တတိယအမ၊ လေးယောက်မြောက်ညီမ
Vol. 108 Ch. 1490
ထိုဝတ်ရုံနက်အဘိုးအို၏ လက်ချောင်းက ရေမျက်နှာပြင်နှင့် ထိမိခါနီးအချိန်တွင် ထိုရေထံမှ တလျှံလျှံတောက်ပသော အပြာရောင်အလင်းတစ်ခု ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း ထိုအပြာရောင်အလင်းသည် ရေထဲ၌ ပြည့်နှက်ကာ လက်ချောင်းနှင့် ထိပ်တိုက်တွေ့လေသည်။
မည်သည့်အသံမျှ ထွက်ပေါ်မသွားပေ။ သို့သော် ထိုလက်ချောင်းနှင့်အပြာရောင်အလင်း ထိဆုံသည့် နေရာထံမှ လှိုင်းဂယက်တစ်ခု ထွက်ပေါ်၏။ ထိုတုန်ခါလှိုင်းသည် အဘိုးအို၏ ဝတ်ရုံနက်ကို ထိတိုက်ကာ တဖျပ်ဖျပ် ဖြစ်သွားစေသည်။
“သင် သူ့အပေါ်မှာ ရေတွင်းထဲကလမျှားခြင်းကို အမှတ်အသားထားခဲ့တာ ငါ လစ်လျူရှုပေးနိုင်တယ်။ ဒါပေမဲ့ သင်က သူ့ကို သတ်ရင်တော့ ငါ ထင်တာဟာ…”
အပြာရောင်အလင်းထံမှ တည်ငြိမ်သောအသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံက ခဏတာ ရပ်တန့်သွားပြီးနောက် ဆက်ထွက်ပေါ်သည်။
“ငါ ဝင်ပါရလိမ့်မယ်…”
ဝတ်ရုံနက်အဘိုးအိုက အနည်းငယ် စဉ်းစားသည်။ ထို့နောက် သူက ရှတတအသံဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “မင်းဟာ ဒီအဘိုးအိုရဲ့ ပြိုင်ဘက် မဟုတ်ဘူး…”
“ငါ သင့်ရဲ့ ဒဏ်ရာတွေ ပိုဆိုးသွားအောင်တောင် လုပ်နိုင်တယ်…” ထိုအပြာရောင်အလင်းထဲရှိ အသံသည် တည်ငြိမ်နေလျက်ပင်။
ဝတ်ရုံနက်အဘိုးအိုသည် စကားမဆိုပေ။ အချိန်အတန်ကြာပြီးနောက် သူက သက်ပြင်းချကာ ခပ်ရှရှအသံနှင့် ပြောလိုက်သည်။
“ငါတို့ သဘောတူညီချက်တစ်ခု ရှိထားတယ်…”
“အတိတ်တုန်းက သင် ငါ့ကို လှုပ်ရှားဖို့ တောင်းဆိုခဲ့တော့ ငါ လုပ်ဆောင်ပေးခဲ့ပြီးပြီး…”
“မင်းဇနီးရဲ့ ခန္ဓာကိုယ်ကို ပြန်မလိုချင်တော့ဘူးလား။ ပြီးတော့ မင်းဟာ ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းရဲ့ သခင်ငါးပါးထဲက တစ်ယောက် ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့…”
အပြာရောင်အလင်းထဲရှိ အသံသည် အနည်းငယ် ငြိမ်သက်စွာ စဉ်းစားသွားသည်။ ခဏအကြာတွင် မောပန်းသောအသံတစ်သံသည် ဒီနန်းတော်အတွင်း ပဲ့တင်ထပ်သွား၏။
“ငါဟာ အဖေတစ်ယောက်လည်း ဖြစ်တယ်…”
နန်းတော်သည် ငြိမ်သက်တိတ်ဆိတ်သွားကာ ဖယောင်းတိုင်လောင်ကျွမ်းသံတစ်ခုသာ ရှိလို့နေ၏။
“ဒီတစ်ကြိမ်ပဲ…” ဝတ်ရုံနက်အဘိုးအိုက လှည့်ထွက်ကာ နန်းတော်အတွင်းနက်ပိုင်းသို့ လှမ်းလျှောက်သွားလေ၏။
