← Chapters

အခန်း ၂၃၈

Vol. 24 Ch. 238

အခန်း ၂၃၈

Vol. 24 Ch. 238

အခန်း ၂၃၈

“အဲကောင်လား။ အဲဒါက သူ့ရဲ့ တိုးတက်မှုနဲ့ အဆင့်တက်နိုင်ခြင်းက မင်းအပေါ်မှာ မူတည်တယ်လို့ ငါပြောလိုက်လို့ ဒီလိုဖြစ်သွားတာလေ။”

လျိုယွဲ့က ပခုံးတွန့်ကာ ပြောလိုက်သည်။

“ကွာ့...ကြီးမြတ်သော သခင်လေး ကျန်းဟန်...အရင်က အပေါ်ယံဆက်ဆံခဲ့မိတဲ့ ဒီငှက်ကို ခွင့်လွှတ်ပေးပါ။”

အရောင်စုံ ကြက်တူရွေးက ဦးညွှတ်ကာ ပြောလိုက်သည်။

“ဒါက ပိုင်လင်းနဲ့ ပတ်သက်နေတာလား။”

ကျန်းဟန်သည် အရောင်စုံ ကြက်တူရွေးကို တစ်ချက်ကြည့်လိုက်ပြီး လျိုယွဲ့ကို မေးလိုက်သည်။

“ဟုတ်တယ်။ ငါ စမ်းသပ်မှုတစ်ခု လုပ်နေတာပါ။ အရေးကြီးတဲ့ အချိန်ကျရင် ပိုင်လင်းရဲ့ အကူအညီကို လိုအပ်ကောင်း လိုအပ်နိုင်တယ်။”

လျိုယွဲ့က ပြောလိုက်သည်။

“ရပါတယ်။ အချိန်တန်ရင် ကျွန်တော် သေချာပေါက် ကူညီပေးပါမယ်။”

ကျန်းဟန်က ပြုံးကာ ပြောလိုက်သည်။

“ကွာ့...သခင်လေး ကျန်းဟန်...သခင်လေးက ကျုပ်ရဲ့ သခင်မလို ကြင်နာတတ်သူပဲ။ သခင်လေး...ဒီကြက်တူရွေးက အခုကစပြီး သခင်လေးရဲ့ အသစ္စာအရှိဆုံး နောက်လိုက် ဖြစ်လာမှာပါ။”

ကြက်တူရွေးက အော်ဟစ်ပြောဆိုလိုက်သည်။ ၎င်း၏ ဉာဏ်ရည်မှာ ကျန်းဟန် ယခင်က မြင်ဖူးသမျှ သားရဲများထဲ၌ အမြင့်ဆုံးပင် ဖြစ်သည်။

အိမ်ရှေ့ခန်းသို့ ပြန်သွားပြီးနောက် လျန်ပင်းသည် ခရီးထွက်ရန်အတွက် ပစ္စည်းများ သိမ်းဆည်းလိုက်၏။ ကျန်းဟန်သည်မူ ရောင်းချရန် စာရင်းပြုစုထားသော ပစ္စည်းများထဲမှ လျိုယွဲ့ လိုအပ်မည့်အရာများ ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးလိုက်သည်။

“တစ်ခါတုန်းက မင်းကို ငါ ဓားပြလို့ ထင်ခဲ့ဖူးတယ်။ သားရဲထိန်းချုပ်ခြင်း ဥယျာဉ်သွားရုံနဲ့ ဒီလောက် ပစ္စည်းတွေအများကြီး ဘယ်လို ရလာတာလဲ။”

လျိုယွဲ့သည် ထောက်ပံ့ရေး ပစ္စည်းစာရင်းကို ကြည့်ကာ အံ့ဩသွားခဲ့သည်။ တစ်ရက်တည်းနှင့် ဤမျှများပြားသော ပစ္စည်းများကို ရိတ်သိမ်းနိုင်ခြင်းမှာ အလွန်ပင် ရက်စက်လွန်းလှသည်။

