← Chapters

အခန်း ၂၃၂

Vol. 24 Ch. 232

အခန်း ၂၃၂

Vol. 24 Ch. 232

အခန်း ၂၃၂

အချိန်များ ကုန်လွန်လာသည်နှင့်အမျှ အလယ်ဗဟိုရှိ မီရှင်းကြာပန်းသည် အဆင့်တက်လာခဲ့လေသည်။ ၎င်း၏အရောင်သည် ရွှေဝါရောင်သို့ ပြောင်းလဲသွားပြီး အဆင့် ၄ ၏ အငွေ့အသက်များကို ထုတ်လွှတ်လာကာ အတင်းအကျပ် ရင့်မှည့်စေခြင်းကြောင့် ၎င်း၏ဝတ်ဆံမှာလည်း နီရဲသွားခဲ့သည်။

၎င်းသည် အဆင့် ၄ သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ၎င်း၏ အမြစ်စနစ်တစ်ခုလုံး ပုပ်ပွသွားပြီး လျင်မြန်စွာပင် ရွှံ့နွံများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ကျန်းဟန်သည် ထိုအရာကို မြင်သော်လည်း အံ့ဩခြင်းမရှိပေ။ အလယ်ဗဟိုရှိ မီရှင်းကြာပန်း အဆင့် ၄ သို့ ရောက်ရှိနိုင်ခဲ့သည့် အကြောင်းရင်းမှာ ၎င်း၏ အမြစ်များနှင့် အရွက်များမှ အာဟာရဓာတ်အားလုံးကို စုပ်ယူခဲ့သောကြောင့် ဖြစ်သည်။ ၎င်းသည် ရွှေငန်းကို သတ်၍ ဥနှိုက်သည့် နည်းလမ်းမျိုးသာ ဖြစ်သည်။

ထို့နောက်တွင် ကျန်အဆင့် ၃ မီရှင်းကြာပန်း ၁၂ ပွင့်မှာလည်း စတင်ပြောင်းလဲလာခဲ့သည်။

၎င်းတို့အနက် သုံးပွင့်မှာ ပိုမို၍ ရွှေဝါရောင်သန်းလာပြီး ကျန်အပွင့်များမှာမူ အလွန်လျှင်မြန်သော နှုန်းဖြင့် ညှိုးနွမ်းသွားကာ ခဏချင်း၌ပင် နက်မှောင်သွားပြီးနောက် နောက်ဆုံးတွင် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်ကာ ရွှံ့နွံများအဖြစ်သို့ ပျော်ဝင်သွားကြတော့သည်။

နောက်ဆုံးတွင် ကြည်လင်နေသော ရေမျက်နှာပြင်ပေါ်၌ အလယ်ဗဟိုတွင် အနီရောင်ရှိသည့် အဆင့် ၄ မီရှင်းကြာပန်း သုံးပွင့် ပေါ်ထွက်လာခဲ့တော့လေသည်။ ယခင်တစ်ပွင့်နှင့် ပေါင်းလိုက်လျှင် စုစုပေါင်း အဆင့် ၄ မီရှင်းကြာပန်း လေးပွင့် ရှိသွားပြီ ဖြစ်သည်။

အကယ်၍ ကျစ်ဆံမြီးနှစ်ဖက်နှင့် ကောင်မလေး၊ အနက်ရောင်ဝတ်စုံဝတ် လူငယ်နှင့် အခြားသူများသာ ဤအရာကို မြင်တွေ့ခဲ့လျှင် သေချာပေါက် အံ့အားသင့်မှင်တက်သွားကြပေလိမ့်မည်။ သူတို့ အသက်လုပြီး တိုက်ခိုက်နေကြရသည့် အဆင့် ၄ မီရှင်းကြာပန်းကို ကျန်းဟန်က မျက်စိတစ်မှိတ်အတွင်း ဖန်တီးလိုက်ခြင်း ဖြစ်သည်။