ရေတွင်းထဲရှိ အပြာရောင်အလင်းသည် ဖြည်းဖြည်းချင်း လွင့်ပါးပျောက်ကွယ်သွားတော့သည်။
“ရောင်းရင်းကျင့်ကြံသူ…သင် ငါ့ကို ကူညီပေးနိုင်မလား…”
ရှေးအမိန့်သင်္ချိုင်းထံ ဦးတည်သည့် အက်ကြောင်းအပြင်ဘက်၊ မြူများအတွင်း၌ ထိုလှပသောအသံကြောင့် ဝမ်လင်းသည် ခြေတစ်လှမ်းပင် မရပ်တန့်ဘဲ ဆက်သွားလေသည်။
သူသည် နားမကြားဟန် ပြုထား၏။ သူ့ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းကာ အက်ကြောင်းအတွင်းသို့ ဝင်ရောက်သွားလေသည်။
ဝမ်လင်း ထိုအက်ကြောင်းအတွင်းသို့ ဝင်ရောက်သွားသည့်အခါ သူ့ပတ်လည်ရှိ လောကသည် တွန့်ခေါက်သွားသည်။ သူက ထိုသက်လတ်ပိုင်းပညာတတ်ရှေ့မှ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။
ဝမ်လင်းသည် ကလေးမဟုတ်ပေ။ သူက သူလုံးဝ မသိသော တစ်စုံတစ်ယောက်အပေါ် ကူညီလိမ့်မည် မဟုတ်ပေ။ သက်လတ်ပိုင်းအရွယ်ပညာတတ်တစ်ယောက်နှင့် တူသော ထိုအမျိုးသမီးသည် အတင်းအကြပ် ဒီနေရာထိ ရောက်လာနိုင်ခဲ့၏။ ဆိုလိုသည်က သူမ၏ကျင့်ကြံမှုအဆင့်မှာ ကြောက်မက်ဖွယ်ကောင်းလှပေမည်။ ဝမ်လင်းက ထိုသို့သောလူတစ်ယောက်နှင့် အကြောင်းရင်းမရှိဘဲ မဆက်ဆံလိုပေ။
သူမက ဝမ်လင်း၏အကူအညီအတွက် အကျိုးအမြတ်ကြီး ပေးမည်ဆိုလာလျှင်ပင် ဝမ်လင်းသည် ချက်ခြင်း ထွက်ခွာမည်သာ ဖြစ်၏။ ခုချိန်၌ သူ့စိတ်သည် အတော်လေး ရှင်းလင်းနေ၏။ အခုမြူအတွင်းသို့ ဝင်လာစဉ် သူနှင့် မဝင်လာခင်သူ့ ကြားတွင် အနည်းငယ် ကွာခြားမှုတစ်ခု ရှိနေသည်။ သို့ပေမည့် ထိုကွာဟမှုလေးက သူ့ကို အန္တရာယ်အာရုံကို ပိုခံစားမိစေသည်။
သူက ဒီရှေးဟောင်းကြယ်အဖွဲ့အစည်း၌ သူ့လုပ်ဆောင်ခဲ့မှုများနှင့် ပတ်သတ်၍ ပိုတွေးမိလေလေ ဝမ်လင်းသည် သူ့ကိုယ်သူ သူ မဟုတ်သလိုမျိုး ခံစားမိပေ၏။ အစွမ်းထက်အားတစ်ခုခုက သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်ကာ သူ၏အတွေးများကို ထိန်းချုပ်နေသလို အခု ခံစားမိနေသည်။ ထို့အတွက်ကြောင့် သူသည် တုန်လှုပ်ရသလို တစ်ချိန်တည်းမှာလည်း ပို၍ သတိထားလာသည်။ သူက ထိုသက်လတ်ပိုင်းပညာတတ်ကို လုံးဝ လစ်လျူရှုထားခဲ့သည်။
ဝမ်လင်း ထွက်သွားသည်ကို တွေ့မြင်သည့်နောက် သက်လတ်ပိုင်းပညာတတ်သည် မျက်မှောင်ကြုတ်သွား၏။ ရှေးအမိန့်သင်္ချိုင်းသည် ပေတစ်ထောင်ပင် မလှမ်းတော့သော်လည်း သူ့ကျင့်ကြံမှုစွမ်းအားနှင့်ရတနာများဖြင့်ပင် သူသည် သည်မျှထိသာ ရောက်နိုင်၏။ နောက်ထပ် ဆက်မသွားနိုင်တော့ပေ။
