး အန်ထွက်မတတ် ဖြစ်သွားရသည်။
သူတို့ ထောင်ချောက်ထဲသို့ တိုးဝင်မိလိုက်လေပြီ။ ထိုသည်မှာ သစ္စာဖောက် ဆိုလွန်၏ အချိန်ဆွဲနည်းဗျူဟာပင်။
ဆိုလွန် ဟူသော လူရမ်းကားသည် ပထမဦးစွာ အမျိုးသား အလှပြအကွက်ကို အသုံးပြု၍ ကျိနင်၏ စိတ်ကို ရှုပ်ထွေးအောင် ပြုလုပ်ခဲ့သည်။
ထို့နောက် ထူလင်းတိနှင့် ကွေ့ချင်းကျုံး တို့ကို ဓားစာခံ နှစ်ယောက်အဖြစ်ပြောင်းလဲကာ ကျိနင်၏ ရင်ထဲမှ သံယောဇဉ်ကို အသုံးချပြီး အချိန်ဆွဲခဲ့သည်။
အပြင်ပန်း၌ သူက ထျန်းရွှေမြို့တွင်းမှနေ၍ ကျိနင်နှင့် ဆက်သွယ်ကာ မရပ်မနား အသနားခံနေဟန် ပြုခဲ့၏။
သို့သော် အမှန်တကယ်တော့ သူက နုလန် တော်ဝင်မြို့တော်ဆီ လျှို့ဝှက်စွာ သွားရောက်ပြီး ဘုရင်မင်းမြတ်ကို ကယ်တင်နေခဲ့သည်။
ကျိဝေတစ်ယောက် မင်းသမီး ကျိနင်၏ တဲကြီးထဲသို့ ဒေါသတကြီး ဝင်ရောက်သွားပြီး ပထမဦးဆုံးအကြိမ်အဖြစ် လျှို့ဝှက်စာကို သူမထံသို့ အားဖြင့် ပစ်ပေးလိုက်တော့သည်။
ကျိနင် စာကို ယူကြည့်လိုက်ရာ ချက်ချင်းပင် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား ခံစားလိုက်ရပြီး သူမ၏ မျက်လုံးများကိုပင် မယုံနိုင်အောင် ဖြစ်သွားရသည်။
အတုတွေ၊ အရာအားလုံးက အတုအယောင်တွေချည်းဖြစ်နေ၏။
ဆိုလွန်နှင့် မြို့စားကြီး ကျိထင်တို့ ရန်ဖြစ်ကြသည်ဆိုသည်မှာ အတုဖြစ်ပြီး အာရှီလော့ ထွက်ပေါ်လာခြင်းက ကျိလီ၏ အကွက် ဖြစ်ကြောင်း သူ သိရှိပြီးသား ဖြစ်နေသည်။
ဆိုလွန် သူမထံ ချစ်ရေးဆို အသနားခံခဲ့သည်မှာလည်း အတုဖြစ်ပြီး သူမ၏ စိတ်ပျော့ပျောင်းမှုကို အသုံးချကာ သတ်ဖြတ်ခြင်း မခံရစေရန်နှင့် ကျိဝေ၏ တပ်ဖွဲ့များ ထျန်းရွှေမြို့ကို စစ်ချီမည့်အရေးကို အချိန်ဆွဲရန်အတွက်သာ ဖြစ်နေခဲ့သည်။
ထို့ကြောင့် သူက သူမထံ ခန္ဓာကိုယ်ကိုပင် စေတနာထက်သန်စွာ ပေးဆက်ခဲ့ပြီး ပထမဆုံး အမျိုးသား ဖြစ်လာကာ သူမ ရင်ထဲ၌ ဘဝတစ်ခုလုံး မေ့မရနိုင်မည့် သံယောဇဉ်များကို ဖန်တီးပေးခဲ့သည်။
သို့သော် သူ အမှန်တကယ် အောင်မြင်သွားခဲ့လေပြီ။ ခွဲခွာပြီးနောက် ကျိနင်၏ ခေါင်းထဲ၌ အပြည့်အဝ စိုးမိုးထားသည်မှာ သူသာ ဖြစ်သည်။
တစ်ရက်နှင့် တစ်ညလုံး ကုန်လွန်သွားခဲ့သော်လည်း သူနှင့်အတူ ရူးသွပ်စွာ ပျော်ပါးခဲ့သည့် အချိန်များကို သူမ တမ်းတနေမိလေပြီ။
