အခန်း ၄၉၁
Vol. 37 Ch. 491
အပိုင်း (၄၉၁) - နတ်ဘုရားကို သတ်တဲ့ ခေတ်
ရှောင်ကျောက်လင် သည် ကျန်းရော့ရွှေ ကို အကဲခတ် ကြည့်လိုက်ပြီး၊ ဖြည်းညင်းစွာ ပြောလိုက်လေသည်။
"ငါကိုယ်တော် ရဲ့ တိုင်းပြည် ကို၊ မင်းလို တစ္ဆေသရဲ တစ်ကောင် က ကာကွယ်ပေးဖို့ လိုလို့လား... မင်းက ကျန်း နိုင်ငံ ကိုတောင် မကာကွယ်နိုင်ခဲ့ဘဲနဲ့၊ ငါကိုယ်တော် နဲ့ ပူးပေါင်းဖို့ ဘာအရည်အချင်း ရှိလို့လဲ..."
ကျန်းရော့ရွှေ က လေးနက်သော လေသံဖြင့် ပြောလေသည်။
"မင်းရဲ့ ချူနိုင်ငံ အုစ်မြစ် က တက်လှမ်းခြင်းနယ်ပယ် ကျင့်ကြံသူ ဘယ်နှယောက် ရဲ့ ဒုက္ခပေးမှု ကို ခံနိုင်ရည် ရှိမှာလဲ..."
ရှောင်ကျောက်လင် သည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောလေသည်။
"ဒီအတွက် မင်း စိုးရိမ်ဖို့ မလိုပါဘူး... ငါကိုယ်တော် က မင်း ကျန်းရော့ရွှေ ဆိုတဲ့ နာမည် ကို မျက်နှာသာ ပေးလို့ ရပါတယ်... “
“ဒါပေမဲ့၊ မင်းမှာ လက်ဖက်ရည် တစ်ခွက်စာ အချိန် ပဲ ရှိတယ်... တကယ်လို့ ငါကိုယ်တော် ကို ပူးပေါင်းဖို့ သဘောတူအောင် မပြောနိုင်ဘူး ဆိုရင်တော့၊ မင်းဘာသာ ထွက်သွားလိုက်ပါတော့..."
ကျန်းရော့ရွှေ သည် အနည်းငယ် ပြုံးလိုက်ပြီး ပြောလေသည်။
"ချူ ဧကရာဇ် ရှောင်ကျောက်လင် က အရမ်း မောက်မာတယ် လို့ အစောကြီးကတည်းက ကြားဖူးပါတယ်... ဒီနေ့ တွေ့လိုက်ရတော့၊ တကယ်ပဲ နာမည် နဲ့ လိုက်ဖက်တာပဲ... မင်းရဲ့ အဖေ တောင်မှ၊ အဲဒီတုန်းက ငါ့ကို ဒီလို စကား မျိုး မပြောရဲခဲ့ဘူး..."
ရှောင်ကျောက်လင် သည် မျက်ခွံ ကို အနည်းငယ် ပင့်လိုက်ပြီး ပြောလေသည်။
"တကယ်လို့ မင်းက အသက်ကြီးတာ ကို အခွင့်ကောင်း ယူဖို့ လာတာ ဆိုရင်တော့၊ အခု ချက်ချင်း ထွက်သွားလို့ ရပါပြီ... ငါကိုယ်တော် အရမ်း အလုပ်ရှုပ်တယ်..."
ကျန်းရော့ရွှေ က ဖြည်းညင်းစွာ ပြောလေသည်။
"အတွင်းစိတ်မိစ္ဆာ နဲ့ ကောင်းကင် တံခါး ဆိုတာ အစစ်အမှန် ပါ... ဒါပေမဲ့ အတုအယောင် လည်း ဖြစ်ပါတယ်... အစစ်အမှန် ဆိုတာက ဒီနှစ်ခုလုံး တကယ် တည်ရှိနေလို့ပါ... အတုအယောင် ဆိုတာက ဒီနှစ်ခုလုံး ဟာ ကောလာဟလ တွေနဲ့ မတူဘဲ၊ တကယ့်ကို အသက်ရှိတဲ့ သတ္တဝါ တွေ ဖြစ်နေလို့ပါ..."
