အခန်း ၂၃၁
Vol. 24 Ch. 231
အခန်း ၂၃၁
“အခု ဘာပြောချင်သေးလဲ။ ဘယ်သူက ငွေရောင်ဖြတ်တောက်သူကို လိုချင်လဲ။”
ကျစ်ဆံမြီးနှစ်ဖက်ခွဲချည်ထားသော ကောင်မလေးက ကျန်းဟန်နှင့် သူ့အဖော်ကို လှမ်းကြည့်ရင်း ပြောလိုက်သည်။
သူမသည် ကျန်းဟန်နှင့် သိကျွမ်းခဲ့သည်မှာ မကြာသေးသော်လည်း သူ၌ ကြောက်မက်ဖွယ်ကောင်းသော အခြေအနေ သုံးသပ်နိုင်စွမ်း ရှိကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။
သူသည် မိမိအတွက် အားသာချက်အရှိဆုံး ဆုံးဖြတ်ချက်များကို အမြဲတမ်း ချမှတ်နိုင်ခဲ့သည်။ ယခုတစ်ကြိမ်တွင် သူသည် အဆင့် ၄ မီရှင်းကြာပန်းကို မရရှိခဲ့သော်လည်း သူရရှိခဲ့သည့် ရတနာများနှင့် ငွေကြေးစုစုပေါင်းတန်ဖိုးမှာ သုံးသန်းထက် ကျော်လွန်နေပြီ ဖြစ်သည်။
ပုံမှန်အားဖြင့် အဆင့် ၄ ဝိညာဉ်ပင်တစ်ပင်သည် ငါးသောင်း သို့မဟုတ် ခြောက်သောင်းခန့်သာ ကျသင့်တတ်ကြောင်း သိထားရမည်ဖြစ်သည်။ မီရှင်းကြာပန်းသည် အဖိုးတန်ပြီး အရည်အချင်းတစ်ခုကို အမြဲတမ်း မြှင့်တင်ပေးနိုင်သည်ဆိုလျှင်ပင် အလွန်ဆုံး တန်ဖိုးရှိလှမှ တစ်သန်းသာ ဖြစ်သည်။
သို့သော်လည်း ကျန်းဟန်၏ ရရှိမှုမှာ တစ်သန်းထက် များစွာ ကျော်လွန်နေ၏။ အမှန်အတိုင်းပြောရလျှင် ထိုစဉ်က ၎င်းတို့သည် တစ်သန်းတန် ဆက်ကြေးကို သဘောမတူချင်ကြသော်လည်း ကျန်းဟန်က အခြားသူများဘက်သို့ ပါသွားမည်ကို စိုးရိမ်သောကြောင့် သူ့ကို အရင်ထွက်ခွာခွင့် ပေးခဲ့ရခြင်း ဖြစ်သည်။
မဟုတ်ပါက ကျန်းဟန်သာ တစ်ယောက်ယောက်ကို စည်းရုံးနိုင်ခဲ့လျှင် ကျန်နှစ်ယောက်အတွက် လုံးဝ အခွင့်အရေး ရှိတော့မည်မဟုတ်ပေ။
အမှန်ပင်...အဓိကအချက်မှာ ၎င်းတို့ သုံးဦးစလုံးသည် မိသားစုကြီးများမှ ဆင်းသက်လာသူများ ဖြစ်ကြသည်။ ရှားပါး ဝိညာဉ်ပင်တစ်ပင်ကို ရရှိရန်အတွက် တစ်သန်း အသုံးချခဲ့ရခြင်းက ၎င်းတို့အတွက် လက်မခံနိုင်စရာ မဟုတ်ပေ။
“ငါတော့ ငွေရောင်ဖြတ်တောက်သူကို စိတ်မဝင်စားဘူး။ မင်းတို့ လုချင်ရင် လုကြလေ။ ငါ့အကူအညီကို လိုချင်ရင်တော့ ပိုက်ဆံပေးရမယ်။”
ကျန်းဟန်က ပြုံးကာ ပြောလိုက်၏။
“မင်းက ဘာလို့ ဒီလောက်တောင် ပိုက်ဆံ မက်နေရတာလဲ။ သားရဲသားပေါက်ဆိုတာ တစ်သက်မှာ တစ်ခါပဲ ကြုံရမယ့် အခွင့်အရေးမျိုးပဲ။”
