← Chapters

အခန်း ၂၀၅

Vol. 18 Ch. 205

အခန်း ၂၀၅

Vol. 18 Ch. 205

အ့ပိုင်း (၂၀၅) အားနည်းတဲ့ သူတွေကမှ မျှော်လင့်ချက်ကို နတ်ဘုရားတွေအပေါ် ပုံအပ်တတ်ကြတာ

အဘိုးသည် အခြေခိုင်ဆေးလုံး၏ ဖော်စပ်နည်းကို ဟုန်ရှောင်ပေါင်အား ပြောပြခဲ့ပြီး ဖြစ်သည်။ သဘောတရားများကို ဟုန်ရှောင်ပေါင် နားလည်ထားပြီး ဖြစ်၏။ အဘိုး က မသင်ပေးခဲ့ဘူး ဆိုလျှင်တောင်မှ ရှုံးနိမ့်စရာ အကြောင်း မရှိလောက်ဘူး ဟု ထင်မိသည်။ ထို့ကြောင့် အလွန် လေးလေးနက်နက် စဉ်းစားကြည့်ပြီးသည့်နောက် သူ့အနေဖြင့် အနည်းငယ် နှိမ့်ချသင့်သည်ဟု ခံစားလိုက်ရသည်။

ထို့ကြောင့် ပြောလိုက်၏။ "ကိုး... ကိုးဆယ့်ငါးရာခိုင်နှုန်းလောက်တော့ ရှိမှာပေါ့။"

"ကိုး... ကိုးဆယ့်ငါးရာခိုင်နှုန်းလား။"

ချန်ယန် မှာ မှင်တက်သွား၏။ ဒါက... ဒါက ဘယ်လောက်တောင် အားကောင်းလွန်းတဲ့ ယုံကြည်ချက်ကြီးလဲ။ မဟုတ်သေးဘူး... ဒါက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတာ ဖြစ်သွားပြီ။

သို့သော်ငြား မည်သို့ပင်ဆိုစေ ဟုန်ရှောင်ပေါင်က သူ၏ သူဌေး ဖြစ်နေသောကြောင့် ဝေဖန်မှုများကို ရင်ထဲတွင်သာ သိမ်းဆည်း ထားလိုက်ရတော့သည်။

"သေချာ ကြည့်ထား... ဒါက ဆင်ရွက်မျှောပင်ပဲ။ အမြစ်မရှိတဲ့ ပစ္စည်း အများစုက နွေးထွေးပြီး စိုစွတ်တဲ့ နေရာကို နှစ်သက်ကြတယ်။ ဒီလို ပစ္စည်းမျိုးတွေရဲ့ အသားကတော့ ပုံမှန်အားဖြင့် ပွယောင်းပြီး နွေးထွေး စိုစွတ်နေတတ်တယ်..." ဟုန်ရှောင်ပေါင်က အနည်းငယ်ချင်းစီ ရှင်းပြနေ၏။

အဘိုးက ဟုန်ရှောင်ပေါင်ကို ရှင်းပြစဉ်က တစ်ချက် ထောက်ပြလိုက်ရုံဖြင့် နားလည်သွားခဲ့သော်ငြား သူ၏ ဉာဏ်ရည်က အလွန် ကောင်းမွန်ကြောင်း ဟုန်ရှောင်ပေါင် သိရှိထားပေသည်။ ချန်ယန်ကိုတော့ ထိုသို့ သင်ကြားပေး၍ မရနိုင်ချေ။ ထို့ကြောင့် သေသေချာချာ ရှင်းပြနေပြီး တစ်ခါတစ်ရံတွင် ဥပမာ တစ်ခု၊ နှစ်ခုလောက်ကို ထည့်သွင်း ပြောဆိုနေသေးသည်။

"ဆင်ရွက်မျှောပင်ရဲ့ အမပန်းမှာ သန္ဓေအောင်ပြီးသား အစေ့ တစ်စေ့ ပါဝင်တယ်။ ဒီ အစေ့ကပဲ အခြေခိုင်ဆေးလုံး ရဲ့ အဓိက ကိုယ်ထည် ဖြစ်သွားမှာပဲ..."

