← Chapters

ထွက်ခွာတော့မယ်

Vol. 107 Ch. 1478

ထွက်ခွာတော့မယ်

Vol. 107 Ch. 1478

အရှင်စစ်မို ထွက်ခွာသွားလေပြီ။ ဆရာသခင်ယွင်လောလည်း သူနှင့်အတူ ပါသွား၏။ သူတို့နှစ်ယောက်သည် ဝမ်လင်း၏ရှေ့တွင်ပင် မဟာအင်ပါယာဂြိုဟ်ကနေ ပျောက်ကွယ်သွားကြသည်။

သည်တိုက်ပွဲတွင် ရလဒ်မထွက်ပေါ်ခဲ့ပေ။ ဤကား ဟင်္သာငှက်အဘိုးအိုအပါအဝင် သည်နေရာရှိ လူများ၏ ထင်မြင်ချက်များ၏ အပြင်တွင် ရှိလို့နေ၏။ သို့ပေမည့်လည်း ဟင်္သာငှက်အဘိုးအို၏ ကျင့်ကြံမှုအဆင့်ဖြင့် သူက တချို့အရာများကို ခပ်ရေးရေး သတိပြုမိခဲ့ပေ၏။

မည်သို့ပင်ဖြစ်စေ သည်တိုက်ပွဲ ရလဒ်ထွက်ခြင်း၊မထွက်ခြင်းက ဤပြိုလဲကုန်းမြေ၌ ဝမ်လင်း၏ ကျော်ကြားမှုကို ဆွဲထိန်းထားနိုင်တော့မည် မဟုတ်ပါ။ သည်နေရာရှိ ကျင့်ကြံသူများ၏အမြင်တွင် စောနက မြင်ခဲ့ရသလောက် တိုက်ပွဲဖြင့်ပင် ဝမ်လင်းသည် တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်နိုင်သော တစ်စုံတစ်ယောက်ဖြစ်နေဖို့ လုံလောက်နေပေ၏။

တန့်သွားခဲ့သော ပြိုလဲအကြီးအကဲရွေးချယ်ပွဲ ပြန်စ၏။ သို့သော် မည်သည့်အရာကမျှ ဝမ်လင်းနှင့် ဆက်လက် မပတ်သတ်တော့ပေ။

ပြိုလဲကုန်းမြေ၌ လျိုကျင်းပြောင်နှင့် ရှုလီကောတို့ ရှိနေသော စွန့်ပစ်ဂြိုဟ်တစ်ခုကို မီးစာကလေးကလန်ဝင်များက အသေအချာ ရှာဖွေနေကြလေ၏။

မီးစာကလေးကလန်အတွင်တော့ မဟာအင်ပါယာဂြိုဟ်ပေါ်တွင် ကျင်းပနေသော စမ်းသပ်မှုက သူတို့အတွက် သင့်တင့်လှသောအခွင့်အရေးတစ်ခုလို ဖြစ်နေပေ၏။

သူတို့သည် အသေအချာ ရှာဖွေနေရင်း မီးစာကလေးကလန်သည် သည်ဂြိုဟ်၏အတွင်းနက်ဆုံးအပိုင်း၌ တံခါးပိတ်ကျင့်ကြံနေသော လျိုကျင်းပြောင်နှင့် သူ၏အစောင့် ရှုလီကောတို့ကို တွေ့သွားကြသည်။

တိုက်ပွဲခပ်ကြမ်းကြမ်း ဖြစ်ပြီးနောက် လျိုကျင်းပြောင်မှာ ဖမ်းစီးခြင်း ခံရကာ ပြိုလဲကုန်းမြေကနေ အပြင်ဘက်တွင် စောင့်နေသော မီးစာကလေးကလန်ဘိုးဘေးနှင့် တွေ့ဆုံရန် ပို့လွှတ်ခြင်း ခံရသည်။

လျိုကျင်းပြောင်၏အမူအရာသည် သုန်မှုန်နေ၏။ သူသည် စကားတစ်ခွန်းမှ မဆိုပေ။ သို့ပေမည့် သူ့ထံမှ မျိုးဆက်တစ်ဆက်၏ ဆရာတစ်ဆူ ဖြစ်သောအော်ရာမျိုး ပေးစွမ်းနေ၏။ အချိန်အကြာကြီး စွမ်းအားကို ဆုပ်ကိုင်ထားကာ လူပေါင်းများစွာကို စကားတစ်ခွန်းဖြင့် သတ်ခဲ့သော လူတစ်ယောက်ထံမှ ထွက်ပေါ်တတ်သော မမြင်ရသည့်အရှိန်အဝါမျိုးပင်။