ထိုအခါမှ ရှောင်ကျောက်လင် သည် ခေါင်းမော့ လာပြီး ပြောလေသည်။
"မင်း ဒါကို ပြောမယ် ဆိုရင်တော့၊ ငါကိုယ်တော် စိတ်ဝင်စားသွားပြီ... မင်း အဲဒီတုန်းက ဖြစ်ခဲ့တဲ့ ကိစ္စ အကြောင်း ကို တစ်ခေါက်လောက် ပြန်ပြောပြပါလား... "
“မင်း အဲဒီတုန်းက ရုတ်တရက် သိုင်းပညာ လမ်းလွဲပြီး မိစ္ဆာ ဝင်သွားတာ ကနေ နောက်ပိုင်း သေသွားတဲ့ ကိစ္စ အပေါ်မှာ၊ ငါကိုယ်တော် ရဲ့ ရင်ထဲမှာ အမြဲတမ်း သံသယ ဝင်နေခဲ့တာ..."
ကျန်းရော့ရွှေ က ပြောလေသည်။
"လွန်ခဲ့တဲ့ အနှစ် သုံးဆယ် ကျော် လောက်က ထင်ပါတယ်... တိတိကျကျ ကိုတော့ ငါလည်း သိပ်မမှတ်မိတော့ဘူး... ငါ တက်လှမ်းခြင်းနယ်ပယ် ကို အဆင့်ချိုးဖောက် ပြီးတော့၊ ကောင်းကင် တံခါး ကို မြင်တွေ့ခဲ့ရတယ်..”
“. အဲဒါနဲ့၊ ငါက ကျန်း နိုင်ငံ နန်းတော် ထဲမှာ ရုပ်ခန္ဓာကိုယ် ကို ချန်ထားခဲ့ပြီး၊ မူလဝိညာဉ် က ကောင်းကင် တံခါး ဆီကို ပျံသန်း သွားခဲ့တယ်..."
"ဒါပေမဲ့၊ ကောင်းကင် တံခါး ရှေ့ကို ရောက်တဲ့ အခါမှာ၊ ငါဟာ အတွင်းစိတ်မိစ္ဆာ နဲ့ ကြုံတွေ့ ခဲ့ရတယ်... ဒီ အတွင်းစိတ်မိစ္ဆာ ဘယ်လောက် အစွမ်းထက်လဲ ဆိုတာကိုတော့ ငါ သေချာ မသိဘူး... "
“ဘာလို့လဲဆိုတော့ အတွင်းစိတ်မိစ္ဆာ က ငါ့ရဲ့ ကျင့်ကြံမှု တက်လှမ်းဖို့ မျှော်လင့်ချက် ရှိလာတဲ့ အချိန်ကတည်းက ငါ့ကိုယ်ပေါ်မှာ လျှို့ဝှက်ပြီး အစီစဉ် ထားခဲ့လို့ပါ... ဒါကြောင့်၊ တိုက်ခိုက်တာ အကြိမ် အနည်းငယ် မပြည့်ခင်မှာပဲ ငါ ရှုံးနိမ့်သွားခဲ့တယ်..."
"ဒါပေမဲ့၊ နောက်ဆုံး အချိန်မှာ၊ ငါ့ရဲ့ ဓား က ထူးခြားတဲ့ စွမ်းအားတွေ ပေါက်ကွဲ ထွက်လာပြီး၊ အတွင်းစိတ်မိစ္ဆာ ရဲ့ မိစ္ဆာစွမ်းအင် ထိန်းချုပ်မှု ကို ဖြတ်တောက် ပေးခဲ့တယ်...”
