← Chapters

အခန်း ၂၀၂

Vol. 18 Ch. 202

အခန်း ၂၀၂

Vol. 18 Ch. 202

အပိုင်း (၂၀၂) "အဆင့်... အဆင့်တက်တော့မှာလား။"

ချန်ကော၏ မျက်နှာသွင်ပြင်ကလည်း ရှုံ့မဲ့ ရှုပ်ထွေး သွားတော့၏။ သူ နှင့် ကျုံးဟယ်တို့ နှစ်ယောက်စလုံးက သားရဲယဉ်ပါးရေးစံအိမ် သို့ ဝင်ရောက်ရန် ရည်မှန်းချက် ထားရှိသူများ ဖြစ်ကြသဖြင့်... ဝိညာဉ်သားရဲများနှင့် ပတ်သက်၍ အတန်အသင့် သိရှိ နားလည်ထားကြသည်။ ထိုကောင်ကြီးကို သေသေချာချာ ကြည့်ရှု လေ့လာလေလေ... အင်္ဂါရပ်များနှင့် ပိုမို ကိုက်ညီနေကြောင်း တွေ့ရှိရလေလေ ဖြစ်၏။

ထို့ကြောင့် သူက တုန်ယင်သော အသံဖြင့် ပြောလိုက်သည်။ "ထိပ်... ထိပ်... ထိပ်... ထိပ်... ထိပ်ဖြူ ခွေးတူဝက်တူကြီး။"

သူတို့နှစ်ယောက်စလုံး ထိတ်လန့် တုန်လှုပ်သွားကြ၏။ အေးစက်သော လေစီးကြောင်း တစ်ခုက ခြေဖဝါးမှနေ၍ ဦးခေါင်း ထိပ်အထိ တန်းခနဲ ပြေးတက်သွားသလို ခံစားလိုက်ရသည်။ ထိပ်ဖြူခွေးတူဝက်တူကြီး၏ ကြောက်ခမန်းလိလိ အားကောင်းလှသည့် ခွန်အားနှင့် ဆိုလျှင်... ၎င်းကို ဒေါသထွက်အောင် လုပ်မိပါက လက်ဝါး တစ်ချက်တည်း ရိုက်ချလိုက်ရုံနှင့်... ဒုတိယအဆင့် ကျင့်ကြံသူ ကျုံးဟယ် ကိုယ်တိုင်တောင် အသက် တစ်ဝက်လောက် လွင့်စင် သွားပေလိမ့်မည်။

"အို။"

ဟုန်ရှောင်ပေါင်က အံ့အားသင့်စွာ ရေရွတ်လိုက်၏။ "ဟင်။ မင်း ဘာဖြစ်လို့ အောက်ကို ဆင်းလာတာလဲ။ သွား၊ သွား၊ သွား၊ သွား။ အပေါ်ကို ပြန်တက်သွားစမ်း။"

ပြောရင်းဖြင့် သံယောင်းမ တစ်ချောင်းကို ကိုင်ဆောင်ကာ မီးဖိုချောင် ထဲမှ ထွက်လာသည်။ ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ ဗိုက်ကို ခြေထောက်ဖြင့် တစ်ချက် ချိတ်တင်ကာ ကန်ထုတ်လိုက်ရာ... ထိပ်ဖြူ ခွေးတူဝက်တူကြီးက တတိယထပ်ဆီသို့ လွင့်စင် ပြန်ရောက်သွားသည်။

ပါးစပ်မှလည်း တီးတိုး ရေရွတ်နေ၏။ "ဒီကောင်... ထမင်းစားချိန်တောင် မရောက်သေးဘူး... ဘာဖြစ်လို့ အောက်ကို ဆင်းလာတာလဲ။"

ချန်ကော ကြက်သေသေ သွား၏။

ကျုံးဟယ် ကလည်း ကြက်သေ,သေ သွားသည်။

"ဝူး..." ဟုန်ရှောင်ပေါင်၏ ခြေတစ်ချက် ကန်ထုတ်မှုကြောင့် တတိယထပ်ဆီသို့ ပြန်လည် လွင့်စင်သွားသော ထိပ်ဖြူခွေးတူဝက်တူကြီး၏ ပါးစပ်မှ အလွန် ဝမ်းနည်း ကြေကွဲသည့် ငြီးတွားသံ တစ်ချက် ထွက်ပေါ်လာ၏။ သို့သော်ငြား ဟုန်ရှောင်ပေါင်၏ ဆန္ဒကို လွန်ဆန်ပြီး အောက်သို့ ထပ်မံ ဆင်းလာရဲသည့် သတ္တိမျိုး တကယ် မရှိတော့ချေ။ အလွန် နာကြည်း မကျေမနပ် ဖြစ်သည့် အမူအရာဖြင့် တတိယထပ်ဆီသို့ နောက်ဆုတ် ပြန်သွားတော့၏။