လျိုကျင်းပြောင်သည် ပြိုလဲကုန်းမြေကနေ ခေါ်ထုတ်ခံလာရသည့်အခါ ကုန်းမြေအပြင်ဘက်တွင်သာ ရှိနေပြီး အတွင်းသို့ ဝင်မလာဝံ့သော မီးစာကလေးကလန်၏ဘိုးဘေးက အတော်လေး‌ ကျေနပ်သွားတော့သည်။

သူက ရှေ့သို့ တစ်လှမ်းလှမ်း၏။ သူ့ညာလက်ဝါးမှာ မီးအဖြစ်ပြောင်းလဲပြီး လျိုကျင်းပြောင်ထံသို့ သက်ဆင်းလာတော့သည်။ လျိုကျင်းပြောင်သည် ထိတ်ပြာသွားခြင်း မရှိပေ။ သူက ရှေးဟောင်းဆန်သောအကြည့်ဖြင့် မီးစာကလေးကလန်ဘိုးဘေးကိုသာ အေးစက်စက် စိုက်ကြည့်နေသည်။

သူ၏တည်ငြိမ်သောအကြည့်က မီးစာကလေးကလန်၏ဘိုးဘေးစိတ်ကိုပါ တုန်ယင်သွားစေသည်။

“ဒီအော်ရာနဲ့ဖိအားမျိုးဟာ စွမ်းအားကို အချိန်အကြာကြီး ဆုပ်ကိုင်ထားနိုင်တဲ့သူသာ ပိုင်ဆိုင်နိုင်တယ်။ ဒီလူဟာ တကယ်ပဲ ဟင်္သာငှက်ဖြစ်ခဲ့ရင် သူ့ပုံစံဟာ ဒီလိုမျိုးပဲ ဖြစ်သင့်တယ်…”

အေးစက်စက်နှာခေါင်းရှုံ့လိုက်ရင်း ဘိုးဘေး၏ညာလက်သည် လျိုကျင်းပြောင်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားလေ၏။ မီးသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသည်။ မီးက ဝေ့ခတ်သွားသည့်နောက် သူသည် မျက်မှောင်ကြုတ်သွားသည်။

လျိုကျင်းပြောင်သည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ “မီးစာကလေးကလန်လေးကများ၊ မင်းက ဒီအဘိုးအို အပြင်းအထန် ဒဏ်ရာရထားတဲ့အချိန်မှ အလစ်တိုက်ခိုက်ရဲတယ်ပေါ့။ မင်းလိုဘိုးဘေးမျိုးဟာ အလကားကောင်ပဲ…”

မီးစာကလေးကလန်ဘိုးဘေး၏ မျက်လုံးသည် တလက်လက် ဖြစ်သွား၏။ သူ့သံသယအချို့လည်း လွင့်ပျောက်သွားသည်။ သူက လျိုကျင်းပြောင်၏ခန္ဓာကိုယ်ကို စစ်ဆေးကြည့်သည့်အခါ အတွင်း၌ မီးများများစားစား ရှိမနေသည်ကို တွေ့လိုက်ရ၏။ သူက လျိုကျင်းပြောင်၏ စကားများကို ကြားလိုက်ရသည့်နောက် အချို့သံသယများ လျော့ပါးသွားသော်လည်း ထိုမျှနှင့် မလုံလောက်သေးပေ။ သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ လျိုကျင်းပြောင်၏ညာလက်ပေါ်တွင် ဒဏ်ရာတစ်ခု ပေါ်လာပြီး သွေးများပန်းထွက်သည်။

ထိုသွေးသည် မီးစာကလေးကလန်ဘိုးဘေး၏ ယူဆောင်ခြင်း ခံရသည်။ သူက ၎င်းကို အလုံးတစ်လုံးအသွင် ဖြစ်ပေါ်စေ၏။ ထိုသွေးလုံးကို အနံ့ခံကြည့်ပြီးနောက် သူ့မျက်လုံးထဲတွင် ပျော်ရွှင်မှု ဖြစ်ပေါ်လာ၏။ အနည်းငယ် ချီတုံချတုံ ဖြစ်ပြီးသည့်နောက် သူက ၎င်းကို ဝါးမြိုချလိုက်သည်။