“ ငါ့အတွက် အချိန် ရသွားအောင် လုပ်ပေးခဲ့လို့၊ အဲဒီ အခွင့်အရေး ကို ယူပြီး ကောင်းကင် တံခါး ရှေ့ကို အပြေးအလွှား သွားခဲ့ပြီး၊ ကောင်းကင် တံခါး ကို အောင်မြင်စွာ ဖွင့်နိုင်ခဲ့တယ်..."
ရှောင်ကျောက်လင် သည် မျက်ခုံး ကို အနည်းငယ် ပင့်လိုက်ပြီး ပြောလေသည်။
"ဘာတွေကို မြင်ခဲ့ရလဲ..."
"မျက်လုံး တစ်လုံး ကိုပဲ..."
ကျန်းရော့ရွှေ က ပြောလေသည်။
"အဲဒါက ကောင်းကင် တံခါး လုံးဝ မဟုတ်ဘူး... မျက်လုံး တစ်လုံး ပါ... ဧရာမ မျက်လုံးကြီး တစ်လုံး၊ အဲဒီအပေါ်မှာ မရေမတွက်နိုင်တဲ့ ရေဘဝဲ လက်တံ တွေ ပေါက်နေပြီး၊ အရမ်းကို ရွံစရာ ကောင်းတယ်... အဲဒီလိုပဲ လေဟာနယ် ထဲမှာ မြှုပ်နှံ ထားတာ..."
"ကောင်းကင် တံခါး ကို ဖွင့်လိုက်တယ် ဆိုတာက၊ အဲဒီ မျက်လုံးကြီး ပွင့်လာတာ သက်သက်ပါပဲ... အဲဒီ ရေဘဝဲ လက်တံ တွေက ငါ့ကို မျက်လုံး ထဲ ဆွဲသွင်းဖို့ ကြိုးစားကြတယ်...”
“ ငါလည်း အစွမ်းကုန် ကြိုးစားပြီး၊ အဲဒီ အခိုက်အတန့် မှာ ငါ့ရဲ့ ကြီးစိုးခြင်း သိုင်းပညာ ဉာဏ်အလင်းပွင့်သွားပြီး အကွက် တစ်ကွက် ကို နားလည် သဘောပေါက် ခဲ့တယ်။အဲ့ဒါနဲ့ ရေဘဝဲ လက်တံ အနည်းငယ် ကို ခက်ခက်ခဲခဲ ခုတ်ဖြတ် နိုင်ခဲ့တယ်..."
"ကံကောင်းတာလား၊ ကံဆိုးတာလား တော့ မသိဘူး... အဲဒီအချိန်တုန်းက ငါ့ရဲ့ မူလဝိညာဉ် ထဲမှာ ပိုင်ယွီ မြို့တော် ရဲ့ ကန့်သတ်ချက် တွေ ရှိနေသေးတယ်... ငါ အဲဒီ မျက်လုံးကြီး ထဲကို အဆွဲသွင်း ခံရလုနီးပါး ဖြစ်နေချိန်မှာ၊ ပိုင်ယွီ မြို့တော် ရဲ့ တားမြစ်ချက် တွေက ငါ့ကို ပြန်ပြီး ဆွဲထုတ် ပေးခဲ့တယ်..."
"ငါက ဓား ကို ယူပြီး အရူးအမူး ထွက်ပြေးခဲ့တယ်... ဒါပေမဲ့၊ အတွင်းစိတ်မိစ္ဆာ က ငါ့ကို ပစ်မှတ်ထား နေပြီလေ... ငါလည်း ကောင်းကင် တက်စရာ လမ်းမရှိ၊ မြေလျှိုးစရာ လမ်းမရှိ ဖြစ်တဲ့အထိ လိုက်လံ သတ်ဖြတ်ခြင်း ကို ခံခဲ့ရတယ်...”
