← Chapters

ဒဏ်ရာကုသဖို့အတွက် အခွင့်အရေး

Vol. 109 Ch. 1494

ဒဏ်ရာကုသဖို့အတွက် အခွင့်အရေး

Vol. 109 Ch. 1494

လူသားအသွင်သားရဲထောင်းချီသည် များသည်ဟု မထင်ရပေ။ သို့သော် ၎င်းတို့၏ စူးရှရှအော်သံများ ပေးလျက် မြူများအတွင်းမှ ထိုးထွက်လာသည့် မြင်ကွင်းသည် တုန်လှုပ်ဖွယ်ရာပင်။

ထိုသားရဲများ၏ ကြမ်းကြုတ်သောသွင်ပြင်၊ အအမြန်နှုန်းတို့က ပြင်းထန်သောအဟုန်တစ်ခုကို ပေးစွမ်းနေသည်။

သားရဲထောင်ချီနှင့် ယှဉ်ပါက ဝမ်လင်းတို့ နှစ်ဆယ့်ငါးယောက်အုပ်စုသည် အချိန်မရွေးနစ်မြုပ်သွားနိုင်သော ပင်လယ်ပြင်မှ လှေငယ်တစ်စင်းအလား။

ထိုလူသားအသွင်သားရဲများသည် ကျင့်ကြံခြင်းအဆင့်အမျိုးမျိုး ရှိ၏။ အမြင့်ဆုံးမှာ တတိယကောင်းကင်ဘုံဒုက္ခအဆင့်၊ အနိမ့်ဆုံးသည် နိဗ္ဗာနဖြိုခွဲခြင်းအဆင့်တွင် ရှိသည်။

၎င်းတို့၏ အရေအတွက်ထောင်ချီနှင့် အံ့ဖွယ်အမြန်နှုန်းကြောင့် ရင်ဆိုင်ရခက်စေသည်။ ၎င်းသားရဲများသည် ရင်ဆိုင်ရ ခက်ခဲလှသော်လည်း သည်နေရာရှိ ကျင့်ကြံသူများမှာလည်း အားမနည်းလှပေ။ သည်အခိုက်အတန့်၌ မန္တာန်များ၊ ရတနာများ ပျံသန်းထွက်လာကြပြီ။ တိုက်ပွဲစလေသည်။

ဝမ်လင်းက တည်ငြိမ်နေ၏။ သူက သူ့ညာလက်ကို ပင့်မြှောက်လိုက်ရာ ဓားစွမ်းအင်တန်းဆယ်သန်းသည် ထိုးထွက်သွားသည်။ ဓားစွမ်းအင်များသည် မုန်တိုင်းတစ်ခုအသွင် ဖြစ်ပေါ်ကာ သည်ဧရိယာကို ခြုံလွှမ်းတိုက်ခတ်သည်။ သူ့ထံ တိုးဝင်လာသော သားရဲအားလုံးသည် မုန်တိုင်း၏ ထိမှန်ခြင်း ခံရကာ သေဆုံးကုန်သည်။

သို့ရာတွင် ထိုသားရဲများ သေဆုံးသွားသည်နှင့် အနီရောင်အလင်း တဖျပ်ဖျပ် လင်းလက်၏။ ဓားမုန်တိုင်း၏ သတ်ဖြတ်ခြင်း ခံရသော်လည်း ကိုယ့်ကိုယ်ကိုဖောက်ခွဲခြင်းအဖျက်အစီးအားတစ်ခုက ဖြစ်ပေါ်လာသည်သာ။

ထိုအဖျက်အစီးစွမ်းအားက သူတို့၏ခွန်အားထက် အဆများစွာ ပိုအားကောင်းနေ၏။ အများကြီး တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားသည့်အခါ ရလဒ်အားဖြင် ကျယ်လောင်သော တုန်ဟည်းသံများ ဖြစ်ပေါ်ကာ ပျံ့နှံ့လေသည်။

ဓားမုန်တိုင်းကြောင့် သားရဲဒါဇင်ချီ အသတ်ခံလိုက်ရပြီ ဖြစ်၏။ ၎င်းတို့၏ပေါက်ကွဲမှုစွမ်းအားတွင် ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့်ကျင့်ကြံသူ တစ်ယောက်၏ တိုက်ခိုက်မှုစွမ်းအား ပါဝင်နေသည်။ ထိုအားက ဝမ်လင်းထံ တဟုန်ထိုး ဝင်ရောက်လာစဉ် သူ၏မျက်လုံးသည် လင်းလက်သွား၏။ ရုတ်တရက် သူ့နောက်တွင် အလင်းအရိပ်ဒိုင်းတစ်ခု ပေါ်လာသည်။