“ဟားဟားဟား...ဒါပေမဲ့ ဒါက လုယက်လာတာ မဟုတ်ပါဘူး။ သူတို့က ကိုယ့်သဘောနဲ့ကိုယ် ပေးကြတာပါ။”

ကျန်းဟန်က ရယ်မောရင်း ပြောလိုက်သည်။

“မင်း ဒါတွေအကုန်လုံး ရောင်းချင်ရင် ငါ့ဆီမှာပဲ ထားခဲ့လိုက်ပါ။ ငွေကို မင်းဆီ လွှဲပေးထားမယ်။ ပြီးရင် ငါ ဒါတွေကို စုစည်းပြီး နောက်မှ ပြန်ရောင်းလိုက်မယ်။”

လျိုယွဲ့က ထပ်ပြောလာခဲ့သည်။ သူမသည် စာရင်းကို ကြည့်လိုက်ရာ သူမ လိုအပ်နေသည့် အင်းဆက် အမြုတေကဲ့သို့သော အလွန်အဖိုးတန်ပြီး သန့်စင်ရန် အချိန်ယူရမည့် ပစ္စည်းများ ပါဝင်နေလေသည်။ ၎င်းတို့သည် သူမ၏ သုတေသနအတွက် အလွန် အသုံးဝင်ပေသည်။

“ရပါတယ်။ ငွေလွှဲစရာ မလိုပါဘူး။ အဲဒီအစား ဆေးရည်တွေနဲ့ပဲ လဲပေးလိုက်ပါ။ ကျွန်တော် သားရဲအသစ်တစ်ကောင်နဲ့ ထပ်ပြီးစာချုပ် ချုပ်ထားတယ်။”

ကျန်းဟန်က ဖြည့်စွက် ပြောလိုက်သည်။

“မင်း တတိယမြောက် လက်ရွေးစင်အဆင့် သားရဲထိန်းချုပ်သူ ဖြစ်သွားပြီလား။ မဟုတ်သေးပါဘူး...မင်း အဆင့်မတက်သေးဘူး။ ဒါဆို မင်းက မွေးရာပါ သားရဲထိန်းချုပ်ခြင်းမျိုးစေ့ နှစ်ခု ပိုင်ရှင်လား။”

ကျန်းဟန်၏ စကားကို ကြားသောအခါ လျိုယွဲ့မှာ ချက်ချင်းပင် ထိတ်လန့်သွား၏။ သို့သော် ကျန်းဟန် အဆင့်မတက်သေးကြောင်း သေချာစွာ စစ်ဆေးကြည့်ပြီးနောက် မွေးရာပါ သားရဲထိန်းချုပ်ခြင်း မျိုးစေ့နှစ်ခု အကြောင်းကို ချက်ချင်း တွေးမိသွားခဲ့သည်။

“ဟားဟားဟား...ဒါက ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်ပါ အစ်မလျိုယွဲ့။ ကျွန်တော်နဲ့ အစ်မယိပဲ သိတာ။ အခု အစ်မက တတိယမြောက်လူပဲ။”

ကျန်းဟန်က ပြုံးကာ ဝန်ခံလိုက်၏။ လျိုယွဲ့က သူ့တွင် အစစ်အမှန် နဂါးရှိကြောင်းပင် သိထားပြီးဖြစ်ရာ ဤလျှို့ဝှက်ချက်ကို သိရှိသွားခြင်းမှာ ပြဿနာ မရှိတော့ပေ။ သူတို့ နှစ်ဦးကြားတွင် ယုံကြည်မှု တည်ဆောက်ပြီး ဖြစ်သလို အကျိုးစီးပွားများလည်း ဆက်စပ်နေပြီ ဖြစ်သည်။

“ရှောင်ယိက ဘာလို့ မင်းကို ဒီလောက်အထိ အထင်ကြီးနေတာလဲလို့ ငါ တွေးနေခဲ့တာ။ ဒါကြောင့်ကိုး။ မင်းက တကယ်ကို လျှို့ဝှက်ချက်တွေ အများကြီးနဲ့လူပဲ။ ဒီလို ပရိယာယ်ကြွယ်ဝတာမျိုးက လူငယ်တစ်ယောက်နဲ့တောင် မလိုက်ဘူး။”