ဤနည်းလမ်းမှာ ရိုးရိုးရှင်းရှင်းနှင့်ပင် အံ့ဖွယ်ဆန်းကြယ်လွန်းလှ၏။ ၎င်းကိုတွေ့ပါက စီနီယာမွေးမြူရေးပညာရှင်တစ်ယောက်ပင်လျှင် အလွန်အမင်း အထင်ကြီးလေးစားသွားကာ ဒူးထောက်အညံခံရင်း ပညာသင်ပေးပါရန် လာရောက်တောင်းဆိုကြပေလိမ့်မည်။

ကျန်းဟန်သည် ၎င်းတို့အား သဘာဝအတိုင်း သိခွင့်ပေးမည်မဟုတ်ပေ။ သူသည် မီရှင်းကြာပန်းများကို သိမ်းဆည်းလိုက်ရုံသာမက ဟုတ်ဟုတ်ကိုပါ ဆင့်ခေါ်ပြီး ရေကန်အောက်ခြေရှိ ရွှံ့နွံများအားလုံးကို ၎င်း၏ ဝိညာဉ်စွမ်းအင်ဖြင့် သန့်စင်စေကာ မည်သည့်ခြေရာလက်ရာမျှ မကျန်အောင် လုပ်ဆောင်လိုက်လေသည်။

အဆုံး၌ ဤနေရာသည် စစ်ဘက်ဆိုင်ရာ နယ်မြေဖြစ်နေဆဲဖြစ်ပြီး စုံစမ်းစစ်ဆေးခြင်း ခံရမည်လားဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။ ဟုတ်ဟုတ်နှင့် အချိန်အတော်ကြာ အတူရှိနေခဲ့ပြီးနောက် သူသည် သတိကြီးစွာထားတတ်ပြီး ရဲရင့်သူတစ်ယောက် ဖြစ်လာခဲ့သည်။

သန့်ရှင်းရေးလုပ်ပြီးနောက် ကျန်းဟန်သည် ပထမအဆင့် မီရှင်းကြာပန်းတစ်ပွင့်ကို ပစ်ထည့်ပေးလိုက်သည်။ ၎င်းသည် အဆင့် ၄ သို့ မည်သည့်အချိန်တွင် ပြန်လည်ကြီးထွားလာမည်ဆိုသည်မှာ သူ့အလုပ်မဟုတ်တော့ပေ။

“ကျန်းဟန်...နင် တစ်ယောက်တည်း ဘာတွေ လျှို့ဝှက်ပြီး လုပ်နေတာလဲ။ နင်မရှိတဲ့အချိန်မှာ ဒီပျားအုံရဲ့ ဝင်ပေါက်က ပွင့်ထွက်သွားပြီး ငွေရောင်ဖြတ်တောက်သူလည်း အဖမ်းခံလိုက်ရပြီ။ အခု ပျားအုံတစ်ခုလုံးလည်း လှုပ်လှုပ်ရှားရှား ဖြစ်နေကြပြီ။ ဒီနေရာလေးပဲ အတော်လေး ဘေးကင်းနေသေးတာ။”

ကျန်းဟန် ထွက်လာသည်ကို မြင်လျှင် လီဇီဝေက အလောတကြီး မေးလိုက်၏။

“ဒါကို ယူထားလိုက်။ လောလောဆယ်တော့ မဖွင့်နဲ့ဦး။”

ကျန်းဟန်က သေတ္တာတစ်လုံးကို ထုတ်ယူကာ လီဇီဝေထံသို့ ကမ်းပေးလိုက်သည်။

“ဒါက... နင် ဒါကို ဘယ်လိုလုပ်လိုက်တာလဲ။”

လီဇီဝေသည် သေတ္တာကို မဖွင့်ရသေးသော်လည်း သူမ၏ စိတ်ဝိညာဉ်စွမ်းအင်ဖြင့် အတွင်းထဲတွင် ဘာရှိနေသည်ကို အာရုံခံမိသွားခဲ့၏။ သူမသည် ချက်ချင်းပင် အံ့အားသင့်သွားပြီး မျက်လုံးများပါ အဝိုင်းသား ဖြစ်သွားခဲ့ရသည်။

