← Chapters

မြင့်မြတ်သောကောင်းကင်ဘုံဝံပုလွေ

Vol. 108 Ch. 1486

မြင့်မြတ်သောကောင်းကင်ဘုံဝံပုလွေ

Vol. 108 Ch. 1486

ကောင်းကင်ထက်တွင် ရုတ်တရက် ပေါ်လာသော အက်ကြောင်းထံမှ ကျယ်လောင်သောမြည်ဟိန်းသံတစ်သံ ထွက်ပေါ်လာ၏။ ယင်းအသံသည် ဝံပုလွေတစ်ကောင်၏ ဟိန်းအော်သံနှင့် တူ၏။ ထိုအသံသည် လောကနှင့်တစ်သားတည်းပေါင်းစပ်ခါနီး ဝမ်လင်း၏ခန္ဓာကိုယ်ကို ကန်ထွက်သွားစေသည်။

အဖြစ်အပျက်သည် မြန်လွန်း၏။ ဝမ်လင်း၏ခန္ဓာကိုယ်သည် ဝံပုလွေအသံကြောင့် ပြန်ကန်ထွက်လာစဉ် ဧရာမလက်သည် လှမ်းလာခဲ့ချေပြီ။ တစ်ဖက်လူသည် ဝမ်လင်း ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို အသုံးချမည်ကို ကြိုခန့်မှန်းမိကာ ဝမ်လင်း ထွက်ပြေးနိုင်မည့်လမ်းကြောင်းကိုလည်း ထူးဆန်းသောဝံပုလွေအော်သံဖြင့် ပိတ်ဆို့ရန် အသုံးပြုလိုက်ခြင်းပင်။

ချက်ခြင်းပင် ထိုလက်သည် နီးကပ်လာ၏။ ထိုလက်ထံတွင် အပူဇော်ခံမီးတောက်၏အော်ရာ ပါဝင်နေသည်။ ဝမ်လင်းကို ဖမ်းချင်နေသော လူသည် ဒုတိယအဆင့်မဟုတ်ဘဲ တတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လို့နေ၏။ တိတိပပဆိုရသော် ထိုလူသည် ခုမှ တတိယအဆင့်သို့ ဝင်ခါစ၊ အရှင်စစ်မိုကဲ့သို့ နိဗ္ဗာနလေဟာနယ်အဆင့်တွင် ရှိနေသည့်သူပင်။

လွှမ်းမိုးကြမ်းကြုတ်သော အော်ရာ ထွက်ပေါ်လာရင်း ၎င်းလက်တစ်စုံသည် ဝမ်လင်းထံ တိုးဝင်လာခဲ့ပေပြီ။

ဝမ်လင်းသည် ချက်ခြင်း နောက်လှည့်၏။ သူက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ လက်ကြားထဲတွင် လက်သည်းတစ်ခု ပေါ်လာသည်။ ထိုလက်သည်းမှာ အနက်ရောင်ရှိပြီး ခပ်အုပ်အုပ်အသံများ ပေးစွမ်းလို့နေသည်။

ထိုလက်သည်းကို ဟင်္သာငှက်အဘိုးအိုက ဝမ်လင်းကို လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

ဝမ်လင်းသည် သူ့လက်ကို ချက်ခြင်း ဝေ့ယမ်းလိုက်ရာ ၎င်းလက်သည်းသည် လက်ဝါးထံသို့ တိုးဝင်သွား၏။ မြန်လွန်းသည်။ ချက်ခြင်းပင် ထိုလက်သည်းက အနက်ရောင်လေပြင်းအဖြစ် ပြောင်းကာ တိုးဝင်လာ‌သောလက်၏ လက်ဝါးနှင့် ထိပ်တိုက်တွေ့သည်။

ကျယ်လောင်စွာ ပေါက်ကွဲသံများ မြည်ဟိန်း၏။ ၎င်းလက်သည်းက လက်ဝါးကို ထွင်းဖောက်ကာ ပျက်စီးသွား၏။ ၎င်းသည် ပျက်စီးသွားရင်း မင်ကဲ့သို့ လက်ဝါးတစ်ခုလုံးအနှံ့ ပျံ့နှံ့ကာ လက်မောင်းရင်းထိ ချဲ့ကားသွားသည်။ ထိုအခါ ၎င်းလက်သည် တုန်ယင်လျက် အနက်ရောင်ပြာမှုန့်များအဖြစ် လွင့်ပျောက်သွားသည်။