ဟုန်ရှောင်ပေါင်က ရှင်းပြနေရင်းဖြင့် ရုတ်တရက် ပြောလိုက်၏။ "အို ... ဟုတ်သားပဲ၊ ဟုတ်သားပဲ။ ဘယ်လို ဆေးလုံးမျိုးပဲ ဖြစ်ဖြစ် သယ်ဆောင်ပေးမဲ့ ကိုယ်ထည် တစ်ခုတော့ လိုအပ်တယ်။ ထမင်းထည့်တဲ့ ပန်းကန်လုံး တစ်လုံးနဲ့ အတူတူပဲ။ ဒီလို ပြောတာ ခင်ဗျား နားလည်လား..."

"အယ်... သိပ်ပြီးတော့ နားမလည်ဘူး..." ချန်ယန် က ရိုးသားစွာ ပြောလိုက်၏။ ပြင်ဆင်မှု လုပ်ငန်းစဉ် လေးမှာတင် ဤမျှလောက် အသေးစိတ် ဂရုစိုက်ရခြင်းမျိုးတွေ ရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ချေ။ စက္ကန့်တိုင်း၊ မိနစ်တိုင်းက ဗဟုသုတ မှတ်သားစရာတွေချည်း ဖြစ်နေသည်။ ယခုအချိန်တွင် သူ၏ ဦးနှောက်က မလုံလောက်လောက်အောင် ဖြစ်နေခဲ့သည်။

"..." ဟုန်ရှောင်ပေါင်မှာ ပြောစရာ စကား မရှိတော့ချေ။

ဒီအရာက အရမ်း ရိုးရှင်းတာပဲလေ။ အဘိုး ငါ့ကို ရှင်းပြတုန်းက တစ်ခါတည်းနဲ့ ချက်ချင်း နားလည်သွားခဲ့တာပဲကို၊ ချန်ယန့် ဆီ ရောက်တော့မှ ဘာဖြစ်လို့ ဒီလောက်တောင် ခက်ခဲနေရတာလဲ။

"ဟေး ... အဘိုး ... ကျုပ် နားမလည်တော့ဘူး။"

ဟုန်ရှောင်ပေါင်က မျက်မှောင်ကြုတ်လိုက်၏။ "သခင်လေး ကျုပ်က အရမ်း .. အရမ်း .. အရမ်းကို ဉာဏ်ကောင်းလွန်းနေတာလား၊ ဒါမှမဟုတ် ချန်ယန် က အရမ်း တုံးလွန်းနေတာလား။"

"မင်းက မင်းကို ငါ ချီးကျူးစကား တစ်ခွန်းလောက် ပြောလာအောင် ဂွင်ဆင်နေတာလား။"

ယင်းကျိုယိုက လှောင်ပြုံး ပြုံးလိုက်၏။ "သဘာဝကျကျပဲ မင်းက ဝက်ထက် စာရင် ဉာဏ်ရည် နည်းနည်းလေး ပိုကောင်းတယ် ဆိုတာကို သက်သေပြချင်နေတယ် ဆိုရင်တော့ ငါလည်း သဘောတူပါတယ်။"

"သဘာဝကျကျပဲ မင်းက ဝက်ထက် စာရင် ဉာဏ်ရည် နည်းနည်းလေး ပိုကောင်းတယ် ဆိုတာကို သက်သေပြချင်နေတယ် ဆိုရင်တော့ ငါလည်း သဘောတူပါတယ်။"

ယင်းကျိုယို၏ သရော်သံကို ကြားသော်ငြားလည်း ဟုန်ရှောင်ပေါင်က ဒေါသ မထွက်ချေ။ "အဘိုး... အဘိုးရဲ့ ပါးစပ်က တကယ့်ကို အဆိပ်ပြင်းတာပဲ။"

"ဟင် ... လူရော။"

သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် အောက်ထပ်ဆီသို့ စီးပွားရေး ရောက်လာခဲ့၏။ ချန်ယန်က မျက်မှောင်ကြုတ်လိုက်သော်ငြား ပေါ့ပေါ့ဆဆ မလုပ်ရဲချေ။ အောက်ထပ်သို့ လျင်မြန်စွာ ဆင်းသွားပြီး စီးပွားရေး ကိစ္စကို ရှင်းလင်း ပြောဆိုလိုက်သည်။ ပြန်ရောက်လာသည့် အခါတွင်တော့ လက်ထဲ၌ မှတ်စုစာအုပ် တစ်အုပ် ပိုလာခဲ့၏။ ဟုန်ရှောင်ပေါင်ကို မြင်သောအခါ တဟားဟား ရယ်ရင်း ပြောလိုက်သည်။ "သူဌေး ပြောတာတွေက များလွန်းတော့ မမှတ်မိနိုင်ဘူး။ မှတ်စု ထုတ်မလို့။"

ဟုန်ရှောင်ပေါင်ကလည်း ဂရုစိုက် မနေတော့ချေ။ လုပ်ဆောင်ရင်းဖြင့် ရှင်းပြနေသည်။ အချိန် အတော်ကြာသည့်အခါ ဆေးဖော်စပ်သည့် အဆင့်ဆီသို့ ရောက်ရှိလာ၏။

ချန်ယန် ဘေးတွင် ရှိနေသောကြောင့် မီးပုံအစီအရင်ကို မဖော်ဆောင်နိုင်တော့ချေ။ ကံကောင်းသည်က တတိယထပ်ရှိ သွန်းလုပ်ရေး အခန်းမှာ နေရာလပ် အတော်လေး ကောင်းမွန်ခြင်းပင် ဖြစ်၏။ ထို့အပြင် မြေအောင်းပုစဉ်း မီးတောက်၏ မီးဖိုပေါက်အပြင် သာမန် မီးဖိုပေါက်များလည်း ရှိနေသည်။ ဟုန်ရှောင်ပေါင်သည် ဆေးဖိုကို ထိုအပေါ်တွင် တင်လိုက်ပြီး တရားဝင် ဖော်စပ်မှုများကို စတင်တော့သည်။

လျှပ်စစ်မီးဖို တစ်ခုလို တည်ငြိမ်မှု ရှိသည့် မီးပုံအစီအရင် နှင့် အလွန် အလွန် အလွန် မကပ်တတ်သော သံမည်းဒယ်အိုး တို့ကိုသာ အသုံးပြု ယဉ်ပါးနေခဲ့သော ဟုန်ရှောင်ပေါင်အတွက် ယခု ပစ္စည်း နှစ်ခုကို ကိုင်တွယ်ရသည်မှာ ခေါင်းကိုက်စရာ ဖြစ်လာ၏။ မီးအပူချိန်ကို ဂရုစိုက် ထိန်းချုပ်ရသည့် အပြင်၊ ဆေးဖို ထဲရှိ ပစ္စည်းများက မီးအပူ လွန်ကဲသွားမလား ဆိုသည်ကိုလည်း စိုးရိမ်နေရသည်။ အချိန်အနည်းငယ် ကြာသည့်အခါ ဟုန်ရှောင်ပေါင်မှာ အနည်းငယ် လက်ဝင် ရှုပ်ထွေးလာသကဲ့သို့ ခံစားလာရ၏။

ချန်ယန် သည် ဤကဲ့သို့သော အကူအညီပေးသည့် အလုပ်မျိုးကို ဆယ်နှစ်ကျော်တိုင်တိုင် လုပ်ဆောင်ခဲ့ဖူးသူ ဖြစ်သည်။ ထို့ကြောင့် အလွန် သင့်တော်စွာပင် ဝင်ရောက် ကူညီပေးလိုက်ပြီး မီးအပူရှိန်ကို ထိန်းချုပ်သည့် အလုပ်ကို တာဝန်ယူလိုက်သည်။

ထိုအခါမှ ဟုန်ရှောင်ပေါင်သည် အဓိက အချက်များကို ပြောဆိုရန် အချိန်ရသွားတော့သည်။ ချန်ယန် က တစ်ခုချင်း နားထောင်ရင်း ခေါင်းကို အဆက်မပြတ် ညိတ်နေ၏။ မီးဖိုကို ဂရုစိုက်ရင်း မှတ်စုများကို အဆက်မပြတ် ရေးမှတ်နေသည်။ သို့သော်ငြား သူ၏ မျက်နှာမှာ အမြဲတမ်း နီရဲနေခဲ့၏။ သူ့အတွက်တော့ ဤသည်က ကြီးမြတ်သော သဘောတရားကြီး တစ်ခု ဖြစ်နေသောကြောင့်ပင်။