ကျုံးဟယ် နှင့် ချန်ကောတို့ နှစ်ယောက်စလုံး ကြက်သေ, သေ သွားကြ၏။ ဟုန်ရှောင်ပေါင်က... အဲဒီကောင်ကြီးကို ခြေတစ်ချက်တည်း ကန်ပြီး ပြန်ပို့လိုက်တာလား။

ထိပ်ဖြူခွေးတူဝက်တူကြီးကို အပေါ်ယံ ကြည့်လျှင် သိပ်ပြီး မြင့်မား ကြီးမားပုံ မပေါ်သော်လည်း... ခွေးတူဝက်တူ အမျိုးအစားများ၏ ခန္ဓာကိုယ်က အလွန် တောင့်တင်း ကျစ်လျစ်ကြောင်း သိထားရပေမည်။ သာမန်အားဖြင့် ဆိုလျှင် ၎င်းထက် နှစ်ဆလောက် ပိုမို ကြီးမား မြင့်မားသည့်ကောင်များ၏ ကိုယ်အလေးချိန်မှာ ၎င်းလောက်သာ ရှိတတ်၏။ ထို့အပြင် ဤထိပ်ဖြူခွေးတူဝက်တူကြီးက ဤမျှ ကြီးမားသည်... အနည်းဆုံး ကျင်း တစ်ထောင်ကျော်လောက်တော့ ရှိရပေမည်။

သာမန် ကျင့်ကြံသူ တစ်ယောက်က ၎င်းကို မ,နိုင်ဖို့ပင် မသေချာပေ။ ထို့အပြင် ဟုန်ရှောင်ပေါင်၏ ဤကန်ချက်က လေးလံသော အရာကို ပေါ့ပါးစွာ မ,သလိုမျိုး အလွန် လွယ်ကူ နေပြီး... ထိပ်ဖြူခွေးတူဝက်တူကြီးကို တတိယထပ် လှေကား စင်္ကြံဆီသို့ လွင့်စင် ရောက်ရှိ သွားစေခဲ့သည်ကို သိထားရပေမည်... ဤတိကျမှု။ ဤခွန်အား စွမ်းအင်။

လူတစ်ယောက်မှာ ကျင်းတစ်ရာလောက် ခွန်အား ရှိသည်ဆိုပါစို့။ သို့ပေမည့် ကင်းနှစ်ဆယ် ကျော်လောက် ရှိသော ပစ္စည်း တစ်ခုကို နှစ်မီတာ၊ သုံးမီတာ အထိ လွင့်စင်သွားအောင် ပစ်နိုင်ပါ့မည်လား။

ဤသို့ တွေးတောကြည့်လိုက်သည့်အခါ... ဟုန်ရှောင်ပေါင်တွင် မည်မျှ ကြီးမားသော ခွန်အား စွမ်းအင် ရှိနေသနည်း ဆိုသည်မှာ သူတို့နှစ်ယောက်၏ စိတ်ထဲ၌ ဝါးတားတား မှန်းဆချက် တစ်ခု ရရှိသွားခဲ့ပြီ ဖြစ်၏။ သူတို့နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး... မျက်နှာထက်တွင် ဖုံးကွယ်ထား၍ မရနိုင်သော တုန်လှုပ်မှုများက ပြည့်နှက်နေသည်။

"ခင်ဗျား ... ခင်ဗျား ဒုတိယအဆင့် ရောက်ရင် သူ့ကို သွားတွယ်မယ်လို့ ပြောခဲ့တာ မဟုတ်လား။" ကျုံးဟယ်က မီးဖိုချောင်ထဲသို့ နောက်တစ်ကြိမ် ပျောက်ကွယ်သွားသည့် ဟုန်ရှောင်ပေါင်ကို ကြောင်ငေးကြည့်ရင်း မေးလိုက်၏။

"အယ်... ဒုတိယအဆင့် ဆိုရင်လည်း သူ့ကို နိုင်မှာ မဟုတ်လောက်တော့ဘူး။ တတိယအဆင့်လောက် ဆိုရင်ရော..."