“ နောက်ဆုံး မတတ်သာတဲ့ အဆုံး၊ ဓား ရဲ့ ဓားဝိညာဉ် အဖြစ် ပြောင်းလဲဖို့ ရွေးချယ်ခဲ့ရတယ်... ဘာလို့လဲဆိုတော့ တိုက်ခိုက်တဲ့ လုပ်ငန်းစဉ် ထဲမှာ၊ အတွင်းစိတ်မိစ္ဆာ ဟာ ရုပ်ခန္ဓာကိုယ် အပေါ် တိုက်ခိုက်မှု အားနည်းတယ် ဆိုတာကို ငါ သတိထားမိခဲ့တယ်... “
“ဒါကြောင့်၊ ဓား ရဲ့ ဝိညာဉ် ဖြစ်လာတော့မှပဲ၊ အတွင်းစိတ်မိစ္ဆာ ရဲ့ လိုက်လံ သတ်ဖြတ်မှု ကနေ လွတ်မြောက် သွားခဲ့တာ..."
"ဒါပေမဲ့၊ အဲဒီအချိန်တုန်းက ငါ့ရဲ့ မူလဝိညာဉ် က လိုက်လံ သတ်ဖြတ်မှု ကနေ လွတ်မြောက် သွားခဲ့ပေမဲ့၊ အတွင်းစိတ်မိစ္ဆာ ရဲ့ မိစ္ဆာစွမ်းအင် ကျူးကျော်မှု ကိုတော့ ခံခဲ့ရသေးတယ်... “
“မကြာခင်မှာပဲ သတိလွတ် သွားပြီး လူတွေကို ရမ်းသမ်း သတ်ဖြတ်ခဲ့တယ်... နောက်ပိုင်း ကိစ္စတွေကိုတော့ မင်း သိမှာပါ... ငါဟာ လောက က နိုင်ငံ အသီးသီး ရဲ့ ဝိုင်းဝန်း နှိမ်နင်းမှု ကို ခံခဲ့ရတယ်..."
ရှောင်ကျောက်လင် က လေးနက်သော လေသံဖြင့် ပြောလေသည်။
"လူ့လောက ရဲ့ စွမ်းအား တွေ၊ စစ်တပ် ရဲ့ စွမ်းအင် တွေ ဖြစ်နေရင်တောင်မှ၊ တက်လှမ်းခြင်းနယ်ပယ် ကျင့်ကြံသူ တွေ အပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှု မရှိဘူး..မဟုတ်လား."
ကျန်းရော့ရွှေ က ပြောလေသည်။
"တကယ်လည်း အဲဒီလိုပါပဲ... ဒါပေမဲ့၊ အဲဒီ တိုက်ပွဲမှာ၊ နိုင်ငံ အသီးသီး က အထက်တန်းလွှာ တွေ ပူးပေါင်း ခဲ့ကြပြီး၊ လောက ရဲ့ သိုင်းပညာရှင် သုံးပုံတစ်ပုံ လောက် ပါဝင်ခဲ့သလို၊ နိုင်ငံ အသီးသီး က စစ်တပ်တွေ လည်း ပါဝင်ခဲ့တယ်...”
“ ငါ့ကို မသတ်နိုင်ခဲ့ ပေမဲ့၊ ကြီးမားလှတဲ့ ကောင်းကင်နဲ့ မြေကြီး ရဲ့ ထူးခြားတဲ့ အဖြစ်အပျက် တွေကို ဖြစ်ပေါ်စေခဲ့တယ်... အဲဒီ ကောင်းကင်နဲ့ မြေကြီး ရဲ့ ထူးခြားတဲ့ အဖြစ်အပျက် ထဲမှာ၊ ငါ့ရဲ့ အဆင့် က ရုတ်တရက် တက်သွားပြီး၊ လျှို့ဝှက်ဆန်းကြယ်တဲ့ ဂူ နယ်မြေ တစ်ခုကို လှမ်းမြင်လိုက်ရတယ်... အဲဒါကမှ ကောင်းကင် တံခါး အစစ် ဖြစ်မယ် လို့ ငါ သံသယ ဝင်မိတယ်..."