ထိုသွေးက သူ့ဝမ်းဗိုက်အတွင်း ဝင်ရောက်သွားသည့်အခါ ပြင်းထန်သောမီးစွမ်းအားတစ်ခုအဖြစ် ပြောင်းကာ သူ့ခန္ဓာကိုယ်ထဲ၌ ပေါက်ကွဲသည်။ မီးစာကလေးကလန်ဘိုးဘေး၏နောက်တွင် ပုံရိပ်ယောင်တစ်ခု ချက်ခြင်း ထွက်ပေါ်လာလေ၏။

မီးငှက်တစ်ကောင်သည် ၎င်း၏တောင်ပံကို ဖြန့်ကားလိုက်၏။ ၎င်း၏ရှေ့တွင် သေးငယ်သောဟင်္သာငှက်တစ်ကောင် ရှိနေသည်။ ထိုဟင်္သာငှက်သည် ဒဏ်ရာအပြင်းအထန် ရထားကာ ဝေဝါးနေ၏။ မီးငှက်နှင့်ခဏတာ တိုက်ခိုက်ပြီးနောက် ၎င်းသည် ဝါးမြိုခြင်း ခံလိုက်ရသည်။

ဟင်္သာငှက်ကို ဝါးမြိုပြီးနောက် မီးငှက်ပတ်လည်ရှိ မီးသည် ပေါက်ကွဲထွက်လာကာ ၎င်းသည် စတင်ပြောင်းလဲသည်။ ၎င်းက ဟင်္သာငှက်နှင့် ပိုပိုတူလာ၏။

“ကောင်းတယ်။ ဒါက ဟင်္သာငှက်တစ်ကောင်ဆိုတာ အမှန်ပဲ…” မီးစာကလေးကလန်၏ဘိုးဘေးသည် ကျေနပ်နေ၏။ သူက ရယ်မောရင်း သူ့ညာလက်ကို လျိုကျင်းပြောင်၏ဦးခေါင်းထက်သို့ တင်လိုက်သည်။

မီးစာကလေးကလန်ဘိုးဘေး၏ ကျင့်ကြံမှုသည် အလွန်မြင့်မားပေ၏။ ထို့ကြောင့် သူသည် သတိရှိသည်မှာ သဘာဝပင်။ အကြိမ်များစွာ စမ်းသပ်ပြီးနောက် သူက သေချာပြီ ဖြစ်သော်လည်း သူက စိတ်ဝိညာဉ်ရှာဖွေခြင်းမန္တာန်ကို အသုံးပြုလိုက်တုန်းပင်။

သူ့အမြင်၌ လောကရှိအရာအားလုံးသည် အတုအယောင် ဖြစ်နိုင်၏။ စိတ်ဝိညာဉ်ရှာဖွေခြင်းတစ်ခုသာ မှန်နိုင်သည် ဟူ၏။ မီးသည် သူ့ညာလက်ကနေ လျိုကျင်းပြောင်၏ ဦးခေါင်းထံသို့ ထိုးထွက်သွားပြီး သူသည် စိတ်ဝိညာဉ်ရှာဖွေမှုကို စတင်သည်။

သူ့စိတ်ထဲတွင် မှတ်ဉာဏ်များ တဖျပ်ဖျပ် ပေါ်လာသည်။ ခဏအကြာတွင် မီးစာကလေးကလန်ဘိုးဘေးက ကျေနပ်စွာ ပြုံးလာသည်။ သံသယအချို့ ရှိနေသေးသော်လည်း သည်လူသည် ခြောက်ယောက်မြောက်မျိုးဆက်ဟင်္သာငှက်ဖြစ်သည်မှာ ကျိန်းသေနေပြီဟု သူ ယုံသွားပြီ ဖြစ်၏။

သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ လျိုကျင်းပြောင်ကို ခေါ်ဆောင်လိုက်၏။ လျှပ်တပြတ်အတွင်းမှာ သူတို့သည် သဲလွန်စမရှိ ပျောက်ကွယ်သွားတော့၏။ သူက အစွမ်းထက်မန္တာန်တစ်ခုကို အသုံးပြု၍ လျိုကျင်းပြောင်ကို မီးစာကလေးကလန်၏ ဌာနချုပ်သို့ ခေါ်သွားလေပြီ။