မြူက ပို၍ ပြင်းထန်လာသည်ကို တွေ့မြင်သည့်အခါ သက်လတ်ပိုင်းပညာတတ်လူက သက်ပြင်းချလိုက်သည်။
“ကြည့်ရတာ ဒီရှေးအမိန့်သင်္ချိုင်းထဲကို ငါ့မူလခန္ဓာကိုယ်နဲ့ ဝင်လို့ မရနိုင်တော့တဲ့ ပုံပဲ။ ဒီကောင်လေးရဲ့ မျက်ခုံးနှစ်ခုကြားမှာ အမှတ်အသားတစ်ခု ရှိမနေဘူး။ သူ့ရဲ့ပုံရိပ်ဟာ ငါ ထင်ထားတာရဲ့ အပြင်ဘက် ရောက်နေတယ်။ ကောင်ဆိုးလေး ထာဆန်အပြင် သူဟာ ညီမခုနစ်ရဲ့ ကိုယ်ပွားကို သတ်ခဲ့တဲ့ နောက်ထပ် ရှေးဟောင်းနတ်ဘုရားတစ်ယောက်ပဲ ဖြစ်ရမယ်…”
ထိုသက်လတ်ပိုင်းပညာတတ်၏ မျက်လုံးသည် လက်ခနဲ ဖြစ်လာကာ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူ့ပတ်လည်ရှိ ရုပ်တုကိုးခုထံမှ အလင်းထွက်ပေါ်လာသည်။ သူက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ထိုရုပ်တုထံမှ အလင်းသည် ပို၍ တောက်ပလာပြီး သူ့အား ခြုံလွှမ်းသည်။
ခဏအကြာတွင် အမျိုးသမီးတစ်ယောက်၏ပုံရိပ်သည် ၎င်းအလင်းထံမှ လှမ်းထွက်လာ၏။ သူမ၏အသွင်မှာ အလွန်လှလွန်းသည်။ ဆံပင်ရှည်များက ခါးဆစ်ထိ ကျဆင်းလို့နေ၏။ သူမက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လူတစ်ယောက်သည် သူမ၏ခန္ဓာကိုယ်ထဲ၌ အလင်းတန်းကိုးခုလှည့်ပတ်နေသည်ကို မြင်နိုင်ပေမည်။
ထိုအမျိုးသမီးပေါ်လာသည်နှင့် မြူက သူမ၏ခန္ဓာကိုယ်အတွင်း တရကြမ်း တိုးဝင်ကာ သူမ၏မျက်ခုံးခုနစ်ကြားတွင် နံပါတ်အမှတ်အသားတစ်ခု ချက်ခြင်း ပေါ်လာလေ၏။
သက်ပြင်းချကာ ထိုအမျိုးသမီးသည် ခြေတစ်လှမ်းလှမ်း၍ ရှေးအမိန့်သင်္ချိုင်းထံ ဦးတည်သော အက်ကြောင်းအတွင်းသို့ ဝင်ရောက်သွားတော့သည်။
သူမ ဝင်ရောက်သွားသည်နှင့် မြူအတွင်းရှိ အလင်းမှာလည်း ပျောက်ကွယ်လို့သွား၏။ သက်လတ်ပိုင်းပညာတတ်၏ မျက်နှာမှာ ဖြူရောသွားပြီး နောက်သို့ အလျင်အမြန် ဆုတ်လေ၏။ သူ နောက်ဆုတ်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ငါ့ကိုယ်ပွားကိုပဲ စေလွှတ်နိုင်တော့တယ်။ ဒီရှေးဟောင်းနတ်ဘုရားလေး(ဝမ်လင်း)ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရေတွင်းထဲကလမျှားခြင်း လက္ခဏာတွေ ရှိနေတယ်။ သူကလွဲလို ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းထဲမှာ ဘယ်သူကမှ ဒီမန္တာန်ကို အသုံးပြုနိုင်မှာ မဟုတ်ဘူး။ အစ်မကြီးနဲ့ ရှစ်ယောက်မြောက်ညီမတို့ဟာလည်း ထွက်သွားတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ဒုတိယအမကလည်း