သူ၏ ထိုညစ်ပတ်သော အရာကို သူမ၏ ပါးစပ်ထဲသို့ အတင်းအဓမ္မ ထည့်သွင်းခဲ့သည့် အချိန်များပင် စိတ်ထဲ၌ ပုံရိပ်များအဖြစ် မရပ်မနား ပြန်လည် ထင်ဟပ်နေခဲ့ပြီး တစ်ချိန်တည်းမှာပင် ထူးဆန်းသော ကျေနပ်မှုကိုပါ ခံစားခဲ့ရသေးသည်။
သူမက သူ့အကြောင်းကို အပြည့်အဝ တွေးတောနေခဲ့မိ၏။
ယခင် စာထဲ၌ ဆိုလွန်က နဂါးသုံးကောင် ပူးပေါင်းသည့် နည်းလမ်းများကို စမ်းသပ်ချင်သည်ဟု ရေးသားခဲ့ရာ သူမကပင် အဆင်သင့် ဖြစ်နေခဲ့ပြီး ထိုအရာများ ဖြစ်ပျက်လာမည့် ပုံရိပ်များကို စိတ်ကူးယဉ်နေခဲ့မိသည်။
ဆိုလွန်၏ အဆိပ်သင့်နေသဖြင့် လွန်လွန်ကဲကဲ ပျက်စီးမည့် ကိစ္စမျိုးကိုပင် သူမ ပြုလုပ်ချင်နေခဲ့ခြင်းပင်။
သို့သော် သူ၏ အချစ်စာ၊ သူ၏ အသနားခံစာများ အားလုံးက အတုတွေချည်းဖြစ်နေ၏။
သူက သူမကို အသုံးချနေခဲ့ခြင်းသာ။ သူက သူမ၏ ခန္ဓာကိုယ်ကို ကစားခဲ့ရုံမျှမက သူမ၏ ခံစားချက်များကိုပါ လှည့်စားသွားခဲ့သည်။
ကျိနင်၏ မျက်လုံးများပြာသွားကာ ရင်ဘတ်ထဲမှ သွေးများ ဆို့တက်လာသည်။
သို့သော် သူမက ကြိတ်မှိတ် မြိုသိပ်လိုက်သည်။ သွေး လုံးဝ အန်၍ မဖြစ်ချေ။ ထို လူရမ်းကားအတွက် သူမ သွေး ထပ်မအန်နိုင်တော့ချေ။
ကျိနင်တစ်ယောက် ရင်ခွဲမတတ် နာကျင်နေရ၏။ အသက်ရှူရပင် ခက်ခဲလာပြီး အရာအားလုံး အမှောင်ဖုံးသွားကာ ချက်ချင်းပင် မေ့လဲသွားတော့မည့်အလား ဖြစ်နေသည်။
နောက်ဆုံး ကျန်ရှိသော ခွန်အားများကို အသုံးပြု၍ ကျိနင် အံကြိတ်ကာ အမိန့်ပေးလိုက်သည်။
“တပ်ဖွဲ့ဝင် တစ်သိန်း စစ်ချီမယ်... ထျန်းရွှေမြို့ကို ဝင်တိုက်ပြီး အထဲမှာရှိတဲ့ လူတွေ အကုန်လုံးကို သတ်ပစ်ကြ”
ထို့နောက် သူမ၏ လှပသော မျက်ဝန်းများ အမှောင်ဖုံးသွားပြီး စိတ်ဝိညာဉ် ကင်းမဲ့စွာဖြင့် မေ့လဲကျသွားတော့သည်။
‘ဆိုလွန်... နင်က လောကမှာ အရှက်မရှိဆုံး လူရမ်းကားပဲ... နင် ငါ့ရဲ့ ခံစားချက်တွေကို ကစားခဲ့တယ်... ငါ... နင့်ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး’
မေ့လဲမသွားမီ ကျိနင် ရင်ထဲမှ မရပ်မနား ကျိန်ဆဲနေခဲ့၏။
မေ့လဲသွားပြီးနောက် သူမ မြိုသိပ်ထားသော သွေးများက ပါးစပ်ထောင့်မှတစ်ဆင့် စီးကျလာတော့သည်။
