← Chapters

အခန်း ၃၅၇

Vol. 36 Ch. 357

အခန်း ၃၅၇

Vol. 36 Ch. 357

အပိုင်း ၃၅၇

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

English name – World Destroying Demonic Emperor

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

နိုင်အာတစ်ယောက် ဆိုလွန်၏ ပွတ်သပ်ဆုပ်နယ်မှုများနှင့် အကိုက်အခဲများကြောင့် လန့်ဖြန့်သွားရ၏။ ဤလူရမ်းကားသည် အမှားလုပ်ထားသည်မှာ သိသာပါလျက် အခွင့်အရေး ယူနေသေးသည်။

နိုင်အာ၏ ခန္ဓာကိုယ်လေးမှာ လှပလွန်းလှရာ ဆိုလွန်တစ်ယောက် နှုတ်ခမ်းရော လက်ပါ အနားမရအောင် အလုပ်ရှုပ်နေ၏။

နိုင်အာတစ်ယောက် သူမ၏ ခံစစ်မျဉ်းများ တစ်စထက်တစ်စ ကျိုးပေါက်လာသည်ကို ခံစားလိုက်ရသည်။ ခန္ဓာကိုယ် နက်ရှိုင်းသော နေရာမှ လျှပ်စစ်စီးသွားသကဲ့သို့ ထုံကျဉ်သော ခံစားချက်များကြောင့် သူမ၏ သိုင်းပညာများပင် အစအနမကျန် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေလေပြီ။

သို့သော် ဆိုလွန်က တစ်လက်မရလျှင် တစ်တောင် တောင်းမည့်သူ ဖြစ်ကြောင်း သူမ ကောင်းကောင်းသိထားသည်။ သူက သူမ၏ အဝတ်အစားများကို မထင်မှတ်ဘဲ ပင့်တင်လိုက်ပြီး အခြားလက်တစ်ဖက်ကလည်း အောက်ဘက်သို့ တဖြည်းဖြည်း လျှောဆင်းလာသည်။

နိုင်အာ ချက်ချင်းပင် ဆိုလွန်၏ ဆိုးသွမ်းလှသော လက်ကို အလျင်အမြန် ဖမ်းဆုပ်လိုက်သည်။

“မကောင်းဘူး... မလုပ်နဲ့...”

“အသည်းလေး... ကိုယ် ဖြည်းဖြည်းလေး ထိရုံတင်ပါ...”

ဆိုလွန် အချိုသတ်လိုက်၏။

“ထိပြီးတာနဲ့ ချက်ချင်း ပြန်ထုတ်မယ်... ကိုယ် ကတိတည်ပါတယ်”

သူ့စကားကို ယုံလျှင် တစ္ဆေများကို ယုံသည်နှင့် အတူတူပင်။ သူ့ကိုသာ ယုံလိုက်ပါက နောက်နှစ် ဤအချိန်ရောက်လျှင် ကလေးအမေ ဖြစ်သွားပေလိမ့်မည်။

“ကျွန်မ ရှင့်ကို ပြောစရာ စကားရှိတယ်”

နိုင်အာ လေးနက်စွာ ဆိုလိုက်သည်။

“ကိုယ် နားထောင်နေပါတယ်”

ဆိုလွန် ပြန်ဖြေလိုက်သော်လည်း သူ၏ လက် လှုပ်ရှားမှုများက အနည်းငယ်မျှပင် ရပ်တန့်မသွားချေ။

“နောက်ဆိုရင်... ခုနကလို ကိစ္စမျိုးကို လုံးဝ ထပ်မလုပ်လို့ မရဘူးလား”

နိုင်အာ မေးလိုက်သည်။

“ဘယ်ကိစ္စကိုလဲ”

“အဝတ်လျှော်ပျဉ်ပြားပေါ် ဒူးထောက်တာကို ပြောတာလား”

နိုင်အာတစ်ယောက် အဝတ်လျှော်ပျဉ်ပြား ဆိုသည်မှာ အဘယ်အရာမှန်း မသိသော်လည်း ခေါင်းညိတ်လိုက်သည်။

“ဘာလို့လဲဆိုတော့... ဒီလိုသာ ဆိုရင်... ရှင့်ရင်ထဲမှာ ကျွန်မကို တဖြည်းဖြည်း မုန်းသွားမှာ ဆိုးလို့ပဲ... “

