အခန်း ၂၃၅
Vol. 24 Ch. 235
အခန်း ၂၃၅
ရှန်းဟွာမြို့သို့ ပြန်လည်ရောက်ရှိသောအခါ ည ၉ နာရီပင် ရှိနေပြီဖြစ်သည်။ ကျောင်းတွင် နာမည်ခေါ်ပြီးနောက် လူတိုင်း မိမိတို့၏ အိပ်ဆောင်များသို့ ပြန်သွားခဲ့ကြသည်။
ကျန်းဟန်သည် ယခင်ကကဲ့သို့ အထီးကျန်သည့် အခြေအနေတွင် ရှိမနေတော့ပေ။ သူ၏ အခန်းဖော်များသည် ဤပါရမီရှင်ကြီးနှင့် အတူရှိနေချင်ကြ၏။ သူနှင့် စကားပြောခွင့်ရခြင်းသည်ပင် သူတို့အတွက် ဂုဏ်ယူစရာ ဖြစ်နေသည်။ သို့သော် ကျန်းဟန်သည် အထီးကျန်နေသည့်အချိန်များကိုသာ ပို၍နှစ်သက်ပေသည်။ သူတစ်ပါး၏ အာရုံစိုက်ခြင်းကို မခံဘဲ နေရခြင်းက ပို၍ သက်သောင့်သက်သာ ရှိသည်။ ထို့ကြောင့် အခန်းဖော်များ မရှိသည့် အိမ်သို့ ပြန်ရန်သာ သူ ရွေးချယ်လိုက်သည်။
ရေသူမလေးကို အိမ်သို့ ခေါ်ဆောင်လာပြီးနောက် ကျန်းဟန်သည် ဤသတ္တဝါကို ဂရုတစိုက် စစ်ဆေးကြည့်ရှုလိုက်၏။ ၎င်းသည် ရေသူမတစ်ယောက်ဟု ထင်ရမည့် ပုံစံမျိုးနှင့် အလွန်ပင် ကွဲပြားပြီး ထူးခြားလှပေသည်။
“အီယာ....။”
ထိုသတ္တဝါငယ်လေးသည် မြေပြင်မှ အနည်းငယ် အမြင့်တွင် လွင့်မျောနေပြီး ၎င်း၏ပတ်လည်တွင် အပြာရောင် ရေငွေ့များ ဝန်းရံနေသည်။ ၎င်းသည် ကျန်းဟန်ကို ကြည့်ကာ တစ်စုံတစ်ခုကို တတွတ်တွတ် ပြောနေ၏။ ထို့နောက် ငါးမန်းကဲ့သို့ ထက်မြက်သော သွားများဖြင့် ပြည့်နေသည့် ၎င်း၏ ပါးစပ်ကိုဟကာ အစားအစာ တောင်းခံနေခဲ့သည်။
“တကယ်ကို ထူးခြားတာပဲ။”
၎င်းသည် ၎င်း၏ ပါးစပ်ကို အလွန်ကျယ်ကျယ် ဟနိုင်သည်ကို ကျန်းဟန် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ချယ်ရီသီးအရွယ်လောက်သာ ရှိမည့် ၎င်း၏ ပါးစပ်ငယ်လေးထဲတွင် ထက်မြက်သော သွားတန်းများစွာ ရှိပြီး ဘတ်စကက်ဘောလုံးတစ်လုံးအရွယ်လောက်အထိ ဟနိုင်နေသည်။
သမုဒ္ဒရာထဲတွင် အသက်ရှင်သန်နိုင်သည့် သတ္တဝါများမှာ သာမန်မဟုတ်သည်မှာ အမှန်ပင်။ ကြယ်ငါးပွင့် အလားအလာရှိသော ရေသူမလေးသည်လည်း ပေါ့ပေါ့တန်တန် သတ္တဝါမျိုး မဟုတ်ပေ။ အနက်ရောင် သမုဒ္ဒရာထဲတွင် ၎င်းသည် သားရဲတစ်ကောင်ကို တစ်ကိုက်တည်းနှင့် မြိုချနိုင်ပေလိမ့်မည်။ ကျန်းဟန်မှာ ရေသူမလေးကဲ့သို့သော သမုဒ္ဒရာ သားရဲများအကြောင်းကို အများကြီး မသိရှိသေးပေ။
“အီယာ...”