ဆေးဖော်စပ်ခြင်း နှင့် ဆေးမြစ် ရွေးချယ်ခြင်း ဟူသော အဆင့်နှစ်ခု ပြီးစီးသွားခဲ့ပြီ ဖြစ်၏။ နောက်ထပ် လုပ်ဆောင်ရမည်မှာ ဆေးဖိုကို ပိတ်ဆို့ရန်ပင် ဖြစ်သည်။ ဆေးဖို၏ အဖုံးကို ဖုံးအုပ်လိုက်ပြီးနောက် ဟုန်ရှောင်ပေါင်သည် "ကြိုးစားလုပ်စမ်းပါ။ နောက်ကျရင် မင်းလည်း ငါ့လို ဖြစ်လာမှာပါ" ဆိုသည့် စိတ်ဓာတ် တက်ကြွစေသော်ငြား ဘာအသုံးမှ မဝင်သည့် အားပေးစကား အချို့ကို ပြောဆိုရန် စဉ်းစားလိုက်၏။ သို့ပေမည့် ချန်ယန်၏ မှတ်စုစာအုပ်ပေါ်ရှိ စာလုံးများက တွန့်လိမ် ကောက်ကွေးနေပြီး ဘာစာလုံးမှန်းတောင် မသိရလောက်အောင် ဖြစ်နေသည်ကို မြင်လိုက်ရသည်။ ထို့အပြင် သူ၏ လက်ကို ထပ်ကြည့်လိုက်ရာ... တုန်ယင်လို့နေသည်။ နှလုံးခုန်နှုန်းဆွဲသည့် စက်၏ လက်တံလိုပင်။

"သူဌေး .. ကြီးမားတဲ့ ကျေးဇူးတရားကို ချန်ယန် တစ်သက်လုံး မမေ့ပါဘူး။" ချန်ယန် က ပြောဆိုရင်းဖြင့် ဒူးထောက်ရန် ပြင်လိုက်၏။ သို့သော် ဟုန်ရှောင်ပေါင်က လက်တစ်ဖက်တည်းဖြင့် သူ့ကို တည်ငြိမ်စွာ ဖေးမ ထားလိုက်သည်။ ချန်ယန် က တစ်ချက်၊ နှစ်ချက်လောက် ရုန်းကန်သော်ငြား မရခဲ့ချေ။ ထိုအခါမှ လက်သီးဆုပ် အရိုအသေ ပြောင်းလဲလိုက်ပြီး ခါးကို နက်ရှိုင်းစွာ ညွှတ်လျက် အရိုအသေပေးလိုက်တော့၏။

"ရပါတယ်... ရပါတယ်။" ဟုန်ရှောင်ပေါင်က ပျော်ရွှင်စွာ ပြုံးရယ်နေ၏။ အချို့သော သိပ္ပံပညာရှင်များက တစ်သက်တာလုံး အချိန်ကုန်ခံပြီး ရှာဖွေရသည်မှာ ဖော်မြူလာ တစ်ခုတည်းသာ ဖြစ်တတ်သကဲ့သို့ပင်။ ချန်ယန် အတွက်တော့ ယနေ့ ညနေခင်းက ပြောဆိုခဲ့သည့် စကားများသည် သေချာပေါက် ထိုသို့သော မှော်ဆန်သည့် စွမ်းအားမျိုး ရှိနေသည်။ ဤသည်က ချန်ယန် တစ်သက်တာလုံး အစွမ်းကုန် ကြိုးစား ရှာဖွေချင်နေသည့် အဖြေ ဖြစ်၏။ သို့ပေမည့် ထိုအရာကလည်း ယနေ့ ညနေခင်းတွင် ဟုန်ရှောင်ပေါင် ပြောဆိုခဲ့သည့် စကားများ၏ သောင်းဂဏန်းပုံ တစ်ပုံလောက်သာ ရှိသေးသည် မဟုတ်ပါလား။

