← Chapters

အခန်း ၂၀၀

Vol. 18 Ch. 200

အခန်း ၂၀၀

Vol. 18 Ch. 200

အပိုင်း (၂၀၀) သည်းခံနေတာကို ဘာမှတ်။

"ဒီကိစ္စက အလျင်စလို လုပ်လို့ မရဘူး။ ဒီနေ့ တစ်နေ့လုံး ဘယ်ကိုမှ မသွားနဲ့။ စိတ်ကို အေးအေးထား။" ဟုန်ရှောင်ပေါင်က လက်ကို နောက်ပစ်လျက် အပေါ်ထပ်သို့ တက်သွား၏။ အလွန်တရာ မြင့်မား လေးနက်လှသည့် ထိပ်တန်း ပုဂ္ဂိုလ်ကြီး တစ်ယောက်၏ ဟန်ပန် ပုံစံမျိုး ပါပေ။

ဤမြင်ကွင်းကို ကြည့်ရင်း ချန်ယန်တစ်ယောက် စကားပြောစရာ စကားလုံးပင် မရှိတော့ချေ... ချန်ယန် နှင့် ဟုန်ရှောင်ပေါင်တို့က တစ်နေ့လုံး ခေါင်မိုး တစ်ခုတည်း အောက်မှာ အတူတူ နေထိုင်နေကြသည်။ သူ ဘယ်လို လူစားလဲ ဆိုသည်ကို ချန်ယန်က မသိဘဲ နေပါ့မည်လား။

ခဏလောက် စောင့်ဆိုင်းပြီးနောက် နောက်ဆုံးတွင်တော့ စီးပွားရေး ဖောက်သည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ မနေ့က တွေ့ခဲ့ရသည့် ကျုံးဟယ်ပင် ဖြစ်၏။

ကျုံးဟယ်၏ ဘေးတွင် အခြား လူတစ်ယောက်လည်း ပါလာသည်။ ဟုန်ရှောင်ပေါင်ကို အနည်းငယ် အံ့အားသင့်သွားစေသည့် အချက်မှာ... ထိုသူသည် ကျုံးဟယ်က အတင်းအဓမ္မ ဆွဲခေါ်လာခြင်း ခံထားရသည့် သူ တစ်ယောက် ဖြစ်နေခြင်းပင်။

"ဟေး... ဟေး... ဟေး... ညီလေးဟယ်... စကားက ဒီလို ပြောရတာ မဟုတ်ဘူးလေ။ ခင်ဗျားက မိသားစုကြီး တစ်ခုက ဆိုတော့ ဒီဝိညာဉ်ကျောက်တုံး ဆယ်တုံးလောက်ကို သေချာပေါက် ဂရုမစိုက်ဘူးပေါ့။ ဒါပေမဲ့ ငါက ဆင်းရဲတယ်။ နေ့တိုင်း ဝိညာဉ်ကျောက်တုံး ဆယ်တုံးစာ လစဉ်ကြေးအတွက် စိတ်ညစ်နေရတာ။ ဒီပစ္စည်းကို ငါ မစားနိုင်ဘူး။ မစားနိုင်ဘူး... မစားနိုင်ဘူး။"

ထိုသူက အပြင်ဘက်သို့ အဆက်မပြတ် ရုန်းကန်နေ၏။ သို့သော် ကျုံးဟယ်က သူ့ကို ဆွဲပြီး အတင်းအဓမ္မ ဆွဲသွင်းလာသည်။

ထိုသူက ရုန်းကန်နေဆဲပင်... "ဟေး... ဟေး... မင်း ဒိုင်ခံ ရှင်းပေးမယ် ဆိုရင်တော့ စားမယ်။"

"သေလိုက်တော့။"

ကျုံးဟယ်က ဒေါသတကြီး အော်လိုက်၏။ "မင်း အဆင့်တက်တော့မယ့် အခြေအနေ ရောက်နေပြီ ဆိုတာကို ထောက်ထားလို့သာ မဟုတ်ရင် မင်းကို ငါ လုံးဝ ဂရုစိုက်မှာ မဟုတ်ဘူး။"