လက်သည်း၏စွမ်းပကားသည် ဝမ်လင်း မျှော်လင့်ထားသည်ထက် ပိုနေ၏။ ထိုလက်ဝါး ပျောက်ကွယ်သွားသော်လည်း ရန်လိုလွှမ်းမိုးသောအော်ရာကမူ သူ့ကို လာထိမှန်သွားသည်သာ။ ဝမ်လင်းက သွေးအန်လိုက်ရစဉ် သူ့လက်ကို ခပ်ကြမ်းကြမ်း ဝေ့ယမ်း၏။ ရှေးဟောင်းသစ်ရွက်သည် မြန်ဆန်စွာ ပျံသန်းထွက်လာကာ ဟင်းလင်းပြင်အက်ကြောင်းထံသို့ ဦးတည်သည်။

“ချိပ်ပိတ်ခြင်း…”

ရှေးဟောင်းသစ်ရွက်သည် ပေတစ်ရာ၊ တစ်ထောင်ကနေ တစ်သောင်းထိ ချက်ခြင်း ကြီးထွားလာပြီး ဟင်းလင်းပြင်အက်ကြောင်းကို ချက်ခြင်း ချိပ်ပိတ်သည်။

ထို့နောက် ဝမ်လင်းသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်း၍ ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို အသုံးပြုကာ ပျောက်ကွယ်သွားတော့သည်။

သူ ထွက်သွားပြီး အသက်ရှုချိန်သုံးကြိမ်ခန့် ကြာမြင့်ပြီးနောက် ထိုအဟကို ချိပ်ပိတ်ထားသော ရှေးဟောင်းသစ်ရွက်သည် အလင်းစက်များအဖြစ်သို့ ပြောင်းကာ လွင့်ပါးပျောက်ကွယ်သွားလေ၏။

ဝမ်လင်းသည် ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ တစ်နေရာတွင် လှမ်းထွက်လာ၏။ သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေပြီး သူက ပြောလိုက်သည်။ “ပြိုလဲသစ်ရွက်…မင်းရဲ့အမြစ်ရှိ ပြန်လာခဲ့…”

သလင်းအလင်းတန်းတစ်ခုက ဝမ်လင်းရှေ့တွင် ပေါ်လာပြီးနောက် ရှေးဟောင်းသစ်ရွက်အဖြစ်သို့ ပြောင်းလဲသွား၏။ သူက ၎င်းကို ပြန်ယူဆောင်လိုက်သည်။ ဝမ်လင်းသည် ရှေ့သို့ တရကြမ်း ဆက်သွားနေလျက် သူ့မျက်လုံးထဲတွင်လည်း အေးစက်မှု တဖျပ်ဖျပ် ဖြစ်ပေါ်သည်။ သူက ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို ထပ်မံ အသုံးပြုကာ သဲလွန်စမရှိ ပျောက်ကွယ်သွားလေ၏။

“ငါ့ခုလက်ရှိ အခြေအနေနဲ့ ငါဟာ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းရဲ့ ဟင်းလင်းပြင်အက်ကြောင်းရှိ ပြန်လို့ မဖြစ်သေးဘူး။ အခု အုပ်စိုးသူကောင်စီရဲ့ လိုက်လံမှုကလည်း ထပ်မံ စတင်လာပြန်ပြီ။ ဒါ အဆင်ပြေတယ်။ ငါဟာ အန္တရာယ်ကြားမှာ ရှင်သန်ခဲ့တဲ့သူ။ ငါဟာ ဒီအုပ်စိုးသူကောင်စီက ငါ့အပေါ် ဆုကြေးငွေ ထုတ်ထားတာလောက်ကို ကြောက်နေမှာ မဟုတ်ဘူး။ ငါဟာ အစွမ်းထက်ကျင့်ကြံသူ ဘယ်လောက်များများကို စွဲဆောင်နိုင်လဲ မြင်ချင်မိတယ်…”