အထဲတွင် ရှိနေသည်မှာ အမှန်တကယ်ပင် အဆင့် ၄ မီရှင်းကြာပန်းတစ်ပွင့် ဖြစ်နေသောကြောင့်ပင်။

ထိုပါရမီရှင်လူငယ် သုံးဦးသည် မကြာသေးမီက ဤအရာကို လုယူရန်အတွက် သူတို့ကို ငွေအမြောက်အမြား ပေးခဲ့ကြရခြင်း ဖြစ်သည်။

ကျန်းဟန် ဤအရာကို မည်သို့လုပ်လိုက်သနည်း။ သူမ လုံးဝ နားမလည်နိုင်တော့ချေ။ သူသည် ဂိမ်းထဲကကဲ့သို့ ဟက်ကာ လုပ်နေခြင်းများလော။

“သိမ်းထားလိုက်ပါ။ ငါတို့ ဒီထဲမှာ ရှိနေတဲ့တစ်လျှောက်လုံး စောင့်ကြည့်ခံနေရတယ်လို့ ငါ သံသယရှိနေတယ်။”

ကျန်းဟန်က ပြောလိုက်သည်။ သူသည် အစပိုင်းတွင် ထိုသို့သော ခံစားချက်မျိုး မရှိခဲ့သော်လည်း ဟုတ်ဟုတ်က သူ့ကို သတိပေးခဲ့ခြင်း ဖြစ်သည်။ ပြင်ပက ခံစားချက်နှင့် မြေအောက်ကျောက်တုံးကန်ထဲက ခံစားချက်သည် မတူညီဘဲ တစ်စုံတစ်ယောက်က စောင့်ကြည့်နေသကဲ့သို့ ဖြစ်နေသည်ဟု ၎င်းက ပြောခဲ့ခြင်းဖြစ်သည်။

“ကောင်းပြီ။”

လီဇီဝေသည် သူမ၏ ရင်ထဲမှ တုန်လှုပ်မှုများကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီး ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်သည်။

အချို့လူများက ကျွမ်းကျင်သူများကို သူတို့အား လမ်းပြခေါ်ဆောင်ပေးပါရန် မည်သည့်အတွက်ကြောင့် နည်းလမ်းမျိုးစုံဖြင့် တောင်းပန်ကြသည်ကို သူမ ယခုအခါ အနည်းငယ် နားလည်သွားခဲ့ပြီ ဖြစ်သည်။ သူမ ကျန်းဟန်နှင့် အတူရှိနေခဲ့သည်မှာ မည်မျှကြာသေးသနည်း။ သူမ ရရှိခဲ့သော ရတနာများသည်ပင် နှစ်သန်းထက်မက တန်ဖိုးရှိနေပြီ ဖြစ်သည်။

သူမ မသိခဲ့သည်မှာ ကျန်းဟန်၌ အဆင့် ၄ မီရှင်းကြာပန်း သုံးပွင့် ကျန်ရှိနေသေးခြင်းပင် ဖြစ်သည်။ အမှန်တကယ်တွင် ကျန်းဟန်သည် သူမအား တစ်ပွင့်လုံးပေးရန် မရည်ရွယ်ခဲ့သော်လည်း ဤပစ္စည်းသည် အကြိမ်ကြိမ် အသုံးပြု၍မရသောကြောင့် တစ်ပွင့်လုံးကို ပေးကမ်းလိုက်ခြင်း ဖြစ်သည်။

“သွားကြစို့။ ငါတို့ ပျားရည်နည်းနည်းလောက် ခိုးယူနိုင်မလား သွားကြည့်ရအောင်။ မရရင်လည်း အပြင်ထွက်ဖို့ လမ်းတစ်ခုခု ရှာရမယ်။ မိုးချုပ်တော့မှာဆိုတော့ ဒီပွဲကို အဆုံးသတ်ရမယ့် အချိန်ရောက်ပြီ။”