မြို့စားကြီး ကျိဝေ ချက်ချင်းပင် သနားဂရုဏာ သက်သွားရပြီး အော်ဟစ်လိုက်သည်။
“တစ်ယောက်ယောက် လာခဲ့... သမားတော်ကို သွားခေါ်ချေ”
ထို့နောက် သူ ခေါင်းယမ်းလိုက်မိသည်။ အမျိုးသမီးများမှာ အရေးကြီးသော အချိန်များ၌ ခံစားချက်ကို ဦးစားပေးတတ်ကြစမြဲပင်။
ကျိနင်တစ်ယောက် ယခင်က မည်မျှ ရက်စက်ခဲ့သနည်း၊ မည်မျှ ထက်မြက်ခဲ့သနည်း။ သို့သော် ဆိုလွန်နှင့် တွေ့သောအခါ အမှားအယွင်းများဖြင့် ပြည့်နှက်သွားရလေပြီ။
လွန်ခဲ့သည့် နှစ်ရက်အတွင်း သူမက ဆိုလွန်ကို အမြစ်ပြတ် ဖျက်ဆီးမည်ဟု မရပ်မနား ကြွေးကြော်ခဲ့သော်လည်း အသိစိတ်၏ နောက်ကွယ်၌မူ အကြောင်းအမျိုးမျိုးပြကာ တပ်ဖွဲ့များ ထျန်းရွှေမြို့တွင်း သို့ ဝင်ရောက်မည့်အရေးကို အချိန်ဆွဲပေးနေခဲ့မိသည်။
ကွေ့ချင်းကျုံးကို ပြန်ရချင်၍၊ ထူလင်းတိကို ပြန်ရချင်၍ ဟု အကြောင်းပြခဲ့၏။ ထိုအကြောင်းပြချက်များက မှန်ကန်နေသယောင် ရှိသော်လည်း အမှန်တကယ်တော့ ထိုနောက်ကွယ်၌ အကြောင်းအရင်း တစ်ခုတည်းသာ ရှိသည်။
ကျိနင်က ဆိုလွန်ကို သတ်ဖြတ်ရန် မရက်စက်နိုင်ခဲ့ချေ။
ထို့အပြင် သူမ လျှို့ဝှက်ထားသော်လည်း မျက်လုံးထောင့်မှ ထူးဆန်းသော အရိပ်အယောင်များ၊ လမ်းလျှောက်သည့်အခါ သဘာဝမကျသည့် ပုံစံများက သူမကို အပြည့်အဝ သစ္စာဖောက်နေခဲ့သည်။
ကြည့်ရသည်မှာ ဆိုလွန် ဟူသော လူရမ်းကားသည် ကျိနင်၏ စိတ်ကိုသာမက ခန္ဓာကိုယ်ကိုပါ လှည့်စားသွားခဲ့ပြီး ဖြစ်ပေလိမ့်မည်။
ထို လူရမ်းကား၊ လူယုတ်မာမှာ မည်သည့် အကွက်ကိုမဆို အသုံးပြုရဲသူ ဖြစ်သည်။
အမျိုးသမီး သမားတော်အချို့ ရောက်ရှိလာပြီး ကျိနင်ကို ကမန်းကတန်း ကုသပေးနေကြသည်ကို ကြည့်ကာ ကျိဝေ ရင်ထဲ၌ ဒေါသများ လှိုင်းထန်လာ၏။
ထို့နောက် သူ တပ်စခန်းကြီး အပြင်သို့ ဒေါသတကြီး ပြေးထွက်သွားကာ အော်ဟစ်အမိန့်ပေးတော့သည်။
“စစ်သည်တော်တို့... ထျန်းရွှေမြို့ကို တိုက်ခိုက်ကြ... မြက်တစ်ပင်မှ မကျန်အောင် ချေမှုန်းပစ်ကြ”
ချက်ချင်းပင် ကောင်းကင်ယံသို့ တုန်လှုပ်သွားစေသည့် စစ်ခရာသံများ ထွက်ပေါ်လာသည်။
နှစ်ရက်နီးပါး ကြာအောင် အချိန်ဆွဲခံထားရသော တပ်ဖွဲ့ဝင် တစ်သိန်းမှာ ထျန်းရွှေမြို့ဆီသို့ ရူးသွပ်စွာ ပြေးဝင်သွားကြလေပြီ။
အပိုင်း ၃၅၄ ပြီး။