“အမဲလိုက်ခံရတဲ့အချိန်မှာ ငါဟာ ငါ့ကျင့်ကြံမှုအဆင့် ပြန်ကောင်းမွန်လာဖို့အတွက် ဝါးမြိုခြင်းမန္တာန်ကို အသုံးပြုရမယ်..."” ဝမ်လင်းသည် နှာခေါင်းရှုံ့လိုက်လေ၏။

လူသူကင်းမဲ့သောဂြိုဟ်ပေါ်ရှိ ဟင်းလင်းပြင်အက်ကြောင်းထံမှ ရှေးဟောင်းသစ်ရွက် ပျောက်ကွယ်သွားသည့်နောက် ပုံရိပ်တစ်ခုသည် လှမ်းထွက်လာသည်။

ထိုလူသည် ဗလတောင့်ကာ ပေသုံးဆယ်လောက် မြင့်မားသည်။ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းသည် ဗလာကျင်းလျက် ကြမ်းကြုတ်သောအမူအရာ ပိုင်ဆိုင်ထားသည်။ သူ့အကြည့်သည် ရန်လိုအေးစက်သည်။ သူ့မျက်ခုံးအထက်တွင်မူ အမှတ်အသားတစ်ခုရှိသည်။ ၎င်းမှာ ကြမ်းကြုတ်သောအစိမ်းရောင်ဝံပုလွေတစ်ကောင်၏ အမှတ်အသားပင်။

အုပ်စိုးသူကောင်စီ၏အမိန့်အောက်ရှိ ကြမ်းကြုတ်သော ရှေးဟောင်းကြယ်အဖွဲ့အစည်းကလန်လေးခုထဲမှ တစ်ခုသည် မြင့်မြတ်သောကောင်းကင်ဘုံဝံပုလွေကလန် ဖြစ်၏။

ထိုလူသည် သူ တစ်ယောက်တည်း မဟုတ်ပေ။ သူ့ပုခုံးထက်မှာ မိန်းကလေးတစ်ယောက် ထိုင်နေ၏။ ထိုမိန်းကလေးသည် အနီရောင်ဝတ်ဆင်ထားပြီး စွဲဆောင်မှုအပြည့် အသွင်အပြင် ရှိသည်။

သူမ၏မျက်ခုံးနှစ်ခုကြားတွင်လည်း အမှတ်အသားတစ်ခု ရှိနေ၏။ ထိုအမှတ်အသားသည် လုံးဝ ထူးဆန်းသည်။ ဝမ်လင်းကသာ ၎င်းကို တွေ့မြင်ခဲ့ပါက သူသည် ထိုအရာမှာ ဆန်းကြယ်လွန်းသော ချိပ်ပိတ်မျိုးဖြုတ်ကလန်က ပိုင်ဆိုင်သောအမှတ်အသားမှန်း သိပေလိမ့်မည်။

အတိတ်တုန်းက ခုနစ်ရောင်စုံလောက၌ ဝမ်လင်းသည် ထိုချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်မှ အဘိုးအိုနှင့် ရင်ဆိုင်ခဲ့ဖူး၏။ ထိုသူက ဝမ်လင်းကို သေရေးရှင်ရေး အန္တရာယ်အထိ ရင်ဆိုင်စေခဲ့သည်။ ထိုသူ၏ တာအိုမန္တာန်သည် ဝမ်လင်း၏မှတ်ဉာဏ်ထဲ၌ စွဲထင်နေခဲ့၏။