“ကျွန်မကို ဗိုလ်ကျလွန်းတယ်လို့ လူတွေက ထင်သွားမှာကို မလိုချင်ဘူး... ရှင် အမှားလုပ်မိလို့ အပြစ်ရှိသလို ခံစားရပြီး ကျွန်မကို ကြောက်သွားမှာ၊ ကျွန်မနဲ့ ဝေးကွာသွားမှာကို မလိုချင်ဘူး”

ဆိုလွန် ရုတ်တရက် အံ့ဩသွားရ၏။

နိုင်အာက အလွန် ပါးနပ်လှသည်။ လူတို့သည် အပြစ်ရှိသည်ဟု ခံစားရသောကြောင့် မကြာခဏ ဝေးကွာသွားတတ်ကြသည် မဟုတ်ပါလော။

နိုင်အာ ဆက်၍ ဆိုလိုက်သည်။

“ငွေရောင်ဝံပုလွေ စစ်တပ်က ရှင့်ကို ထျန်းရွှေမြို့ ပြန်ရအောင် ကူညီပေးခဲ့တာ... အဲ့ဒါက ကျွန်မကို စိတ်ပူစေတယ်... ဘာလို့လဲဆိုတော့ ရှင်က ကျွန်မအပေါ် အကြွေးတင်သွားတယ်လို့ တွေးမိပြီး... ကျွန်မတို့ကြားမှာ အကွာအဝေးတစ်ခု ဖြစ်သွားမှာကို ကြောက်လို့ပဲ”

“ကိုယ်က မင်းနဲ့ ထပ်တူကျအောင် အမြဲ နေချင်ပေမဲ့ မင်းက ကိုယ့်ကို အမြဲတမ်း ငြင်းနေတာလေ”

ဆိုလွန် ညင်သာစွာ ပြောလိုက်၏။

နိုင်အာက သူ၏ ရမ္မက်ဆန်သော စကားကို ဂရုမစိုက်ဘဲ ဆက်ပြောလိုက်သည်။

“ဒါကြောင့်... ရှင် နောက်ဆိုရင် ဘာ အဝတ်လျှော်ပျဉ်ပြားပေါ်မှ ဒူးထောက်စရာ မလိုဘူး... ဒါကို အစ်မသာ သိသွားရင် ကျွန်မ နေစရာ ရှိတော့မှာ မဟုတ်ဘူး”

“ဒါပေမဲ့... နောက်တစ်ခါ ကိုယ် အမှားလုပ်မိရင် ဘယ်လို လုပ်ရမလဲ”

ဆိုလွန် အပြစ်ကင်းစင်သောလေသံဖြင့်မေးလိုက်သည်။

နိုင်အာ ဒေါသထွက်သွားရ၏။ ဤလူရမ်းကားသည် ယခုလေးတင် အမှားလုပ်ထားပြီး ချက်ချင်းပင် နောက်တစ်ကြိမ် အမှားလုပ်ရန် တွေးနေလေပြီ။

သူမ တကယ်ကို သည်းမခံနိုင်တော့သဖြင့် ဆိုလွန်၏လက်ကို အားကုန်လိမ်ဆွဲပစ်လိုက်သည်။

ထို့နောက် နိုင်အာ ခန္ဓာကိုယ်ကို တခြားဖက်သို့လှည့်သွားကာ ပြောလိုက်သည်။

“ပြီးတော့... ဒီတစ်ခါ ရှင် ထျန်းရွှေမြို့အတွက် ကျိနင်နဲ့ အဲ့ဒီလို ကိစ္စတွေ လုပ်ခဲ့တာကို ကျွန်မ သိပါတယ်... ကျွန်မ အလိုမကြီးသင့်ဘူး ဆိုတာလည်း သိတယ်... “

“ဒါပေမဲ့..ဒါပေမဲ့ ကျွန်မ တကယ် သည်းမခံနိုင်တာက... အတိတ်တုန်းက ရှင် သူမအတွက်နဲ့ ကျွန်မကို စွန့်ပစ်ခဲ့တာကိုပဲ”

ဆိုလွန် ရင်တွင်း၌ နူးညံ့သွားရ၏။ ထို့ကြောင့် သူ မည်သည့်စကားမျှ မဆိုတော့ဘဲ သူမကို တင်းကြပ်စွာသာ ဖက်ထားလိုက်သည်။

“ဒါကြောင့်... ရှင် နောက်ဆို ဘာ အမှားပဲ လုပ်လုပ်... ကျွန်မ မသိစေနဲ့...”