အဆင့်တက်မည့် ကိစ္စကို ကြားလိုက်ရသည်နှင့် ထိုသူ၏ ရုန်းကန်နေသည့်အားက ချက်ချင်း လျော့ကျသွား၏။ ဘာအဓိပ္ပာယ်လဲဟု သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ဆေးဘက်ဝင် အစားအစာလေ... အစ်ကိုကြီးရဲ့။"

ကျုံးဟယ်၏ မျက်နှာက ချက်ချင်းပင် စိတ်လှုပ်ရှားစွာ အရောင်လက်လာ၏။ "ဟုန်မိသားစုဆိုင်ရဲ့ ဆေးဘက်ဝင် အစားအစာက ဝိညာဉ်စွမ်းအင်တွေ တကယ့်ကို အံ့မခန်းပဲ။ လောကမှာ ဒုတိယတစ်ဆိုင် လုံးဝ မရှိနိုင်ဘူးဗျ။"

"ဆေးဘက်ဝင် အစားအစာ။"

ထိုသူ နောက်တစ်ကြိမ် ဒေါသထွက်သွားပြန်၏။ အပြင်ဘက်သို့ ချက်ချင်း ပြန်လည် ရုန်းကန်တော့သည်။ "မင်းလို မြည်းမွှေးကောင်။ အရင်တုန်းကလည်း ငါ့ကို လိမ်ပြီး ဝိညာဉ်ကျောက်တုံး နှစ်ဆယ် ကျော်တန်တဲ့ ဆေးဘက်ဝင် အစားအစာကို စားခိုင်းခဲ့သေးတယ်။ ရလဒ်က ဘာအသုံးမှ မကျခဲ့ဘူး။ ဒီနေ့ မင်း ငါ့ကို ထပ်ပြီး ချောက်တွန်းချင်နေပြန်ပြီ။ သွား... သွား... သွား... ထွက်သွားစမ်း။"

"ဒီတစ်ခေါက် မတူဘူး။" ကျုံးဟယ်က သူ့ကို ဆွဲကိုင်ထားလိုက်၏။ "ဒီနေ့ တစ်ခေါက်ကတော့ တကယ့်ကို တန်တယ်။ အရမ်း တန်တယ်။ အရင်တုန်းက စားခဲ့တဲ့ အဲဒီ ပေါင်လိုင် ဆေးဘက်ဝင် အစားအစာက ဒီဟာနဲ့ နှိုင်းယှဉ်လိုက်ရင် ကောင်းကင်နဲ့ မြေကြီးလောက်ကို ကွာခြားသွားလိမ့်မယ်။"

"ချီးပဲ။ မင်း ဒီဆိုင်နဲ့ ပေါင်းပြီး ငါ့ကို တစ်ခေါက်လောက် ဓားပြတိုက်ချင်နေတာ မဟုတ်လား။" ထိုသူက ရုန်းကန်နေဆဲပင် ဖြစ်၏။ သို့သော်ငြား အမှန်တကယ်တွင်မူ သူ၏ ခွန်အားက အများကြီး လျော့ကျသွားခဲ့ပြီ ဖြစ်သည်။ တံခါးဘောင်ကိုသာ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး တွေဝေ တုံ့ဆိုင်းနေသည့် အမူအရာမျိုး ပြသနေသည်။

ဤမြို့တော်ရှိ လူအများစုအတွက်တော့ ဝိညာဉ်ကျောက်တုံး ဆယ်တုံး ဆိုသည်မှာ တကယ့်ကို သေးငယ်သော ဂဏန်းပမာဏ တစ်ခု မဟုတ်ပေ။ လူတိုင်းက ယွဲ့ရှို့ နှင့် ဖုန်းလင်းလုံ တို့လို နှမြောတွန့်တိုမှု မရှိဘဲ ပိုက်ဆံ သုံးစွဲနိုင်သူများ မဟုတ်ကြချေ။