အခုမိန်းကလေးသည် တတိယအဆင့်သို့ မရောက်သေးဘဲ တတိယကောင်းကင်ဘုံဒုက္ခအဆင့်တွင်သာ ရှိသေး၏။ သူမက လက်ထဲတွင် သံလိုက်အိမ်မြှောင်တစ်ခုကို ကိုင်ထားလျက် အကြိမ်အနည်းငယ် ကစားလိုက်သည်။ ထို့နောက် သူမက အပေါ်သို့ မော့ကြည့်ကာ ပြုံး၍ ဆိုသည်။ “အရှေ့ဘက်တည့်တည့်၊ (၁၉၉၈၄၅) ကီလိုမီတာ။ ဒါပေမဲ့ သင့်ရဲ့လက်ဟာ အဆိပ်သင့်သွားခဲ့တဲ့အတွက် သင့်ရဲ့ တိုက်ပွဲစွမ်းရည်လည်း သုံးဆယ်ရာခိုင်နှုန်း လျော့ကျသွားခဲ့ပြီ…။ ငါ့အကူအညီမပါဘဲ ဒီအဆိပ်ကို လွယ်လွယ်နဲ့ ထုတ်ပယ်နိုင်မှာ မဟုတ်ဘူး…”

ဗလတောင့်တောင့်လူသည် အေးစက်စက် နှာခေါင်းရှုံ့ကာ ရှေ့သို့ လှမ်း၏။ လောကသည် တုန်ယင်လာကာ စွန့်ပစ်ဂြိုဟ်မှာလည်း တုန်ခါ၏။ မြေပြင်သည် ပျက်စီးသွားချေသည်။

ဗလတောင့်တောင့်လူ လေဟာနယ်အတွင်း ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ထိုဂြိုဟ်မှာ ပျက်စီးသွားပြီး ပြင်းထန်သောတုန်ခါလှိုင်းတစ်ခု စတင် ပျံ့နှံ့သည်။ သို့ပေမည့် ၎င်းတုန်ခါလှိုင်း ဝေးဝေးမရောက်ခင်မှာပင် ထိုဗလတောင့်တောင့်လူက သူ့ဘယ်လက်ကို ဆန့်ထုတ်ကာ ထိုအဖျက်အစီးအားကို စွဲငင်ယူ၏။ ထိုအားသည် အလင်းလုံးတစ်လုံးအသွင် ပြောင်းသွားပြီးနောက် သူက ၎င်းကို ရှေ့သို့ ပစ်သွင်းလိုက်သည်။

ထိုအလင်းလုံးသည် လေဟာနယ်အတွင်းသို့ ကျရောက်သွားပြီး လေဟာနယ်ကို တွန့်ခေါက်ကာ တွင်းနက်တစ်ခု ဖြစ်လာစေသည်။ သူက ထိုတွင်းနက်ထဲသို့ ခြေလှမ်းလိုက်၏။

ဝမ်လင်းသည် ရှေးဟောင်းကြယ်အဖွဲ့အစည်းတစ်လျှောက် ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို အသုံးပြုကာ ရွှေ့လျားနေ၏။ သူ ပေါ်လာသည်နှင့် သူ့လက်ကို ပင့်မြှောက်ကာ ရှေးဟောင်းသစ်ရွက်အား သူ့နောက်သို့ ချက်ခြင်း ပစ်လွှတ်သည်။

ထိုအခိုက်တွင် တွင်းနက်တစ်ခုသည် သူ့နောက် ဟင်းလင်းပြင်တွင် ပေါ်လာ၏။ ဗလတောင့်တောင့်လူ၏ပုံရိပ်သည်လည်း စတင်ပေါ်လာသည်။ သို့သော် ထိုတွင်းနက်ပေါ်လာသည်နှင့် ရှေးဟောင်းသစ်ရွက်မှာ ရုတ်တရက် ၎င်းပေါ်သို့ ကျရောက်သွားသည်။

“ချိပ်ပိတ်လိုက်…” ဝမ်လင်း၏မထူးခြားနားစကားလုံးက ပဲ့တင်ထပ်လာ၏။ သို့သော် သူ့မျက်လုံးကမူ တလက်လက် ဖြစ်သည်။ သူက ထိုဗလတောင့်တောင့်လူပေါ်ရှိ မိန်းကလေးကို ရေးတေးတေး မြင်လိုက်၏။ သူမ၏မျက်ခုံးနှစ်ခုကြားမှ အမှတ်အသားသည် သူ့ကို တုန်လှုပ်သွားမိစေသည်။ ဝမ်လင်းက တိတ်ဆိတ်စွာ ပျောက်ကွယ်သွားပြန်၏။