ထိုအလင်းအရိပ်က သူ့ခန္ဓာကိုယ်ကို ခြုံလွှမ်းလျက် တောက်ပသည်။ ဖိသိပ်အားက ထိုအလင်းအရိပ်ဒိုင်းနှင့် ထိပ်တိုက်တွေ့သည့်အခါ ကျယ်လောင်စွာတုန်ဟည်းသံ ပဲ့တင်ထပ်သည်။ အလင်းအရိပ်ဒိုင်းသည် တွန့်ခေါက်သွားသော်လည်း မပျက်စီးသွားပေ။ ပြင်းထန်သောအဖျက်အစီးအားသည် တန်ပြန်ကန်ကာ သည်ဧရိယာတစ်ခွင် ရိုက်ခတ်သွားသည်။

ဝမ်လင်းထံ တိုးဝင်လာသော ဒုတိယအသုတ်သားရဲများသည် ထိုအား၏ ထိမှန်ခြင်း ခံလိုက်ရသည်။ သူတိ့အားလုံးသည် စူးစူးဝါးဝါးအော်ဟစ်လျက် ပျက်စီးသွားသည်။ သို့ရာတွင် ထိုအဖြစ်က နောက်ထပ်အဖျက်အစီးအားလှိုင်းတစ်ခုကို ဖြစ်စေသည်။ ပေါက်ကွဲမှုအလွှာများသည် ဝမ်လင်းကို ဗဟိုပြုလျက် အထိုင်ချ၏။

ပိုပိုပြင်းထန်သော အဖျက်အစီးအားများသည် ဝမ်လင်းထံ လှိမ့်ဝင်လာနေ၏။ ဝမ်လင်းက တည်ငြိမ်လျက်ပင်။ သူ့ပတ်လည်ရှိ အလင်းအရိပ်ဒိုင်းသည် ပို၍ တောက်ပလာသည်။ ဝမ်လင်းမျက်နှာသည်လည်း အလင်းပြန်နေသည့်အတွက် အပြင်ဘက်မှ မည်သူကမျှ သူ၏အမူအရာကို မတွေ့မြင်နိုင်တော့ပေ။

ဝမ်လင်း၏စိတ်သည် တုန်ယင်နေ၏။ ကြမ်းကြုတ်သော ဒီသားရဲများအားလုံးက ကိုယ့်ကိုယ်ကို ဖောက်ခွဲဖို့ အချိန်ရသည်မဟုတ်။ အချို့က ဝမ်လင်း၏ သတ်ဖြတ်ခြင်း ခံရပြီးမှသာ ပေါက်ကွဲသွားကြခြင်းပင်။ ထိုသို့ဖြစ်သည့်အခါ အဖြူရောင်စွမ်းအင်တစ်ခုက ဝမ်လင်းခန္ဓာကိုယ်ထဲ ဝင်ရောက်လာ၏။ ၎င်းမှာ အသက်ဓာတ်အားပင်။

ထိုအသက်ဓာတ်အားသည် ချက်ခြင်းပင် သူ၏ဒဏ်ရာများကို ကုသရာ၌ အကူအညီ ဖြစ်စေသည်။ သူ ဝါးမြိုခဲ့သော ကျင့်ကြံသူများထက်ပင် သာနေသည်။ ဝမ်လင်းက နှုတ်ခမ်းသပ်ကာ သူ၏ကျောက်ဖျာပေါ်ကနေ လှမ်းထွက်၍ ထိုသားရဲများထံသို့ တိုးဝင်လာတော့သည်။

သိပ်မဝေးသောနေရာတွင် ကျန်သည့်ကျင့်ကြံသူများကလည်း ခုခံနေကြ၏။ သို့သော် အချို့ကမူ သားရဲများ၏ ဖောက်ခွဲမှုအားကို ခံလိုက်ရသည်။ သူတို့က သွေးအန်ကာ နောက်ဆုတ်ရသည်။ ထို့နောက် သူတို့သည် ပြန်အဝိုင်းခံရပြန်၏။ သူတို့က ခုခံရန် ဟန်ပြင်လိုက်စဉ် ပတ်ဝန်းကျင်ရှိ သားရဲများက ထပ်မံ ပေါက်ကွဲကာ ပြင်းထန်သောအားက ထိုကျင့်ကြံသူများထံသို့ ထပ်မံ ရိုက်ခတ်တော့သည်။

အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးကတော့ စိတ်အေးလက်အေး အရှိဆုံးပင်။ သူမ၏အမူအရာသည် မထူးခြားနားဟန် ရှိကာ သူမ မည်သူကမျှ သူမ အသုံးပြုသော မန္တာန်ကိုလည်း မတွေ့ရပေ။ သို့သော် သူမအနားသို့ ကပ်လာသော သားရဲတိုင်းသည် အနက်ရောင်အခိုးငွေ့များ ထွက်ပေါ်ကာ စူးစူးဝါးဝါးအော်၍ ကြောက်လန့်တကြား နောက်ဆုတ်ကုန်ကြသည်။

ဝမ်လင်း၏ပုံရိပ်သည် လျှပ်စီးတန်းတစ်ခုအလား။ သူက ကျောက်ဖျာထံမှ ပထမဆုံး ထွက်လာသည့်သူ ဖြစ်ပြီး သားရဲအုပ်ထံ ဦးတည်၍ တစ်လမ်းလုံး သတ်ဖြတ်လာသည်။ ထိုအဖြစ်က ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ အာရုံကို စွဲဆောင်သွားသည်။

ဝမ်လင်းသည် သူတို့၏အကြည့်များကို လစ်လျူရှုထားသည်။ ခြေတစ်လှမ်းဖြင့်ပင် သူသည် သားရဲအုပ်စုတစ်စုနား ရောက်သွား၏။ သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ ဓားစွမ်းအင်ဆယ်သန်းသည် ထိုသားရဲအုပ်ထဲ ရိုက်ခတ်သွားကာ သူတို့၏ခန္ဓာကိုယ်များကို အပိုင်းပိုင်း ဖြစ်သွားစေသည်။ ၎င်းတို့ မပေါက်ခွဲနိုင်ခင်မှာ အစိတ်အပိုင်းတစ်ခုသည် အသတ်ခံလိုက်ပြီ ဖြစ်၏။ သူတို့ထံမှ ထုတ်လွှတ်သော အဖြူရောင်စွမ်းအင်က ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာချေသည်။

ဝမ်လင်း၏ မူလစိတ်ဝိညာဉ်က ထိုအသက်ဓာတ်အားကို စုပ်ယူ၏။ ထိုအဖြစ်က သူ၏ဒဏ်ရာများ ကောင်းမွန်ဖို့အတွက် အကူအညီ ဖြစ်စေသည်။ ဝမ်လင်းက အကျိုးအမြတ်ကို ခံစားမိသည့်အခါ သူက ဖိသိပ်အားကြောင့် နောက်ဆုတ်ရ၏။ ဖျပ်ခနဲ သူသည် ကျင့်ကြံသူတစ်ယောက်ကို ဝန်းရံထားသော သားရဲအုပ်နားတွင် ပေါ်လာ၏။ သူ့လက်ကို ဓားတစ်လက်အသွင်ဖြစ်ပေါ်စေပြီး သားရဲတစ်ကောင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်စေသည်။ ၎င်းကို ဖျက်စီးပြီးနောက် ဝမ်လင်းသည် ရေထဲကငါးတစ်ကောင်အလား ရွှေ့လျားသည်။

မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်ကုန်၏။ လျှပ်တပြန်အတွင်း သားရဲဒါဇင်ချီသည် ဖျက်စီးခံရသည်။ သားရဲများ ဝန်းရံခံထားရသော ထိုကျင့်ကြံသူက စိတ်လှုပ်ရှားကာ ဝမ်လင်းထံသို့ ကျေးဇူးတင်ဟန်ဖြင့် ကြည့်လိုက်သည်။

ဝမ်လင်းသည် ထိုလူ့ကို လစ်လျူရှုလျက် အကွာအဝေးတစ်ခုထံ ဦးတည်သွား၏။

အချိန်သည် မြန်ဆန်စွာ ကုန်ဆုံးလို့နေ၏။ ကျင့်ကြံသူအားလုံးက ဝမ်လင်း၏ လုပ်ဆောင်မှုကို အာရုံစိုက်မိနေသည်။ သူ ပေါ်လာသည်နှင့် သားရဲများသည် ချက်ခြင်း အသက်ခံရကာ သူက နောက်တစ်နေရာတွင် ထပ်ပေါ်လာလေ၏။