"သွားတော့။ တစ်နာရီလောက်နေလို့ ဆေးဖော်တဲ့ အခါကျမှ ခင်ဗျားကို ပြန်ခေါ်မယ်။" ဟုန်ရှောင်ပေါင်က လက်ဝှေ့ယမ်း ပြလိုက်၏။ ယခုအချိန်တွင် ဆေးဖော်စပ်ခြင်း နှင့် မီးသတ်ခြင်း ဟူသော နောက်ဆုံး အဆင့်နှစ်ခုသာ ကျန်ရှိတော့သည်။ သို့သော်ငြား အချိန်အတော်ကြာ စောင့်ဆိုင်းရပေဦးမည်။

နာရီဝက် ကျော်ခန့် ကြာပြီးသည့်နောက် ဟုန်ရှောင်ပေါင်က တစ်ချက် ခေါ်လိုက်ရာ ချန်ယန် မှာ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်လျက် ပြေးတက်လာ၏။ ဆေးဖိုကို ကြည့်ရင်း အလွန်အမင်း စိုးရိမ် ပူပန်နေခဲ့ပြီ ဖြစ်သည်။ "သူဌေး... တကယ်ပဲ... ဖြစ်... ဖြစ်နိုင်ပါ့မလား။"

"စိတ်ချစမ်းပါ။" ဟုန်ရှောင်ပေါင်က ပြောဆိုရင်းဖြင့် လက်တစ်ဖက်က ဆေးဖိုအဖုံးပေါ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။

"အား..."

ချန်ယန် က အလွန်အမင်း တုန်လှုပ်သွားပြီး လျင်မြန်စွာဖြင့် ဟုန်ရှောင်ပေါင်၏ လက်ကို လှမ်းဆွဲလိုက်သည်။ "သူဌေး... ခင်ဗျား... ခင်ဗျား ဆုမတောင်းရသေးဘူးလေ။"

"ဆုတောင်းတာ ဟုတ်လား။ ဘာအတွက် ဆုတောင်းရမှာလဲ။" ဟုန်ရှောင်ပေါင် ထူးဆန်းသွား၏။

"ဆေးနတ်ဘုရားကို ရှိခိုးပြီး ဆုတောင်းရအုံးမယ်လေ။" ချန်ယန်၏ မျက်လုံးများ ဝိုင်းစက်သွားသည်။ ဟုန်ရှောင်ပေါင် ၏ ဆေးဖော်စပ်သည့် အဆင့်က တကယ့်ကို မြင့်မားသည့်နေရာသို့ ရောက်ရှိနေပြီ ဖြစ်၏။ ထိုမျှလောက်ကို မသိဘဲ နေပါမည်လား။

ဟုန်ရှောင်ပေါင်က မည်သည့် ဆုတောင်းခြင်းကိုမှ တကယ် မသိချေ။ သို့သော်ငြား ဤအရာကို နားလည်ရန် မခက်ခဲပေ။ ပုံမှန်အားဖြင့် ပြောရလျှင် ကြီးမားသည့် ကိစ္စ၊ တန်ဖိုးကြီးသည့် ပစ္စည်း တစ်ခုခု ဆိုလျှင် အခမ်းအနား တစ်ခုခု ပြုလုပ်လေ့ ရှိသည် မဟုတ်ပါလား။

ဥပမာဆိုရလျှင် အိမ်ဆောက်ရာ၌ ထုပ်တန်းတင်ခြင်း သို့မဟုတ် မြင်းရထားအသစ် တစ်စီးဝယ်ယူသောအခါ အနီရောင်အဝတ်စလေးများ ချည်နှောင်ခြင်းမျိုးပင် ဖြစ်သည်။ သို့ပေမည့် ဟုန်ရှောင်ပေါင်မှာ နတ်ဘုရား ဟူသည်ကို မယုံကြည်သူ တစ်ယောက်ဖြစ်၏... နေဦး... ဤသို့ဆိုလျှင်လည်း မမှန်သေးပေ။ သူကိုယ်တိုင်ပင် ကမ္ဘာမြေမှ ဤနေရာသို့ အတင်းအဓမ္မ ခေါ်ဆောင်ခံခဲ့ရသည် ဖြစ်ရာ၊ တကယ်တမ်းတွင် နတ်ဘုရားတစ်ပါးပါး အမှန်တကယ် ရှိကောင်း ရှိနေနိုင်လောက်သည်။ သို့သော်ငြား ပြဿနာ၏ အဓိကအချက်မှာ ထိုအရာများကို ဟုန်ရှောင်ပေါင်တစ်ယောက် လုံးဝ အယုံအကြည် မရှိခြင်းပင် ဖြစ်တော့သည်။