တွင်းနက်အတွင်းမှ အော်ဟစ်သံများ အရူးအမူး ထွက်ပေါ်ကာ မြည်ဟန်းလျက် ရှိသည်။ သို့သော် ရှေးဟောင်းသစ်ရွက်သည် တုတ်တုတ်မလှုပ်ပေ။ ခဏအကြာတွင် နောက်ထပ်တွင်းနက်တစ်ခုသည် ရှေးဟောင်းသစ်ရွက်နှင့် သိပ်မဝေးသောနေရာတွင် ပေါ်လာ၏။ သည့်နောက် မြင့်မြတ်သောကောင်းကင်ဘုံဝံပုလွေကလန်မှ ဗလတောင့်တောင့်လူသည် လှမ်းလျှောက်ထွက်လာ၏။ သူက သုန်မှုန်စွာဖြင့် ထိုသစ်ရွက်ကို ကြည့်သည်။

သူက ၎င်းကို တွေ့မြင်ချိန်၌ သစ်ရွက်သည် သလင်းအလင်းအဖြစ်သို့ ပြောင်းကာ ပျောက်ကွယ်သွားတော့သည်။

“သေစမ်း…။ ဒါက ဘယ်လိုရတနာမျိုးလဲ။ အရှင်စစ်မိုက ဒီလူနဲ့ တိုက်ခိုက်ခဲ့ဖူးတယ်။ သူက ဘာကြောင့် ဘာမှ မပြောခဲ့တာလဲ။ ဒါ့အပြင် ဆရာသခင်ယွင်လောဟာလည်း ပြန်လာပြီးတဲ့နောက် ချက်ခြင်း တံခါးပိတ်ကျင့်ကြံဖို့ လုပ်ခဲ့တယ်…”

“သင် ဒီလူ့ကို လျှော့တွက်လို့ မရဘူး။ သူသာ ဒဏ်ရာအပြင်းအထန် မရထားခဲ့ရင် သူ့ကို သင့်ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ဖမ်းနိုင်ဖို့ဆိုတာ မလွယ်လှဘူး..” ထိုမိန်းကလေးက ပြုံး၍ သူမလက်ထဲရှိ သံလိုက်အိမ်မြှောင်ကို ငုံ့ကြည့်သည်။

အနောက်မြောက်၊ ကီလိုမီတာ(၃၇၈၄၉၇)။

ဗလတောင့်တောင့်လူကြီးက သူ့ပုခုံးထက်ရှိ မိန်းကလေးကို အေးစက်စက် ကြည့်လိုက်သည်။ သူသည် တတိယအဆင့် ဖြစ်သော်လည်း ထိုမိန်းကလေးကို ရန်မစချင်ပေ။ ထိုမိန်းကလေးသည် ဒီရှေးဟောင်းကြယ်အဖွဲ့အစည်း၏သခင်ငါးပါးထဲမှ တာအိုသခင်မြောင်ယင်၏ငယ်သား ဖြစ်နေ၏။ သူမသည် ဝမ်လင်းကို ဖမ်းပြီး သတ်နိုင်ဖို့အတွက် သူ့ကို ကူညီပေးဖို့ ကိုယ်တိုင် ရောက်လာခဲ့ခြင်းပင်။

သူက ပြောလိုက်၏။ “မင်းရဲ့သခင်ဟာ ရှေးအမိန့်ဂူသင်္ချိုင်းကို ရောက်နေလောက်ပြီ။ မင်း ငါ့ကို လာရှာရတဲ့ ရည်ရွယ်ချက်က ဘာများလဲ..”

“ရှေးအမိန့်ဂူသင်္ချိုင်းဟာ မသေချာမရေရာ ပါဘူး။ ဒါပေမဲ့ ရှေးဟောင်းမှတ်တမ်းတွေကို ကြည့်ကြည့်တော့ ငါတို့ဟာ တစ်ခုခုကိုတော့ သေချာလာတယ်။ ငါ့သခင်မဆိုနဲ့အုံး၊ ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းရဲ့ အစွမ်းထက်ဆုံး ကျင့်ကြံသူတွေလည်း အဲ့ကို ရောက်နေလောက်ပြီ။ ဒီကိစ္စကို ထားလိုက်ပါ။ ဟိုလူက ကီလိုမီတာတစ်သန်းကျော်လောက် ရောက်နေပြီ။ သင်သာ အခု မလိုက်လံရင် သူ အဝေးကြီး ရောက်သွားလိမ့်မယ်…” ထိုမိန်းကလေးက ပြုံးလိုက်ရာ ပို၍ စွဲဆောင်မှု ရှိသွားစေသည်။