လျိုယွဲ့က အံ့အားသင့်စွာ ပြောလိုက်သည်။ သူမသည် ကျန်းဟန်ကို အပြည့်အဝ နားလည်ထားပြီဟု ထင်ခဲ့သော်လည်း ဤကောင်လေးက သူမကို နောက်တစ်ကြိမ် ထပ်မံ ထိတ်လန့်သွားစေခဲ့ပြန်ပေပြီ။

အစစ်အမှန် နဂါးကို ပိုင်ဆိုင်ထားခြင်း၊ အခြားသူများထက် သားရဲထိန်းချုပ်ခြင်း မျိုးစေ့ အပိုပါလာခြင်း စသည့် ပါရမီရှင် အရည်အချင်းများစွာဖြင့် ကျန်းဟန်သည် အနာဂတ်တွင် မည်သည့်အဆင့်ထိ ရောက်ရှိသွားမည်ကို သူမ စူးစမ်းချင်နေမိသည်။

“ဒါက ကျွန်တော့်ရဲ့ တတိယမြောက် သားရဲ ရေသူမလေးပါ။ အစ်မလျိုယွဲ့... ကျွန်တော့်အတွက် ဆေးရည်နည်းနည်းလောက် ပြင်ဆင်ပေးလို့ ရမလား။ လျှို့ဝှက်ဆန်းကြယ်ခြင်း ဂုဏ်သတ္တိဘက်ကို ဦးတည်တဲ့ ဆေးရည်မျိုးပါ။”

ကျန်းဟန်သည် နိုးလာပြီဖြစ်သော ရေသူမလေးကို ထုတ်ပြကာ ပြောလိုက်သည်။ သူသည် အခြားသူများနှင့် မတူကြောင်း ရှင်းပြနေစရာ မလိုပေ။ အဆင့်တစ်ခု တက်တိုင်း သားရဲထိန်းချုပ်ခြင်း မျိုးစေ့ နှစ်စေ့ ရရှိသည်မှာ သူ့အတွက်တော့ ထူးဆန်းသည့် ကိစ္စမဟုတ်ပေ။

“အီယာ...”

ရေသူမလေးသည် သူမဗိုက်ဆာနေကြောင်း ပြသသည့်အနေဖြင့် သာယာသော အသံလေးဖြင့် ဟိန်းဟောက်လိုက်ပြီး လိမ္မာရေးခြားရှိသော မိန်းကလေးတစ်ဦးကဲ့သို့ ပြုမူလိုက်၏။

ယခုအခါ ၎င်းသည် နိုးကြားနေပြီဖြစ်ကာ ဆင်ခြင်တုံတရားက ပြန်လည်လွှမ်းမိုးနေပြီဖြစ်သော်လည်း ရေအရင်းအမြစ်တစ်ခုလုံးကို မရရှိခဲ့သောကြောင့် ကျန်းဟန်အပေါ် အနည်းငယ် စိတ်ဆိုးနေဆဲပင်။

“ကြယ်ငါးပွင့် အလားအလာရှိပြီး လျှို့ဝှက်ဆန်းကြယ်ခြင်း ဂုဏ်သတ္တိပါတဲ့ ရေသူမလေးဆိုတော့ မင်းရဲ့ ရည်မှန်းချက်တွေက သေးငယ်မနေဘူးထင်တယ်။”

လျိုယွဲ့သည် ရေသူမလေးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်းဟန်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။

“ဟားဟားဟား...ကျွန်တော်က လျှို့ဝှက်ဆန်းကြယ်ခြင်း ဂုဏ်သတ္တိဘက်ကို ဦးတည်ပြီး ပျိုးထောင်ချင်လို့ပါ။”

ကျန်းဟန်က ပြုံးကာ ဝန်ခံလိုက်၏။

“ဒါဆို ငါ့ကို စောင့်နေဦး။ ငါ သွားပြင်ဆင်လိုက်ဦးမယ်။”