ကျန်းဟန်သည် အပေါ်ဘက်ရှိ ဧရာမ ပျားအုံကြီးကို လှမ်းကြည့်ရင်း ပြောလိုက်သည်။

“ဟင်း...ဒီကောင်လေး မြေအောက်မှာ ဘာတွေများ လုပ်လိုက်တာလဲ။ ဘာလို့ အဲကောင်မလေးက အဲလောက်တောင် အံ့အားသင့်သွားရတာလဲ။ မင်းတို့ရဲ့ အသုံးမကျတဲ့ စက်က အဲဒီရေကန်ထဲက မြင်ကွင်းကို ဘာလို့ မမြင်ရတာလဲ။”

စစ်တပ်စခန်းအတွင်းတွင် ပါမောက္ခ ထျန်းကွမ်းသည် ဟိုလိုဂရပ်ဖစ် ပရိုဂျက်ရှင်ကို ကြည့်ရင်း စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

သူ၏ အလိုလိုသိစိတ်က ကျန်းဟန်သည် မြေအောက်ရေကန်ထဲတွင် မယုံနိုင်စရာ တစ်စုံတစ်ခုကို သေချာပေါက် လုပ်ဆောင်ခဲ့သည်ဟု ပြောပြနေ၏။

“ခင်ဗျားက ဒီဟိုလိုဂရပ်ဖစ် သဲပြင်ပန်းချီက အရာအားလုံးကို သိနိုင်တယ်လို့ ထင်နေတာလား။ သဲပြင်ပန်းချီ သားရဲက လျှို့ဝှက်ဆန်းကြယ်အမျိုးအစား သားရဲဖြစ်ပေမယ့် သူ့မှာလည်း ကန့်သတ်ချက်တွေ ရှိတယ်။ အဲဒီနေရာမှာ အလင်းရောင် လုံးဝမရှိသလို ပျားအသေကောင်တွေနဲ့ ပိတ်ဆို့နေတာကြောင့် မြင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။”

နည်းပြ ဖန်ထျန်းယွီက မျက်လုံးလှန်ကြည့်ကာ ပြောလိုက်၏။

မှန်ပေသည်။ သူ့ရှေ့ရှိ ဧရာမ သဲပြင်ပန်းချီမှာ တကယ်တမ်းတွင် ထူးခြားသော လျှို့ဝှက်ဆန်းကြယ် အမျိုးအစား သားရဲတစ်ကောင် ဖြစ်သည်။ ၎င်းမှာ ၎င်း၏ ကိုယ်ပွားသာဖြစ်ပြီး ၎င်း၏ အဓိကကိုယ်ခန္ဓာ အစစ်အမှန်မှာ နိုင်ငံတော်အဆင့် ၂ သားရဲမွေးမြူရေးဥယျာဉ် တစ်ခုလုံးအနှံ့ ပျံ့နှံ့နေပေသည်။

“ဒါပေမဲ့ ဒီကောင်လေးကို ငါ ပိုပို‌ပြီး သဘောကျလာပြီ။ နည်းနည်းလောက် တစ်ကိုယ်ကောင်းဆန်တာကလွဲရင် သူမှာ အားနည်းချက် လုံးဝမရှိဘူး။ ဒီလူငယ်တွေအားလုံးကလည်း မဆိုးလှပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ အခြေအနေကို သုံးသပ်နိုင်စွမ်းက အရမ်းအားနည်းလွန်းတယ်။ ဒီခရီးစဉ်အပြီးမှာ ဒီကောင်လေးက အကြီးမားဆုံး အကျိုးအမြတ်ကို ရရှိသွားတဲ့သူပဲ။”