ထို့ကြောင့် လှောင်ပြုံး ပြုံးလိုက်၏။ "နတ်ဘုရားကို ရှိခိုးတာ ဟုတ်လား။ အားနည်းတဲ့ သူတွေကမှ မျှော်လင့်ချက်ကို နတ်ဘုရားတွေအပေါ် ပုံအပ်တတ်ကြတာ။"

ထိုသို့ ပြောဆိုရင်းဖြင့် အဖုံးကို ဖွင့်ချလိုက်တော့သည်။

"..." ချန်ယန် မှာ ပြောစရာ စကား မရှိတော့ချေ။ ဆေးနတ်ဘုရားကို ရှိခိုးပူဇော်ခြင်း... ဟုတ်ပေသည်၊ ဆေးနတ်ဘုရားကို ရှိခိုးပူဇော်ခြင်းပင်။ လောက၌ မည်သည့် ဆေးဖော်စပ်သူကမျှ ဤအရေးကြီးသော အဆင့်ကို ကျော်လွန်သွားသည်ဟူ၍ သူ တစ်ခါမှပင် မကြားဖူးခဲ့ချေ။ သို့ပါလျက် ဟုန်ရှောင်ပေါင်ကတော့... ဤလူသည် နတ်ဘုရားများကို ပြစ်မှားစော်ကားမိမည်ကို မကြောက်ရွံ့တော့သည်လား။

သို့သော်ငြား ထို "အားနည်းတဲ့ သူတွေကမှ မျှော်လင့်ချက်ကို နတ်ဘုရားတွေအပေါ် ပုံအပ်တတ်ကြတာ" ဆိုသည့် စကားတစ်ခွန်းက သူ၏ နှလုံးသားကို နက်နက်ရှိုင်းရှိုင်း တုန်လှုပ်သွားစေခဲ့၏။

ယခုအချိန်တွင် ချန်ယန်၏ စိတ်ခံစားချက်က အလွန် ရှုပ်ထွေးနေသည်။ တစ်ဖက်က ကြည့်လျှင် ဆေးဖော်သည် ဖြစ်စေ၊ တန်ဖိုး မည်မျှ ကြီးသည် ဖြစ်စေ၊ အအေးမိ ပျောက်ဆေး ရိုးရိုးလေး ဖြစ်နေလျှင်တောင်မှ ရိုးရိုးရှင်းရှင်း ဆုတောင်းစကား အနည်းငယ်တော့ ပြောဆိုကြသည် မဟုတ်ပါလား။ အရေးကြီးသည့် ဆေးဝါးများ ဆိုလျှင် ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ချေ။ နံ့သာတိုင်များကို ထွန်းညှိပြီး ခုနစ်ရက်၊ ခုနစ်လီ ရေမိုးချိုး သန့်စင်ခြင်းကိုပင် ပြုလုပ်ကြသည်။

ချန်ယန်အပြင် ယင်းကျိုယို သည်လည်း အနည်းငယ် ကြောင်အံ့သွားခဲ့ပြီး အချိန်အတော်ကြာမှ ချီးကျူးစကား ဆိုလာတော့သည်။ "ကောင်းတဲ့ ကောင်လေးပဲ။ 'အားနည်းတဲ့ သူတွေကမှ မျှော်လင့်ချက်ကို နတ်ဘုရားတွေအပေါ် ပုံအပ်တတ်ကြတာ' ဆိုတဲ့ စကားက တကယ့်ကို ကောင်းတယ်။ ငါ့ရဲ့ အကြိုက်နဲ့ ထပ်တူကျတယ်။ ဟားဟားဟားဟားဟား။ ငါ့အကြိုက်နဲ့ တကယ့်ကို ထပ်တူကျတယ်။"

All Chapters