ကျန်းဟန် လှုပ်ရှားမှု မရှိသည်ကို မြင်သောအခါ သတ္တဝါငယ်လေးသည် ဒေါသအနည်းငယ် ထွက်လာပြီး ဟိန်းဟောက်လိုက်၏။ ၎င်းသည် ‘အိမ်ရောက်ရင် အရသာရှိတဲ့ အစားအစာတွေ အများကြီး ကျွေးမယ်လို့ ကတိပေးထားတယ်မဟုတ်ဘူးလား’ ဟု ပြောနေသည့်အလားပင်။
“စိတ်မစောပါနဲ့။ ကြည့်စမ်း...ဒါ ဘာလေးလဲ။”
ကျန်းဟန်သည် သူ၏ သိုလှောင်သေတ္တာထဲမှ ကလေးခေါင်းတစ်လုံးစာ အရွယ်အစားရှိသော မူလရေအရင်းအမြစ် တစ်ခုလုံးကို ထုတ်ယူလိုက်သည်။
“အီယာ...”
ရေအရင်းအမြစ် အကြီးကြီးကို မြင်လိုက်ရသောအခါ ရေသူမလေးမှာ ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ သူမ၏ အမြီးကို ဝှေ့ယမ်းကာ ရှေ့သို့ ခုန်ပေါက်လိုက်ပြီး သားကောင်ကို အမဲလိုက်သကဲ့သို့ တစ်ကိုက်တည်းနှင့် မြိုချရန် ကြိုးစားလိုက်သည်။
“မလောနဲ့လေ...”
“အီယာ...”
ကျန်းဟန် စကားမဆုံးခင်မှာပင် ရေသူမလေးမှာ နောက်တစ်ကြိမ် ခုန်ပေါက်လာပြန်၏။
ဗြိခနဲအသံတစ်ခြနှင့်အတူ ကျန်းဟန်၏ အဝတ်အစားတစ်စကို ဆွဲဖြဲပစ်လိုက်သည်။ ယခင်က ၎င်းသည် ရေအရင်းအမြစ်၏ ဆွဲဆောင်မှုကြောင့်သာ ငြိမ်နေခဲ့ခြင်း ဖြစ်သည်။ ယခု ကျန်းဟန်က ဟုတ်ဟုတ်ကို မထုတ်ထားသလို အနီးအနားတွင်လည်း သားရဲများ မရှိသဖြင့် ရတနာ၏ ဆွဲဆောင်မှုအောက်တွင် ၎င်း၏ သဘာဝစရိုက် အစစ်အမှန်ကို ထုတ်ပြလိုက်တော့သည်။
၎င်းသည် အရူးအမူး ကိုက်ခဲရုံသာမက လက်များမှ ထက်မြက်သော လက်သည်းများ ထွက်ပေါ်လာပြီး ကျန်းဟန်ကို ကုတ်ခြစ်လိုက်၏။ ကျန်းဟန်ပင်လျှင် မမျှော်လင့်ထားဘဲ သူ၏ လက်မောင်းတွင် လက်သည်းရာများ ထင်သွားပြီး ကိုက်ခဲခြင်းကို ခံလိုက်ရသည်။
“ရပ်လိုက်စမ်း”
ကျန်းဟန်က ဒေါသတကြီး အော်ဟစ်လိုက်၏။
အစီအရင်စက်ဝန်းတစ်ခု ထွက်ပေါ်လာပြီးနောက် ဟုတ်ဟုတ် ပေါ်လာကာ ၎င်း၏ ကြီးမားထက်မြက်သော လက်သည်းများဖြင့် ရေသူမလေးကို မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ဖိနှိပ်လိုက်တော့သည်။
“အီယာ...အီယာ...”
ရေသူမလေးက ရက်စက်ကြမ်းကြုတ်စွာ အော်ဟစ်လိုက်၏။ ကျန်းဟန်၏ လက်ထဲရှိ ရေအရင်းအမြစ် ကြီးမားမှုက ၎င်း၏ စိတ်ကို ရူးသွပ်သွားစေခဲ့သည်။ ၎င်း၏ သားရဲစိတ်က ကျိုးကြောင်းဆင်ခြင်ခြင်းထက် ပိုမိုလွှမ်းမိုးသွားပြီး ဟုတ်ဟုတ်၏ ဖိနှိပ်ခြင်းကို ခံနေရစဉ်မှာပင် ၎င်းက သတိပြန်မဝင်သေးပေ။
“မင်း ဒါကို စားချင်တာလား။ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ မခုခံဘဲ ငါနဲ့ စာချုပ်ချုပ်လိုက်။ ဒါဆိုရင် ဒီအရာအားလုံး မင်းပိုင် ဖြစ်သွားလိမ့်မယ်။”
ကျန်းဟန်က ၎င်းကို ကြည့်ကာ ပြောလိုက်သည်။
အစပိုင်းတွင် ရေသူမလေးက သူ့ကို လျစ်လျူရှုထားခဲ့သော်လည်း တဖြည်းဖြည်းနှင့် ၎င်းသည် အရှုံးပေးမှသာလျှင် ဤပစ္စည်းကို ရရှိနိုင်မည်ဖြစ်ကြောင်း နားလည်သွားတော့သည်။ ၎င်း၏ မျက်လုံးများက ကျန်းဟန်၏လက်ထဲရှိ ရေအရင်းအမြစ်ဆီမှ ခွာမရသေးသော်လည်း တဖြည်းဖြည်းနှင့် ငြိမ်သက်သွားတော့သည်။
“လာခဲ့။ ဒါကို သောက်လိုက်။ ဒါဆိုရင် အားလုံး မင်းပိုင် ဖြစ်သွားလိမ့်မယ်။”
ကျန်းဟန်က ဆေးရည်ပုလင်းတစ်လုံးကို ထုတ်ယူကာ ရေသူမလေးကို တိုက်လိုက်သည်။
“ဂလု...”