နည်းပြ ဖန်ထျန်းယွီက သဲပြင်ပန်းချီဘက်သို့ ပြန်ကြည့်လိုက်ပြီး ကျန်းဟန်အပေါ် ပိုမိုကျေနပ်အားရမိနေသည်။

“ဒီကောင်လေးရဲ့ လျှို့ဝှက်ချက်တွေက မသေးဘူး။ သူမှာ သေချာပေါက် မူလရေစွမ်းအင် ရတနာတစ်ခု ရှိနေတယ်။ အဲဒီ ရေသူမလေးဆိုတာ မင်း အန္တာတိကတိုက် အတွင်းပိုင်းကနေ ပြန်သယ်လာခဲ့တာမလား။ ဒီနှစ်ထဲမှာ လူငယ်သောင်းနဲ့ချီပြီး ဒီကို လာခဲ့ကြတာတောင် သူတစ်ယောက်တည်းပဲ ဒီရေသူမလေးကို ချဉ်းကပ်နိုင်ခဲ့တာ။”

ပညာရှင်တစ်ယောက်အနေဖြင့် ပါမောက္ခ ထျန်းကွမ်းက ကျန်းဟန်၏ လျှို့ဝှက်ချက်များကို ပို၍ စိတ်ဝင်စားသည်။ ကျန်းဟန်သည် မွေးမြူရေးပညာရပ် လေ့လာမှုကို တိုးတက်စေနိုင်မည့် ကြီးမားသော လျှို့ဝှက်ချက်တစ်ခုကို ပိုင်ဆိုင်ထားနိုင်သည်ဟု သူ ခံစားနေရသည်။

အကြောင်းရင်းကို သူ မပြောပြနိုင်သော်လည်း အထွတ်အထိပ် မွေးမြူရေးပညာရှင် ဖြစ်လာရန် ခြေတစ်လှမ်းအလိုတွင် ရှိနေသူတစ်ယောက်အနေဖြင့် သူ၏ အလိုလိုသိစိတ်မှာ အမြဲတမ်း တိကျလေ့ရှိသည်။

“ခင်ဗျားရဲ့ အပြုအမူက အရမ်း စိတ်အနှောင့်အယှက်ဖြစ်ဖို့ ကောင်းတယ်နော်။ ကျုပ် သူ့ကို အောင်အောင်မြင်မြင် မစည်းရုံးနိုင်သေးခင်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး လိုက်မမေးစမ်းပါနဲ့။”

နည်းပြ ဖန်ထျန်းယွီက မကျေမနပ်ဖြင့် ပြောလိုက်သည်။ အသိပညာအပေါ် အလွန်အမင်း တပ်မက်မှုနှင့် စူးစမ်းလိုစိတ်မှာ ပညာရှင်များ၏ အဖြစ်များသော အကျင့်စရိုက် ဖြစ်သည်ကို သူ သိသော်လည်း စိတ်အနှောင့်အယှက် ဖြစ်မိဆဲပင်။

...

အခြားတစ်ဖက်တွင်မူ ကျန်းဟန်နှင့် လီဇီဝေတို့သည် ပျားရည်များ အလုံအလောက် ခိုးယူနိုင်ခဲ့ကြပြီး ပျားအုံထဲမှ လွတ်မြောက်လာခဲ့ကြပြီဖြစ်သည်။

“ပျားသုဓာတစ်စက်မှ မရလိုက်တာ နှမြောစရာပဲ။ အဲဒီကောင်တွေက ပျားအုံကို တွင်းကြီးပေါက်အောင် ဖောက်လိုက်ကြတယ်။ ပျားတွေက ရူးသွပ်ကုန်ပြီး အနားကပ်ဖို့တောင် မဖြစ်နိုင်တော့ဘူး။”

ကျန်းဟန်က အဝေးတွင် ပရမ်းပတာ ပျံသန်းနေသော ထူထပ်သိပ်သည်းလှသည့် ပျားအုပ်ကြီးကို ကြည့်ကာ နှမြောတသဖြင့် ပြောလိုက်သည်။