မီးစာကလေးကလန်ဘိုးဘေးက လျိုကျင်းပြောင်ကို ခေါ်ဆောင်သွားသည့်အခိုက်တွင် ဟင်္သာငှက်အဘိုးအို နဂါးမျှားသော ရေကန်ဘေးတွင် ထိုင်နေသော ဝမ်လင်းက ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူ့မျက်လုံးသည် တောက်ပလျက်ရှိသည်။

“လျိုကျင်းပြောင်ရဲ့ လှည့်ဖြားခြင်းတာအိုဟာ အံ့မခန်းပဲ။ မီးစာကလေးကလန်ဘိုးဘေးတောင် သူ လှည့်ဖြားတာ ခံလိုက်ရပြီ။ အခု ငါ ပြင်ဆင်ပြီး လျိုကျင်းပြောင် မီးစာကလေးကလန်ရဲ့ တော်ဝင်ကုန်းမြေရှိ ရောက်မယ့် အချိန်ကို စောင့်နေဖို့ပဲ လိုတော့တယ်…” ဝမ်လင်း၏မျက်လုံးသည် တောက်ပနေ၏။ သူက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေပြီး သူ့ခန္ဓာကိုယ်ပတ်လည်တွင် အတားအဆီးများစွာကို ဝန်းရံစေသည်။

ပိုပိုများပြားသော အတားအဆီးများ ပေါ်လာကာ ၎င်းတို့သည် သူ့အား ဝန်းရံထားသော အစီအရင်တစ်ခု ဖြစ်လာ၏။ ထိုအစီအရင်မှာ ဝမ်လင်းကို အထူးနည်းလမ်းဖြင့် တည်နေရာရွှေ့ပြောင်းနိုင်စွမ်းကို ပေးစွမ်းမည် ဖြစ်သည်။

ရေကန်ဘေးနား၌ ဝမ်လင်းသည် မျက်လုံးဖွင့်လာကာ တည်ငြိမ်စွာ ပြောလိုက်၏။ “စီနီယာ…ဂျူနီယာမှာ ကျုံးသဟုန်လို့ခေါ်တဲ့ ငယ်သားတစ်ယောက် ဒီပြိုလဲကုန်းမြေမှာ ရှိနေတယ်။ စီနီယာက သူ့ကို ငါ့အစား ဂရုစိုက်ပေးဖို့ မျှော်လင့်မိပါတယ်…”

ဟင်္သာငှက်အဘိုးအိုက ရေကန်ဘေးတွင် ထိုင်ကာ လက်တစ်ဖက်တွင် ငါးမျှားတံကို ကိုင်ထား၏။ သူ့ဘေးတွင်လည်း အရက်အိုးတစ်လုံး ချထားသည်။ ဝမ်လင်း၏စကားများကို ကြားလိုက်ရသည့်နောက် သူက နောက်လှည့်ကြည့်၏။ သူ့မျက်လုံးထဲတွင် ကြင်နာရိပ်တို့ ရှိနေသည်။

“မင်း အဆင်သင့် ဖြစ်ပြီလား…”

ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။

“နောက်ထပ် သန့်စင်ရမယ့် ရတနာအချို့တော့ ကျန်ပါသေးတယ်။ အဲ့ဒါပြီးရင် ကျနော် တဖက်လူရဲ့ အစီအရင်အသက်သွင်းတာကို စောင့်နေရုံပဲ လိုတော့တယ်…”

ဟင်္သာငှက်အဘိုးအိုက သူ့ငါးမျှားတံကို ချကာ အရက်အိုးကို မော့သောက်လိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်။ “မီးနဂါးကို ထိန်းချုပ်နိုင်တဲ့ နည်းလမ်းကိုလည်း ငါ မင်းရှိ လွှဲပြောင်းပေးခဲ့ပြီးပြီး။ မင်းထွက်သွားတာနဲ့ အန္တရာယ်အရမ်းများလိမ့်မယ်။ ငါတို့ ဘယ်အချိန် ပြန်တွေ့ရမလဲတော့ မသိဘူး။ မင်းမှာ တခြားတောင်းဆိုစရာရှိသေးရင် ပြောပါ…”

ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ သူက ဟင်္သာငှက်အဘိုးအိုကို ကြည့်သည်။ ဝမ်လင်းသည် ထိုအဘိုးအိုနှင့် သိသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း ထိုဟင်္သာငှက်အဘိုးအိုသည် သူ့ကို ကိုယ်ကျိုးမကြည့်ဘဲ ကူညီပေးခဲ့သလို ကာကွယ်မှုလည်း ပေးခဲ့၏။ ထိုအဖြစ်က ဝမ်လင်းကို နွေးထွေးမှုအား ခံစားရစေသည်။ ခုချိန်တွင် သူတို့သည် ခွဲခွာရတော့မည် ဖြစ်၍ ဝမ်လင်းသည် ဝမ်းနည်းသလို ခံစားမိသည်။

ဟင်္သာငှက်အဘိုးအိုက ဝမ်လင်း စဉ်းစားနေသည်ကို တွေ့မြင်သည့်အခါ သူ့မျက်လုံးထဲရှိ ကြင်နာမှုသည် ပိုအားကောင်းလာ၏။ သူက ပြုံး၍ ဆိုလိုက်သည်။ “အခွင့်ကြုံရင် ငါတို့နှစ်ယောက် ထပ်တွေ့အုံးမှာပါ။ ကလေးလိုမျိုး မထွက်သွားချင်တာမျိုး ဖြစ်မနေနဲ့။ ငါတို့နောက်တစ်ကြိမ် ပြန်တွေ့ရင် မင်းက ငါ့ကို ထပ်ပြီး အံ့အားသင့်စေဖို့ ငါ မျှော်လင့်ထားတယ်…”

ဝမ်လင်းသည် ဟင်္သာငှက်အဘိုးအိုကို ကြည့်လိုက်၏။ သူက အသက်ဝဝရှုရှိုက်လိုက်ပြီးနောက် ပြောလိုက်သည်။ “စီနီယာ…ရွေးချယ်ပွဲဧရိယာက ရှေးဟောင်းစိတ်ဝိညာဉ်အတားအဆီးကို ကျင့်ကြံတဲ့နည်းလမ်း လိုချင်တယ်…”

“မင်းက ရှေးဟောင်းစိတ်ဝိညာဉ်အတားအဆီးကို လိုချင်တာလား…” ဟင်္သာငှက်အဘိုးအိုသည် အနည်းငယ် စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ရှေးဟောင်းစိတ်ဝိညာဉ်အတားအဆီးဟာ ပထမဆုံးမျိုးဆက်ဟင်္သာငှက် လုယူလာခဲ့တဲ့အရာတစ်ခုပဲ။ ငါ့မှာ ဒီကျင့်ကြံခြင်းနည်းလမ်း ရှိမနေဘူး။ ထားလိုက်ပါတော့လေ။ ငါက မင်းကိုယ်မင်း ကာကွယ်ဖို့အတွက် ဒါကို ပေးလိုက်ပါ့မယ်။ မင်း အချိန်ရရင်တော့ ဒီအတားအဆီးကို လေ့လာကြည့်ပေါ့။ မင်းရဲ့ နားလည်မှုဉာဏ်အစွမ်းနဲ့ဆိုရင် ဖြစ်နိုင်တာက မင်း တစ်ခုခုကို သင်ယူနိုင်မှာပါ…”

ဟင်္သာငှက်အဘိုးအိုသည် ထိုသို့ ပြောလိုက်ရင်း သူ့ညာလက်ကို ကောင်းကင်ထက်သို့ ညွှန်လိုက်သည်။ အဝေးရှိမြေပြင်ထုသည် တုန်ခါကာ ကောင်းကင်သည် အရောင်များ ပြောင်းလဲသွား၏။ တိမ်များသည် လွင့်ကြဲကာ တစ္ဆေအလင်းတန်းတစ်ခု လင်းလက်သည်။

ဧရာမလိပ်သားရဲကြီးတစ်ကောင်သည် ကောင်းကင်ထက်တွင်‌ ပေါ်လာလေ၏။ ထိုလိပ်သားရဲသည် မထူးခြားနားအကြည့်ဖြင့် ဟင်္သာငှက်အဘိုးအိုထံသို့ ငုံ့ကြည့်လာသည်။