ရေသူမလေးသည် ၎င်း၏ ပါးစပ်ကြီးကို ဟကာ တစ်ခါတည်း အကုန်သောက်လိုက်၏။ မကြာမီမှာပင် ၎င်းသည် တစ်ကိုယ်လုံး အားအင်ကုန်ခမ်းသွားသလို ခံစားလိုက်ရပြီး မူးဝေစွာနှင့် အိပ်ပျော်သွားတော့သည်။
“နောက်ဆုံးတော့ တိတ်ဆိတ်သွားခဲ့ပြီ။”
ကျန်းဟန် သက်ပြင်းတစ်ချက်ချလိုက်မိ၏။ ဤဆေးရည်မှာ ရေစွမ်းအင် သားရဲများအတွက် အထူးထုတ်လုပ်ထားသည့် စာချုပ်ချုပ်ဆိုခြင်းဆေးရည် ဖြစ်သည်။ ၎င်းကို သောက်ပြီးနောက် သားရဲသည် ခုခံနိုင်စွမ်းမရှိသော အိပ်စက်ခြင်းအခြေအနေသို့ ရောက်ရှိသွားသဖြင့် လူသားများအတွက် စာချုပ်ချုပ်ရန် လွယ်ကူစေသည်။
သူသည် ဒုတိယအဆင့် အခြေခံအဆင့် သားရဲထိန်းချုပ်သူသာ ဖြစ်သော်လည်း သူ၏ အရည်အချင်းကြောင့် အဆင့်တိုင်းတွင် အခြားသူများထက် သားရဲထိန်းချုပ်ခြင်း မျိုးစေ့တစ်စေ့ ပိုမိုရရှိထားသည်။ ထို့ကြောင့် အသုံးမပြုရသေးသော မျိုးစေ့ နှစ်စေ့ ကျန်ရှိနေသေးသည်။ အကယ်၍ ဤအချက်ကို ဖုံးကွယ်ထားစရာ မလိုပါက သားရဲထိန်းချုပ်ခြင်း ဥယျာဉ်ထဲမှာပင် ရေသူမလေးကို စာချုပ်ချုပ်ထားနှင့်ပြီး ဖြစ်လိမ့်မည်။
ခရီးတစ်လျှောက်လုံးတွင် ကလေးတစ်ယောက်ကို ချော့မြူရသကဲ့သို့ အချိန်ပြည့် ဂရုစိုက်နေရခြင်းမှာ အမှန်တကယ် ပင်ပန်းလှပေသည်။ ထိုသို့ ချော့မော့၍ ရင်းနှီးမှုတည်ဆောက်ခဲ့ရသော်လည်း ရေအရင်းအမြစ်ကို မြင်သည်နှင့် အရာအားလုံး ပျက်စီးသွားပြီး ချက်ချင်းပင် သူ့ကို ပြန်လည်တိုက်ခိုက်ခဲ့၏။ သူသာ နဂါးအကာအကွယ်ခြင်းမရှိခဲ့ဘဲ ပိုင်လင်းက နာကျင်မှုကို ကိုယ်စားမယူပေးခဲ့လျှင် သူ၏ လက်မောင်းကို ဆုံးရှုံးရမည်မှာ သေချာသည်။
“စာအုပ်ထဲမှာ ရေးထားတာ မှန်တာပဲ။ သားရဲတွေနဲ့ ဆက်သွယ်နိုင်တဲ့ နှလုံးသားချင်း ထပ်တူကျခြင်းစွမ်းရည် မရှိရင် စာချုပ်မချုပ်ရသေးသော သားရဲတွေနဲ့ ဆက်သွယ်ဖို့ မကြိုးစားတာ အကောင်းဆုံးပဲ။ လူသားတွေရဲ့ လွှမ်းမိုးမှု မရှိရင် သားရဲတွေရဲ့ တိရစ္ဆာန်စိတ်က သူတို့ရဲ့ ဆင်ခြင်တုံတရားထက် အများကြီး သာလွန်နေတတ်တယ်။”
ကျန်းဟန်က ခေါင်းခါရင်း သက်ပြင်းချကာ ရေသူမလေး၏ ခေါင်းပေါ်သို့ လက်တင်၍ စာချုပ်ချုပ်ရန် ပြင်ဆင်လိုက်သည်။ သူသည် ၎င်း နိုးနေစဉ်မှာပင် စာချုပ်ချုပ်ကြည့်ရန် ကြိုးစားချင်ခဲ့သော်လည်း နောက်ဆုံးတွင် လက်လျှော့လိုက်၏။ သူ့အတွက် မတော်တဆ ထိခိုက်ဒဏ်ရာ ရသွားနိုင်ပြီး ဤကောင်လေးကိုလည်း သူ မယုံကြည်နိုင်သေးချေ။