ဘယ်လက်တွင် အရက်အိုး၊ ညာလက်တွင် ဓားတစ်လက် ကိုင်ထားသော သက်လတ်ပိုင်းလူက သားရဲတစ်ကောင်၏ ဦးခေါင်းကို ထွင်းဖောက်လိုက်၏။ သူက ပြုံးလျက် တခြားသားရဲရာချီကို ရင်ဆိုင်နေသည်။ သူသည် တစ်ငုံသောက်ကာ သူ၏မန္တာန်များကို အသုံးပြုရန် ပြင်လိုက်သည်။

သို့သော် အဖြူရောင်အလင်းတစ်ချက် လင်းလက်သွားသည်။ ဝမ်လင်း နီးကပ်လာခြင်းပင်။ တုန်ဟည်းသံများ ဖြစ်ပေါ်လျက် သားရဲတစ်ဝက်ကျော်သည် သေဆုံးကုန်လေ၏။ သူတို့၏အသက်ဓာတ်အားများကို စုပ်ယူပြီးနောက် ဝမ်လင်းက ပြန်ထွက်သွားသည်။

ထိုသက်လတ်ပိုင်းလူက မျက်မှောင်ကြုတ်ကာ တစ်ခုခုကို ခပ်တိုးတိုး ရေရွတ်လေ၏။ ထို့နောက် သူ၏မျက်လုံးများသည် ရုတ်တရက် ကျဉ်းမြောင်းကာ တစ်စုံတစ်ရာကို သတိပြုမိသွား၏။ တကယ်တော့ သည်နေရာရှိ ကျင့်ကြံသူများသည် အကင်းပါးလှသူများသာ။ ဝမ်လင်း၏အပြူအမူက သူတို့၏အာရုံကို ဖမ်းစားသွားခဲ့ပြီး ချက်ခြင်းပင် သူ့လုပ်ဆောင်မှုများ၏ အကြောင်းရင်းကို သူတို့က တွေ့မြင်သည်။

“ကိုယ့်ကိုယ်ကိုဖောက်ခွဲခြင်း မလုပ်နိုင်ခင် သားရဲတစ်ကောင်ကို သတ်လိုက်တိုင်း အသက်ဓာတ်အားတွေ သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားတယ်။ ဒါဟာ ဒဏ်ရကုသမှုကို အကူအညီ ဖြစ်စေရုံသာမက လပေါင်းများစွာ ကျင့်ကြံတာနဲ့ပါ ညီမျှတယ်…”

သို့ရာတွင် သူတို့သည် ထိုအချက်ကို တွေ့မြင်သည့်အချိန်တွင် ဝမ်လင်းကြောင့် သားရဲပေါင်းတစ်ထောင်ကျော် သေဆုံးပြီး ဖြစ်သလို နောက်ထပ် သုံးဆယ်ရာခိုင်နှုန်းလောက်မှာလည်း ကိုယ့်ကိုယ်ကို ဖောက်ခွဲကာ သေဆုံးသွားကြပေပြီ။ ကျန်သည့် တစ်ထောင်လောက်က သိပ်သည်းစွာ စုဖွဲ့နေကြ၏။ ဝမ်လင်းက လျှပ်စီးတန်းအလား ထိုသားရဲအုပ်ထံသို့ လူတိုင်းရှေ့တွင် တိုးဝင်သွားသည်။

သူ့နောက်တွင် ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်မှ မိန်းကလေးနှင့် တည်ငြိမ်လှသော အဖြူရောင်ဝတ်စုံအမျိုးသမီးတို့ကလွဲ၍ ကျန်သည့်လူများကလည်း လိုက်ပါလာကြသည်။ သူတို့အတွက် ထိုသားရဲများသည် ဆေးလုံးများ ဖြစ်လာကြပြီ မဟုတ်လော။ သူတို့က ဝမ်လင်းထက်အရင် သားရဲများကို ရရှိရန် တရကြမ်း တိုးဝင်လာကြသည်။