“ငါတို့ ပျားရည် နှစ်ကုဗမီတာကျော် ရပြီးပြီလေ။ အဲဒါတွေအားလုံးက အနည်းဆုံး အဆင့် ၂ ဝိညာဉ်ပစ္စည်းတွေပဲ။ ဒါက လုံလောက်ပါပြီ။”

“ဒါဆို သွားကြစို့။ ငါတို့ ထွက်ခွာရမယ့် အချိန်ရောက်ပြီ။”

ကျန်းဟန်က သက်ပြင်းတစ်ချက်ချကာ ပြောလိုက်၏။

ထို့နောက် သူနှစ်ယောက်သည် မြစ်ကြီးဆီသို့ ပြန်လာခဲ့လိုက်ကြသည်။ ရေသူမလေးမှာ ရှိမနေတော့သော်လည်း ကျန်းဟန်က ရေထဲသို့ လက်ထည့်လိုက်သည်နှင့် မကြာမီမှာပင် ရေသူမလေးမှာ သူမ၏အမြီးကို ဝှေ့ယမ်း၍ ကူးခတ်လာလေသည်။

“အီယာ...”

ရေသူမလေးသည် ကျန်းဟန်၏ လက်ချောင်းကို စုပ်ယူလိုက်ပြီး ရေအရင်းအမြစ်မှ ကျန်ရှိနေသော အငွေ့အသက်ကို စားသုံးလိုက်၏။

သို့သော်လည်း သူမကို ချစ်စရာကောင်းသည်ဟု ခေါ်ဆို၍မရပေ။ ရေသူမလေးမှာ ရေသူမတစ်ယောက်ထက် ရေမိစ္ဆာတစ်ကောင်နှင့် ပို၍တူနေပေသည်။

“သွားကြစို့။ ငါနဲ့အတူ ဒီနေရာကနေ ထွက်သွားရအောင်။”

ကျန်းဟန်က ရေသူမလေးကို ကြည့်ကာ ပြောလိုက်သည်။

“အီယာ...”

ရေသူမလေးက ခေါင်းမော့ကြည့်လိုက်ပြီး အနည်းငယ် တွန့်ဆုတ်နေ၏။

“ငါ့မှာ ဒီဟာတွေ အများကြီး ရှိသေးတယ်နော်။”

ကျန်းဟန်က သိုလှောင်သေတ္တာထဲမှ ရေအရင်းအမြစ်ကို ထပ်မံ ထိတွေ့လိုက်ရာ သူ၏ လက်မှာ ရေအရင်းအမြစ် အငွေ့အသက်များဖြင့် ချက်ချင်း ပေကျံသွားခဲ့သည်။

“အီယာ....”

ယခုတစ်ကြိမ်တွင်မူ ရေသူမလေးမှာ တွန့်ဆုတ်မနေတော့ဘဲ ကျန်းဟန်နောက်သို့ လိုက်ပါသွားကာ ဝေးရာသို့ ပြေးထွက်သွားခဲ့တော့လေသည်။

မကြာမီမှာပင် သားရဲထိန်းချုပ်ခြင်းဥယျာဉ်၏ စီမံခန့်ခွဲသူများဖြစ်ကြသည့် စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများသည် ကျန်းဟန်နှင့် အခြားသူများကို လာရောက်ခေါ်ဆောင်ရန် စတင်လှုပ်ရှားကြတော့သည်။

ဤနေရာတွင် စူးစမ်းလေ့လာချိန်မှာ တစ်ရက်သာ ဖြစ်သည်။ သားရဲသားပေါက်တစ်ကောင်ကို ရနိုင်၊ မရနိုင်မှာ မိမိ၏ အရည်အချင်းအပေါ်သာ မူတည်ပြီး ယခုအခါ အချိန်စေ့ပြီ ဖြစ်သည်။