သားရဲထိန်းချုပ်ခြင်း စာချုပ်ချုပ်ဆိုပြီးမှသာလျှင် သားရဲများသည် တဖြည်းဖြည်းနှင့် ယဉ်ကျေးပြီး ဆင်ခြင်တုံတရား ရှိလာတတ်ကြပြီး ၎င်း၏ အဓိက အကြောင်းရင်းမှာ စာချုပ်ကြောင့်ပင် ဖြစ်သည်။ လူသားများသည် စာချုပ်မှတစ်ဆင့် သားရဲများ၏ တုံ့ပြန်မှုကို ရရှိပြီး သားရဲများသည်လည်း လူသားတို့၏ လွှမ်းမိုးမှုအောက်တွင် တဖြည်းဖြည်းနှင့် ဉာဏ်အလင်းပွင့်လာကာ တိရစ္ဆာန်စိတ်များ လျော့ပါးသွားတတ်ကြသည်။
ဤဖြစ်စဉ်သည် နှစ်ဦးနှစ်ဖက်အပြန်အလှန် ဖြစ်သောကြောင့် အချို့လူများသည်လည်း သားရဲများ၏ လွှမ်းမိုးမှုကို ခံရတတ်ကြသည်။ ၎င်းတို့သည် ကြောင်နားရွက် သို့မဟုတ် မြေခွေးအမြီးကဲ့သို့သော သားရဲများ၏ လက္ခဏာများ ပေါ်ပေါက်လာရုံသာမက စိတ်နေစိတ်ထားများပင် သိသိသာသာ ပြောင်းလဲသွားတတ်ကြပေသည်။ ဤအခြေအနေမျိုးသည် အဆင့်နိမ့် သားရဲထိန်းချုပ်သူများက အဆင့်မြင့် သားရဲများကို စာချုပ်ချုပ်ဆိုသည့်အခါမျိုးတွင် မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။
စာချုပ်၏ ကန့်သတ်ချက်အရ အဓိကအဆင့်ကြီး တစ်ဆင့်သာ ကွာခြားနိုင်သော်လည်း အဆင့်မြင့်လာသည်နှင့်အမျှ ထိုကွာဟချက်မှာ ပိုမိုကြီးမားလာမည်ဖြစ်သည်။ တစ်ချိန်က အဆင့် ၆ သားရဲထိန်းချုပ်သူတစ်ဦးသည် အဆင့် ၇ အုပ်စိုးသူအဆင့်သားရဲကို စာချုပ်ချုပ်ဆိုခဲ့ရာ သားရဲ၏ လူသတ်လိုစိတ်ဆန္ဒ၏ လွှမ်းမိုးခြင်းကို ခံခဲ့ရပြီး နောက်ဆုံးတွင် လူသန်းပေါင်းများစွာကို သတ်ဖြတ်ကာ မြို့အချို့ကိုပင် ပျက်စီးစေခဲ့သည်။
ထို့ကြောင့် သားရဲများကို ငယ်စဉ်ကတည်းက မွေးမြူရန် တိုက်တွန်းထားခြင်း ဖြစ်ပေသည်။ အဆင့်ဆင့် မွေးမြူလာသော သားရဲများကသာ အသင့်တော်ဆုံး ဖြစ်သည်။
ကျန်းဟန်က အာရုံစိုက်လိုက်သောအခါ သူ၏ သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲမှ အဖြူရောင် သားရဲထိန်းချုပ်ခြင်း မျိုးစေ့နှစ်စေ့ထဲမှ တစ်စေ့သည် ဝူးကနဲ ထွက်ပေါ်လာပြီး သူ၏ လက်မှတစ်ဆင့် ရေသူမလေး၏ ကိုယ်ခန္ဓာထဲသို့ ဝင်ရောက်သွားကာ ၎င်း၏ သားရဲအမြုတေထဲသို့ လျင်မြန်ချောမွေ့စွာ ဝင်ရောက်သွားတော့သည်။