စစ်ဝတ်စုံဝတ်ထားသော ကောင်လေးက ကျန်းဟန်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်မိလေသည်။ ကျန်းဟန်ကသည် ငွေကြေးကို အလွန်အကျွံ တန်ဖိုးထားလွန်းသည်ဟု သူ ခံစားမိနေ၏။ အင်အားမရှိဘဲ ထိုပိုက်ဆံများအားလုံးက သူ့ကို အခြားသူများအတွက် စားကျက်တစ်ခု ဖြစ်စေရုံသာ ရှိမည်ဖြစ်သည်။
‘သူတစ်ပါး ရိက္ခာစုဆောင်းချိန်မှာ ကိုယ်က သေနတ်စုဆောင်းရမယ်။ ဒါမှ သူတစ်ပါးက ကိုယ်အတွက် ရိက္ခာသိုလှောင်ရုံ ဖြစ်လာလိမ့်မယ်’ ဟု ရှေးလူကြီးများ ပြောခဲ့ကြသည်ကို သူ မကြားဖူးဘူးပေဘူးလော။
၎င်းက လူငယ်သုံးဦးကို ကျန်းဟန်အပေါ် အနည်းငယ် အထင်သေးသွားစေပြီး သူသည် နွားရှေ့ထွန်ကျူးနေသည်ဟု ခံစားလိုက်ရ၏။ သူ၏ အင်အားက မဆိုးလှသော်လည်း ထိုကဲ့သို့သော စိတ်ဓာတ်မျိုးနှင့်ဆိုလျှင် အနာဂတ်တွင် သူတို့၏ နောက်ကောက်၌ ကျန်ရစ်ခဲ့ကာ နောက်ဆုံးတွင် လူအများကြားထဲမှ သာမန်မျက်နှာတစ်ခုသာ ဖြစ်လာပေလိမ့်မည်။
ဤသို့တွေးတောရင်း ကျစ်ဆံမြီးနှစ်ဖက်နှင့် ကောင်မလေးသည် ဤသည်မှာ ဆင်းရဲသည့် မိသားစုက ကလေးများ၏ ထုံးစံအတိုင်း ပိုက်ဆံကို အလေးအနက်ထားလွန်းသည့် အကျင့်ပဲဟု တွေးကာ ကျန်းဟန်ကို သနားစိတ် မဝင်ဘဲ မနေနိုင်ခဲ့ပေ။
“နင် ပိုက်ဆံကို ဒီလောက်တောင် ကြိုက်နေတယ်ဆိုရင် ငါ့ရဲ့ သက်တော်စောင့် လုပ်မလား။ ငါ့မိသားစုက အန်းမြို့မှာ သိပ်ပြီး အာဏာမရှိပေမဲ့ ထိပ်တန်း နှစ်ဆယ်စာရင်းထဲမှာတော့ ပါတယ်။”
ကျစ်ဆံမြီးနှစ်ဖက်နှင့် ကောင်မလေးက ကျန်းဟန်ကို ကြည့်ကာ ၎င်းအား မိမိလက်အောက်သို့ သိမ်းသွင်းရန် ရည်ရွယ်ချက်ဖြင့် ပြောလိုက်သည်။
“မင်း အများကြီး တွေးလွန်းနေပြီ။ ငါ ပိုက်ဆံကို ကြိုက်တာ မှန်ပေမဲ့ ငါ့ရဲ့ လွတ်လပ်ခွင့် ဆုံးရှုံးရမှာကိုတော့ မကြိုက်ဘူး။”
ကျန်းဟန်က မျက်နှာသေနှင့် ပြောလိုက်သည်။ အကယ်၍ သူသည် ကူးပြောင်းလာပြီးနောက်တွင်ပင် တစ်ပါးသူ၏ လက်အောက်၌ ၉၉၆ (မနက် ၉ နာရီမှ ည ၉ နာရီ၊ တစ်ပတ် ၆ ရက်) လုပ်ရဦးမည်ဆိုပါက နံရံနှင့် ခေါင်းနှင့်သာ စောင့်ပြီး သေလိုက်တာကမှ ပိုကောင်းပေဦးမည်။ သူ၏ လွတ်လပ်သော စိတ်ဝိညာဉ်သည် ထပ်မံဒ အချုပ်အနှောင် ခံတော့မည်မဟုတ်ပေ။
“ဒါက ကိုယ့်ရဲ့ အရည်အချင်းအပေါ်ပဲ မူတည်တယ်။ ငါ အရင်သွားနှင့်ပြီ။”
အနက်ရောင်ဝတ်စုံနှင့် လူငယ်က ကျန်းဟန်ကို တစ်ချက်ကြည့်ကာ သူ၏ သားရဲဖြစ်သော မီးတောင်ပံငှက်ကို ဆင့်ခေါ်ပြီး အပေါ်သို့ ပျံသန်းသွားတော့သည်။