လျိုယွဲ့သည် ရေသူမလေးထံမှ သွေးအနည်းငယ်ကို ယူကာ ဓာတ်ခွဲခန်းထဲသို့ ဝင်သွားခဲ့လေသည်။

ကျန်းဟန်က ၎င်းအား လျစ်လျူရှုထားသည်ကို မြင်သောအခါ ရေသူမလေးသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရှုလိုက်ပြီး အရောင်စုံ ကြက်တူရွေး၏ ဘေးသို့ ဖြည်းညှင်းစွာ မျောလွင့်သွားခဲ့သည်။

“ကွာ့...ဟယ်လို”

၎င်းက ကျန်းဟန်၏ သားရဲဖြစ်ကြောင်း သိထားသဖြင့် အရောင်စုံ ကြက်တူရွေးက မျက်နှာသာပေးလိုက်သည်။ သူသည် တက်ကြွစွာ နှုတ်ဆက်ရုံသာမကဘဲ ခေါင်းကိုလှည့်ကာ ၎င်း၏ အစာဗူးထဲမှ အစာတစ်ဖဲ့ကို ယူ၍ ဝေမျှရန် ပြင်လိုက်၏။

၎င်း ခေါင်းလှည့်လိုက်ချိန်တွင်ပင် ရေသူမလေးက ဖြည်းညှင်းစွာ ချဉ်းကပ်လာခဲ့သည်။

“အီယာ...”

ရေသူမလေးသည် ချက်ချင်းပင် ၎င်း၏ သွေးစွန်းနေသော ပါးစပ်ကြီးကို ဟကာ အရောင်စုံ ကြက်တူရွေးဆီသို့ လှမ်းကိုက်လိုက်၏။

“ဂါးဂါးဂါးဂါး...ဒီကြက်တူရွေးတော့ လန့်သေပါပြီ။ ဒီကြက်တူရွေးတော့ လန့်သေပါပြီ...”

အရောင်စုံ ကြက်တူရွေး ခေါင်းလှည့်လိုက်ချိန်မှာပင် ရေသူမလေးသည် အပြစ်ကင်းစင်ဟန်ဖြင့် ချဉ်းကပ်လာခဲ့ပြီး မည်သည့်သတိပေးချက်မှ မရှိဘဲ သွေးစွန်းနေသော ပါးစပ်ကြီးကို ဟကာ အရောင်စုံ ကြက်တူရွေးကို တစ်ကိုက်တည်း မြိုချရန် ကြိုးစားလိုက်ခြင်းဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် အရောင်စုံ ကြက်တူရွေး၏ တုံ့ပြန်မှုမှာ မြန်ဆန်လှ၏။ အန္တရာယ်ကို အာရုံခံမိသည်နှင့် တစ်ပြိုင်နက် ၎င်းသည် အပေါ်သို့ ပျံတက်သွားခဲ့သည်။ သူ၏အမွေးများပင် ကျွတ်ထွက်သွားပြီး အထိတ်တလန့်ဖြင့် ပျံသန်းကာ အော်ဟစ်နေရင်း အညစ်အကြေးများပင် ထိန်းမရဘဲ ထွက်ကျလာခဲ့သည်။

“ရေသူမလေး မင်း ဘာလုပ်နေတာလဲ...။”

ကျန်းဟန်သည်လည်း လန့်သွားပြီး ချက်ချင်း ပြေးသွားကာ တားဆီးလိုက်၏။

“အီယာ...”