“ငါ အောင်အောင်မြင်မြင်နဲ့ စာချုပ်ချုပ်နိုင်ခဲ့ပြီ။ သူ့ရဲ့ အချက်အလက်တွေကို ကြည့်ကြည့်...မဆိုးဘူးမလား။”

လီဇီဝေသည် သူမပတ်လည်တွင် ရစ်ပတ်နေသော ချီမြွေကို ကြည့်ကာ ပြောလိုက်သည်။ သူမသည် အချိန်ပြည့် ကြိုးစားနေခဲ့ရာ ယခု ထွက်ခွာတော့မည့်အချိန်တွင် နောက်ဆုံး၌ အောင်မြင်သွားခဲ့ခြင်း ဖြစ်သည်။

သူမသည် ချီမြွေ၏ အချက်အလက်စာရင်းကို ကျန်းဟန်ထံသို့ ချက်ချင်း ပြသလိုက်၏။

[သားရဲအမည်] : ချီမြွေ

[မျိုးနွယ်] : အသားတစ်ပိုင်း၊ အငွေ့တစ်ပိုင်း သတ္တဝါ

[ဂုဏ်သတ္တိ] : မူလကတည်းက ဂုဏ်သတ္တိမရှိ။ ချီလမ်းစဉ်ကို ပိုင်ဆိုင်သည်

[အဆင့်] : အစေခံအဆင့် နှောင်းပိုင်း

[အလားအလာ] : ကြယ်နှစ်ပွင့် (မူလက ကြယ်သုံးပွင့်၊ တစ်ပွင့်သုံးစွဲပြီး၊ ကြယ်နှစ်ပွင့် ကျန်ရှိသည်။ အနာဂတ်တွင် ပုံမှန်ကြီးထွားမှုဖြင့် ခေါင်းဆောင်အဆင့်အထိ ရောက်ရှိနိုင်သည်။)

[ပင်ကိုယ်စွမ်းရည်]: လေအိတ်

(ချီမြွေ၏ သီးသန့်စွမ်းရည်။ ၎င်း၏အတွင်း၌ လေစီးကြောင်း အမျိုးမျိုးကို သိုလှောင်နိုင်သော လေခန်းငယ်များစွာ ရှိသည်။ စုပ်ယူထားသော မည်သည့်လေစီးကြောင်းမဆို ၎င်းက ချက်ချင်းသန့်စင်ကာ တိုက်ခိုက်မှုနည်းလမ်းအဖြစ် ပြောင်းလဲပေးနိုင်သည်။)

အငွေ့အသွင်ပြောင်းခြင်း - ချီမြွေသည် အငွေ့အခြေအနေနှင့် သွေးသားရှိသော ကိုယ်ခန္ဓာအကြား အသွင်ပြောင်းနိုင်သည်။ အငွေ့အခြေအနေသို့ ပြောင်းလဲပြီးနောက် ရရှိမည့် ထိခိုက်မှုများကို များစွာ လျှော့ချနိုင်သည်။)

[ကျွမ်းကျင်မှု] : ချီဓား။

[ဆင့်ကဲပြောင်းလဲမှု] : မသိရှိရသေး။

[မိတ်ဆက်] : ချီမြွေသည် တခြားတိုက်ကြီးများမှ ထူးခြားသော သတ္တဝါဖြစ်သည်။ လူသားများသည် ၎င်းနှင့်ပတ်သက်၍ သုတေသနပြုမှု အလွန်နည်းပါးပြီး မတူညီသော ဆင့်ကဲပြောင်းလဲမှုပုံစံ အချို့ရှိသည်ကိုသာ သိရှိထားသည်။ အဖြစ်အများဆုံးမှာ တန်ဖိုးကြီးပြီး ထူးခြားသော ဓာတ်ကြီးငါးပါး လေစီးကြောင်းများကို သန့်စင်၍ ငါးရောင်စုံ ချီစပါးအုံးမြွေအဖြစ် ဆင့်ကဲပြောင်းလဲခြင်း ဖြစ်သည်။

All Chapters