ဟင်္သာငှက်အဘိုးအိုက ချိပ်ဟန်တစ်ခုကို ဖြစ်စေပြီးနောက် ၎င်းထံသို့ လက်ညွှန်လိုက်သည်။ ဧရာမလိပ်သားရဲကြီးသည် လင်းလက်ကာ စတင်ကြုံ့လာ၏။ ၎င်းသည် သေးသေးလာပြီး ပို၍ တောက်ပလာသည်။ သိပ်မကြာခင်တွင် ထိုဧရာမလိပ်သားရဲကြီးသည် လက်ဝါးအရွယ်လိပ်ခွံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားချေသည်။

တစ္ဆေအလင်းတန်းတစ်ခုသည် လရောင်အလား။ ၎င်းက ကောင်းကင်ကို ခြုံလွှမ်းထားလေ၏။

လက်ဝေ့ယမ်းလိုက်ခြင်းနှင့်အတူ ဟင်္သာငှက်အဘိုးအိုသည် ထိုလိပ်ခွံကို ဝမ်လင်းထံသို့ ပို့ပေးလိုက်သည်။

ဝမ်လင်းက ၎င်းကို ထုတ်ယူကာ သိမ်းဆည်းလိုက်၏။ သူက သူ့လက်နှစ်ဖက်ကို ဟင်္သာငှက်အဘိုးအိုထံသို့ ဆုပ်ကာ တစ်ခုခုပြောရန် ပြင်လိုက်ချိန်တွင် ဟင်္သာငှက်အဘိုးအိုက ကြားဖြတ်၍ ပြောလိုက်သည်။

“မင်း ငါ့ကို ကျေးဇူးတင်ဖို့ မလိုဘူး။ အကြီးအကဲတစ်ယောက်ဟာ ဂျူနီယာတစ်ယောက်ရဲ့ တောင်းဆိုမှုကို ဖြည့်ဆည်းပေးတာ ကျေးဇူးတင်ခံဖို့လား။ မင်း တကယ်ကျေးဇူးတင်ချင်ရင် ဒီအဘိုးအိုကို တစ်ခုပဲ ကူညီပေး…” ထိုအဘိုးအိုက စကားပြောနေရင်း ချောင်းဟန့်လိုက်သည်။

“ကျေးဇူးပြုပြီးပြောပါ စီနီယာ။ ဂျူနီယာ တက်နိုင်သလောက် လုပ်ဆောင်ပေးပါ့မယ်…”

ဝမ်လင်း၏အသံသည် မကျယ်ပေ။ သို့သော် ပြတ်သားမှုနှင့် ပြည့်နှက်၏။

ဟင်္သာငှက်အဘိုးအို၏မျက်နှာသည် နီမြန်းလာ၏။ သူက ငါးမျှားတံကို ချကာ သူ့လက်နှစ်ဖက်ကို ပူး၍ ပွတ်သပ်လိုက်ရင်း ပြောသည်။ “မင်းရဲ့ ဟင်္သာငှက်ဟာ လေးကြိမ်မြောက် နိုးထခဲ့ပြီးပြီးဆိုတော့ မင်းအနေနဲ့ ဟင်္သာငှက်အမှတ်အသားကို ထုတ်ပေးနိုင်တဲ့ အရည်အချင်း ရှိသွားပြီ။ ဒီအဘိုးအိုဟာ မင်းခုနစ်ယောက်မြောက်မျိုးဆက်ဟင်္သာငှက်ကို ရွေးချယ်တဲ့အချိန်ကျရင်…ငါ မျှော်လင့်မိပါတယ်။ ဒါက…”

ဝမ်လင်းက ဟင်္သာငှက်အဘိုးအိုကို ကြည့်နေရင်း သူ့စကားအဆုံးသပ်မည်ကို စောင့်နေ၏။

“ဒါက မင်းဟာ သင့်တော်လှတဲ့သူကိုပဲ ရွေးချယ်ပါ။ အား…မင်းအနေနဲ့ ကိုယ့်ကိုယ်ကို မထိန်းနိုင်တဲ့သူကို မရွေးချယ်မိစေနဲ့။ နားလည်လား…” ဟင်္သာငှက်အဘိုးအိုသည် မျက်လုံးကစားလိုက်၏။