“ငါလည်း သွားပြီ။”
စစ်ဝတ်စုံဝတ်ထားသော ကောင်လေး လုကျား၏ သားရဲမှာ လက်တစ်ထောင်ဖွတ် ဖြစ်သည်။ ၎င်း၏ ကျောပေါ်တွင် မရေမတွက်နိုင်သော ရေဝတ်ဆံကဲ့သို့ လက်တံများကို ဖြန့်ထွက်နိုင်သည့် အသားလုံးတစ်ခု ရှိပြီး ၎င်းက သူ့ကို ကျောက်နံရံအထက်သို့ သယ်ဆောင်သွားကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။
“ကောင်းပြီလေ။ နင်က အခွင့်အရေးတစ်ခုကို လက်လွတ်လိုက်တာပဲ။”
ကျစ်ဆံမြီးနှစ်ဖက်နှင့် ကောင်မလေးက ခေါင်းခါယမ်းကာ သူမ၏ အသက်နုတ်သူအား စီးနင်းကာ ထွက်ခွာသွားတော့သည်။
“ကျန်းဟန် ငါတို့ ဘာလုပ်ကြမလဲ။”
လီဇီဝေက ကျန်းဟန်ကို ကြည့်ကာ မေးလိုက်၏။ သူမ၏ အလိုလိုသိစိတ်က ကျန်းဟန်သည် အနည်းငယ် ထူးဆန်းနေသည်ဟု ပြောနေခဲ့လေသည်။
ကျန်းဟန်သည် ကြယ်ငါးပွင့်အလားအလာရှိသော သားရဲသားပေါက် ငွေရောင်ဖြတ်တောက်သူကို အမှန်တကယ် စွန့်လွှတ်ခဲ့သည်။
“ငါတို့ တခြား ရတနာတွေ ရှိသေးလားဆိုတာ ဆက်ရှာကြည့်ရအောင်။ ပြီးတော့ သူတို့တွေ စပြီး တိုက်ခိုက်ကြမယ့်အချိန်အထိ စောင့်ကြတာပေါ့။”
ကျန်းဟန်က ပြောလိုက်၏။ အမှန်တကယ်တွင် သူသည် ငွေရောင်ဖြတ်တောက်သူကို လုံးဝ ဂရုမစိုက်ချေ။ အကြောင်းမှာ သူ၏ လက်ဝယ်တွင် အင်းဆက်အမျိုးအစား သားရဲတစ်ကောင် ရှိနှင့်ပြီးသား ဖြစ်သောကြောင့်ပင်။
ထိုအရာမှာ အိပ်မောကျနေဆဲဖြစ်သော နတ်ဘုရားသတ်ပုစဉ်းရင်ကွဲဖြစ်ပြီး ၎င်းသည် ကြယ်ခုနစ်ပွင့် အလားအလာ ရှိရုံသာမက စစ်နတ်ဘုရား ပင်ကိုယ်စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားသည်။ သူ၏ တိုက်ခိုက်လိုစိတ် မချုပ်ငြိမ်းသရွဲ့ သူသည် မသေမျိုး ဖြစ်ပေလိမ့်မည်။
၎င်းနှင့် နှိုင်းယှဉ်လျှင် သူသည် ငွေရောင်ဖြတ်တောက်သူကို အထင်မကြီးမိပေ။ ထိုလူများသာ ဤအရာကို ရတနာတစ်ခုလို သတ်မှတ်နေကြခြင်း ဖြစ်သည်။ သူ၏ အမြင်တွင်မူ ထိုအရာသည် ရေသူမလေးလောက်ပင် အသုံးမဝင်ချေ။
“သွားကြစို့။ တခြားနေရာတွေကို သွားရှာကြည့်ရအောင်။”
ခဏကြာအောင် ရှာဖွေပြီးနောက် ကျန်းဟန်သည် လီဇီဝေကို ခေါ်ဆောင်ကာ အခြားဆက်စပ်နေသော မြေအောက်နေရာတစ်ခုသို့ ဝင်ရောက်သွားခဲ့သည်။