သူ လုပ်ဆောင်ရမယ့် တစ်စုံတစ်ယောက်ကို ရှာတွေ့သွားခဲ့ပြီး ဖြစ်တယ်။ အဲ့မြေခွေးမ လေးယောက်မြောက်ညီမကလည်း ကလေးဆိုး ထာဆန်ကို လုပြီး ထွက်သွားခဲ့ပြီ။ ငါးယောက်မြောက်ညီမကလည်း သူ့ခန္ဓာကိုယ်ကို ဖွဲ့စည်းပြီး တာအိုသခင်အိပ်မက်ပြာနဲ့ တူညီတဲ့လမ်းကြောင်းမှာ ရှိနေခဲ့ပြီ။ ငါ လုပ်ဆောင်ရမယ့် တစ်ယောက်ယောက်ကိုသာ ငါ မရှာနိုင်ခဲ့ရင် ငါပဲ ကျန်ခဲ့မှာ စိုးရွှံ့မိတယ်…”
သက်လတ်ပိုင်းပညာတတ်သည် အထက်ပါစကားများကို ခပ်တိုးတိုး ရေရွတ်ရင်း ဝေးသထက်အဝေးသို့ ရောက်ရှိသွားလေသည်။
သူ မြူအတွင်းမှ ထွက်ခွာနီးအခါ၌ ရုတ်တရက်ရပ်ကာ အကွာအဝေးတစ်ခုထံသို့ ကြည့်လိုက်၏။
အကွာအဝေးတစ်ခု၌ မြူများသည် တဝီဝီလည့်လျက် သူ့ထံသို့ အော်သံတစ်သံ တိုးဝင်လာသည်။ ၎င်းအသံနှင့်အတူ ရန်လိုသောအော်ရာတစ်ခု ပျံ့နှံ့လာ၏။ ထိုအော်သံထဲတွင် ရူးသွပ်မှု အရိပ်အမြွက် ပါဝင်နေသည်။
“နင် ငါ့ကို မတောင်းဆိုခဲ့ရင်တောင် ငါ့ဘာသာ ဒီကို လာမှာ။ သောက်အမျိုးသမီး။ ဒီနတ်ဘုရားအတွက် ပါးစပ်ပိတ်ထားစမ်း…ပါးစပ်ပိတ်ထားစမ်း…”
ထိုဟိန်းအော်သံအတွင်း၌ လူတစ်ယောက်၏ စိတ်နှလုံးကို သက်ရောက်စေနိုင်သော ရယ်သံတစ်ခု ရှိနေသည်။ ထိုရယ်သံသည် အံ့ဖွယ်အလား ဖြားယောင်းနိုင်မှုဖြင့် ပြည့်နှက်လေ၏။
“ငါ ဒီအကြောင်းကို ထပ်မပြောတော့ဘူး။ ဒါပေမဲ့ နင် ပိုပြီး ရူးသွပ်လေလေ ငါ ပို သဘောကျလေပဲ။ အသုံးမကျတဲ့ ကောင်းကင်ဘုံအုပ်စိုးသူထက်စာရင် နင်နဲ့နေရတာ အများကြီး ပိုပျော်ဖို့ ကောင်းတယ်…”
ခဏအကြာတွင် လူတစ်ယောက်သည် မြူများထံမှ လှမ်းထွက်လာသော ကြီးမားသည်ပုံရိပ်ကြီးတစ်ခုကို မြင်နိုင်ပေသည်။ ထိုပုံရိပ်သည် ကျင့်ကြံခြင်းဂြိုဟ်တစ်ခုအလား ကြီးမားလှသည်။ သို့ရာတွင် ၎င်း၏ခန္ဓာကိုယ်သည် ရှေ့သို့ တိုးဝင်လာနေရင်း မြန်ဆန်စွာ ကြုံ့နေသည်။ ထိုပုံရိပ်မှာ ထာဆန်ပင် ဖြစ်၏။
ဤအခိုက်တွင် ထာဆန်၏မျက်လုံးမှာ ချင်းချင်းနီနေ၏။ သူ့အမူအရာမှာ ကြမ်းကြုတ်ရူးသွပ်ဟန် ပေါက်နေသည်။ သူသည် ကြောက်ဖွယ်အရှိန်အဟုန်နှင့် ရွှေ့လျားလာပြီး သက်လတ်ပိုင်းပညာတတ်ကို ဖြတ်ကျော်သွားရန် ပြင်သည်။
“အမြဲတမ်းအေးစက်တဲ့ တတိယအမပါလား။ တတိယအမရဲ့ ကျင့်ကြံမှုအဆင့်နဲ့တောင် ဒီရှေးအမိန့်သင်္ချိုင်းထဲ မဝင်နိုင်ဘူးလား…” ညှို့ငင်မှုအပြည့်အသံသည် ထာဆန်၏မျက်ခုံးနှစ်ခုကြားကနေ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