"ဒါပေမဲ့၊ မျက်စိတစ်မှိတ် အတွင်းမှာပဲ ပျောက်ကွယ်သွားတယ်... ငါ ကံကောင်းပါတယ်၊ အဲဒီ မျက်စိတစ်မှိတ် အတွင်းမှာ၊ နတ်ဘုရား စွမ်းအင် တစ်မျှင် ကို ဖမ်းဆုပ်နိုင်ခဲ့ပြီး၊ မိစ္ဆာစွမ်းအင် ကို လုံးဝ ဖိနှိပ်နိုင်ခဲ့တယ်...”
“ သတိ ပြန်ဝင်လာရော... အဲဒါနဲ့၊ အခြေအနေ အရ လိုက်လျောညီထွေ လုပ်ပြီး၊ ငါ ကောင်းကင် မိုးကြိုး အောက်မှာ သေဆုံးသွားတယ် ဆိုတဲ့ အတုအယောင် မြင်ကွင်း ကို ဖန်တီးလိုက်တယ်... အဲဒီနောက်ပိုင်း ပုန်းအောင်း နေခဲ့ပြီး၊ အဲဒီ နတ်ဘုရား စွမ်းအင် ကိုပဲ အမြဲတမ်း လေ့လာနေခဲ့တာ..."
ရှောင်ကျောက်လင် က မေးလိုက်လေသည်။
"လေ့လာလို့ ရလဒ် ထွက်လာပြီလား..."
ကျန်းရော့ရွှေ က လေးနက်သော လေသံဖြင့် ပြောလေသည်။
"သေချာတာပေါ့... အဲဒါက တက်လှမ်းခြင်းနယ်ပယ် ကို ကျော်လွန်တဲ့ စွမ်းအား ပဲ..."
"ကျွမ်းကျင်သွားပြီလား..."
ကျန်းရော့ရွှေ သည် ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ပြောလေသည်။
"ပြောရမယ် ဆိုရင်တော့၊ မင်းတို့ ခေတ် ရဲ့ လောက နံပါတ်တစ် ကူမော့ ကို ကျေးဇူးတင်ရမှာပဲ... အကယ်၍ သူသာ မရှိရင်၊ ငါ အဲဒီ နတ်ဘုရား စွမ်းအင် ကို ကျွမ်းကျင်ဖို့ ဆယ်နှစ် ဒါမှမဟုတ် အနှစ် နှစ်ဆယ် လောက် အချိန် လိုဦးမှာ..."
ရှောင်ကျောက်လင် သည် ဇဝေဇဝါဖြင့် မေးလိုက်လေသည်။
"ဘယ်လို ဖြစ်တာလဲ..."
ကျန်းရော့ရွှေ က ပြောလေသည်။
"ဖုန်လိုင် နတ်ကျွန်း ကို ကူမော့ ဖျက်စီး ပစ်လိုက်တဲ့ ကိစ္စ၊ မင်း သေချာပေါက် သိမှာပေါ့..."
ရှောင်ကျောက်လင် သည် ခေါင်းညိတ်ပြလိုက်လေသည်။
ကျန်းရော့ရွှေ က ပြောလေသည်။
"သူက ခန္ဓာကိုယ် ရဲ့ စွမ်းအား နဲ့ ဖုန်လိုင် နတ်ကျွန်း ကို မြုပ်ပစ်လိုက်တာ... သူ နဂါး ဖြစ်သွားတယ်... အဲဒီ အခိုက်အတန့် မှာမှ၊ ငါတို့ တစ်လောကလုံး က လူတွေ လမ်းမှား ကို ရောက်နေကြတယ် ဆိုတာ ငါ သဘောပေါက် သွားခဲ့တာ..."
"ငါတို့ အားလုံးက မူလဝိညာဉ် နဲ့ တက်လှမ်းဖို့ ကိုပဲ ကြိုးစားကြပြီး၊ ရုပ်ခန္ဓာ ကို လုံးဝ စွန့်လွှတ်ခဲ့ကြတယ်... ဘာလို့လဲဆိုတော့ လူသိများ တာက၊ ရုပ်ခန္ဓာ ဟာ တက်လှမ်းလို့ မရဘူး၊ တက်လှမ်းချင်ရင် သေမျိုး ခန္ဓာကိုယ် ကို စွန့်ခွာရမယ် လို့လေ...”