သူထွက်ခွာသွားပြီး မကြာမီမှာပင် အနက်ရောင်ဝတ်စုံဝတ် လူငယ်နှင့် ကျစ်ဆံမြီးနှစ်ဖက်နှင့် ကောင်မလေးတို့သည် ဤနေရာသို့ တစ်ကျော့ပြန် ရောက်ရှိလာကြ၏။ သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး တစ်ဖက်လူ၏ အတွေးကို ရိပ်မိသွားကြသည်။
“မင်းလည်း ဒီကျန်းဟန်မှာ တခြားရည်ရွယ်ချက် ရှိနေတယ်လို့ ထင်နေတာပဲ။”
အနက်ရောင်ဝတ်စုံနှင့် လူငယ်က ပြောလိုက်သည်။
“ငါတော့ မသံသယဖြစ်ပါဘူး။ သူက တကယ်ကြီး ပိုက်ဆံရဖို့အတွက် ကုန်ကြမ်းပစ္စည်းတွေနဲ့ ဝိညာဉ်ပင်တွေကိုပဲ စုဆောင်းချင်နေတာ ထင်တယ်။”
ကျစ်ဆံမြီးနှစ်ဖက်နှင့် ကောင်မလေးက ခေါင်းခါယမ်းလိုက်သည်။ ကျန်းဟန်သည် အဆင့် ၄ မီရှင်းကြာပန်းကို တိုက်ရိုက်စွန့်လွှတ်ခဲ့စဉ်ကတည်းက သူတို့ သံသယဝင်ခဲ့ကြခြင်း ဖြစ်သည်။
ထို့နောက်တွင်လည်း သူက ငွေရောင်ဖြတ်တောက်သူကို လုယူရန် စိတ်မဝင်စားကြောင်း ပြောခဲ့သဖြင့် ကျန်းဟန်သည် လျှို့ဝှက်ချက် တစ်ခုခုကို သိရှိထားပြီး သူတို့ထွက်သွားသည်အထိ စောင့်ဆိုင်းပြီးမှ အကွက်ရွှေ့မည်ဟု သူတို့နှစ်ဦးစလုံး သံသယဝင်ခဲ့ကြခြင်း ဖြစ်ပေသည်။
သို့သော်လည်း ယခု သူတို့ထွက်ခွာသွားသည်မှာ နာရီဝက်ခန့် ရှိပြီဖြစ်သော်လည်း ကျန်းဟန်၏ အရိပ်အယောင်ကိုပင် မမြင်ရသလို မည်သည့်လှုပ်ရှားမှုကိုမှလည်း မလုပ်ဆောင်ခဲ့သဖြင့် ၎င်းတို့နှစ်ဦး နောက်ဆုံး၌ စိတ်အေးသွားခဲ့ကြသည်။
ကျန်းဟန်သည် သူတို့တွေးထင်ထားသကဲ့သို့ အတွေးနက်လှသည့် လူတစ်ယောက် မဟုတ်ပေ။
“ဝီ...ဝီ...ဝီ...။”
ထိုစဉ် အပေါ်ဘက်မှ တဝီဝီမြည်သံတစ်ခု ထွက်ပေါ်လာပြီး ဧရာမ ပျားအုံကြီးမှာ တုန်ခါလာတော့သည်။ မကြာမီမှာပင် ရွှေရောင်ဝိညာဉ်စွမ်းအင် အလင်းတန်းတစ်ခုက ပျားအုံတစ်ခုလုံးကို ထိုးဖောက်သွားခဲ့၏။
“မကောင်းတော့ဘူ။ လုကျားက စပြီး လှုပ်ရှားလိုက်ပြီ။ ငါတို့ မြန်မြန်သွားမှဖြစ်မယ်။ အကျိုးအမြတ်တွေကို သူ့တစ်ယောက်တည်း လက်ဝါးကြီးအုပ်ခွင့် မပေးနိုင်ဘူး။”
၎င်းတို့နှစ်ဦးသည် အပေါ်ဘက်တွင် လှုပ်ခါနေသော ပျားအုံကို လှမ်းကြည့်လိုက်ပြီး ကျန်းဟန်ကို ဂရုမစိုက်နိုင်တော့ဘဲ သူတို့၏ သားရဲများကို စီးနင်းကာ အပေါ်သို့ အပြေးအလွှား ပျံသန်းသွားကြတော့သည်။
၎င်းတို့ထွက်ခွာသွားပြီး မကြာမီမှာပင် ကျန်းဟန်သည် ကြိုတင်သိမြင်နေသကဲ့သို့ ဤနေရာသို့ တစ်ဖန် ပြန်လည်ရောက်ရှိလာ၏။
“ကျန်းဟန် နင် ဘာလုပ်ဖို့ ပြင်နေတာလဲ။”