သက်လတ်ပိုင်းလူပညာတတ်သည် နှာခေါင်းရှုံ့ကာ ဘေးရှိ ခပ်ဝေးဝေးသို့ နောက်ဆုတ်လိုက်သည်။ သူ့အသံကလည်း ညင်သာစွာ ထွက်ပေါ်လာသည်။
“ဟူမေဇီ…နင့်ရဲ့ စရိုက်ဟာ ပြောင်းလဲဖို့ ခက်ခဲတယ်။ ငါဟာ နင့်ရဲ့ မသတီစရာအော်ရာကို အဝေးကနေတောင် ရနေတယ်…”
ညီမဟာ ကောင်းကင်ဘုံတာအိုကလန်ရဲ့ မြင့်မြတ်တဲ့အပျိုစင်ကို မယှဉ်နိုင်ပါဘူး။ ညီမအနေနဲ့ ယုံကြည်တာတော့ နင်ဟာ ဒီနေ့ထိ အပျိုစင်ပဲ ဖြစ်နေဦးမယ်။ နင့်ကို ကောင်းကင်ဘုံအုပ်စိုးသူက ဖမ်းစီးသွားခဲ့ပြီး ပြီးပြည့်စုံတဲ့ကိုယ်လုပ်တော်အဖြစ် မြှောက်တင်ပေးခဲ့တယ်။ ဒါပေမဲ့ ဒီလူအိုကြီးဟာ ဒီအရာမှာ ပျော်ဖို့ ကံခေသလားပဲ။ ဒါက တစ်ခြားတစ်ယောက်ယောက်အတွက် အကျိုးရသွားနိုင်တယ်။ ငါ သိချင်တာက နင့်ရဲ့အပျိုစင်ကို ဘယ်သူကများ ရယူသွားနိုင်မလဲပေါ့…”
ညှို့ငင်မှုအပြည့်အသံသည် ဂရုမစိုက်ဟန် ရသည်။ ထို့နောက် ထိုအသံသည် ထာဆန်၏ပုံရိပ်နှင့်အတူ ပျောက်ကွယ်သွားတော့သည်။
သက်လတ်ပိုင်းပညာတတ်၏ မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။ ထို့နောက် သူသည် အေးစက်စက်နှာခေါင်းရှုံ့ကာ အဝေးသို့ ထွက်သွားလေသည်။
ဝမ်လင်းသည် ရှေးအမိန့်သင်္ချိုင်းအက်ကြောင်းအတွင်း ဝင်ရောက်သွားသည်နှင့် သူက တည်နေရာရွှေ့ပြောင်းခြင်းအားတစ်ခုကို ခံစားမိသည်။ သူသည် သူ့ဘေးပတ်လည်ကို ရှင်းလင်းစွာ မမြင်နိုင်ခင်မှာပင် သူသည် နောက်သို့ ဆယ့်နှစ်ပေလောက် ဆုတ်သည်။ အလင်းသည် စတင် တောက်ပလာ၏။ ထိုအလင်းအရိပ်က သူ့ခန္ဓာကိုယ်ကို ဝန်းရံသွားသည်။
ဤက သူ့သတိတရားပင်။ တကယ်တော့ ဤနေရာသည် ရှေးအမိန့်သင်္ချိုင်း မဟုတ်လား။ ထို့အပြင် သူ့ရှေ့၌ အရင်ဝင်သွားသော လူများလည်း ရှိနေသေး၏။ ထို့ကြောင့် သူက သတိထားရမည်။
ဝမ်လင်း ပေါ်လာသည်နှင့် သူက ပြင်းထန်သောပေါက်ကွဲသံကို ကြားလိုက်ရသည်။ ပြင်းထန်သောအားတစ်ခုက သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ ၎င်းက ဝမ်လင်းပတ်လည်ရှိ အလင်းအရိပ်ပေါ်သို့ ကျရောက်သည်။
ကံကောင်းစွာဖြင့် ဝမ်လင်း၏စရိုက်က သူ့ကို ထိုအလစ်တိုက်ခိုက်မှုမတိုင်ခင်မှာ အလင်းအရိပ်ဒိုင်းကို တင်ကြို အသုံးပြုစေခဲ့သည်။ ထိုတိုက်ခိုက်မှုက အလင်းအရိပ်ဒိုင်းကြောင့် တန်ပြန်သွားလေ၏။
ခပ်အုပ်အုပ်ငြီးတွားသံသည် ပဲ့တင်ထပ်ကာ တစ်စုံတစ်ယောက်သည် အမြန်ဆုတ်သွားသည်။