ထို့အပြင် တစ်နည်း ပြောလျှရင်... ကျုံးဟယ် ကိုယ်တိုင်လည်း အလွန် နှမြော တတ်သူပင်။

မူလကတော့ တစ်နပ်ကို ဝိညာဉ်ကျောက်တုံး ဆယ်တုံး ဆိုသည့် ဈေးနှုန်းကို သူ တတ်နိုင်၏။ သို့သော်ငြား မကောင်းသည်က ထိုနေ့က မရိုမသေ စကားတွေ ပြောမိပြီး ဟုန်ရှောင်ပေါင်ကို စော်ကားမိသည်။ ဟုန်ရှောင်ပေါင်က စကားကို ရှင်းရှင်းလင်းလင်း ပြောထားခဲ့ပြီးပြီလေ။ သူ လာစားမယ် ဆိုလျှင် ဈေးနှုန်းကို ငါးဆ ပိုကောက်ပေလိမ့်မည်။ ထိုအရာက သိသိသာသာကြီး ဓားပြတိုက်နေခြင်း မဟုတ်ပါလား။

ပြဿနာ၏ အဓိကအချက်မှာ... ဤဆေးဘက်ဝင်အစားအစာ၏ အရသာနှင့် အာနိသင်တို့က သူ့ကို မျက်စိစုံမှိတ်ပြီး ကျင်းထဲသို့သာ ခုန်ဆင်းသွားရန် အသေအချာ သတ်မှတ်ပေးလိုက်သကဲ့သို့ ဖြစ်နေခြင်းပင်။

ဓားပြတိုက်ခံနေရမှန်း သိသိကြီးနှင့်ပင် အရူးတစ်ယောက်ပမာ မိမိသဘောဖြင့် လည်စင်းခံနေရသည့် ဤအဖြစ်မျိုးက တကယ့်ကို စိတ်ပျက်ရင်မောဖွယ် ကောင်းလွန်းလှသည်။

ထို့ကြောင့် သူက ဧည့်သည် တစ်ယောက်ကို ဆွဲခေါ်လာခဲ့ခြင်း ဖြစ်၏။ တစ်ဖက်က ကြည့်လျှင်တော့ သူ ပြောခဲ့သည့်အတိုင်း ချန်ကောသည် ဆယ်နှစ်တာ ကြမ်းကြုတ်စွာ ကျင့်ကြံခဲ့ပြီးနောက် ဒုတိယအကြိမ် ပိတ်ဆို့မှု အဆင့်သို့ ရောက်ရှိနေသူ ဖြစ်သည်။ ထို့ကြောင့် ဆေးဘက်ဝင် အစားအစာက သူ့ကို အဆင့်တက်ရန် ကူညီပေးနိုင်မလား ဟု စဉ်းစားခဲ့ခြင်း ဖြစ်၏။

ကျန်တစ်ဖက်ကတော့... ဟုန်မိသားစု ဆိုင်အတွက် ဧည့်သည် အနည်းငယ်လောက် ပိုမို ဆွဲခေါ်ပေးနိုင်လျှင် ဟုန်ရှောင်ပေါင်တစ်ယောက် စိတ်ပျော်ရွှင်သွားပြီး သူ့အပေါ် ကောက်ခံနေသည့် "မကြိုဆိုသည့် ဧည့်သည်များအတွက် ဈေးနှုန်း" ကို ဖယ်ရှားပေးမလား ဟု တွေးတောခဲ့ခြင်းပင် ဖြစ်သည်။

ရှင်းရှင်း ပြောရလျှင်တော့ မျက်နှာသာ ရအောင် လုပ်နေခြင်းပင်။

ချန်ယန်တစ်ယောက် ဘေးမှ ရပ်ကြည့်ရင်း အလွန် စိတ်လောနေချေပြီ။ သို့သော်ငြား ဟုန်ရှောင်ပေါင်က သူ့ကို ပြတ်ပြတ်သားသား မှာကြားထားသည် မဟုတ်ပါလား။ ဆေးဘက်ဝင် အစားအစာဆိုင် ဆိုသည်မှာ ဟန်ပန် အပြည့် ရှိရမည်... ဂုဏ်အဆင့်အတန်း ရှိရမည်။ လူဆွဲခြင်းတို့၊ အော်ဟစ် ကြော်ငြာခြင်းတို့ လုံးဝ မလုပ်ရပေ။