“ကျွန်မ သိပါတယ်... တချို့အရာတွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလေ ပိုပြီး ဆုံးရှုံးရလေ ဆိုတာကို... အတိုချုပ် ပြောရရင်... ကျွန်မ တစ်ခါ နာကျင်ရတာကို ခံနိုင်ရည် ရှိပေမဲ့ ဒုတိယတစ်ကြိမ်ကိုတော့ လုံးဝ ခံနိုင်ရည် မရှိဘူး... “

“အကယ်၍ ရှင်သာ ဒုတိယတစ်ကြိမ် ကျွန်မကို ထပ်စွန့်ပစ်ရဲကြည့်... ရှင့်ကို ဓားတစ်ချက်တည်းနဲ့ သတ်ပြီး ကျွန်မပါ ကိုယ့်ကိုယ်ကို သတ်သေပစ်မယ်”

ဆိုလွန် ထိုစကားကို ကြားသောအခါ နှလုံးသားများ အရည်ပျော်ကျသွားရသည်။

ထို့နောက် မည်သည့်စကားမျှ ထပ်မပြောတော့ဘဲ ထိုအတိုင်း တိတ်ဆိတ်စွာသာဆက်၍ ဖက်ထားလိုက်သည်။ လူနှစ်ယောက်စလုံး မြေပြင်ပေါ်၌ ငြိမ်သက်စွာ လှဲလျောင်းနေကြရင်း နောက်ဆုံးတွင် အိပ်မောကျသွားကြတော့သည်။

……

နောက်တစ်နေ့တွင် ယန်ယန်က တပ်ဖွဲ့များကို ဦးဆောင်ကာ တောင်ဘက်ရှိ ကောင်းကင်ဝံပုလွေ တောင်ကြားဂိတ်ဆီသို့ ပြန်သွားသည်။ ဆိုလွန်နှင့် နိုင်အာတို့ကလည်း တပ်ဖွဲ့ဝင် ၄၀၀၀ ကို ဦးဆောင်ကာ ထျန်းရွှေမြို့မကြီးဆီသို့ ပြန်လာခဲ့ကြ၏။

ထိုနောက်ပိုင်း အချိန်များတွင် ထျန်းရွှေမြို့မှာ အလွန် ရှုပ်ထွေးလှသော ပြည်တွင်းရေး ကိစ္စများကြား၌ နစ်မြုပ်သွားတော့သည်။

ပထမဦးဆုံး ပြုလုပ်ရသည်မှာ ကြီးမားသော တရားစီရင်ရေးပင်။

နူအာတန် အပါအဝင် ပုန်ကန်မှုတွင်ပါဝင်ခဲ့ကြသော အဆင့်မြင့် မြေပိုင်ရှင်များနှင့် သူပုန်တပ်မှ အဆင့်မြင့် စစ်တပ်အရာရှိများအား အကြီးအကျယ် တရားစီရင်ခြင်း ဖြစ်သည်။

တရားစီရင်မှုတွင် လူပေါင်း ထောင်နှင့်ချီ၍ ပါဝင်ပတ်သက်နေပြီး အများစုကို သေဒဏ်ပေးရပေမည်။

နူအာတန်နှင့် အခြားသူများအား တရားစီရင်မှုမှာ မြန်ဆန်လှသည်။ တစ်ရက်တည်းနှင့် ပြီးစီးသွားခဲ့ပြီး နောက်တစ်နေ့တွင် လူမြင်ကွင်း၌ ခေါင်းဖြတ် သေဒဏ်ပေးတော့မည် ဖြစ်သည်။

မြို့စားကြီး ကျိဝေ၏ တပ်ဖွဲ့ဝင် တစ်သိန်း ထျန်းရွှေမြို့သို့ နီးကပ်လာချိန်၌ နူအာတန်နှင့် အခြား သူပုန်များမှာ ဆိုမိသားစု သေချာပေါက် ပျက်စီးတော့မည်ဟု တွေးကာ အတိုင်းမသိ ဝမ်းသာနေခဲ့ကြ၏။