ချန်ကောက အားယူ၍ ပြောလိုက်သည်။ အတန်ကြာမှ သူက ငိုမဲ့မဲ့ မျက်နှာဖြင့် ထပ်ပြောလိုက်သည်။ "ခန့်မှန်းကြည့်ရတာ... တတိယအဆင့် ဆိုရင်တောင် မရလောက်ဘူး ထင်တယ်။"

ဟုန်ရှောင်ပေါင်၏ ဤစွမ်းဆောင်ရည်ကို မြင်တွေ့လိုက်ရပြီးသည့်နောက်တွင်တော့ ချန်ကောတစ်ယောက် ချက်ချင်း လိမ္မာ သွားတော့၏။ ရန်ဖြစ်ခြင်း၊ ထိုးကြိတ်ခြင်း ဆိုသည့်ကိစ္စများကို ထပ်မံ တွေးတောရဲခြင်း မရှိတော့ချေ။ သို့သော်ငြား ဝိညာဉ်ကျောက်တုံးငါးတုံး သုံးပြီး ဟင်းတစ်ပွဲလောက် စားရသည်ကို တွေးမိသည့် အခါတွင်တော့ ရင်ထဲ၌ အလွန်အမင်း နာကျင်နေဆဲပင် ဖြစ်သည်။

ကျုံးဟယ်တစ်ယောက် ဟင်းတစ်ပွဲအတွက် ဝိညာဉ်ကျောက်တုံး ငါးဆယ် သုံးရသည်ကို တွေးမိသည့် အခါတွင်တော့... သူ့အတွက် ပို၍ပင် နှမြော နေမိ၏။ "ကျုံးဟယ်။ မင်းကို အပြစ်တင် ပြောနေတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ မင်းက ဒီလို ဟင်းတစ်ပွဲလောက်အတွက် ဝိညာဉ်ကျောက်တုံး ငါးဆယ်တောင် သုံးတယ် ဟုတ်လား။ ဟုတ်ပါတယ်... ငါ ဝန်ခံပါတယ်။ ဒီဟင်းပွဲရဲ့ အမွှေးရနံ့က ငါ့ရဲ့ တစ်သက်တာမှာ တစ်ခါမှ မကြုံဖူးတဲ့ ရနံ့မျိုး ဆိုတာကိုပေါ့။ ဒါပေမဲ့ မင်းက ဒီလို ဟင်းတစ်ပွဲလောက်အတွက် ဝိညာဉ်ကျောက်တုံး ငါးဆယ်တောင် တကယ်ကြီး သုံးရက်တာလား။ ဝိညာဉ်ကျောက်တုံး ငါးဆယ်တောင်လေ..."

"..." ကျုံးဟယ်တစ်ယောက် စကားပြောစရာ စကားလုံး မရှိတော့ဘဲ လက်မြှောက် အရှုံးပေးလိုက်ရ၏။ "ကျုပ် လည်း မသုံးချင်ပါဘူး။ ဒါပေမဲ့ ခင်ဗျား ဒီချဉ်စပ်ဂေါ်ဖီထုပ်ကြော်ကို မစားဖူးသေးလို့ပါ။ အဲဒီ အရသာက..."

"မဟုတ်ဘူး။ မဟုတ်ဘူး၊ မဟုတ်ဘူး။"

ချန်ကောက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး တန်းပြောလိုက်သည်။ "ဒီသူဌေးရဲ့ ခွန်အား စွမ်းအင်က ဒီလောက်တောင် အစွမ်းထက်နေတာ... မင်းကို အတင်းအကျပ် အကျပ်ကိုင်ထားတာများလား။ တကယ်လို့ အဲဒီလိုသာ ဆိုရင်... ငါတို့ သူ့ကို မယှဉ်နိုင်ဘူး ဆိုရင်တောင်မှ အထက်ကို တိုင်ကြားလို့ ရတာပဲလေ။ မဟုတ်ဘူးလား။"

"မဟုတ်ဘူး၊ မဟုတ်ဘူး။"

အခြား တစ်ဖက်တွင်တော့... မီးဖိုချောင် ထဲက ဟုန်ရှောင်ပေါင် ကလည်း ခေါင်းကို ခါယမ်းနေ၏။ "ဖျံလေးက ငါ ရိုက်တာကို ကြောက်နေပြီးသား။ ငါ့ရဲ့ အမိန့် မရှိဘဲနဲ့ သူ အောက်ကို မဆင်းရဲဘူး။ မဟုတ်ဘူး။ တစ်ခုခုတော့ သေချာပေါက် ဖြစ်နေပြီ။"

"မင်းက သိပ်ပြီး တုံးအမနေပါဘူး။"