လီဇီဝေက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ ကျန်းဟန်တွင် လုပ်စရာတစ်ခုခု သေချာပေါက် ရှိနေသည်ကို သူမ သိနေလေသည်။
“မင်း ဒီမှာ စောင့်ကြည့်ပေးထားဦး။ ငါ ချက်ချင်း ပြန်လာခဲ့မယ်။”
ကျန်းဟန်က သူ ဘာလုပ်မည်ကို မပြောဘဲ လမ်းညွှန်ချက်သာ ပေးခဲ့သည်။
“ကောင်းပြီ။”
လီဇီဝေ နားမလည်သော်လည်း ခေါင်းညိတ်လိုက်သည်။
ကျန်းဟန် ထွက်ခွာသွားပြီးနောက် အဆင့် ၄ မီရှင်းကြာပန်း ပေါက်ရောက်ခဲ့သော မြေအောက် ကျောက်တုံးကန်ဆီသို့ တန်းတန်းမတ်မတ် သွားလိုက်၏။
“ငါ ထင်ထားတဲ့အတိုင်းပဲ။”
ကျန်းဟန်သည် ရေကန်၏ အလယ်ဗဟိုရှိ မီရှင်းကြာပန်းကို ကြည့်ကာ ရေရွတ်လိုက်သည်။
၎င်းတို့သည် မီရှင်းကြာပန်းကို ခူးဆွတ်သွားခဲ့ကြသော်လည်း အပင်ကိုယ်တိုင်ကိုမူ ဖျက်ဆီးမသွားခဲ့ကြချေ။ ကြာပန်းပွင့်ကိုသာ ယူသွားကြပြီး အမြစ်စနစ်နှင့် အရွက်များမှာမူ အကောင်းပကတိအတိုင်း ကျန်ရှိနေဆဲပင်။
သူသည် ချက်ချင်းပင် သူစုဆောင်းထားသော တတိယအဆင့် မီရှင်းကြာပန်းကို ထုတ်ယူလိုက်ပြီးနောက် သူ၏ စီနီယာသားရဲမွေးမြူရေးပညာရှင်ထံမှ လျှို့ဝှက်နည်းလမ်းဖြစ်သော အမြစ်ဆက် လျှို့ဝှက်နည်းပညာကို လုပ်ဆောင်ရန် ရေကန်ထဲသို့ ဝင်သွားလိုက်သည်။
ထို့အပြင် ၎င်းထဲတွင် ဤကဲ့သို့သော အပင်အမျိုးအစားများအတွက် အမြစ်ဆက်ခြင်းဆိုင်ရာ မှတ်တမ်းများ ပါဝင်ပြီး လုပ်ငန်းစဉ်တစ်ခုလုံးအား အပြည့်အစုံ ချန်ထားခဲ့သဖြင့် လုပ်ဆောင်ရာ၌ ပိုမိုလွယ်ကူစေခဲ့သည်။
မှန်ပေသည်။ ကျန်းဟန်သည် အဆင့် ၄ မီရှင်းကြာပန်းကို အမှန်တကယ် လိုချင်တပ်မက်နေဆဲပင်။ အဆုံး၌ ၎င်းသည် အရည်အချင်းများကို အမြဲတမ်း တိုးမြင့်ပေးနိုင်သည် မဟုတ်ပါလော။ သူသည် ဤတတိယအဆင့် မီရှင်းကြာပန်းကို အတင်းအကျပ် ရင့်မှည့်စေရန် အမြစ်ဆက်လျှို့ဝှက်နည်းပညာကို အသုံးပြုပြီး နောက်ဆုံးတွင် အဆင့် ၄ နမူနာ တစ်ပွင့် သို့မဟုတ် နှစ်ပွင့်အား ထုတ်လုပ်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
ပထမဦးစွာ သူသည် အဆင့် ၃ အထွတ်အထိပ် မီရှင်းကြာပန်းတစ်ပွင့်ကို ခူးဆွတ်ခြင်း ခံထားရသည့် အဆင့် ၄ မီရှင်းကြာပန်း၏အမြစ်နှင့် ချိတ်ဆက်လိုက်ပြီးနောက် ကျန်ရှိသော တတိယအဆင့် မီရှင်းကြာပန်း ၁၂ ပွင့်ကို စိုက်ပျိုးကာ ၎င်းတို့၏ အမြစ်များကိုလည်း အတူတကွ ချိတ်ဆက်လိုက်သည်။