ထို့ကြောင့် ယခုအချိန်တွင် ချန်ယန်တစ်ယောက် အလွန်အမင်း စိတ်လောနေရခြင်း ဖြစ်၏။ သူ၏ အမြင်တွင်တော့ နောက်ထပ် တစ်ချက်လောက် အားစိုက် ဆွဲခေါ်လိုက်ရုံနှင့် ဝိညာဉ်ကျောက်တုံး ဆယ်တုံး ဝင်လာတော့မည် မဟုတ်ပါလား။ သို့ပေမည့် သူက ဤအတိုင်း ရပ်ကြည့်နေရုံသာ တတ်နိုင်၏။

နောက်ဆုံးတွင်တော့ ဟုန်ရှောင်ပေါင်က အောက်ထပ်မှ လှုပ်ရှားမှု အသံများကို ကြားသိသွားပြီး ဖြည်းဖြည်းချင်း လျှောက်ဆင်းလာသည်။

မျက်နှာသာ ရအောင် လုပ်ဆောင်နေသည့် ကျုံးဟယ်က ပို၍ပင် ဝမ်းသာ အားရ ဖြစ်သွားသည်။ ငယ်ငယ်တုန်းက ကောင်းမှုတစ်ခုခု လုပ်ထားသည်ကို မိဘ ဒါမှမဟုတ် ဆရာက တိုက်ဆိုင်စွာ တွေ့မြင်သွားသလိုမျိုးပင်... ချက်ချင်း ပြုံးလျက် နှုတ်ဆက်လိုက်၏။ "သူဌေးဟုန်။"

ဤအပြုံး ထဲတွင် ပြည့်နှက်နေသည်မှာ.... လက်အောက်ငယ်သားက အထက်လူကြီးကို မြင်တဲ့အခါ ပြသတဲ့ ဖားယားတဲ့ အပြုံးမျိုးပင်...

ဘာ... ဘာ... ဘာ... ဘာခေါ်လဲ။ ချောက်တွန်းတာ... မဟုတ်ဘူး၊ မဟုတ်ဘူး။ မျက်နှာချိုသွေးတာ။ ဟုတ်တယ်... တကယ့်ကို မျက်နှာချိုသွေးတဲ့ အပြုံးမျိုးပဲ။

သဘာဝကျကျပင်... ဟုန်ရှောင်ပေါင်က ဟန်ပန် အပြည့်ဖြင့် မာနတကြီး ပြုမူလိုက်သည်။ "ကျုပ်ဆိုင်က အတင်းအကျပ် ရောင်းဝယ်ဖောက်ကားတဲ့ အလုပ်မျိုး မလုပ်ဘူး။ ဒီက လူကြီးမင်း မလာချင်ဘူး ဆိုရင်လည်း... ကျေးဇူးပြုပြီး ကြွနိုင်ပါတယ်။"

"မလုပ်ပါနဲ့ဗျာ... မလုပ်ပါနဲ့။"

ကျုံးဟယ် ချက်ချင်း ပြာယာခတ်သွား၏။ ဤလူ ဟုန်ရှောင်ပေါင်ကို ဒေါသထွက်အောင် လုပ်မိပြီး... ဟုန်ရှောင်ပေါင်က သူ့အပေါ် ဈေးနှုန်း နောက်တစ်ဆ ထပ်တိုး ကောက်ခံမည်ကို အလွန်အမင်း စိုးရိမ်နေသည်။ ထို့ကြောင့် ချန်ကောကို ဒေါသတကြီး စိုက်ကြည့်လျက် ပြောလိုက်၏။ "ရပြီ။ အဖိုးအခရဲ့ တစ်ဝက်ကို ကျုပ် ရှင်းပေးမယ်... ဟုတ်ပြီလား။"

"ကောင်း... ကောင်းပြီလေ။" ချန်ကောက နောက်ဆုံးတွင်တော့ ခေါင်းညိတ် သဘောတူလိုက်၏။ သို့သော်ငြား သူ၏ မျက်နှာအမူအရာကို ကြည့်ရသည်မှာ ထောင်ပေါင်း များစွာသော မကျေမနပ်မှုများ ပြည့်နှက်နေသည့် အလားပင်။

သူတို့နှစ်ယောက်ကို ဒုတိယထပ်သို့ ခေါ်ဆောင်လာပြီးသည့်နောက်... ဟုန်ရှောင်ပေါင်က လူငယ် သရုပ်ဆောင်လေးများ၏ အေးစက် ကြမ်းကြုတ်ပြီး ၊ အမူအရာ ကင်းမဲ့သည့် မျက်နှာပေးဖြင့် သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။ "စည်းကမ်းချက်တွေက ဒီမှာ ရှိပါတယ်။ နှစ်ယောက်စလုံး ကြည့်ရှုနိုင်ပါတယ်။"