ထိုအဖြစ်အပျက်အားလုံးသည် လျှပ်တပြတ်အတွင်း ဖြစ်သွားခြင်းပင်။ ဝမ်လင်းသည် ထိုအက်ကြောင်းအဟထဲသို့ ဝင်လိုက်သည်နှင့် တစ်စုံတစ်ယောက်က သူ့ကို တိုက်ခိုက်လာခဲ့၏။ သို့သော် သူတို့သည် နောက်သို့ ချက်ခြင်း ပြန်ဆုတ်ကြ၏။
ထိုအခိုက်အတန့်တွင် ဝမ်လင်းသည် သူ့ဘေးပတ်လည်ကို ရှင်းလင်းစွာ မြင်ရသည်။ သည်နေရာသည် ဝမ်လင်းအပြင်ဘက်တုန်းက မြင်ခဲ့သည့်အရာနှင့် ကွာခြားသည်။ အကြမ်းဖျဉ်းအားဖြင့် တူသည်ဟု ထင်သော်လည်း ထပ်တူမကျပေ။
အပြင်မှလူများ ဝင်လာသည်နှင့် သူတို့သည် မတူညီသောဧရိယာများထံသို့ တည်နေရာရွှေ့ပြောင်းခံလိုက်ရသည်။
ကောင်းကင်သည် မှိန်ဖျော့လျက်၊မြေပြင်သည် သိပ်သည်းသောမြူများ ရှိနေ၏။ မြူများက ပင်လယ်တစ်ခုအလား မခန့်မှန်းနိုင်လောက်အောင်ပင်။ ရံဖန်ရံခါ တစ်ခုခုကို ဝါးမြိရန် စောင့်နေသည့်အလား တွင်းနက်ကြီးများလည်း ပေါ်ပေါ်လာတတ်သည်။
လေထဲ၌ မရေမတွက်နိုင်သော ကျောက်ဖျာများ လွင့်မြောလျက် ရှိကာ ယင်းတို့တစ်ခုစီပေါ်မှာ ဦးခေါင်းတစ်ခု ရှိကြသည်။ ကျောက်ဖြာများ များပြားလွန်းသဖြင့် မြင်ကွင်းဖြင့်ပင် မဆန့်ပေ။
တာအိုဝတ်စုံနှင့် သက်လတ်ပိုင်းလူတစ်ယောက်သည် အလျင်အမြန် နောက်ဆုတ်နေ၏။ သူ့မျက်နှာသည် ဖြူရောကာ သွေးများ ပါးစပ်ထောင့်မှ စီးကျနေသည်။ သူက ဝမ်လင်းကို အလန့်တကြား ကြည့်နေမိသည်။ ထိုသူမှာ ဝမ်လင်းကို အလစ်တိုက်ခိုက်ခဲ့သောသူပင်။
ကောင်းကင်ထက်၌ ကျင့်ကြံသူဒါဇင်ချီရှိနေ၏။ သူတို့အားလုံးလည်း တုန်လှုပ်နေကြသည်။ ဝမ်လင်း၏အကြည့်က သူတို့ထံ ရောက်လာသည့်အခါ သူတို့အားလုံး အလိုလို နောက်ဆုတ်မိကြသည်။
သွေးနံ့မှာ ဤဧရိယာတွင် လွှမ်းခြုံနေ၏။ ဝမ်လင်းက သည်လူများသည် ပူးပေါင်းထားသည်ကို ချက်ခြင်း သိလိုက်သည်။ သူတို့က ခုမှ ရောက်လာပြီး သတိလွတ်၊ကြောက်လန့်နေသော ကျင့်ကြံသူများကို တိုက်ခိုက်နေကြခြင်းပင်။
အခြားသူများကို သတ်၍ ရတနာများကို လုယူခြင်း။
ပိုဝေးသောနေရာတွင် ပြန့်ကြဲနေသော ကျင့်ကြံသူများသည် ကျောက်ဖျာများပေါ်သို့ ရောက်ရန် ကြိုးစားလို့နေ၏။ သို့ပေမည့် ထိုကျောက်ဖြာများ ပတ်လည်တွင် ထူးဆန်းသောစွမ်းအားတစ်ခုရှိနေပြီး သူတို့က မည်သည့်မန္တာန်ကို အသုံးပြုပါစေ အထဲသို့ မလှမ်းနိုင် ဖြစ်နေသည်။
တစ်ချက်ကြည့်ရုံဖြင့် ထိုနေရာတွင် ကျင့်ကြံသူရာချီ ရှိနေသည်မှာ ထင်ရှား၏။ သို့သော် ၎င်းနေရာသည် ကြီးမားသဖြင့် လူထူသည်ဟု မခံစားရပေ။
***