ကျန်းဟန် ဤအရာအားလုံးကို အပြီးသတ်ရန် နှစ်နာရီတိတိပြည့် ကြာမြင့်ခဲ့၏။ အမြစ်ဆက်ခြင်းက လွယ်ကူသော်လည်း ၎င်းတို့အား အာဟာရဓာတ်များကို အလိုအလျောက် စုစည်းစေခြင်းက အခက်ခဲဆုံး အစိတ်အပိုင်းဖြစ်ပြီး ၎င်းသည် ယန်ခိုင်၏ ဘဝတစ်သက်တာလုံး၏ အကောင်းဆုံးလက်ရာလည်း ဖြစ်သည်။
ယခုအခါ ရေကန်ထဲတွင် နုနယ်ပြီး တက်ကြွလှပသော အဝါရောင် ဝတ်ဆံနှင့် မီရှင်းကြာပန်း ၁၃ ပွင့် ရှိနေပြီ ဖြစ်သော်လည်း ဤမျှနှင့် မလုံလောက်သေးပေ။ အဆင့် ၄ သို့ ရောက်ရှိရန် သဘာဝအတိုင်း ကြီးထွားမှုသည် အနည်းဆုံး နှစ်နှစ် သို့မဟုတ် သုံးနှစ် ကြာမြင့်ပေလိမ့်မည်။
သို့သော်လည်း ကျန်းဟန်၌ နည်းလမ်းရှိနေဆဲပင်။ သူသည် သူ၏ သိုလှောင်သေတ္တာထဲမှ အပင်အမျိုးအစား သားရဲများကို ကုသရန်အတွက် သီးသန့်ထုတ်လုပ်ထားသော ဆေးရည်နှစ်ပုလင်းကို ထုတ်ယူကာ ရေကန်ထဲသို့ လောင်းထည့်လိုက်၏။ ထို့နောက်တွင်မူ စောစောက အမြစ်ဆက်ထားသော ဒဏ်ရာများ အားလုံး ပြန်လည်ပျောက်ကင်းသွားခဲ့သည်။
ဆက်လက်၍ သူသည် အခြားဆေးရည်တစ်မျိုးကို လောင်းထည့်လိုက်ပြန်သည်။ ၎င်းမှာ သူ ယခင်က ပြင်ဆင်ထားသော ဆေးရည်ဖြစ်ပြီး ဝိညာဉ်အပင်များကို ဓာတ်ကူပေးရန်အတွက် သီးသန့် အသုံးပြုခြင်းဖြစ်သည်။ ၎င်းသည် ဝိညာဉ်အပင်အမျိုးအစား အများစုနှင့် ကိုက်ညီမှုရှိစေရန် ပစ္စည်းတစ်မျိုး သို့မဟုတ် နှစ်မျိုးကို ယာယီထည့်သွင်းပေးရန်သာ လိုအပ်သည်။
ဆေးရည်များ ကျောက်တုံးကန်ငယ်လေးထဲသို့ စီးဝင်သွား၏။ အစပိုင်းတွင် မည်သည့်လှုပ်ရှားမှုမျှ မရှိသော်လည်း မကြာမီ မူလက ပျားရည်ကဲ့သို့ ပျစ်ချွဲနေသော ရေကန်သည် တဖြည်းဖြည်းနှင့် ကြည်လင်တောက်ပလာသည်ကို သတိပြုမိလာခဲ့သည်။
ရေမျက်နှာပြင်ပေါ်တွင် မျောပါနေသော မီရှင်းကြာပန်းများသည်လည်း အဝါရောင် ဖျော့ဖျော့မှသည် ရွှေဝါရောင်သို့ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် ကြာပန်းပွင့်ဖတ်များ၏ အနားသတ်များ၌ သွေးကဲ့သို့ ရဲရဲနီသော အရောင်အဆင်းတစ်လိုင်း ပေါ်ထွက်လာခဲ့သည်။
“အောင်မြင်တော့မယ့် ပုံပဲ။”
ကျန်းဟန်သည် မီရှင်းကြာပန်းများ၏ ပြောင်းလဲလာပုံကို ကြည့်ကာ ဤစမ်းသပ်မှုသည် သေချာပေါက် အောင်မြင်လိမ့်မည်ဟု တွေးတောရင်း ယုံကြည်မှု အပြည့် ရှိနေခဲ့လေသည်။