“ရောင်းရင်းအဖြူရောင်ဝတ်စုံနဲ့ ကျင့်ကြံသူ…ငါတို့က အုပ်စုတစ်ခုအဖြစ် ဒီကို ရောက်လာခဲ့မှတော့ သားရဲတစ်ထောင်ကို သင်တစ်ယောက်တည်း ရင်ဆိုင်ရမှာကို ဘယ်ခွင့်ပြုပေးနိုင်ပါ့မလဲ။ ငါတို့အတူ ပူးပေါင်းကြစို့…”

“ရောင်းရင်းကျင့်ကြံသူ…အလျင်မလိုပါနဲ့။ သားရဲ တစ်ထောင်နီးပါး ရှိနေတာပဲကို။ သူတို့သာ ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲလိုက်ရင် အဲ့စွမ်းအားဟာ တုန်လှုပ်စရာပဲ။ ငါတို့ ပိုဂရုစိုက်သင့်တယ်…”

“ရောင်းရင်းကျင်ကြံသူ…ကျန်တာတွေ ငါ ဂရုမစိုက်ဘူး။ ဒီအရှင်အတွက် သားရဲသုံးရာလောက်ပဲ ချန်ထားခဲ့ပေး…”

အရှိန်မြှင့်ကာ တိုးဝင်လာရင်း ထိုကျင့်ကြံသူများထံမှ အော်သံဟစ်သံများ ထွက်ပေါ်လာကြသည်။ သူတို့သည် ဝမ်လင်းနောက်သို့ အသည်းအသန် လိုက်ပါလာ၏။

ဝမ်လင်း၏အမူအရာသည် အေးဆေးပင်။ သူက နှာခေါင်းရှုံ့လိုက်သည်။ သူ့မျက်ခုံးနှစ်ခုကြားမှ ရှေးဟောင်းနတ်ဘုရားကြယ်များသည် ခပ်ဖျော့ဖျော့ လင်းလက်ကာ ပထမဆုံးကြယ်ထံမှ တစ္ဆေအလင်းတစ်ခု လင်းလက်သွားသည်။

ဝမ်လင်းက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေပြီး ဝေ့ယမ်းလိုက်လေ၏။

ထိုအခါ အင်ပါယာမီးပြင်းဖိုသည် ရုတ်တရက် ပေါ်လာကာ သားရဲတစ်ထောင်နီးပါးကို ဝန်းရံသည်။ ဧရာမအင်ပါယာမီးပြင်းဖို ပေါ်လာသည့်အခါ ၎င်း၏ရှေးဟောင်းအော်ရာတစ်ခုသည် ဝဲကတော့အသွင် ဖြစ်ပေါ်ကာ သည်ဧရိယာကို ရိုက်ခတ်သည်။

ထိုကျင့်ကြံသူများ နီးကပ်လာသည့်အခိုက်တွင် ဝမ်လင်းက အော်ဟစ်လိုက်လေ၏။ “သန့်စင်လိုက်စမ်း…”

စကားတစ်ခွန်းဖြင့်ပင် အင်ပါယာမီးပြင်းဖိုသည် တုန်ဟည်းသွားလေ၏။ အတွင်းရှိ ကြမ်းကြုတ်သော သားရဲများသည် ရုတ်တရက် စူးစူးဝါးဝါး အော်ဟစ်သည်။ ယင်းတို့ ဖောက်ခွဲခြင်း မလုပ်နိုင်ခင်မှာပင် ရှေးဟောင်းနတ်ဘုရားစွမ်းအားက မီးပြင်းဖိုအနှံ့ တရကြမ်း တိုးဝင်၏။ ကျင့်ကြံသူနှစ်ဆယ်ကျော်သည် အင်ပါယာမီးပြင်းဖိုက ရုတ်တရက် ကြုံ့ကာ ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားတွင် ပျောက်ကွယ်သွားသည်ကို ကြောင်ငေးကာ စိုက်ကြည့်ကုန်သည်။

အဖြစ်အပျက်သည် မြန်လွန်းသည်။ ဝမ်လင်းသည် ချက်ခြင်းပင် ကျန်သည့်သားရဲအားလုံးကာ လုံးဝ မချန်ထားခဲ့ချေ။