“ ဒါပေမဲ့၊ ကူမော့ ကတော့ ရုပ်ခန္ဓာ ကို ထိန်းသိမ်း ထားရုံတင် မကဘူး၊ ရုပ်ခန္ဓာ ရဲ့ စွမ်းအား ကလည်း တက်လှမ်းခြင်းနယ်ပယ် ကို ရောက်ရှိ သွားတယ်..."
ဤနေရာသို့ ရောက်သောအခါ၊ ကျန်းရော့ရွှေ သည် သက်ပြင်း အနည်းငယ် ချလိုက်ပြီး ပြောလေသည်။
"ကူမော့ ဟာ တကယ်ကို ကြီးမြတ်တဲ့ သူတစ်ယောက်ပါ... သူက အရမ်း ကြီးမြတ်တယ်... သူက ကမ္ဘာကြီး ကို ပြောင်းလဲပစ်လိုက်တယ်... သူက ရှေ့မှာလည်း ပြိုင်ဘက်ကင်း၊ နောက်မှာလည်း အတုယူစရာ မရှိတဲ့ သူပါပဲ..."
"အဲဒီကနေ တစ်ဆင့် နတ်ဘုရား စွမ်းအင် ရဲ့ အစစ်အမှန် လမ်းကြောင်း ကို ငါ သဘောပေါက် သွားခဲ့တယ်... အဲဒီနောက်မှာ၊ ငါ ဓားကို ခန္ဓာကိုယ် အဖြစ် အသုံးပြုပြီး၊ အဲဒီ နတ်ဘုရား စွမ်းအင် ထဲကို ပေါင်းစပ် လိုက်တယ်..."
ရှောင်ကျောက်လင် သည် မတ်တပ်ရပ်လိုက်ပြီး ပြောလေသည်။
"မင်း ငါကိုယ်တော် ကို ရုပ်ခန္ဓာ နဲ့ တက်လှမ်းခြင်း ဆိုတဲ့ အချက်အလက် ကို ပြောပြခဲ့တဲ့ အတွက်၊ မင်းရဲ့ ပူးပေါင်းဖို့ တောင်းဆိုချက် တွေက အရမ်း မလွန်ကျူး ဘူး ဆိုရင်၊ ငါကိုယ်တော် အကုန်လုံး သဘောတူ နိုင်ပါတယ်... မင်း၊ ဘာကို ပူးပေါင်းချင်တာလဲ..."
ကျန်းရော့ရွှေ သည် လေးနက်စွာ ပြောလေသည်။
"နိုင်ငံတော် ကံကြမ္မာ ကို ငှားရမ်းပြီး၊ ကောင်းကင် တံခါး ကို သတ်မယ်..."
ရှောင်ကျောက်လင် သည် ဇဝေဇဝါဖြင့် မေးလိုက်လေသည်။
"မင်းက တက်လှမ်းခြင်းနယ်ပယ် အထက် က စွမ်းအား ကို ကျွမ်းကျင် နေပြီ မဟုတ်ဘူးလား... မင်း အဲဒီ မျက်လုံး တစ်လုံး ကို မသတ်နိုင်ဘူးလား..."
ကျန်းရော့ရွှေ က ပြောလေသည်။
"ကောင်းကင်ဘုံ မှာ၊ ငါ့အတွက် ရာနှုန်းပြည့် သေချာမှု မရှိဘူး... ဘာလို့လဲဆိုတော့ သူသာ တစ်ခုခု မှားယွင်းနေတယ် ဆိုတာကို သတိထားမိပြီး ပုန်းအောင်းသွားရင်၊ ငါ လုံးဝ ရှာတွေ့နိုင်မှာ မဟုတ်ဘူး... ဒါကြောင့်၊ သူ့ကို လူ့လောက ထဲ မျှားခေါ် ပဲ ရွေးချယ်စရာ ရှိတယ်..."