ကျုံးဟယ်က တစ်ခေါက် စားဖူးပြီးပြီ ဖြစ်ရာ သဘာဝကျကျ သိရှိပြီး ဖြစ်၏။ သို့သော်ငြား ချန်ကောက မသိသေးချေ။ သူက ချက်ချင်း ကြက်သေ,သေသွားပြီး ဒေါသထွက်သွားပြန်၏။ "ဟေး... မင်းရဲ့ ဒီစုတ်ပြတ်ပြတ်... အု... အု... အု။"

ကျုံးဟယ်သည် မျက်စိကလျင်၊ လက်က မြန်လှသည်။ ချန်ကော၏ ပါးစပ်ကို လက်ဖြင့် အတင်းအဓမ္မ ဖုံးအုပ်လိုက်၏။ ကျုံးဟယ် ကိုယ်တိုင်လည်း သူ၏ ဤစုတ်ပြတ်ပြတ် ပါးစပ်ကို မထိန်းချုပ်နိုင်ခဲ့တဲ့အတွက်... ဆေးဘက်ဝင် အစားအစာ တစ်နပ် ဝိညာဉ်ကျောက်တုံး ဆယ်တုံးကနေ ဝိညာဉ်ကျောက်တုံး ငါးဆယ် အထိ အတင်းအကျပ် မြှင့်တင် ခံခဲ့ရသည် မဟုတ်ပါလား။

ထိုအခါမှသာ ဟုန်ရှောင်ပေါင်က သူတို့နှစ်ယောက်ကို အေးစက်စက် တစ်ချက် လှမ်းကြည့်လိုက်သည်။

ကျုံးဟယ်က ချန်ကောကို ဆွဲကာ ချက်ချင်း အပြင်သို့ ထွက်သွား၏။

"အဲဒီလိုမှ ဖြစ်ရမှာပေါ့။ ဆေးဘက်ဝင် အစားအစာ ဆိုတဲ့ ချီးကို ဘာလို့ သွားစားနေမှာလဲ။" ခ

ျန်ကောက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။ "ဒါပေမဲ့... မင်းက ဘာဖြစ်လို့ ငါ့ပါးစပ်ကို ပိတ်ရတာလဲ။ အားရပါးရ ဆဲမပစ်လိုက်ရတော့ အတော်လေး အောင့်သက်သက် ဖြစ်နေတယ်။ ဒီလို ဓားပြတိုက်တဲ့ ဆိုင်မျိုးက ဆဲကို ဆဲပစ်ရမှာ။ ငါ ဒုတိယအဆင့် ရောက်တာနဲ့... ထိုးကြိတ်တဲ့ နည်းလမ်း ပြောင်းသုံးပစ်မယ်။"

"..." ကျုံးဟယ်၏ မျက်နှာထက်တွင် လောကကြီးကို စိတ်ကုန်သွားသည့် အမူအရာများ ပြည့်နှက်နေ၏။ စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ "ကျုပ် ခင်ဗျားကို ဟင်းချက်စရာတွေ ဝယ်ဖို့ ခေါ်လာတာ။"

ချန်ကော "..."

"မူလကတော့ ကျုပ် သတ်မှတ်ချက်တွေကို သိပြီးသားပါ။ ဒါပေမဲ့ ဒီနေ့ ခင်ဗျားကို ဆွဲခေါ်ဖို့အပေါ်မှာပဲ စိတ်ဆန္ဒ အားလုံး ရောက်နေတာမို့... ဒီအချက်ကို မေ့သွားတာ..."

"မင်း ရူးနေပြီလား။"

ချန်ကောက ဒေါသတကြီး အော်လိုက်၏။ "ဒါက သိသိသာသာကြီး ဓားပြတိုက်တဲ့ ဆိုင် ဖြစ်နေတာကို... မင်းက အသတ်ခံရအောင် လည်ပင်း သွားခံပေးအုံးမလို့လား။"

All Chapters