ဝမ်လင်းသည် မျက်မှောင်ကြုတ်သွားသည်။ သူသည် သိပ်နားမလည်ဘဲ ဖြစ်နေ၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက ပြောလိုက်သည်။ “စီနီယာ…စိတ်ချပါ။ ဂျူနီယာ့အနေနဲ့ ခုနစ်ယောက်မြောက်ဟင်္သာငှက်ကို ရွေးချယ်ခဲ့ရင် သေချာဂရုစိုက်ပါ့မယ်။ တတိယမျိုးဆက်ဟင်္သာငှက်လို အဖြစ်မျိုး လုံးဝ ထပ်မဖြစ်စေရပါဘူး…”

“ဒီအဘိုးအို ဆိုလိုတာ အဲ့လိုမဟုတ်ဘူး…” ဟင်္သာငှက်အဘိုးအိုက သူ့လက်ကို ပွတ်သပ်ရင်း အံကြိတ်ကာ ပြောလိုက်ပြန်သည်။ “ဒီအဘိုးအိုဆိုလိုတာက မင်း ခုနစ်ယောက်မြောက်ဟင်္သာငှက်ကို ရွေးချယ်တဲ့အခါကျရင် မင်းအနေနဲ့ အပျော်အပါးမက်တဲ့သူကို မရွေးနဲ့လို့ ပြောတာ။ အား…မင်း ဘာလို့ နားမလည်ရတာလဲ။ မင်းရဲ့ နားလည်မှုဉာဏ်အစွမ်းက မြင့်မားတယ် မဟုတ်ဘူးလား…”

ဝမ်လင်းသည် တဒင်္ဂမင်သက်သွားမိ၏။ သူက ခေါင်းညိတ်လိုက်ရင်း ပဟေဠိဖြစ်ဟန် ဖြစ်ပေါ်သည်။ သူက ပြောလိုက်၏။ “ကောင်းပါပြီ။ ဂျူနီယာ့အနေနဲ့ ခုနစ်ယောက်မြောက်မျိုးဆက်ဟင်္သာငှက်ကို အပျော်အပါးမက်တဲ့သူကို ရွေးချယ်မှာ မဟုတ်ပါဘူး။ တကယ်တော့ ကျင့်ကြံသူတစ်ယောက်အနေနဲ့ အလှအပအပေါ် လောဘကြီးတာဟာ မကောင်းဘူးလေ…”

ဟင်္သာငှက်အဘိုးအို၏မျက်လုံးသည် ပြူးကျယ်သွားသည်။ သူက အော်ပြောလိုက်လေ၏။ “အလှအပအတွက် လောဘကြီးတာ မဟုတ်ဘူးကွ။ သူက ဘယ်လိုအလှလေးတွေကိုမှ စိတ်မဝင်စားရမှာ။ ဟအား မင်းရဲ့ နားလည်နိုင်စွမ်းတွေ ဘယ်နေရာ ရောက်သွားတာလဲ။ မင်းက ဒီအဘိုးအိုကို ပွင့်ပွင့်လင်းလင်း တိုက်ရိုက် ပြောစေချင်နေတာလား။ ကောင်းပြီ…မင်းအနေနဲ့ ခုနစ်ယောက်မြောက်မျိုးဆက်ဟင်္သာငှက်ကောင်လေးကို ရွေးချယ်လို့ရှိရင် သူ့ရဲ့ မူလစိတ်ဝိညာဉ်ယန်ဓာတ်ဟာ ပျက်စီးနေလို့ မရဘူး။ အဲ့လိုပျက်စီးနေတဲ့သူဟာ ဒီအဘိုးအိုရဲ့ ကျင့်ကြံခြင်းနည်းလမ်းတွေကို ကျင့်ကြံနိုင်မှာ မဟုတ်ဘူး။ ဟုတ်ပြီလား။ မင်း ကောင်လေးတစ်ယောက်ကို ရွေးလိုက်၊ နောက် ပြန်လာရင် သူ့ကိုပါ ခေါ်လာခဲ့ချေ…”