သူတို့က ကျရှုံးမှုမှနေ၍ အမြန်ဆုံး ပြန်လည် ထကြွနိုင်တော့မည်ဟု ထင်မှတ်ခဲ့ကြသည်။

သို့သော် မထင်မှတ်ဘဲ နှစ်ရက်အကြာတွင် ဝမ်းနည်းဖွယ် သတင်းစကား ရောက်ရှိလာခဲ့သည်။

ထိုသတင်းစကားမှာ-ဆိုလွန်တစ်ယောက် ဘုရင့်အမိန့်တော်နှင့် မြင့်မြတ်နတ်နဂါး တော်ဝင်ရာဇလှံတံကို ယူဆောင်လျက် တော်ဝင်မြို့တော်မှ ပျံသန်းလာကာ ကျိဝေ၏ တပ်ဖွဲ့ဝင် တစ်သိန်းကို ဆုတ်ခွာရန် ဖိအားပေးခဲ့သည်ဟူ၍ပင်။

ထိုအခါမှ နူအာတန်နှင့် အခြားသူများလည်း သူတို့ ဘဝ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း နားလည်သွားကြရသည်။

နောက်တစ်နေ့တွင် လူမြင်ကွင်း၌ ခေါင်းဖြတ် သေဒဏ်ပေးခံရတော့မည် ဖြစ်ရာ နူအာမှာ ဆိုလွန်ကို အလွန်အမင်း တွေ့ဆုံချင်နေမိ၏။ ဖမ်းဆီးခံရပြီးကတည်းက ဆိုလွန်တစ်ယောက် နူအာတန်ကို လာရောက် မတွေ့ဆုံခဲ့ချေ။

မနက်ဖြန်တွင် လူမြင်ကွင်း၌ ခေါင်းဖြတ်ခံရတော့မည် ဖြစ်ရာ အနိုင်ရသူ တစ်ယောက်အနေဖြင့် သူ့ကို တစ်ကြိမ်လောက် လာကြည့်သင့်သည် မဟုတ်ပါလော။

သို့သော် ဆိုလွန်က ရောက်လာခြင်း မရှိခဲ့ပေ။

နောက်ဆုံး၌ နူအာတန် ကိုယ်တိုင် တောင်းဆိုလိုက်ရသည်။

“ငါ မြို့စားကြီး ဆိုလွန်နဲ့ တွေ့ချင်တယ်... နောက်ဆုံးအနေနဲ့ သူ့ကို စကားနည်းနည်း ပြောချင်လို့ပါ”

သူ့ကို စောင့်ကြပ်နေသော စစ်သည်က ခေါင်းညိတ်လိုက်ပြီး ထွက်ခွာသွား၏။

မိနစ်သုံးဆယ်ခန့် အကြာတွင် ဆိုလွန် အကျဉ်းခန်းထဲသို့ ရောက်ရှိလာသည်။

နူအာတန်က သူ့ကို အတန်ကြာ စိုက်ကြည့်နေပြီးနောက် ဒူးနှစ်ဖက်စလုံး ထောက်ကာ အရိုအသေပြုလိုက်သည်။

“ပုန်ကန်ခဲ့တဲ့ လက်အောက်ခံ နူအာတန်က... သခင့်ကို ဂါရဝပြုပါတယ်”

ဆိုလွန် ခေါင်းညိတ်လိုက်သည်။ သူက မည်သည့်စကားမျှ မဆိုဘဲ အောင်နိုင်သူ၏ ကျေနပ်ဂုဏ်ယူမှုမျိုး သို့မဟုတ် သနားကရုဏာသက်မှုမျိုး အလျဉ်းမရှိချေ။

“ကျွန်တော် သခင့်ကို ပြောချင်တာက... ကျွန်တော်တို့ ပုန်ကန်ရတဲ့ အကြောင်းအရင်းဟာ ကျိနင်ရဲ့ ကာလရှည် ကြိုးကိုင်လှုံ့ဆော်မှုတွေအပြင်... ပိုပြီး အရေးကြီးတာက သခင့်ရဲ့ အစွမ်းအစ ကင်းမဲ့လွန်းတဲ့ လုပ်ရပ်တွေကြောင့်ပါပဲ... “

“အဲ့ဒါက ကျွန်တော်တို့ကို ပြဿနာရှာချင်စိတ် ပေါ်လာစေပြီး ကြီးမားတဲ့ မျှော်လင့်ချက်တွေ ဖြစ်လာစေခဲ့တယ်”

နူအာတန်၏စကားများက ထိုနေရာတွင် ရပ်တန့်သွားခြင်းမရှိပေ။

“သခင်က ဒီလောက် ထူးချွန်တယ်ဆိုတာကိုသာ သိခဲ့ရင်... ကျွန်တော်တို့ ပုန်ကန်ခဲ့မှာ မဟုတ်ဘူး”