ဝမ်လင်းက နောက်လှည့်လိုက်၏။ သူ့အကြည့်က သူ့နောက်တွင် ကပ်ပါလာသောလူများထံသို့ ဝေ့ခတ် ရောက်ရှိသွားသည်။ သူက ထိုသူများထံမှ စိတ်ခံစားချက်များကို မြင်၏။ ခြေတစ်လှမ်းဖြင့်ပင် သူက သူ၏ကျောက်ဖျာပေါ်သို့ ပြန်ရောက်ရှိသွားသည်။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ သူ၏အစွမ်းထက်ကျင့်ကြံမှုက ပျံ့လွင့်လျက် သည်ဧရိယာကို ဖိနှိပ်သည်။

ကျင့်ကြံသူနှစ်ဆယ်ကျော်၏ အကြည့်တွင် ရန်လိုမှုတို့ ပြည့်လာ၏။ သို့သော်ငြား သူတို့မှာ ဝမ်လင်း၏အကြည့်ကို ရှိန်ကြသည်။ ထို့အတွက် မည်သူကမျှ အရင်ဆုံးစ မလှုပ်ရှားဝံ့ပေ။ ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်မှ မိန်းကလေးက ထိုအခွင့်အလမ်းကို မြင်၏။ သူမက ရှေ့ထွက်ရန် ဟန်ပြင်လိုက်သည်။ သို့သော် ထိုအခိုက်တွင် ဝမ်လင်း၏အေးစက်စက်အကြည့်က သူမအပေါ်သို့ ကျရောက်လာသည်။

မိန်းကလေး၏စိတ်မှာ တုန်ယင်ကာ သူမ၏မျက်နှာသည် ချက်ခြင်း ဖြူရောသွားသည်။ သူမ လှမ်းမည့်ခြေလှမ်းမှာ ရပ်တန့်သွားပြီး တစ်စက်လေးပင် မလှုပ်ဝံ့တော့ပေ။

ခဏအကြာတွင် ကျင့်ကြံသူနှစ်ဆယ်ကျော်ကလည်း သူတို့၏ကျောက်ဖျာများ ပေါ်သို့ ပြန်ရောက်လာကြ၏။ အစောပိုင်းက ကိစ္စကို သူတို့က ယာယီလစ်လျူရှုလိုက်ကြ၏။ သို့ပေမည့် ဝမ်လင်းထံ သူတို့၏အကြည့်မှာ ရန်လိုနေပေပြီ။

အဖြူရောင်ဝတ်စုံဖြင့် အမျိုးသမီးတစ်ယောက်သာ ဝမ်လင်းကို အသိအမှတ်ပြုဟန်ဖြင့် ကြည့်၍ အနည်းငယ် ခေါင်းညိတ်ပြသည်။

ထိုအခိုက်အတန့်တွင် လူတိုင်း၏ကျောက်ဖျာများသည် တုန်ခါလာ၏။ ခဏတန့်သားပြီးနောက် ကျောက်ဖျာများသည် ရှေ့သို့ ဦးတည်သွားကြသည်။ ၎င်းတို့မှာ မြန်လွန်းစွာ မြူများအတွင်း ပျောက်ကွယ်သွားသည်။

“ဒီလူသားအသွင်သားရဲတွေဟာ ငါ့ကုသမှုအတွက် အတော်အသုံးဝင်တယ်။ ဒါ့ကြောင့် ဘယ်သူကမှ ငါ့ရှိကနေ လုယူခွင့် မရှိစေရဘူး…” ဝမ်လင်းသည် ကျောက်ဖျာပေါ်တွင် တည်ငြိမ်စွာ ရပ်နေလျက် မည်သည့်စိတ်ခံစားမှုကိုမှ မဖော်ပြပေ။ သို့သော်ငြားလည်း သူ၏မျက်လုံးထဲတွင်မူ အေးစက်မှု တလက်လက် ဖြစ်နေ၏။ အင်ပါယာမီးပြင်းဖိုထံမှ အားကောင်းသောအသက်ဓာတ်သည် သူ၏ခန္ဓာကိုယ်အတွင်းသို့ တရဟော တိုးဝင်လာပြီး သူ့ဒဏ်ရာများ ပြန်ကောင်းမွန်ဖို့အတွက် ကူညီပေးသည်။

“ငါ့ခွန်အားကို ဖြည်းဖြည်းချင်း ပြသချိန်တန်ပြီ…” သူ့ဘယ်မျက်လုံးထဲရှိ ပုံရိပ်ယောင်မီးတောက်မှာ တောက်ပသထက် တောက်ပလာချေ၏။

***

All Chapters