ရေသူမလေးသည် နောင်တရဟန် မရှိဘဲ အရောင်စုံ ကြက်တူရွေးကို သွားရည်ကျလျက် ကြည့်နေ‌လေသည်။ စိတ်ချင်းဆက်သွယ်မှုမှတစ်ဆင့် ၎င်းသည် အရသာရှိပြီး အရမ်းမွှေးကြောင်း ပြောနေသည်ကို ကျန်းဟန် သိလိုက်သည်။

“အဲဒါ သားကောင် မဟုတ်ဘူး။ မင်း ငြိမ်ငြိမ်နေစမ်း။”

ကျန်းဟန်သည် စကားပင် မပြောနိုင်တော့ဘဲ ၎င်း၏ခေါင်းကို ပုတ်ကာ သတိပေးလိုက်သည်။ ဤကောင်လေး ဤမျှ ပရိယာယ်ကြွယ်ပြီး ရက်စက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

“အီယာ...”

ရေသူမလေးက ကျန်းဟန်၏ ဆူပူမှုကို ဂရုမစိုက်ပေ။ ပါးစပ်ထောင့်မှ သွားရည်များ ကျဆင်းနေလျက် အလွန်အရသာရှိသော အရာတစ်ခုအလား အရောင်စုံ ကြက်တူရွေးကိုသာ ဆက်လက် စိုက်ကြည့်နေလေသည်။

“ရော့...ဒါ စားလိုက်။”

ကျန်းဟန်က အသားတစ်တုံးကို ၎င်းဆီသို့ ပစ်ပေးလိုက်၏။

သို့သော် ထိုကောင်လေးက ကျေးဇူးမတင်သည့်အပြင် တတွတ်တွတ်ရေရွတ်ကာ အရောင်စုံ ကြက်တူရွေးကိုသာ စိုက်ကြည့်နေဆဲဖြစ်သည်။

“ကွာ့..ကွာ့... ကြီးမြတ်သော သခင်လေး ကျန်းဟန် အဲဒီကောင်ကို သေချာကြည့်ထားပေးပါဦး...ကွာ့ ကျုပ် လန့်နေပြီ။”

အရောင်စုံ ကြက်တူရွေးသည် မျက်နှာကြက်ရှိ မီးဆိုင်းပေါ်တွင် နားနေပြီး အောက်သို့ မဆင်းရဲတော့ပေ။ အမှန်တွင် ၎င်း၏ အဆင့်မှာ ရေသူမလေးထက် ပိုမြင့်သော်လည်း ၎င်းကို မည်သို့အသုံးပြုရမည်ကို မသိချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် လျိုယွဲ့၏ စမ်းသပ်ပစ္စည်းတစ်ခုဖြစ်ပြီး ချို့ယွင်းချက်များ ရှိနေသောကြောင့် ဖြစ်သည်။

“စိတ်မပူပါနဲ့။”

ကျန်းဟန်က ခေါင်းညိတ်ပြလိုက်ပြီး ရေသူမလေးအား စား၍မရကြောင်း ညွှန်ပြကာ စတင်ဆူပူတော့လေသည်။

“အီယာ...”

(သူငယ်ချင်းဖွဲ့မယ်၊ ပြီးရင် တစ်ကိုက်တည်းနဲ့ စားပစ်မယ်၊ တစ်သားတည်း ဖြစ်သွားမယ်...)

ရေသူမလေးသည် ဆက်လက်၍ အော်ဟစ်နေပြီး ကျန်းဟန်ကိုပင် ကိုက်ရန် ကြိုးစားလိုက်သေးသည်။ ၎င်းတို့အကြား စာချုပ်ချုပ်ဆိုထားခြင်း ရှိနေ၍သာ ၎င်းသည် ကျန်းဟန်အား အန္တရာယ် မပြုနိုင်ခြင်း ဖြစ်သည်။