“ငါ့အဖေက ဘယ်လိုလူမျိုးလဲ”

ဆိုလွန် ရုတ်တရက် မေးခွန်းတစ်ခုဖြတ် မေးလိုက်သည်။

နူအာတန် ခဏမျှ စဉ်းစားနေပြီးနောက် ပြန်ဖြေလိုက်၏။

“မိုက်မဲလောက်တဲ့အထိ ရိုးသားပြီး ကြောက်ရွံ့ခြင်းကင်းတဲ့ ရဲရင့်သူတစ်ယောက်ပါ... အတ္တကင်းတဲ့ အထက်တန်းလွှာ တစ်ယောက်၊ တခြား နယ်စားပိုင်ရှင်တွေနဲ့ မတူကွဲပြားတဲ့သူပေါ့... “

“သူ အုပ်ချုပ်ခဲ့တဲ့ အချိန်အများစုမှာ ဆိုမိသားစုရဲ့ တပ်ဖွဲ့တွေကို နိုင်ငံတော်အတွက် အသက်စွန့် တိုက်ခိုက်ခိုင်းခဲ့ပေမဲ့... ဘာအကျိုးအမြတ်မှ မရယူခဲ့ဘူး၊ နယ်မြေ တစ်လက်မမှ တိုးပေးဖို့မတောင်းဆိုခဲ့ဘူး၊ ရာထူး တစ်ဆင့်မှလည်းမတက်ခဲ့ဘူးလေ”

“အဲ့ဒီအချိန်တုန်းက သူ တစ်ယောက်တည်းကပဲ ဘုရင်မင်းမြတ်ကို ထောက်ခံတဲ့ နယ်စားပိုင်ရှင် ဖြစ်နေခဲ့တာလား”

ဆိုလွန် မေးလိုက်ပြန်သည်။

“အဲ့ဒီအချိန်တုန်းက ဘုရင်မင်းမြတ်ရဲ့ ဩဇာအာဏာက မိုးထိအောင် မြင့်မားနေခဲ့တယ်... ဒါကြောင့် နိုင်ငံထဲမှာရှိတဲ့ နယ်စားပိုင်ရှင်တိုင်းက ရင်ထဲမှာ မုန်းတီးနေကြပေမဲ့ အပြိုင်အဆိုင် သစ္စာခံခဲ့ရတာပေါ့... “

“ဒါပေမဲ့ ရင်ထဲကနေ အစစ်အမှန် သစ္စာခံပြီး အသက်စွန့် အမှုထမ်းခဲ့တာကတော့ မြို့စားကြီး ဆိုလုံ တစ်ယောက်တည်းပဲ ရှိပါတယ်”

“သိပြီ... အခုလို ပြောပြပေးတဲ့အတွက် ကျေးဇူးပဲ... မနက်ဖြန် ကောင်းကောင်း သွားပါ”

ဆိုလွန် နောက်ဆုံးနှုတ်ဆက်စကားပြောလိုက်ကာ ထိုနေရာမှ ထွက်ခွာသွားသည်။

နူအာတန် ထပ်မံ ဒူးထောက်ကာ နဖူးဖြင့် မြေကြီးကို ထိလျက် အရိုအသေပေးလိုက်သည်။

နောက်တစ်နေ့တွင် လူပေါင်း သောင်းနှင့်ချီသော ပရိသတ်များ၏ ရှေ့မှောက်၌ နူအာတန် အပါအဝင် ပုန်ကန်ခဲ့ကြသော အဆင့်မြင့် မြေပိုင်ရှင်များကို ခေါင်းဖြတ် သေဒဏ်ပေးလိုက်သည်။ ထိုအချိန်မှစ၍ ထျန်းရွှေမြို့၏ ကြီးမားသော သန့်စင်ရေး လုပ်ငန်းစဉ် တရားဝင် စတင်တော့၏။

နယ်မြေအတွင်းရှိ အဆင့်မြင့် မြေပိုင်ရှင်များ၊ စစ်သည်မြေပိုင်ရှင်များ၊ လူတစ်ရာ တပ်မှူးများ အားလုံးကို ဖမ်းဆီးထိန်းသိမ်းကာ အစားထိုး ခန့်အပ်ခဲ့သည်။ ထျန်းရွှေမြို့ တစ်ခုလုံးမှာ မိုးကြိုးမုန်တိုင်း၏ တိုက်ခိုက်မှုကို ခံလိုက်ရသည့်အလား ဖြစ်သွားရလေပြီ။