“သူ့ရဲ့မူလစိတ်ဝိညာဉ်ယန်ဓာတ်ဟာ ပျက်စီးလို့မရဘူးဆိုတဲ့အချက်ကို မမေ့နဲ့။ ငါ့အနေနဲ့ မင်းကို ဆူတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ မင်းကိုယ်ပဲ ကြည့်လိုက်အုံး။ အခုလောက် ငယ်ငယ်လေးနဲ့ ဒီအဘိုးအိုလောက် ကျင့်ကြံမှုအဆင့် မရှိသေးတာတောင်မှ မင်းရဲ့ မူလစိတ်ဝိညာဉ်ယန်ဓာတ်ဟာ ပျက်စီးနေခဲ့ပြီ။ မင်း သိထားဖို့က ဒီလောက်နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှိနေတဲ့အချိန်မှာတောင် ဒီအဘိုးအိုရဲ့ ယန်ဓာတ်ဟာ တစ်စက်လေးမှ အစွန်းအထင်း ပျက်စီးသွားတာ မရှိသေးဘူး။ မင်းတို့လို့ ဂျူနီယာတွေကို ငါ တကယ်ပဲ နားမလည်နိုင်တော့ဘူး။ စုံတွဲကျင့်ကြံခြင်းဟာ ဘယ်လောက်များ ကောင်းနေလို့လဲ။ ဒီအဘိုးအိုတော့ ဘယ်သူနဲ့မှ စုံတွဲမကျင့်ကြံခဲ့ဖူးဘူး။ ဒီနေ့ထိ ငါဟာ နေ့တိုင်း အားအင်အပြည့်ပဲကွ…”

(ဘာသာပြန်သူမှတ်ချက်…မူလစိတ်ဝိညာဉ်ယန်ဓာတ် ပျက်စီးသည်ဟူသည်မှာ မင်း လူပျိုမဟုတ်တော့ဟု ဆိုလိုပေသည်)

ဝမ်လင်းသည် ခဏတာ ကြောင်ရီသွား၏။ သူသည် ဟင်္သာငှက်အဘိုးအိုကို စိုက်ကြည့်နေမိသည်။ သူ့ထံ၌ ပြောစရာစကားပါ မဲ့သွားရ၏။ သူသည် မချိပြုံးသာ ပြုံးမိလေတော့သည်။

ဟင်္သာငှက်အဘိုးအိုသည် စိတ်ထဲကနေ သက်ပြင်းရှည်ကြီး မှုတ်ထုတ်မိ၏။ သူက သူ့မျှော်လင့်ချက်အားလုံးကို ဝမ်လင်းပေါ်သို့ ပုံအောထားခဲ့ပေပြီ။ ဝမ်လင်းက ခေါင်းညိတ်လိုက်သည်ကို တွေ့သည့်အခါ သူသည် ချောင်းဟန့်ကာ ပြောလိုက်သည်။ ဒီအဘိုးအိုရဲ့ မန္တာန်တွေကို အင်အားပြည့်အသုံးပြုနိုင်ဖို့အတွက် တစ်စုံတစ်ယောက်ဟာ သူ့ရဲ့ မူလစိတ်ဝိညာဉ်ယန်ဓာတ်ကို ထိန်းသိမ်းထားနိုင်ဖို့ လိုတယ်။ ဒီအဘိုးအိုက မင်းကို အလကား အကူအညီမတောင်းပါဘူး။ ငါ မင်းကို မန္တာန်တစ်ခု သင်ပေးလိုက်မယ်…”

“ဒါဟာ ငါ့ဟင်္သာငှက်ကလန်ရဲ့ အစွမ်းထက်ဆုံးမန္တာန်သုံးခုထဲက တစ်ခုပဲ။ ဒါကို ရှေးဟောင်းကောင်းကင်ဘုံအုပ်စိုးသူကိုယ်တိုင် လက်ဆင့်ကမ်းပေးခဲ့တာ။ မင်းရဲ့ မူလစိတ်ဝိညာဉ်ယန်ဓာတ်ဟာ ပျက်စီးနေပေမယ့်လည်း မင်းအနေနဲ့ ဒီမန္တာန်ကိုတော့ ကျင့်ကြံနိုင်သေးတယ်။ ဒီမန္တာန်ဟာ အတော့်ကို အစွမ်းထက်တယ်။ မင်းရဲ့ သက်တမ်းကိုလည်း လောင်ကျွမ်းပစ်မှာ ဖြစ်တယ်။ ဒါ့ကြောင့် ဒါကို မဆင်မခြင်အသုံးမပြုလေနဲ့။ ဒါပေမဲ့ ဒီမန္တာန်ဟာ မင်းရဲ့ အသက်ကို ကယ်တင်ပေးနိုင်စွမ်း ရှိလောက်တယ်…”

***

All Chapters