သို့သော် ၎င်းသည် အရောင်စုံ ကြက်တူရွေးကိုတော့ အလွန် စားချင်နေဆဲပင်။

ဤအချက်မှာ ၎င်း၏ အတိတ်ဘဝနှင့် သက်ဆိုင်နေ၏။ ၎င်းသည် ကြောက်မက်ဖွယ် သားရဲများ ပြည့်နှက်နေသော နေရာတစ်ခုတွင် ကြီးပြင်းလာခဲ့ပြီး အားနည်းဟန်ဆောင်ကာ သူငယ်ချင်းဖွဲ့ပြီးနောက် သူငယ်ချင်းဖြစ်သူ သတိလစ်ဟင်းနေချိန်တွင် တစ်ကိုက်တည်းဖြင့် မြိုချပစ်ရန်သာ တတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ ၎င်း၏ နေထိုင်မှုပုံစံဖြစ်ပြီး မနေ့ညက ကျန်းဟန်အား စားသောက်ရန် ကြိုးစားခဲ့သည့် အကြောင်းရင်းလည်း ဖြစ်သည်။ ၎င်းကို ရှင်းရှင်းလင်းလင်း နားလည်အောင် ရှင်းပြ၍ မရနိုင်ကြောင်း သိလိုက်ရသောအခါ ကျန်းဟန်သည် ဆက်လက်ရှင်းပြမနေတော့ဘဲ စိတ်ငြိမ်သွားစေရန်အတွက် သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲသို့ ချက်ချင်း ပြန်လည်ခေါ်ယူလိုက်ရသည်။

နာရီဝက်ခန့်အကြာတွင် လျန်ပင်းသည် ပစ္စည်းများကို သိမ်းဆည်းပြီး အပြင်သို့ ထွက်လာ၏။ သူမသည် ကျန်းဟန်၏ နောက်ဘက် နှစ်မီတာအကွာတွင် ကိုယ်ရံတော်တစ်ဦးကဲ့သို့ တိတ်ဆိတ်စွာ ရပ်နေလေသည်။

“ထိုင်ပြီး အနားယူလိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် တကယ့်ကိုယ်ရံတော်တစ်ယောက်လို သဘောထားနေစရာ မလိုပါဘူး။”

ကျန်းဟန်က ပြောလိုက်သည်။

“ရပါတယ်။ ကျွန်မ ဒီလိုနေရတာကိုပဲ သဘောကျတယ်။”

လျန်ပင်းက ခေါင်းခါရင်း ကျန်းဟန်ဘေးတွင်သာ ဆက်၍ ရပ်နေလေသည်။ ၎င်းကိုမြင်သောအခါ ကျန်းဟန်လည်း ထမပြောတော့ဘဲ သူမသဘောအတိုင်းသာ ထားလိုက်တော့လေသည်။

ခဏအကြာတွင် လျိုယွဲ့တစ်ယောက် ဓာတ်ခွဲခန်းထဲမှ ပြန်ထွက်လာခဲ့သည်။

“ရေသူမလေးအတွက် ဆေးရည်ကတော့ ရိုးရှင်းပါတယ်။ ကျောက်တုံးငါးရဲ့ မျက်ရည်လို့ခေါ်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ရတနာတစ်မျိုးကို ပေါင်းစပ်ပေးထားတယ်။ ဒါက သူ့ရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဂုဏ်သတ္တိကို မြှင့်တင်ပေးနိုင်လိမ့်မယ်။”

လျိုယွဲ့က ဆေးရည်ဘူးများကို ကျန်းဟန်၏ ရှေ့တွင်ချပေးကာ ရှင်းပြလိုက်သည်။

“ကျေးဇူးတင်ပါတယ် အစ်မလျိုယွဲ့။”

ကျန်းဟန်က ခေါင်းညိတ်၍ ကျေးဇူးတင်စကားဆိုကာ ဆေးရည်များကို ယူကြည့်လိုက်လေသည်။ စုစုပေါင်း လေးဘူးပါဝင်ပြီး ရေသူမလေးအတွက် တစ်လစာ လုံလောက်ကာ ပိုလျှံသည်များကို နေ့စဉ်အသုံးပြုနိုင်မည် ဖြစ်သည်။

ဤဆေးရည်များသည် ပုံမှန်တွေ့နေကျ ပျားရည်ကဲ့သို့ ဆေးရည်များနှင့် မတူပေ။ ၎င်းတို့မှာ မုယောသကြားနှင့် ပို၍ဆင်တူပြီး ခဲလုနီးပါး ဖြစ်နေသည့် ခံစားချက်မျိုး ရှိနေလေသည်။

All Chapters