"ငါ ဒီနှစ်တွေ အတွင်းမှာ ဝင်္ကပါ ပညာရပ် တွေကို အမြဲတမ်း လေ့လာနေခဲ့တယ်... နတ်ဘုရား သတ်ဖြတ်ခြင်း ဝင်္ကပါ တစ်ခု ကို ငါ တီထွင်ခဲ့တယ်...”
“ မူလကတော့ အခွင့်အရေး ရှာပြီး အတွင်းစိတ်မိစ္ဆာ ကို ရင်ဆိုင်ဖို့ စဉ်းစားထားတာ... ဒါပေမဲ့၊ အတွင်းစိတ်မိစ္ဆာ က ရုတ်တရက် ပျောက်သွားလိမ့်မယ် လို့ မထင်ထားခဲ့ဘူး... ဒါဆိုရင်တော့ ကောင်းကင် တံခါး ကို ရင်ဆိုင်ဖို့ သုံးရမှာပေါ့..."
"ငါ့ရဲ့ ဒီ နတ်ဘုရား သတ်ဖြတ်ခြင်း ဝင်္ကပါ ဟာ လူ့လောက ရဲ့ စွမ်းအား ကို လှုံ့ဆော်ဖို့ လိုအပ်တယ်... ကောင်းကင် တံခါး ကို ပိတ်လှောင်ထားနိုင်ပြီး၊ အချိန်တို အတွင်းမှာ ကောင်းကင်ဘုံ ကို ပြန်မသွားနိုင်အောင် လုပ်နိုင်တယ်...”
“ အဲဒီအခါကျရင် ငါ အခွင့်အရေး ယူပြီး သူ့ကို သတ်ဖြတ်နိုင်မယ်... အခုခေတ် လောကမှာ၊ နိုင်ငံတော် ကံကြမ္မာ အကောင်းဆုံး က မင်းရဲ့ ချူနိုင်ငံ ပဲ ရှိတာမို့လို့၊ မင်းနဲ့ ပူးပေါင်းတာ အသင့်တော်ဆုံး ပါပဲ..."
ရှောင်ကျောက်လင် သည် အနည်းငယ် ပြုံးလိုက်ပြီး ပြောလေသည်။
"နိုင်ငံတော် ကံကြမ္မာ လား... ကောင်းပြီလေ၊ ငါကိုယ်တော် သဘောတူတယ်..."
ကျန်းရော့ရွှေ က ပြောလေသည်။
"ငါ အဲဒီ မျက်လုံး တစ်လုံး ကို သတ်ပြီးရင်၊ အစစ်အမှန် တက်လှမ်းမယ့် လမ်းကြောင်း ကို ချက်ချင်း လိုက်ရှာမှာ မဟုတ်ဘူး... “
“မင်းအတွက် လောက တစ်ခုလုံး ကို ရှင်းလင်းပေးပြီး၊ မင်း လောကကြီးအုပ်ချုပ်နိုင်အောင် အရင် ကူညီပေးမယ်... အဲဒီနောက် မှ၊ အစစ်အမှန် တက်လှမ်းမယ့် လမ်းကြောင်း ကို သွားရှာမယ်..."
"အခု၊ အတွင်းစိတ်မိစ္ဆာ သေသွားပြီ ဆိုတော့၊ ပုန်းအောင်းနေတဲ့ အဲဒီ အဘိုးကြီး တွေက တစ်ယောက်ပြီး တစ်ယောက် တက်လှမ်းခြင်းနယ်ပယ် ကျင့်ကြံမှု တွေကို ပြန်လည် ရယူ ကြတော့မှာ သေချာတယ်...”
“ ကမောက်ကမ တွေ မဖြစ်လာနိုင်ဘူး လို့ ပြောလို့မရဘူး... မင်းလည်း စိတ်ချလက်ချ နေပါ၊ အဲဒီ အဘိုးကြီး တွေကို ငါ ကူညီပြီး ဖိနှိပ်ပေးပါ့မယ်..."