ယင်းကျိုယိုက ခေါင်းညိတ်ပြလိုက်၏။ "ထိပ်ဖြူခွေးတူဝက်တူကြီး အဆင့်တက်တော့မှာ။"

"ဟင်။" ဟုန်ရှောင်ပေါင် အလွန် အံ့အားသင့် ဝမ်းသာသွားသည်။ သူ၏ နံပါတ်တစ် အဓိက လက်ရုံးကြီး အဆင့်တက်တော့မည်လား။ ပြောရင်းဖြင့် ဒယ်အိုး၊ သံယောင်းမ တို့ကို ပစ်ချကာ အပေါ်သို့ တက်ပြီး သားဖွား... အာ... မဟုတ်ပါဘူး။ အပေါ်ကို တက်ပြီး အစောင့်အကြပ် လုပ်ပေးရန် ပြင်လိုက်သည်။

သို့သော်ငြား အဘိုး၏ အော်ဟစ်သံကို ကြားလိုက်ရ၏။ "ဘာလောနေတာလဲ။"

"အို..." ဟုန်ရှောင်ပေါင်လည်း ဟင်းပွဲကို ချက်ချင်း ပြန်လည် မွှေကြော်နေလိုက်၏။

"ဝိညာဉ်သားရဲတွေ ရှင်သန် နေထိုင်ရတဲ့ ပတ်ဝန်းကျင်က အင်မတန် ကြမ်းကြုတ် အန္တရာယ် များတယ်။ သူတို့ရဲ့ တစ်သက်တာမှာ အန္တရာယ် အများဆုံး အချိန်က သုံးခု ရှိတယ်။ ပထမ... မွေးဖွားချိန်။ ဒုတိယ... အဆင့်တက်ချိန်။ တတိယ... ဒဏ်ရာ ရရှိချိန်။ ဒီအဆင့် သုံးခု ရဲ့ အရှေ့နဲ့ အနောက်မှာ ရှိနေတဲ့ ဝိညာဉ်သားရဲတွေက အရမ်း အကဲဆတ်တယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် နည်းလမ်း မျိုးစုံကို စီစဉ် ပြင်ဆင်တတ်ကြတယ်။

တစ်ချို့က ပတ်ဝန်းကျင်က အခြား သားရဲတွေကို အကြီးအကျယ် သတ်ဖြတ် ပစ်တတ်တယ်၊ အချို့က မြေကြီး အနက်ရှိုင်းဆုံး အထိ တူးဆွ ဝင်ရောက်သွားတတ်တယ်၊ အချို့က နွေးထွေးတဲ့ အသိုက်အမြုံ တစ်ခုကို တည်ဆောက် တတ်ကြတယ်။ အတိုချုပ် ပြောရရင်... ကိုယ့်ကိုယ်ကိုယ် အလုံခြုံဆုံးသော အခြေအနေ ထဲမှာ ရှိနေအောင် တတ်နိုင်သမျှ ကြိုးစား တတ်ကြတယ်..."

ယင်းကျိုယိုက ဖြည်းဖြည်းချင်း ရှင်းပြလိုက်၏။ "ထိပ်ဖြူခွေးတူဝက်တူကြီးက သူ အဆင့်တက်တော့မယ် ဆိုတာကို ကြိုတင် အာရုံ ခံစားမိသွားပြီ။ ဒါကြောင့် တစ်ခုခု စီစဉ် ပြင်ဆင်ချင်နေတာ... ဒါက မွေးရာပါ အသိစိတ်လို့တောင် ပြောလို့ရတယ်။ ဒါပေမဲ့ မင်း အသံ တစ်ချက် ပေးလိုက်တာနဲ့ သူ နောက်ထပ် ဘာမှ မလှုပ်ရှားရဲတော့ဘူး။ ဒါက မင်းက သူ့အပေါ် ဘယ်လောက်တောင် လွှမ်းမိုးနိုင်စွမ်း ရှိနေလဲ ဆိုတာကို တစ်ဖက်ကနေ သက်သေပြလိုက်တာပဲ။"

"ဟီးဟီး... ဒါပေါ့ဗျ။"

ဟုန်ရှောင်ပေါင်က ဂုဏ်ယူစွာ ပြောလိုက်၏။ "ကျုပ် ဘယ်သူလဲ ဆိုတာကို အရင် ကြည့်ပါအုံး။"

အဘိုး၏ စကားကို ကြားရပြီးသည့် နောက်တွင်တော့ ဟုန်ရှောင်ပေါင်တစ်ယောက် စိတ်မလောတော့ချေ။ ဂေါ်ဖီထုပ်ကြော် နှစ်ပန်းကန်စလုံးကို ကြော်ပြီးသည်နှင့် သူတို့နှစ်ယောက်၏ စားပွဲရှေ့သို့ ယူဆောင် သွားပေးလိုက်သည်။