ထိုသားရဲထိန်းချုပ်ခြင်း မျိုးစေ့သည် ၎င်း၏ အမြုတေအတွင်းသို့ လျင်မြန်ချောမွေ့စွာ ဝင်ရောက်သွားခဲ့သည်။
အတွင်းပိုင်းတွင် နားလည်ရခက်လှသော စာချုပ်ချုပ်ဆိုခြင်း လုပ်ငန်းစဉ် ပြီးဆုံးသွားပြီးနောက် ထိုသားရဲထိန်းချုပ်ခြင်း မျိုးစေ့သည်သည် သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲသို့ ပြန်လည်ရောက်ရှိလာ၏။ သို့သော် ယခုတစ်ကြိမ်တွင် ၎င်းသည် အဖြူရောင် မဟုတ်တော့ဘဲ ရေပြာရောင်အဖြစ် ပြောင်းလဲသွားပြီး ၎င်းပေါ်တွင် ရေသူမလေး၏ ပုံစံတစ်ခု ပေါ်ထွက်လာခဲ့သည်။
သားရဲထိန်းချုပ်ခြင်း မျိုးစေ့ ပြန်ရောက်လာသည်နှင့် တစ်ပြိုင်နက် သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်သည်လည်း ထပ်မံကျယ်ပြန့်လာပြီး ရေဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်နေသည့် နေရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဤသည်မှာ ရေစွမ်းအင် သားရဲများ ပြန်လည်အနားယူရန် သင့်လျော်သော ပတ်ဝန်းကျင်တစ်ခု ဖြစ်သည်။
“အော...သခင် သားရဲအသစ်တစ်ကောင်နဲ့ စာချုပ်ချုပ်လိုက်တာလား။ ကျွန်တော့်မှာ အဖော်အသစ် ရလာတော့မှာလား။”
ထိုလှုပ်ရှားမှုကြောင့် ဟင်းလင်းပြင်ထဲတွင် အေးဆေးစွာ အိပ်ပျော်နေသော ပိုင်လင်စတစ်ယောက် နိုးလာခဲ့လေသည်။ ၎င်းသည် ပျံသန်းလာပြီး အသစ်ဖြစ်ပေါ်လာသော နေရာကို စူးစမ်းကြည့်ရှုလိုက်သည်။ ၎င်း၏ အရွယ်အစားမှာ ပိုင်လင်း၏ နယ်မြေထက် သိသာစွာပင် သေးငယ်နေပေသည်။
သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်အတွင်းရှိ နယ်မြေအရွယ်အစားသည် ၎င်းတို့၏ စွမ်းအားများနှင့်လည်း သက်ဆိုင်နေပြီး ကျန်းဟန်၏ ခန္ဓာကိုယ်အတွင်းမှ ပြန်လည်ရရှိသော စွမ်းအင်များ၏ လက်တွေ့ပြသမှုတစ်ခုနှင့် ဆင်တူသည်။
“ဟုတ်တယ်။ ခဏနေရင် ငါ မင်းတို့ကို မိတ်ဆက်ပေးမယ်။”
ကျန်းဟန်က ပိုင်လင်းကို ပြန်ဖြေလိုက်သည်။
သူသည် ရေသူမလေးထံမှ ရရှိမည့် စွမ်းအင်တုံ့ပြန်မှု မည်မျှရှိမည်ကို သိလိုသော်လည်း မမျှော်လင့်ထားဘဲ သူ၏ ခန္ဓာကိုယ်ထဲတွင် ထူးခြားမှု တစ်စုံတစ်ရာကို မခံစားခဲ့ရပေ။
ဖြစ်နိုင်သည်မှာ ဟုတ်ဟုတ်နှင့် ပိုင်လင်းတို့ထံမှ ရရှိသော စွမ်းအင်များနှင့် နှိုင်းယှဉ်လျှင် ရေသူမလေး၏ စွမ်းအင်မှာ အလွန်ပင် အားနည်းနေသေး၍ ဖြစ်ပေလိမ့်မည်။