မိုင် ၅၀၀ ကျယ်ဝန်းသော နယ်မြေအတွင်းရှိ လူများအားလုံးက သူတို့၏ ခေါင်းပေါ်ရှိ ကောင်းကင်ကြီး လုံးဝ ပြောင်းလဲသွားပြီ ဖြစ်ကြောင်းကို ရှင်းလင်းစွာ ခံစားလိုက်ကြရသည်။

သူတို့၏ သခင်သစ် ဆိုလွန်မှာ အေးစက်စက်နိုင်ကာ ရက်စက်ပြတ်သားပြီး အလွန် အစွမ်းထက်လှသည်။ သို့သော် အခြား ကိစ္စတစ်ခု ဖြစ်ပျက်လာရာ ဤသခင်အတွက် ပုံရိပ်သစ် တစ်ခုကို ထပ်တိုးစေခဲ့၏။

အဘယ်ကြောင့်ဆိုသော် ဆိုလွန်က မရေမတွက်နိုင်လောက်အောင် များပြားလှသည့် ရွှေဒင်္ဂါးများကို ဖြန့်ဝေပေးခဲ့သောကြောင့်ပင်။

ထိုစဉ်က ဆိုလွန်သည် ဓားပြများကို ဦးဆောင်ကာ နယ်မြေအတွင်းရှိ အပြစ်မဲ့ ပြည်သူများအားလုံးကို ကိုယ်ပိုင်နယ်မြေများမှဖိအားပေးနှင်ထုတ်ခဲ့သည်။

ထို့နောက် သူတို့၏ ပိုင်ဆိုင်မှုများနှင့် ရိက္ခာများကို လုယူကာ ထျန်းရွှေမြို့မကြီးဆီသို့ ခိုလှုံရန်ဖိအားပေးခဲ့သဖြင့် လူအများမှာဒုက္ခသည်များအဖြစ် ပြောင်းလဲသွားခဲ့ရသည်။ ထိုကိစ္စကြောင့် ဆိုလွန် ဟူသော သခင်သစ်၏ ပုံရိပ်မှာ သာမန် ပြည်သူများ၏ အမြင်တွင် အလွန် ရက်စက်ကြမ်းကြုတ်သူ အဖြစ် ထင်ဟပ်နေခဲ့၏။

သို့သော် မထင်မှတ်ဘဲ ဆိုလွန်က တပ်ဖွဲ့များကို အမြန်ဆုံး စေလွှတ်ကာ အိမ်တိုင်ရာရောက် ငွေကြေးနှင့် ရိက္ခာများကို ပေးဝေခဲ့သည်။ ထိုပမာဏမှာ သူတို့ ဆုံးရှုံးခဲ့ရသည့် ပမာဏထက်ပင် နှစ်ဆနီးပါး ပိုမိုများပြားလှသည်။

ထိုအခါ ပြည်သူများမှာ အတိုင်းမသိ ဝမ်းသာသွားကြပြီး ယခင် ဆုံးရှုံးမှုများအတွက်လည်း ကံတရားဟုသာ လက်ခံလိုက်ကြတော့သည်။ အချို့ဆိုလျှင် ဆိုလွန်ကို ကျိန်ဆဲခဲ့ဖူးသဖြင့် တစ်နေ့နေ့တွင် မြို့စောင့်တပ်များ ရောက်လာကာ သူတို့ကို ဖမ်းဆီးသွားမည်ကိုပင် စိုးရိမ်နေကြတော့သည်။

မထင်မှတ်ဘဲ ယခုကဲ့သို့ နှစ်ဆအထိ လျော်ကြေးရလိမ့်မည်ဟု မည်သူမှ မတွေးထားခဲ့ချေ။

ထို့ကြောင့် လူအများစုက သူတို့၏ သခင်မှာ ရက်စက်သော်လည်း အနည်းဆုံးတော့ တရားမျှတပြီး အလွန် အစွမ်းထက်သည့်ကြွယ်ဝချမ်းသာသူတစ်ဦး ဖြစ်ကြောင်း ခံစားမိသွားကြလေပြီ။

……

အပိုင်း ၃၅၇ ပြီး။

All Chapters