ဗလတောင့်တောင့်လူက စကားမဆိုဘဲ သူမကို အေးစက်စက် စိုက်ကြည့်နေ၏။

“ကောင်းပါပြီ…ကောင်းပါပြီ။ ငါ ပြောပါ့မယ်။ သင် သူ့ကို ဖမ်းမိတာနဲ့ ငါ့ကို သူ့ရှိကနေ တစ်ခုခု ယူခွင့်ပြုရမယ်။ သင် သဘောတူတယ်ဆိုရင် တာအိုအုပ်စိုးသူဟာ သင့်ကို ကျေးဇူးတင်တဲ့အနေနဲ့ အဆင့်ခြောက်တာအိုစိတ်ဝိညာဉ်တစ်ခု ချီးမြှင့်လိမ့်မယ်…”

ထိုမိန်းကလေးသည် မျက်စိကစားကာ ပြုံးလိုက်၏။

ဗလတောင့်တောင့်လူသည် ငြိမ်သက်စွာ အနည်းငယ် စဉ်းစားသွား၏။ ထို့နောက် သူသည် စကားမဆိုဘဲ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

“အနောက်မြောက်…(၂၃၉၈၄၆၁) ကီလိုမီတာ။ အား…ဒါက သင့်ရဲ့ မြင့်မြတ်ကောင်းကင်ဘုံဝံပုလွေကလန်ရဲ့ ကလန်ခွဲတွေထဲက တစ်ခုပဲ…”

ဗလတောင့်တောင့်လူကြီးက အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။ သူ့ရှေ့ရှိ ဟင်းလင်းပြင်သည် ဆုတ်ပြဲသွားလေသည်။ သူ့ပုံရိပ်သည်လည်း ပျောက်ကွယ်သွားလေတော့၏။

ဝမ်လင်းသည် ဒီရှေးဟောင်းကြယ်အဖွဲ့အစည်း၏ တွန့်ခေါက်ဟင်းလင်းပြင်ထံမှ လှမ်းထွက်လာ၏။ သူ့ရှေ့တွင် ကျင့်ကြံခြင်းဂြိုဟ်ခြောက်ခုသည် စက်ဝန်းအသွင် တည်ရှိလို့နေသည်။ ၎င်းတို့ပတ်လည်၌လည်း အစီအရင်တစ်ခု ရှိနေ၏။ ၎င်းမှာ ဒီရှေးဟောင်းကြယ်အဖွဲ့အစည်း၏ ကလန်တစ်ခုပင်။

အကြည့်တစ်ချက်ဖြင်ပင် ထိုအစီအရင်ပေါ်တွင် ပုံရိပ်ယောင်ဝံပုလွေခေါင်းတစ်လုံး လင်းလက်နေသည်ကို မြင်နိုင်သည်။ ၎င်းမှာ သည်ဧရိယာသို့ ဖြတ်သန်းသွားသော ကျင့်ကြံသူများအား ဤနေရာကို မည်သည့်ကလန်က ပိုင်ဆိုင်သည်ဟု အချက်ပြခြင်း မည်သည်။

“ဝံပုလွေ…” ဝမ်လင်းက ဟင်းလင်းပြင်အက်ကြောင်းထံမှ ထွက်ပေါ်ခဲ့သော ဝံပုလွေအော်သံကို ပြန်တွေးမိသွားသည်။