ကျုံးဟယ်က အစောကြီးတည်းက လက်နှစ်ဖက်ကို ပွတ်သပ်ပြီး စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်၏။ ယခုအချိန်တွင် သူက အဘယ်မှာ တည်ငြိမ်စွာ ထိုင်နေနိုင်တော့မည်နည်း။ ချက်ချင်းပင် အားရပါးရ ခုန်ဝင် စားသောက်တော့၏။

ချန်ကော ကတော့ ဤဟင်းပွဲကို ရင်ဆိုင်ရသည့် အခါတွင်... အတန်အသင့် တွေဝေ တွန့်ဆုတ်နေသည့် ခံစားချက်မျိုး ဖြစ်ပေါ်နေ၏။ သူ၏ စိတ်ထဲ၌ အတွေးတစ်ခုသာ ကျန်ရှိတော့သည်။ "ဒါက ဝိညာဉ်ကျောက်တုံး ငါးတုံး သုံးပြီး ဝယ်ထားတာ... ဝိညာဉ်ကျောက်တုံး ငါးတုံး..."

သူ၏ ကိုယ် နှင့် စိတ် နှစ်ခုစလုံးကို သာယာ မူးယစ်သွားစေသည့် ဤအမွှေးရနံ့ကို အားရပါးရ တစ်ချက် ရှူရှိုက်လိုက်ပြီး သက်ပြင်းချလျက် ပြောလိုက်၏။ "ထားလိုက်ပါတော့လေ။ ဒီအရသာ တစ်ခုတည်းနဲ့တင်... ဝိညာဉ်ကျောက်တုံး သုံးတုံး၊ ငါးတုံးလောက်နဲ့တော့ အတန်အသင့် တန်နေပါပြီ။"

ဤသို့ တွေးတောရင်းဖြင့် သူက တူဖြင့် တစ်ဖဲ့ ညှပ်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်။

ချဉ်မြမြ အရသာ တစ်ခုက သူ၏ ပါးစပ်ထဲမှနေ၍ ပြန့်ကျက် သွားခဲ့၏။ သေချာပေါက် ဒယ်အိုး ထဲကနေ မကြာသေးမီကမှ ချထားတာ ဖြစ်ပါလျက်နှင့်... ထူးဆန်းစွာပင် အေးမြသည့် အရသာ အနည်းငယ် ပါဝင်နေသည်။ ၎င်းနှင့်အတူ ပူလောင် ကျင်စပ်သည့် မီးလျှံ ငရုတ်သီး၏ အရသာကလည်း ရောယှက်နေ၏။

ရေတွင်းနက်ကြီး ထဲက ရေအေးအေးလေး လို အေးမြသည့် အရသာ၊ ပြင်းထန်သော အရက်ပြင်း တစ်ခွက်ကို မျိုချလိုက်ရသလိုမျိုး ပူလောင် ကျင်စပ်သည့် အစပ် အရသာ၊ နှစ်ပေါင်းများစွာ စိမ်ထားသည့် ချဉ်ဖတ်လို ချဉ်မြသည့် အရသာ။ တစ်ချက် ဝါးလိုက်သည်နှင့် ခံတွင်း တစ်ခုလုံးဆီသို့ အလွန် ကောင်းမွန်လှသည့် အရသာ မျိုးစုံက အမြင့်ဆုံး အတိုင်းအတာအထိ ပေါင်းစပ် ဝင်ရောက်လာသည်။

ချန်ကော ကြက်သေ, သေ သွား၏။

ဤခံစားချက်က... ဒီခံစားချက်က... နေပူကျဲကျဲ အောက်မှာ အဝတ်မပါဘဲ ပြေးလွှားနေရသလိုမျိုး၊ အလွန် ပူပြင်းသော နွေရာသီမှာ မြစ်ရေ ထဲကို ဒိုင်ဗင်ထိုးချလိုက်ရသလိုမျိုး၊ တိမ်တိုက်တွေ အထက်မှာ မျောလွင့်နေရပြီး စိတ်ကြည်လင် လန်းဆန်းသွားသလိုမျိုးပင်...

"ဘယ်လို... ဘယ်လိုလုပ်... ဒီလို ဟင်းမျိုး ရှိနေရတာလဲ။" ချန်ကော ကြောင်အံ့သွား၏။

All Chapters