သူက အေးစက်စက်နှာခေါင်းရှုံ့ကာ မြန်ဆန်စွာဖြင့် ထိုကျင့်ကြံခြင်းဂြိုဟ်ခြောက်လုံးထံသို့ ဦးတည်ဝင်လာသည်။ သူ့ခန္ဓကိုယ်ကနေ ရုတ်တရက် သွေးမြူထွက်ပေါ်လာကာ သူ့အား ခြုံလွှမ်းသည်။ သူ့သွေးအသား၊ မူလစိတ်ဝိညာဉ်၊ စိတ်ဝိညာဉ်တို့သည် သည်ဝါးမြိုခြင်းအနီရောင်သွေးမြူအဖြစ်သို့ ပြောင်းလဲသွားသည့်အလား။

ထိုသွေးမြူသည် ချက်ခြင်းပင် ပေတစ်သိန်းကျော်ထိ ဖြစ်လာပြီး ဆက်လက် ချဲ့ကားထွက်သည်။ ၎င်းက မြည်ဟိန်းလျက် မြင့်မြတ်ကောင်းကင်ဘုံဝံပုလွေကလန်၏ ဒီကလန်ခွဲထံသို့ တိုးဝင်လာချေသည်။

အစီအရင်သည် ပြင်းထန်စွာ လင်းလက်လာ၏။ သို့သော် ၎င်းက သွေးမြူ၏ကျူးကျော်မှုကို ရပ်တန့်နိုင်စွမ်း မရှိပေ။ ဝမ်လင်းကြောင့် ဖြစ်ပေါ်လာသော သွေးမြူသည် ကျင့်ကြံခြင်းဂြိုဟ်တစ်ခုအတွင်းသို့ တိုးဝင်လာသည်။

ခပ်အုပ်အုပ်အော်သံများ ပဲ့တင်ထပ်ကာ အရူးအမူး ပျံ့နှံ့သည်။ သို့ပေမည့် ချက်ခြင်းပင် ထိုအော်သံများသည် ရပ်တန့်သွားပြီး သေလောက်အောင် ငြိမ်သက်သွားသည်။

ကျင့်ကြံခြင်းအဆင့်တစ်ခုရှိ‌သော ကျင့်ကြံသူအားလုံး၏အထက်တွင် သွေးမြူက ဝန်းရံထား၏။ သူတို့၏ခန္ဓာကိုယ်များသည် သွေးအဖြစ်ပြောင်းကာ စုပ်ယူခြင်း ခံလိုက်ရတော့သည်။

ထိုသွေးမြူသည် မြန်ဆန်စွာဖြင့် ကျန်သည့်ကျင့်ကြံခြင်းဂြိုဟ်များထံသို့ ဦးတည်ပျံ့နှံ့သည်။

ထိုကျင့်ကြံခြင်းဂြိုဟ်များသည် မြင့်မြတ်ကောင်းကင်ဘုံဝံပုလွေကလန်၏ ကလန်ခွဲအသစ်တစ်ခု ဖြစ်၏။ ယင်းတို့ပေါ်တွင် မည်သည့်သေမျိုးမှ ရှိမနေပေ။ ကျင့်ကြံသူများသာ ရှိသည်။ သွေးမြူ ဖြတ်သန်းရိုက်ခတ်လာသည့်အခါ သူတို့ထဲမှ အများစုသည် သေဆုံးကုန်ကြသည်။

ကြယ်များကြား၌ တွင်းနက်တစ်ခု ပေါ်လာပြီး ဗလတောင့်တောင့်လူသည် ထွက်ပေါ်လာသည်။ သူ လှမ်းထွက်လိုက်သည်နှင့် သူ့နားထဲသို့ တိုးဝင်လာသော အော်သံများကို ကြားလိုက်ရသည်။ သူ့ခန္ဓာကိုယ်မှာ တုန်ယင်သွားလျက် သူ၏မျက်လုံးထဲတွင် ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ် ပေါ်လာလေ၏။

ဟိန်းအော်သံတစ်ချက်နှင့်အတူ ဗလတောင့်တောင့်လူသည် ရှေ့သို့ တိုးဝင်သည်။ သူ တိုးဝင်လာသည့်အခါ ကောင်းကင်သည်ပင် ပျက်စီးလုဟု ထင်မှားရသည်။ သူ့နောက်တွင်မူ ဧရာမအစိမ်းရောင်ဝံပုလွေမြင်ကွင်းတစ်ခု ပေါ်လာလေ၏။

***

All Chapters